၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !
Saturday 11 August 2018
အခန်း(၁)ဘုရားသခင်၏အိမ်တော်-အခန်း(၂) တဲတော် မြင်ကွင်း
ဘုရားသခင်၏ အိမ်တော်အခန်း (၁)  
( တော၊ ၁း၅၀-၅၄။ တော၊ ၂ ) 
 ဤအရပ်သည် လူနေရာ အရပ်မဟုတ်သော်လည်း ထောင်ပေါင်း
မျာ;စွာသော လူရေ ရွက် ထည်တဲအိမ်များတပ်စခန်းချ၍ နေကြသည်။ 
စနစ်တကျ စခန်းချနေသော တဲများ၏ အလယ် ဗဟိုတွင် ရွှေအိမ်တော်သည် ခံ့ညားထယ်ဝါစွာတည်နေ တော်မူ၏။ အညိုရောင်၊ အနက်ရောင် ဆောင်၍ အဆင်းသဏ္ဍာန် မွဲခြောက် ညစ်ထေလျက် လှပထည်ဝါမှုကင်းမဲ့သည့် ရွက်ထည်တဲ များမှာ သဲကန္တာရ တွင်း၌ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေကြသောဣသရေလ (အစ္စရေးလ်) လူစု၏ တဲအိမ်များပင်ဖြစ်သည်။ ထိုလူစုတွင် လူမျိုးနွယ်(၁၂)နွယ် ပါဝင်၏။ ထိုသူတို့ ခရီးထွက်ခွာသွားတိုင်း ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များ၊ တိရစ္ဆာန်များ စနစ်တကျ စီတန်း သွားလာလေ့ ရှိကြသည်မှာ အဆုံးအစမရှိ ရှည်လျားလှ၏။ တဲထိုးလျက် စခန်းချကြသောအခါ၌လည်း ရွှေအိမ်တော်၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ တစ်ဖက်စီတွင် လူမျိုးနွယ်(၃)ခုစီ နေရာယူ၍ လေးထောင့်စတုရန်းပုံ အကွက်ကျကျဖြင့် စနစ်တကျ တပ်ချရပ်နားကြသည်။ ထိုသို့ တပ်ချ ရပ်နားသည့်အခါတိုင်း တပ်စခန်း၏ အလယ်ဗဟိုတွင် ကန့်လန့်ကာဖြင့် ကာရံခြားနားထားသော ဘုရားသခင်၏ အိမ်တော် (၀ါ) ရွှေအိမ်တော်ကို တွေ့ရပေမည်။အကယ်စင်စစ် အနက်ရောင် လူနေတဲများနှင့် လှပတင့်တယ်နေသည့် ဘုရားသခင်၏ ရွှေအိမ်တော်မှာ ဆန့်ကျင်ဘက်ဖြစ်နေသကဲ့သို့ တဲအတွင်းရှိ လူသားများနှင့် ဘုရားသခင်သည် လည်း သဘောသဘာဝချင်း အလွန်ကွာခြား လျက်ရှိသည်။ အကယ်၍ ထိုတဲများအတွင်းမှ အသံကို ဂရုတစိုက် နားထောင် ကြည့်မည်ဆိုလျှင် တဲအသီးသီးမှ မိသားစုများ၏ ညည်းညူသံ၊ ရန်ဖြစ်သံ၊ ၀မ်းနည်း ငိုကြွေးသံများကို ကြားရလိမ့်မည်။ ထိုမျှမက တဲအတွင်းရှိ လူတစ်ယောက်စီ ၏ စိတ်နှလုံးကို ဆန်းစစ်ကြည့်လျှင် ကျွန်ုပ်တို့၏ စိတ်နှလုံးကဲ့သို့ တစ်ကိုယ်ကောင်း ဆန်ခြင်း၊ မာန်မာနထောင်လွှား ခြင်း၊ အတွေးအခေါ်ညစ်ညူးခြင်း၊ အကြမ်း ဖက်ရန်ပြုလိုခြင်းနှင့်မုန်းတီးခြင်း များဖြင့် ပြည့်နှက်လျက်ရှိနေသည်ကို တွေ့မြင် ရပေမည်။ ကမ္ဘာမြေရှိသုခဘုံ ဘုရားသခင်၏ အိမ်တော်(၀ါ)ရွှေအိမ်တော်သည် အဘယ်ကြောင့် လူသားများ အလယ်တွင် တည်ရှိနေသနည်း။အဘယ်အကြောင်းကြောင့် ဤလူမျိုးနှင့် တွဲဖက် မိတ်သဟာယ ပြုလိုသနည်း။ ဤလူမျိုးကို ဘုရားသခင်အဘယ်ကြောင့် မစွန့်ပစ် ရသနည်း။ ဘုရားသခင်သည် ကောင်းကင်ဘုံတွင် စံနေတော်မမူဘဲ အဘယ် အကြောင်း ကြောင့် ဤ လောကသို. ကြွဆင်းလာခဲ့ရသနည်း။ ဟူသော မေးခွန်းကို သင်မေးကောင်း မေးချင်ပါလိမ့်မည်။ ဘုရားသခင်သည် လူသားများ၏ အလယ်၌ ကျိန်းဝပ်ရန် အလိုရှိသကဲ့သို့ လူသားများကို သူနှင့် နီးနီးကပ်ကပ် အသက်ရှင် နေထိုင်စေလိုသောကြောင့် ကောင်းကင်ဘုံမှ ကမ္ဘာမြေကြီးသို့ ကြွဆင်းလာပြီး ရွှေအိမ်တော်၌ ကျိန်းဝပ်ရခြင်းဖြစ်သည်။ လူသားများအကြားတွင် ကိန်းဝပ်လို သော ဘုရားသခင်၏ လိုအင်ဆန္ဒသည် အစ္စရေးလ်လူမျိုးတို့၏ ခေတ်အခါ၌သာမက ယခု ပစ္စုပ္ပန် နှင့် နောင်အနာဂတ် ကောင်းကင်သစ်နှင့် မြေကြီးသစ်ပေါ်ထွန်းမည့် ကာလအထိ ဆက်အလိုရှိနေ မည်။ ကြည့်ရှုလော့၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ် တော်မူမည်။ (ဗျာ ၂၁း၁-၃) ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၍ ကြီးမားလှသော မေတ္တာဖြင့် လူတိုင်းကို ချစ်တော်မူ၏။သင့်ကိုလည်း ဘုရားသခင် ချစ်တော်မူ၏။ ဘုရား သခင်သည် သင်၌ကျိန်းဝပ်ရန် အလိုတော်ရှိသကဲ့သို့ သူနှင့်အတူ ၀မ်းမြောက်ရွှင်လန်းစွာဆက်နွယ်အသက်ရှင်ခွင့်ကိုသင့်အတွက် ပြင်ဆင်ပေး ထား သည်။ အံ့ဖွယ်အိမ်တော် ရွှေအိမ်တော် (၀ါ) ဘုရားသခင် အိမ်တော်သည် ဘုရားသခင်၏အကြောင်း ကောင်းကင်ဘုံ အကြောင်းနှင့် ဘုရားသခင်၏ သားတော်အကြောင်းကို ဖေါ်ညွှန်း သွန်သင် ဖွင့်ပြလျက်ရှိသည်။ ရွှေအိမ်တော်ရှိ အရာဝတ္ထုများ၏အတိုင်း အတာနှင့် အလေးချိန်ကို အဘယ်ကြောင့် အသေးစိတ် ဖေါ်ပြထားသနည်း။ ထိုသို့ ဖေါ်ပြရခြင်းမှာ ဘုရားသခင်၏ အကြံအစည်တော်နှင့် ကောင်းကင် ရွှေမြို့တော်၏ ဘုန်းစည်း စိမ်တို့ကို ပိုမိုထင်ရှား ပေါ်လွင်စေရန် ဖြစ်သည်။သမ္မာ ကျမ်းထဲမှ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း(၂)ပိုင်းစလုံးတွင် တဲတော် တည်ဆောက် ပုံ တည်ဆောက်နည်း ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုနည်း၊ ယဇ်ပုရောဟိတ်တို့ လုပ်ဆောင်ရ မည့်လုပ်ငန်းဆောင်တာများနှင့် ၄င်းတို့၏ အနက်အဓိပ္ပါယ်အလုံးစုံကို အခန်းကြီးပေါင်း(၅၀)ထက်မနည်း ဖေါ်ပြထားသည်။  
ထွက်မြောက်ရာကျမ်းတွင် … … … … … … အခန်းကြီး (၁၃) ခန်း ၀တ်ပြုရာကျမ်းတွင် … … … … … … … … အခန်းကြီး (၁၈) ခန်း တောလည်ရာကျမ်းတွင် … … … … … … …အခန်းကြီး (၁၃) ခန်း တရားဟောရာကျမ်းတွင် … … … … … … အခန်းကြီး (၂) ခန်း ဟေဗြဲသြ၀ါဒစာစောင်တွင် … … … … … …အခန်းကြီး (၄) ခန်း 
 စုစုပေါင်း (၅၀)ခန်း ဖန်ဆင်းခြင်းအကြောင်းကို ကျမ်း(၂)ခန်းသာ ဖေါ်ပြထားသည်ကို ယှဉ်ကြည့်ခြင်း အားဖြင့် တဲတော်အကြောင်း 
အဘယ်မျှ အရေးကြီးကြောင်း သိသာထင်ရှားနေသည်။ ရွှေအိမ်တော်အား မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သည့်ရည်ရွယ်ချက်ဖြင့် တည် ဆောက်ခဲ့ကြောင်း ကျမ်းစာမှ လေ့လာ သိရှိနိုင်သည်။ ဘုရားသခင်၏ ရွေးနှုတ်ခြင်း မတိုင်ခင် (၀ါ) အစ္စရေးလ် လူမျိုးများ ပင်လယ်နီကို မဖြတ်ကျော် ရသေးခင် သူ၏လူမျိုးတော်နှင့်အတူ ဘုရားသခင် ကျိန်းဝပ်တော်မူခြင်း လုံးဝမရှိသေးပေ။ဘုရားသခင်သည် ပထမဆုံး လူသား အာဒံနှင့်သာမက ရှေးယုံကြည်သူ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကိုယ်ထင်ရှားပြပြီး မိတ်သဟာယ ဖွဲ့ရုံသာ ရှိခဲ့၏။ ရွေးနှုတ်ခြင်းမပြုခင် ရွှေအိမ်တော်(၀ါ) သန့်ရှင်းရာ ဌာနကို တည်ဆောက်ဖို့မိန့်ကြားခြင်း မရှိပါ။ တဲတော်ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လူသားများကို ရွေးနှုတ်ခြင်းအမှု၌ ဘုရား သခင်၏ အဖိုးအခပေး၍ ၀ယ်ယူခြင်းနှင့် ဘုရားသခင်၏ တန်ခိုး တော်အားဖြင့်သာ ပြီးစီးပြည့်စုံ ကြောင်း ပြသရန်ဖြစ်သည်။ဘုရားသခင် ၏ လူမျိုးတော်သည် သိုးသူငယ်၏ အသွေးဖြင့် ဖုံးအုပ်ခြင်းခံခဲ့ရရုံမျှမက ဘုရား သခင်၏ အားကြီးသောညာလက်ရုံးဖြင့် ပင်လယ်နီကို ကျော်ဖြတ် ထုတ်ဆောင်ခြင်း ခံခဲ့ရလေသည်။ 
 ထိုသို့ ထုတ်ဆောင်ခြင်းခံရသောလူစုသည် ဘုရားသခင်နှင့်အတူ 
မိတ်သဟာယ ဖွဲ့ခွင့်ရ၏။ ဘုရား သခင်သည်လည်း သူတို့၏အလယ်တွင် ကျိန်းဝပ်တော်မူ၏။ ဘုရားသခင်သည် လူကို အသက်လွတ်ရုံသာ 
ကယ်တင် ခဲ့ခြင်းမဟုတ်ပဲ သူတို့ကိုသန့်ရှင်းစင်ကြယ်စေပြီး 
ကိုယ်တော်ကို ၀တ်ပြုကိုးကွယ် နိုင်ရန်နှင် ကိုယ်တော်၏ ဘုန်းတော်ထင်ရှားစေရန်သက်သေခံများအဖြစ် သူတို့ကို သီးခြားခွဲထုတ်ခဲ့လေသည်။ အစ္စရေးလ်လူမျိုးများသည် အီဂျစ်ပြည်၌ 
သူ့ကျွန် ဘ၀၌လည်းကောင်း၊ ရုပ်တုကိုးကွယ်သော အပြစ်သားများ ဘ၀၌ လည်းကောင်း၊ ကျင်လည်အသက်ရှင်နေရသောကြောင့် စစ်မှန်သော 
ကိုးကွယ် ၀တ်ပြုခြင်းနှင့် သက်သေခံခြင်းအမှု တို့ကို အလျင်းမပြုနိုင်ခဲ့ကြပေ။ သို့ဖြစ်၍ ဘုရားသခင်သည် မောရှေအားဖြင့် ဖာရောဘုရင်အား
“ငါ့အား ၀တ်ပြုမည့်အကြောင်း သူတို့ကို လွှတ်လော့”ဟု အကြိမ်ကြိမ်ပြောကြားစေခဲ့သည်။ (ထွ ၈း၁၊ ၂၀။ ၉း၁) တဲတော်ကို 
အီဂျစ်ပြည်နှင့် ခါနန်ပြည်တို့တွင် တည်ဆောက်ခြင်းမပြုခဲ့သည်မှာ 
အလွန်လေး နက်သော အဓိပ္ပါယ်တစ်ရပ် ရှိနေ၏။ အီဂျစ်ပြည်နှင့် 
ခါနန်ပြည်တို့သည် ရုပ်တုကိုးကွယ်သော နေရာဖြစ်၍ (ယေဇ ၂၀း၅-၉)
ဘုရားသခင် အတွက် သန့်ရှင်းရာဌာန တည်ဆောက်ရန် နေရာလပ်မရှိ၍ 
တဲတော် မတည်ဆောက်ခဲ့ပါ။ သို့သော် ခါနန်ပြည်“ရှိလော”အရပ်နှင့် အချို့နေရာ အချိန်များ၌ တဲတော်ကို တည်ဆောက်ခဲ့လေသည်။ (ယောရှု ၁၈း၁။ ၅ ရာ၊ ၁၆း၃၉) အီဂျစ်ပြည်ကို ကျောခိုင်း၍ ခါနန်ပြည်သို့ ရှေ့ရှုသွားကြသော ကန္တာရခရီးသည် အတွက် ရွှေအိမ်တော်သည် အလွန်အရေးကြီးသကဲ့သို့ ကောင်းကင်နိုင်ငံသို့ ဦးတည်လျှောက်လှမ်းနေသော ယုံကြည်သူများ၏ လောကခရီးကြမ်း 
တွင်လည်း ရွှေအိမ်တော်နှင့်ဆိုင်သော သွန်သင်ချက်များသည် မရှိမဖြစ် 
အရေးကြီး လိုအပ်သည်။ ရွှေအိမ်တော်က ဘုရားသခင်အကြောင်း၊ 
ဘုရားသခင်၏ သားတော်အကြောင်းနှင့် ကောင်း ကင်ဘုံ ရွှေမြို့တော်ဘုန်းစည်းစိမ် အကြောင်းကို ဖေါ်ပြသည့်ပုံစံနမူနာပင်ဖြစ်သည်။(ဟေဗြဲ၉း၂၃၊၂၄)။
 ကောင်းကင်ဘုံ၏ အဓိကအကျဆုံးအရာသည် အဘယ်အရာဖြစ်သနည်း။ 
ဘုရား သခင်၏ သားတော်အရှင်ယေရှုခရစ်သည် ကောင်းကင်ဘုံ၏ အဓိက အကျဆုံးနှင့် အရေးကြီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်
ဘုံ၏ စည်းစိမ်ချမ်းသာနှင့် ဘုန်းအသရေရှိ သမျှသည် အရှင်ယေရှု၌ တည်နေသည်။ဘုရားသခင်၏ ထာဝရအကြံအစည် တော်၏ အဓိက 
ပုဂ္ဂိုလ်မှာ အရှင်ယေရှုဖြစ်၏။ ရွှေအိမ်တော် အစိတ်အပိုင်းတစ်ခုစီကို
 လေ့လာလျှင် ယေရှုအကြောင်း ကိုသာ ရှုဒေါင့်အမျိုးမျိုးမှ တွေ့ရလေသည်။ တဲတော်၏ ပုံဆောင်ချက်များတဲတော်သည် ခရစ်တော်၊ အသင်းတော်နှင့် ယုံကြည်သူ ခရစ်ယာန်တို့ကို ပုံဆောင်လျက် ရှိကြောင်း
 ထူးဆန်းအံ့သြဖွယ် တွေ့မြင်ရသည်။ 
၁။ ခရစ်တော်ကို ပုံဆောင်သည်။ 
တဲတော်၌ ပါဝင်ဖွဲ့စည်းထားသော အရာဝတ္ထု တိုင်းသည် ခရစ်တော်ဆောင်ရွက်ခဲ့သော အမှုများ နှင့် ကိုယ်တော်၏လူ့ဇာတိ လက္ခဏာအချို့ကို ဖေါ်ပြသွန်သင်ထားသည်။ တမန်တော်ကြီး 
ရှင်ယောဟန်က “နှုတ်ကပတ်တော်သည်လည်းလူ့ဇာတိကိုခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း၊ ပြည့်စုံလျက်ငါတို့တွင်တည်နေ(ကျိန်းဝပ်)တော်မူသည်ဟု
 ပြောကြား ခဲ့သည်။’’ (ယော ၁း၁၄) ထို့ကြောင့် ခမည်းတော်ထံမှ 
ခံရသော ခရစ်တော်၏ ဘုန်းအသရေကို တဲတော်၌ ကျွန်ုပ် တို့ တွေ့မြင်ရသည်။တဲတော်၌ ဘုရားသခင်၏ ဘုန်းအသရေတော် စုံလင်စွာ ကျိန်းဝပ်သကဲ့သို့ ခရစ်တော်၌ ဘုရားပကတိ အဖြစ်တော်စုံလင်စွာ ကျိန်းဝပ်တော်မူ၏ (ကော ၂း၉) ဆက်လက်လေ့လာသောအခါ 
တဲတော်အတွင်းရှိ အသေးဆုံး ပစ္စည်းမှ အကြီးဆုံးပစ္စည်းတိုင်အောင် 
ခရစ်တော်ကို ပုံဆောင်လျက် ရှိကြောင်း ကျွန်ုပ်က တွေ့မြင်ရလိမ့်မည်။
 ၂။အသင်းတော်ကိုပုံဆောင်သည်။
ဓမ္မဟောင်းကာလ တလျှောက်လုံးတွင် တဲတော်၌ နက်နဲသော အရာများကို ဖုံးအုပ်ထားခဲ့ပြီး ဓမ္မသစ်ကာလရောက်မှ ၀ိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကို ဖေါ်ပြခဲ့သည် (ဧဖက် ၃း၁-၂၁၊၅း၂၃-၃၃၊ကော၁း၂၀-၂၉) သို့ဖြစ်၍ တဲတော်အကြောင်း မလေ့လာဘဲ အသင်းတော်အကြောင်းကို စုံလင်စွာ နားလည်နိုင်မည် မဟုတ်ပေ။ တမန်တော်ကြီး ရှင်ပေါလုက ယုံကြည်
သူများအား “ဗိမာန်တော်၌လည်း ဘုရားသခင်သည် ၀ိညာဉ်တော်
အားဖြင့်ကျိန်းဝပ် တော်မူခြင်း အလို့ငှာ သင်တို့သည် ငါတို့နှင့်အတူ
 တည်ဆောက် လျက်ရှိကြ၏။” (ဧဖက် ၂း၂၂)ဟုပြောရာ၌ တဲတော်အားဖြင့် ပုံဆောင်ပြသခဲ့သည့် အရာများကို ပြန်လည် ပြောကြားနေခြင်းဖြစ်သည်။ အသင်းတော်၏တာဝန်မှာ ဘုရားသခင်အား ကိုးကွယ် ၀တ်ပြုခြင်းနှင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန် သက်သေခံခြင်းပင်ဖြစ်သည်။
 ၃။ ယုံကြည်သူခရစ်ယာန်ကို ပုံဆောင်သည်။………………..။
 ရွှေအိမ်တော်သည် ယုံကြည်သူ ခရစ်ယာန်ကိုပုံဆောင်နေ၏။ 
ခရစ်တော်၌ရှိသော ယုံကြည်သူတို့သည် ဘုရားသခင် 
ကျိန်းဝပ်ရာဌာနဖြစ်သည်။ ကော ၁း၂၇ ၌ “ထိုစည်းစိမ်ကား 
ဘုန်းအသရေကို မျှော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း”ဟု ဖတ်ရှုရသည်။ တစ်ဖန်“သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ၀ှက်ထားလျက်ရှိ၏” (ကော ၃း၃၃) ၌ ဖော်ပြထားပြန်သည်။ ဆက်လက်၍ ပေါလုက ကျွန်ုပ်တို့ (ယုံကြည်သူ)၏ ကိုယ်ခန္ဓာသည် သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်ရာ ဗိမာန်တော် ဖြစ်သည် ဟု ဆိုထားလေသည်။(၁ကော-၃း၁၆)။ စစ်မှန်သော ယုံကြည်သူ ခရစ်ယာန်တစ်ယောက်၏ ခန္ဓာ၊ စိတ်၊ ၀ိညာဉ်သည် တဲတော်၏ အပိုင်း(၃)ပိုင်းနှင့်ညီ၏။ယုံကြည်သူ၏ “ကိုယ်ခန္ဓာ”ပိုင်းသည် အပြင် ဘက်ဆုံး တဲတော်ဝင်း အပိုင်းနှင့် တူ၏။ ဤအပိုင်းသည် ယဇ်ပူဇော်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်းပြုရာ အပိုင်းဖြစ်သည် (ရေ ၁၂း၁-၂၊ ၁ယော၊ ၁း၇-၉)။ “စိတ်”ပိုင်းသည် တဲတော်၏ သန့်ရှင်းဌာနနှင့်တူညီသည်။ ဤအပိုင်းတွင် ယုံကြည်သူများအတူ မိတ်သဟာယဖွဲ့ခြင်း၊ ၀တ်ပြုကိုးကွယ်ခြင်း၊ ပွဲတော် စားခြင်းအားဖြင့် ဘုရားသခင်အထံတော် သို့ ချဉ်းကပ် ကိုးကွယ်ရာ အပိုင်းဖြစ်သည်။ “၀ိညာဉ်”ပိုင်းမှာ တဲတော်၏ အတွင်းဆုံးအပိုင်းဖြစ်သော အသန့်ရှင်း ဆုံးဌာနနှင့် တူညီသည်။ ၀ှက်ထားသည့်အသက်လည်းဖြစ်သည်။ ဤအပိုင်းသည် အသွေးတော်ဖြင့် ဖုံးအုပ်ခြင်းခံရသော ကြောင့် ဘုရားသခင်နှင့် တစ်ဦးချင်း ၀တ်ပြုကိုးကွယ်၍ ဆက်သွယ်နိုင်သော အပိုင်းဖြစ်သည်။ (ယော ၄း၂၃) (ရော၁း၉)။ ဤအပိုင်းသည် ၀ိညာဉ်ရေးရာအောင်မြင်မှုရသော နေရာ လည်းဖြစ် သည်။ အချုပ်ဆိုရသော် တဲတော်၏ သွန်သင်ချက်နှင့်ပုံဆောင်ချက်များသည် ဓမ္မသစ်ကာလ ခရစ်ယာန်တို့ ဆောင်ရွက်ရမည့်အရာ အလုံးစုံကို ဖော်ပြသည်။
 တဲတော်နှင့် ပတ်သက်၍ဘုရားသခင်၏စီမံချက်(၂)ခုမှာ……….. (၁)ဘုရားသခင်၏ကျေးဇူးကရုဏာတော်ကိုလူတို.အားထင်ရှားပြခြင်း။ 
(၂) လူက ဘုရားသခင်အထံတော်သို့ ယုံကြည်ခြင်းဖြင့် တိုးဝင်ချဉ်းကပ်နိုင်ခြင်း၊ ကိုပြသည်။ တဲတော်ဆောက်လုပ်ရာ၌ ပထမဦးဆုံး ပဋိညာဉ်သေတ္တာကို အစပြုဆောက်လုပ်စေပြီးမှ ကြေးဝါယဇ်ပလ္လင်ဖြင့်အဆုံးသတ်စေခဲ့သည်။ 
