၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 28 July 2018

ဥပုဒ်နေ့သည် တနင်္ဂနွေနေ့ လား -စနေနေ့ လား ?

“ဘုရားသခင်က ဧဒင်ဥယျာဉ်ခြံထဲတွင် ဥပုဒ်နေ့ကို ထူထောင်ထားပါသည်” ဟု အဆိုရှိသည်။ အဘယ်ကြောင့်ဆိုသော် ထွက်- ၂၀း၁၁ ထဲတွင်
ဥပုဒ်နေ့နှင့် ဖန်ဆင်းခြင်းတို့၏ ဆက်နွယ်မှု ကြောင့်ဖြစ်သည်။ 
ခုနစ်ရက်မြောက်သောနေ့ (ကမ္ဘာဦး- ၂း၃)တွင် ဘုရားသခင်၏ အနားယူခြင်းသည် လာမည်. အနာဂတ် ကာလတွင် ဥပုဒ်နေ့ 
စောင့်ထိန်းရန် ပုံဖော်လိုခြင်းဖြစ်သော်လည်း ဣသရေလလူမျိုး 
များသည် ဧဂျစ်ပြည်မှမထွက်ခွါသွားမှီ ဥပုဒ်နေ့ဟူ၍ 
မှတ်တမ်းတင်ထားသော ကျမ်းပိုဒ်မတွေ့ရပေ။

အာဒံခေတ် မှ မောရှောခေတ်အထိ ဥပုဒ်စောင့်ထိန်းခြင်း အရိပ်အယောင်မတွေ့ရနိုင်ပေ။ ဥပုဒ်နေ့စောင့်ထိန်းခြင်းသည် ဘုရားသခင်နှင့်ဣသရေလလူမျိုးကြားတွင် အထူးအမှတ်အသားဖြစ်သည် ဟု သမ္မာကျမ်းစာထဲတွင် ကွက်ကွက် ကွင်းကွင်း တွေ့ရှိနိုင်ပါသည်။ “သို့ဖြစ်၍ ဣသရေလအမျိုးသားအစဉ် အဆက်တို့သည်၊ ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ ဥပုသ် နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ ထိုသို့စောင့်လျှင်၊ ငါနှင့်ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရ လက္ခဏာ သက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင် နှင့်မြေကြီးကို၊ ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမ နေ့ရက်၌ ငြိမ်ဝပ်စွာနေလျက် အားဖြည့်ဖော်မူသည်ဟု မောရှေအားမိန့်တော်မူ၏” 

(ထွက်မြောက် ၃၁း ၁၆-၁၇)။ တရားဟောရာကျမ်း အခန်းကြီး ၅ 
ထဲတွင် မောရှေက ဣသရေလလူမျိုးမျိုး ဆက်သစ်များအတွက် ပညတ် တော်ဆယ်ခုထဲတွင် ပြန်လည်ဖော်ပြထားပါသည်။ အခန်းငယ် ၁၂-၁၄ ထဲတွင် ဥပုသ်နေ့စောင့်ထိန်းရန် အ မိန့်ထုတ်ပြန်ပြီးနောက် ဣသရေလလူမျိုးများအပေါ် ဥပုသ်စောင့်ရန် အမိန့်ပေးထားခြင်း ရည်ရွယ်ချက်ကို ဖော်ပြထားပါသည်။ “သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ ဘုရားသခင်ထာဝရဘုရား သည် အားကြီးသောလက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကို နှုတ်ဆောင်တော်မူကြောင်းကိုအောက်မေ့ လော့။ ထိုအကြောင်း ကြောင့်၊ သင်သည် ဥပုသ်နေ့ကို စောင့်ရမည်ဟု သင်၏ဘုရားသခင်ထာဝရဘုရားမှာ ထားတော်မူ၏” (တရားဟော ၅း၁၅)။ ဣသရေလလူမျိုးများအပေါ် ဘုရားသခင်က ဥပုသ်နေ့ပေးအပ်ခြင်းသည် ဖန်ဆင်းခြင်းအကြောင်းကို သတိရစေရန်အတွက် မဟုတ်ပေ။ သို့သော် ဘုရားသခင်က သူတို့ကျွန်ခံရာ အဲဂုတ္တုပြည်မှကယ်တင်ခြင်း ကို သတိရစေရန် အတွက် ဥပုသ်နေ့ပေးအပ်ထားခြင်းဖြစ်သည်။ 

ဥပုသ်နေ့စောင့် ထိန်းခြင်းအတွက် တောင်း ဆိုမှုများကို သတိရပါ။ ဥပုသ်စောင့်ထိန်းသောသူတစ်ဦးသည် ဥပုသ်နေ့တွင် အိမ်အပြင်သို့မထွက်ရပေ (ထွက်မြောက်၊ ၁၆း၂၉)။ သူသည် မီးမွှေးခွင့်မရပေ (ထွက်မြောက် ၃၅း၃)။ လူတစ်ဦးတစ်ယောက်ကိုလည်း အလုပ်လုပ်ခိုင်းခွင့်မရှိပေ ( တရားဟော ၅း၁၄)။ ဥပုသ်နေ့ချိုးဖောက်သောသူသည် အသေသတ်ခြင်းခံရ မည် 
(ထွက်မြောက် ၃၁း၁၅၊ တောလည် ၁၅း၃၂-၃၅)။
 ဥပုသ်စောင့်ခြင်းနှင့်ပတ်သက်၍ ဓမ္မသစ်ကျမ်းစာထဲတွင် 
အရေးကြီးသော အချက်လေးခုတို့ဖြင့်ဖော်ပြထားပါ သည်။ 

၁။ ခရစ်တော်ရှင်ပြန် ထမြောက်ခဲ့ပြီး နောက် တနင်္ဂနွေနေ့၌သာ 
လူများထံ သူသည် ထမြောက် ကြောင်းထင်ရှားခဲ့သည်
 (မဿဲ ၂၈း၁၊ ၉၊ ၁၀၊ မာကု ၁၆း၉၊ လုကာ ၂၄း၁၊ ၁၃၊ ၁၅၊
 ယောဟန် ၂၀း၁၉၊ ၂၆)။ 

၂။ တမန်တော်ဝတ္ထုမှ ဗျာဒိတ်ကျမ်းထိတိုင် ဥပုသ်နေ့ကို
 ဖော်ပြသောအခါ ယုဒလူမျိုးများထံ ဧ၀ံဂေ လိဝေငှသောနေ့အဖြစ်အသုံးပြုထားကာ၊ တရားဇရပ်တွင် 
အသုံးပြုထားသည်ကို တွေ့ရှိနိုင်သည် ( တမန် ၁၃-၁၈)။ ပေါလုက “ယုဒလူတို့ရခြင်းအလိုငှါ ယုဒလူတို့၌ယုဒလူကဲ့သို့ဖြစ်၏” (၁ကော ၉း၂၀) ဟု ဖော်ပြ ထားပါသည်။ ပေါလုသည် တရားဇရပ်တွင် မိတ်သာဟာရဖွဲ့ရန်နှင့် သန့်ရှင်းသူများအားပေးကူညီရန် မသွား ခဲ့ပေ။ သို့သော် ကယ်တင်ခြင်း မရသေးသောသူများကို ကယ်တင်ရန် သွားခဲ့သည်။ 

၃။ ပေါလုက “ယခုမှစ၍ တပါးအမျိုးသားများထံငါသွားမည်” 
(တမန် ၁၈း၆) ဟုဖော်ပြထားပါသည်။ 
ဥပုသ်နေ့အကြောင်း ကို ဖော်ပြထားခြင်းမရှိပေ။

 ၄။ ဓမ္မသစ်ကျမ်းထဲတွင် ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအတွက် 
အကြံပြုမည့်အ စား ထိုနေ့တွင် ကယ်တင်ခြင်းအကြောင်းဝေငှရန် တိုက်တွန်းထားပါသည်။ (ကောလောသဲ ၂း၁၆ ထဲတွင် တွေ့ရှိသည့်အတိုင်း အထက်၌ဖော်ပြထားသော အချက် ၃ ခုတို့မပါဝင်ပေ)။ 

အထက်တွင်ဖော်ပြထားသော အချက်၎ ခုတို့ကိုကြည့်လျှင် 
ဓမ္မသစ်ယုံကြည်သူ များသည် ဥပုသ်နေ့စောင့် ထိန်းရမည်ဟူသော
တာဝန်မရှိပေ။ တနင်္ဂနွေနေ့သည် “ခရစ်ယန်များ၏ဥပုသ်နေ့” ဖြစ်သည်ဟု သတ်မှတ် ခြင်းသည်လည်း သမ္မာကျမ်းစာနှင့်ညီညွတ်မှုမရှိပေ။ အထက်တွင်ဖော်ပြခဲ့သည့်တိုင်း ရှင်ပေါလုသည် တပါး အမျိုးသားများထံ သာသနာလုပ်ငန်းလုပ်ဆောင်ရန် အစပြုလာသောအခါ 
ဥပုသ်နေ့အကြောင်းကို တစ်ကြိမ်တည်းဖော်ပြထားပါသည်။ 

“ထိုကြောင့်၊ စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ် လတံ့သောအရာတို့၏အရိပ်ဖြစ်ကြ၏။ 
ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏” (ကောလောသဲ ၂း၁၆-၁၇)။ 
ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံ၍ “ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သောဝိနည်းအထုံးအ ဖွဲ့နှင့် စပ်ဆိုင်သောလက်မှမှတ်ကိုချေ” (ကောလောသဲ ၂း၁၄)
 သောအခါ သူက ယုဒလူမျိုးများနှင့်စပ်ဆိုင် သော 
ဥပုဒ်နေ့ကို ဖျက်သိမ်းခဲ့ပါသည်။ 

ထိုကဲ့သို့ခံယူချက်များကို ဓမ္မသစ်ကျမ်းထဲတွင် နေရာ
အနှံ့အပြား၌ တွေ့ရှိနိုင်ပါ သည်။ “နေ့ရက်တရက်တရက်သာ၍
 မြတ်သည်ဟူ လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်းမိမိစိတ်တဘောကျပါစေ။ နေ့ရက် ကိုစောင့်သောသူသည် သခင်ဘုရားကိုထောက်၍စောင့်၏။ နေ့ရက်ကိုမစောင့်သောသူသည်လည်း၊ 
သခင် ဘုရားကို ထောက်၍မစောင့်ဘဲနေ၏။ စားသောသူသည် သခင်ဘုရားကို ထောက်သော စိတ်နှင့်စား၍ ကျေး ဇူးတော်ရှိသည်ဟု ၀န်ခံ၏။ 
မစားသောသူ သည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့်
မစားဘဲနေ၍၊ ကျေးဇူးတော်ရှိ သည်ဟုဝန်ခံ၏” (ရောမ ၁၄း၅-၆)။

 “ယခုမူကား၊ သင်တို့သည် ဘုရားသခင်ကို သိပြီးမှဟူ၍ မဆို၊ ဘုရားသခင်သည် သင်တို့ကိုသိတော်မူပြီးမှ၊ ချမ်းသာ မပေးနိုင်သော တရားနုဘက်သို့ အဘယ် ကြောင့်တဖန်ပြောင်း လဲကြသနည်း။ ထိုလောကီတရား၌ တဖန်ကျွန်ခံခြင်းငှါ၊ အလိုရှိကြပြီတကား။ နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကို စောင့်ကြပြီတကား” (ကောလောသဲ ၄း၉-၁၀)။ သို့သော်အချို့သောသူများက Constantine က အေဒီ ၃၂၁ ခုနှစ်တွင် ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေ နေ့သို့ “ပြောင်းလဲ” ခဲ့သည်ဟု ယုံကြည်ပြောဆိုကြသည်။ ကနဦးယုံကြည်သူများသည် 
မည်သည့်နေ့ရက် တွင် ၀တ်ပြုစည်းဝေးကြသနည်း။ 
ကနဦးယုံကြည်သူများသည် စနေနေ့တွင် ၀တ်ပြုကိုးကွယ်ခြင်း(သို့) 
မိတ်သာဟာရ ဖွဲ့ခြင်းရှိသည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားခြင်းမရှိပေ။ သို့သော် သူတို့သည် တနင်္လာနေ့တွင် ၀တ်ပြုကိုးကွယ်ထားကြကြောင်း သမ္မာကျမ်းစာ ထဲတွင် တွေ့ရှိနိုင်ပါသည်။ 
ဥပမာအားဖြင့်၊ တမန် ၂၀း၇ ထဲတွင် “ခုနစ်ရက်တွင် 
ပဌမ နေ့ရက်၌ မုန့်ဖဲ့ခြင်းငှါစည်းဝေးကြသည်” ဟုဖော်ပြထားပါသည်။

၁ကော ၁၆း၂ ထဲတွင် ရှင်ပေါလုက ယုံကြည်သူများကို ဤသို့တိုက်တွန်းထားပါသည်။ “ငါရောက်လာသော အခါ လှူဒါန်း၍ စုထားစရာမရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီးကောင်းစားသည့်အ တိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထိုတ်၍စုထားကြလော့။” ၂ကော ၉း၁၂ ထဲတွင် အလှူတော်ငွေများကို “၀တ် ပြုကိုးကွယ်ခြင်း” ကောက်ခံထားသည်ဟု ပေါလုကဖော်ပြထားသောကြောင့် ထိုကောက် ခံထားသောအလှူ ငွေများသည် တနင်္ဂနွေနေ့ ယုံကြည်သူ များစုရုံး သောအခါ ကောက်ခံကြောင်းကို တွေ့ရှိနိုင်ပါသည်။ သမိုင်း အရ ခရစ်ယာန် ယုံကြည်သူများသည် တနင်္ဂနွေနေ့၊ စနေနေ့မဟုတ် တွင် စည်းဝေး ၀တ်ပြုခဲ့ကြသည်။ ၄င်း သည် တစ်ရာစုကတည်းက အသုံးပြု ခဲ့ခြင်းဖြစ်သည်။ ဥပုသ်နေ့သည် ယုံကြည်သူများအတွက်မဟုတ်၊ ဣသရေလလူမျိုး များအတွက် ပေးခဲ့ခြင်းဖြစ်သည်။ ဥပုသ်နေ့သည် စနေနေ့ဖြစ်သည်။ 
တနင်္ဂနွေနေ့ မဟုတ်ပေ။ ပြောင်းလဲမှုမရှိပေ။ 
သို့သော် ဥပုသ်စောင့်ထိန်းခြင်းသည် ဓမ္မဟောင်း ဥပဒေဖြစ်သည်။ 

ခရစ်ယာန်များသည် ဥပဒေချုပ်နှောင်ခြင်းမှ လွှတ် မြောက်ခဲ့ပါသည် 
(ဂလာ ၄း၁-၂၆၊ ရောမ ၆း၁၄)။ ခရစ်ယာန်များ ဥပုသ်နေ့-စနေနေ့ (သို့) တနင်္ဂနွေနေ့ ကို စောင့်ထိန်းရန် စေခိုင်းခြင်းမရှိပေ။ ရက်သတ္တပတ်၏ပထမနေ့ရက်၊ ဘုရားသခင်၏နေ့ 
(ဗျာဒိတ် ၁း၁၀) သည် သေခြင်းမှထမြောက်သော ခရစ်တော်နှင့် အတူ အသစ်သောဖန်ဆင်းခြင်းခံသော သူများက ပွဲလမ်း သဘက်ကျင်းပခဲ့ကြသည်။ ကျွန်ုပ်တို့သည် မောရှေ၏ပညတ်တော်ဖြစ်သော ဥပုသ်စောင့်ခြင်းကို 
လိုက်နာ ကျင့်သုံးရန် တာဝန်မရှိပေ။ သို့သော် ကျွန်ုပ်တို့သည် သေခြင်းမှထမြောက် သောခရစ်တော်ကို အစေခံခြင်း ခြင်းသူ့နောက်သို့လိုက်ရန်ဖြစ်သည်။ 

တမန်တော် ရှင်ပေါလုက ယုံကြည်သူအယောက်စီတိုင်းအား
ဘုရားသခင်အစေကို ခံမည်လော (သို့) ဥပုသ်နေ့ကို
 စောင့်ထိန်းခြင်းဖြစ်သော အနားယူရမည်လော ဟူ၍ရွေးချယ်နိုင် 
သည်ဟု ဖော်ပြထားပါသည်။ “နေ့ရက်တရက်ထက် တရက်
သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်းမိမိစိတ်သဘောကျပါစေ” (ရောမ ၁၄း၅) 
ကျွန်ုပ်တို့သည် စနေနေ့(သို့) တနင်္ဂနွေ နေ့များ၌သာ 
ဘုရားသခင်ကို ကိုးကွယ်ရန်အတွက်မဟုတ်ဘဲ နေ့စဉ်နေ့တိုင်းကိုးကွယ်ရမည်ဖြစ်သည်။

|| သန့်ရှင်းသောဝိညာဉ်တော် မည်သူနည်း"Who is the Holy Spirit?"

