၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Thursday 19 September 2019

ဘုရားအကြည့်အရှုကြွလာတဲ့အချိန်

ကျမ်းစာထဲမှာ အချိန်ကို ဖေါ်ပြတဲ့ ဂရိစကားလုံး ၃ ခုရှိပြီး 
အသုံးများတဲ့ ၂ ခုက Chronos နဲ့ Kairos ဖြစ်တယ်။ 
ခရောနော့စ်ဆိုတာ တနေ့၂၄ နာရီရှိပြီး ၁ နှစ်မှာ ၃၆၅ ရက်ရှိတဲ့ ပုံမှန်လည်ပတ်နေတဲ့အချိန်ဖြစ်တယ်။ Chronology ဆိုတဲ့ 
အင်္ဂလိပ်စကားလုံး ဒီကနေ ဆင်းသက်လာတယ်။ 

ခရောနော့စ် အချိန်အရ ဒီနေ့ဟာ ဧပြီလ ၁၀ ရက် ည ၇ နာရီဖြစ်တယ်။ ခိုင်းရော့စ်ဆိုတာက တိုင်းန်ုင်ငံ (သို့) လူတဦး အပေါ် ဘုရားသခင် အကြည့်အရှုကြွတဲ့အချိန်၊ အထူးကျေးဇူးပြုတဲ့အချိန်၊ထူးခြားတဲ့
အမှုကို ပြုပေးတဲ့အချိန်ဖြစ်တယ်။ ကျမ်းစာထဲက ခိုင်းရော့စ်
အချိန်တချို့ကို ‌ဝေမျှလိုပါတယ်။ 

"အချိန်ကာလစေ့သောအခါ (kairos) ... သားတော်ကို 
ဘုရား သခင် စေလွှတ်တယ်။"( ဂလာ ၄:၄-၅) 
 "ငါတို့သည်အကျိုးနည်းရှိနေစဉ် အချိန်တန်မှ (kairos) 
ခရစ်တော်သည်  အသေခံတော်မူ၏။" (ရောမ ၅:၇)

 ဘုရားသခင်ချိန်းချက်တဲ့အချိန်ကွက်တိမှာ ခရစ်တော်ကားတိုင် 
ပေါ်၌ အသေခံခဲ့တယ်။ ဒီအချိန်ဟာ ခိုင်းရော့စ်အချိန် ဖြစ်တယ်။ သင့်အသက်တာမှာ ဘုရားသခင် ထူးခြားတဲ့အမှုကို ပြုလိုတယ်။ 
ယခု သင့်ကို ကျေးဇူးပြုလိုပြီး သင့်အတွက် ခိုင်းရော့စ်အချိန် ဖြစ်တယ်။ 

ဒီအချိန်မှာ သင့်ဖက်က လုပ်ရမဲ့အရာတွေရှိတယ်။ ယခင်က ဘုရားပေးထားတဲ့ကတိတော်များ ပြည့်စုံလာမဲ့ အချိန်ဖြစ်တယ်။ 
ဒါကြောင့် ယခုအချိန်မှာ ဘုရားသခင်က သင့်ကိုအကြည့်အရှု ကြွလာတယ်။ သင့်အတွက် ခိုင်းရော့စ်အချိန်ဖြစ်တယ်ဆိုတာ ယုံကြည်ပါ။ 
သင့်စိတ်ထဲမှာ ဘုရားနှိုးဆော်တဲ့အရာကို လုပ်ဆောင်ပါ။ 

၁ ရာချုပ် ၁၂:၃၂-၄၀ မှာ ဣသခါလူမျိုးဟာ ဣသရေလနိုင်ငံအတွက် 
ဘုရားရဲ့ ခိုင်းရော့စ်အချိန်ဖြစ်မှန်း ပိုင်းခြား၍ သိကြတယ်။ ဒါတင်မကဘဲ သူတို့ဘာလုပ်ရမယ်ဆိုတာသိကြတယ်။ ဒါကြောင့် ဒါဝိဒ်ကို 
ဘုရင် အဖြစ် ချီးမြောက်ကြလို့ ဣသရေလနိုင်ငံရဲ့ ဘုန်းတန်ခိုးအကြီးမားဆုံးခေတ်ကို ရောက်ရှိစေခဲ့တယ်။ 

 တဖက်မှာလည်း.... ဣသရေလလူမျိုးများဟာ 
ယေရှုကြွလာချိန်မှာ ကာလအချိန်ကို မပိုင်းခြားတတ်ကြလို့ ပျက်စီးဆုံးရှုံးကြရတယ်။ ယေရှုက ယေရုရှလင်မြို့အတွက်ငိုကြွေးလျက် " 
သင့်ကို ကြည့်ရှု ပြုစုတော်မူသောကျေးဇူးကို မသိမမှတ်သောကြောင့် သင်၏ရန်သူတို့သည်သင့် ပတ်ပတ်လည်တွင် တပ်တည်၍ ....
သင်၌ ကျောက်တခုအပေါ်မှာ တခုမျျှထပ်ဆင့်၍ မကျန်ရစ်
စေရန် ပြုကြသောအချိန်ရောက်လိမ့်မည်" ဟု 
ပြောခဲ့တယ်။ (လုကာ ၁၉:၄၂-၄၄)

 ဘုရားသခင်အကြည်အရှုကြွလာတဲ့အချိန်ကို သိမှတ်လျက် 
ယုံကြည်ခြင်းအားဖြင့် သင့်အသက်တာမှာ ကတိတော်များ 
အံ့သြဖွယ် ပြည့်စုံလာတာတွေ့ရလိမ်မယ်။ သင့်အသက်တာမှာ ဘုရားပြုတဲ့ကြီးမားတဲ့အမှုကို မြင်ရလိမ့်မယ်။ သင်ထပါ။ 
အလင်းလင်းပါ။ ယခုပင် သင့်အတွက် kairos moment ဖြစ်တယ်။ 

 မယုံကြည်လို့ လက်မလွတ်ပါစေနဲ့။ ယုံကြည် ဝန်ခံလျက် ဘုရားနှိုးဆော်တဲ့အတိုင်းလုပ်ဆောင်လျက် ကြီးမားတဲ့အမှုကို 
မြင်တွေ့ပါစေ။ သင့်အားဖြင့် ဘုရားဘုန်းတော် ထင်ရှားပါစေ။

လောကနှုင်. အပေးအယူ မလုပ်ပါနဲ.