သို့သော် လူသည် ကြေးဝါယဇ်ပလ္လင်၌အစပြုချဉ်းကပ်ကာ ပဋိညာဉ် သေတ္တာရှိရာ အသန့်ရှင်းဌာနသို့ ဆက်လက် တိုးဝင် ချဉ်းကပ်ရန် ဘုရားသခင်ညွှန်ကြား ထားလေသည်။ ဤအကြောင်းအရာသည် ခရစ်ယာန်များအတွက် 
ဝမ်းမြောက်ဖွယ် သတင်း ကောင်းဖြစ်လာသည်။ကမ္ဘာပေါ်မှာရှိရှိသမျှ ဘာသာတရားအားလုံးက လူတွေ ဘုရားသခင်ကို တွေ့အောင်ရှာရ မည်ဟု သွန်သင်ထားသော်လည်း သမ္မာကျမ်း၌ကား ဘုရားသခင်ကိုယ်တော်တိုင် လူသားများထံ သို့ ကြွဆင်းလာပြီး အပြစ်သားများကို ကယ်တင်ရွေးနှုတ်သည့် အလွန်ထူးဆန်းအံ့သြဖွယ်ရာ သတင်း ကောင်းရှိ၏။ 
ခရစ်တော်သည်ကောင်းကင်ဘုံ ပလ္လင်ကိုစွန့်ပြီး လက်ဝါး ကပ်တိုင်ထက်၌ 
ကိုယ်စား အသေခံသည့်တိုင်အောင် လူသားများအား မေတ္တာ၊ ကရုဏာ ထင်ရှားပြသခဲ့သည်။ ထိုသို့ ဖေါ်ပြသည်ကို လူက ယုံကြည်လက်ခံခြင်းဖြင့် ကယ်တင်ခြင်းခံစားရမည့် အကြောင်းဘုရားသခင် စီမံခဲ့သည်။ နောင်တရသော အပြစ်သားတစ်ယောက်သည် ယုံကြည်ခြင်းဖြင့် ဘုရားသခင် အထံတော်သို့ ပြန်လည်ချဉ်းကပ်လျှင် ကယ်တင်ခြင်း ရရှိနိုင်သောအဆင့်(ရ)ဆင့်ရှိသည်။ 
လမ်းကြောင်းအဆင့်(၇)ဆင့် 
၁။ အစပြုဝင်ရောက်ရာ ပထမအဆင့်တဲတော် ၀င်းတံခါးမှအစပြု၍ ၀င်ရောက် နိုင်သည်။ အရှင်ယေရှုက “ငါသည် သိုးဝင်သော တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သော သူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ ရလိမ့်မည်” ဟုမိန့်ဆိုထား၏။(ယော၁၀း၈-၉)။ 
၂။ ရန်ငြိမ်းခြင်းပြုရာ ဒုတိယအဆင့်ကြေးဝါ ယဇ်ပလ္လင်၌ ရန်ငြိမ်းခွင့်ရသည်။ ဘုရားသခင်သည် ခရစ်တော်အထဲ၌ တည်နေပြီး လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူဘဲ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယ ဖွဲ့ စေတော်မူ၏။ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိ သောသူဖြစ်စေတော်မူ၏။ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။ (၂ ကော ၅း၁၉-၂၁)။ 
၃။ သန့်ရှင်းစင်ကြယ်ခြင်းပြုရာ တတိယအဆင့် အင်တုံ၌ သန့်ရှင်းခြင်းပြုရသည်။ အရှင်ယေရှုက “ ရေချိုးပြီးသောသူ မည်သည်ကား ခြေဆေးခြင်းမှတစ်ပါး ဆေးရသော အကြောင်းမရှိ။ တစ်ကိုယ်လုံးစင်ကြယ်၏” ဟု တပည့်တော်များ ကို မိန့်တော်မူခဲ့၏(ယော-၁၃း၁၀)။ ဆက်လက်၍ “သင်တို့သည် ငါဟောပြောသော စကားအားဖြင့် ယခုပင် ရှင်းလင်း (သန့်ရှင်း)လျက်ရှိကြ၏ ”(ယော ၁၅း၃)။ ပေကျံနေသော ခြေ လက်တို့ကို ရေဖြင့် ဆေးကြော 
သန့်ရှင်းရသကဲ့သို့ ညစ်ညူးသော စိတ်နှလုံးကို
 နှုတ်ကပတ်တော်ရေဖြင့် ဆေးကြောရသည်။(ဧ-၅း၂၇)။ ၄။အလင်းထွန်းတောက်ရာ စတုတ္ထအဆင့်ရွှေမီးတိုင်၏ 
အလင်းရောင်သည် ထွန်းလင်းတောက်ပနေသော အရှင်ယေရှုကို 
ဆိုလို သည်။ ယေရှုက “ငါသည် ဤလောက၏ အလင်းဖြစ်သည်။ ငါ့နောက်သို့လိုက်သော သူသည် မှောင်မှိက်၌ မသွားမလာ၊ အသက်၏ အလင်းကိုရလိမ့်မည်”ဟု မိန့်တော်၏။ (ယော ၈း၁၂)။ ၅။စိတ်ကျေနပ်ချမ်းမြေ့ရာပဉ္စမအဆင့် ရှေ့တော်မုန့်စားပွဲ၌ စိတ်ကျေနပ် 
ချမ်းမြေ့ ခွင့်ရသည်။ ယေရှုကလည်း “ငါသည် အသက်မုန့် ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ” ဟု
 မိန့်တော်မူ၏။ (ယော ၆း၃၅) 
၆။ ဆုတောင်းပတ္ထနာပြုရာ ဆဌမအဆင့် ။…………။
နံ့သာပေါင်း မီးရှို့ရာ ရွှေယဇ် ပလ္လင်၌ ဘုရားသခင်ထံ ဆုတောင်းခွင့်ရသည်။ “ထိုကြောင့် ငါတို့သည်ဘုရား သခင်၏ ကျေးဇူးတော်ကို ၀န်ခံလျက် နှုတ်ခမ်းအသီးတည်းဟူသော ယဇ်ကို သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့ (ဟေဗြဲ ၁၃း၁၅)။ ၇။အတူတကွမိတ်သဟာယပြုရာသတ္တမအဆင်.။ ရွှေအိမ်တော်အား လူ့အတွေးအခေါ် လူ့အကြံအစည်ဖြင် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဘုရား သခင်၏ အလိုဆန္ဒ၊ ဘုရားသခင်၏ အကြံအစည်ဖြင့် တည် ဆောက် ထားခြင်းဖြစ်သည်။ “ငါ သည် သင်တို့တွင် ကျိန်းဝပ်ဖို့သန့်ရှင်း ရာဌာနကို လုပ်ကြစေ” (ထွ ၃၉း၄၀)။ တဲတော်သည် အဘယ်လူသား တစ်ယောက်မျှ တွေး တောကြံဆ၍ တည်ဆောက်ရန် မတတ်စွမ်းနိုင်သည့် 
အဆောက်အအုံ တစ်ခု ဖြစ်သည်။ 
အခန်း (၂) တဲတော်၏ မြင်ကွင်း (ထွ၊ ၂၇) 
တဲတော်ကို ခပ်လှမ်းလှမ်းမှကြည့်လျှင် အလျား အတောင်(၁၀၀)၊ 
အနံအတောင် (၅၀)ရှိပြီး ခိုင်ခံ့သောတိုင်များဖြင့် ထူထားသည့် ပိတ်ချော ၀င်းထရံဖြူကို ထင်ထင်ရှားရှား တွေ့မြင်ရမည်။ (ထွ ၂၇း၉-၁၂) ဤအတိုင်း အတာသည် ယခုခေတ် အတိုင်းအတာအရ အလျားပေ (၁၅၉)နှင့် အနံ (၇၅)ပေခန့်ရှိသည်။ တဲတော်ဝင်း တစ်ခုလုံးကို အဖြူရောင် ပိတ်ချောထည်ဖြင့် ပတ်ပတ်လည် ကာရံ ထားပြီး ငွေတံစို့များဖြင့် ကြေးဝါတိုင်ပေါင်း (၆၀)၌ ချိတ်ဆွဲ ထား၏။ တိုင်ထိပ်များတွင် ငွေဖြင့်ပြုလုပ်ထား သော ထိပ်ဖုံးအသီးသီးရှိပြီး တိုင်များကို သဲပြင်ပေါ်ရှိ ကြေးဝါ ခြေစွပ်(၆၀)ထဲတွင် စိုက်ထူထား၏။ တိုင်တစ်တိုင်စီကို အကွာအဝေးတူညီစွာ စိုက်ထူထားပြီး ငွေတန်းများဖြင့် ဆက်သွယ်လျက် ကြေးဝါ တံသင်(ငုတ်)များ၌ ကြိုးဖြင့်ချည်နှောင်ထားလေသည်။ ၀င်းထရံ၏အမြင့်မှာ ၅ တောင် (၀ါ) ၇ ၁/၂ပေရှိပြီး ၀င်းအတွင်းရှိ ရွှေအိမ်တော်၏ အမြင့်မှာ အမိုးအပါအ၀င် အမြင့်(၁၀)တောင်ရှိသည်။ ရွှေအိမ်တော်ကို ဖြန့်မိုး ထာသော အမိုးသည် အရောင် အဆင်းကင်းမဲ့၍ တောက်ပမှုမရှိသဖြင့် အဝေးမှ ကြည့်လျှင် စိတ်ဝင်စားဖွယ်ရာ အကြောင်းမရှိပေ။ အဓိပ္ပါယ်ကင်းမဲ့လျက် စိတ်ဝင်စားဖွယ် မရှိချေ။အိမ်တော်အတွင်းသို့ မ၀င်သေးသော သူမှန်သမျှ သည် တဲတော်ထဲရှိ အရာဝတ္ထုများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် အနက်အဓိပ္ပါယ် ကို နားမလည်နိုင်ချေ (၁ ကော ၁း၁၈၊ ၂၃)။ဤလောက၌ အရှင်ယေရှု သက် တော်ထင်ရှားရှိစဉ်ကလည်း လူအပေါင်းတို့သည် ကိုယ် တော်အရှင် အားစိတ် ၀င်စားခြင်း၊ လေ့လာရှာဖွေခြင်း မရှိခဲ့ချေ။ ထိုသူတို့အတွက် ဘုရားသခင်နှင့် ဆိုင်သောအရာခပ်သိမ်းတို့သည်ဖုံးအုပ်လျက်ရှိ၏။ “ထာဝရဘုရား၏ ကျွန်သည် အညွန့်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ ပေါက် သောအတက်ကဲ့သို့လည်းကောင်း၊ ရှေ့တော်၌ ကြီးပွား၏။ … 
ငါတို့သည် မရိုသေကြ”(ဟေရှာ-၅၃း၂-၃)ဟုပရောဖက်ဟေရှာယကပြောခဲ့သည့်အတိုင်း ကယ်တင်ခြင်းမရသေးသော သူတို့သည် ကိုယ်တော်ရှင်အကြောင်းကို စိတ်ဝင်စားမှု လုံးဝမရှိကြချေ။ ကယ်တင်ခြင်းရပြီးသော ယုံကြည်သူတိုင်းသည် ဘုရားနှင့် သက်ဆိုင်သည့် အကြောင်းအရာ များကို အတွေ့အကြုံအားဖြင့် 
နားလည် သဘော ပေါက်လာကြသည်။ မယုံကြည်သေးမီက ခရစ်တော်သည် ကျွန်ုပ်တို့အတွက် စိတ်ဝင်စားဖွယ် မရှိသော်လည်း ခရစ်တော်ကို ယုံကြည်လက်ခံပြီး သည့် နောက်ပိုင်းတွင် ကိုယ်တော်ရှင်သည် 
ကျွန်ုပ်တို့အတွက် ထာဝစဉ်ကြီးမြတ်၍ တန်ဖိုးမဖြတ် နိုင်သောသူ၊
 လေ့လာရှာဖွေ ဆန်းစစ်၍ မကုန်နိုင်သောသူဖြစ်ကြောင်း သိကျွမ်းလာသည်။မကျူးကျော်ရ(ထွ၂၇း၉-၁၈) တဲတော်အား ကာရံထားသည့် ၀င်းထရံကို အနီးကပ်ကြည့်သောအခါ သာ၍ စိတ်ဝင်စား ဖွယ်ကောင်းလှ၏။ တဲတော် ၀င်းထရံ၏ အဖြူရောင်ပိတ်ချောသည် ညိုပုပ် မဲညစ်နေသော လူနေတဲ အိမ်များနှင့် လုံးဝဆန့်ကျင်ဖြစ်နေသည်။ အဓိပ္ပါယ်ကား တဲတော်ဝင်းအတွင်းဘက်သည် လူနေတဲများလို မဟုတ်ဘဲ သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်းတို့ဖြင်. တင့်တယ် လျက်ရှိကြောင်း ဖေါ်ပြနေသည့် အမှတ်လက္ခဏာဖြစ်သည်။ ၀င်းခြံ၏အမြင့်သည် ၅တောင်(၀ါ) ၇ ၁/၂ ပေ ခန့်ရှိခြင်းကြောင့် ၀င်းအပြင်ဘက်မှ လူသည် အထဲ၌ရှိသော အရာများကို မမြင်မတွေ့နိုင်ပေ။ ထိုသို့မမြင်နိုင်အောင် ကာရံထားခြင်းမှာ ဘုရား သခင်ကိုယ်တော်တိုင် မိမိသဏ္ဍာန်ကိုဝင်းအပြင် ဘက်မှ လူတို့အား ထင်ရှားဖေါ်ပြခြင်းမပြုလိုသော ကြောင့်ဖြစ်သည်။ ထိုနေရာ၌ အဘယ်သူကိုမျှ လွယ်လင့်တကူ လက်ခံခြင်းမရှိပေ။ မြင့်မားရှည် လျားသော အဖြူရောင်ကန့်လန့်ကာ များက “အခွင့်မရှိ မ၀င်ရ”ဟုဟန့်တား ပိတ်ပင် နေသ ယောင်ယောင်။ ဤအချက်သည် အထူးအရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော ဘုရားသခင်ထံသို့ ချဉ်းကပ်လိုသော 
လူသားတိုင်း ဘုရားသခင်၏ နည်းလမ်း အတိုင်းသာ ချဉ်းကပ်ရန် ပညတ်ချက်ချထားခြင်းကြောင့်ပေတည်း။ ထိုကန့်လန့်ကာများကဲ့သို့ ဖြူစင်လျက် အညစ်အကြေး အစွန်းအကွက် ကင်းစင်သော လူသားတစ်ယောက်ကို ကျွန်ုပ်တို.သတိပြုမိဖို.လိုအပ်သည်။ သန့်ရှင်းဖြူစင်၍ စုံလင်သော ထို လူသားကား ယေရှုခရစ် ပေတည်း (ဟေဗြဲ ၇း၂၆)။ ချစ်မိတ်ဆေ-ွကန့်လန့်ကာများနည်းတူ သင်၌ သန့်ရှင်းဖြူစင်ပါသလား။ထိုနေရာ နှင့် စပ်ဆိုင်မှုရှိပြီးလား။ လူမြောက်များစွာတို့သည် ခရစ်တော်၏ နောက်တော်သို့ လိုက်ချင်ကြပြီး ထိုသို့လိုက်ခြင်း သည်မှန်သော အမှုပြုခြင်းဖြစ် သည်ဟု ထင်မြင်တတ်ကြသည်။ ၀င်းထရံအပြင်ဘက် မွဲညစ်ပေရေ နေသော လူနေတဲများရှိ ညစ်ညူးသောအပြစ်သားများနှင့် ဤလောကကြီးအတွင်းမှ ကျွန်ုပ်တို့လူ သားများသည် သန့်ရှင်းစင်ကြယ်တော်မူသော အရှင်ယေရှုနှင့် ပေါင်းစပ်၍ မရနိုင်အောင် ကွာခြား နေကြောင်း ဤအဖြူရောင်ဝင်းထရံအားဖြင့် 
ဘုရားသခင်က ပထမဆုံးသတိပေး သွန်သင်နေ သည်။ ဤဖြူသော 
ဝင်းထရံက အပြစ်သားမျာသည် သန့်ရှင်းသော ဘုရားသခင်အထံတော်သို့ လွယ်လင့်တကူ မသွားနိုင်ကြောင်းနှင့် ခရစ်တော်အနီးတွင် နေရန်(၀ါ) ခရစ်တော်နောက်သို့ အလွယ်တကူ မလိုက် နိုင်ကြောင်း ကျွန်ုပ်တို့အား သတိပေး သွန်သင်လျက်ရှိသည်။ တဲတော် ၀င်းထရံ၏ အပြင်ဘက်ရှိ အပြစ်သားများသည် မည်မျှညစ်ပတ် ရွံ့ရှာဖွယ် ကောင်း လှသည်ကို ကိုယ်တော်ရှင်၏သန့်ရှင်းခြင်း၊ အပြစ်ကင်းစင်ခြင်းတို့က မီးမောင်းထိုးပြလျက်ရှိသည်။ ထို့ကြောင့် “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှ မရှိ … လူအပေါင်းတို့သည် 
ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီး” (ရော ၃း၁၀- ၂၃) ကို ဦးစွာ ဆင်ခြင်အောက်မေ့ကာ လူသားတိုင်း မိမိကိုယ်ကို ရွံ့ရှာဖွယ် ကောင်းသော အပြစ်သားများ ဖြစ်ကြောင်း ၀န်ခံလျက် နောင်တ ရဖို့လိုသည်။ ချစ်မိတ်ဆွေသင့်အပြစ်များကို ပွင့်ပွင့်လင်းလင်း ၀န်ခံလျက် ဘ၀ဆုံးပါးနေသည့် အဖြစ်မှ ကယ်ချွတ်ချမ်း သာခြင်းရရန် ဘုရားသခင် အထံတော်သို့ လာလိုပါသလား။ လာလိုသော စိတ်ဆန္ဒရှိသူတိုင်းအား လက်ခံရန် ဘုရားသခင်အသင့် ရှိတော်မူ၏။ ဘုရားသခင် အထံတော်သို့ လာလိုကြသော အပြစ်သား အတွက် တဲတော်ဝင်း အရှေ့ဘက်၌ တံခါးပေါက်တစ်ပေါက် ဖွင့်ပေးထားသည်။
အခန်း (၃) အ၀င်တံခါးပေါက် - အခန်း (၄) မီးရှို့.ရာ ယဇ်ပလ္လင်
အခန်း (၃) အ၀င်တံခါးပေါက် အ၀င်တံခါးပေါက်သည် 
ကျယ်ဝန်း၍ လှပတင့်တယ်ပြီး ဆွဲဆောင်မှုအပြည့်ရှိသည်။ ကျွန်ုပ် တို့၏ အပြစ်ဒုစရိုက်များကြောင့် အယောက်တိုင်း ဘုရားသခင်နှင့် ဝေးရာ အပြင်ဘက် ထာဝရ မှောင်မိုက်ဖုံးလွှမ်းရာ အရပ်တွင် နေရမည်။ အပြစ် သားမှန်သမျှသည် ပျက်စီးခြင်းသို့ ရောက်မည် ဟု စီရင်သင့်သော်လည်း ဘုရား သခင်သည် ထိုသို့မစီရင်ဘဲ အံ့သြဖွယ်ရာ ကျေးဇူးတော်ကို ခံစား ခွင့်ပေးခဲ့သည်။ ကိုယ်တော်ရှင်ထံ ချဉ်းကပ်ရန် ကျွန်ုပ်တို.အယောက် တိုင်းအတွက် တံခါး ပေါက်ပြင်ဆင် ပေးထားပြီဟူသောသတင်းစကားသည်အလွန် ၀မ်းမြောက်ဖွယ် ကောင်းသော သတင်းဖြစ် သည်။ကောင်းပြီ။ ထိုတံခါးသည် အဘယ်တံခါး မျိုးဖြစ်သည်ကိုဆက်လက်လေ့လာကြည့်ကြပါစို့။ 
၁။ တံခါးပေါက်၏ အကျယ်သည် အတောင် ၂၀ (၀ါ) ပေ ၃၀ နီးပါးရှိခြင်းကြောင့် အခြားသာမန် တံခါးပေါက်များထက် ပိုမိုကျယ်ဝန်းသည်။ ဘုရားသခင်၏ မေတ္တာသည် အလွန်ကြီးမား သဖြင့် ၀င်လိုသူတိုင်း ၀င်နိုင်ရန် တံခါးပေါက်ကို ယခုကဲ့သို့ ကျယ်ဝန်းစွာ 
ဖွင့်ထားပေးခြင်း ဖြစ်သည်။ တံခါး အတွင်းသို့ဝင်လိုသော သူသည် အဖိုးအခပေးစရာ မလိုဘဲလွတ်လပ်စွာ ၀င်နိုင်လေသည်။ 
ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်သောကြောင့် လူသားတိုင်း 
ကယ် တင်ခြင်းရရန် အလိုတော်ရှိပြီး ( ၁ တိ ၂း၃၊၄) 
အထံတော်သို့ လာလိုသောသူတိုင်း လာနိုင်ရန် ဤတံခါးပေါက်ကို 
ကျယ်ဝန်းစွာ ပြင်ဆင်ထား ခြင်းဖြစ်သည်။ (ဗျာ ၂၂း၁၇)။ 
၂။ တံခါးပေါက်ကို မိုးပြာရောင်၊ ခရမ်းနုရောင်နှင့် အဖြူရောင်အောက်ခံပေါ်တွင် ကြက်သွေး ရောင် ပန်းထိုးထားသည့် ကန့်လန့်ကာဖြင့် ကာရံထားသောကြောင့် အလွန်လှပ တင့်တယ် လျက်ရှိပြီး စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်နေ၏။ ၄င်းအရောင်(၄)မျိုးသည် အရှင်ယေရှု အကြောင်းကို ရှုထောင့်လေးထောင့်မှ တင်ပြထားသည်။ ဤအရောင်(၄)မျိုးအကြောင်းကိုနောက်မှလေ့လာပါမည်။ ၃။ တံခါးပေါက်အား သစ်သား(သို့မဟုတ်) သတ္တုဖြင့် မပြုလုပ်ဘဲ အလျား အတောင်(၂၀)အမြင့်(၅)တောင်ရှိသော ရောင်စုံပန်းထိုး ထားသည့် ပိတ်ချော ကန့်လန့်ကာဖြင့် ပြုလုပ်ထားခြင်းမှာ အသက်အရွယ်ကြီးရင့်သူများနှင့် လူပျိုလူရွယ် များသာမက ကလေးသူငယ်များကိုပင် ဆွဲ ဆောင်လျက် အလွယ်တကူ ၀င်ရောက် ခွင့်ပေးထားသည်။ တံခါးပေါက်သည် ၀င်လို သူတိုင်းအား 
လှိုက်လှဲဝမ်းပန်တသာ လက်ကမ်းကြိုဆိုလျက်ရှိသည်။ 
၎။ တံခါးပေါက်တစ်ပေါက်တည်းသာ ရှိသည်။ ဤတံခါးပေါက်၏ နက်နဲသော အဓိပ္ပါယ်ကို အရှင်ယေရှုကိုယ်တိုင် မိန့်ကြားခဲ့သည်။ “ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သော သူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။”(ယော-၁၀း၉) ထို့ကြောင့် ခရစ်တော်အားဖြင့် ဘုရားသခင် အထံတော်သို့ ကျွန်ုပ်တို့ ချဉ်းကပ်ခွင့် ရခဲ့ကြပြီ(ဧ-၂း၁၈၊၃း၁၂) 
“လူအသီးသီးတို့က မိမိတို့ယုံကြည်လျှောက်လှမ်းနေသော 