သန့်ရှင်းသော ၀ိညာဉ်တော်အကြောင်းနှင့် ပတ်သက်၍ မှားယွင်းသော ခံယူချက်များစွာ ရှိသည်။ သန့်ရှင်း သော ၀ိညာဉ်တော်အကြောင်းကို
နားလည်ရန်အလွန်ခက်ခဲသည်ဟုတချို့ ထင်မှတ် မြင်တွေ့ကြသည်။
တချို့သော သူတို့က သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်က ခရစ်တော်၏ နောက်လိုက်သောသူများအတွက် ပြင်ဆင်ပေး ထားသော လူပုဂ္ဂိုလ်မဟုတ်၊တန်ခိုးကြီးသောသူ ဖြစ်သည်ဟု သိရှိသည်။ 

သန့်ရှင်းသော ၀ိညာဉ်တော်အကြောင်း နှင့် ပတ်သက်၍ 
သမ္မာကျမ်းစာက မည်သို့ဖော်ပြထားသနည်း။ သမ္မကျမ်းစာက 
သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်ဟု ပြောထားပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒတွေရှိ ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ ကျမ်းပိုဒ်များစွာ
တို့နှင့် အတူ တမန်တော်၊ ၅း၃-၄ ထဲတွင် သန့်ရှင်းသော 
ဝိညာဉ်တော်သည် ဘုရားသခင် ဖြစ် ကြောင်း မျက်ဝါးထင်ထင်
 တွေ့မြင်နိုင်ပါသည်။ ဤကျမ်းပိုဒ်တွင် ပေတရုက အာနနိအား 
သူသည် အဘယ့်ကြောင့် ဘုရား သခင်ကို လိမ်ညာခဲ့ကြောင်း၊ 
သူ၏ အပြစ်ကို ဖော်ပြ၍ “လူတွေကို လိမ်ညာခြင်းမဟုတ်ပဲ 
ဘုရားသခင်ကို လိမ်ညာခြင်းဖြစ် ကြောင်း” ပေတရု က 
သူ့အား ပြောထားသည်။ သန့်ရှင်းသော ၀ိညာဉ်တော်ကို 
လိမ်ညာခြင်းသည် ဘုရားသခင်ကို လိမ်ညာ ခြင်းဖြစ်ကြောင်း
 သေချာသော ဖော်ပြချက်ဖြစ်ပါသည်။သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင် ပိုင်ဆိုင်သော အရည်အချင်းများ (သို့) 
ဝိသေသတို့ကို ပိုင်ဆိုင်ထားသဖြင့် သန့်ရှင်းသော 
ဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်ဟု ကျွန်ုပ်တို့ 
သိရှိနိုင်သည်။ ဥပမာအားဖြင့်၊ ဆာ၊ ၁၃၉၊ ၇-၈ ထဲတွင် 
သန့်ရှင်းသော ၀ိညာဉ်တော်သည် နေရာတိုင်း၌ ရှိကြောင်းကို တွေ့ရ သည်။ “၀ိညာဉ်တော်နှင့် လွတ်စေခြင်းငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော် နှင့် လွတ်စေခြင်းငှါ အဘယ့် အရပ်သို့ ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌လည်း 
အိပ်ရာကို ခင်းလျှင် ကိုယ်တော်ရှိတော်မူ၏”။ ထို့နောက် ၁ကော၊ ၂း၁၀ တွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ သမ္ဗညုတ္တဥာဏ်တော်နှင့် ပြည့်စုံသော 
ဝိသေသကို တွေ့နိုင်ပါသည်။ “ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ပြတော်မူ၏။ 
ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသော
အရာတိုင်အောင် ခပ်သိမ်းသော 
အရာတို့ကို စစ်တော်မူ၏။ 

လူ၏ နက်နဲသော အရာကို လူ၌ရှိသော 
မိမိစိတ်ဝိညာဉ်မှ တစ်ပါး အဘယ်သူသိသနည်း။ 
ထိုနည်းတူ ဘုရားသခင်၏ နက်နဲသော အရာကို ဘုရားသခင်၏ 
ဝိညာဉ်တော်မှ တပါး အဘယ်သူမျှ မသိ။” သန့်ရှင်းသော ၀ိညာဉ်တော်သည် 
စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒရှိသဖြင့် လူပုဂ္ဂိုလ်ဖြစ်သည်ဟု ကျွန်ုပ်တို့ပြောနိုင်ပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် တွေးတော၍ သိရှိသည် (၁ကော၊ ၂း၁၀)။ သန့်ရှင်းသော ၀ိညာဉ်တော်က နာကျည်းမှုကို ခံစားနိုင်သည် (ဧ၊ ၄း၃၀)။ သန့်ရှင်းသော ၀ိညာဉ်တော်က ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးနေသည် (ရော၊ ၈း၂၆-၂၇)။ 
သန့်ရှင်းသော ၀ိညာဉ်တော်သည် သူ၏ ဆန္ဒအတိုင်း 
ဆုံးဖြတ်ချက် ချသည် (၁ကော၊ ၁၂း၇-၁၁)။ သန့်ရှင်းသော 
ဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်၍ သုံးပါးတစ်ဆူထဲတွင် 
“တတိယမြောက် ပုဂ္ဂိုလ်” ဖြစ်သည်။ 

ဘုရားသခင်ကဲ့သို့ 
သန့်ရှင်းသော ၀ိညာဉ်တော်သည်လည်း 
သခင်ယေရှု ကတိပေးခဲ့သည့်အတိုင်း နှစ်သိမ့်သူ၊ 
တိုင်ပင်ဖက်အဖြစ် ကူညီလုပ်ဆောင်နိုင်ပါသည် 
(ယောဟန်၊ ၁၄း၁၆၊ ၂၆၊ ၁၅း၂၆)

|| သမ္မာကျမ်းစာအုပ် ဘယ်လို ဖြစ်လာသလဲ ? ||

ယနေ့ ကမ္ဘာမှာ လက်ခံအသုံးပြု နေသော သမ္မာကျမ်းစာဖြစ်ပေါ်လာရန်အတွက် ဘုရားသခင်သည် လူတစ်ယောက်တည်း မဟုတ်ဘဲ လူအတော်များများကို အသုံးပြုကာ ရေးသားစေခဲ့ပြီး၊ ကျမ်းစာတစ်အုပ်လုံးကိုပြီးစီးရန်အတွက်
နှစ်ပေါင်း ၂ဝဝဝ ပတ်ဝန်းကျင်ခန့် ကြာမြင့်ခဲ့တယ်။ များသောအားဖြင့်သမ္မာကျမ်းစာအုပ်ကို 
စာအုပ်တစ်အုပ်အနေဖြင့်လူအများက 
ထင်ကြပေမဲ့၊ 
အမှန်တကယ်မှာတော့ တစ်အုပ်ထဲမဟုတ်ပါ။ 
စာအုပ်ပေါင်း (၆၆) အုပ်ကိုတွဲထားခြင်း ဖြစ်ပါတယ်။ ဤ ၆၆ အုပ်လုံး၌
သမိုင်း၊ ပုံပြင်၊ သီချင်း၊ ကဗျာ၊ ဥပဒေသများနှင့် စည်းမျဉ်း စည်းကမ်းများ၊ တရားဟောချက်များ၊ ပေးစာ (letters) များနှင့် အနာဂတ် အကြောင်းကို ကြိုတင်ဟောထားသည့်အကြောင်းအရာတို့ ပါဝင်ပါတယ်။ သမ္မာကျမ်းစာအုပ်၏အဓိကထူးခြားချက်ကို ဖော်ပြရမယ်ဆိုရင်-

 ■ ကမ္ဘာမှာပထမဦးဆုံးပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်ဖြစ်ခြင်း။ 
ပုံနှိပ်ထုတ်ဝေချိန်မှစပြီးယနေ့ထိတိုင်အောင် (Best Sellers) လို့ခေါ်တဲ့အရောင်းရဆုံး စံချိန်ကိုဆက်လက်ပြီးတော့ ထိမ်းသိမ်းထားဆဲဖြစ်ခြင်း။ (မှတ်ချက်။ ၁၈၁၅ ခုနှစ်မှ၁၉၇၅ ခုနှစ် အတွင်းအုပ်ရေသန်းပေါင်း ၂၅၀၀ ကျော်ဖြန့်ဝေ ခဲ့ရပြီး Bible Society အဖွဲ့၏ အစီရင်ခံစာအရ နှစ်စဉ် တစ်နှစ်လျှင် အုပ်ရေ ၁ဝ သန်းခန့် ဖြန့်ဝေသို့မဟုတ်ရောင်းချရသည်) 

ဂူတင်ဘဂ်မြို့မှာ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာက ပုံနှိပ်ထုတ်ဝေ 
ခဲ့တဲ့သမ္မာကျမ်း စာအုပ်ကလေး တစ်အုပ်ကို ၁၉၇၈ ခုနှစ်အောက်တိုဘာလ 
(၂၂) ရက်နေ့တွင် ဂျပန်နိုင်ငံသား အိချိ ကိုဘာရာရှိ ဆိုသူက မူလပိုင်ရှင် 
Maruzen ကုပ္ပဏီထံမှ 5.4 Million နှင့် ဝယ်ယူခဲ့ပြီး ကမ္ဘာ့စာပေသမိုင်းမှာ ဈေးအကြီးဆုံးစာအုပ်ဆိုတဲ့ စံချိန်ကိုတင်ထားခြင်း။  

ဘာသာစကားပေါင်းအများဆုံးနှင့်ဘာသာပြန်ခြင်းခံရသောစာအုပ်ဖြစ်ခြင်း၊ (ဘာသာစကားအမျိုးပေါင်း ၂၀၀၀ ခန့်နှင့်ဘာသာပြန်ဆိုထားသည်) 
ကမ္ဘာ့သမိုင်းကြောင်းကိုဖော်ပြထားတဲ့ ရှေးအကျဆုံးနှင့် အဦးဆုံးသော စာအုပ်ဖြစ်ခြင်း၊ စသည်တို့ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ် Good news Bible ကိုပုံနှိပ် ထုတ်ဝေခဲ့စဉ်က ဝယ်လိုအား များ လွန်းသော ကြောင့်ထိုနှစ်အတွင်းပင် ၂၁ ကြိမ်ပြန်လည်ပြီးတော့ပုံနှိပ်ထုတ်ဝေခဲ့ရ တယ်။ ဤကျမ်းစာအုပ်သည် 
၁၉၇၉ ခုနှစ်မှာအုပ်ရေသန်းပေါင်း ၆ဝ ပုံနှိပ်ထုတ် ဝေခဲ့ပြီး စံသစ်တစ်ခုကို တင်နိုင်ခဲ့ပါသည်။ ဘာဖြစ်လို့များ ဤသမ္မာကျမ်းစာအုပ်ကို 
လူတွေဒီလောက်တောင် စိတ်ဝင်တစားဖြစ် နေကြရပါလိမ့်။ 

ဤစာအုပ်ထဲမှာဘယ်လိုအကြောင်းအရာတွေကို ရေးသားထားပြီး၊ 
လူတွေရဲ့ဘဝနဲ့ ဘယ်လိုပတ်သက်ဆက်နွယ်နေပါလိမ့်၊ စဉ်းစားကြည့်ဘူး
ပါသလား - အဓိကအားဖြင့်သမ္မာကျမ်းစာကို နှစ်ပိုင်းခွဲထားပြီး ထိုနှစ်ပိုင်း 
စလုံးအား ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းဟု ခေါ်သည်။ အချိန်ကာလအပိုင်းအခြားအားဖြင့်တွက်မည်ဆိုသော်
ဓမ္မဟောင်းကျမ်းစာကာလဟာ ဓမ္မသစ်ကျမ်းစာကာလထက် 
နှစ်ဆခန့် ပိုရှည်ပြီး ဘုရားသခင်ရွေးကောက်သည်.သူများ
အကြောင်းများနှင့် အစ္စရေးလ်လူမျိုးတို့ရဲ့အကြောင်းများကို 
အဓိက ဖော်ပြထားကြောင်းတွေ့ရပါသည်။ 

ကမ္ဘာနှင့်လူသားကို ဘုရားရှင်က စတင်ဖန်ဆင်းသည်.အချိန်မှစပြီး၊ ဝမ်းနည်းကြေကွဲဘွယ်ကောင်းသောနေ့ရက်သမိုင်းရာဇဝင်များအကြောင်းကို ရာစုနှစ်နဲ့ချီအောင် ဖော်ပြထားသည်.အပြင် ဘေဘီလုံနိုင်ငံ သိမ်းပိုက်ခံ ရသည်.အကြောင်းအရာများ၊ နောက်ဆုံး ဘေဘီလုံနိုင်ငံမှ အစ္စရေးလ်လူမျိုးအားလုံးကို ပြည်တော်ပြန်ခွင့်ပေးလိုက်သည်. ဂျေရုရှလင်မြို့ကို ပြန်လည်တည်ထောင်သည်အထိ ရေးသားထားပြီး နောက်ပိုင်းရာစုနှစ်
အနည်းငယ်ခန့်အတွင်းတွင် မည်သို.ဖြစ်ပျက်ခဲ.သည့်မှတ်တမ်း 
တစ်စုံတစ်ခုကိုမျှ မတွေ့ရပါ။ အမှောင်ချထားသောထိုကာလအပိုင်းအခြား ကိုကျော်လွန်လာပြီးတဲ့နောက် ဓမ္မသစ်ကျမ်းစာရဲ့ကာလ 
အပိုင်းအခြား ကိုရောက်လာပါသည်။ 

ဓမ္မသစ်ကျမ်းစာမှာ သခင်ယေရှုရဲ့မွေးဖွားခြင်းနှင့် သူ၏သက်တော်စဉ်အကြောင်း၊ ခရစ်ယာန်ဘာသာစတင်ပြန့်နံ့ပုံနှင့် ကနဦးအသင်းတော်များအကြောင်းကို ရေးသားထားပါသည်။ အသေးစိတ်လေ့လာကြည့် မယ်ဆိုရင် - 
အစအဦး၌ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် 
အရာခပ်သိမ်း တို့ကို ဖန်ဆင်းတော်မူပြီး ပထမဦး
ဆုံးသောလူသားဖြစ်သည့် အာဒံနှင့် ဧဝတို့ကို
ဖန်ဆင်းတော်မူ ၏။ 
အာဒံ နှင့် ဧဝ သည် ဧဒင်ဥယျဉ်၌ ပျော်ရွင်စွာ နေထိုင်ခဲ့ကြသော်လည်းစာတန်၏လှည့်ဖျားမှုကြောင့်
ဘုရားသခင်၏ မစားရဟု တားမြစ်ထားသော အသီးကိုစားခြင်းအားဖြင့် လူသားအားလုံး အပြစ်နံွံထဲသို့ ကျရောက်သွားခဲ့ကြသည်။ အပြစ်များ လွန်းသောကြောင့်ရေဖြင့်ဆေးကြောရန်အတွက် တကမ္ဘာလုံး
 ရေလွမ်းစေခဲ့သည်။ ဘုရားကိုချစ်သော နောဧနှင့်
မိသားစုသာ ရေဘေးမှ လွတ်မြောက်ခဲ့သည်။ 
(Babel) မျှော်စင်ကိုတည်ဆောက်ပြီး ဘုရားသခင်ကို 
အမှီပြိုင်ဆိုင်ရန် ကြိုးစားလာကြသော လူသားများကို ဘာသာစကား ကွဲပြားစေခြင်းအားဖြင့် နောက်ဆုံးတွင် ဘုရားသခင်က တစ်ကမ္ဘာလုံး သို့ဖြန့်လိုက်သည်။ အာဗြဟံအားနိုင်ငံသစ်တစ်ခု၏ဖခင်ကြီးဖြစ်စေမည်ဟု
ကတိတော်ပေးပြီး၊ ၄င်း၏မွေးရပ်ဌါနေမှမည်သည့် အရပ်ဟုအသေအချာမသိသေးသောအရပ်သို့ ထွက်ခွါစေခဲ့သည်။ 
အချိန်ကား၊ ခရစ်တော်မမွေးဖွါးခင်နှစ် ပေါင်း၁၈ဝဝ ပတ်ဝန်းကျင်ခန့်။