တခါတခါ ဘယ်သူမှ မမြင်ပါဘူး၊ အသိတွေလည်း ကိုယ်အနီးနားမှာ  
မရှိဘူးဆိုတော. ဘုရားသ္ခင်လည်း ခွင်.လွှတ် မှာပါ၊ ဒီတခါလေးပဲ ဆိုပြီး အပြစ်လုပ်မိတတ်ပါတယ်။ သို.သော် ထိုအရာသည် ဘုရားမကြိုက်မှန်း
သိလျှင် ချက်ချင်း နောင်တရပြီး ခွင်.လွှတ်ဖို. မတောင်းခံရပါက 
နောက်တကြိမ် အပြစ်လုပ်ဖို. အခွင်.လမ်း ပိုရသွားတတ်သည်။ 

ဘုရားထက် လောက အရာ လောကစိမ်းစည် များကို 
နံပါတ်တစ် ထားပြီး အပေးအယူ လုပ်တတ်ကြသည်၊ 

 လောကကို၎င်း၊ လောက၌ရှိသော အရာတို့ ကို၎င်း၊ မချစ်ကြနှင့်။ 
လောကကိုချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို 
ချစ်ခြင်းမေတ္တာမရှိ။ 1 jn 2:15 

ထိုသို့သောသူသည် စိတ်နှစ်ခွရှိသော သူ၊ ပြုလေသမျှတို့၌ 
မတည်ကြည်သောသူဖြစ်၍၊ ထာဝရဘုရား၏ လက်တော်မှ 
တစုံတခုကို ရမည်ဟု မထင်မမှတ်စေနှင့်။ Jm 1: 8 

အကျွန်ုပ်သည် အဓမ္မလူတိုကိုမုန်း၍ ကိုယ်တော်၏တရားကို
နှစ်သက်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ 
အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏၊၊ နှုတ်ကပတ်တော်ကို 
မြော်လင့်လျက် နေပါ၏၊၊ ဒုစရိုက်ကိုပြုသော သူတို့ ငါ့ထံမှ 
ဖယ်သွားကြ၊၊ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို 
ကျင့်စောင့်မည်၊၊ Ps 119:113-115 

ဧလိယသည်လူများရှိရာသို့လာ၍၊ သင်တို့သည်ဘာသာ
နှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့်
နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည်
ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်း ကပ်ကြလော့။ 
1 king 18:21 

ထာဝရဘုရားကလည်း ဤလူမျိုးသည်နှုတ်နှင့် ငါ့ထံသို့ချဉ်းကပ်၍၊ 
နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ 
လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကို
ကြောက်ရွံ့ြ့က၏။ Isaih 29:13 

တည်ကြည်သောသူဖြစ်ရမည်။ လျှာနှစ်ခွနှင့်ပြောသောသူ၊ 
စပျစ်ရည်ကို သောက်ကြူးသောသူ၊ မစင်ကြယ်သောစီးပွါကို
တပ်မက်သောသူမဖြစ်ရကြ။ 1tm 3:8

Tuesday 17 September 2019

ဤအရာကို မမေ.ပါနဲ.

အနာမခံရင် – အသာမစံရဘူး 
တိုက်ပွဲမရှိရင် – အောင်ပွဲမရှိဘူး။

ဆုမတောင်းရင် – တန်ခိုးမရှိဘူး 
ကိုးကွယ်ခြင်းမရှိရင် – ဘုန်းတော်တိုးပွားခြင်းမရှိဘူး။

ချီးမွမ်းခြင်းမရှိရင် – လွတ်မြောက်ခြင်းမရှိဘူး
စီးထွက်ခြင်းမရှိရင် – စီးဝင်ခြင်းမရှိဘူး။

ကားတိုင်မထမ်းရင် – သရဖူမဆောင်းရဘူး 
သစ္စာမရှိရင် – သခင်နှင့်အတူစည်းစိမ် မဝင်စားရဘူး။

တရားဥပဒေမရှိရင် – လွတ်လပ်ခြင်းရဲ့တန်ဘိုးကိုမသိဘူး 
အပြစ်သားဖြစ်ကြောင်းမသိရင် – ကျေးဇူးတရားရဲ့ 
ကြွယ်ဝပြည့်စုံမှု့ ကို နားမလည်နိုင်ဘူး။

ဆုတောင်း၏ အကျိူး

သခင်ခရစ်တော် လောကသို့ ကြွလာခြင်းသည် ဖိစီးချုပ်နှောင်ခံနေရမှု 
အမျိုးမျိုးတို့မှ ကျွန်ုပ်တို့ကို ကယ်နှုတ်ဖို့ရန်ဖြစ်ပါသည် (လု၊ ၄း ၁၈ – ၁၉)။ 
လူတစ် ဉီးနှင့်တစ် ဉီးတွင် ဖိစီးချုပ်နှောင်ခံရမှုမတူညီပါ။ 