တရားလမ်းအားဖြင့် ကယ်တင် ခြင်းရနိုင်သည်”ဟု ထင်မြင်ယူဆ ပြောဆိုလေ့ရှိကြသည်။ အမှန်မှာ ယေရှုတစ်ပါးတည်းသာ ကယ် တင်ရှင် အစစ်အမှန်ဖြစ်ပြီး ကယ်တင်ခြင်းရရန် အရှင်ယေရှုတည်းဟူသော 
လမ်းလွဲ၍ အခြားလမ်း မရှိတော့ပေ။ ဤစကားသည် သစ္စာစကားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှင့် လူတို့၏ အကြားတွင်ဖြစ်သည့် ယေရှု ခရစ်တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏ (၁ တိ ၂း၅)။ အရှင်ယေရှု တစ်ပါးတည်းအားဖြင့်သာ ဘုရားသခင်၏ အိမ်တော်သို့ချဉ်းကပ်ခွင့်ရှိသည်။ ပိတ်သွားသောတံခါးပေါက် သို့ရာတွင် တစ်ချိန်တစ်ခါ၌ ထိုဖွင့်ထားသော တံခါး ပေါက်ပိတ်သွားလိမ့်မည်ဟု သမ္မာကျမ်း၌ သတိပေးထားသည်။ (ကမ္ဘာ ၇း၁၆-၂၃) တွင် နောဧ သင်္ဘောကြီးအတွင်းသို့ဝင်ရာ ကယ်တင်ခြင်းတံခါးပိတ်သွားပြီးနောက် အတွင်းသို့မ၀င်သောသူ ရှိသမျှတို့သည် ရေနစ်သေဆုံးသွားကြရသည်။ (မဿဲ ၂၅၊ ၂-၁၀)တွင်မိုက်သော သတို့သမီး ငါးယောက်မှာ မင်္ဂလာဆောင်ပွဲတွင် ပါဝင်ဆင်နွဲလို ကြသော်လည်း အရောက်နောက်ကျသဖြင့်မင်္ဂလာဆောင်ပွဲ တံခါးပိတ်သွား၍ ပါဝင်ခွင့်မရှိခဲ့ကြ ချေ။ ထို့အတူ လူသားတိုင်းသည်တံခါး၏အတွင်း၌ရှိသော သူသည် ကယ်တင်ခြင်း ခံစားရသည့်အတွက် စားသောက်ပျော်ရွှင်ပွဲကြီးတွင် ထာဝရပါဝင်ဆင်နွှဲခွင့်ရ၏။ တံခါးအပြင်ဘက်တွင်ရှိသော သူမူကား ဆုံးရှုံးခြင်းသို့ရောက်၍ မှောင်မိုက်ထဲတွင် ထာဝရနေရလိမ့်မည်။ အသက်ရှင်ခြင်းနှင့် သေခြင်း၊ ထာဝရထွန်းလင်းခြင်းနှင့် ထာဝရမှောင်မိုက်ခြင်း တို့သည် လုံးဝဆန့်ကျင် ကွာခြားနေ၏။ 
သင်သည် ယေရှုခရစ်အားဖြင့် တံခါးအတွင်းဘက်သို့ ၀င်ရောက်သူ ဖြစ်ပြီလား။ ယေရှုခရစ်ကို မယုံကြည်သေးပါက အပြင်ဘက်အရပ်တွင် ရှိနေသူဖြစ်လိမ့်မည်။ ကောင်းကင် ဘုံဝင်ရာ တံခါးပေါက်သည်လည်း မကြာခင် ရုတ်တရက် ပိတ်သွား တော့မည်။ တံခါးပိတ် သွားမည့်အချိန်သည် သင်သေဆုံးချိန် (သို့မဟုတ်) သင်မမျှော်လင့်သော အချိန်၊ အဘယ် သူမှ ခန့်မှန်း၍ မရနိုင်သော ခရစ်တော် တစ်ဖန် ပြန်လည်ကြွလာမည့် အချိန်လည်းဖြစ်နိုင်သည်။ အချိန်နာရီသည် ရောက်လု နီးပြီဖြစ် သင်သည် အတွင်းဘက်အရပ်သို့ မ၀င်ရသေးလျှင် သင့် အတွက် ထာဝရနောက်ကျသွားပေလိမ့်မည်။ချစ်မိတ်ဆွေ မည်သည့် အခါမျှ ပြန်လည် မဖွင့်လာတော့မည့် တံခါးပေါက်ရှေ့တွင် ရပ်နေသူ၏အဖြစ်ဆိုး သည် အဘယ်မျှကြောက်မက်ဖွယ်ကောင်းသည်ကို တွေးဆကြည့်ပါ။ အပြင် ဘက်အရပ် သည် ငိုဝေကြွးခြင်း၊ အံသွားခဲကြိတ်ခြင်း၊ မိမိကိုယ်ကို 
အပြစ်တင် ၀မ်းနည်း စိတ်ပျက်ခြင်းအရပ်ဖြစ်သည်။
“ဘုရားသခင်၏ အိမ်တော်(၀ါ)ရွှေအိမ်တော်သို့ ကြွလှမ်းခဲ့ပါ” ဟူသော ဤစာအုပ်ငယ်လေးကို သင် ဖတ်နေချိန်တွင် အတွင်းဘက်သို့ တစ်ခါတည်း ၀င်ရောက်ဖို့ခေါ်ဖိတ်ပါသည်။ သင့်အသက်တာသည် အောက်တွင် ထားသောမည်သည့်ဝါကျနှင့်ကိုက်ညီနေသလဲ။ - အကျွန်ုပ်သည် တဲတော်အတွင်းဘက် အရပ်၌ ရှိနေပါပြီ။ - အကျွနုပ်သည် တဲတော်အပြင်ဘက် အရပ်၌ ရှိနေပါသည်။ - သစ္စာရှိရှိ အဖြေမှန်ပေးနိုင်ပြီးလား။ ယနေ့တိုင် တံခါးပေါက်ဖွင့်ထားလျက် ရှိနေသေးသည်။လာလိုသူတိုင်းကို ခရစ်တော်ဘုရားသည် လက်ကမ်းကြိုဆို လျက်ရှိသည်။ - “သင်အပြစ်ရှိသည့် အတိုင်း ငါ့ထံသို့လာပါ”ဟု ဖိတ်ခေါ်နေသည်။ ယခုပင် လာပါ ချစ်မိတ်ဆွေ။
အခန်း (၄) မီးရှို့.ရာ ယဇ်ပလ္လင် (ထွ၊ ၃၈း၁-၈) 
ဣသရေလ လူတစ်ယောက်သည် တဲတော်သို့ တစ်ရွေ့ရွေ့ 
ချဉ်းကပ်လာနေ၏။ ထိုသူသည် နေမကောင်းဟန်ရှိပြီး 
စိတ်မငြိမ်မသက် ဖြစ်နေပုံရသည်။ 
သူနှင့်အတူ သိုးတစ်ကောင်ပါလာ၏။ ဤ နေရာသို့ ရောက်လာရန် အဘယ်အရာက သူ့အား တိုက်တွန်းနှိုးဆော် ခဲ့သနည်း။ အပြစ်ကျူးလွန် ခြင်းကြောင့် သူ့သြတ္တပ စိတ်သည် ကြည်လင်မှုကင်းမဲ့ကာ ဘုရားသခင်ကို ကြောက်လျက်ရှိသည်။ ရွှေအိမ်တော်၌ ကျိန်းဝပ်သော သန့်ရှင်းမြင့်မြတ်တော်မူသည့် ဘုရားသခင်ကို သူသိသည်။ ဘုရားသခင် အထံတော်မှ ဆန့်ကျင်ဘက် ဝေးရာအရပ်သို့ ပြေးသင့်သလော။ မပြေးသင့်ပါ။ ဘုရားသခင်အထံတော်မှ အဘယ်သူမျှ ပြေးမလွတ်နိုင်ပါ။ ရှောင်ပြေးဖို့ မဆိုထားနှင့် သန့်ရှင်းမြင့် မြတ်တော်မူသော ဘုရားသခင်အကြောင်းကို စဉ်းစားမိလျှင်ပင် ဇောချွေးပြန်လာသည် မဟုတ်ပါ လော။ 
တဲတော်ဝင်း။…………….။
ထိုသူသည် ၀င်းထရဲဖြူ၏ မြောက်ဘက်အတိုင်း လျှောက်လာသောအခါ ၀င်းထရံကန့်လန့် ကာ၏ ။ သန့်ရှင်းဖြူစင်မှုက သူ၏ သြတ္တပစိတ်ကို လာရောက်ရိုက်ခတ်နေလေ၏။ ထိုမှတဖန် အရှေ့ ဘက်သို့ ဆက်လျှောက်လာသောအခါ ကျယ်ဝန်းသည့် တံခါးပေါက်တစ်ခုကို တွေ့လိုက်ရ သဖြင့် ထိုသူသည် တွေးတောတုံ့ဆိုင်းခြင်းမရှိပဲ အတွင်းသို. ရောက်သွား လေသည်။ ယခုအခါ ကျယ်ဝန်း လှသည့် တဲတောဝင်းထဲတွင် သူရပ်နေပြီ။ သူ့ရှေ့တွင် လှပ၍ အလွန်စိတ်ဝင်စားဖွယ် ကောင်းသော ဘုရားသခင်၏ အိမ်တော်သည် ထီးထီးမားမားတည်ရှိနေသည်။ နေရောင်ခြည်သည် တဲတော်ဝင်း သဲမြေပေါ်သို့ ဖြာဆင်းလျက်ရှိရာ သူ့စိတ်ထဲ၌ ဘုရားသခင်၏ ဘုန်းတော် ရောင်ခြည်အောက်တွင် ရောက်နေသလို ခံစားရပြီး ဘုရားသခင်သည် သူ့အကြောင်းကို သိတော်မူလျက် သူ့စိတ်နှလုံးထဲ အထိ ဖေါက်ထွင်းစူးစိုက် ကြည့်ရှုနေသကဲ့သို့ သူခံစားနေရသည်။ထိုအခိုက် သူ့ထံသို့ ယဇ်ပုရောဟိတ် တစ်ပါး ချဉ်းကပ်လာပြီးမေးလိုက်သည်။ “ခင်ဗျား ဘာ-ဖြစ်လာသလ”ဲ
ထိုသူက “ကျွန် … ကျွန်တော်အပြစ်လုပ်မိတယ်။ အဲဒါ … ဘုရားသခင် အပြစ်ပေးမှာ စိုးလို့” ဟု ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေလိုက်ရာ ယဇ်ပုရောဟိတ်ဖြစ်သူက နှစ်သိမ့်စကား ပြန်ပြောလိုက်လေ သည်။ ဤနေရာသည် မိမိကိုယ်ကို သူတော်ကောင်းဟု ထင်မှတ်နေသူများအတွက် မဟုတ်ဘဲ အပြစ်ခွင့်လွှတ်ခြင်းရလိုသည့်အပြစ်သား များအတွက် ဘုရားသခင် ပြင်ဆင် ပေးထားသော နေရာ ဖြစ်သည်။ ယဇ်ပလ္လင်နှင့် ပူဇော်သက္ကာ “ကဲ … ငါ့နောက်ကို လိုက်ခဲ့” ဟု ယဇ်ပုရောဟိတ် ခေါ်ဆောင်သွားသည့် နောက်သို့ လိုက် သွားရာ တဲတော်ဝင်းအတွင်းမှ 
ပထမဆုံး မြင်တွေ့ရသော အလွန်ကြီးမားသည့် ကြေးဝါယဇ်ပလ္လင် အနီးသို့ရောက်လျှင် နှစ်ယောက်စလုံး ရပ်လိုက်ကြသည်။ “ယဇ်ပလ္လင်”၏ အနက်အဓိပ္ပါယ်မှာ အသက်စတေးရာအရပ်ဖြစ်၍ ထိုနေရာတွင် ကျွန်ုပ်တို့ ခန့်မှန်းတွေးဆ မရနိုင်လောက်အောင် များပြားလှသော တိရိစ္ဆာန်တို့ကို သတ်၍ မီးရှို့ပူဇော်ရာ အရပ် ဖြစ်သည်။ ယဇ်ပလ္လင်နှင့် ပူဇော်သက္ကာသည် လက်ဝါးကပ်တိုင်နှင့် ယေရှုခရစ် အသေခံပေးဆပ်ပြီး စီးစေခဲ့သော ရန်ငြိမ်းခြင်း အမှုတို့ကို ဆိုလိုကြောင်း သမ္မာကျမ်းအားဖြင့် ကျွန်ုပ်တို့သိရသည်။ ဤ အကြောင်းအရာသည် ဘုရားသခင် အကြံအစည်တော်၏ အဓိကအချက်ဖြစ်ပြီး အပြစ်သားများ ကယ်တင်ခြင်း ခံစားရရှိရန် တစ်ခုတည်းသော နည်းလမ်း လည်းဖြစ်သည်။ ယဇ်ပလ္လင်နှင့် ခေတ်အဆက်ဆက်က ပူဇော်ခဲ့သော ယဇ်ကောင် များသည် ယေရှုခရစ် ဆောင်ရွက်ပြီးစီးခဲ့သော ပူဇော်သက္ကာနှင့် ကားတိုင်ထက်တွင် ဆောင်ရွက်ပြီးစီးသော ရွေးနှုတ်ခြင်း အမှုကို ပန်းချီကားတစ်ချပ်သဖွယ် စိတ်ဝင် စားဖွယ်ရာ ဖော်ကျူးလျက်ရှိသည်။ သို့ဖြစ်၍ ကားတိုင်ပေါ်မှ ရွေးနှုတ်ရှင်သခင် ခရစ်တော်သည်သာ ထာဝရကာလ တလျှောက်လုံး ကောင်းကင်နှင့်မြေကြီး (၀ါ)ဘုရားသခင်နှင့် လူသားများအကြားတွင် ပေါင်းကူးတံတား ဖြစ်လေသည်။ ဘုရားသခင်၏ အကြံအစည်တော် ဘုရားသခင်သည် မိမိဖန်ဆင်းထားသော အရာများ၏ ရှေ့ရေးကို ကြိုတင်သိမြင်ထား၏ ထိုမျှမက ဘုရားသခင် ဖန်ဆင်းထားသော အရာမှန်သမျှကို စာတန်မာရ်နတ်သည် ဖျက်ဆီးလျက် လူသားတစ်ဦးစီ၏ အသက်တာကို ထာဝရပျက်စီးခြင်းငရဲသို့ သူနှင့်အတူ ခေါ်ဆောင်သွားရန် ကြံစည်လုပ်ဆောင်နေသည်ကိုလည်း သိမြင်တော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ရှေးမဆွပင် လူကို ကယ်တင်မည့်အကြံအစည်တော် ရေးဆွဲထားခဲ့သည်။ ထိုအကြံအစည်တော်ကိုလည်း ဘုရားသခင် တစ်ပါးတည်းသာ ကြံစည်ရေးဆွဲနိုင်စွမ်း ရှိတော်မူ၏။ ဘုရားသခင်သည် သန်.ရှင်းမြင့်မြတ်သော ဘုရားဖြစ်ခြင်းကြောင့် အပြစ်သားကို အပြစ်မစီရင် ဘဲ အပြစ်စီရင် ဆုံးမရခြင်းဖြစ်သည် (၁ယော၊ ၁း၅)။ သို့ဖြစ်လျှင် ချစ်ခြင်းမေတ္တာရှင် ဘုရား သခင်သည် ချစ်ခြင်းမေတ္တာကို မည်သို့ဖော်ပြနိုင်တော့ မည်နည်း (၁ယော၊၄း၈။ ၁၆)။ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ယေရှုကို ဤ လောကသို့ စေလွှတ်ပြီး လူ့ဇာတိခံယူစေလျက်အပြစ်သားများကိုယ်စား အသေခံစေခြင်းဖြင့် မိမိ ၏ချစ်ခြင်းမေတ္တာကို ပေါ်လွင်ထင်ရှားအောင် ဖေါ်ပြခဲ့သည်။ဓမ္မဟောင်းကျမ်း တစ်လျှောက်လုံးရှိ ယဇ်ပလ္လင်တစ်ခုစီနှင့် ယဇ်အဖြစ် ပူဇော်စတေးခြင်းခံရ သော သတ္တ၀ါရှိသမျှတို့သည် တစ်နေ့ ဤလောကသို့ ကြွဆင်းလာပြီး ကားတိုင်ထက်တွင် အသေခံ တော်မူမည့် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော် ယေရှုခရစ်ကို ပုံဆောင်ရည်ညွှန်းလျက် ရှိသည်။ ကိုယ်စားပြု အသေခံသော နေရာ တဲတော်ဝင်းထဲသို့ သိုးသူငယ်တစ်ကောင် ယူဆောင်လာခဲ့သောလူတစ်ယောက်အား ယဇ်ပုရောဟိတ်ကဤသို့ပြောလိုက်သည်။ “ခင်ဗျား ယဇ်ပူဇော်ဖို့ 
သိုးတစ်ကောင် ယူလာတာကို ကျွန်တော်သတိထားမိတယ်” ယဇ်ကောင်ယူလာသူက “ဟုတ်ပါတယ်၊ ဒီသိုးဟာ တကယ်ပဲ အသေခံရမှာလား” ဟုပြန်မေးလိုက်သည်။ “တကယ် အသေခံရမှာပေါ့။ အသွေးမသွန်းလောင်းရင် ဘယ်လိုမှ အပြစ် မလွတ် နိုင်ဘူး”(ဟေဗြဲ၉း၂၂)“ဒါပေမယ်. ဒီသိုးမှာ ဘာအပြစ်မှ မရှိဘူးလေ။ ကျွန်တော့် ကလေးတွေဆိုရင်လဲ ဒီသိုးကလေး ကို သိပ်ချစ်ကြတာပဲ။ နောက်ပြီး ဒီသိုးလေးဟာ ဘာအပြစ်တစ်ခုမှမကျူးလွန်ခဲ့ဘူး” “အေး … အဲဒီအချက်ဟာ အဓိကအချက်ပဲ။ ဘာကြောင့်လဲဆိုရင် အပြစ်ရှိတဲ့လူဟာ အပြစ်ရှိတဲ့ အခြားလူတစ်ယောက်နေရာမှာ ဘယ်လိုမှ ကိုယ်စားအပြစ်ဒဏ် ၀င်ခံပေးလို့ မရဘူး။ ခင်ဗျားလဲ ခင်ဗျားရဲ့အပြစ်ကြောင်. အပြစ်ဒဏ်ခံရမယ်။ ကဲ … ခင်ဗျားအသေခံရမယ်။ဒါမှမဟုတ်ခင်ဗျားကိုယ်စားအပြစ်ကင်း တဲ့သူ တစ်ယောက်ကို အစားထိုးရမယ်” 
“ကျွန်…ကျွန်………..တော်…ကျွန်တော်မသေပါရစေနဲ့”
 “ဒီလိုဆိုရင် သိုးကလေးရဲ့ခေါင်းပေါ်မှာ ခင်ဗျားရဲ့လက်ကို တင်လိုက်ပါ။ ဒီလိုလုပ်တာဟာ သိုး ကလေးမှာ အပြစ်မရှိဘဲ ခင်ဗျားမှာသာ အပြစ်ရှိလို. ထိုက်တယ်ဆိုပြီး ၀န်ခံတာနဲ. အတူတူပဲ။ ဘုရားသခင်ရဲ့အမြင်မှာ ခင်ဗျား ယဇ်ပူဇော်မယ့် သိုးကလေးဟာ ခင်ဗျားနဲ့တစ်ခုတည်း တစ်လုံးတစ် ကိုယ်တည်း ဖြစ်သွားပြီးလို့ မြင်တယ်။ ခင်ဗျားရဲ့အပြစ်တွေဟာ သိုးကလေးအပေါ် ရောက်သွားပြီ။ အခု ခင်ဗျားကိုယ်စား သိုးကလေးက အသေခံသွားပြီး သိုးကလေး အသေခံသွားတဲ့အချိန်မှာ အပြစ်စီ ရင်ခြင်းကနေ ခင်ဗျားလွတ်သွားပြီ။ 
ခင်ဗျားမှာ အပြစ်ကင်းစင်သွားပြီလို့ ဘုရားသခင် ပြော တယ်။ ယဇ်ပူဇော်ခြင်းနှင့်
ပတ်သက်၍ ယဇ်ပူရောဟိတ်ဖြစ်သူက အကျယ်တ၀င့် ရှင်းလင်းပြောပြပြီး နောက် ယဇ်ပူဇော်ရန်လာသော ဣသရေလ လူသည် သိုးသူငယ်၏ဦးခေါင်းပေါ်သို့ လက်ကိုညင် သာစွာ တင်လိုက်၏။ ထို့နောက် ဓားကိုမြှောက်လျှက် သိုးလေးပေါ်သို့ စိုက်ချလိုက်လေသည်။ သိုးသူငယ်၏အသွေးသည် သဲပြင်ပေါ်သို့ ယိုစီးသွားလေပြီ။ အလွန်ကြောက်မက် ဖွယ်ရာ မြင် ကွင်းပါတကား။ဣသရေလ လူသည် အထက်မိုးကောင်းကင်သို့ ခေတ္တခဏ မော့ကြည့်လိုက်သည်။ ထိုခဏ ချင်းတွင် သူ့ပုခုံးထက်မှ အလွန်လေးလံသော ၀န်ထုပ်ကြီးတစ်ခု ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက် ရပြီးနောက် သက်ပြင်းချလိုက်မိသည်။ “အင်း ငါ့နေရာမှာ အပြစ်မဲ့တဲ့ သိုးကလေး အသေခံသွားရှာ ပါလား” အပြစ်သားရှိသမျှသည် ဤနည်းအတိုင်း အပြစ်ဖြေမှသာ ဘုရားသခင်၏ခွင့်လွှတ်ခြင်းကိုခံစားရမည်။ “အို … အဖ ဘုရားသခင်၊ ကိုယ်တော်ရှင်၏ ကျေးဇူးသည် ကြီးမားလှပါ၏”။ 
သင် ဘယ်လို သဘောရပါသလဲ။စာဖတ်သူ 
ချစ်မိတ်ဆွေ - သင့်ကို မေးပါရစေ။ အထက်ပါလုပ်ဆောင်ချက်ကို 
သင်ခေတ္တ စဉ်းစားဆင်ခြင်ကြည့်ပါ။ ခရစ်တော် အသေခံရာ ကားတိုင်သို
့ချဉ်းကပ်ပြီး ကိုယ်တော်ရှင်၏ ကယ်တင်ခြင်း အရိပ်အောက်တွင် ခိုလှုံချင်သော စိတ်ဆန္ဒ သင်၌ရှိပါသလား။ ခရစ်တော် တစ်ပါးတည်းသာ သန့်ရှင်းမြင့်မြတ်၍ အပြစ်ကင်းစင်တော် မူသော အရှုင်ဖြစ်ခြင်းကြောင့် အပြစ်သားများ ကိုယ်စား အသေခံ ပေးဆပ်နိုင်စွမ်းရှိသည်။ ကိုယ်တော်သည် စာဖွဲ့ရေးသား၍ မမီနိုင်သော ဒုက္ခဝေဒနာကို ခံစားလျက် အသေခံတော်မူ ခဲ့၏။ ထိုသို့ ဝေဒနာခံစား၍ အသေခံတော်မူခြင်းအားဖြင့် မည်သူအကျိုးကျေးဇူး ခံစားရသနည်း ဟု သင် မေးကောင်းမေးလိုလိမ့်မည်။ ခရစ်တော် အသေခံခြင်းဖြင့် လူသားတိုင်း အကျိုးကျေးဇူး ခံစားရ၉သည် မဟုတ်ပါ။ ထောင်ပေါင်းများစွာသော သူတို့သည် ကယ်တင်ပိုင်ရှင်ကို အလေးအနက်ထား၍ မရှာကြ သည့်အပြင် မိမိတို့အတွက် အသက်စွန့်တော်မူသော အရှင်ထံ ခိုလှုံချဉ်းကပ်ခြင်း မပြုဘဲ အပြစ် ဒုစရိုက်ထဲ၌ သောက်စားပျော်မွေ့နေခြင်း (သို့မဟုတ်) ဂုဏ်အသရေ ထင်ရှားကျော်ဇောမှုများ၌ ယစ်မူးလျက် အချိန်ကုန်နေကြသည်။ ထိုသူတို့သည် အသက်သေဆုံး၍ 
ထာဝရပျက်စီးခြင်းငရဲသို့ ရောက်သည့်တိုင်အောင် မိမိတို့၏ နောင်တမလွန်ဘ၀အသက်ဝိညာဉ်ကို လစ်လျူရှုထားကြသည်။ 
လူအချို့ကလည်း ကားတိုင်ကိုမျှော်ကြည့်လျက် အရှင်ယေရှု
အကြောင်းကို စိတ်ပါဝင်စားစွာလေ့လာကြသော်လည်း 
ထိုဣသရေလ လူကဲ့သို့ နောင်တဖြင့် ဘုရားသခင် အထံတော်သို့တစ်ခါမျှ အားကိုးချဉ်းကပ်ခဲ့ခြင်းမရှိကြပေ။ ဘုရားသခင်၏ သိုးသူငယ် ယေရှု