 အာဗြဟံ၏သား ယာကုပ်ခေါ် အစ္စရေးလ်တွင် သား ၁၂ ယောက်ရှိပြီး၊ 
မျိုးနွယ်စု ၁၂ စုရှိသည့်အစ္စရေးလ်လူမျိုးတို့၏ ဖခင်ကြီးဖြစ်လာသည်။ အစ္စရေးလ်၏သားယောသပ် (Joseph) သည်သူ့ အကိုများ၏ ရောင်းစားခြင်းကိုခံရပြီး အဲဂုတ္တု ခေါ်အီဂျစ်နိုင်ငံတွင်နိုင်ငံအကြီးအကဲ 
တစ်ဦးဖြစ် လာသည်။ မိုးခေါင်ရေရှားမှုကြောင့် ယောသပ်၏ဖခင်အစ္စရေးလ်
နှင့် ကျန်ရှိနေသေးသည့်ညီအစ်ကို ၁၁ ယောက် သည်လည်း အီဂျစ်နိုင်ငံသို့လာရောက်နေထိုင်ကြသည်။

 ယောသပ်ကွယ်လွန်ပြီးနောက်ပိုင်းတွင် အစ္စရေးလ်လူမျိုးများသည် 
အီဂျစ်လူမျိုးတို့၏ ကျွန်သပေါက်ဘဝဖြင့် အီဂျစ်နိုင်ငံတွင်နှစ်ပေါင်း ၄ဝဝ ခန့်နေထိုင်ခဲ့ကြသည်။ ဤအချိန်ကား ခရစ်တော်မပေါ်ခင်နှစ်ပေါင်း ၁၂၅ဝ ပတ်ဝန်းကျင်ခန့်ကဖြစ်သည်။ အစ္စရေးလ်လူမျိုးများကိုအမျိုးဖြုတ်ရန်ဟူသော အစီအစဉ်ဖြင့် မွေးဖွါးလာသည့် အစ္စရေးလ်လူမျိုးယောင်္ကျားလေးတိုင်းကို အီဂျစ်ဘုရင်၏အမိန့်ဖြင့် သတ်ပြစ်ရန်ဖြစ်သော်လည်း မောရှေ (Moses) သည် လွတ်မြောက်လာခဲ့ရုံမက ဘုရင့်သမီးတော်၏မွေးစားခြင်းကိုခံရသည်။ မောရှေ၏ခေါင်းဆောင်မှုဖြင့်အစ္စရေးလ် တစ်မျိုးသားလုံး 
အီဂျစ်လူမျိုးတို့၏ ကျွန်ဘဝမှ လွတ်မြောက်လာကြပြီး 
အီဂျစ်နိုင်ငံ၏ အရှေ့မြောက်အရပ်ဖက်တွင်ရှိသည့် 
ခါနန်ပြည်(ယနေ့လက်ရှိအစ္စရေးလ်နိုင်ငံ)၏ 
နယ်နမိတ်အထိ၊ဆိုင်းနိုင်းသဲကန္တာရ
ကိုဖြတ်သန်းပြီးရောက်ရှိလာကြသည်။ 

အစ္စရေးလ်လူမျိုးတို့အား လွတ်လပ်ခွင့်မပေးချင်ပေးချင်ဘဲ အီဂျစ်နိုင်ငံမှထွက်ခွါခွင့် ပေးလိုက်ရသော အီဂျစ်ဘုရင်မှာ (Ramesses II) ဘုရင်ကြီး ဖြစ်သည်ဟု သမိုင်းသုသေသီများကယူဆထားသည်။ ဘုရားသခင်၏စကားကို နားမထောင်ခြင်းနှင့် အမျိုးမျိုးသော အပြစ်များကြောင့် ရက် ၄ဝ သွားရမည့်ခရီးကိုနှစ်ပေါင်း ၄ဝသွားခဲ့ရသည်။ ဘုရားသခင်က 
သူတို့ လိုက်နာရမည့်ပညတ်တော် (၁ဝ)ပါးကို
ဤခရီးလမ်းခုလတ်တွင်ပေးခဲ့သည်။ 

ခရီးဆုံးဖြစ်သောခါနန်ပြည်ကို
မဝင်ရောက်နိုင်ခင် မှာပင်ခေါင်းဆောင်ကြီး
 မောရှေခေါ်တော်မူခြင်းခံရသဖြင့်၊ ယောရှုက 
ဆက်လက်ဦးဆောင်ပြီး ခါနန်ပြည် ကိုစီးနင်းသိမ်းပိုက်ကာ အစ္စရေးလ်နိုင်ငံကိုထူထောင်သည်။ အီဂျစ်နိုင်ငံမှ စတင်ထွက်ခွါ ခဲ့စဉ်တွင်ပါဝင်သူများထဲမှ ယောရှု နှင့်ကာလက်သာလျှင် ခါနန်ပြည်ကိုဝင်ခွင့် ရကြပြီး၊ ကျန်သည့်သူများသည် လမ်းခုလတ်တွင် မွေးဖွါးသည့် သူများဖြစ်ကြသည်။ထိုအချိန်မှစပြီးနှစ်ပေါင်း၂ဝဝ ခန့် အတွင်း
ဘုရင်ဟူ၍မရှိခဲ့ဘဲ တရားသူကြီးများ ဖြစ်သော ဒေဘောရ၊ 
ဂိဒုန်၊ နှင့် လူသန်ကြီး ရှံဆုန်ကဲ့သို့သော ဘုရားသခင်
အထူးရွေးချယ်ထားသည့်
သူများက အစစ အရာရာ 
ဦးစီးဆောင်ရွက်ခဲ့သည်။ တရားသူကြီးများ ခေတ်နောက်ပိုင်းကာလတွင် ‘ဟန္န’ဟုခေါ်သောအမေတစ်ယောက်သည် သူမ၏သားငယ် မမွေးဖွါးခင်ကပင် တသက်လုံးဘုရားသခင်၏ အစေခံကျွန် ဖြစ်စေပါမည့်အကြောင်း ဘုရား
သခင်ထံ အပ်နှံဆုတောင်းသည်။ မိခင်ကြီး ဟန္န၏သားသည် နောင်တွင် ပရောဖက်ရှမွေလ (Samuel) ဖြစ်လာသည်။ အစ္စရေးလ်လူမျိုးများ၏ အတန်တန်တောင်းဆိုမှုကြောင့် ခရစ်မပေါ်ခင်နှစ်ပေါင်း ၁ဝ၅ဝ ပတ်ဝန်းကျင်ခန့်တွင် ‘ရှောလု’ ဆိုသူအား အစ္စရေးလ်လူမျိုးများ၏ ပထမဦးဆုံးသောဘုရင်အဖြစ် ပရောဖက် ရှမွေလက 
ဘိသိက်ပေးခဲ့သည်။ဘီစီ ၁ဝဝဝခန့်ရောက်သောအခါ 
သိုးကျောင်းသားကလေး ဒါဝိဒ် (David) သည်
ပါလက်စတိုင်း စစ်သူရဲ လူသန်ကြီး ဂေါလိယက်ကို အနိုင်ယူသတ်ဖြတ်ကာအစ္စရေးလ်နိုင်ငံတော်ကို ထူထောင်သည့်အစ္စရေးလ် လူမျိုးများ၏ ဒုတိယမြောက်သောဘုရင်ကြီးဖြစ်လာသည်။ ဒါဝိဒ်ဘုရင်မင်းကြီး နတ်ရွာစံပြီး နောက်အရိုက်အရာကို သားဖြစ် သူရှောလမုန် (Solomon) ကဆက်ခံကာ၊ ခမည်းတော် ဒါဝိဒ် မင်းကြီး၏ စိတ်ကူးအိမ်မက် ဖြစ်ခဲ့သော ဂျေရုရှလင်မြို့တွင် ဘုရားသခင်၏ ဗိမာန်တော်ဆောက်လုပ်ရန အစီအစဉ်ကို ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၉၅ဝ ခန့်တွင် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ရှောလမုန်မင်းကြီးနတ်ရွာစံပြီးနောက် ပြည်တွင်းစစ်ဖြစ်ပွားပြီးနိုင်ငံနှစ်ခြမ်းကွဲသွားသည်။ 

မြောက်ဖက်ခြမ်းကိုအစ္စရေးလ်နိုင်ငံဟုခေါ်ပြီး၊ တောင်ဖက်ခြမ်း နိုင်ငံကို ရှောလမုန်၏သားက မင်းလုပ်ကြီးစိုးကာ’ယုဒ’ (Judea) တိုင်းပြည်ဟု ခေါ်သည်။ ခရစ်တော်မွေးဖွါးရန်နှစ်ပေါင်း ၉ဝဝ ခန့်လိုသေးသည်။ ထိုနောက် မြောက်ပိုင်း အစ္စရေးလ်နိုင်ငံမှာရော၊ တောင်ခြမ်းယုဒ တိုင်းပြည်တွင်ပါ မင်းအဆက်ဆက် ပြောင်းလာခဲ့သည်။အစ္စရေးလ်လူမျိုးများသည် ဘုရားသခင်ကို မေ့လျော့လာကြပြီး တိုင်းတပါး မှလာသည့် ရုပ်တုဆင်းတုများကို ကိုးကွယ်လာကြ သည်။ 
ဘီစီ၇၂၂ တွင် အဆီးရီးယန်း လူမျိုးများက မြောက်ဖက်ခြမ်းဖြစ်သည့် အစ္စရေးလ်နိုင်ငံ ကို ကျူးကျော်သိမ်းပိုက်လိုက်သည်။ 
ပရောဖက်များက ရုပ်တုဆင်းတုကို ကိုးကွယ်ခြင်း မှနောင်တ
ရရန်၊ အကြိမ်ကြိမ် သတိပေးသော်လည်း မလိုက်နာသည့်
အဆုံး ဘုရားသခင်၏ဆုံးမခြင်းဒဏ်အဖြစ်
 မြောက်ဖက် ခြမ်း အစ္စရေးလ်နိုင်ငံ၏မြို့တော် 
ဆမားရီယား (Samaria) မြို့သည် အဆီးရီးယန်း 
လက်အောက် ကျရောက် သွားခြင်းဖြစ်သည်။ 

တောင်ဖက်ခြမ်းယုဒတိုင်းပြည်တွင်လည်း ပရောဖက်ယေရမိသည် ရုပ်တုဆင်းတု ကိုးကွယ်ခြင်းမှနောင်တရရန်၊ အကြိမ်ကြိမ်သတိပေးသော်လည်း မလိုက်နာသော ကြောင့်ဘုရားသခင်၏ဒဏ်ခတ်ခြင်းကိုခံရပြီး ဘီစီ ၅၈၆ ခုနှစ်တွင် ဘေဘီလုံ အင်ပါယာ၏ ကျုးကျော်သိမ်းပိုက်ခြင်းကိုခံရရုံမက မြို့တော် ဂျေရုရှလင်
တမြို့လုံးကို မီးရှို့ဖျက်စီးချေမွခြင်းခံရပြီး ယုဒ တတိုင်းပြည်လုံး ဘေဘီလုံနိုင်ငံသို့သုံ့ပန်းအဖြစ် ခေါ်ဆောင်ခြင်းခံရသည်။ ဘေဘီလုံနိုင်ရောက်သွားသောသူများထဲမှ ဘုရားသခင်
အပေါ်သစ္စာစောင့်သိ၍ ဆု မှန်မှန်တောင်းလေ့ရှိ သော 
‘ဒံယေလ’ သည် ဘုရားသခင်၏ ကောင်းကြီးပေးခြင်း 
ခံရပြီး ရန်သူဘေဘီလုံနိုင်ငံ၏ နန်းတွင်း၌အင်ပါယာ
ဘုရင်မင်းမြတ်ကြီး၏ အောက်တွင် အာဏာအရှိ
ဆုံးသောသူ တစ်ဦးဖြစ်လာသည်။’ယေရကျေလ’ 
သည်ဘေဘီလုံနိုင်ငံရောက် သုံ့ပန်းများကိုအဓိက 
ဝိညာဉ်ရေးရာ၌ အားပေးသူနှင့်အားကိုး
အားထားရာ ပရောဖက်ကြီးဖြစ်လာသည်။ 

ဘီစီ ၅၃၈ တွင် ဇေရုဗဗေလ၏ဦးဆောင်မှုဖြင့် ယုဒတိုင်းပြည်သို့ ပထမ အသုတ်ပြည်တော်ပြန်ခွင့်ရသည်။’ဇေရုဗဗေလ’အမည် ရှိသူ၏ဦးဆောင်မှုဖြင့် ဂျေရုရှလင်မြို့ဟောင်းနေရာတွင်ပင် ဂျေရုရှလင်မြို့ သစ်ကိုပြန် တည်ဆောက်ကြသည်။ ဘီစီ ၄၅၈ ခုနှစ်တွင် ‘ဧဇရာ’ ၏ 
ဦးဆောင်မှုဖြင့် ဒုတိယအသုတ် ပြည်တော်ပြန်ခွင့်ရသည်။ 
ဘီစီ ၅၃၉ ခုနှစ်တွင်ပါရှန်း ဘုရင်ကြီး ‘ကုရု’ (Cyrus) က
 ဘေဘီလုံနိုင်ငံ ကိုသိမ်းပိုက်ပြီးသူ၏ခွင့်ပြုချက်ဖြင့် 
ဘီစီ၄၃၂ ခုနှစ်တွင် နောက်ဆုံးအသုတ်သည် 
‘နေဟမိ’ ၏ဦးဆောင်မှုအောက်တွင်
 ပြည်တော်ပြန်ခွင့်ရသည်။‘နေဟမိ’၏
ဦးဆောင်မှုဖြင့် ‘ဂျေရုရှလင်’ မြို့ရိုးကို
 ပြန်လည်တည်ဆောက်နိုင်ခဲ့ရုံ 
မျှမက နိုင်ငံရေးနှင့်လူမှုရေးပြုပြင်မှုများ၊ 
ဘာသာရေး သန့်စင်ရေး ပြုပြင်ပြောင်းလဲမှု
များကိုပြုလုပ်ခဲ့သည်။ ဘီစီ ၃၃၃ ခုနှစ်တွင် ဂရိအင်ပါယာ 
မင်းကြီး ‘အလက်ဇန္ဒရီးယားသည်ဂရိတ်’ က ပါရှန်းအင်ပါတခုလုံးကို သိမ်းပိုက်လိုက်ပြန်သဖြင့် အစ္စရေးလ်’ နိုင်ငံသည်လည်း ‘ဂရိ’ နိုင်ငံ၏ 
လက်အောက် အလိုလိုရောက်သွားပြန်သည်။ ထို့နောက်ဘီစီ ၃၂ဝ မှ 
ဘီစီ ၁၉၈ နှစ်အထိ အီဂျစ်တို့၏သိမ်းပိုက်မှုကို၎င်း၊ ဘီစီ ၁၉၈ ခုနှစ် မှဘီစီ၆၃ 
ခုနှစ်အထိ ဆီးရီယား တို့၏သိမ်းပိုက်မှုကို၎င်း ဆက်တိုက်ခံ ခဲ့ရသည်။ 

ဘီစီ ၆၃ ခုနှစ် တွင် ရောမဘုရင် ‘ပွန်ပေ’ က ကျုးကျော်သိမ်း ပိုက်လိုက်ပြန်သည်။ ထို့ကြောင့် ခရစ်တော် မွေးဖွါးခဲ့သည့် အချိန်တွင် အစ္စရေးလ် နိုင်ငံသည် ရောမ နိုင်ငံ၏ကိုလိုနီ လက်အောက်ခံ ဖြစ်သည်။ 