🔸တချို့ကအကြွေး၏ဖိစီးမှုကိုခံနေကြရသည်။ 
အချို့က လောဘနောက်လိုက်၍ တပ်မက်မှုအမျိုးမျိုး
အောက်တွင် အသက်ရှင်နေကြရသည်။ 

🔸အချို့က ဆင်းရဲခြင်း၏ဖိစီးမှုကိုခံနေရကြသလို၊ အချို့ကရောဂါ 
ဝေဒနာ၏ ဖိစီးမှုကိုခံနေကြရသည်။ ထိုဖိစီးမှုအမျိုးမျိုးအောက်၌ 
ကျွန်ခံနေကြရသော သူများကိုကယ်လွှတ်ဖို့ရန် သခင်ယေရှုလောကသို့ºကွလာခြင်းဖြစ်ပါသည်။ 

🔸ဘုရားရှင်၏အလိုတော် နေ့စ ဉ်ကျွန်ုပ်တို့အသက်ရှင်သောအခါ 
ဘုရားဝတ်၌မွေ့လျော်၍ ငြိမ်ဝပ်စွာနေနိုင်ကြရန်လည်ကောင်း၊ ကျွန်ုပ်တို့၏တိုင်းနိုင်ငံရှိရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော လူအပေါင်းတို့အတွက်ဆုတောင်းပေးကြရန်လည်းကောင်း၊ 
ကျွန်ုပ်တို့ အပေါ်ကျေးဇူး ကရုဏာအမျိုးမျိုးပြုတော်မူသော
ဘုရားရှင်၏ကောင်းမြတ်ခြင်းကိုဆင်ခြင်လျက် ကျေးဇူးတော်
ချီးမွမ်းခြင်းပြုကြရန်လည်းကောင်း၊ ဘုရားရှင်အလိုတော်
ရှိတော်မူ၏ (၁တိ၊ ၂ း ၁ – ၂)။ 

🔸ကျွန်ုပ်တို့၏တိုင်းနိုင်ငံ၌ငြိမ်ဝပ်ခြင်းကင်းမဲ့ပါက ဘုရားရှင်ကိုကျွန်ုပ်တို့
လွတ်လပ် ငြိမ်သက်အေးချမ်းစွာဝတ်ပြုကိုးကွယ်နိုင်မည်မဟုတ်ပေ။ 
ဘုရားရှင်သည် ဣသရေလလူများအား တစ်ပတ်တွင်ခြောက်ရက်
အလုပ်လုပ်စေပြီး ခုနစ်ရက်မြောက်သောနေ့တွင် နားနေ ကာ ဘုရားရှင်မိမိတို့အပေါ်ခြောက်ရက်လုံးလုံးပြုခဲ့သော ကရုဏာ ကျေးဇူးများကိုဆပ်ခြင်ချီးမွမ်းခြင်းဖြင့် ဝတ်ပြု ကိုးကွယ်ရန် မိန့်တော် 
မူခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့အပေါ်ပြုခဲ့သော ကောင်းမြတ်ခြင်းကို 
ဆင်ခြင်နိုင်မည်မဟုတ်ပေ။(ဝမ်းမြောက်ဖွယ်သက်သက်) 

🔸မြန်မာနိုင်ငံသည် တိုင်းတစ်ပါး၏
လက်အောက်၌ နှစ်ပေါင်းများစွာချုပ်နှောင်ကျွန်ပြုခံနေရာမှ 
လွတ်မြောက်မှု ရရှိခဲ့သည်မှာ (၇၁)နှစ်တိုင်ရှိခဲ့ပေပြီ။ ဤသည်မှာမြန်မာပြည်သူပြည်သားများအပေါ် ဘုရားရှင်ပြုတော်မူသော
 ကျေးဇူးများစွာ ထဲမှ တစ်ခုဖြစ်ပေသည်။ ယနေ့ ကမ္ဘာနှင့် အဝှမ်း ထူးထွေ
ဆန်းပြားသည့် ရောဂါအမျိုးမျိုး၏ဖိစီးမှုကို ကမ္ဘာ.လူသားများ
ခံစားနေ ကြရသည်။ နေမှထွက်ပေါ်လာသည့်ရောင်ခြည်ကြောင့် 
အရေပြားကင်ဆာဝေဒနာ၏ ဖိစီးမှုကိုမဆို သခင်ယေ±ှုအားဖြင့် 
လွတ်မြောက်ခြင်း အခွင့်ရနိုင်ကြောင့် သတင်းစကားသည် ကျွန်ုပ်တို့အတွက်ဝမ်းမြောက်ဖွယ်သတင်းကောင်းဖြစ်ပေသည်။

🔸ထိုမျှမက လူသားတစ် ဉီးချင်းစီ၏ဖြေရှင်း၍မရနိုင်သော 
ပုဂ္ဂလိကပြဿနာ၊ မိသားစုပြဿနာ၊ စီးပွါးရေးပြဿနာ၊ ပညာရေးပြဿနာ၏စသောပြဿနာအမျိုးမျိုးတို့မှလည်း ကိုယ်တော်သည်ကယ်လွတ်နိုင်ပါသည်။ မိမိတို့ကြုံတွေ့ခံစားနေရသော ပြဿနာမှလွတ်မြောက်ဖို့ရန် ကိုယ်တော်ထံယုံကြည်ခြင်းဖြင့် 
ကိုးစားအော်ဟစ်ဆုတောင်း မည်ဆိုပါက ကိုယ်တော်၏ 
ကယ်လွတ်ခြင်းချမ်းသာကို ယခုအသက်တာ၌ လက်တွေ့ခံစားရပေမည်။ 
လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်နီးပါးက လောကသို့ºကွ 
ဆင်းလာတော်မူသော သခင်ခရစ်တော်ဘုရားသည် 
ယနေ့အသက်ရှင်လျက်ရှိပေသည်။ (ကြိုးစား၍ဆုတောင်းပါ) 