အပေါ်သို့ မိမိ၏အပြစ်ဝန်ထုတ်ကို တင်သော သူတိုင်း အတွက် ယေရှုခရစ် အသေခံခဲ့ခြင်းဖြစ်သည်။ သင်လည်း ယခုပင် ထို ဣသရေလ လူနည်းတူ ပြုခွင့်ရှိပါသည်။ ကားတိုင်ပေါ်တွင်ဆွဲမြှောက်ခြင်း ခံရသော ကယ်တင်ရှင် ယေရှုခရစ်ကို သင်မျှော် ကြည့်လျက် အောက်ပါအတိုင်း ဆုတောင်းနိုင်သည်။ အရှင်ယေရှုဘုရား- “အကျွန်ုပ်သည် အပြစ်ရှိသောသူ ဖြစ်ခြင်းကြောင့် ကားတိုင်ပေါ်တွင် အသေသတ်ခြင်း ခံထိုက်သော်လည်း ကိုယ်တော်ရှင်သည် အကျွန်ုပ်ကိုယ်စား အသေခံခဲ့ပြီးကြောင်း ယုံကြည်ပါ၏။ အဖဘုရားသခင် ကိုယ်တော်ရှင်၏ အကြံအစည်တော်အတိုင်း ကိုယ်တော်ရှင်၏ သားတော် အရှင်ယေရှုသည် ကားတိုင် ထက်တွင် အကျွန်ုပ်၏ အပြစ်ကြွေးပေး ဆပ်ဖြေရှင်းပြီးစီးခဲ့သော ရွေးနှုတ်ခြင်း အမှုကို ယုံကြည်ကိုးစားပါ၏။ ကိုယ်တော်ရှင်၌ ခိုလှုံရသောကြောင့်ကျေးဇူး တော်ကြီးလှပါ၏။ အာမင်း။ အထက်ပါအတိုင်း ယုံကြည်အားကိုးမှု အပြည့်ဖြင့် ဆုတောင်းလျှင် ယေရှုခရစ်၏ အသွေး တော်ဖြင့်သင့်အပြစ်ရှိသမျှကို ဘုရားသခင် ဆေးကြော ခွင့်လွှတ်ခြင်းကို သင်ခံစားရမည်။ အပြစ် စီရင်ခြင်းမှ သင်လွတ်မြောက်သွားပြီ။ ထာဝရ လွတ်မြောက်ခဲ့ပြီ။ ထို့ကြောင့် နောက်တစ်ဖန် အပြစ် စီရင်ခြင်းဒဏ် ခံရတော့မည်မဟုတ်၍ အောက်ပါအတိုင်း ၀မ်းမြောက်စွာ ချီးမွမ်းနိုင်ပေသည်။ ကားတိုင်တွင် ပေးဆပ်သော ကျေးဇူးအတွက် ယေရှုကို အကျွန်ုပ် အစဉ်ဆင်ခြင် ချီးမွမ်းပါမည်။ပညတ်တရားသည် အကျွန်ုပ်ကို ဘယ်သောအခါမှ တရား မစီရင်နိုင်တော့ပါ။ ခရစ်တော် သည် ကျွန်ုပ်ကိုယ်စားကျိန်ခြင်းခံခဲ့ပြီ။ ကရာနီကုန်း၌ အကျွန်ုပ်ကိုယ်စား ယေရှုခရစ် အသေခံ တော်မူပြီး၍ အကျွန်ုပ်သည် အပြစ် တရားနှင့်သေခြင်းတရား နှစ်ခုစလုံးအောက်မှ ယခု လွှတ်မြောက်ခဲ့ပြီ။ ယေရှု ခရစ်သည် အသက်စွန့်၍ အကျွန်ုပ်ကို ရွေးနှုတ်ဝယ်ယူခဲ့လေပြီ။ယဇ်ပလ္လင် ၏ အတိုင်းအတာ ယဇ်ပလ္လင်ပေါ်သို့ သိုးငယ်ကို တင်လိုက်မှ ဣသရေလ လူသည် ယဇ်ပလ္လင်ကို ဂရုစိုက်ကြည့် မိပြီး ယဇ်ပလ္လင်မှာ အတော်အတန် ကြီးမားကြောင်း သတိပြုမိလေသည်။ ယဇ်ပလ္လင်သည် အလျား (၅)တောင်၊ အနံ(၅)တောင်ရှိ၍ ခပ်စောက်စောက်ပုံသဏ္ဌာန်ရှိသည်။ နံပါတ်(၅)ဂဏာန်းသည် တာဝန်ဝတ္တရားနှင့် သက်ဆိုင်သော ဂဏာန်းဖြစ်ကြောင်း သမ္မာကျမ်း၌ တွေ့ရသည်။ ဘုရားသခင် နှင့်စပ်ဆိုင်၍လူဘက်မှလိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရားများကိုပညတ် တော်(၅)ပါး သတ်မှတ်ထားရှိသကဲ့သို့ လူလူချင်း လိုက်နာကျင့်သုံးရမည့် တာဝန် ၀တ္တရားများကိုလည်း ပညတ်တော်(၅)ပါး သတ်မှတ်ထားလေသည်။ (ထွ၊ ၂၀)။ ကျွန်ုပ်တို့၏ ခြေနှင့်လက် တစ်ဖက်စီတွင် ခြေချောင်း၊ လက်ချောင်း(၅)ချောင်းစီ ရှိကြသည်။ ကျွန်ုပ်တို့၏လက်များဖြင့် ဘယ်အရာကို လုပ်ဆောင်နေကြသလဲ။ ကောင်းသောအရာများကို လုပ် ဆောင်နေပါသလား။ ပြန်လည်ဆန်းစစ် ကြည့်ရန် အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ တစ်ဦးစီ ပြုမူ လုပ်ဆောင် သမျှအရာအားလုံးကိုဘုရားသခင်ရှေ့တော်၌ တစ်နေ့ပြန်လည် ရှင်းလင်း တင်ပြ ရလိမ့်မည်။ အလားတူ ကျွန်ုပ်တို့၏ ခြေချောင်း(၅)ချောင်းများ ဘယ်နေရာသို့ သွားတတ်ကြ ပါသလဲ။ဘုရားသခင်အလိုတော်ရှိသည့်နေရာသို့သာ သွားပါသလား။ ဆက်လက် မေးကြည့်ကြစို့။ကျွန်ုပ်တို့၏ အာရုံငါးပါးကို ဘုရားသခင်၏ အမှုတော်ဆောင်ရာ၌ အသုံးပြုပါသလား။ ကျွန်ုပ် တို့၏ ခြေ လက် အင်္ဂါကို မဆိုထားနှင့်။ အတွေးအခေါ် တစ်ခုတည်း ကပင် ပညတ်တရားရှိသမျှကိုချိုးဖေါက်နေသည့် မဟုတ်ပါလော။ 
တကယ်တမ်း ပြောရလျှင် အဘယ်လူသားတစ်ဦးမျှ ဘုရားသခင် သတ်မှတ် ထားသော စံနှုန်းမီအောင် အသက်မရှင်နိုင်ကြပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသက်ရှင်မှု တစ်ခုစီနှင့်ပတ်သက်၍ ဘုရားသခင်ထံ ပြန်လည်တင် ပြရသော တရားစီရင်ရာနေ့တွင် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။ ဤသမ္မာတရားကို ၀န်ခံ သူတိုင်းသည် ယခုအချိန်မီ ဘုရားသခင်၏ ယဇ်ပလ္လင်(၀ါ) ကားတိုင်သို့ ချဉ်းကပ်အားကိုးကြရမည်။ ယေရှုခရစ်သည် ဤလောက၌ လူသားတစ်ဦးအဖြစ် အသက်ရှင်ခဲ့စဉ်က ပညတ်တော်အားလုံးကို ကျင့်ဆောင် ပြည့်စုံသော လူသားအဖြစ် အသက်ရှင်ခဲ့သည်။ ယေရှုခရစ် ကားစင်တင်သတ်ခြင်း ခံရ သည့်အကြောင်းကို ပြန်ဆန်းစစ်ကြည့်သော် ကိုယ်တော်ရှင်တစ်ပါးတည်းသာ သန့်ရှင်းစုံလင်သော ပူဇော်သက္ကာအဖြစ် ဘုရားသခင်ထံ ဆက်သနိုင်၍ ကျွန်ုပ် တို့အား ရွေးနှုတ်ခြင်းနှင့်ရန်ငြိမ်း ခြင်းအမှုကို ဆောင်ရွက်ပေးနိုင်သည့် အရည် အချင်းရှိသည်။ ယဇ်ပလ္လင်၌ အနားလေးဘက်ရှိသည်။ နံပါတ်(၄) ဂဏာန်းသည် ကမ္ဘာတစ်ဝန်း လုံးနှင့် စပ် ဆိုင်သောဂဏာန်းဖြစ်သည်။ ထိုသို့ဆိုရခြင်းမှာ ကမ္ဘာပေါ်၌ ရာသီဥတု လေးမျိုးရှိသကဲ့သို့ အရပ် လေးမျက်နှာရှိသည်။ 
(ယေဇ၊ ၂၉း၉)(ဟေရှာ၊ ၁၁း၁၂)။ ရာသီဥတု(၄)မျိုးနှင့် အရပ်(၄)မျက်နှာဟူသည်မှာ တစ်ကမ္ဘာလုံး နှင့် သက်ဆိုင်လျက်ရှိသည်။ တဲတော်ဝင်းတံခါးကို အရောင်(၄)မျိုးဖြင့် ယက်လုပ် ထားခြင်းနှင့် လောကီသား အပေါင်းတို့အတွက် ကြွလာခဲ့သော အရှင်ယေရှု အကြောင်းကို ရေးသားတင်ဆက်ထားသည့် ခရစ်ဝင်ကျမ်း(၄)ကျမ်းတို့၏ အဓိကဆိုလိုရင်းမှာ ကမ္ဘာသူကမ္ဘာသားအားလုံး နှင့် ပတ်သက်ရည်ညွှန်း လျက် ရှိသည်။“ကိုယ်တော်သည် လူအပေါင်းတို့ကို ရွေးအံ့သောငှာ ကိုယ့်ကိုစွန့်တော်မူပြီ (၁ တိ၊ ၂း၆)” ဟူသော ကျမ်းစကားသည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့် သက်ဆိုင် နေသဖြင့် ကယ်တင်ခြင်း ခံစားလိုသူတိုင်း ကယ်တင်ခြင်း ခံစားနိုင်ခွင့်ရှိလေပြီ။ 
စာဖတ်သူ ချစ်မိတ်ဆွေ…..။ အပြစ်ဝန်ထုပ်ပိနေခြင်းမှ လွတ်မြောက်လိုပါသလား။`အသွေးတော်၌ လွတ်မြောက် စေနိုင်သော တန်ခိုးရှိပါသည်။ စာတန်မာရ်နတ် ၏ တိုက်ခိုက်ခြင်းကို အောင်မြင် လိုပါသလား။ အသွေးတော်၌ အံ့သြဖွယ် တန်ခိုး ရှိပါသည်။ မိုးပွင့်ထက်သာ၍ ဖြူစင်လိုပါသလား။ အသွေးတော်၌ ဖြူစင်စေနိုင်သော တန်ခိုးရှိပါသည်။ ကရာနီတောင်ကုန်းသို့ လာရောက်၍ အပြစ်ဆေးကြောခြင်း ခံလိုပါသလား။ အသွေးတော်၌ အံ့သြဖွယ် တန်ခိုးရှိပါသည်။ ယဇ်ပလ္လင်၏ အမြင့်မှာ (၃)တောင်ရှိသည်။ ထာဝရဘုရားသခင်သည် ခမည်းတော်သားတော် နှင့်သန့်ရှင်းသော ၀ိညာဉ်တော် တည်းဟူသော ပုဂ္ဂိုလ်(၃)ပါး ဖြစ်ကြောင်း 
ကျွန်ုပ်တို့ သိခဲ့ပြီးဖြစ် သည်။ ယဇ်ပလ္လင်၌ ရန်ငြိမ်းခြင်းအမှု ပြီးမြောက်စေရာတွင် ဤပုဂ္ဂိုလ်(၃)ပါးလုံး ပါဝင်လုပ်ဆောင် ကြသလောဟုမေးလျှင် (၃)ပါးလုံးပါဝင်လုပ်ဆောင်ကြသည်ဟု ဖြေရမည်။ ဤစကားသည် သစ္စာစကားဖြစ်၏။ လူကိုကယ်တင်သောအမှု၌ ထာဝရဘုရားသခင်ဖြစ် တော်မူသော ပုဂ္ဂိုလ်(၃)ပါးလုံး အကြွင်းမဲ့ပါဝင်ပတ်သက်လျှက် ရှိသည်။ ခမည်းတော်ဘုရားသည် အပြစ်သားများကို ကယ်တင်ရန်သားတော်အားဤလောကသို့စေလွှတ်တော်မူ၏(၁ယော၊ ၄း၁၄)။ သားတော်သည် ကျွန်ုပ်တို့ကိုယ်စား အသေခံလျက်အပြစ်ကြွေး ပေးဆပ်တော်မူ၏ (ဂလ၊ ၂း၂၀)။သားတော်သည် ထာဝရ၀ိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့၌ မိမိ ကိုယ်ကို တင်လှူပူဇော်တော်မူ၏ (ဟေဗြဲ ၉း၁၄)။ နောက်ဆုံး ကျမ်းပိုဒ်တွင် သားတော်ယေရှုခရစ်သည် ပကတိအပြစ်ကင်းစင်သော မိမိကိုယ်ခန္ဓာကို ခမည်းတော်ဘုရားထံသို့ ထာဝရ၀ိညာဉ်တော်အားဖြင့် ဆက်ကပ်ပူဇော်ခဲ့ သည်ဟု ဖော်ပြထားသဖြင့် လူကိုကယ်တင်သော အမှု၌ ပုဂ္ဂိုလ်(၃)ပါးလုံး အစုံအလင် ပါဝင်လျက်ရှိကြောင်းထင်ရှားစွာတွေ့မြင်ရ၏။ ယဇ်ပလ္လင် တည်ဆောက်ပုံ (သစ်သား) ယဇ်ပလ္လင်ကို အကာရှသစ်သားဖြင့် တည်ဆောက်ထား၏။ ဤအကြောင်းအရာသည် လေး နက်သော အဓိပ္ပါယ်တစ်ရပ်ကို
 ဖော်ဆောင်နေ၏။ အကာရှပင်သည် နန်းလုံးကြိုင်နှင့် အလား သဏ္ဍာန်တူ၍ သဲကန္တာရထဲတွင်ပေါက်သော ရှားထနောင်း ပင်တစ်မျိုးဖြစ်သည်။ မြေပေါ်တွင် ပေါက် ဖွားကြီးရင့်လာသော အကာရှပင် သည် အရှင်ယေရှု၏ အပြစ်ကင်းစင်သည့် လူ့ဇာတိကို သရုပ် ဆောင်၏။ အဘယ့် ကြောင့်ဆိုသော် အရှင်ယေရှုသည် “အညွန့်ကဲ့သို့လည်းကောင်း သွေ့ခြောက် သောမြေ၌ ပေါက်သောအတက်ကဲ့သို့လည်းကောင်း၊ ဘုရားသခင်ရှေ့တော်၌ ကြီးပွား၏” (ဟေရှာ၊ ၅၃း၂။ ၁၁း၁) ဟု သမ္မာကျမ်း၌ ဖော်ပြထားသည်။ ၄င်းပြင် အရှင်ယေရှုအား လူမိန်းမမှ ဖွားမြင့်လာသူ ဖြစ်ကြောင်း (ဂလ ၄း၎)၌ ဖတ်ရှုရပြီး (ဟေရှာ ၄း၂)တွင်မူ “မြေ၏ အသီးအနှံ”ဟု ခေါ်ဆိုထားလေသည်။ ဘုရားသခင်၏ သားတော်ယေရှုခရစ်သည် မှန်သောဘုရားသခင်ဖြစ်သကဲ့သို့ ထာဝရ အသက်လည်းဖြစ်သည်။ (၁ယော ၅း၂၀)။ ဤအချက်ကို ကျွန်ုပ်တို့စိတ်နှလုံးထဲ၌ အစဉ်နှလုံးသွင်း ထားရပေမည်။ ကိုယ်တော်ရှင်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲ သောဘုရား၊ ထာဝရ ကာလတိုင်အောင် တည်တံ့နေမည့် ဘုရားဖြစ်ကြောင်း နှုတ်ကပတ်တော်၌ ဖွင့်ပြထားသည်။ သို့ဖြစ်ပါလျက် အနန္တတန်ခိုးရှင်၊ ဖန်ဆင်းရှင်ဘုရားသခင်သည် အဘယ်အကြောင်းကြောင့် မိမိကိုယ်ကို နှိမ့်ချလျက် ဤလောကသို့ ကြွဆင်းလာခဲ့ရသနည်း။ အကြောင်းရင်းမှာ လူသားများ၏ အပြစ်ကို ဖြေလွှတ်နိုင်ရန် ကိုယ်တော်တိုင် ဝေဒနာခံ၍ ကိုယ်စား အသေခံတော်မူမည့် အကြောင်းတည်း (ဟေဗြဲ ၂း၁၇)။ကိုယ်တော်ရှင်သည် ဘုရားစင်စစ်ဖြစ်လျက်နှင့် သေဆုံးနိုင်သလော။မသေဆုံးနိုင်ပါ။လုံးဝမသေဆုံးနိုင်ပါ။ ကျွန်ုပ်တို့ အပြစ်သားများ ကိုယ်စား ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံယူဖို့ လူ့ဇာတိသေ နိုင်သော လူ့ခန္ဓာခံယူရန် လိုအပ်သည်။ ထို့ကြောင့် ကိုယ်တော် ရှင်သည် ကျွန်ုပ်တို့နည်းတူ အသွေး အသားဖြင့် ဖွဲ့စည်းထားသောလူ့ဇာတိ ခံယူခဲ့ရသည်။ ထူးခြားချက်တစ်ခုမှာ ကိုယ်တော်သည် မိမိ ညီအစ်ကို (အပြစ်သား ကျွန်ုပ်တို့လူသား)များနှင့် အစစအရာရာ၌ တူညီမှုရှိသော်လည်း အပြစ် တစ်ခုကိုမျှ ကျူးလွန်ခြင်းမရှိခဲ့ပေ။ အပြစ်ပကတိ ကင်းစင်သောလူသား ဖြစ်သည်။ ထို့ကြောင့် လူ(အပြစ်သား)အပေါင်းတို့၏ အပြစ်ဖြေလွှတ်ခြင်း အမှုကို ကိုယ်တိုင် အစားထိုး ဖြေရှင်းနိုင်ခြင်းဖြစ်သည်။ အချုပ်ဆိုရသော် ယဇ်ပလ္လင်မှ အကာရှသစ်သားသည် လက်ဝါးကပ်တိုင်ထက်တွင် အသေခံ တော်မူသော ယေရှုခရစ်၏ လူ့ဇာတိကို အဓိကရည်ညွှန်း ပြောကြား နေခြင်းဖြစ်သည်။ (၂ကော။ ၁၃း၎)။ ကြေးဝါ သစ်သားဖြင့် တည်ဆောက်ထားသော ယဇ်ပလ္လင်ကို ကြေးဝါဖြင့် ထပ်မံ ဖုံးအုပ်ထားသဖြင့် ယဇ်ပလ္လင်သည် နေရောင်အောက်တွင် တဖိတ်ဖိတ် တလက်လက် တောက်ပလျှက်ရှိသည်။ သစ်သားကို ကြေးဝါဖြင့် ဖုံးအုပ် ထားခြင်းကြောင့် ယဇ်ပူဇော်သောအခါတွင် သစ်သားကို မီးမလောင်နိုင် ချေ။ ကြေးဝါသည် အစွမ်းတန်ခိုး (Power)ကို ပုံဆောင်၏ (ယောဘ ၄၀း၁၈)။ “အစွမ်းတန်ခိုး”ဟုဆိုရာ၌ ဘုရားသခင်၏ အမျက်တော်မီးတည်းဟူသော တရားစီရင်ခြင်း ဒဏ် ခံနိုင်သည့်စွမ်းရည်ကို ဆိုလိုခြင်းဖြစ်သည်။ ဤအချက်ကို (တော ၁၆) ရှိ ပုန်ကန်မှုကြီးက သက် သေထူနေ၏။ ဘုရားသခင် အထံတော်သို့ အလိုနှင့်မညီသော နည်းလမ်းဖြင့် နံ့သာပေါင်း မီးရှို့ ပူဇော်ကြသော ပုန်ကန်သူ (၂၅၀)အား ဘုရားသခင်၏ အမျက်တော်မီး (ငယ် ၃၅-၃၉) ကျလောင်ကျွမ်း သည့်အခါ ထိုသူတို့၏လက်တွင် ကိုင်ဆောင်ထားသော ကြေးဝါ လင်ပန်းများ မီးဒဏ်သင့်ခဲ့သော်လည်း ပျက်စီးလောင်ကျွမ်းသွားခြင်း မရှိချေ။ မီးဒဏ်ကြောင့် လူပေါင်း(၂၅)လုံး သေဆုံးသွားသော်လည်း ကြေးဝါလင်ပန်း များတွင်မူ ခြစ် ရာ ပွန်းရာ တစ်ခုမျှပင် မထင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ကြေးဝါလင်ပန်း၌ ဘုရားသခင်၏ အမျက်တော် မီးဒဏ်ကို ခံနိုင်သောစွမ်းရည် ရှိခြင်းကြောင့် မပျက်စီးဘဲ ဆက်လက်တည်မြဲနေရ ခြင်းဖြစ်သည်။ ယဇ်ပလ္လင်ကို တည်ဆောက်ရာတွင် အဆိုပါကြေးဝါလင်ပန်းဖြင့် ဖုံးအုပ်မွမ်းမံ တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ကြောက်မက်ဖွယ် တရားစီရင်ခြင်းအောက်တွင် အဘယ်သူ ခံရပ်နိုင်သနည်း။ သန့်ရှင်းမြင့်မြတ်၍ ဖြောင့်မတ်တော်မူသော သားတော် အရှင်ယေရှုမှတစ်ပါး အဘယ်လူသား အဘယ်ကောင်းကင်တမန်မျှ တရားစီရင်ခြင်းကို မခံရပ်နိုင်ပါ။ ကိုယ်တော်ရှင်သည် အတုမဲ့လူသား ဖြစ်သကဲ့သို့ အံ့ဖွယ်ကယ်တင်ရှင်လည်းဖြစ်ပါတကား။ ဘုရား၏ တရားစီရင်ခြင်းဒဏ် (အမျက်တော်မီး)ကို ခံနိုင်စွမ်းရှိသည့် ကြေးဝါနှင့်အလားသဏ္ဍာန်တူ သော ဘုရားလည်းဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာ ခမည်းတော်ဘုရား နှစ်သက်သော ယဇ်ကို ပူဇော်ဆက်သနိုင်၏။ နှစ်ပေါင်းလေးထောင်ကြာ လူသားတို့မျှော်လင့် စောင့်စား ခဲ့ကြသော ရွေးနှုတ် ကယ်တင်ခြင်းအမှုကို အရှင် ယေရှုသာလျှင် ပြီးပြည့်စုံအောင် ဆောင်ရွက် နိုင်စွမ်းရှိသည့် တစ်ပါးတည်းသော ဘုရားသခင်ပေတည်း။ အပါယ်ငရဲ၌ လမ်းဆုံးရမည့် အပြစ်သားများကို ကိုယ်တော်သည် ဘုရားသခင် အထံတော် သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရုံသာမက အပြစ်သားများကို သန့်ရှင်းစင်ကြယ်စေပြီး နဂိုဖန်ဆင်းစအခြေအနေသို့ပြန်လည်ရောက်ရှိစေခဲ့သည်။ ကြေးဝါဖြင့် လေလုံအောင် မွမ်းမံဖုံးအုပ်ထားသော သစ်သားတံခါးတစ်ချပ်သည် မီးဒဏ်ကို အပြည့်အ၀ ခံနိုင်စွမ်းရှိကြောင်း လွန်ခဲ့သည့် နှစ်အနည်းငယ်က သိပ္ပံပညာရှင်များ စမ်းသပ်ပြသခဲ့ ကြသည်။ အဆိုပါစမ်းသပ်မှုကို လန်ဒန်မြို့ မီးသတ်ဌာနက သေချာစွာ စစ်ဆေးပြီးနောက် မှန်ကန် ကြောင်း အတည်ပြု ထောက်ခံခဲ့သည်။ မီးဒဏ်အမျိုးမျိုးကို ကြေးဝါတံခါး ခံနိုင်စွမ်းရည်ရှိကြောင်းကို ထောက်လျှင် သမ္မာကျမ်းသည် သိပံ္ပပညာထက် ခေတ်ရှေ့ပြေးရုံမက တိကျမှန်ကန်မှုရှိကြောင်း သက်သေထင်ရှား ပြနေသည်။ ဇကာ၊ မီးတောက်မီးလျှံနှင့် ယဇ်ပလ္လင် ဦးချို ယဇ်ပလ္လင်ထက်မှ မီးတောက်မီးလျှံသည် တရှဲရှဲအော်မြည်ကာ အရှိန်ပြင်းစွာ လောင်ကျွမ်း နေ၏။ ယဇ်ပလ္လင်၏အတွင်းဘက် အလယ်တွင် ဇကာတစ်ချပ်ကို တပ်ဆင်ထားပြီး ဇကာပေါ်တွင် ထင်းများကို တင်ထားလေသည်။ ထာဝရဘုရားထံတော်မှ မီးထွက်၍ ယဇ်ပလ္လင်ပေါ်ရှိ ယဇ်ကောင် ကို လောင်ကျွမ်းလေသည်။ (၀တ်၉း၂၄)။ ယဇ်ပုရောဟိတ်ကြီးက မီးလျှံတငြီးငြီး တောက်လောင်နေသော မီးပုံထဲသို့ သိုးလေးကို ထည့်သွင်း ပူဇော် လိုက်သောအခါတွင် ဣသရေလ လူသည် ထပ်မံ၍ ထိတ်လန့်တုန် လှုပ်သွား၏။ အလွန်ကြောက်မက်ဖွယ်ရာ မီးတောက်ပါတကား။ဟုတ်ပေသည်။ ကျွန်ုပ်တို့ ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။ (ဟေဗြဲ ၁၂း၂၉)။ ဣသရေလလူသည် မီးတောက်မီးလျှံအတွင်းမှ သိုးလေးကိုကြည့်လျှက် “သြော်”အပြစ်ကင်း တဲ့သိုးလေးတော့ ငါ့ကိုယ်စား အသေခံပြီး မီးလောင် သွားရှာပါလား။ တကယ်တော့ ငရဲမှာ ငါ လောင်ကျွမ်းခံရမှာ ပါလားဟု တွေးမိပြီး ပြင်းစွာ စိတ်ထိခိုက်သွားလေသည်။ အလားတူ ကျွန်ုပ်တို့အပြစ်သား ရှိသမျှသည် သေဒဏ်ခံထိုက်သော သူများဖြစ်ကြသော် လည်း အပြစ်ကင်းစင် သည့် သိုးသငယ် ယေရှုခရစ်သည် ကျွန်ုပ်တို့ ကိုယ်စား ဘုရားသခင်၏ အမျက်တော် မီးဒဏ်ကို ခံခဲ့ရလေသည်။ ဤအမှုကို တွေးဆကြည့်လျှင် အဘယ်မျှ ရင်နင့်ဖွယ် ကောင်းလှ သနည်း။ယေရှုခရစ်သည် ကျွန်ုပ်တို့ကိုယ်စား အပြစ်သားအဖြစ် ခံယူလျက် ဘုရား သခင်၏ သေဒဏ် စီရင်ခြင်းခံခဲ့သဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူအဖြစ် အသိအမှတ် ပြုခြင်း ခံရလေပြီ (၂ကော၊ ၅း၂၁)။ ကိုယ်တော်သည် ကြောက်မက်ဖွယ်ရာ အမှောင်ထုကြီးအတွင်း (၃)နာရီတိုင်တိုင် ဘုရား သခင်၏ စွန့်ပစ်ခြင်းခံခဲ့ရရှာသည်။ (မ၊ ၂၇း၄၆)။ 