ဤသည်ကားဓမ္မဟောင်းကျမ်းစာခေတ် 
ကာလမှအကြောင်းအရာများပေတည်း။ 

...ဓမ္မသစ်ကျမ်းစာခေတ်မှ အဖြစ်အပျက်များကိုလေ့လာသော်...
ခရစ်တော် မွေးဖွါးသည့် ဓမ္မသစ်ကျမ်း ခေတ်မတိုင်ခင် နှစ်ပေါင်း 
၃ဝဝ ခန့်ကို ပြန်ကြည့် မည်ဆိုပါက တိုင်းတပါး လူမျိုးခြားတို့၏ ကျုးကျော်သိမ်းပိုက်မှုကိုဆက်တိုက် ခံရသည်။ ဂရိတို့၏လက်အောက်ခံဘဝတွင်ဆိုလျှင်
ဂရိယဉ်ကျေးမှု နှင့်ထုံးတမ်းစဉ်လာစာပေတို့ကို အတင်းအဓမ္မသွတ်သွင်းခြင်းကိုခံရသည်။ 
ထို့ကြောင့်ခရစ်တော်မွေးဖွါး သည့်အချိန်တွင် 
အစ္စရေးလ်လူမျိုးတို့သည် လွတ်လပ်ရေးကိုအလွန်လိုချင်တမ်းတနေသည့်အချိန်ဖြစ်သည်။ 
ဤကဲ့သို့သော နိုင်ငံရေးအခြေအနေတွင်ခရစ်တော်မွေးဖွါးလာသဖြင့် ခရစ်တော်၏နောက်လိုက်တမန်တော် ယုဒရှကာရုတ်မှအစ ဂျုးလူမျိုးအတော်များများသည် ခရစ်တော်အားဝိညာဉ်ရေးရာ
ကယ်တင်ပိုင်ရှင် အဖြစ်ထက် အစ္စရေးလ်နိုင်ငံအား တိုင်းတပါး 
တို့လက်အောက်မှ လွတ်လပ်ရေးရအောင် ခေါင်းဆောင် တိုက်ခိုက်ပေးမည့်သူရဲကောင်း၊ နိုင်ငံရေးခေါင်းဆောင်ကြီးဟု ထင်မြင်ခံယူခဲ့ကြသည်။ အချို့သော ပညာရှင်များ၏ 
ထင်မြင်ချက် အရ ယုဒရှကာရုတ်သည် သခင်ယေရှုကို 
အဓိပ္ပါယ်မဲ့စွာဖြင့် သစ္စာဖောက်ခြင်းမဟုတ်ဘဲ 
သခင်ယေရှုအဖမ်းခံရမှ သူ၏တန်ခိုးများကိုပြကာ 
အစ္စရေးလ် နိုင်ငံလွတ်လပ်ရေးရရန် မဟာတော်လှန်ရေးကြီးကို စတင်မီးမွေးမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့် ပြသနာကိုဖန်တီးရန် သစ္စာဖောက်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ 

အစ္စရေးလ် နိုင်ငံ၏သမိုင်းကိုပြောင်းလည်းရန် ရည်ရွယ်ချက်ဖြင့် သစ္စာဖောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် လက်တွေ့တွင်သခင်ယေရှုသည် သူထင်သကဲ့သို့ အစ္စရေးလ် နိုင်ငံ၏ နိုင်ငံရေးတော်လှန်ရေး ခေါင်းဆောင်မဟုတ်ဘဲ၊ လူသားထုတရပ်လုံး၏ ဝိညာဉ်ရေးကယ်တင်ရှင်ဖြစ်နေသဖြင့်မှန်းချက်နှင့်နှမ်းထွက် 
မကိုက်ဘဲ နောက်ဆုံး ယုဒရှကာရုတ်ခမျာ သူ့ကိုယ်သူအဆုံးစီရင်ခဲ့သည်အထိ ဖြစ်သွားခဲ့သည်။ ခရစ်တော်မွေးဖွါးသည့်အချိန်မှစပြီး လေ့လာမည်ဆိုလျှင် ခရစ်တော်ကို ယောသပ်နှင့်မေရီတို့ မှဗက်လင်မြို့တွင် မွေးဖွါးခဲ့သည်။ ခရစ်တော်မွေးဖွါးခဲ့သည့် အချိန်၌ ဘုရားသခင်က ဤညတွင် ကယ်တင်သောအရှင်သည် ဒါဝိဒ်မြို့တွင် သင်တို့အဖို့အလိုငှါ
 မွေးဖွါးပြီဟု ကောင်းကင် တမန်များမှတဆင့် သိုးကျောင်းသားများနှင့် 
အရှေ့ပြည်မှ ပညာရှိများထံတွင် အသိပေးကြေညာခဲ့သည်။ 

ဟေရုဒ်မင်းကြီးနတ်ရွာစံသောအခါ သားသုံးယောက်က နိုင်ငံကိုသုံးခြမ်းခွဲကာ ရောမတို့၏ လက်အောက်ခံကိုလိုနီအဖြစ်ဖြင့်ပင် မင်းလုပ်ကြီးစိုးကြသည်။ နှစ်ခြင်းဆရာယောဟန်က သူ့နောက်ကြွလာမည့်အရှင်၏ 
အကြောင်းကိုကြိုတင် ဟောပြောခဲ့သည်။ ဟေရုဒ် 
(Herod the Great) ၏ သားသုံးယောက်ထဲတွင် 
တစ်ယောက်ဖြစ်သည့် ဟေရုအင်တီပါ 
(Herod Antipas) က သမီးတော်အား
 တောင်းလိုသောဆုကိုပေးပါမည်ဟု
 ပေးခဲ့မိသော ကတိတော်အရ၊ 
သမီးတော်၏တောင်းဆိုချက်ဖြင်.
 နှစ်ချင်းဆရာယောဟန်ကို ခေါင်းဖြတ်ကွပ် မျက်ခဲ့သည်။ 

သခင်ယေရှုသည် သူ၏သုံးနှစ်ကြာသည့် အမှုတော်ကိုစတင်သည်။ သုံးနှစ်အတွင်းနိုင်ငံ တော်နှင့်ဖြောင့်မတ်ခြင်းအကြောင်း ဟောပြောခဲ့ပြီး၊ ထူးဆန်းသောနိမိတ်လက္ခဏာများ လုပ်ပြခြင်းအားဖြင့် ဘုရား၏တန်ခိုးကိုပြခဲ့သည်။ သူ၏သုံးနှစ်တာလုပ်ဆောင်ချက်များသည် ကမ္ဘာ့သမိုင်းနှင့် လူနေမှု စနစ်တစ်ခုလုံးကို ထာဝရ ပြောင်းလဲစေခဲ့သည့်အဖြစ်ကို မည်သူမျှငြင်းနိုင်မည်မဟုတ်ချေ။ 
လူတိုင်းကို ကိုယ်နှင့်အမျှချစ်ရန်နှင့်ရန်သူကိုပင်ချစ်ရန် 
သွန်သင်ဟောပြောခဲ့သည်။ သင်၏ပါးတစ်ဖက် အရိုက်ခံရလျှင် နောက်ပါးတစ်ခြမ်းကိုပါ အရိုက်ခံပါဟူ၍ ၄င်း သင်၏အဝတ် တစ်ထည်ကိုအတင်းအဓမ္မအလုခံရလျှင် နောက်တစ်ထည်ကိုပါ ပေးလိုက်ပါဟူ၍ ၄င်း၊အနိုင်ကျင့်သည့်အနေဖြင့် တမိုင်ခရီးကို လမ်းလျှောက် စေခြင်းကိုခံရလျှင် နောက်ထပ်တစ်မိုင်ပင်လျှောက်လိုက်ပါဟူ၍၄င်း၊ ဟောပြောခဲ့ရာ ထိုခေတ်ကလူများအဖို့အလွန်ထူးဆန်းသည့် တရားဒေသနာတော် 
များဖြစ်ခဲ့သည်။ သေခြင်းတရားကိုရင်ဆိုင်ရန်အတွက်ယေရုရှလင်မြို့သို့ ထွက်သွားခဲ့သည်။ “သူ့ကိုယ်သူ ဘုရားဖြစ်ပါသည် ဟုပြောခြင်းဖြင့် ဘုရားသခင်ကိုစော်ကားသည်” ဟူသော စွဲချက်အတင်ခံရပြီးနောက် ကားတိုင်တွင်အသတ် ခံရသည်။ အသတ်ခံရပြီးအစ္စရေးလ်လူမျိုး 
တို့၏ထုံးစံအတိုင်း သချိုင်းအုတ်ဂူတစ်ခုတွင် ခန္ဓာကိုင်္သဂြိုလ်သည်။ သူအသတ်မခံရခင် အချိန်များတွင် တစ်ချိန်တွင် သူအသတ်ခံ 
ရမည်ဖြစ်ကြောင်း၊ သို့သော် သုံးရက်မြောက်သောနေ့ တွင်
 ပြန်ရှင်နိုးထ မည်ဖြစ်ကြောင်းမိန့်မှာခဲ့ဘူးသဖြင့် 
သူ၏အလောင်းတော်ကို နောက်လိုက် များကခိုးယူပြီး သခင်ယေရှုပြန်ရှင်နိုးထလာပြီ၊ အလောင်းမရှိတော့ ဘူးဟု 
အကြံအဖန်လုပ် မည်ကို စိုးရိမ်သောကြောင့် င်္သချိုင်းအုတ်ဂူဝကို အလွန်ကြီးမားသည့် ကျောက်တုံးကြီးတစ်လုံး ဖြင့် ပိတ်ထားရုံမက ရောမစစ်သားများက၂၄ နာရီအချိန်ပြည့်အစောင့်ချထားသည်။ 

သို့သော်ထိုကျောက်တုံးကြီး နှင့် ထိုအစောင့်စစ်သားများက သခင်ယေရှုပြန်ရှင်နိုးထလာမည့် အဖြစ်ကို မည်သို့မျှ တားဆီးနိုင်စွမ်းမရှိပါ။ သုံးရက်မြောက်နေ့တွင်သခင်ကြိုတင်မိန့်မှာ ခဲ့သည့်အတိုင်း ပြန်ရှင်နှိုးထလာသည်။ ထို့နောက်လူတစ် ယောက်နှစ်ယောက်မျှကိုသာ မဟုတ်ဘဲ လူပေါင်းမြောက်များစွာနှင့်အတူ စားသောက်၊ သွားလာ၊ နေထိုင်
တရားဟောခြင်း အားဖြင့် သူအမှန်တကယ်ပြန်ရှင်ခဲ့ကြောင်း လူသားများကိုသက်သေပြခဲ့သည်။ သူ၏နောက်လိုက်
တမန်တော်များကို နောက်ဆုံးမှာကြားသွားခဲ့သည်မိန့်မှာချက် မှာ ”ကောင်းကင်ဘုံ၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှ တို့ကိုငါခံရပြီ၊ သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက်၊ 
ခမည်းတော်၊ သားတော်၊သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ 

ငါသည်သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်အောင် 
သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဟူ ဖြစ်သည်။
ထို့နောက်ယုံကြည်သူ လူများစွာတို့၏မျက်စိရှေ့မှာပင်
 ကောင်းကင်သို့ ချီဆောင်ခြင်းကို ခံရသည်။ 
သခင်ယေရှုချီဆောင်ခြင်းခံရသည့် နောက်ပိုင်း
အဖြစ်အပျက်များကို လေ့လာခြင်း သခင်ယေရှု ကောင်းကင်သို့ချီဆောင်ခြင်းခံရပြီးနောက်ပိုင်းတွင် 
ခရစ်ယာန်ဘာသာသည် အရှေ့အလယ်ပိုင်းအရပ်ဒေသမှ
တဆင့် အာရှမိုင်းနားနှင့်ဥရောပတခွင်လုံးသို့ ပြန့်နှံ့သွားသည်။
 ပေါလု ဆို...သူသည်ခရစ်တော်၏နောက်လိုက်ယုံကြည်သူ ခရစ်ယာန်ဘာသာဝင်များကို လိုက်လံ ညှင်းပန်းနှိပ်စက်သတ်ဖြတ်သူ တစ်ယောက်ဖြစ်သည်။သူသည် ယခုခေတ်ဆီးရီးယားနိုင်ငံ၏မြို့တော်ဖြစ်သော ဒမတ်စကတ် မြို့သို့ခရစ်ယာန်ဘာသာဝင်များကိုညှင်းပန်းနှိပ်စက် ရန်အသွား၊လမ်းခုလတ်တွင် လွန်ခဲ့သည့်နှစ် အနည်းခန့်ကသေခြင်းကိုအောင်မြင်ခဲ့သည်ဟု သူလုံးဝမယုံကြည် လက်မခံခဲ့သောခရစ်တော်နှင့်တွေ့ပြီး၊ ပြောင်းလဲသွားသည်။ 
အချိန်ကား အေဒီ ၃၅ ခုနှစ်ပတ်ဝန်းကျင်တွင်ဖြစ်သည်။ ပေါလုကို အာရှမိုင်းနားတခွင်နှင့် အီတလီနိုင်ငံ ရောမမြို့အထိ ခရစ်တော်၏
ကယ်တင်ခြင်း သတင်းကောင်းကို ပြန့်နှံ့သွားရန် အဓိကစွမ်းဆောင်နိုင်ခဲ့သည့်သူတစ်ဦးအဖြစ် 
ဘုရားသခင်က အသုံးပြုခဲ့သည်။ 

သူသည်ရောမ မြို့တွင် ထောင်သွင်းအကျဉ်းချခံနေရသည့်
အချိန်မှာပင် အသင်းတော်သစ်ကလေးများကို အားပေးသွန်သင်လမ်းညွန်သည့် ပေးစာမြောက်များစွာ(ရောမ၊ ကောရိန္တု(ပ)၊ ကောရိန္တု(ဒု)၊ ဂလာတိ၊ ဧဖက်၊ 
ဖိလိပိ၊ ကောလောသဲ၊ သက်သာလောနိတ်(ပ)၊ သက်သာလောနိတ် (ဒု)၊ တိမောသေ(ပ)၊ တိမောသေ (ဒု)၊တိတု၊ ဖိလေမုန်)ကိုရေးသားခဲ့သည်။ 
 ပေါလုကို အေဒီ ၃၇ (သို့) ၃၈ ပတ်ဝန်းကျင်တွင် ခရစ်ယာန်ဘာသာဝင် မြောက်များစွာကို သတ်ဖြတ် နှိပ်စက်ခဲ့သူ ရောမဘုရင်ကြီး နီရိုး 
(Nero) ၏ ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံရသည်။ အေဒီ ၇ဝ ခုနှစ်တွင်ရောမဘုရင်ကြီး တိုင်းတပ်(စ်)ကဂျေရုရှလင်
တမြို့လုံးကိုစိစိမွကျေအောင်တိုက်ခိုက် ဖျက်စီးပြစ်လိုက်သည်။ 

 သခင်ယေရှုသက်တော်ထင်ရှားစဉ်က ယေရုရှလင်မြို့ကြီးတစ်နေ့တွင် ဤကဲ့သို့ဖျက်စီးခံရမည့်အရေးကို ကြိုတင်မိန်မှာခဲ့ဘူးသည်ကို (မသဲ ၂၄း၁-၂)တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။ သခင်ယေရှုသက်တော်ထင်ရှားစဉ် ဟေရုဒ်ဘုရင်ကြီးက စတင်တည်ဆောက်ခဲ့သော ဂျေရုရှလင်မြို့ဘုရားကျောင်းကြီးသည် (၁၈) လအတွင်း
အခြေခံအုတ်မြစ်နှင့် အကြမ်း ပြီးစီးခဲ့သော်လည်း၊ 
အပြီးသတ်အချောကိုင်ခြင်းကို အေဒီ(၆၇)ခုနှစ်မှပြီးစီးခဲ့သည်။ သို့သော်ဘုရားကျောင်းကြီးကိုပြီးစီးပြီး သုံးနှစ်အကြာတွင် လုံးဝဘာမျှမကျန်တော့သည်အထိ ပြန်၍ 
ဖျက်စီးချေမွခံရခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၏နောက်ဆုံး
အခန်းနှင့် ဓမ္မသစ်ကျမ်း၏အနာဂတ်တွင်ဖြစ်ပျက်မည့် အကြောင်းအရာတို့ကို ကြိုတင်နိမိတ်ဖော်ပြသည့် တစ်ခုတည်းသော အခန်းဖြစ် သော ဗျာဒိတ်ကျမ်းကို အေဒီ ၉၆ ခုနှစ်တွင် ခရစ်တော်၏တမန်တော် တပါးဖြစ်သည့်
ရှင်ယောဟန်အား သခင်ယေရှုက ကောင်းကင်တမန်ကို စေလွတ်ကာဖော်ပြရေးသား စေခဲ့သည်။ 
(ဗျာဒိတ် ၁း၁-၂၊ ဗျာဒိတ် ၂၂း၈)။ 