🔸မင်္ဂလာအကျိုးခံစားဖို့ရန် တမန်တော်ကြီးရှင်ပေါလုက 
မိမိတို့အမှုဆောင်များအတွက် ကြိုးစား၍ဆုတောင်းခြင်း အမှုကို ပြုရန် ယုံကြည်သူများအားတိုက်တွန်းနှိုးဆော်ထားပါသည် (ရော၊ ၁၅း၃၀)။ 
ထို့အတူတိုင်းနိုင်ငံ၌ ဘုရားသခင်ခွဲခန့်မှတ်သား၍ ခန့်ထားတော်မူသော
ခေါင်းဆောင်ကြီးများနှင့် အာဏာပိုင်များအတွက်ကိုလည်းဆုတောင်းပေးရန် 
ကိုယ်တော်က မိန့်တော်မူပါ သည်။ တိုင်းပြည်အေးချမ်းသာယာဖို့ တိုင်းပြည်ခေါင်းဆောင်ကြီးများ နိုင်ငံတော်ကိုစီမံခန့်ခွဲ အုပ်ချုပ်ရာတွင် 
ဘုရားရှင် ဉာဏ်ပညာ ပေးဖို့၊ ကာကွယ်စောင့်မဖို့ ဆုတောင်းပေးရန် 
အခွင့်အရေးနှင့်တာဝန်ကို ကျွန်ုပ်လက် ဝယ် ဘုရားရှင်အပ်နှံထားပါသည်။

 🔸ကျွန်ုပ်တို့ဆုတောင်းပေးခြင်းအားဖြင့် တိုင်းပြည်းအေးချမ်းသာယာ၍ 
ဖွံ့ဖြိုးတိုးတက်လာပါက ထိုမင်္ဂလာအကျိုးကို ကျွန်ုပ်တို့လညး အတူ
အမျှဝင်ခံစားကာ ငြိမ်ဝပ်စွာဘုရားဝတ်ကို ပြုနိုင်ကြမည်ဖြစ်ပေသည်။ 
ထိုမင်္ဂလာကောင်းကျိုး ကိုခံစားဖူးလျှင် နောင်တစ်ချိန်တိုင်းပြည်နှင့်
ဆိုင်သောအခက်အခဲအား ဘုရားရှင်ကိုယ်တော်တိုင် ကူညီ
မဖြေရှင်းပေးမည် ဟူသောစိတ်ချမှုအာမခံချက်ကို 
ကျွန်ုပ်တို့ရရှိခံစားကြပေမည်။ (မြတ်သောပါဝင်မှု) 

🔸မိတ်သဟာယအမျိုးမျိုး၌ ပါဝင်ကြသည်တွင် ဆုတောင်း
မိတ်သဟာယ၌ပါဝင်ခြင်းသည် ထူးမြတ်သောပါဝင်မှု
တစ်ခုဖြစ်ပေသည် (ရော၊ ၁၅ း၃၁)။ ကျွန်ုပ်တို့အနေဖြင့် 
အမှုတော်ဆောင်များကိုဖြစ်စေ၊ အခြားသောသူများကိုဖြစ်စေ၊ 
မည်သည့်အရာမျှ မပေးနိုင်သော်လည်းသူတို့အတွက်ဆုတောင်းခြင်း
အမှုကိုမူ ပြုလုပ်ပေးနိုင်ကြပါသည်။ ငွေကြေးမပါသော်လည်း ကျွန်ုပ်တို့ဆုတောင်းပေးခြင်းအားဖြင့် ထိုသူတို့အား ဘုရားရှင်အံ့သြ
ဖွယ်ကောင်းချီးပေး၍ အသုံးပြုခြင်းသက်သေကို ကျွန်ုပ်တို့ပြန်မြင်
တွေ့ကြားသိရသည့်အခါ ထိုသူတို့နှင့်အတူ ဘုရားရှင်၏ ကျေးဇူးတော်ကို 
ဝမ်းမြောက် စွာချီးမွမ်းကြရပေမည်။ 

🔸သို့ဖြစ်၍ ကျွန်ုပ်တို့သည် တစ် ဉီးနှင့်တစ် ဉီးအပြန်အလှန် သစ္စာရှိစွာ
ဆုတောင်းပတ္ထနာ ပြုပေးခြင်းသည်အောင်မြင်မှုအကျိုးရလဒ်ကို ခံစားစေနိုင်သည့်အဖိုးမဖြတ်နိုင်သောပါဝင်မှုဖြစ်ပေသည်။ 
ထိုကြောင့် ဆုတောင်းခြင်း အမှုကိုအလေးထား၍ အထူးကြိုးစား
ပြုမူသင့်ပေသည်။ (ဘုရားပေးသောဝန်တာ) တစ် ဉီးနှင့်တစ် ဉီးအပြန်အလှန်ဆုတောင်းပေးရန်တောင်းပေးချင်သောဝန်တာစိတ်ကို 
ကျွန်ုပ်တို့အား ဘုရားသခင်ပေး တော်မူပါသည်။ 