ဤအကြောင်းအရာကို ဆင်ခြင်ရန်၊ ကျေးဇူးတော် ချီးမွမ်းရန်နှင့် ငြိမ်ဝပ်စွာ ကိုးကွယ်ဝတ်ပြုရန် အသင့်တော်ဆုံးနေရာမှာ ကားတိုင်ခြေရင်းမှ တစ်ပါး အခြားနေရာ မရှိတော့ချေ။ဤမျှ ကြီးမားသော ချစ်ခြင်းမေတ္တာဖြင့် မိမိအတွက် အသေခံခဲ့သည့် ယေရှုခရစ်ကို ငြင်းပယ် သူတို့အဖို့ နောက်တစ်ကြိမ်ထပ်မံ၍ သနားခြင်းကရုဏာခံစားရန် အကြောင်းမရှိတော့ချေ။ ယေရှု ခရစ် ဆက်သ ပူဇော်ခဲ့သည့် အပြစ်ဖြေရာ ယဇ်ကို လက်မခံသူတို့အဖို့ ငရဲမီးအိုင်၌ ဒုက္ခဝေဒနာ ထာဝရခံစားရုံမှလွဲ၍ အခြားလမ်း မရှိတော့ပေ။ ထို ဣသရေလ လူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ် လိုက်သည်နှင့် အံ့သြဖွယ်ရာ မြင်ကွင်းတစ်ခုကို ထပ်မံမြင် တွေ့ရပြန်သည်။ ကြေးဝါယဇ်ပလ္လင်ကြီးအထက်ရှိ မီးတောက်မီးလျှံများ မှာ တောက်ပလောင် ကျွမ်းလျက်ရှိရာ မီးခိုးများသည်လည်း ကောင်းကင်ယံသို့ တလူလူလွှင့်တက် နေသည်။ ယဇ်ပလ္လင်၏ ထောင့်(၄)ထောင့်မှ သွေးအလိမ်းလိမ်းပေကျံနေသော ဦးချို(၄)ချောင်း တို့ သည် ဘုရားသခင်အထံထော်သို့ လက်မြှောက်၍ကိုးကွယ်ရှိ ခိုးနေဟန်ရှိပြီး ယဇ်ပလ္လင်မူကား ဘုရားသခင် အထံတော်သို့ ပူဇော်သက္ကာယဇ်ကို ဆက်သ လျက်ရှိသည်။ ဦးချိုသည် ကယ်တင်ခြင်း၊ လုံခြုံခြင်း (သို့မဟုတ်) ကွယ်ကာမ ပေးခြင်းတို့၏ ခွန်အားဗလ အဖြစ် ပုံဆောင်ထားသည်။ ဟန္န၏ အသက်တာတွင် ဘုရားသခင်ထံမှ အောင်မြင်ခြင်းခံစားရသော အခါ “ရှင်ဘုရင်ကို ခွန်အားနှင့်ပြည့်စုံ စေ၍ အထံတော် (ဦးချို)၌ ဘိသိတ်ခံသောသူကို ချီးမြှောက် တော်မူမည်” ဟု မြွက်ဆိုခဲ့သည်။(၁ရာ၊၂း၂၁)။ ၎င်းအပြင် ဘေးကင်းခြင်း (၀ါ) လုံခြုံစိတ်ချမှု ရခြင်းတို့ကို ပုံဆောင်ထားသေးသည်။ ဓမ္မဟောင်းကာလက အသက်အန္တရာယ်မှ လွတ်ကင်းလိုသူတို့သည် ယဇ်ပလ္လင်၏ ဦးချိုကို ဆုပ်ကိုင်ကြောင်း (၃ရာ၊ ၁း၅၀၊ ၂း၂၀-၂၉)တွင်ဖတ်ရှုရသည်။ ယဇ်ပူဇော် ပသရာ ယဇ်ပလ္လင်သည် အရှင်ယေရှုကို ပုံဆောင်နေသည်။ အဘယ့်ကြောင့် ဆိုသော် ယဇ်ပလ္လင်သည်ပူဇော်သက္ကာရ ယဇ်ကောင်ကို ဘုရားသခင်အထံတော်သို့ ဆက်သပေး သကဲ့သို့ ယေရှုခရစ်သည် မိမိကိုယ်ကို ပူဇော် သက္ကယဇ် အဖြစ် ဘုရားသခင် ထံတော်သို့ ဆက်သံခဲ့ သည်။ အံ့ဖွယ်လူသား ယေရှုခရစ်သည် ယဇ်ပလ္လင်အဖြစ်ခံယူလျှက် မိမိကိုယ်ကို ဆက်သပူဇော်ခဲ့ ခြင်းကြောင့် ပူဇော်သက္ကာမှာသာ၍ တန်ဖိုးမြင့်မားလာရသည်။ ယဇ်ပလ္လင်သည် ပူဇော်သက္ကာကို သန့်ရှင်းစေသဖြင့် ပူဇော်သက္ကာထက် ယဇ်ပလ္လင်ကသာ၍ မြတ်ကြောင်း ကျွန်ုပ်တို့ သတိပြုရ ပေမည်။ (မ၊၂၃း၁၉)။ ဓမ္မသစ် ကာလ၌ ကားတိုင်၏လုပ်ဆောင်ချက်သည် အပြစ်သားများကို ကယ်တင်ရုံ သာမက သားတော်ယေရှုကို ခမည်းတော်ထံသို့ ပူဇော်ဆက်သ ခဲ့သေးသည်။ သားတော်သည် ကျွန်ုပ်တို့ အတွက် မိမိကိုယ်ကို မပေးအပ်မီ ပထမဦးစွာ ဘုရားသခင်အထံတော်သို့ ဆက်ကပ်အပ်နှံခဲ့သည်။ လူတို့၏ အပြစ် ဒုစရိုက်က ဘုရားသခင်၏ ဂုဏ် အသရေကိုညိုးနွမ်းစေခဲ့သော်လည်း သားတော်မူ ကား ဘုရားသခင်၏ ဘုန်းတော်ကို ပြန်လည်ထွန်းတောက်စေ၏။ ဘုရားရှင်၏ ဘုန်းတော်အတွက် သားတော်သည် အသေခံသည့်တိုင်အောင် နာခံ ဆက်ကပ်ခဲ့သည်။ ဘုရားသခင်သည် သန့်ရှင်း ဖြောင့်မတ်သော ဘုရား ဖြစ်သည့်အလျှောက် တစ်လောကလုံး၏ အပြစ်ကို ယူတင်လိုက်သည့် သားတော် ယေရှုအား မျက်နှာလွှဲလိုက်သည်။ သို့သော်လည်း သားတော်အပေါ်တွင် ချစ်ခြင်းမေတ္တာ ပြည့်ဝလျက်ပင် ရှိတော်မူ၏။ သားတော်သည် ထိုအဖြစ်ကို ကြိုတင်သိမြင်၍ “ငါသည် ကိုယ့်အသက်ကိုစွန့်၍ . . ငါ့ခမည်း တော်သည် ငါ့ကို ချစ်တော်မူ၏” ဟု မိန့်တော်မူခဲ့၏။(ယော၊၁၀း၁၇)။ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏ (ကော၊ ၃း၁၁)။ ယဇ်ပလ္လင် ဖြစ်သကဲ့သို့ ပူဇော်သက္ကာယဇ်လည်း ဖြစ်သည်။ ထို့ပြင် ပူဇော်သက္ကာကို ဘုရားသခင် အထံတော်သို့ မီးရှို့ပူဇော် ဆက်သပေးသောယဇ်ပုရောဟိတ်လည်းဖြစ်သည်။ ယဇ်ပူဇော်ပြီးသွားသော ဣသရေလ လူသည် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီး စိတ်လက်ပေါ့ပါးသွားလေသည်။ သူ၏အပြစ်ရှိသမျှ ဖြေလွှတ်ခြင်းခံရပြီးဖြစ်၍ ယခုသူသွားလိုရာသို့ လွတ်လပ်စွာ သွားနိုင်ပြီ။ မသွားမီ သူသိလိုသည့် အရာများကို ယဇ်ပုရောဟိတ်ထံမေးကြည့်မိသည်။ “တကယ်လို့ ကျွန်တော် မတော်တဆ အပြစ်ထပ်လုပ်မိရင် ဘယ်လိုလုပ်ရမှာလဲ” ယဇ်ပုရောဟိတ်က “အဲဒီအခါကျရင် တစ်ကောင်၊ ဒါမှမဟုတ် သိုးတစ်ကောင် ယူလာပြီး ယဇ် ပူဇော်ရမယ်” ဟုဖြေ၏။တဖန် “နောက်တစ်ခါ အပြစ် ထပ်လုပ် မိရင်ကော”ဟု ဣသရေလ လူက ဆက်မေးလိုက်၏။ “အပြစ်ထပ်လုပ်မိရင် ပူဇော်သက္ကာ သိုးတစ်ကောင် ထပ်ယူလာရဦးမှာပေါ့။ ငါ့အလုပ်က ဘယ်တော့မှမဆုံးနိုင်ဘူး။ ဒီမှာ အမြဲရှိနေမှာပါ . . ဒီနေရာမှာ ထိုင်စရာ ခုံလုံးဝမရှိတာမင်းသတိထားမိမှာပေါ့”ဟုဖြေသည်။ ယဇ်ပုရောဟိတ် ပြောစကားသည် အမှန်ဖြစ်၏။ တဲတော်ဝင်းအတွင်း၌ဖြစ်စေ၊ တဲတော် အတွင်း၌ဖြစ်စေ၊ထိုင်စရာခုံ လုံးဝမရှိချေ။ ဤနေရာ၌ ထိုင်ခွင့်သို့မဟုတ် အနားယူခွင့်လုံးဝမရှိပါ။ “ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ကျွန်တော့်မှာ ထိုင်နေခွင့် နားနေခွင့်မရှိဘူး။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော့်အလုပ်ဟာဘယ်တော့မှ မဆုံးနိုင်လို့ပ”ဲ ဟု ယဇ်ပုရောဟိတ် ကြီးက ဆက်ရှင်းပြလေ၏။ (ဟေဗြဲ ၁၀း၁၁)၌ “ယဇ်ပုရောဟိတ်မည်သည် ကား နေ့တိုင်းဝတ်ပြုလျက် အပြစ်မဖြေနိုင်သော ယဇ်ကို အထပ်အထပ် အဖန်ဖန် ပူဇော်လျက် ရပ်နေရ၏” ဟုဖော်ပြထားသည်။ယဇ်ပုရောဟိတ်ကြီးသည် အမှုတော် ဆောင်ရွက်ရာ တဲတော်အတွင်း၌ အဘယ့်ကြောင့် ထိုင်ခွင့်မရသနည်း။ အကြောင်းမှာ ကားတိုင်တရား မပေါ်ထွန်း သေးသည့် ဓမ္မဟောင်းကာလတွင် အသက်ရှင်နေရခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်ကား ရွေးနှုတ်ကယ်တင်ခြင်း အမှုကြီး မပြီးစီးသေး၍ နားပိုင်ခွင့် မရှိသေးချေ။ ဓမ္မဟောင်းကာလ၌ မရေမတွက် နိုင်လောက်အောင် များပြားလှသော ယဇ်ကောင်များကို ယဇ်ပူဇော်ခဲ့ကြသည်။ ရှောလမုန်မင်းကြီး တည်ဆောက်သည့် ဗိမာန်တော်ဆက်ကပ် အနုမောဒနာ ပြုပွဲတစ်ခု၌ပင် နွားကောင်ရေ (၂၂,၀၀၀)နှင့် သိုးကောင်ရေ (၁၂,၀၀၀၀)ကိုသတ်၍ ယဇ်ပူဇော်ခဲ့ကြ သည်။ (၃ ရာ၊ ၈း၆၃)။ သို့သော် ထိုမျှ များပြားသည့် တိရစ္ဆာန်ယဇ်ကောင်များ၏ အသွေးက အပြစ် ဒုစရိုက်ကို မဖယ်ရှားပေးနိုင်ချေ။ အကြောင်းမူကား နွားအသွေး၊ ဆိတ် အသွေးသည်အပြစ်ကို မဖယ်ရှားနိုင်ဟု သမ္မာကျမ်း၌ သတိပေးထားပါသည်။ (ဟေဗြဲ ၁၀း၎)။ မည်သို့ဆို စေကာမု ပဋိညာဉ် တရားဟောင်း လက်ထက်တွင် ယာယီအပြစ်ခွင်. လွှတ်ခြင်း ခံစားရကြောင်း အထက်ပါ ဣသရေလလူ၏ အဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ “အပြစ်မှ လွတ်ခြင်း၊ ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏” ဟု (ဆာလံ ၃၂) တွင်ဒါဝိဒ်မင်းကြီးသိချင်းစပ်ဆိုထားသည်မဟုတ်ပါလော။ ထိုအချိန်ကခွင့်လွှတ်ခြင်းသည်…………… 
(၁) ခေတ္တခဏသာဖြစ်၍ နောက်တစ်ကြိမ် အပြစ်ထပ်လုပ်မိလျှင် 
အသစ်သော ပူဇော်သက္ကာကိုထပ်မံယူဆောင်လာရသည်။
 (၂) ဓမ္မဟောင်းခေတ်က ပူဇော်ဆက်သသော ယဇ်များသည် ကားတိုင်ပေါ်တွင် တစ်ကြိမ်တည်း အသေသတ် ပူဇော်ခြင်းခံရမည့် စစ်မှန်သည့် ဘုရားသခင်၏ သိုးသငယ်တော်ကို ယုံကြည် မျှော်ကြည့်ရန်ဖြစ်သည်။ (ရော၊၃း၂၆)။ 
ထို့ကြောင့် ထိုင်နေခြင်း ရပ်နားခြင်း၊ အဆုံးသတ်ခြင်း အလျှင်းမရှိ။ အထပ်ထပ်အခါခါ ပူဇော် နေရသော ပူဇော်သက္ကာတို့သည် အပြစ်ကို ထာဝရမဖြေလွှတ်နိုင် (ဟေဗြဲ ၁၀း၁၁) သဖြင့် အသစ်သော ပူဇော်သက္ကာများကို အမြဲတမ်း ယူဆောင်လာရမည်။ ဤသည်မှာ တဲတော်အတွင်း၌ ထိုင်နားစရာ နေရာလုံးဝ မရှိခြင်း၏ အကြောင်း ရင်းပင်တည်း။ ၀မ်းမြောက်ခြင်းဖြင့် ကြွေးကြော်ပါယခု အချိန်တွင် ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင် ယေရှုခရစ်အားဖြင့် အခြေအနေ အရပ်ရပ်သည် အလွန်ခြားနား ကွာဟခဲ့လေပြီ။ ထာဝရရွေးနှုတ်ခြင်းအတွက် ခရစ်တော်သည် မိမိ ကိုယ်ကိုဆက်ကပ်ပေးလှူခဲ့သည်(ဟေဗြဲ၊ ၉း၁၁)။ ကိုယ်တော်သည် ကိုယ်ကို တစ်ခါတည်းပူဇော် သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှာ ပေါ်ထွန်းတော်မူ၏ (ဟေဗြဲ၊ ၉း၂၆)။ကိုယ်တော်၏ ပူဇော်သက္ကာ ဆက်ကပ်ခြင်းသည် အပြစ်ဒုစရိုက်ကို ထာဝရပယ်ရှင်းဖြေလွှတ် ခဲ့ကြောင်း ဓမ္မသစ်ကျမ်းနှင့် တမန်တော်တို့က သက်သေခံထား၏။ ကိုယ်တော်သည် ယခုအခါ ဘုရားသခင်၏ လင်္ကျာတော်ဘက်၌အစဉ်ထိုင်နေတော်မူ၏(ဟေဗြဲ-၁၀း၁၂)။ ဓမ္မဟောင်း ကာလနှင့် ဓမ္မသစ်ကာလတို့၏ လုပ်ဆောင်ချက်များ ခြားနားကွာဟပုံကို နှိုင်းယဉ်ကြည့်ကြဦးစို့။ အတိတ်ဓမ္မဟောင်းကာလယခုဓမ္မသစ်ကာလ၌…………… 
၁။ လောကီသား ယဇ်ပုရောဟိတ် ကောင်းကင်သား ယဇ်ပုရောဟိတ် 
၂။ တိရစ္ဆာန် ပူဇော်သက္ကာ။ ဘုရားသခင်၏ သိုးသူငယ်တော်(ယေရှု) 
၃။ ပူဇော်သက္ကာ အမြောက်အမြား ပူဇော်သက္ကာ တစ်ခုတည်းသာ 
၎။ အဖန်တလဲလဲ ပူဇော်ရသည် တစ်ကြိမ်တည်း ပူဇော်ရသည်။ 
၅။ ရပ်နေရသည်၊ ထိုင်ခွင့်မရှိ ထိုင် နေရသည်။ 
၆။ ဘယ်သောအခါမျှ မပြီးဆုံးနိုင်ပါ။ ထာဝရ ပြီးစီးသွားပြီ။ 
၇။ အပြစ်ကင်းစင်ခြင်း မရ အပြစ်ကင်းစင် ခွင့်လွှတ်ခြင်း ခံရသည်။ 
၈။ ခေတ္တခဏ (ယာယီ)ခွင့်လွှတ်ခြင်း ထာဝရ အကြွင်းမဲ့ ခွင့်လွှတ်သည်။ 
အကြွင်းမဲ့ နားနေခြင်း ကားတိုင်ပေါ်တွင် (၃)နာရီကြာမျှ ဝေဒနာကိုပြင်းပြစွာ ခံစားခဲ့ပြီးနောက် “အမှုပြီးပြီ” ဟု အရှင်ယေရှု ကြွေးကြော်ခဲ့လေသည်။ မှန်ပါသည် အပြစ်လွှတ်ခြင်းအတွက် ဘာမျှထပ်မံ လုပ် ဆောင်စရာ မလိုတော့ပါ။ အရှင်ယေရှုသည် ယခုအခါ ငြိမ်ဝပ်စွာထိုင်၍ နားနေတော်မူ၏။ ကိုယ် တော်သည် ငြိမ်ဝပ်ခြင်း ချမ်းသာထဲသို့ ၀င်ရောက်တော် မူခဲ့လေပြီ (ဟေဗြဲ ၄း၁၀)။ လောကီအပြစ်သားများ အပြစ် ခွင့်လွှတ်ခြင်းရဖို့ ဆောင်ရွက်စရာ အမှုအားလုံးကို အရှင်ယေရှုလုပ်ဆောင်ပြီးစီးခဲ့လေပြီ။ ထပ်မံလုပ်ဆောင်စရာ ဘာမျှမရှိတော့ပါ။ သို့သော် အပြစ်သား တစ်ယောက် အပြစ်ခွင့်လွှတ်ခြင်းရရန် ကိုယ်တော်ထံသို့ ယုံကြည်အားကိုးခြင်းဖြင့် လာဖို့လိုသည်။ ယဇ်ကောင်ပေါ်၌ လက်တင်ပြီး (အရှင်ယေရှုကို ယုံကြည်ကိုးစားပြီး) မိမိသည် လမ်းလွဲပျောက်ဆုံး နေသော အပြစ်သားဖြစ်၍ အပြစ်ဒဏ်စီရင်ခြင်း ခံထိုက်ကြောင်း အဖြစ်မှန်အတိုင်း ရိုးသားစွာ ၀န်ခံလျက်အပြစ်ဝန်ချရမည်။ ဤအရာကို ပြောင်းလဲခြင်း 
(၀ါ) အထံတော်သို့ ပြန်လှည့်ခြင်းဟု ခေါ်၏။ ကိုယ့်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ၊ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ဖြောင့်မတ်ခြင်း တရားနှင့်လည်းကောင်းပြည့်စုံတော်မူ၏”(၁-ယော-၁း၉)။ 
ချစ်လှစွာသော စာရှုသူသင်၌ အပြစ်ခွင့်လွှတ်ခြင်း မခံရသေးလျှင် ယခုပင် ကိုယ်တော်ရှင်ကိုယုံကြည်ပါ။အကြွင်းမဲ့ကိုးစားပါ။ဤမျှစုံလင်သော ရွေးနှုတ်ကယ် တင်ခြင်း အမှုအတွက် ခရစ်တော်အား ကျေးဇူးတင်ချီးမွမ်းပါ။ 
မိတ်ဆွေ။ “ကယ်တင်ခြင်းအတွက် သင်ဘာမျှ လုပ်စရာမလိုတော့ပါ” ဟု ထာဝရဘုရား ဖိတ်ခေါ် ကြေငြာနေသည်ကို သံသယမရှိပါနှင့် စိတ်ချယုံကြည်စွာ ချဉ်းကပ်ပါ။ ကိုယ်တော်အစပြုတော်မူ သောအမှုကို ကိုယ်တော်ပင် ပြည့်စုံပြီး စီးစေပြီးမှ တစ်ဖန်ကြွလာတော်မူမည်။ ထို့နောက်မှ ကမ္ဘာကုန်ရလတံ္တ။ ချစ်မိတ်ဆေ-ွ အရှင်ယေရှုခရစ်ကို မျှော်ကြည့်ပါ။ယုံကြည် အားကိုးလျက် အသက် ရှင်ပါ။သင်မျှော်ကြည့် အားကိုးလိုက်သည့် တခဏချင်းတွင် ခရစ်တော်ပေးသော ထာဝရအသက် ကို ဧကန်မုချပိုင်ဆိုင်ရလိမ့်မည်။ ခရစ်တော် အပြင် နောက်ထပ် မည်သူငြိမ်ဝပ်စွာ နားနေသေး သလဲ၊ သင် စဉ်းစားမိရဲ့လား။နောက် ပုဂ္ဂိုလ်တစ်ပါးမှာ ခမည်းတော်ဘုရားပင်ဖြစ်သည်။ ကားတိုင်ထက်၌ သားတော်လုပ် ဆောင်ပြီးစီး ခဲ့သော အမှုကြောင့် ခမည်းတော်သည် အလွန်ကျေနပ်အားရကာ ငြိမ်ဝပ်စွာ နားနေ တော်မူ၏။ ခမည်းတော်ဘုရား၏ စိတ်တော်ကို ကျေနပ်အားရ စေသည့် ပူဇော် သက္ကာပေါ်တွင် သင်လည်း အကြွင်းမဲ့ ကိုးစားနိုင်ပါသည်။ တစ်နေ့သော အခါတွင် ရွေးနှုတ်ကယ်တင်ခြင်းခံရသော သူတို့က အသေသတ်ခြင်း ခံခဲ့ပြီး သော သိုး သူငယ်တော်သည် တန်ခိုး၊စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်း အာနုဘော်နှင့် ကောင်းချီးမင်္ဂလာကို ခံထိုက်သောသူဖြစ်၏ဟု အထက် ကောင်းကင်ဘုံတွင် တေးဖွဲ့သီဆို ကျူးရင့် ကြရလိမ့်မည် (ဗျာ ၅း၉-၁၂)။
အခန်း ( ၅ ) အင်တုံ (ထွ ၃၀း၁၇-၂၁)
ယဇ်ပုရောဟိတ်ကြီးခင်ဗျာ-ကျွန်တော်မသိလို့မေးပါရစေ။
ဟိုနားက လူတစ်ယောက် သူ့ရဲ့ ခြေ လက်တွေကို 
ဘာဖြစ်လို့ ရေနဲ့သေချာ ဆေးနေရတာလ”ဲ?