ရှင်ယောဟန်သည်အေဒီ(၉၅) ခုနှစ်တွင် ရောမဘုရင်ဒိုမီတီယန်၏ ခရစ်ယာန် အသင်းတော်များကိုဖိနှိပ်မှုအစီအစဉ်ဖြင့် ပတ်မုတ်ကျွန်း (Patmos Island) သို့နယ်နှင်ခံရသည်။ နောက်နှစ်ဖြစ်သော အေဒီ (၉၆) ခုနှစ်တွင် 
လွတ်မြောက်ခဲ့ပြီး ဧဖက်မြို့သို့ပြန်ခွင့် ရခဲ့သည်။ ဗျာဒိတ်ကျမ်းကိုဧဖက် မြို့တွင်ရေးသားခဲ့ပြီး၊ အင်္ဂလိပ်ကျမ်းစာအုပ်၏သဒ္ဒါအရေးအသားနှင့် 
အသုံးအနှုံးများ ကိုလေ့လာကြည့်ခြင်း အားဖြင့် အတိတ်ကာလ (သို့) ပတ်မုတ်ကျွန်းတွင် ဖော်ပြခြင်းခံခဲ့ရသည့် အကြောင်းအရာ များကို ပြန်ရေးခြင်းဖြစ်သည်ကို သိရှိနိုင်သည်(ဗျာဒိတ် ၁း၉)။ 
ဤဆောင်းပါး၏ အစပိုင်းတွင်ဖော်ပြထားသကဲ့သို့ သမ္မာကျမ်းစာအုပ်များကို ရေးသားပြုစုရန် နှစ်ပေါင်း ၂ဝဝဝ ခန့်ကြာခဲ့ပြီး လူတစ်ဦးတစ်ယောက်တည်းက ရေးသားခြင်းမဟုတ် သော်လည်း၊ သမ္မာကျမ်းစာ၏ပထမအခန်းဖြစ်သည့် ကမ္ဘာဦးကျမ်းနှင့် နောက်ဆုံးအခန်း ဖြစ်သည့် ဗျာဒိတ်ကျမ်းတို့သည် စနစ်တကျစီကုံးရေးသီထားသောရာဇ၀င် (သို့) ဇတ်လမ်း တစ်ပုဒ်၏
နိဒါန်းနှင့် နိဂုံးလိုက်လျောညီထွေမှူရှိသကဲ့သို့ တိကျမှန်ကန်
လွန်းလှသည်ကို တွေ့ရှိရပေသည်။ 

ထို့ကြောင့် သမ္မာကျမ်းစာအုပ်သည် ဘုရားသခင် 
ခန့်အပ်ထားတော်မူသော လူသားများက သူ့နေရာနှင့်သူ၊ ကျရာအခန်းကဏ္ဍာ၌ ဘုရားခိုင်းသည်အတိုင်း ရေးသားထားသော (တနည်း) ဘုရားသခင်၏ 
ဝိညဉ်တော် မှုတ်သွင်းခြင်းဖြင်. ရေးသားသော
ကျမ်းစာအုပ်ဖြစ်ပါကြောင်း ရဲဝံ.ပြတ်သားစွာ
 ဖော်ပြလိုက်ရပါသည်။ Amen
God bless you aLL..!!

CHURCH History အသင်းတော်သမိုင်းဆိုတာ (အနှစ်ချုပ်)

BC 4 တွင် ယေရှုဘုရားလူ့ဇာတိခံယူခဲ့ပြီး အေဒီ ၂၆ ခန့်မှစ၍
သုံးနှစ်တာ သာသနာပြုခဲ့ကာ AD 30 ခန့်၌ ကားတိုင်ထက်တွင် လူသားအားလုံး၏ အပြစ်အတွက် အသေခံခဲ့ပါသည်။ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့ပြီး 
တပည့်တော်များနှင့် ရက်ပေါင်းလေးဆယ်အတူ
နေထိုင်ခဲ့ကာ သံလွင်တောင်မှတဆင့် 
မိမိကြွမြန်းလာရာကောင်းကင်ဘုံသို့ 
ငါးရာမကသော လူများ၏ရှေ့မှ
 ပြန်လည် တက်ကြွသွားခဲ့သည်။

 ယေရှုဘုရား ကောင်းကင်ဘုံသို့ တက်ကြွသွားပြီး တပည့်တော် 
တရာ့နှစ်ဆယ် တို့သည် ယေရှုဘုရား မှာထားတော်မူ ခဲ့သည့်အတိုင်း ယေရုရှလင်မြို့ အထက်ခန်းမတွင် လောကသို့ သန့်ရှင်းသော 
ဝိညာဉ်တော်ဘုရား ဆင်းကြွလာချိန်အထိ ကြိုးစားလျက် ဆုတောင်းစောင့်နေခဲ့ပါသည်။ ပင်တေကုတ္တေပွဲနေ့တွင် 
တပည့်တော်များသည် သန့်ရှင်း သောဝိညာဉ်တော်ကို 
ခံယူခဲ့ကြပြီး ဝိညာဉ်တော် အရှိန်အဟုန်ဖြင့် ယေရုရှလင်မြို့မှ
စတင်ကာ ဧဝံဂေလိ သတင်းစကားကို ဟောကြား 
သက်သေခံခဲ့ကြပါသည်။ ထိုသတင်းစကားအတွက် 
တမန်တော်များ အားလုံးနီးပါး အသက်ပေးခဲ့ကြရပါသည်။ 

တမန်တော် ရှင်ပေတရုနှင့် ရှင်ပေါလုတို့သည် သာသနာပြုရင်း 
မာတုရများ အဖြစ် အေဒီ ၆၅ ခန့်တွင် အသတ်ခံရပြီးချိန်၌ ခရစ်ယာန် အသင်းတော်များတို့သည် မြေထဲပင်လယ်ဝန်းကျင်တလျောက်တွင်၎င်း၊ အီဂျစ်ပြည်မှ ရောမနှင့် စပိန်အထိနှံ့ ပြားခဲ့ပါသည်။ ၄င်းအပြင် ရောမ
အင်ပါယာ၏ အပြင်ပဖြစ်သော အရှေ့ဘက်နိုင်ငံ များ၌လည်း 
အသင်းတော်များ ရှိကြပြီးဖြစ်ပါသည်။ 
အိန္ဒိယတောင်ပိုင်း အသင်းတော်ကို တမန်တော်
 သောမမှ တည်ထောင်ခဲ့သည်ဟုဆိုပါသည်။ 

ထိုအေဒီ၆၅ ခုနှစ်အတွင်း၌ပင် တကမ္ဘာလုံးဆိုင်ရာ ဧဝံဂေလိ နှံ့ပြားရေး လုပ်ငန်းသည် ကောင်းစွာစတင် ခဲ့ပြီဆိုသည်ကို တွေ့မြင်ရပါလိမ့်မည်။ ကနဦးအသင်းတော်များသည် ပထမရာစုတွင် နီရိုးဘုရင်(အေဒီ ၆၄)၏ 
ရက်စက်စွာ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခြင်းကို ခံခဲ့ရ ပါသည်။ 
နီရိုးဘုရင်သည် ရောမမြို့ကြီးကို ကိုယ်တိုင် မီးရှို့ခဲ့ပြီး သူ့ကိုပြန်လည်တော်လှန်နိုင်ခြင်းငှါ မစွမ်းနိုင်သော 
အားနည်းသည့် ခရစ်ယာန်များ၏ လက်ချက်ဟုယိုးစွပ်ကာ 
ခရစ်ယာန်များကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါသည်။ 
နီရိုးဘုရင်သည် ခရစ်ယာန်များတို့ကို အရှင်လတ်လတ်
မီး ရှို့လျက် လူသားမီးရှူးတိုင်များပြုလုပ်ကာ ဘုရင်၏
ဥယျာဉ်၌ ပွဲခံခဲ့သည့် စိတ်မငြိမ်သက် သူဟူ၍ ၄င်း၊ 
စိတ်မနှံ့သူဟူ၍ ၄င်း သတ်မှတ်ခံခဲ့ရသော 
မင်းတစ်ပါးလည်းဖြစ်ပါသည်။ 

ဒုတိယရာစုတွင် ရောမရှင်ဘုရင်၏ရုပ်တုကို ခရစ်ယာန်များက မကိုးကွယ်သည့်အတွက် နှိပ်စက်ညှင်းပန်း အသေသတ်ခြင်းခံခဲ့ရကာ တတိယရာစုတွင် ကြီးထွားလာသော ခရစ်ယာန်တို့အား
 နိုင်ငံရေးအရ တစ်နေ့တော်လှန်ပုန်ကန် လိမ့်မည်ဟူသော 
အမြင်ဖြင့် နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခဲ့ကြပြန်ပါသည်။ 
ကနဦး အသင်းတော်၏ ခရစ်ယာန်များတို့သည် ခေါင်းဖြတ်
အသတ် ခံရခြင်း၊ မီးနှင့် ကင်မြှိုက်၍အသတ်ခံရခြင်း၊ 
သံညှပ်များဖြင့် အပိုင်းပိုင်းကိုက်ဖြတ်ခြင်း၊ လွှနှင့် 
အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ သားရဲတိရစ္ဆာန်တို့၏ 
အစာအဖြစ်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ရက်စက်စွာ 
ကွပ်မျက်ခြင်း ခံခဲ့ရပါသည်။ သို့သော် ခရစ်ယာန်များ
 လျော့မသွားသည့် အပြင် တိုးလို့သာလာခြင်းက
 ရောမအစိုးရကိုပင် တုန်လှုပ်စေခဲ့ပါသည်။
 အေဒီ ၃၁၂ တွင် ရောမ၌ ကွန်စတင်တိုင်း 
ဘုရင်ဖြစ်လာခဲ့ပါသည်။ 

၎င်းသည် တိုက်ပွဲများဆင်နွဲရင်း အရေးကြီးဆုံးသော နောက်ဆုံးတိုက်ပွဲကြီးမတိုင်မီတစ်ညတွင် ထူးဆန်းသော 
အိပ်မက်ရူပါရုံတစ်ခုကို မြင်မက်ခဲ့ပါသည်။ ထိုအိပ်မက်၌ လက်ဝါး 
ကပ်တိုင်ကြီး တစ်ခုကိုရှုမြင်ရပြီးလျှင် ကြားရသောအသံကား၊ 
ဤအထိမ်းအမှတ် အားဖြင့် သင်သည်အောင်မြင်လိမ့်မည်ဟု ဖြစ်၏။ 
ထို့ကြောင့် ၄င်း၏ စစ်အသုံးအဆောင်များတို့၌ ကားတိုင် တံဆိပ်ခပ်နှိပ်စေလျက် တိုက်ပွဲဝင်ခဲ့ရာ ၄င်း၏ အစိုးရိမ်ဆုံးသော နောက်ဆုံး တိုက်ပွဲကို အောင်မြင် ခဲ့ပါသည်။ ထို့နောက် အေဒီ၃၁၃ တွင် မီလန်အမိန့်တော် ရာဇသံကို ကွန်စတင်တိုင်းမှ ထုတ်ပြန်လိုက်ပြီး ထိုအမိန့်တော်မှာ 
လူများတို့အား မိမိကြိုက်နှစ်သက် ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်း ဟူ၍ဖြစ်ပါသည်။ 
ကွန်စတင်တိုင်းသည် ရောမနိုင်ငံတွင် မထမဦးဆုံးသော 

ခရစ်ယာန် ရှင်ဘုရင် ဖြစ်လာသကဲ့သို့ ရောမအင်ပါယာတစ်ခုလုံးလည်း ခရစ်ယာန်အင်ပါယာဖြစ်လာခဲ့ပါသည်။ ကွန်စတင်တိုင်းဘုရင်သည် 
ခရစ်ယာန် မြို့တော်သစ် ဖြစ်သည့် အီစတမ်ဘူလ် ဟူ၍ခေါ်သော ကွန်စတင်တီနိုပယ်လ်မြို့သစ်ကြီးကိုလည်း တည်ဆောက်ခဲ့ပါသည်။ ရောမစစ်တပ်များတွင်လည်း ခရစ်တော်ဟု အဓိပ္ပါယ်ရှိသော 
စာလုံးကို ဟေလသအက္ခရာဖြင့် အလံများတွင်
 ရေးသားအသုံးပြုခဲ့ကြပါသည်။ 
ကွန်စတင်တိုင်းဘုရင်ခရစ်ယာန်ဖြစ်ပြီး မကြာမီပင် တနင်္ဂနွေနေ့ကို ဝတ်ပြု ရာနေ့နှင့် အများနှင့်ဆိုင်သောအားလပ်ရက် အဖြစ် သတ်မှတ်ခဲ့ပါသည်။
 အေဒီ ၅၉၀ တွင် ရိုမန်ကက်သလစ်အသင်းတော်ကို ပုပ်ရဟန်းမင်းကြီး ဂရယ်ဂိုရီက တည်ထောင်အစပြုခဲ့ပြီး ရောမအင်ပါယာ တန်ခိုးကြီး
ချိန်ဖြစ်၍ အနောက်ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့ပါသည်။ ကနဦး 
သုံးရာစုအတွင်း ခရစ်ယာန်များတို့ သည် ယေရှုကို 
အသက်ပေး ကိုးကွယ်ခဲ့ကြသလို ခရစ်ယာန်ဟု 
အမည်ခံဖို့ မိမိ၏ အသက်အိုးအိမ်စည်းစိမ်
များအားလုံးကို စွန့်ခဲ့ကြရပါသည်။ 

သို့သော်သုံးရာစု နောက်ပိုင်း ခရစ်ယာန်ဘာသာသည် လူအများကိုးကွယ်သော ဘာသာ၊ အာဏာရှိသော ဘာသာနှင့် နိုင်ငံတော်ဘာသာတစ်ခု 
ဖြစ်လာသောအခါ သာ၍ ဘာသာပြောင်းလာသူများ၊ အာဏာ 
ရလို၍ ဘာသာပြောင်းလာသူများ တို့နှင့် သမ္မာတရားကို 
သိကျွမ်းခြင်းမရှိသော အတု အယောင် ခရစ်ယာန်များ
 ဖြစ်လာကြပါသည်။ အသင်းတော်သည်လည်း လောကီဆန်
 လာပြီး မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် လွဲမှားသောအယူဝါဒများစွာ 
တို့သည်လည်း အသင်းတော်တွင်းသို့ ဝင်ရောက် 
လာပါသည်။ထိုအယူဝါဒများဖြင့် ခရစ်ယာန် 
အချင်းချင်း ပြဿနာများ ဖြစ်ခဲ့ကြပါသည်။
သုံးပါးတစ်ဆူဘုရားဆိုင်ရာ 
သွန်သင်မှုအလွဲများနှင့် ယုံကြည်ခြင်း
ဆိုင်ရာ လွဲမှားသောဩဝါဒများ
ရှိလာပါသည်။ 

ထို့နောက် အေဒီ ၆၀ဝ ခန့်တွင် မွတ်ဆလင်
ဘာသာပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်းသုံးရာကျော်အတွင်း ဥရောပ
တိုက်တစ်ခုလုံး နီးနီးကို မွတ်ဆလင်တပ်များကနယ်ချဲ့သိမ်းပိုက် ခဲ့ရာတွင်ခရစ်ယာန်နိုင်ငံ အတော်များများလည်း ပါသွားခဲ့ပါသည်။ 
ထို့ကြောင့် အေဒီ ၁၀ဝ၀ ခန့်တွင် ကက်သလစ်
ခရစ်ယာန် ဂိုဏ်းဝင်များ ဖြစ်ကြသည့် ပြင်သစ်နှင့်
ဂျာမဏီတို့ဦးဆောင်ပြီး မွတ်ဆလင်တပ် 
များကို တိုက်ထုတ်ခဲ့သော ခရုစိတ်စစ်ပွဲကြီး
 ဖြစ်ပွါးခဲ့ပြန်ပါသည်။ ခရစ်ယာန်နိုင်ငံများ
တို့ကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါသည်။ 
ခရုစိတ်ခေါ် ဘာသာရေးစစ်ပွဲကြီးပြီး
သည့်နောက် ရောမနှင့် ဂရိတို့ 
အာဏာပြိုင်မှုနှင့် အငြင်းပွါးမှု
များဖြစ်ပေါ်ခဲ့ကြသည်။ 