🔸ကျွန်ုပ်တို့သည် အသွေးအသားနှင့်တည်ဆောက်ထားသောသူများ
ဖြစ်သဖြင့် စာတန်လှည့်စား၍ လဲပြိုခြင်းမှကင်း လွတ်စေဖို့ရန် 
အပြန်အလှန်ဆုတောင်းပေးသင့်ကြပေသည် (ဖိ၊ ၁ း ၁၉ – ၂၀)။ 
ကိုယ်ကာယ၌ ကျန်းမာခြင်းရှိဖို့၊ ဝိညာဉ်အရှိန် တန်ခိုးနှင့်အမှုတော်မြတ်၌ထိရောက်စွာပါဝင်
လုပ်ဆောင်နိုင်ဖို့ရန် ဆုတောင်းပေးသင့်သည်။ 

🔸ကျွန်ုပ်တို့သည် ဘုရားရှင်ထံမှကယ်တင်ခြင်း
ဆုကျေးဇူးနှင်.အမျိုးမျိုး သောကောင်းချီး မင်္ဂလာများခံစားရသလို 
အခြားသော သူများလည်း ခံစားနိုင်စေဖို့ရန်လည်းကောင်း၊ 
တိုင်းပြည်ခေါင်းဆောင်တစ် ဉီးစီအတွက်နှင့်တိုင်းပြည်အေးချမ်း 
သာယာစေဖို့ရန် လည်းကောင်း၊ အမှုတော်ဆောင် 
အသီးသီးအမှု တော်မြတ်၌သာ၍ ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ဖို့ရန် 
လည်းကောင်း၊ ကြိုးစား၍ ဆုတောင်းပါဝင်ကြမည်ဆိုပါက ဆုတောင်း
ပေးခြင်း၏ ကောင်းကျိုးမင်္ဂလာအဖြာဖြာကို ကျွန်ုပ်တို့ကိုယ်တိုင်မြင်တွေ့
ခံစားရလျက်ဘုရားရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းစရာသာ၍
တိုးမွားများပြားလာမည်ဖြစ်ကြောင်း မေတ္တာနှင့်
အသိပေးဝေငှလိုက်ရပါသည်။ 

စစ်မှန်သည်. ဘုရားသားသမီးဆိုတာ ?

 (ယော၊ ၁၄း၂)တွင် သခင်ယေရှုက “ငါ့အဘ၏အိမ်တော်၌ 
နေစရာအခန်းများရှိ၏” ဟုအသိပေးဖေါ်ပြထားပါသည်။ ကောင်းကင်ဘုံရှင်အဘနှင့်သားသမီးတော်စပ်သူများသည် ထိုအခန်းများတွင်နေခွင့်ရကြမည်ဖြစ်သည်။ ထိုအခွင့်ထူးကိုခံစား 
နိုင်ဖို့ရန် ကျွန်ုပ်တို့အနေဖြင့် ကောင်းကင်ဘုံရှင်အဘဘုရားရှင်၏ သားသမီးများဖြစ်ဖို့လိုအပ်ပါသည်။ 

ဤတော်စပ်မှုမရှိပါက ကောင်းကင် ဘုံရှိအခန်းများတွင် ကျွန်ုပ်တို့နေခွင့်ရကြမည်မဟုတ်ပေ။ ဤသတိပေးစကားသည် ကောင်းကင်၊ မြေကြီးနှင့် လူသတ္တဝါများကို ဖန်ဆင်းတော်မူရှင်ကိုယ်တော်တိုင်က နှုတ်မှဖွင့်ဟပြောဆိုသောကတိစကားဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ အသီးသီးသည် မိမိကိုမိမိဘုရားသခင်၏သားဖြစ်သည်မဖြစ်သည်ကို ပြန်၍သတိပြုဆန်းစစ်သင့်ပါသည်။ (တ၊၂၆း၂၈)တွင် တမန်တော်ပေါလု၏ သက်သေခံချက်ကို ကြားနာရပြီးသည့်နောက် အဂြိပ္ပမင်းကြီးက 
“သင်ဖြားယောင်း သွေးဆောင်သောအားဖြင့် ကျွန်ုပ်သည် 
ခရစ်ယာန်ဖြစ်လုပြီ” ဟု ပေါလုအားဆိုခဲ့သည်။ 

ယနေ့အဂြိပ္ပ မင်းကြီးကဲ့သို့ ခရစ်တော်၏ အကြောင်းကိုသိပြီး ခရစ်ယာန်ဖြစ်လုသောသူများစွာရှိနေပါသည်။ ကျွန်ုပ်တို့လည်း 
ခရစ်တော်ကို အသက်တာ၌ ပိုင်ပိုင်နိုင်နိုင် လက်ခံမရရှိသေးဘဲ ခရစ်ယာန်ဖြစ်လုသောအခြေအနေ၌သာရှိနေပါက အကျိုးများစွာ ±ံှုးပေလိမ့်မည်။ ခရစ်ယာန်ဘာသာဝင်တစ် ဉီး အနေဖြင့် နှစ်ပေါင်းများစွာအသက်ရှင်ခဲ့စေကာမူ ခရစ်ယာန်ကိုနှလုံးသားထဲ၌ 
မရရှိထားပါက ထိုသူသည် ခရစ်ယာန်ဖြစ်လုလု အခြေအနေ၌သာရှိသေးသူဖြစ်သည်။ 

ယုံကြည်ခံယူချက်နှစ်ခုကြားတွင် ကျွန်ုပ်တို့ဗျာများမနေသင့်ပါ။ ယုံကြည်ခံယူချက်တစ်ခုခုကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချ၍
ခံယူကာ အသက်ရှင် သင့်ပါသည်။ သီလနှင့်ကုသိုလ် ကောင်းသော သီလကိုဆောက်တည်၍ ကုသိုလ်တရားပွားများဖို့ရန် ဘာသာ
တရားတိုင်းကသွန်သင်ပါသည်။ 