 သြော် - အဲ့ဒါလား ကဲ . . . သူ့ကို သေသေချာချာ ကြည့်လိုက်စမ်း၊ 
သူဝတ်ထားတဲ့ ၀တ်ရုံ အဖြူနဲ့ ပန်းထိုးထားတဲ့ ခါးစည်းကိုကြည့်ရင် 
သူလည်း ယဇ်ပုရောဟိတ် တစ်ပါးဆိုတာ သိနိုင်တယ်။ 
သန့်ရှင်းရာဌာနထဲကို သန့်ရှင်းစင်ကြယ်တဲ့ ယဇ်ပုရောဟိတ်ပဲ 
ဝင်ခွင့်ရှိတာမို. မ၀င်ခင် အခုလိုအရင်ဆုံး ဆေးကြောရတယ်။ 
မှန်ပေသည်။ သာမန် ဣသရေလ လူတစ်ယောက်အဖို့ သန့်ရှင်းရာဌာနထဲသို့ ၀င်ရန် မဆို ထားနှင့်၊ယဇ်ပုရောဟိတ်များ၏ ဝေယာာဝစ္စကို ကူညီလုပ်ကိုင်ပေးရသော အလုပ်သမား “လေ၀ိလူ” တို့ပင် ၀င်ရောက်ခွင့် မရှိပေ။ “လေ၀ိလူ” တို့သည် တဲတော်ဝင်း (သန့်ရှင်းရာဌာန အပြင်ဘက်)ရှိ အလုပ်ကိစ္စနှင့် တဲတော် အသုံးအဆောင်ပစ္စည်းမျာကို ထမ်းရွက်သယ်ပိုး ရွှေ့ပြောင်းခြင်း အမှုကိုသာ လုပ်ဆောင်ကြရသည်။ ဤသန့်ရှင်းရာဌာန အတွင်းသို. ယဇ်ပုရောဟိတ်မင်း အာရုန် နှင့် အာရုန်မှဆင်းသက်လာသော ယဇ်ပုရောဟိတ်များသာ ၀င်ရောက်ခွင့်ရှိသည်။ 
ဘုရားသခင်သည် အလွန်သန့်ရှင်း မြင့်မြတ်တော်မူ၏။ 
ယဇ်ပုရောဟိတ်များမူကား မိမိတို့ 
ကိုယ်ကို ထာဝစဉ်ညစ်ညူးစေတတ်သူများ ဖြစ်ခြင်းကြောင့် 
အထံတော်သို့ ချဉ်းကပ်တိုင်းသန့်ရှင်း ခြင်းရှိရန် ရှေးဦးစွာ အင်တုံ၌ကိုယ်ကို ဆေးကြောသန့်စင် ရမည်ဟု ဘုရားရှင်သည် တင်းကြပ်စွာ ပညတ်ထားခဲ့သည်။ ထိုသို့ သန့်ရှင်းခြင်း မပြုလျှင် ယဇ်ပုရောဟိတ်တို့သည် ဘုရားသခင်၏ 
အမှုတော်ကို သန့်ရှင်းစင်ကြယ်စွာ ဆောင်ရွက်နိုင်ကြမည် မဟုတ်ပေ။ 
(ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ်ဖြစ်သည် ) ဤအကြောင်းအရာများသည် ဓမ္မဟောင်းကာလ အဖြစ်အပျက်များဖြစ်သည်။ သာမန် ဣသရေလ လူတစ် ယောက်အတွက် ယဇ်ပလ္လင်ကို ကျော်လွန်ခွင့် မရှိသောကြောင့် အင်တုံကို အရေးထားစရာ မလိုသော်လည်း ယဇ်ပုရောဟိတ် မူကား အင်တုံကို နေ့စဉ် အသုံးပြုနေရသောကြောင့် အင်တုံသည် သူ့အတွက် အလွန်အရေးကြီးသည်။ ဤစာကိုဖတ်နေသော သင်နှင့်ကျွန်ုပ်အတွက်လည်း ပူဇော်သက္ကာယဇ်ဖြစ်သော ခရစ်တော်ကို လက်ခံပြီးသူဖြစ်လျှင် အင်တုံသည် မရှိမဖြစ် 
အရေးပါလိုအပ်သော အရာဖြစ်လာသည်။ 
အကြောင်းဆိုသော် - 
ဘုရားသခင်သည် ပူဇော်သက္ကာဖြစ်သော ခရစ်တော်ကို လက်ခံသူတို့အား အပြစ်ဆေးကြောဖြေလွှတ်ရုံသာမက၊ ယဇ်ပုရောဟိတ်များ အဖြစ်လည်း ခန့်ထားတော်မူ၏။ ခရစ်တော်သည် သူပိုင်ဆိုင်သော သူများကို ချစ်မြတ်နိုးတော်မူသည့်အတွက် ထိုသူတို့အား ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များအဖြစ် ခန့်ထားတော်မူ၏ (ဗျာ၁း၅-၆)။ 
ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သူတိုင်းသည် ဘုရားသခင်၏သား
 ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ်လည်းဖြစ်သည်။ ဓမ္မသစ်ကာလတွင် ဓမ္မဟောင်းကာလကဲ့သို့ ယုံကြည်သူ သာမန်လူတန်းစားနှင့် ဘုန်းကြီးလူတန်းစားဟူ၍ အဆင့်အတန်းခွဲခြားခြင်း မရှိပေ။ 
တမန်တော်ကြီး ရှင်ပေတရုက ယုံကြည်သူများထံ စာရေးသည့်အခါ 
“သင်တို့သည် . . ဓမ္မယဇ်ကို ပူဇော်ရသော ယဇ်ပုရောဟိတ်မျိုးလည်း ဖြစ်ကြ၏။ အလင်းသို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းငှာ၊ မင်းစည်းစိမ်ရှိ သော ယဇ်ပုရောဟိတ်မျိုး ဖြစ်ကြ၏” ဟု
 ရေးသားဖော်ပြခဲ့သည် (၁ ပေ၊ ၂း၅-၉)။ 
သံသယအတွေး ။………။ခရစ်ယာန်များစွာတို့သည် အဘယ်ကြောင့် 
ယနေ့တိုင် ကယ်တင် ခြင်း စိတ်ချမှုမခံစားရသနည်း။ ထိုသူတို့သည် 
မိမိကိုယ်မိမိ ပျက်စီးဆုံးရှုံး နေသည့် အပြစ်သားဖြစ်ကြောင်း သိမြင်၍ ယဇ်ပလ္လင်တည်းဟူသော ကားတိုင်သို့ ချဉ်းကပ်လျက် ပူဇော်သက္ကာယဇ် (ခရစ်တော်)ပေါ်သို့ လက် တင်ခဲ့ကြသည်။ “ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှ ကို ဆေးကြောတော်မူ၏” (၁ယော ၁း၇) ဟူသော ကတိတော်ကိုယုံကြည်ကြသူ များလည်းဖြစ်သည်။ 
ထို့ပြင် ဘုရားသခင်ပြုတော်မူသော ကယ်တင်ခြင်းကျေးဇူးကို လက်ခံလျက် ဘုရားသခင်အား ကျေးဇူးတင်ချီးမွမ်းကြသည်။ (ယော၊ ၁း၁၂၊ ၁၃။ ကော ၁း၁၂)။
 သို့ရာတွင် ထိုသူတို့သည် များမကြာမီ အချိန်အတွင်း အမှောင်ထဲသို့ ပြန်လည် သက်ဆင်းမိကြကာ ထပ်မံအပြစ်ကျူးလွန်သေးကြောင်း ၀မ်းနည်းဖွယ်ရာ တွေ့ရ သည်။ ထိုသူတို့ကို ကြည့်လျှင် မယုံကြည်ခင်က လူဟောင်းအသက်တာ အတိုင်းပင် ရှိသေးသည်။ ဘုရားသား၏ လက္ခဏာလည်း ပေါ်လွင်ထင်ရှားခြင်းမရှိ။ သူတို့၏ ပြောင်းလဲခြင်းသည် စစ်မှန်သော ပြောင်းလဲခြင်း ဟုတ်ပါရဲ့လား။ သူတို့သည် ဘုရားသခင်၏ သားသမီး အစစ်အမှန် ဖြစ်ကြပါ၏လော။အထက်ပါ သံသယ အတွေးများသည် သူတို့၏ စိတ်နှလုံးထဲတွင် ပေါက်ဖွား လှုပ်ရှားနေလေ တော့သည်။ တစ်ကြိမ်တည်း ရွေးနှုတ်ခံရရုံဖြင့် ကယ်တင်ခြင်းကို ထာဝရပိုင်ဆိုင်ရသည်။ ကျွန်ုပ်တို့ တစ်ကြိမ်ပြောင်းလဲပြီးလျှင် နောက်ထပ်ပြောင်းလဲစရာ လိုအပ်သေးသလား၊ အသွေးတော်ဖြင့် ဆေးကြောပေးရန် ထပ်ခါထပ်ခါ တောင်းဆိုးရမည်လော၊ ကယ်တင်ခြင်း ပြန်လည်ဆုံးရှုံးနိုင်သလော ထာဝရတည်တံ့ပါသလော။ 
ဤသို့ သံသယ မေးခွန်းမျိုးသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ဖီလာ ဆန့်ကျင်နေသည်။ ထိုသို့ မေးမြန်းသူ၊ သံသယဖြစ်နေသူတို့သည် ယဇ်ပလ္လင်နှင့် အင်တုံ၏ လုပ်ဆောင်ချက် ကွာခြားမှု အနက်အဓိပ္ပါယ်ကို 
နားလည်မှု လွဲမှား နေခြင်းကြောင့် ဖြစ်သည်။ 
မယုံကြည်သူအတွက် ယဇ်ပလ္လင်၏ လုပ်ဆောင်ချက် 
လူသားတိုင်းသည် အပြစ်သားများ ဖြစ်ကြ၍ 
တစ်နေ့ ဘုရားသခင်၏ အပြစ်ဒဏ် စီရင်ခြင်း ခံရမည်။ 
သို့သော် ကားတိုင် (ယဇ်ပလ္လင်)ထက်တွင် ခရစ်တော် 
အသေ ခံခြင်းဖြင်. တင်ခြင်း အမှုအားလုံးကို ပြည့်စုံပြီးစီးစေခဲ့သည်။ 
မည်သူ မဆို မိမိအပြစ်များကို နောင်တရ တောင်းပန်လျက် ခရစ်တော်၏ အသွေးတော်ကို ယုံကြည်ကိုးစားပါက ဒဏ်စီရင်ခြင်းမှ ထာဝရ ရွေးနှုတ်ခြင်း ခံရမည်။ ခရစ်တော် လုပ်ဆောင်ခဲ့သော ရွေးနှုတ်ခြင်းသည် ထာ၉ရတည်သောကြောင်. တခါ ယုံကြည်လက်ခံပြီးလျှင် 
အပြစ်ခွင့်လွှတ်ခြင်းရရန် အဖန်တလဲလဲ တောင်းခံရန်မလိုပါ။ 
ယုံကြည်သူအတွက် အင်တုံ၏ လုပ်ဆောင်ချက် 
ခရစ်တော်ကို ယုံကြည်လက်ခံသူသည် ဘုရားသခင်၏သား
 ဖြစ်လာသော်လည်း ခရစ်တော် အသေခံတော်မူခြင်းဖြင့် ကယ် ညစ်ညူးနိုင်သေး၏။အပြစ်ထပ်မံ ကျူးလွန် မိနိုင်သေး၏။ 
အကယ်၍ အပြစ်ထပ်ပြုမိလျှင် ၀န်ချတောင်းပန်ခြင်းဖြင့် ညစ်ညူးခြင်း ကို ဖယ်ရှားပစ်ရမည်။ ဤ အမှုအတွက် ခရစ်တော်သည် ခရစ်တော်
ဘုရားရှေ့တော်၌ အမှုဆောင်သခင်အဖြစ် ဆောင်ရွက်လျှက် ရှိသည်။ 
ကိုယ်တော်သည် ကျွန်တော်တို. ၏ ခြေ၊(စိတ်နှလုံး)ကို 
နုတ်ကပတ်တော်ရေဖြင်. ဆေးကြောပေးနေသဖြင်. ညစ်ညူး သွားသည်.အခါ ထပ်မံတလဲလဲ ဆေးကြောရခြင်းဖြစ်သည်။ သန့်ရှင်းစင်ကြယ်စေသောရေ အင်တုံသည် ဘုရားသခင်၏ အိမ်တော်သို့ သွားရာလမ်းပေါ်ရှိ ဒုတိယမြောက် အရာဝတ္ထုဖြစ် ပြီး ရေအပြည့်ဖြည့်ထားသည်။ သမ္မာကျမ်းတွင် ရေ၏ထူးခြားချက်ကို မည်သို့ တွေ့နိုင်သနည်း။ “ကိုယ်တော်သည် အသင်းတော်အား နှုတ်ကပတ်တော်ရေဖြင့် ဆေးကြော သန့်စင်တော် မူ၏” ဟု (ဧ ၅း၂၆)တွင် ဖေါ်ပြထားကာ “သင်တို့သည် ငါဟောပြောသော စကား (နှုတ်ကပတ် တော်ေ၇)အားဖြင့် ယခုပင် ရှင်းလင်းလျက်ရှိသည်” ဟု (ယော ၁၅း၃)တွင်လည်း ဖော်ပြထားသည်။ ဤကျမ်းပိုဒ်အရ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ရေပမာ လူတစ်ဦးစီ၏ အသက်တာကို သန့်ရှင်းစင်ကြယ်စေကြောင်း ပုံဆောင်နေသည်။ 
 သွေးနှင့်ရေအရှင်ယေရှု သက်တော်စွန့်ပြီးနောက် စစ်သူရဲတစ်ယောက်က နံလေးတော်ကို လှံဖြင့်ထိုး ဖောက်လိုက်ရာ သွေးနှင့်ရေ ချက်ချင်းစီးထွက်လာ၏။ (ယော ၁၉ါ်၃၄)။ စီးထွက်လာသော အသွေးသည် ရန်ငြိမ်းခြင်း (သို့မဟုတ်) အပြစ်ဖြေလွှတ်ခြင်းပေး၍ ရေမူကား ဆေးကြောသန့်စင်ခြင်းကို ရည်ညွှန်းလျက် ရှိသည် (၁ ယော ၅း၆)။ ပြောင်းလဲလာသူသည် အသွေးတော်ဖြင့် ရွေးနှုတ်ဖုံး လွှမ်းခြင်း ခံရသည်။ သို့ရာတွင် ဘုရားသခင်နှင့် အမြဲတမ်းမိတ်သဟာယ ဖွဲ့နိုင်ဖို့ သန့်ရှင်းစင်ကြယ်ရမည်။ သန့်ရှင်းစင်ကြယ်ရန်လည်း ရေ ဖြင့် ထပ်ခါတလဲလဲ ဆေးကြောသန့်စင်ရမည်ဖြစ်ကြောင်း အင်တုံက သတိပေးလျက်ရှိသည်။ 
ထို့ကြောင့် အသွေးတော်ဖြင့် အပြစ်ဖြေလွှတ်ခြင်းအပိုင်းနှင့် နှုတ်ကပတ်တော်ရေဖြင့် အကြိမ်ကြိမ် ဆေးကြောသန့်စင်ခြင်းအပိုင်းတို့ကို ကွဲကွဲပြားပြား သိထားလျှင် ကျွန်ုပ်တို့၏ အသက်တာ၌ ယုံမှားသံသယဖြစ်နေသော အရာများ ပျောက်ကွယ် သွားလိမ့်မည်။ ခရစ်တော်၌ဆက်ဆံခြင်း ခရစ်တော်နှင့်အတူ ဆက်ဆံခြင်း အရှေ့တိုင်းသားများသည် ခြေအိတ်နှင့်ရှူးဖိနပ်များကို မစီးဘဲ ကြိုးသိုင်းဖိနပ်၊ ခြေညှပ်ဖိနပ်များကိုသာ စီးလေ့ရှိကြသဖြင့် မကြာခဏ ခြေထောက် ညစ်ပတ် ပေကျံသွားတတ်သည်။ ထိုခေတ်အခါက ညစ်ပတ်ပေကျံနေသော ခြေထောက်ဖြင်. ကွပ်ပျစ်နှင့်ခုံတန်းရှည်များပေါ်တွင် လဲလျောင်း ခွင့်မရှိချေ။ 
ဧည့်ခံစားသောက်ပွဲများတွင် အစာမစားမီ ဧည့်သည်များ၏ခြေထောက်ကို 
ပထမဦး စွာ ဆေးကြောပေးသော ဓလေ့ထုံးစံရှိခဲ့သည်။ (လု ၇း၃၆-၅၀)။ ကိုယ်တော်ရှင်၏ နောက်ဆုံးညစာစားပွဲတွင် တပည့်တော်အချင်းချင်း မည်သူကသာ၍ ကြီး မြတ်သလဲဟု ငြင်းခုံနေကြစဉ် အရှင်ယေရှုကိုယ်တိုင် တပည့်တော်တို့၏ခြေကို ဆေးပေးလျက် အစေခံတော်မူခဲ့၏။ ဤအရာကို လက်မခံလိုသော ယေရှုအား အရှင်ယေရှုက “သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရ ဟု မိန့်တော်မူ၏” (ယော ၁၃း၈)။ ခရစ်တော်၌ ဆက်ဆံခြင်းအခွင့်ကို ခြေဆေးခြင်းဖြင့်ရသည်မဟုတ်ဘဲ ယဇ်ပလ္လင(် ကားတိုင် ၌ မိမိကိုယ်စား ခရစ်တော်အသေခံသွားသည်ကို ယုံကြည်ခြင်းဖြင့် ရခဲ့ခြင်းဖြစ်သည်။
 သို့သော် ခရစ်တော်နှင့်အတူနေစဉ် ဆက်ဆံနိုင်ရန် ခြေဆေးခွင့်ပြုရမည်။ ပေတရုအား အရှင်ယေရှုပြောခဲ့ သောစကားကို ထောက်၍ ကျွန်ုပ်တို့၏နေ့စဉ် အသက်တာတွင် ခရစ်တော်နှင့်အတူ မိတ်သဟာယ ဖွဲ့လျက် ဆက်ဆံခြင်းရှိရမည်။ ခြေဆေးခြင်း ထို့ကြောင့် ယုံကြည်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ရေ(အင်တုံ)ရှိရာသို့ အစဉ် ချဉ်းကပ်ရမည်။ 
သဲကန္တာရထဲတွင် လျှောက်နေရသူ၏ ခြေထောက်သည် အစဉ်ညစ်ပတ်ပေကျံ နေ တတ်သည်။ ထို့အတူ အပြစ်ဒုစရိုက်ဖုံးလွှမ်းရာ ဤလောကကြီးထဲတွင် အသက်ရှင်နေထိုင်ကြရ သော ယုံကြည်သူတိုင်းသည် မကောင်းမှုများနှင့် ငြိစွန်းလျက် စိတ်နှလုံးကို ညစ်ညူးစေတတ် သည်။ (ယေရ ၁၇း၉)။ 
ရံဖန်ရံခါ မနောကံ၊ ၀စီကံဖြင့် အပြစ်ကျူးလွန်မိတတ်သည်။ အထူးသဖြင့် နေ့စဉ် မြင်ရကြားရသော လောကီအရာများက ကျွန်ုပ်တို့၏ စိတ်နှလုံးနှင့် အသက်တာကို ညစ်ညူးစေသည်။ အပြစ်ဒုစရိုက်ကို ထင်ထင်ရှားရှား မကျူးလွန် ခဲ့လင့်ကစား ရေအင်တုံ၌ ထပ်ခါထပ်ခါ ဆေး ကြောသန့်စင်ဖို့ လိုသည်။ သို့ဖြစ်၍ နေ့စဉ် နှုတ်ကပတ်တော် ဖတ်ရှုဆင်ခြင်လျှက် မိမိကိုယ်ကို စစ် ဆေးသင့်သည်။ ကျွန်ုပ်တို့ခြေကို မည်သူ ဆေးပေးသနည်း။ အရှင်ယေရှု ကိုယ်တော်တိုင် ဆေးပေး သည်။ ယုံကြည်သူ ကျွန်ုပ်တို့၏ အသက်တာတွင် အရှင်ယေရှုက နှုတ်ကပတ်တော် ရေဖြင့်ဆေးကြောပေးနေသည်ကို ယုံကြည်ရန်ခက်ခဲသော်လည်း နှုတ်ကပတ်တော်ကို အစဉ်ဖတ်ရှုကြားနာလျှင် အမှန်တကယ်ပင် သန့်ရှင်း စင်ကြယ်ခြင်း ခံစားသိရှိ လာနိုင်သည်။ နှုတ်ကပတ်တော်၌ တန်ခိုးရှိသောကြောင့် ကျွန်ုပ်တို့၏ မသန့်ရှင်းသော အကြံ အစည်၊ အတွေးအခေါ်၊ အပြုအမူများကို ပေါ်လွင်ထင်ရှား စေနိုင်သည်။ သမ္မာကျမ်းသည် သန့်ရှင်း စုံလင်သောကြောင့် ကျွန်ုပ်တို့၏ အမှားများ၊ အပြစ်များနှင့် အားနည်းချက်များကို ပြန်လည်တွေ့မြင် လာအောင်ဖော်ပြပေးနိုင်သည်။ ဤနည်းအားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့ကို နောင်တရစေ၍ အပြစ်ဝန်ချ တောင်းပန်စေ ခဲ့သည်။ 
မိမိအပြစ်ကို နောင်တရပြီး ၀န်ချတောင်းပန်လိုက်သည်နှင့် အပြစ်ခွင့်လွှတ်ခြင်း ခံရပြီး နောက် သန့်ရှင်းစင်ကြယ်သော ယုံကြည်သူ တစ်ဦး အဖြစ်သို့ပြန်လည်ရောက်ရှိလာသည်။ ကျွန်ုပ်တို့ သန့်ရှင်းစင်ကြယ်ရခြင်းမှာ ခမည်းတော်ဘုရား ရှေ့တော်တွင် အမှုဆောင်၍ လျှောက်လဲပေးနေသော အရှင်ယေရှု ကြောင့်ပေးတည်း။ ထို့ကြောင့် (၁ ယော ၂း၁-၂) တွင် “ချစ်သားတို့ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏” ဟု သတိပေးထားခြင်းဖြစ်သည်။ ဤအချက် ပင်လျှင် ခမည်းတော် ဘုရား၏ အလိုတော်ဖြစ်သည်။ ဘုရားသား ဖြစ်သူသည် ဒုစရိုက်ကျူးလွန်လိုစိတ် မရှိသော်လည်း လက်တွေ့တွင် အပြစ်ပြု နိုင်ကြောင်း ဘုရားသခင်သိမြင်ပြီးဖြစ်သည်။ ဘုရားသားဖြစ်သူသည် အပြစ်ပြုမိသောအခါ မျှော်လင့် ချက်ကင်းမဲ့စွာ အသက်ရှင်ဖို့မလိုပါ။ အကြောင်းမူကား ဖြောင့်မတ် တော်မူသော အရှင်ယေရှုခရစ် တည်းဟူသောငါတို့အမှုဆောင် သခင်သည် ခမည်းတော်ထံ၌ လျှောက်လဲ ပေးနေ၏။မည်သည့်အချိန်တွင်အပြစ်ဝန်ချရမည်နည်း။ 
ယုံကြည်သူ သူငယ်ချင်း တစ်စုသည် ခြေဆေးခြင်းနှင့်
ပတ်သက်ပြီး စကားလက်ဆုံ ကျနေကြရာ 
ပထမ, တစ်ယောက်က စတင်၍ “ကျွန်တော်ဟာ စနေနေ့ည ရောက်တိုင်း တစ်ပါတ်အတွင်း လုပ်မိခဲ့တဲ့အပြစ်တွေကို ပြန်စစ်ဆေးပြီး မှားတာတွေကို ဘုရားသခင်ဆီ အပြစ်ဝန်ချတောင်းပန် လေ့ရှိတယ်။ 
ဒီလို လုပ်ခြင်းအားဖြင့် တနင်္ဂနွေနေ့ကျရင် စိတ်ထဲမှာပေါ့ပါးရွှင်မြူးစွာနဲ့ 
သွားလာရ တယ်” ဟုသူငယ်ချင်းများကိုပြောပြနေသည်။ 
ဒုတိယလူက “ကျွန်တော်ကတော့ စနေနေ့ညအထိ ဆိုင်းမထားဘူးဗျ။ လုပ်ခဲ့သမျှအပြစ် တွေ ကို ညအိပ်ရာမ၀င်ခင် ပြန်စစ်ဆေးပြီး 
ဝန်ချတောင်းပန် လေ့ရှိတယ်” 
တတိယလူက “ကျွန်တော်ကတော့ အပြစ်သင့်တဲ့ ပြောဆို လုပ်ကိုင် ကြံစည်သမျှကို အမြဲ ဆန်းစစ်ပြီး ချက်ချင်းဝန်ချ တောင်းပန်လေ့ရှိတယ်။ 
တကယ်လို့ မသန့်ရှင်းတဲ့ အရာတွေကို တွေးမိ ရင်တောင် ချက်ချင်းဖယ်ရှားပစ်လိုက်တယ်” အထက်ပါ ယုံကြည်သူသုံးဦးအနက် မည်သူသည် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ပါသနည်း။ အဘယ်သူသည် ဘုရားသခင် လုပ်ဆောင်ပေးခဲ့သော အကျိုးကျေးဇူးကို ပြည့်ပြည့်၀၀ ခံစားရပါသနည်း။ သားဆိုး သမီးဆိုးကို ပစ်ရိုးထုံးစံမရှိ 