ဂရိလူမျိုးများက ကျမ်းစာကို ဂရိလိုရေးပြီး 
ဂရိဘာသာစကားဖြင့် စာသင်ကြားခြင်းကြောင့် 
၎င်းတို့သည် မူရင်း ခရစ်ယာန်များဖြစ်ကြသည်ဟု ဆို၏။
 ရောမတို့သည် ဂရိဘာသာစကားဖြင့် ပညာသင်ကြားနေရသော်လည်း 
အာဏာကြီးစိုးမှုတွင် ရောမတို့ကသာသဖြင့် ဂရိတို့က လက်မခံလိုကြပေ။ 
ဂရိတို့က ဗာတီကန်သည် ယိုယွင်းပျက်စီး နေသည်ဟုမြင်ပြီး ပုပ်ရဟန်း မင်းကြီးကိုလည်း အယုံအကြည်မရှိသောကြောင့် အရှေ့တိုင်း ဂရိများက အနောက်တိုင်းရောမမှ ခွဲထွက်ခဲ့ကြပါသည်။ရိုမန်ကက်သလစ်က
 ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန် စသည့်နိုင်ငံတို့ကို ရောမ လက်အောက်ခံဖြစ်အောင်ကြိုးစားသည်။ ဂရိတို့ကလည်း 
ရုရှား တခွင်ကိုချဲ့ထွင် ကာ ရုရှား အော်သိုဒေါက် 
အသင်းတော်များကို တည်ထောင် ခဲ့ပါသည်။ 
ရုရှားမှတဆင့် ဟော်လန်၊ ယူကရေးနီးယား 
တို့ကိုလွှမ်းမိုးနိုင်ခဲ့သည်။ 

ယနေ့တိုင် အနောက်ဥရောပ သည် ရိုမန်ကက်သလစ်၏ လွှမ်းမိုးမှု အောက်တွင်ရှိပြီး၊ အရှေ့ဥရောပမှာ ရုရှား အော်သိုဒေါက်၏ လွှမ်းမိုးမှု
အောက်တွင် ရှိနေကြပါသည်။ အထက်ပါ အကြောင်းတို့ ကြောင့် ရောမနှင့် ဂရိတို့သည် ခရုစိတ်စစ်ပွဲပြီးချိန်တွင် ဂိုဏ်းကွဲခဲ့ကြရပါသည်။ ထို့နောက် အေဒီ ၁၅၁၇ တွင် မာတင်လူသာ၏ ခရစ်ယာန်ဘာသာပြုပြင် ပြောင်းလဲခြင်း ဖြစ်ပေါ်လာကာ ပရိုတက်စတင့် အသင်းတော်များပေါ်ထွက်လာသည်။ မာတင်လူသာသည် ဂျာမဏီလူမျိုး ကာသိုလိပ်အသင်းတော်မှ ဘုန်းကြီးတစ်ပါးဖြစ်ပါ သည်။ ရောမကာသိုလိပ်
အသင်းတော်၏ ဩဝါဒများနှင့် လုပ်ဆောင်မှုများ 
မှားယွင်းနေကြောင်းကို ထောက်ပြပြီး လူသာရင် 
အသင်းတော်ကို ပေါ်ထွက်စေခဲ့သူ ဖြစ်ပါသည်။
၎င်းနောက် ပြင်သစ်လူမျိုး ကယ်လ်ဗင် 
ကလည်း ပြုပြင်ပြောင်းလဲသော အသင်းတော်
(Reformed Church) ကိုတည်ထောင်ခဲ့ ပါသည်။
 ဂျွန်နောက် (John Knox) စကော့တလန်ကလည်း ပရက်ဗီတေးရီးယန်းအသင်းတော်ကို တည်ထောင်ခဲ့ ပါသည်။ 

အင်္ဂလန် ရှင်ဘုရင်ကလည်း အင်္ဂလီကန် အသင်းတော်ကို စတင်ခဲ့ပါသည်။ ဂျွန်ဝက်စလီကလည်း မက်သဒစ်အသင်းတော်ကို တည်ထောင်ခဲ့သကဲ့သို့ ဂျွန်စမစ်၏ ဦးဆောင်မှုအောက်တွင် နှစ်ခြင်းအသင်းတော်ကို 
တည်ထောင်ခဲ့ကြ၏။ ဤအသင်းတော် မျာ အားလုံးသည် အေဒီ 
၁၅၁၇ မှအေဒီ ၁၆၀ဝ အတွင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါ သည်။
 အေဒီ ၁၈၀ဝ ခန့်တွင် ဝိညာဉ်နိုးထမှုများရှိလာကာ 
သာသနာပြုခြင်းများ ထပ်မံ ပေါ်ပေါက်လာသည်။ 
ဝီလျံကယ်ရီသည် အိန္ဒိယသို့၎င်း ဆရာကြီး ယုဒသန်သည်
 မြန်မာပြည်သို့၎င်း သာသနာပြုခဲ့ကြပါသည်။ ထို့နောက် 
သာသနာပြုများစွာ ပေါ်ထွက် လာခဲ့ပြီး အာရှ၊ အာဖရိက၊
 တောင်အာဖရိက၊ တောင်အမေရိကအထိ အသင်းတော်များ ပျံ့နှံ့ပေါ်ထွက်လာခဲ့ပါသည်။ အေဒီ ၁၉၀ဝ အစပြုချိန်တွင် 
အမေရိကန် Kansas ပြည်နယ်Topeka မြို့တွင် 
လူအချို့စုဝေးကာ ဆုတောင်းခဲ့ရာမှ အထက်
ခန်းမ ၌တပည့်တော်တို့ ခံစားရသကဲ့သို့ 
ဝိညာဉ်တော်နိုးထမှု ဖြစ်ပေါ်လာခဲ့သည်။ 

ထိုနိုးထမှုဖြင့်သာသနာပြုခဲ့ကြရာမှစပြီး ဂိုဏ်းဂဏအသီးသီးသို့ ဝိညာဉ်တော်နိုးထမှုပျံ့နှံ့လာခဲ့သည်။ အေဒီ ၁၉၃၀ တွင် ဝိညာဉ် တော်နိုးထမှုရှိသော သူများစုပေါင်းပြီး Assembly of God (AoG) 
အသင်းတော်ကို ထူထောင်ခဲ့သည်ဟု သိရပါသည်။ ဒုတိယကမ္ဘာစစ်အပြီး ကွဲပြားနေသော ခရစ်ယာန်တို့အား ပြန်လည်စည်းရုံးနိုင် ရန် ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ဧဝံဂေလိမိဿဟာရဟု ခေါ်သည့် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းနောက် ၁၉၅၀ တွင် World Council of Churches (W.C.C) ကိုဖွဲ့စည်းခဲ့ကာ ၄င်းအဖွဲ့တွင် လစ်ဘရယ်ဝါဒကို လက်ခံသော အသင်းတော် များပါဝင်လာပါသည်။ လစ်ဘရယ်ဝါဒတွင် သုံးပါးတစ်ဆူဘုရားဆိုင်ရာ မတူညီသော ဩဝါဒများနှင့် ကယ်တင်ခြင်းဆိုင်ရာ မတူညီသော ဩဝါဒများ ရှိကြပါသည်။
 (သေဆုံး ပြီးသူများအတွက် ကောင်းမှုပြုပေးခြင်းနှင့် ကောင်းရာ
ဘုံသို့ရောက်ဖို့ ဆုတောင်းပေးခြင်း၊ ကောင်းမှုကုသိုလ်ဖြင့် ကယ်တင်ခြင်းရဖို့သွန်သင်ခြင်း၊ ဘာသာတရားတိုင်းတွင်
 ယေရှု ဘုရား အသွင်တစ်မျိုးစီဖြင့်ရှိပြီး ဘာသာတရားတိုင်းတွင် ကယ်တင်ခြင်းတရားရှိသည်ဟု ဆိုခြင်း) ယနေ့ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံခန့်သည် ခရစ်ယာန်များဖြစ်ကြပြီး ခရစ်ယာန် 
၈၀% သည်(W.C.C) အဖွဲ့ဝင်များဖြစ်ကြကာ ကျန် 
၂၀% သော ခရစ်ယာန်များ တို့သည့် 
World Evangelical Fellowship (W.E.F) ၏
အဖွဲ့ဝင်များ ဖြစ်ကြပါသည်။

 (W.E.F) အဖွဲ့ဝင်များမှာ သုံးပါးတစ်ဆူဘုရားနှင့် ယေရှုအားဖြင့်သာ
လူသားတိုင်း ခမည်းတော်ထံသို့ ရောက်နိုင်သည်ဟူသော 
သမ္မာတရားကို လက်ခံယုံကြည်သော ခရစ်ယာန်ဂိုဏ်း
ဂဏများအားလုံး ပါဝင်ပါသည်။ အထက်ပါ အဖွဲ့အစည်းနှစ်ခုအား
 လစ်ဘရယ် ခရစ်ယာန်နှင့် ဧဝံဂေလိခရစ်ယာန် ဟူ၍လည်း
 ခေါ်ကြပါသည်။ အယောက်တိုင်းအတွက် 
ကောင်းချီးဖြစ်ပါစေ- (သိုးမည်း)
။ အာမင်း။

"" Mother Teresa မာတာထ၇ီဇာ ""

လူ့လောကကြီးနဲ့လူသားတွေအတွက် အသက်ရှင်ပြီး 
အကျိုးဆောင်ခဲ့သူတွေအနက် မာသာထရီဇာသည်တစ်ဦးအပါအ၀င်ပါ။ ရှိရှိသမျှကိုယ်ကျိုးစွန့်ပြီး အငယ်ဆုံးသောသူအတွက် တတ်စွမ်းသလောက် လုပ်ဆောင်သွားခဲ့သူဖြစ်ပါသည်။ ဒီလိုလူတွေအဖို. သူလုပ်ဆောင်ရခြင်းအတွက် ဘာဆိုဘာမှလည်းမတောင်းဆိုခဲ့သလို၊ လုပ်ပေးရလောက်အောင် 
တန်ကော-တန်ရဲ့လားလို့ သံသယလည်းမဖြစ်ခဲ့ပါဘူး။ သူမဆီကခွန်အားရယူကြပါစို့။ 

မာသာထရီဇာ=အဂ္ဂနက်စ်ဂွန်ဇာဘိုဂျက်ဇုကို ၁၉၁၀ခုနှစ်၊သြဂုတ်လ၊၂၆ရက်နေ့တွင်အော်တိုမင်အင်ပါယာ၊ဥဇကပ် 
(ယခုကာလ၊ မက်ဆီဒိုးနီးယားနိုင်ငံရဲ့မြို့တော်၊ စကုပ်ဂျီ)မှာ ဖွားမြင်ခဲ့ပါတယ်။ သူမဟာအယ်လဘေးနီးယားနိုင်ငံ၊ စကိုဒါဒေသကလာတဲ့ နီကိုလေနဲ့ဒရာနာဘိုဂျက်ဇုမိသားစုရဲ့အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။ အယ်လဘေးနီးယန်းနိုင်ငံရေး လောကမှာ ကျင်လည်နေတဲ့သူမရဲ့ ဖခင်နီကိုလေကွယ်လွန်ချိန်၊၁၉၁၉ခုနှစ်အချန်မှာ သူမဟာ 
အသက်(ဂ)နှစ် အရွယ်သာရှိပါသေးတယ်။ ဖခင်ကွယ်လွန်ပြီးချိန်မှာ 
မိခင်ဖြစ်သူက သူမကို ရိုမန်ကက်သလစ်ဘာသာဝင်
တစ်ယောက်ဖြစ်လာအောင် သွန်သင်ခဲ့ပါတယ်။ ဖခင်နီကိုလေဟာပရစ်ဇန်ကိုဆိုဗိုကလာသူဖြစ်ပြီး 
မိခင်ဒရာနာ ကတော့ ဒါကိုဗီကာကိုဆိုဗိုဒေသအနီးက 
ရွာလေး တစ်ရွာကဖြစ်ပုံ ရပါတယ်။ 

သူမရဲ့ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုအိန္ဒိယပြည်မှာ သာသနာပြုခဲ့တဲ့ပုဂ္ဂိုလ်တွေရဲအသက်တာဖြစ်ရပ် တွေကကြီးစိုးလွမ်းမိုး ထားပုံရပါတယ်။ အသက်၁၂နှစ်အရွယ် မှာတော့ အဂ္ဂနက်စ်ကလေးဟာဘာသာရေးလောကထဲကို ၀င်ရောက်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။သူမရဲ့နောက်ဆုံ;
အဓိဌာန်ကို သူမဘုရားဖူးသွားလေ့ရှိတဲ့လက်နိုက်စ်ကမက်ဒေါနား
ရုပ်တုရှေ့ မှောက်မှာဆုတောင်းနေစဉ် ၁၉၂၈ခုနှစ်ရဲ့သြဂုတ်လ၊ ၁၅ရက်နေ့မှာ ချခဲ့တာဖြစ်ပါတယ်။ သီလရှင်တစ်ပါးဖြစ်လာဖို့ အတွက် အသက်၁၈နှစ် အရွယ်မှာလော်ရီ တိုကသီလရှင်ကျောင်းကိုဝင်ဖို့အိမ်ကထွက်ခွာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့အဂနက်စ်ဟာအိမ်ကမိခင်နဲ့ အစ်မတွေကိုပြန်ဆုံတွေ့ခွင့်မကြုံတော့ပါဘူး။ 

ပထမဦးစွာအင်္ဂလိပ်စာသင်ဖို့အဂ္ဂနက်စ်ဟာအိုင်ယာလန်နိုင်ငံ၊ ရပ်ဖ်ဖာဟမ်မှာရှိတဲ့လော်ရီတိုသီလရှင်ကျောင်းကိုသွားရပါတယ်။ 
ဒီကျောင်းဟာ အိန္ဒိယကခလေးသူငယ်တွေကိုအင်္ဂလိပ်စာသင်ဖို့ အတွက်လော်ရီတိုကသီလရှင်တွေတက်လေ့ရှိတဲ့ကျောင်းဖြစ်ပါတယ်။ ၁၉၂၉ခုနှစ်မှာတော့အဂ္ဂနက်စ်ဟာအိန္ဒိယပြည်ကိုရောက်ရှိလာပြီး ဟိမ၀န္တာတောင်ခြေနားကဒါဂျီလင်မှာသာသနာအမှုတော်ကို
စတင်ခဲ့ပါတယ်။ အဂ္ဂနက်စ်ဟာသူမတို့ရဲ့ကွန်ဗင့်ကျောင်းမှာ
ကလေးတွေကို စာသင်နေရင်းအနီးမှာ ရှိတဲ့စိန့်ထရီဇာကျောင်းမှာဘင်ဂါလီဘာသာကို
သင်ယူခဲ့ ပါတယ်။ ၁၉၃၁ခုနှစ်၊မေလ(၂၄)ရက်နေ့မှာတော့သီလရှင်တစ်ပါးအဖြစ်သစ္စာ ဆိုခဲ့ပါတယ်။စိန့်ထရီစီဒီလီစီယော့ဆ်ရဲ့ဘွဲ့နာမကိုခံယူလိုပေမယ့် ကွန်ဗင့်ကျောင်းကအခြားသီလရှင်တစ်ပါးခံယူသွားပြီးဖြစ်သောကြောင့် စပိန်ဘာသာအရထရီဇာဆိုတဲ့အမည်ကိုဘဲခံယူလိုက်ပါတယ်။ ကလ္တကတ္တားမြို့အရှေ့ဖက်ပိုင်းကအန္တာလီကွန်ဗင့်ကျောင်းမှာ စာပြနေတဲ့အချိန်၊၁၉၃၇ခုနှစ်၊မေလ(၁၄)ရက်နေ့မှာတော့လေးနက်တဲ့ သစ္စာကိုပြုခဲ့ပါတယ်။အဲဒီမှာနှစ်ပေါင်းနှစ်ဆယ်နီးပါး 
တာဝန်ထမ်းဆောင်ပြီးချိန်၊ ၁၉၄၄ခုနှစ်မှာကျောင်းအုပ် 
ဆရာမကြီးဖြစ်လာခဲ့ပါတယ်။ 