ဤအမှု တို့မှာ လူကကြိုက်နှစ်သက်သလို ဘုရားရှင် နှစ်သက်သောအမှုများဖြစ်သည်။ လူမှန်လျှင် အပြစ်နှင့်ကင်းသူမရှိပါ။ အနည်းနှင့်အများ မှားတတ်ကြသည်မှာ ပုထုဇ ဉ်လူသားတို့၏ သဘာဝဓမ္မာတာပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းသောသီလကိုမဆောက် တည်၍ ကုသိုလ်တရား
ပွားများသူဖြစ်စေ၊ ကောင်းသောသီလကို မဆောက်တည်နိုင်၍ ကုသိုလ်တရားနည်းပါးသည်ဖြစ်စေ၊ ပုထုဇဉ် လူသားမှန်လျှင်
ခွဲခြားမှုမရှိဘဲ ကိုယ်တော်ထံလာနိုင်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏သီလနှင့်ကုသိုလ်ကိုမပယ်ပါ။ သို့သော် ကောင်းကင်ဘုံရှင်
အဘ၏ သားသမီးဖြစ်နိုင်ရေးမှာ ကျွန်ုပ်တို့၏ 
သီလ၊ ကုသိုလ်တို့ဖြင့်မရနိုင်ပါ။ 

သက်သေနှစ်မျိုး ဘုရားသခင်သည် လူကိုရုပ်နှင့်နာမ်တွဲကာ သဘာဝနှစ်မျိုးဖြင့်ဖန်ဆင်းတော်မူပါသည်။ ထို့ကြောင့်လူ၏
ရုပ်ပိုင်းနှင့်နာမ် ပိုင်းတွင် သက်သေနှစ်မျိုးခံစားနိုင်ပါသည်။ 
ရုပ်ကဏ္ဍက လောကီသဘာသနှင့်တွဲဘက်ကာသက်သေခံစားပါသည်။ 
ဉပမာ-ဆာလောင်မွတ်သိပ်သည်ဆိုပါစို့။ ဟင်းအနံ့ရရုံဖြင့် မွတ်သိပ်မှုမပြေပါ။ အမှန်စားသုံး၍ ဝမ်းဝပြီးမှသာ မွက်သိပ်မှုပြေပါသည်။ 

ထိုနည်းတူ နာမ်သဘာသကလည်း အသက်ရှင်တော်မူသောဘုရားနှင့်
မထိတွေ့မချင်း အတွင်းဝိညာ ဉ်၏ မွတ်သိပ်မှု မပြေပါ။ ထို့ကြောင့် အချို့သောသူများမှာ ထိုမွတ်သိပ်မှုမပြေသောကြောင့် အားကိုးရာမဲ့ဖြစ်၍ ဘုရားရှင်ကိုကိုးစား ရမည့်အစား လူလူချင်းကိုအားကိုး ကြသည်။ အချို့ကဗေဒင်လက္ခဏာမေးကြသည်။ အချို့ကချဲထိုးကြသည်။ 
ထိုအမှုများသည် ဘုရားရှင်မနှစ်သက်သောအမှုများဖြစ်ကြသည်။ 

ဘုရားရှင် ၏အလိုတော်မှာတွေ့ကြုံရသောအခက်အခဲပြဿနာများအတွက် ကိုယ်တော်ကိုကိုးစား၍နာမတောမြတ်အား အမှီပြုကာခေါ်ဖို့ရန်ဖြစ်သည်။ ကိုယ်တော်ကိုးစား၍ ခေါ်ကြသောသူတိုင်းအား ကိုယ်တော်သည် ပစ်၍ မထားဘဲဆုတောင်းသံကိုနားညောင်း၍ အဖြေပေးကာသက်သေထူပါသည်။ အတွေ့ခံသောဘုရား နှုတ်ကပတ်တော်တွင် ဘုရားရှင်က “ရှာကြလော့၊ ရှာလျှင်တွေ့မည်၊ ငါ၏နာမကိုအမှီပြု၍ တောင်းကြလော့၊ တောင်းလျှင်ရမည်” ဟုမိန့်တော်မူပါသည်။ စိတ်နှလုံးအºကွင်းမဲ့နှင့်ဘုရားကိုတွေ့လိုသော သဘောဖြင့်ရှာပါက ကိုယ်တော် သည်အတွေ့ခံပါသည်။ 

တမန်တော်ရှင်ပေါလုသည် အစပထမ၌ သခင်ခရစ်တော်ကို မသိရှိဘဲ ဘာသာတရားဘက်၌ စိတ်အားကြီးကာ အသင်းတော်ကို ညှင်းဆဲသောသူဖြစ်ပါသည်။ ဘုရားရှင်ကိုစိတ်နှလုံးကချစ်သော်လည်း လုပ်ဆောင်မှုက မှားနေပါသည်။ ထိုကြောင့် ဒမာသက်မြို့သို့သွားသော
လမ်းတွင် သခင်ခရစ်တော်က သူ့ကိုအတွေ့ခံပါသည်။ သခင်ခရစ်တော် ကိုတွေ့ထိသိရှိပြီးနောက် ပေါလု၏အသက်တာသည်ပြောင်းလဲသွားကာ သူဆန့်ကျင်ဘက်ပြုခဲ့သောခရစ်တော်၏ အကြောင်း ကိုရဲဝံ့စွာဟောပြောသက်သေခံသော အမှုတော်ဆောင်
တစ်ပါးဖြစ်လာခဲ့ပါသည်။ ဘုရားရှင်၏သားသမီးစစ်ဖြစ်ပါက 
အတွင်း၌ ကိုယ်တွေ့သက်သေရှိပါသည်။ 