ကလေးတစ်ယောက်သည် ဖခင်(သို့မဟုတ်) မိခင်၏ စကားကို နားမထောင်ခဲ့သော်မိဘများက“ ဟာ . . .ဒီကလေးက 
တို့ရဲ့သားသမီး မဟုတ်ဘူး” ဟု ပြော၍မရပါ။ သားသည် သားအရာ ၌ ဆက်လက်တည်တံ့နေပေမည်။ ဇာတိမျိုးရိုးမှ မွေးဖွားလာသည့်သားကို သွေးသား မတော်စပ် တော့ဟု ပြောင်းလဲငြင်းပယ်၍ မရနိုင်ပါ။ သို့သော် မိဘစကား နားမထောင်သော သားမိုက် တစ်ယောက်အဖို့ ဖခင်အပါးတွင် ပျော်ပျော်ရွှင်ရွှင် နီးနီးကပ်ကပ် နေခွင့်ရမည် မဟုတ်ချေ။ ထိုနည်းတူ ယုံကြည်သူတစ်ဦးသည် အပြစ်ကျူးလွန်မိသောအခါ ဘုရားသခင်၏ သားအဖြစ် မှ မဆုံးရှုံးနိုင်သော်လည်း ဘုရားသခင်၏စကားကို နားမထောင်ခြင်းကြောင့် ထိုသူ၏ အသက်တာ ၌ ၀မ်းမြောက်ပျော်ရွှင်မှု ကင်းမဲ့ နေလိမ့်မည်။ ထိုမျှမက ခမည်းတော်ဘုရားနှင့် အဆက်ပြတ်လျှက် ဆုတောင်းခွင့်နှင့် အောင်မြင်ခြင်းတန်ခိုးဆုံးရှုံးရလေသည်။ 
 ထိုသူသည် ဘုရားသခင်နှင့် ပြန်လည်ဆက်သွယ် ရင်းနှီးရန် မိမိအပြစ်များကို ဖော်ပြ၍၀န်ချတောင်းပန်ရမည်။ ၀န်ချရာတွင် အပြစ်သားက ဘုရားသခင်အထံ တော်သို့ ချဉ်းကပ်ခြင်းမျိုး မဖြစ် စေဘဲ၊ ဖခင်ထံသို့ နောင်တဖြင့် ပြန်လာသော သားမိုက်တစ်ယောက်၏ ချဉ်းကပ်ခြင်းမျိုးသာ ဖြစ်ရ မည်။ ဤအချက်သည်ပင် ရေ အင်တုံ၏ ထူးခြားချက်ဖြစ်သကဲ့သို့ ယုံကြည်သူတိုင်း၏ အသက်တာတွင် အရေးအကြီးဆုံးသော အချက်ဖြစ်သည်။ ယုံကြည်သူသည် မိမိ၏ကယ်တင်ရှင်နှင်. ကောင်းကင်အဖဖြစ်သော ခမည်း တော်ဘုရားကို ၀မ်းနည်း ကြေးကွဲ ရှုတ်ချ ထိခိုက်အောင် မပြုသင့်ကြောင်း ရေ အင်တုံကသတိပေးလျက်ရှိသည်။
 ယုံကြည်သူသည် အပြစ်ပြုမိ၍ ပြိုလဲသွားသောအခါတွင် စစ်မှန်သော နောင်တဖြင့် ၀န်ချ တောင်းပန်ပါက ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပြန်လည်ထူပင့် ချီးမခြင်းခံရကာ အပြစ်ခွင့် လွှတ်ခြင်း ခံစားရသည်။ ၎င်းပြင် ရွေးနှုတ် ကယ်တင်ရှင် နှင့် ပြန်လည် မိတ်သဟာယဖွဲ့ရသော အခွင့်ရရှိပြီး အသစ်သော ငြိမ်သက်ခြင်းကိုပြန်လည်ခံစားရလေသည်။ ထာဝရ အစေခံသော အရှင် ချစ်စွာသော ယုံကြည်သူ ညီအစ်ကို မောင်နှမ အပေါင်းတို့ - ပေကျံနေသော မိမိတို့ခြေထောက်ကို ပေတရုနည်းတူ နောက်သို့မရုပ်သိမ်းလိုက်ပါနှင့် ကိုယ် တော်ရှင်အား ကြည်ကြည်သာသာ ဆေးကြောခွင့်ပေးလိုက်ပါ။ ကိုယ်တော်ရှင်နှင့်အတူ မိတ် သဟာယဖွဲ့နိုင်ရန် (သို့မဟုတ်) 
ခွင့်လွှတ်ခြင်းရရန် အမြဲဝန်ချတောင်းပန်ပါ။ သင်၏ ခြေ(စိတ်နှလုံး) ကို ဆေးကြောခွင့်ပေးသည့်အခါတိုင်း ကိုယ်တော်ရှင်သည် ၀မ်းမြောက်ပီတိ ဖြစ်လိမ့်မည်။ ဆေး ကြောခွင့်မပေးလျှင် ကိုယ်တော်ရှင်ကို ၀မ်းနည်းကြေကွဲ စေလိမ့်မည်။ သင်သည် ကိုယ်တော်ရှင် အား ရိုသေလေးစားခြင်းဖြင့် ဆုတောင်းပဌနာ ပြုနေသူ ဖြစ်ကောင်းဖြစ်လင့်ကစား ကိုယ်တော်ရှင် နှင့်အတူ ၀ိညာဉ်၌ နီးနီးကပ်ကပ် အသက်မရှင်လျှင် ကိုယ်တော်ရှင်သည် ဧကန်အမှန် ၀မ်းနည်းရ လိမ့်မည်။ ကိုယ်တော်ရှင်အတွက် သင်၏စိတ်နှလုံးတံခါးကို ကျယ်ဝန်းစွာ ဖွင့်ထားပေးပါ။ သင့်စိတ် နှလုံးအတွင်းရှိ ငြိမ်သက်ခြင်းကို ဆီးတားနှောင့်ယှက် နေသည့် အရာများ ဖယ်ရှားပစ်နိုင်ရန် ကိုယ် တော်ရှင်အား အခွင့်ပေးလိုက်ပါ။ သို့ပြုလျှင် သင့်အသက်တာတွင် ကြွယ်ဝသော ကောင်းချီးမင်္ဂလာ များနှင့် အောင်မြင်ခြင်းတန်ခိုးကို ပိုမိုခံစားလာရပြီး ကိုယ်တော်ရှင်အတွက် အသီးများစွာ သီးလိမ့် မည်။
 ခြေဆေးခြင်းအမှုသည် နှစ်သက်ဖွယ်ရာ လုပ်ပေးချင်စရာ အမှုမျိုးမဟုတ်သော်လည်း ကိုယ် တော်သည် ကျွန်ုပ်တို့၏ ခြေကို ထပ်ခါထပ်ခါ ဆေးပေးတော်မူ၏။ ကျွန်ုပ်တို့ကို ကယ်တင်သော အရှင်၏ ချစ်ြခင်းမေတ္တာသည် အလွန်ကြီးမားလှပေတကား။ လူ့ညာဏ်ဖြင့် စဉ်းစားကြံစည်၍ မမှီ နိုင်ပါ။ ဤလောကတွင် အသက်ရှင်စဉ်က ကိုယ်တော်သည် လူသားတိုင်းအတွက် အစေခံခဲ့သည့် နည်းတူ ယခုလည်း ကောင်းကင်ဘုံတွင် ကျွန်ုပ်တို့အတွက်အစေခံဆုတောင်းပေးလျက် ရှိသည်။ ကျွန်ုပ်တို့အတွက် ကိုယ်တော် အသက်ရှင်နေသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပြည့်စုံခြင်း ပမာဏသို့ ရောက်မှသာ ခြေဆေးပေးခြင်းအမှု ရပ်ဆိုင်းသွားသည်။ ထိုအချိန်တိုင်အောင် ကိုယ် တော်သည်ဆက်လက် အမှုဆောင် နေဦးမည်။ ထို့ပြင် ကောင်းကင်ဘုံ၌ပင် မိမိပိုင်ဆိုင်သူများကို ခရစ်တော် ဆက်လက်လုပ်ကျွေးပြုစုလိမ့်မည်။ အရွယ်ပမာဏအင်တုံ၏ အတိုင်းအတာ အရွယ်ပမာဏကို သမ္မာကျမ်း၌ မဖော်ပြပါ။ အကြောင်းမှာ ယုံကြည်သူ၏ အသက်တာတွင် ဆေးကြော ခွင့်လွှတ်ခြင်းခံရသည့် ကျေးဇူးတော်များကို တိုင်းတာနှိုင်းဆ၍ မရနိုင် လောက်အောင်များပြား ကြီးမားလှကြောင်း ဆိုလိုသည်။ ယုံကြည်သူ၏ အသက်တာ တွင် လမ်းမှားသို့ လိုက်မိပြီး အပြစ်ပြုခဲ့သော အကြိမ် မည်မျှရှိကြောင်းကို ကိုယ်တိုင် မရေတွက် နိုင်သော်လည်း အပြစ်များကို နောင်တရပြီး ၀န်ချတောင်းပန်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ရန် အစဉ်အမြဲ အသင့်ရှိ နေသည်။ ကိုယ်တော်ရှင်၏ မေတ္တာသည် မနှိုင်းဆနိုင်လောက်အောင် ကြီးမားလှပါတကား.။ အမျိုးသမီးများ၏ ကြေးမုံ အင်တုံကို အမျိုးသမီးများ အသုံးပြုသော ကြေးဝါ ကြေးမုံမှန်ဖြင့် ပြုလုပ်ထားသည် (ထွ၊ ၃၈း၈)။အမျိုးသမီး များက သူတို့ပိုင်ဆိုင် အသုံးပြုနေသော ကြေးမုံမှန်ကို ဘုရားသခင်၏ အမှုတော် အတွက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထိုခေတ်အခါက (Mirror) ဟုခေါ်သော ပြဒါးသုတ်မှန် မပေါ် ပေါက်သေးသဖြင့် အမျိုးသမီးများသည် ကြေးဝါချပ်ကို ရောင်ပြန် တပ်သည်အထိ ပြောင်လက် အောင် တိုက်ချွတ်ပြီး “မှန်” အဖြစ်အသုံးပြုရသည်။ အမျိုးသမီးများသည် မိမိတို့၏ ရုပ်ဆင်းသဏ္ဍာန်ကို တွေ့မြင်ချင်သောအခါ ပြောင်လက် အောင် တိုက်ချွတ်ထားသည့် ထို ကြေးဝါ မှန်ချပ်ကို ကြည့်ပြီး တစ်ကိုယ်တည်းကျေနပ် ရွှင်ပြုံး ပီတိ ဖုံးခဲ့ကြ၏။တစ်ချိန် က ပီတိဖြစ်စရာ ၀ါကြွားစရာအဖြစ် အသုံးပြုခဲ့သော ကြေးဝါချပ်များကို သာ၍မြင့် မြတ်သော ရည်ရွယ်ချက်အတွက် အသုံးချလာကြသည်။ နေ့စဉ်မကြည့် မဖြစ် သလို အလွန်အသုံး ၀င်လှသော သူတို့၏ ကြေးဝါမှန်ချပ်များကို ဘုရားသခင် ထံတော်သို့ ဆက်ကပ်လှူဒါန်းလိုက်သော အခါ ဘုရားသခင်သည် ထိုကြေးဝါ မှန်ချပ်ကို ဘုရားသခင်ထံတော်သို့ ဆက်ကပ်လှူဒါန်း လိုက် သောအခါ ဘုရားသခင်သည ထိုကြေးဝါမှန်ချက်ကို အရည်ကျိုစေပြီး ရွှေအိမ်တော်အတွက် အလွန် အဖိုးတန် အသုံးဝင်လှသော အင်တုံကို ပြုလုပ်စေခဲ့သည်။ အကယ်စင်စစ် အမျိုးသမီးများ၏ ကြေးဝါမှန်ဖြင့် “အသစ်သောကြေးမုံ” ကို ပြုလုပ်ထားခြင်း ဖြစ်သည်။ တစ်ချိန်က မိမိ၏ အပြင်ပန်း ရုပ်ဆင်းသဏ္ဍာန်ကိုသာ ထင်ရှား တွေ့မြင်စေခဲ့သော ကြေးဝါမှန် သည် ယခုအခါ မိမိကိုယ်ကို(စိတ်)ကို စီရင်ရန်နှင့် မိမိချို့ယွင်းချက်၊ အားနည်းချက်များကို ပြန်လည်စစ်ဆေး တွေ့မြင်စေသောကြေးမုံ အဖြစ်သို့ ပြောင်းလဲခဲ့လေပြီ။ အလားတူ ဘုရားသခင်၏ နှုတ်က ပတ်တော်သည် ကျွန်ုပ်တို့၏ အပြစ်အားနည်းချက်များကို ဖော်ပြပြုပြင်ပေးနိုင်သော အစွမ်းရှိသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ အားနည်းချက်များ မှားယွင်းမှုများကို ဖယ်ရှားနိုင်ရန် နှုတ်ကပတ်တော် ကို ကြားနာဖတ်ရှုရမည်။ ကျမ်းစာဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့အသက်တာကို တစ်နေ့တစ်ခြားသန့်ရှင်းစင်ကြယ်လာစေလိမ့်မည်။ အမျိုးသမီးများက သူတို့၏ ကြေးဝါမှန်များကို ဘုရာသခင်၏ အိမ်တော် အတွက် ပေးလှူခဲ့ပြီးပြီ။ ကျွန်ုပ်တစ်ဦးစီလည်း ဘုရားသခင်အတွက် ဘာများ ပေးလှူခဲ့ပြီး ပြီလဲ။ဘုရားသခင် ပေးအပ်ထားသော ဆုကျေးဇူးပါရမီနှင့် ကောင်းကြီး မင်္ဂလာများကို ကျွန်ုပ်တို့ ကိုယ်ကျိုးအတွက်သာ အသုံးချနေပါသလား။ ဘုရား သခင်၏ အမှုတော်မြတ်အတွက် ဆက်ကပ်အပ်နှံလိုပါသလား။ အကယ်၍ ကျွန်ုပ်တို့ပိုင်ဆိုင်သော အရာများကို ဘုရားသခင်အတွက် ဆက်ကပ် အပ်နှံမည် ဆိုလျှင် ဘုရားသခင်သည် ထိုအရာများကို အသုံးပြုလျှက် သူ၏ဘုန်းတော် ထင်ရှားစေလိမ့်မည်။ သင်ဆက်ကပ်အပ်နှံသော အရာသည် တန်ဖိုးနည်းပါးလင့်ကစား ဘုရားသခင်သည် အသစ်ဖြစ်စေ လျက် သန့်ရှင်းစေပြီး တန်ဖိုးရှိသော အရာအဖြစ် အသုံးပြုလိမ့်မည်။
အခန်း(၆) ပျဉ်ချပ်များ / အခန်း (၇) မိုးတိမ်
အခန်း(၆) ပျဉ်ချပ်များ (ထွ၊ ၂၆း၁၅-၃၀) 
ဘုရားသခင်၏ အိမ်တော်ကို ကြီးမားသော အကာရှသစ်သားပျဉ်များဖြင့် 
တည် ဆောက်ထား သည်။ ပျဉ်တစ်ချပ်စီသည် အမြင့်ပေ ၂၀ နှင့် အနံ ၃ ပေရှိပြီး စုစုပေါင်း ပျဉ်ချပ်ရေ (၄၈)ချပ်လို သည်။ မြေမှပေါက်သော 
အကာရှသစ်သားသည် ဤလောက၌ ဖွားမြင်ခြင်းခံတော်မူသည့် 
အရှင် ယေရှုကို လူသားစင်စစ်ဖြစ်ကြောင်း ပုံဆောင်နေ၏။ 
 ။။…… ရွှေ….။
 ပျဉ်ချပ်တိုင်းကို ရွှေဖြင့်မွမ်းမံဖုံးအုပ်ထားပြန်၏။ ပျဉ်ချပ်ပေါင်းများစွာကို 
ဖုံးအုပ်ရန် ရွှေချိန် ပမာဏ မြောက်မြားစွာလိုအပ်သဖြင့် ရှေးမဆွကပင် ဘုရားသခင် ပြင်ဆင်ပေးထားခဲ့သည်။ ဘုရားသခင်သည် အဲဂုတ္တုလူမျိုးများထံမှ ရွှေနှင့် အခြားရတနာပစ္စည်း မြောက်များစွာကို ဣသရေလ လူမျိုးများ လက်ဝယ် ပိုင်ဆိုင်ရသော အခွင့်ပေးခဲ့သဖြင့် အဲဂုတ္တုပြည်မှ ထွက်လာချိန်၌ ဣသရေလ လူမျိုး များလက်ထက် ပိုင်ဆိုင်ရသော အခွင့်အရေးပေးခဲ့သဖြင့် အဲဂုတ္တုပြည်မှ ထွက်လာချိန်၌ ဣသရေလ လူမျိုးများထံတွင် ရွှေ၊ ငွေရတနာ 
အမြောက်အများ ပါရှိလာကြ၏ (ထွ၊ ၁၂း၃၅-၃၆)။ 
ထို့ ကြောင့် ပျဉ်ချပ်များကို ဖုံးအုပ်ရန် ရွှေအလုံအလောက် ရှိနေခြင်းဖြစ်သည်။ တဲတော်၏ သန့်ရှင်းရာဌာန အတွင်းဘက်မြင်ကွင်းသည် ရွှေရောင်ဖြင့် ပြိုးပြက် တောက်ပ လျှက် အလွန်လှပတင့်တယ်နေ၏။ ရွှေသည် အဖိုးအတန်ဆုံး သတ္တု တစ်မျိုးဖြစ်ပြီး ခေတ်အဆက် ဆက်က လူများနှစ်သက် မြတ်နိုးခဲ့ကြသည်။ ဗျာဒိတ်ကျမ်း ၂၁ ရှိ ယေရုရှလင်မြို့သစ်အကြောင်း ဖော်ပြထားရာ၌ ရွှေ လွန်ကြွယ်ဝ ပေါများသော မြို့ဖြစ်ကြောင်းသိရသည်။ မြို့တော်မှာ ရွှေစင်အတိပြီး လျှက် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည် ထွန်းလင်းနေကြောင်း တွေ့မြင်ရသည်။ မြို့လမ်းမပင် လျှင် ရွှေစင်ဖြင့် ခင်းထား၏။ ထို့ကြောင့် ရွှေသည် ကောင်းကင်ဘုံနှင့် ဘုရားသခင်၏ ဘုန်းတော်ကို ဆိုလိုကြောင်း သိနားလည်ရသည်။ 
 ကမ္ဘာပေါ်ရှိ သတ္တုပစ္စည်းအမျိုးမျိုးထဲတွင် ရွှေသည် တမူထူးခြား၏။
 ရွှေစစ်စစ်ကို မီးပြင်း တိုက်၍ အပူပေးသောအခါ အရည်ပျော်သွားသော်လည်း အလေးချိန်နှင့် ဂုဏ်သတ္တိ ပြောင်းလဲသွား ခြင်းမရှိ။ နဂိုရှိရင်းစွဲအတိုင်း တည်မြဲနေ၏။ ထို့အတူ အအေးခံ လျှင်လည်း ဂုဏ်သတ္တိများ ယုတ် လျှော့သွားခြင်းမရှိ။ ရွှေသည် ခရစ်တော်၏ ဂုဏ်တော်အပေါင်းကို ရည်ညွှန်းနေ၏။ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း အပြစ်ပကတိ ကင်းစင်ခြင်း၊ သနားကရုဏာရှိခြင်း၊ ကောင်းမြတ်ခြင်း၊ အောင်မြင်ခြင်း၊ တန်ခိုးနှင့် ပြည့်စုံခြင်း အသက်ရှင်ခြင်း၊ ကြွယ်ဝခြင်း၊ ၀မ်းမြောက်ခြင်း၊ ချစ်ခြင်းနှင့် ပညာ အစရှိသည့် ဂုဏ် တော်အပေါင်းသည် မည်သည့်အချိန်ကာလ၊ မည်သည့်အခြေအနေမျိုး၌မဆို လျော့ပါးပြောင်းလဲ သွားခြင်း အလျှင်းမရှိဘဲ ထာာဝရတည်တံ့၏။ 
ထို့ကြောင့် ခရစ်တော်သည် မနေ့၊ ယနေ့၊ နောင် ကာလ အစဉ်မပြောင်းလဲဘဲ တည်တော်မူသော ဘုရားဖြစ်၏ ဟု ကျမ်းစာ၌ ဖော်ပြထားသည်။ (ဟေဗြဲ၊ ၁၃း၈) 
သစ်သားမှာ ခရစ်တော်၏ လူသားဇာတိကို ဆိုလိုပြီး ရွှေမူကား 
ကိုယ်တော်၏ ဘုရား၊ ဘုန်း၊ အသရေကို ဆိုလိုပါသည်။ ကိုယ်တော်သည် ပုဂ္ဂိုလ်အားဖြင့် တစ်ပါးတည်းဖြစ်သော်လည်း ဘုရား စင်စစ် ဖြစ်သကဲ့သို့ လူစင်စစ်လည်းဖြစ်သည်။ ဤလောကသို့ ကြွလာပြီး အသက်ရှင်စဉ်က လူ့ ကိုယ်ခန္ဓာဖြင့် ပေါ်ထွန်းတော်မူသော ဘုရားဖြစ်သည် (၁တိ၊ ၃း၁၆)။ ပထမထွင် လူအများက ခရစ်တော်ကို သာမန်လူအဖြစ်သာ သိကြပြိး ဘုရားဖြစ်ကြောင်း လူ အနည်းငယ်ကသာ သိမြင်ကြ၏။ ခမည်းတော်ဘုရား၏ အမြင်မူကား လူ့အမြင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် အိမ်တော်၏ ပျဉ်ချပ်များကို ကြည့်သောအခါ အပေါ်ယံရွှေကို ပထမဦးဆုံး တွေ့မြင်ရသကဲ့သို့ သားတော်ယေရှုခရစ်၏ ဘုရားဇာတိကို အရင်တွေ့မြင်ပြီးမှ ဖုံး 
ကွယ်ထားသည့် အတွင်းပိုင်းသစ်သား (လူ့ဇာတိ)ကို တွေ့မြင်တော်မူ၏။ 
 ခရစ်ယာန်တစ်ယောက်သည်လည်း ထိုသစ်သားပျဉ်ချပ်နှင့် အလားသဏ္ဍာန် တူညီနေ ကြောင်း အံ့သြဖွယ်ရာ တွေ့ရှိရ၏။ အဘယ်ကြောင့်ဆိုသော် ယုံကြည် သူသည် ဤလောက၌ အသက်ရှင် နေသော လူသား တစ်ဦးဖြစ်သော်ငြားလည်း ရွှေနှင့်တူသော ဘုရားသခင်၏ ဖြောင့်မတ် ခြင်းတန်ဆာ ကို ၀တ်ဆင်ထားလျက် ရှိသည်။ (၂ကော၊ ၅း၂၁)။ ရှင်လုကာ ၁၅ မှ ပျောက်သောသားသည် ဖခင်ထံမှ အကောင်းဆုံးဝတ်လုံကို လက်ခံရရှိ သကဲ့သို့ ယုံကြည်သူတိုင်းသည် ဘုရား သခင်ထံမှ အကောင်းဆုံး ၀တ်လုံကို ဆင်မြန်းရသူများ ဖြစ် ခြင်းကြောင့် 
“အို . . ငါ့ဝိညာဉ်၊ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းလော့။ 
အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်ကို ကယ်တင်ခြင်း 
တန်ဆာဆင်ခဲ့ပြီ။ ဖြောင့်မတ်ခြင်း ၀တ်လုံနှင့် လွှမ်းခြုံ ပေးခဲ့ပြီ” ဟု ထာဝရဘုရားအား ချီးမွမ်းပါလေ (ယေရှာ ၆၁း၁၀)။ ပျဉ်ချပ်များကို ရွှေဖြင့်ဖုံးလွှမ်းထားသည့်နည်းတူ ယုံကြည်သူသည် ခရစ်တော်ထံ၌ 
တည်နေ သော လူဖြစ်ခြင်းကြောင့် ကောင်းကင်ဘုန်းအသရေကို လွှမ်းခြုံ ထားသူများပင် မဟုတ်လော (၂ကော၊ ၁၂း၂)။ 
ဘုရာ:သခင်သည် ခရစ်တော်အထဲ၌ ကျိန်းဝပ်တော်မူ၏။ 
ဘုရားသခင်သည် ဣသရေလ လူမျိုးတို့၏ ခေတ်အခါက ရွှေဖြင့် မွမ်းမံဖုံးအုပ်ထားသည့် ပျဉ်ချပ်များဖြင့် တည်ဆောက်ထားသော တဲတော်တွင် ကျိန်းဝပ်တော်မူ၏။ ထို့နောက် သားတော် ယေရှုခရစ် ဤလောကသို့ ကြွလာသောအခါတွင် သားတော်အထဲ၌ ကျိန်းဝပ်တော်မူ၏။ ကိုယ် တော်၌ ဘုရားဇာတိအဖြစ်တော်၏ ပြည့်စုံခြင်း (ဘုရားသခင်၏ စုံလင်ကြွယ်ဝခြင်း) အပေါင်းသည် ကျိန်းဝပ် ထင်ရှားတော်မူ၏ (ကော၊ ၂း၉)။