ကျောင်းမှာစာသင်ပြရတာကိုသီလရှင်ထရီဇာပျော်ပိုက်ပါတယ်။ ဒါပေမယ့်ပတ်ပတ်လည်မှာမြင်နေရတဲ့ကလ္တကတ္တားရဲ့ ဆင်းရဲတွင်းနက်မှုကသူမကိုပိုပြီးစိတ် အနှောက်အယှက်ဖြစ်စေပါတယ်။ ၁၉၄၃ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဘင်္ဂလားငတ်မှုခေါင်းပါးမှုဘေးကမြို့တော်ကြီးဆီ အနိတ္ထာရုံတွေနဲ့အနိစ္စတရားကိုသယ်ဆောင်လာချိန်၊ ၁၉၄၆ခုနှစ်သြဂုတ်လမှာဖြစ်ပွားခဲ့တဲ့ဟိန္ဒူနဲ့မူဆလင်လူမျိုးတို့ရဲ့ အဓိကရုဏ်းကြီးကလ္တကတ္တားမြို့ကြီးကို ဒုက္ခပင်လယ်ဝေစေခဲ့ပြီးချောက်ချားစရာဌာနေတစ်ခုဖြစ်စေခဲ့ပါတယ်။ ၁၉၄၆ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်နေ့၊ခါတိုင်းနှစ်တွေလို
ကလ္တကတ္တား ကနေဒါဂျီလင်ကလော်ရီတိုကွန်ဗင့်ကျောင်းကိုအသွားမီးရထား ဘူတာရုံမှာခေါ်သံကိုသူမကြားလိုက်ရပြီ။ငါဟာကွန်ဗင့်ကျောင်းက ထွက်ခွာပြီးတော့ဆင်းရဲသားတွေတောထဲမှာနေထိုင်ရင်း သူတို့ကိုကူညီရမယ်။ဒါဟာအထက်ကလာတဲ့အမိန့်ဖြစ်တယ်။ ဒါကိုလုပ်ဆောင်ဖို့ပျက်ကွက်ခြင်းဟာငါ့ရဲ့ယုံကြည်ခြင်း
ပျက်သုံး သွားခြင်းဘဲ..လို့ သူမခံယူခဲ့ပါတယ်။ ၁၉၄၈ခုနှစ်မှာတော့လော်ရီတိုသီလရှင်ဝတ်ရုံဖြူအစား
အပြာစင်း အနားသတ်တွေပါတဲ့ဝတ်ရုံကိုပြောင်းလဲဝတ်ဆင် ပြီးဆင်းရဲသားတွေအတွက် စတင်လုပ်ဆောင် ပါတော့တယ်။ အိန္ဒိယလူမျိုးအဖြစ်ခံယူပြီးပန်တာကဆေးရုံ မှာလအနည်း ငယ်ကြာဆေးပညာသင်ယူပြီးသည့်ကာလကလ္တကတ္တားရဲ့ ဆင်းရဲသား ရပ်ကွပ်ထဲမှာအလုပ်စတင်ခဲ့ပါတယ်။အစဦးဆုံးမော်တစ်ဂ်ျဟေးလ် မှာကျောင်းတစ်ကျောင်းဖွင့်တယ်။များမကြာမီလူမွဲတွေနဲ့ငတ်မွတ်ခေါင်းပါး သူတွေအတွက်စတင်လုပ်ဆောင်ပါတော့တယ်။ ၁၉၄၉ခုနှစ်ဦးပိုင်းမှာတော့အမျိုးသမီးငယ်တစ်စုက
သူမရဲ့လုပ်ငန်းမှာ ပါဝင်လာခဲ့ပြီး ဆင်းရဲတကာ့
အဆင်းရဲဆုံးသူများအတွက် အမှုတော်ကိုစတင်ခဲ့ပါတယ်။ များမကြာမီအချိန်အတွင်းမှာသူမရဲ့လုပ်ဆောင်မှုတွေကို အာဏာပိုင်တွေကသတိပြုမိလာပြီး ၀န်ကြီးချုပ်ကိုယ်တိုင်ကအသိအမှတ်ပြုမှုကိုဖေါ်ပြလာပါတယ်။ 
မာသာထရီဇာရဲ့ ဒိုင်ယာရီအရ ဆိုရင်တော့ပထမနှစ်ဟာ 
အခက်အခဲတွေနဲ့ နပန်းလုံးနေရတဲ့ကာလပါဘဲ။ ၀င်ငွေတပြားမှမရှိတဲ့အတွက်အစားအသောက်နဲ့အထောက်အပံ့ အတွက်ဖြေရှင်းစရာ နည်းလမ်းကတော့လိုက်လံတောင်းရမ်းရခြင်းပါဘဲ။ အစဦးပိုင်းလတွေမှာသံသယတွေနဲ့ အထီးကျန်မှုတွေကြောင့်ပိုပြီးသက်တောင့်သက်သာ
ရှိတဲ့ ကွန်ဗင်းကျောင်းကိုပြန်ချင်တဲ့အထိဖြစ်ခဲ့ပါတယ်။ သူမရဲ့ဒိုင်ယာရီထဲမှာသခင်ဘုရားကဆင်းရဲခြင်းကားတိုင်ကိုထမ်းဖို့ လွပ်လပ်တဲ့သီလရှင်တစ်ပါးဖြစ်စေချင်ခဲ့ပြီ။ 

ဒီကနေ့သင်ခန်းစာကောင်းကိုရခဲ့ပြီ။ဆင်းရဲသားတွေကြုံတွေ့ရတဲ့ 
ဒုက္ခဟာသူ တို့အတွက်ပင်ပန်းလှပါတယ်။သူတို့အတွက်နေစရာအိမ်၊ အစားအစာနဲ့ကျန်းမာရေးအတွက်ဘယ်လောက်များ ခက်ခက်ခဲခဲကြိုးပမ်းရမလဲ။ဒီလိုနဲ့ကျွန်မဟာအလိုတော် အတိုင်းဒီမှာဘဲဆက်နေဖို့ဆန္ဒပြုခဲ့ပါတယ်။သူတို့မျက်ရည် တစ်စက်မကျစေရပါဘူး။.. Missionary of Charity အဖြစ်ရပ်တည်လုပ်ဆောင်သွားရန်ခွင့်ပြုချက်ကို၁၉၅၀ခုနှစ် ၊အောက်တိုဘာလ(ရ)ရက်နေ့မှာဗာတီကန်ကခွင့်ပြုခဲ့ပါတယ်။ 
မစ်ရှင်ကတော့သူမ အဆိုအတိုင်းပြောရပါကဆာလောင်သူ၊အ၀တ်မဲ့သူ၊ အိမ်မဲ့ယာမဲ့၊ဒုက္ခိတ၊မျက်မမြင်၊ နူနာ စွဲသူများ၊အပယ်ခံများ၊ လူအသိုင်းအ၀ိုင်းက စွန့်ပယ်ခြင်းခံရသူများ၊ လူ့အဖွဲ့အစည်းအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေသူများ၊ လူတိုင်းနှာခေါင်းရှုံ့မှုခံနေရသူများ အတွက်ပါဘဲ။ 

အဲဒီအချိန်တုန်းကကလ္တကတ္တားမှာသီလရှင်(၁၃)ပါးနဲ့စတင်ခဲ့တဲ့ အမှုဟာ ခုချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာမိဘမဲ့ဂေဟာတွေ၊ အေအိုင်ဒီအက်စ် စောင့်ရှောက်မှူလုပ်ငန်းတွေ၊ဂရုဏာလုပ်ငန်းအမျိုးမျိုးကို 
လုပ်ဆောင်နေကြတဲ့ သီလရှင်ပေါင်း(၄၀၀၀)ကျော်ရှိနေပါပြီ။ ၁၉၅၂ခုနှစ်၊ကလ္တကတ္တားမြို့တော်မှာသေခါနီးလူတွေအတွက်ဂေဟာ 
တစ်ခုကို စတင်ဖွင့် လှစ်ခဲ့ပါတယ်။အာဏာပိုင်တွေရဲ့အကူအညီနဲ့စွန့်ပစ် 
ထားတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ဆောင်ကို အခမဲ့သေခါနီးစောင့်ရှောက်မှုဂေဟာ အဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဂေဟာကိုရောက်လာသူတွေဟာ
ဆေးကု သမှုကို ခံယူရတဲ့အပြင်သေဆုံးသူတွေကလည်း လူလိုသူလိုဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်ရဲ့ဘာသာရေး ထုံးတမ်းစဉ်လာအတိုင်းသဂြိုင်္လ်ခွင့်ရကြပါတယ်။ 
သူမရဲ့အဆိုအရ ..တိရိစ္ဆာန်သဖွယ် အသက်ရှင် ခဲ့ရပေမယ့်နတ်သမီး၊နတ်သားတွေလို ချစ်ခင်မှု၊လိုလားမှု 
ရှိရှိသေဆုံး ခွင့်ရခြင်း..ပါတဲ့။ 

မကြာမီမှာတော့မာသာထရီဇာဟာအနာကြီးရောဂါသည်တွေအတွက် 
ရှန်တိနဂ္ဂ်ဂါ ဆိုတဲ့ငြိမ်းချမ်းရေးမြို့တော်ကို တည်ဆောက်ခဲ့ပါတယ်။ သူမရဲ့ဂရုဏာရှင်အဖွဲ့ကလည်းကလ္တကတ္တားမြို့ တစ်ဝှမ်းအနာကြီးရောဂါသည်တွေကိုလိုက်လံရှာဖွေပြီး အစာရေစာ၊ဆေးဝါးနဲ့အနာကိုပတ်တီးစည်းပေးကြပါတယ်။ စောင့်ရှောက်ထားတဲ့မိဘမဲ့ကလေးတွေတဖြည်းဖြည်းနဲ့များပြားလာချိန်မှာ သူတို့တွေအတွက်ဂေဟာတစ်ဆောင်ဆောက်ဖို့စိတ်ကူးရှိလာပါတယ်။ ၁၉၅၅ခုနှစ်မှာ အိမ်မဲ့ယာမဲ့နဲ့မိဘမဲ့လလေးတွေအတွက် နမ္မာလရှိရှုဗပ္မာန်ဂေဟာကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 
 ဂရုဏာသီလရှင်များ အမှုတော်ဟာ အလှူရှင်တွေကိုရောပါဝင်ဆက်ကပ်လိုသူတွေကိုပါ
ဆွဲဆောင်နိုင်ခဲ့ပြီး ၁၉၆၀ခုနှစ်များအတွင်းမှာ အိန္ဒိယနိုင်တစ်ဝှမ်းစောင့်ရှောက်မှုဂေဟာတွေ၊ မိဘမဲ့ဂေဟာတွေနဲ့အနာကြီးစောင့်ရှောက်မှုဂေဟာတွေကို အမြောက်အများဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 
မာသာထရီဇာဟာသူမလုပ်ကိုတကမ္ဘာလုံး အတိုင်းအတာဖြစ်လာအောင်ကြိုးပမ်းခဲ့ပါတယ်။ 
အိန္ဒိ္ဒယပြင်ပရဲ့ပထမဦးဆုံးခြေလှမ်း အနေနဲ့ဗင်နီဇွဲလားနိုင်ငံမှာသီလရှင်ငါးပါး ပါဝင်တဲ့ဂေဟာတစ်ဆောင်ကို၁၉၆၅ခုနှစ်မှာ ဖွင့်လှစ်နိုင်ငံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့၁၉၆၈ခုနှစ်မှာရောမ၊ တန်ဇန်းနီးယားနဲ့သြစတြီးယားတွေမှာလည်းကောင်း၊ ၁၉၇၀ခုနှစ်တွေအတွင်းမှာအာရှ၊အာဖရိက၊ဥရောပနဲ့ အမေရိကမှာဂေဟာနဲ့ဖောင်ဒေးရှင်းဒါဇင်ပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။၁၉၆၃ခုနှစ်မှာဂရုဏာကိုယ်တော်များ အဖွဲ့ကိုထူထောင်နိုင်ခဲ့ပြီးတော့ ၁၉၇၆ခုနှစ်မှာတော့သီလရှင်များအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ မာသာထရီဇာရဲ့လုပ်ငန်းမှာသာမန်ကက်သလစ်ဘာသာဝင်တွေရော၊ ကက်သလစ်ဘာသာဝင်မဟုတ်သူတွေပါပူးပေါင်းပါဝင်လာပါတယ်။ ၁၉၈၄ခုနှစ်မှာဖာသာဂျိုးဇက်လန်းဂ်ဖေါ့ဒ်နဲ့ဂရုဏာ ဘုန်းတော်ကြီးသာသနာပြုအဖွဲ့ကိုထူထောင်ပြီး သာသနာအမှုကိုပြုခဲ့ပါတယ်။

၂၀၀၇ခုနှစ်မှာတော့ ဂရုဏာသာသနာပြုအဖွဲ့ဟာနိုင်ငံပေါင်း၁၂၀မှာ ကိုယ်တော်အပါး၄၅၀၊သီလရှင်အပါး၅၀၀၀နဲ့ကျောင်း၊ဂေဟာတွေ အပါအ၀င်သာသနာလုပ်ငန်းပေါင်း ၆၀၀ကျော် ကိုလုပ်ဆောင်နေပါပြီ။ မာသာထရီဇာဟာအိန္ဒိယအစိုးရရဲ့အသိ အမှတ်ပြုမှုကို ခံရပြီး၁၉၆၂ခုနှစ်မှာပဒ္ဒမာသီရိဘွဲ့ကိုလည်းကောင်း၊ ၁၉၆၉ခုနှစ်မှာ နေရုးဆုတံဆိပ်ကိုလည်းကောင်းချီးမြင့်ခြင်း ခံခဲ့ရပြီး၁၉၇၂ခုနှစ်တွေမှာလည်း အလားတူ ဘွဲ့တံဆိပ်ကြီးတွေချီးမြင့်ခြင်းခံခဲ့ရသည့်အပြင်၁၉၈၀ခုနှစ်မှာ အိန္ဒိယရဲ့ အမြင့်ဆုံးနိုင်ငံသားဆုတံဆိပ်ဘာရက်ရတ်တ္တနာ ဆုတံဆိပ်အပ်နှင်းခြင်းခံခဲ့ရပါတယ်။ 

၁၉၇၉ခုနှစ်မှာတော့ကမ္ဘာ့နိုဗယ်ငြိမ်းချမ်းရေးဆုကြီးကို ရယူနိုင်ခဲ့ပါတယ်။ မာသာထရီဇာကိုဂုဏ်ပြုအပ်နှင်းခဲ့တဲ့ ဆုတံဆိပ်တွေကတော့မရေ မတွက်နိုင် အောင်ပါဘဲ။ ၁၉၉၇ခုနှစ၊်မတ်လ(၁၃)ရက်နေ့မှာဂရုဏာသာသနာပြု လုပ်းငန်းရဲ့အကြီးအကဲရာထူးမှအနားယူပြီးနောက် ၁၉၉၇ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့မှာတော့လူ့လောက ထဲကအပြီးအပိုင်အနားယူထွက်ခွာသွားခဲ့ပါတယ်။ လူကွယ်လွန်သွားခဲ့သော်လည်းသူမရဲ့လက်ရာခြေရာတွေကတော့ လူသားတွေအတွက်ဆက်လက်အကျိုးပြုနေဆဲပါဘဲ။ မာတာထရီဇာ၏ စိတ်နေသဘောထားကို ဖတ်ရှုလေ.လာခြင်းဖြင်. 
အယောက်တိုင်းအတွက် ကောင်းချီးရှိပါစေ...အာမင်း။

"" အမှူတော်ဆောင်တိုင်းကို လက်ခံပါ - ချစ်ပေးပါ ""

ဓမ္မအမှူတော်ဆောင်တိုင်းသည် ဘုရား ရွေးကောက်ဘိသိက်တယ် လို.တော. မဆိုလို သော်လည်း လူအများ ရွေးကောက်တင်မြောက်သောအသင်းတော် ဥက္ကဌ လူကြီး အသင်းတော် Chairman အများစုအား ဘုရားသခင်သဘောတူခြင်း အခွင်.တော်သာမရှိလျှင် ရေရှည် 
မရပ်တည်နိုင်ပါ။ ဘုရားဘိသိတ်ဖြင့် ရွေးကောက်ခံထားရတဲ့ 
အမှူတော်ဆောင် တစ်ဦးစီတိုင်းအတွက် လေးလေးနက်နက် ချစ်မြတ်နိုးကာ ဆုတောင်းပေးခြင်းသည် ဘုရားသခင်အလိုတော် ဆောင်ခြင်းအပြင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို အံ့မခန်းခံစားရကြောင်း 
သက်သေ ပြစရာ များစွာရှိပါသည်။ 