ခရစ်တော်ကိုနှလုံးသားအတွင်း၌
မရရှိသေးပါက သင့်အတွက်များစွာအကျိုးရှိပေလိမ့်မည်။ 
နောင်တရပါ ချစ်သောမိတ်ဆွေသင်သည်ခရစ်တော်ကိုမရရှိသေးပါက ယခုပင်နောင်တရ၍ အသကတာကုပြင်ဆင်သင့်ပါသည်။ မိမိကိုမိမိမလှည့်စားသင့်ပါ။ ခရစ်တော်ကိုအမှန်တကယ်မရရှိ
သေးပါသင်၌ အတွင်းငြိမ်သက်မှုသက်မေရှိသေးပါ။ သေပြီးသည့် နောက်ဘယ်ဘဝရောက်မည်ကိုမသိသေးခြင်း၊ တမလွန်အတွက်စိတ်ချမှု မရှိသေးခြင်းသည် ခရစ်တော်ကိုမရရှိသေးခြငး၏ သက်သေပင်ဖြစ်သည်။ 

ထိုသူ၏ စိတ်နှလုံး၌ဘုရားရှင်သည် အမှန်တည်ရှိ၍ အသက်ရှင်သော ပုဂ္ဂိုလ်တော်မြတ်ဖြစ်ကြောင်း ဒွိဟသံသယစိတ်ရှိပေမည်။ 
ထိုသို့ သံသယစိတ်ရှိနေပါက ကိုယ်တော်၏နာမကိုခေါ်ကြည့်ပါ။ ကိုယ်တော်ပြန်ထူးကြောင်း သက်သေရပါက ကိုယ်တော်ကို ယုံကြည်ပြီးနှလုံးသားအတွင်းခေါ်ဖိတ်၍ နေရာပေးပါ။ အံ့သြဖွယ်ကေင်းသည့်အတွင်း သက်သေကို သင်လက်တွေ့ခံ 
စားရပေမည်။ ထို့ကြောင့်ခရစ်တော်၏အကြောငးကိုများစွာသိပြီး ခရစ်ယာန်ဖြစ်လုသော အသက်တာမှပြောင်းလဲ၍ ခရစ်တော်ကို 
အသက်တာ၌ အမှန်တကယ်ရရှိပြီး တမလွန်အရေးစိတ်အေးမှုကို
ခံစားနိုင်ရန် အသက်တာကိုဘုရားရှင်အလိုတော်နှင့်အညီ ပြင်ဆင်ပါမညအကြောင်းမေတ္တာဖြင့်သတိပေးဝေငှလိုက်ရပါသည်။ 
 Dr.တင်မောင်ထွန်း-တရားဒေသနာ

ဘုရားသခင် ရှိကြောင်း ဘယ်လိုသိနိုင်မည်နည်း

၁။ ဖန်ဆင်းထားသောအရာများအားဖြင့် သိနိုင်ခြင်း 
(WE KNOW GOD THROUGH HIS CREATION) 
ယနေ့ ကျွန်ုပ်တို့ မြင်တွေ့နေရသော မိုးကောင်းကင်၊ နေ၊ လ၊ ကြယ်၊ 
တို့မှစ၍ တိရစ္ဆာန်၊ တော၊ တောင်၊ ဥစ်ပင်၊ ရေမြေသဘာဝ
အားလုံးတို့ကို ကြည့်ခြင်းအားဖြင့် ထိုအရာတို့ကို ဖန်ဆင်းသောအရှင် 
ဘုရား သခင် ရှိကြောင်းကို သိရှိနိုင်ပါသည်။ 
အရာခပ်သိမ်းကို ဖန်ဆင်းသောသူသည် ဘုရားသခင်ဖြစ်တော်မူ၏
 (က၊၁း၁။ ဟေ၊၄၀း ၂၈း သု၊ ၈း၂၂-၃၁)။ 

၂။ ယေရှုခရစ်တော်အားဖြင့် သိနိုင်ခြင်း 
(WE KNOW GOD THROUGH JESUS CHRIST)
 ြုရားသခင်က မိမိကိုယ်ကို ထုတ်ဖော်၍ ပြသခြင်းငှာ မိမိသားတော်ကို 
လောကသို့ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်လောက်က လူ့ဇာတိကို 
ခံယူစေ၍ စေလွှတ်ခဲ့ပါသည်။ ယေရှုခရစ်တော်ဟု အမည် ရပါည်။ ထိုသခင်ယေရှုခရစ်တော်အားဖြင့် ဘုရားအကြောင်းကို လူတို့သိရှိ နားလည်သဘောပေါက်နိုင် ကြပါ သည်။ ကျမ်းစာလာသည်ကား
 “ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း ခမည်းတော်၏ 
ရင်ခွင်၌ ရှိသော တစ်ပါးတည်းသော သားတော်(ယေရှု)သည် 
ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ” ဟု ဖော်ပြထားပါသည် (ယော၊၁း၁၈)။ ယေရှုဟူသော အမည်နာမ၏ အဓိပ္ပါယ်မှာ “လူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူ” ဖြစ်ပါသည် (မဿဲ၊၁း၂၁)။ ထာဝရဘုရား၏ ဘိသိက်ခံဘွဲ့နာမမှာ “ခရစ်တော်” ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ “ကယ်တင်ရှင်” ဖြစ်ပါသည် (လု၊၂း၁၁)။ ယေရှုခရစ်တော်သည် ဘုရားသခင်နှင့် တလုံးတဝတည်းဖြစ်ခြင်း (ယော၊ ၁၀း၃၀)။ ယေရှုခရစ်တော်သည် သေခြင်းကိုအောင်မြင်၍ ရှင်ပြန်ထမြောက်တော်မူခြင်း (ယော၊၁၁း၂၅။ ၅း၂၆။ ၆း၃၉-၄၀)။ ယေရှုခရစ်တော်သည် သေသောသူကို ရှင်ပြန်စေခြင်း (ယော၊ ၁၁း၄၃-၄၄)။ ယေရှုခရစ်တော်သည် ကောင်းကင်မှဆင်းသက်၍ အသက်ကိုပေးသော 
အသက်မုန့်ဖြစ်ခြင်း (ယော၊ ၆း၃၃)။ 