ယုံကြည်သူတိုင်း၌ ကျိန်းဝပ်တော်မူ၏။ အရှင်ယေရှုသည် ယခုအခါ ကောင်းကင်ဘုံသို့ တက်ကြွသွားလေပြီ။ ယုံကြည် သူတိုင်းသည် လည်း သန့်ရှင်းသော ၀ိညာဉ်တော် ကျိန်းဝပ်ရာ ဘုရားသခင်၏ 
ဗိမာန်တော်ဖြစ်လာကြပြီး သင်တို့ ၏ ကိုယ်ခန္ဓာသည် ဘုရားသခင်
 ပေးသနား တော်မူသော ၀ိညာဉ်တော်တည်းဟူသော သင်တို့အထဲ ၌ ကျိန်းဝပ်သည့် သန့်ရှင်း သော ၀ိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို မသိကြသလော (၁ကော၊ ၆း၁၉)။ 
 (အသင်းတော်၌ ကျိန်းဝပ်တော်မူ၏) ပျဉ်ချပ်များကို 
တစ်ချပ်နှင့်တစ်ချပ် ဆက်စပ်တည်ဆောက်ထားသကဲ့သို့ ယခုခေတ် 
ဘုရား သခင် ကျိန်းဝပ်ရာ အိမ်တော်ကိုလည်း အလားတူ ယုံကြည်သူ တစ်ဦးနှင့် တစ်ဦး တွဲဘက် တည်ဆောက်ထားသည်။ ယုံကြည်သူများ တစ်ဦးနှင့် တစ်ဦး ပေါင်းစည်းခြင်းဖြင့် ဘုရားသခင်ကျိန်း ၀ပ်ရာ အိမ်တော်ဖြစ် လာခဲ့သည်။ သန့်ရှင်းမြင့်မြတ်သော ဘုရားသခင်သည် အပြစ်သား လူ့လက် ဖြင့် တည်ဆောက် ထားသော ဗိမာန်၌ ကျိန်းဝပ်တော်မမူပေ။ ကျောက်ဖြင့် တည်ဆောက်ထားသည် ဖြစ်စေ (သို့မဟုတ်) ရွှေဖြင့် တည်ဆောက်ထားသည် ဖြစ်စေ၊ ဘုရားသခင် မကျိန်းဝပ်တော့ချေ။ အရှင်ယေရှု၏ နာမတော်၌ ယုံကြည်သူ များ အတူတကွ မိတ်သဟာယဖွဲ့ရာ အရပ်၌သာ ဘုရားသခင် ကျိန်းဝပ်တော်မူ၏။ ဘုရားသခင်၏ အိမ်တော်သည် အသက်ရှင်သော အသင်းတော်ပင်ဖြစ်သည်။ (၁တိ၊ ၃း၁၅)။ ယုံကြည်သူများ ၀တ်ပြုကိုးကွယ်လျက် မိတ်သဟာယဖွဲ့ရာ အရပ်သည် ဘုရားသခင် ကျိန်းဝပ် တော်မူရာ အိမ်တော်ဖြစ်လာ၏။ (ဧ၊ ၂း၂၂)။ ထို့ကြောင့် “ကျွန်ုပ်တို့သည် မည်သူ၏အိမ်တော် ဖြစ်ပါ သလဲ”ဟု မိမိကိုယ်ကို မေးခွန်းထုတ်လျက် စစ်ဆေးသင့်သည် (ဟေဗြဲ ၃း၆)။ ဓမ္မသစ်ကာလတွင် ယုံကြည်သူများစုဝေး၍ မိတ်သဟာယဖွဲ့သည့် အလယ်၌ ဘုရားသခင် ကျိန်းဝပ်တော်မူသည့်အတွက် ယုံကြည်သူများသည် ခရစ်တော်၏ အသင်းတော်ကို အတူတကွ လက်တွဲ တည်ဆောက်နေကြသူများဖြစ်သည်။ ဤသိုပပါဝင်တည်ဆောက် သူတို့အား တမန်တော် ကြီး ရှင်ပေတရုက “သင်တို့သည် အသက်ကျောက်များကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုး လည်းဖြစ်ကြ၏”
ဟု (၁ပေ၊ ၂း၅) တွင် ဖော်ပြထားသည်။ 
ဘုရားသခင်၏ အလိုတော်အတိုင်း ပျဉ်ချပ်များ နည်းတူ တွဲဖက်ညီညီ၊ တညီတညွှတ်တည်း ရပ်တည်ခြင်းမပြုဘဲ ခရစ်ယာန်များ အကြားတွင် ဂိုဏ်း ဂဏခွဲခြားခြင်း လူမျိုးရေးနှင့် အယူဝါဒကွဲပြားခြင်းဖြင့် ရင်ကြားစေ့မရပဲ ဖြစ်နေကြသည်မှာ ရှက် ဖွယ်ကောင်းလေစွ။ အသင်းတော် စတင်ပေါ်ထွန်းလာပြီးနောက် နှစ်အတန်ကြာအထိ စည်းလုံးညီ ညွတ်မှု အဓွန့်ရှည် နေသေး၏။ နောက်ပိုင်းတွင် တစစကွဲပြားလာကြသည်မှာ ယနေ့ထက်တိုင် ဖြစ်၏။ ယုံကြည်သူတိုင်းသည် ဂိုဏ်းဂဏ၊ ခံယူချက်၊ သြ၀ါဒနှင့် အဖွဲ့အစည်း၊ လူမျိုးပေါ်တွင် မရပ် တည်ဘဲ ခရစ်တော်၌သာ ရပ်တည်ကြမည်ဆိုလျှင် ကွဲပြားစရာအကြောင်း ရှိမည်မဟုတ်ပေ။ တမန်တော်ကြီး ရှင်ပေါလုက “ဘုရားသခင် မိန့်တော်မူသည်ကား သူတို့တွင် ငါကျိန်းဝပ် မည်။ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏ဟု ကောရိန္တုမြို့ရှိ ယုံကြည်သူများကို သွန်သင်ခဲ့လေသည်။ ဤအချက်ကိုကြည့်လျှင် စစ်မှန်သော ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ သားများဖြစ်ခြင်းကြောင့် တစ်မိသားစုဝင် ဖြစ်သကဲ့သို့ တစ်သွေး တစ်သား တည်း ဖြစ်၏။ ဤအရာကို နားလည်မှ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း၏ အနှစ်သာရကို ခံစားနိုင် သည်။ သို့မှသာ စည်းလုံးညီညွတ် ကြလိမ့်မည်။ ယုံကြည်သူဟုဆိုရာ၌ တစ်ဦးနှင့်တစ်ဦး အခြေအနေ၊ လူမျိုးဂိုဏ်းဂဏ၊ အဆင့် အတန်းချင်း တူညီကြလိမ့်မည် မဟုတ်။ ကွာခြားမှုများ ရှိကြမည် ဖြစ်သော်လည်း ယုံကြည်သူတိုင်းသည် ဘုရား သခင် ကျိန်းဝပ်ရာ ဗိမာန်တော်ဖြစ်သည် ဟူသောအချက်ကို အခြေပြုပြီး စုပေါင်း မိတ်သဟာယ ဖွဲ့ နိုင်သည်။ ယနေ့လည်း စည်းလုံးညီညွတ်ခြင်း၏ အနှစ်သာရကို ယုံကြည်သူတိုင်း ကိုယ်တွေ့ခံစား နိုင်ပါ သည်။ ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် မည်သို့ကိုးကွယ်ဝတ်ပြုရမည် ဟူသည့်နည်းလမ်း ကို ဓမ္မဟောင်းကာလက အသေးစိတ်ညွန်ကြားခဲ့သော ဘုရား သခင်သည် ယခုခေတ် ယုံကြည်သူ သားသမီးများနှင့်ဆိုင်သော ကိုးကွယ် ၀န်ပြုနည်းကို မဖော်ပြဘဲ မနေပါ။ ဧကန်အမှန် ဖော်ပြထားပါ သည်။ ဘုရားသခင်ဖော်ပြသည့် ကိုးကွယ်ဝတ်ပြုနည်းများကို မညသို့သိရှိနိုင် မည်နည်းဟုဆို သော ကျမ်းစာဖတ်ရှုလေ့လာခြင်း အားဖြင့်သာ သိရှိနိုင်ပါသည်။ ယုံကြည်သူ ကျွန်ုပ်တို့သည် မယုံကြည်သူများအကြားမှ တသီးတခြား ခွဲခွာလျက် (၂ကော ၆း၁၇)။ နှုတ်ကပတ်တော်နှင့်အညီ ယေရှုခရစ်ကို အမှန်တကယ် ယုံကြည်သောသူ (၂တိ။ ၂း၁၉-၂၂) တို့ နှင့် ပေါင်းဖော်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းဖြင့် အရှင်ယေရှု၏နာမ၌ အတူတကွ 
ကိုးကွယ်ဝတ်ပြုကြရ မည်။ ခရစ်တော်၏ နာမတော်၌ အတူတကွ စုဝေးကိုးကွယ်ခြင်းသည် ခရစ်တော်၌ ပေါင်းသည်း ခြင်းပင်ဖြစ်သည်။ 
သို့မှသာ ကျွန်ုပ်တို့ အလယ်တွင် ခရစ်တော်ကိုယ်တိုင် ကျိန်းဝပ်အုပ်စိုးပြိး 
လမ်းပြ ပဲ့ပြင် သွန်သင်တော်မူမည်။ကိုယ်တော်ရှင်၌သာ စီရင်ပိုင်သော အခွင့်အာဏာရှိသည်။ ကိုယ်တော် တစ်ပါးတည်းသာ စည်းမျဉ်းချပိုင်ခွင့်ရှိသည်။ ဤနည်းအတိုင်း သမ္မာတရားနှင့်အညီ စည်းဝေးကြ သောသူတို့၏ အလယ်၌ကိုယ်တော်တိုင်ရှိမည်ဟု ခရစ်တော်
ကတိ တော်ပေးထားခဲ့သည် (မ၊ ၁၈း၂၀) ။
 ပျဉ်ချပ်အားလုံးကို 
တသီးတခြားစီ ထောင်ထားပါသလား (ထွ ၂၆း၂၆-၂၉) 
ပျဉ်ချပ်များကို တစ်ချပ်စီ တသီးတခြား ထောင်မထားပါ။ သစ်သားရေစည်ရှိ ပျဉ်ချပ်များကို စည်ပတ်သံပြားဖြင့် ပတ်စည်းထားရသကဲ့သို့ ကန့်လန့်ကျင်(၄) ချောင်းကို ရွှေတွင်းများထဲတွင် လျှို လျက် ပျဉ်ချပ်များကို ယှဉ်တွဲပြီး စေ့စပ်တည့် မတ်အောင် ထောင်ထားခြင်းဖြစ်သည်။ ထိုကန့်လန့်ကျင်(၄)ချောင်းသည် 
ကနဦး အသင်းတော် စတင်ပေါ်ပေါက်စဉ် အခါက ယုံကြည်သူများကို 
အတူတကွ ယှဉ်တွဲရပ်တည်စေသော 
အချက်(၄)ချက်ကို ရည်ညွှန်းထားသည်။ 
ထို(၄)ချက်ကို (တမန်၊ ၂း၄၂) တွင် ဖော်ပြထားသည်မှာ 
 ၁။ တမန်တော်တို့၏ ဆုံးမသြ၀ါဒကို ခံခြင်း။ 
၂။ အပေါင်းအသင်း ဖွဲ့ခြင်း။ ၃။ မုန့်ကို ဖဲ့ခြင်း။ 
၎။ ဆုတောင်းပဌနာပြုခြင်းတို့ ဖြစ်ကြသည်။ 
ထို့ပြင် မမြင်ရသော ကန့်လန့်ကျင်တစ်ချောင်းကို ပျဉ်ချပ်များ၏ အလယ်ဗဟိုမှ ထပ်မံလျှို ထားသေးသည်။ ထိုကန့်လန့်ကျင်သည် မျက်စိဖြင့် မမြင်နိုင်သော ချစ်ခြင်းမေတ္တာကို ဆိုလိုပါ သည်။ မေတ္တာသည် ခိုင်မြဲခြင်း၊ စုံလင်ခြင်း၊ ပေါင်း စည်းခြင်း စသည့်အရာများအတွက် မရှိမဖြစ် လို အပ်သော 
အရေးကြီး အချက် ပေတည်း။ 
အခြေခံအုတ်မြစ် (ထွ၊ ၂၆း၁၉-၂၅) ရွှေအိမ်တော်ကို 
သဲပြင်ပေါ်တွင် တည်ဆောက်ထားသောကြောင့် အခြေခံ အုတ်မြစ် သည် အထူးခိုင်ခံ့ တောင်းတင်းဖို့လိုသည်။ အဆောက်အအုံတစ်ခု တည်ဆောက် ရာတွင် အဓိက အရေး ကြီးဆုံး အစိတ် အပိုင်းမှာ အခြေခံအုတ်မြစ်ပင် ဖြစသည်။ အုတ်မြစ်မခိုင်သော အဆောက်အအုံ သည် မုန်တိုင်းဒဏ်နှင့် ငလျင်ဒဏ်ကို ခံနိုင်စွမ်း မရှိချေ။ ထို့ကြောင့် အုတ်မြစ်ကို တည်ဆောက် သောအခါ ထုတည်ခိုင်ခံ့စွာနှင့် မြဲမြံနက်ရှိုင်းစွာ တည်ဆောက်ရန် အရေးကြီးလှသည်။ ဗိသုကာအရှင် ဘုရားသခင်သည် ရွှေအိမ်တော်၏ အခြေခံအုတ်မြစ်ကို ကြီးမားသော ငွေတုံး ကြီးများဖြင့် တည်ဆောက်ခဲ့သည်။
 ငွေတုံးတစ်တုံးစီသည် ပေါင်(၉၀)လေးပြီး ငွေတုံးတိုင်းတွင် ပျဉ်ချပ်ကို စွပ်ထည့်ရန် အပေါက်တစ်ခုကျစီ ပါရှိ၏။ တပ်ဆင်ပုံမှာ ပျဉ်ချပ်တစ်ခုစီ၏ အောက်ခြေတွင် ငွေတုံး(၂)တုံးစီ ချထားပြီး ပျဉ်ချပ်တစ်ချပ်စီ၏ အောက်ခြေရှိ ငုတ်နှစ်ခုဖြင့် ငွေတုံး(၂)တုံးရှိ အပေါက်ထဲသို့စွပ်လျက် တပ်ဆင်ရ၏။ အထက်ပါတည်းအတိုင်း ငွေတုံးကြီးများဖြင့် အခြေပြုပြီး တည်ဆောက်ထားသည့် ရွှေအိမ် တော်၏ အုတ်မြစ်သည် တန်ဘိုးမဖြတ်နိုင်လောက်အောင် အဖိုးထိုက်တန် ပေသည်။ ငွေ (ထွ၊ ၃၀-၁၁-၁၆။ ၃၈း၂၅-၂၈) ဤမျှများပြားသော ငွေတုံးများကို မည်သို့ ရရှိခဲ့သနည်း။ အသက်ရွေးရာ အဖိုးအခအဖြစ် ကောက်ခံ ထားသော ငွေများမှ ရရှိသွန်းလုပ်ခဲ့ခြင်း ဖြစ် သည်။ အသက်(၂၀)အရွယ်မှ အသက်(၅၀) အကြားရှိ ဣသရေလ အမျိုးသားအားလုံးကို ရေတွက်ရန် မောရှေအား ဘုရားသခင်မိန့်မှာထားသည့်အတိုင်း ဆင်းရဲ ချမ်းသာမရွေး ရေတွက်၍ စာရင်း ၀င်သမျှသော သူတို့သည် ငွေကျပ်ဝက်စီ ညီတူညီမျှ ပေးဆောင် ရလေသည်။ ထိုသို့ ပေးဆောင်ရ သောငွေကို အသက်ရွေးရန် အဖိုးအခ(သို့မဟုတ်) အသက်ဖိုးရွေးငွေ ဟုခေါ်သည်။ ဤအကြောင်းအရာက ကျွန်ုပ်တို့တစ်ဦးစီအား ယနေ့သတိပေးလျက်ရှိသည်။ အသက်ရွေး ရန် အဖိုးအခပေးဆပ်ပြီးသူသာလျှင် ဘုရားသခင်၏ လူမျိုးတော်ဖြစ် သကဲ့သို့ သခင်ယေရှုခရစ်၏ အသွေးတော်ဖြင့် ရွေးဝယ်ခြင်း ခံရသူသာလျှင် အသင်းတော်နှင့် သက်ဆိုင်သူဖြစ်ပြီး ဘုရားသခင် ၏စစ်မှန်သော လူမျိုး တော်ဖြစ် သည်။ ခရစ်ယာန်ဟု နာမည်ခံယူထားသော်လည်း အသွေးတော်ဖြင့် ၀ယ်ယူ ထားခြင်း မခံရသေးပါက ဘုရားသခင်၏ သားမဖြစ်နိုင်ပါ။ ရွှေအိမ်တော်၏ အခြေခံအုတ်မြစ်ကို အသက်ဖိုးရွေးငွေဖြင့် တည်ဆောက်ထားပြီး ပျဉ်ချပ် တိုင်း၏ အောက်ခြေကို အသက်ဖိုးရွေးငွေဖြင့် သွန်းထားသော ငွေတုံးကြီး(၂)တုံးပေါ်တွင် စိုက်ထူ ထာခြင်းကြောင့် ပျဉ်ချပ်တစ်ချပ်စီနှင့် ရွှေအိမ်တော် တစ်ဆောင်လုံးသည် အသက်ဖိုးရွေးငွေပေါ် တွင် အခြေပြု ရပ်တည်နေပေသည်။ ငွေကို အဖိုးအခပေးရာတွင် အသုံးပြုကြောင်း သမ္မာ ကျမ်းတစ်အုပ်လုံးတွင် တွေ့မြင်ရသည်။ အာဗြဟံသည် ငွေ(၄)ပိဿာ အဖိုးအခ ပေးပြီး မြေတစ်ကွက်ဝယ်ယူခဲ့သည်။ လူငယ်လေး ယော သပ်သည်လည်း ငွေကျပ်(၂၀)ဖြင့် ရောင်းစားခြင်းခံခဲ့ရသည်။ ယုဒရှကာယုတ်မူကား ငွေကျပ်(၃၀) ဖြင့် မိမိသခင်ကို ရောင်းစားခဲ့လေသည်။ အချို့ဘာသာစကားတွင် ငွေနှင့်အခကြေးငွေဟူသော စကားလုံးကို အဓိပ္ပါယ် တစ်ခုတည်း အဖြစ် သုံးနှုန်းလေ့ရှိသည်။ သမ္မာကျမ်း၌ကား ငွေကို “အပြစ် ဖြေလွှတ်ခြင်း” အတွက် ခရစ်တော် ပေးဆပ်ခဲ့သော အဖိုးအခအဖြစ် ပုံဆောင် ထားသည်။ အရှင်ယေရှုပေးဆပ်ခဲ့သည့် အဖိုးအခမှာ တန်ဖိုး အနဂ္ဃမက ထိုက်တန်သော မိမိအသွေးတော်ဖြစ်သတည်း။ တန်ဖိုးမဖြတ်နိုင်သော အဖိုး အခ ပါတကား။ ထိုနည်းတူ - ဘုရားသခင်၏ အိမ်တော်တည်းဟူသော ယနေ့အသင်းတော်သည်လည်း ကယ်တင်ရှင် ခရစ်တော်ဘုရာ ပေးဆပ်ခဲ့သော အဖိုးအနဂ္ဃထိုက်သည့် ရွေးနှုတ်ခြင်း အဖိုးအခပေါ်တွင် အခြေပြု တည်ဆောက်ထားသည်။ ဤအံ့သြထူးဆန်းဖွယ် ရွှေအိမ်တော် (၀ါ) အသင်းတော်ကို ခရစ်တော်အားဖြင့်သာ ထင်ရှား ဖြစ်ပွားစေခြင်းသည် ဘုရားသခင်၏ အကြံအစည်တော်ပင် မဟုတ်ပါလော။ ဟုတ်ပေသည်။ ယုံကြည်သူ ကျွန်ုပ်တို့ကို ဖောက်ပြန်ပျက်စီးတတ်သော ရွှေ၊ ငွေဖြင့် ရွှေး နှုတ်တော်မူသည် မဟုတ်။ အဘယ်အပြစ်မျှမရှိ။ အညစ်အကြေးနှင့် ကင်းစင်သည့် 
သိုးသူငယ် ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်ဖြင့်
 ရွေးဝယ်ထားခြင်း ဖြစ်သည်။ (၁ပေ၊ ၁း၁၈-၁၉)။ 
မိုးတိမ် အခန်း (၇) ထွ၊ ၄၀း၃၄-၃၈ 
ပဋိညာဉ်သေတ္တာထားရှိရာ တဲတော်ထက်၌ မိုးတိမ်တည်လျက်ရှိသည်။ မိုးတိမ်သည် ဘုရား သခင်တည်ရှိကိန်းပပ်နေတော်မူသောကြောင့် အမှတ်လက္ခဏာဖြစ်ရုံမက၊ ဘုရားသခင်၏ လူမျိုး တော်တို့အား လမ်းညွန်ပြသသည့် အမှုကိုလည်း ဆောင်ရွက်သေး၏။ (ထွ၊ ၄၀း၃၆-၃၈)။ တဲတော်ထက် သို့ မိုးတိမ် ရွေ့လျား တက်ကြွသွားလျှင် ဘုရားသခင် ညွန်ကြားထားသည့်အတိုင်း တဲတော်နှင့်ဆိုင် သော အမှုတို့ကို လေ၀ိများက ကိုယ်စီတာဝန်ယူ သယ်ပိုး ကြရသည်။ လူမျိုးတော် တစ်ခုလုံးသည် မိမိ၏ အဆင့်အလိုက်၊ နေရာမှန်ယူလျှက် ခရီးထွက်ရန် အသင့်ဖြစ်နေ ကြရသည် (တော၊ ၄)။ ထို့နောက်မှ မိုးတိမ်ဖြင့် ဘုရားသခင်လမ်းညွန်ပြသည့် အရပ်သို့ ခရီးထွက်ခွာ သွားကြရ သည်။ ဘုရားသခင်သည်သာ ဣသရေလ လူမျိုးတို့၏ ဦးစီးခေါင်းဆောင် ဖြစ်၏။ မည်မျှ ဝေးဝေး သွားရမည်နည်း? မိုးတိမ် မရပ်နားမချင်း ခရီးဆက် သွားကြရသည်။ မိုးတိမ်ရပ်တန့်သွားသည်နှင့် တဲတော်ကို ထပ်မံတည်ဆောက်ကြရသည်။ မိုးတိမ် သည်လည်း တဲတော်ပေါ်တွင် တစ်ဖန်တည်တော်မူ၏။ ဤအကြောင်းကို (တော၊ ၉း၁၅-၂၃) နှင့် (တော၊ ၁၀း၃၃-၃၆) တွင် အကျဉ်းချုံး ဖော်ပြထားသည်။ ယနေ့ကျွန်ုပ်တို့၏ ခေတ်အခါ၌ ဘုရားသခင် မည်သို့လမ်းပြနေသနည်း။ မိုးတိမ်ဖြင့် လမ်းညွန်ခြင်း မပြုတော့ပါ။ ကန္တာရကဲ့သို့ ရှုတ်ထွေးညစ်ညူး၍ ကြမ်းတမ်းခက်ခဲသော ဤလောကကြီးထဲတွင် အသက် ရှင်နေရသော ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် လမ်းညွန်ဦးဆောင်ပေး မည့်သူ ရှိပါသည်။ ကျွန်ုပ်တို့အတွက် ယနေ့လမ်းညွန်ဦးဆောင်ပေးနေသူကား မျက်စိဖြင့် တွေ့မြင် နိုင်သော မိုး တိမ်တိုင် မဟုတ်တော့ပါ။ ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်တော်မူသည့် သန့်ရှင်းသော ၀ိညာဉ်တော်ပင် တည်း။ ဘုရားသခင် အထံတော်သို့ အပြစ်သားတစ်ယောက်အဖြစ် ၀န်ခံချဉ်းကပ်ပြီး အရှင်ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်သူတိုင်း၌ သန့်ရှင်း သောဝိညာဉ်တော် ကျိန်းဝပ်တော်မူ သည်။ (ဧ၊ ၁း၁၃) (၁ကော၊ ၆း၁၉)။ ထို့ကြောင့် ယုံကြည်သူများက “အဖဘုရားသခင်၊ အကျွန်ုပ်သွားရမည့်လမ်းကို မသိသော ကြောင့် ကိုယ်တော်တိုင် လမ်းပြသွန်သင်တော်မူပါ” ဟု ဒူးထောက် ဆုတောင်းလျှင် သန့်ရှင်းသော ၀ိညာဉ်တော်သည် ထိုသူတို့ကို လမ်းမှားမှကွယ်ကာ စောင့်ထိန်းလျက် ဘေးကင်းလုံခြုံရာသို့ ပို့ဆောင် ပေးတော်မူလိမ့်မည်။ ယုံကြည် သူတို့က ဘုရားသခင်အပေါ် အားကိုးခိုလှုံချင်သော စိတ်နှလုံးရှိဖို့သာ လိုသည်။ ထို စိတ်နှလုံးမျိုးရှိသူအား ကိုယ်တော်တိုင် ဧကန်မုချ လမ်းပြ ပို့ဆောင်ပေးလိမ့်မည်။