၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 16 September 2020

➽သန်.ရှင်းသောဝိညဥ် နေရာပေးခြင်း (၁)

🔺သန်.ရှင်းသောဝိညဥ်နှစ်ခြင်းကို မယုံကြည်သူ၏ အသက်တာ၌ သေခြင်းမှ အသက်ရှင်ခြင်း၊ မျက်မမြင်သူမြင်ခြင်း နားမကြားသူကြားခြင်း လမ်းမလျောက်နိုင်သူ လမ်းလျောက်ခြင်းကို မြင်ရမှာမဟုတ်ဘူး၊ သန်.ရှင်းသောဝိညဥ်နှစ်ခြင်း Baptistma of Holy Spirit သည် နောက်တဆင်.တက်ခြင်း Stepping stone ဖြစ်သည်၊ ယနေ.များစွာသော အသင်းတော်များ၌ ဝိညဥ်ဆုကျေးဇူး လက်ခံသော်လည်း သန်.ရှင်းသော ဝိညဥ်တော် နေရာပေးခြင်း မရှိတာတွေ.ရသည်။

🔺သန်.ရှင်းသောဝိညဥ်နေရာမပေးခြင်းသည် ဘုရားသခင် အလုပ်လုပ်ခြင်းကို ကန်.သတ်ခြင်း ဖြစ်ပြီး ဘုရားဘုန်းတော် ထင်ရှားသင်.သလောက် မထင်ရှားပေ။ Baptist of Holy Spirit ဝိ/နှစ်ခြင်းသည် သင်.ဘဝကို တိကျမှန်ကန်စွာ ပြောင်းလဲ ပေးမည်ဖြစ်သည်။ ‌‌

🔺ယောဟန် ၁၄/၁၅/၁၆ တွင် ယေရှုသည် တပည်.တော်များအား ကားတိုင်မတက်မီ အသေခံခြင်း ထမြောက်ခြင်းအကြောင်းကို မိန်.တော်မူကြောင်း တွေ.ရပြီး ၄ ကြိမ်တိုင်တိုင် ငါသည် သင်တို.နှင်.အတူ ကြာကြာမနေတော.ဘူး၊ သန်.ရှင်းသောဝိညဥ် စေလွတ်မည်. အကြောင်း ပြောခဲ.သည်။

🔺ယော ၁၆း ၅ ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။ ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက် ကြ၏။ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့ expedient for you ( to your advantage/better) အကျိုးရှိလိမ့်မည်။ အကြောင်း မူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ ဆီသို့ ငါစေလွှတ်မည်။

 🔺ယေရှု ၃ နှစ်အမှုဆောင်စဥ် မမြင်သူမြင်စေ၊ လမ်းမလျောက်သူလျောက်၊ နားပြင်းသူ ကြားကာ ဂရုဏာများစွာပြခဲ.ပြီး မောရှေ , ဧလိယ ကိုမြင်ပြီး ငါ၏ချစ်မြတ်နိုးသော သားဖြစ်၏ ဟု ခမည်းတော်သမုတ်ခြင်း ခံခဲ.သည်။ သို.သော် ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာ မလာဘူး ဆိုသည်. အချက်က တော်တော် စိတ်ဝင်စားဖို. ကောင်းပြီး လေးနက်လှပါသည်။

🔺ယေရှုခရစ်ခန္ဒာPhysical Body နှုင်.အတူ ရှိခြင်းထက်သာ၍ ကောင်းသောအရာ စေလွှတ် ခြင်းသည် ဘယ်လောက် ထူးမြတ်သလဲ ။ ဝိညဥ်တော်နေရာပေးခြင်းသည် ဘယ်လောက် အရေးကြီးသလဲ ၊ ဘယ်လောက် လိုအပ်သလဲ၊ တချို.က နေရာပေးဖို. နေနေသာသာ ဝိညဥ်တော်ခေတ်၌ ဝိညဥ်တော်လုပ်ရပ် ငြင်းဆိုနေသေးသည်။

 🔺ယော ၁၆း၈ " ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်း ကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်'' ဤနေရာ၌ တချို.ယုံကြည်သူများစွာက ယေရှုခရစ်သာလျှင် (Person) ပုဂိုလ်အဖြစ်မြင်ပြီး ဝိညဥ်တော်၏ ပုဂိုလ်ဖြစ်ခြင်းကို သဘောမပေါက်ဘူး၊ တန်ခိုး Power / Force အဖြစ်သာ လက်ခံ ကြသည်။

🔺ယေရှုကဲ.သို. ဝိညဥ်တော်သည်လည်း ပုဂိုလ်ဖြစ်ကြောင်း Trinity လက်ခံသူများကတော. ယုံကြည်ကြသည်။ တစ်ဘုရားက သားတော် /သန်.ရှင်းသောဝိညဥ်အဖြစ် သုံးကိုယ်ခွဲ Magnifest ထင်ရှားခြင်း မဟုတ်ဘူး၊ သူတို.သုံးပါးစလုံး လုပ်ရပ်မတူသော်လည်း ဘုရားဖြစ်ခြင်း ဂုဏ်အင်္ဂါရပ် ရှိကြသည်၊ တချို.က ရေ/အငွေ./အခဲ (သို.) ကြက်ဥ (သို.) အလင်း/အပူ/နေ ဖြင်. ဥပမာ ပေးကြသော်လည်း ကျွန်တော်ကတော. ထိုအရာထက် လေးနက်သည်ဟု ခံယူသည်။

🔺၁ တိ ၃း၁၆ ၌ "မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ Flesh (Jesus) ပေါ်ထွန်းတော်မူပြီ။
🔺၁ပေ ၅း ၃-၄ "ပေတရုကလည်း၊ အာနနိ၊ သင်သည်သန့်ရှင်းသော ဝိညာဉ် တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဘိုး၏ တဘို့ကိုထိမ်ဝှက်မည် အကြောင်း၊ စာတန်သည် သင်၏ စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေ ရသနည်း" ပြောသည်.အတွက် လူပုဂိုလ် ဖြစ်ကြောင်း တွေ.ရသည်။

🔺ထို.ကြောင်. " ယော ၁၆း၈ " ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်" John 16:11 "ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်" Ephi 2: 2 "ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက် အပြစ်၌ သေလျက်ရှိ နေသော သင်တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ"
                                                     ( ဆက်လက်ဖေါ်ပြမည်)

No comments:

Post a Comment