ထို.အတူ ဘုရားအမှုတော်ဆောင်များအား မထီမဲ.မြင်ပြုကာ 
အတင်းဖျင်းပြော ပျက်ရယ်ပြုသော သူများ၏ဘ၀သည် အလွန်ခန်းခြောက်ပြီး သူတို.အသက်တာသည်လည်း တခုမှ ခွန်အားစရာမရှိ တခုမှမတွေ.ရ။ 
 သူတို. သွန်သင်ချက်များသည် သစ်ခြောက်ပင်အောက် ပန်းကောက်သူများပမာ တည်ဆောက်စရာ လုံးဝမရှိပေ။ အမှူတော်ဆောင်များကို သဘောတူတူ မတူတူ လေးစားပါ ချစ်ခင်ပါ။ အမှုတော်ဆောင်တို့ ၏ အားနည်းချက်တို့ ကို နားလည်ပေးကြပါ။ အမှုတော်ဆောင်တို့ ၏ တစ်ချို့ လုပ်ဆောင်မှုတို့ သည် လမ်းလွဲမှုများစွာ လက်ချိုးရေတွက်မရအော်ပင် ရှိကြပါ၏။ ထိုအရာများကို သိရှိပါက လူပုဂိုလ်အား မချုပ်နှောင် မမုန်းတီးမိပါစေနှင်.။ သူတို.၏ လုပ်ဆောင်မှုများကိုသာ မုန်းတီးပါ။ အကယ်၍ သင်သည် လူရိုသေ ဆင်ရိုသေ တကယ်.ဆရာကြီးများ Rev./ Doctor/ Profesor ကြီးများ ဦးဆောင်သော အသင်းတော်၌ ပါဝင်သူ မင်ဘာ ဖြစ်ခဲ.သော် သူတို. ပြောဆိုဆုံးမသွန်သင် သမျှ ခေါင်းငြိမ်. အာမင်ထူးနေမှာပဲ၊ အဘယ်ကြောင်.ဆိုသော် သူတို.သည် သင်ထက် အစစရာရာ ရာထူး၊ ဂုဏ်၊ဘွဲ.၊ပညာ မြင်.မားသည်.အတွက်ဖြစ်သည်။ 

ထိုသို.သောသူတွေကို လေးစားပြီး သဘောတူပေးကြတာ လူတိုင်းလုပ်နိုင်သည်၊ လုပ်လည်း လုပ်နေကြတာ ဘုရားမဲ. သာသနာပများပင်လျှင် လုပ်နေကျ လောကနိတ္တိပါပဲ။ မထူးဆန်းပါဘူး။ သူတို.ကို သည်းခံစရာမလိုသကဲ.သို. ခွင်.လွတ် နားလည်ပေးစရာ ခရစ်ယန် အသက်တာလည်း တခုမှ သင်ယူစရာ မလိုပါဘူး။ သို.သော် သင်ထင် အသက်ငယ်ရွယ်သူ၊ ပညာမရှိသူ၊ ဂုဏ်ပကာ ဓန နွံချာသူသာ အသင်းတော်လူကြီး သင်းအုပ်၊ ဥက္ကဌ နေရာယူသည်နှင်. အမျှ …သူ.ကို ငါသိတယ်။ ငါ. အဖေမေ၊ သူ.အရည်ချင်း သူ.နောက်ကြောင်း ဘာလဲဆိုတာ အကုန်သိတယ်-ဟု အစောတလျှင် အပြစ်တင် ဝေဖန်ခြင်းသည် သင်.အတွက် ဘုရား ပြင်ဆင်ပေးသည်. ဘိသိတ်ဟူသမျှ Delete ပြီးသား ဖြစ်သွားသည်။ 

ထိုသူများသည် သင်.အတွက် တကယ်. ကောင်းချီးတံခါးဖွင်.ပေးသည်. ပါရမီရှင်ကြီးတွေဖြစ်တယ် ဆိုတာ မမေ.လိုက်ပါနဲ.။ ဘုရားသခင်သည် အပြစ်ကို ရွံရှာမုန်းတီးသော်လည်း အပြစ်သားအားလုံးကို အသက်စွန်. သည်အထိ ချစ်မြတ်နိုးကြောင်း ကျွန်တော်တို့ သိထားကြတယ်မဟုတ်ပေဘူးလား။ ထို.ကြောင့် ဘာပဲဖြစ်ဖြစ် အမှုတော်ဆောင် အချင်းချင်း၊ အသင်းတော် လူကြီး အချင်းချင်းလည်း ချစ်မြတ်နိုးကြပါ။ ယုံကြည်သူ အချင်းချင်းလည်း ချစ်ကြပါ။ အမှုတော်ဆောင်တိုင်းကို ချစ်မြတ်နိုး ကြပါ။ သင်တို့ သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့  ကိုချစ်သည့် နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏ ဟု (ရှင်ယောဟန် ၁၃း၁၄) ၌ အချင်းချင်းချစ်ကြရင် ကောင်းမယ်၊ ချစ်အောင် တိုက်တွန်း အားပေး အစီရင်ခံနေခြင်း လည်း မဟုတ်။ ချစ်ချင်ချစ် မချစ်ချင်လည်း ပြသနာမရှိဟုေ၇ွူချယ်ခွင်.ပေးခြင်းလည်း မဟုတ်။ သူကိုယ်တိုင် ချစ်ခြင်း ဖြစ်သောကြောင်. ( လော! ) ဟု အမိန်.ပေးခြင်း ဖြစ်သည်။ 

ဘုရားသခင်၏ ဘိသိတ်ဖြင့် ရွေးချယ်ခွဲခန့် ခြင်းခံထားရသော အမှူတော်ဆောင်များကို မထီမဲ့မြင် မပြုနှင့်။ မပြစ်မှားနှင့်´ ဟုပြောနေခြင်းသည် ယခုခေတ် စကားအရ ဆိုလျှင် မလှောင်၊မပြောင်နှင့်။ အဘယ်ကြောင်.ဆိုသော် ဘုရားသခင်၏ တန်ခိုးတော်သည် ထိုသူတို့ ၌ ပြည့်ဝစွာ တည်ရှိ နေသောကြောင့်ဖြစ်၏။ သမ္မာကျမ်းစာ၌ ဘုရားအမှုတော်မြတ်ကို ဆောင်ရွက်ကြသော သူတို့ အား ကဲ့ရဲ့လှောင်ပြောင်၊မထီမဲ့မြင် ပြု၍ အမှူတော်ဆောင်တို့၏ စကားကို နားမထောင်သူတို့ ၏ ဘ၀ နိဂုံးသည် အမင်္ဂလာ သက်ရောက်ပြီး မလှမပဖြစ်၍ ဇတ်သိမ်းမလှကြောင်း များပြားစွာသော သာဓကကို တွေ့ ရှိ ရပေသည်။ အို- ချစ်ရသော ယုံကြည်သူ ညီအစ်ကို မောင်နှမ မိသားစု အပေါင်းတို့ - သန့် ရှင်းသော ၀ိညာဉ်တော်ဘုရား ဖွင့်ပြမှုအတိုင်း ဝေမျှနေခြင်း ဖြစ်၏။ အမှုတော်ဆောင်များ အကြောင်းကို သာမန်ယုံကြည်သူထက် အမှုတော်ဆောင်များက သာ၍ သိမြင်တတ်ပါ၏။ 

ကမ္ဘာပေါ်ရှိ ဘုရားရွေးကောက် ဘိသိတ်ပေးထားသည်. ၁၀၀% (ရာခိုင်နှုန်းနီးပါး) သော အမှုတော်ဆောင်များသည် သာမန်ယုံကြည်သူများထက် ဆိုးသွမ်း မိုက်မဲသူများ၊ နည်းမျိုးစုံဖြင်. (တနည်း) ပြင်းထန်စွာ ဆိုးရွားသူ ဖြစ်ကြပေ၏။ ဤစကားသည် စစ်မှန်သော သစ္စာစကားဖြစ်၏။ အမှုတော်ဆောင်တို့ ၏ ဘ၀အစသည် အတ္တကြီးသူများ၊ မိမိကိုယ်ကို အထင်ကြီးတတ်သူများ၊ လူတွေများကို ရိုက်နှက်တတ်သူများ၊ ဘိန်းစားများ၊သူခိုးများ၊ ကာမဂုဏ် တပ်မက်သူများ၊ လောင်းကစားသမားများ၊ သူတော်ကောင်းယောင်ဆောင်တတ်သူများ၊ စသည်…စသည်. အကျင့်စရိုက် အမျိုးမျိုးမှ ဘုရားသခင်သည် လစ်လျှုရှု ပစ်မထားပဲ၊ ကြီးမားသော မေတ္တာတော် လက်တော်အားဖြင့် ဆွဲခေါ်ကာ ဘိသိတ်ပေး အသုံးပြုကြောင်း၊ ထိုအရာသည် အပြစ်များပြား ကြီးမားလှသော ကျွန်တော့်ဘ၀၏ လက်တွေ့ ပင် ဖြစ်သည်။ကိုယ်. အပြစ် အားနည်း ချက်ဟူသမျှ ကိုယ်သာ အသိဆုံး၊ ထိုထက် ကိုယ်တော် ပို၍သိတော်မူ၏။ ဟာလေလုယား။ ဘုရား၏မေတ္တာကြောင့် တန်ခိုးကြောင့်သာလျှင် လူအပေါင်းအရှေ့ ၊ ပလ္လင်ရှေ.၌ရပ်ပြီး ဘုရား၏ သမ္မာတရားကို ဝေမျှနိုင်ကြခြင်း ဖြစ်ပါသည်။ အမှန်စင်စစ် ထိုအမှုတော်ဆောင်တို့ သည် ကမ္ဘာကို ဖျက်ဆီးမည်. ဖုတ်ကောင်ပိုးရွကဲ့သို့ သော သူတွေသာဖြစ်သည် ။ 

ဘုရားသ္ခင် ထိုသူတို့ ၏ အသက်တာကို ပြောင်းလဲစေပြီး ကမ္ဘာကို အကျိုးပြုမည်. ဘုရား၏ စေတမန်များအဖြစ် ပို. ဆောင်နေခြင်းဖြစ်သည်။ သို.ပါသောကြောင်. ဘုရားဘိသိတ်ပေးသည်. မည်သည်. ဓမ္မအမှုတော်ဆောင်တိုင်းကို မဆို မငြူစူကြပါနှင့်။ အပြစ်မမြင်ပဲ အားပေး ကူညီ ထောက်မပြီး ဆုတောင်းပေးကြပါ။ ဘုရားသခင်၏ ဘုန်းတော်အတွက် ရှေ့ တန်းမှ ဦးဆောင်သူများလည်း ဖြစ်ကြသည်။ ကမ္ဘာ.အကြီးဆုံး ဘုရားကျောင်း၏ သင်းအုပ် ဆရာကြီး Dr.Paul Young Ki Choo အဆိုအရ သူ.နောက်တန်းမှ အစာရှောင် ဆုတောင်းခြင်းဖြင်. အထောက်အမ ပေးမည်.သူ အယောက် ၃၀၀ မရှိလျှင် ငါ- ဘယ်တော.မှ ခရူးဆိတ် လုပ်လေ.မရှိဘူး´ လို. ပြောပါတယ်။ အမှုတော်ဆောင်များ ဘယ်လောက်ဆိုးတယ် ဆိုတာ လူတွေ ပြောသည်. အရာထက် သာ၍ ဆိုးမိုက်ကြသည်။ 

ဓမ္မအမှုတော်ဆောင်များ၏ ဇာတိနောက်ကြောင်း မမေ့နိုင်ခြင်း၊ Pastor , Deacon သည် လူသားစင်စစ် ဖြစ်သောကြောင်. အပြော၊အရေး၊အမူရာ အားဖြင်. အပြစ်လုပ်ဘူးသူချည်းပါ-သို.သော် သူတောင် သူ.အပြစ်ကို သတိမရ မေ.နေပြီ- ထိုအမျုတော်ဆောင်၏ လွန်ခဲ.သော နှစ်အတန်ကြာက အမှားကို အထပ်ထပ် အခါခါ သတိရ ဖေါက်သည်ချ သိက္ခာကျအောင် ယနေ.နတ်ဆိုး၏ မဟာနည်းဗျူဟာ မင်ဘာများ၏ ဦးနှောက်ကို unclean pirit မသန်.ရှင်းသော ၀ိညဉ်တန်ခိုးဖြင်. ဆေးကြော Brain wash နေခြင်းဖြစ်သည်။ သန်.ရှင်းသောဝိညဉ်တော်နှင်. အချိန်တိုင်း မိတ်သဟာယပြုခြင်း အခွင်.မပေးခြင်းသည် မသန်.ရှင်းသော ၀ိညဉ်အား ဖိတ်ခေါ် နေရာပေးခြင်း နှင်. အတူတူပင်ဖြစ်သည်။ ထိုသို. လောတမယားကဲ့သို့ ထွန်တုံးကိုင်ပြီး နောက်လှည့်ကြည့်နေခြင်းသည် အသင်းတော်၌ မလုပ်သင့်အရာဖြစ်သည်။ 

အမှုတော်ဆောင်များ၏ မှားယွင်းမှုအပေါ် စကားအားဖြင့် မမှား ယွင်းမိကြပါရန် လွန်စွာ အရေးကြီးသည်။ သူ.ကို ရွေးကောက်သည်. ဘုရား ကိုယ်တိုင် ဆုံးမ လိမ်.မည်။ ဘုရားအလိုတော်မလိုက်ပဲ မိမိအလိုအတိုင်း လုပ်ဆောင်နေကြတဲ့ ဘုရားစကားကို ဆန်.ကျင်သည်. အမှုတော်ဆောင်များစွာသည် ငရဲသွားရကြောင်းလည်း ကျမ်းစာ၌ အတိအလင်း ဖော်ပြ ထားပြီး ဖြစ်သည်။ ထို.ကြောင်. အမှုတော်ဆောင်များသည် သာမန်ယုံကြည်သူထက် နတ်ဆိုး၏ အတိုက်ခိုက် အတားဆီး ပို၍ ခံနေသူဖြစ်ကြသည်. အလျှောက် အားပေးထောက်မကြပါ။ အားပေးပါ-ဟု ဆိုရာ၌လည်း မဟုတ်ကို အဟုတ်၊အမှန်ကို အမှားလုပ်ပြီး လိုအပ်သည်ထက် အားပေး ချီးမြောက်ခြင်း လုပ်မိပါက အောက်ခြေလွတ်သည်. အမှုဆောင်များလည်း ရှိနိုင်သည်။ လူ၏ အားပေးချီးမွမ်းမှုကို အလွန်ကြိုက်နှစ်သက်သော အမှုတော်ဆောင် အလွန်များပြား နေသည်ကို တွေ.ရသည်။ 

` ငါတို. အိမ်ရှင်ဆရာများ တရားဟောလျှင် ဘယ်သူမှ ခွန်အား ရတယ်လို. လာမနုတ်ဆက်ကြဘူး၊ ဧည်.သည်ဆရာကျတော. လက်မလည်အောင် နုတ်ဆက်ကြတယ်´ ဟု ပေါ်ပေါ်တင်တင် ပြောသည်.ဆရာများ ရံဖန်ရံခါ ကြားဖူးသည်။ ကျွန်တော်. ခံယူချက်နှင်.ယှဉ်သော် ဤအရာသည် နတ်ဆိုးထံမှ လာသော ငါ..ဆိုသည်. ၀ါကြွားခြင်းတည်းဟူသော မာန်မာနကို မသိမသာလေး ထည်.ပေးလိုက်ခြင်းဖြစ်သည်။ ထို.ကြောင့် အမှုတော်ဆောင်များရှေ ၌ အလွန်အကျွံ ချီးမွမ်းခြင်းထက် သူတို.ကွယ်ရာ၌ ဘုရားပြုသော အမှုကို ချီးမွမ်းရင်း သူတို.မသိမမြင်သည်. နောက်ကွယ်မှ ချီးမွမ်းတတ်သူ ဖြစ်ကြပါစေ။ မိမိအသင်းတော် Pastor ကို ချစ်သည်. နည်းတူ တစ်ခြားအသင်းတော် မှ အမှုတော်ဆောင်များအားလည်း ချစ်ခင်မြတ်နိုးရမည်ဖြစ်သည်။