(၃) သမ္မာကျမ်းစာအားဖြင့် သိနိုင်ခြင်း 
(WE KNOW GOD THROUGH THE HOLY BIBLE) သမ္မာကျမ်းစာတော်မြတ်က ဘုရားသခင်ရှိကြောင်းကို တိတိကျကျ ဖော်ပြထားပါသည်။ ထိုကျမ်းစာ သည် ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းတော်မူသောအားဖြင့် ရေးသားထားသော စာအုပ်ဖြစ်ပါသည် (၂တိ၊၃း၁၆)။လူသားများ၏ ဉာဏ်ပညာ၊ အတွေးအခေါ်၊ အယူအဆအားဖြင့် ရေးသားထားခြင်းမဟုတ်။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားများ ဖြစ်ပါသည်။ သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် အလွန်ထူးခြားသော စာအုပ်ဖြစ်ပါသည်။ ပျောက်ပျက်သွားခြင်း မရှိဘဲ ဘာသာစကားအမျိုးမျိုးဖြင့် ပြန်ဆိုပြီး ရောင်းရအကောင်းဆုံး အစ်အုပ်ဖြစ်ခြင်း၊ ကျမ်းစာ၏ကြိုတင် ဖော်ပြခက်များ မှန်ကန်ပြည့်စုံလာခြင်း၊ လူသားတို့၏ စိတ်နှလုံးကို ပြုပြင်ပြောင်းလဲ စေနိုင်ခြင်း၊ တိကျပြတ် သားသော ကတိတော်များပေးထားခြင်း၊ ကမ္ဘာ့သမိုင်း နှင့်ကိုက်ညီခြင်း၊ ရှေးဟောင်းသုတေသန ပညာရှင်တို့၏ ရှာဖွေတွေ့ရှိချက်များမှ ခိုင်လုံသောအထောက်အထားများရှိနေခြင်း၊ စသည်တို့က သမ္မာ
ကျမ်းစာသည် ထူးခြား သော စာအုပ်ဖြစ်ကြောင်းဖော်ပြလျက်ရှိပါသည်။

(၄) ဘုရားဟူသော ဝေါဟာရရှိနေခြင်းဖြင့် သိနိုင်ခြင်း 
(ALL MEN PRONOUNCE “GOD” IN THEIR OWN 
DIALECTS TO SHOW THAT GOD IS IN EXISTANCE) 
လူမျိုးအလိုက် ဘာသာစကားအမျိုးမျိုး ကွဲပြားခြားနားနေကြသော်လည်း ဘာသာစကားတိုင်းတွင် ဘုရား ဟူသော ဝေါဟာရသည် အဓိကအကျဆုံးအခန်းကဏ္ဍတွင် ပါဝင်နေသည်မှာ ထင်ရှားလှပါသည်။ 
မှန်သော ဘုရားဖြစ်သည့် မိမိတို့ကို ဖန်ဆင်းသည့် သခင်အား မတွေ့နိုင်ကြသောကြောင့် မိမိတို့ လက်လှမ်းမီရာ ကို ဘုရားအဖြစ်ကိုးကွယ်နေကြခြင်း ဖြစ်ပါသည်။ 
(ဥပမာ -– လဘုရား၊ နေဘုရား၊ သစ်ပင်ဘုရား၊ ကျောက်ဘုရား၊ တောင်ဘုရားစသည်ဖြင့်)။

(၅) ပိုင်ဆိုင်သူကို စဉ်းစား ကြည့်ခြင်းဖြင့် သိနိုင်ခြင်း 
(WE KNOW GOD THROUGH CONCEPTION 
OF THE SOLE OWNER) 
ဗလာကပေါ်ရှိမည်သည့်အရာကိုမဆို ပိုင်ဆိုင်သူနှင့် အုပ်စိုးသူရှိနေသည်ကို တွေ့ရပေသည်။ အိမ်မှစ၍ အတွင်း၌ရှိသော အိမ်ထောင် ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းအားလုံးကို ပိုင်ဆိုင်သူ၊ တာဝန်ယူထိန်းသိမ်း 
နေသူရှိနေသလို မော်တော်ကား၊ မီးရထား၊ လေယာဉ်ပျံစသည့် ယာဉ်အမျိုးမျိုးကိုလည်း ပိုင်ဆိုင်သူ၊ ထိန်ချုပ် မောင်းနှင်နေသူတို့ရှိနေသည်
 ဖြစ်ရာ ဤလောက စင်္ကြဝဠာတစ်ခုလုံးကိုလည်း ပိုင်သအုပ်စိုး ထိန်ချုပ်နေသူ မရှိဘဲ မဖြစ်နိုင်ပါ။ ကမ္ဘာမြေကြီးအပါအဝင် စကြဝဠာအတွင်းရှိနေ၊ လ၊ ကြယ်နက္ခတ်အားလုံး သူ့လမ်းကြောင်းနှင့်သူ စနစ်တကျ သွားလာ လည်ပတ်နေသည်မှာ အံ့ဩဖွယ်ရာဖြစ်ပါသည်။ ဤအချက်သည်ပင်လျှင် စကြဝဠာတစ်ခု လုံးကို ဖန်ဆင်းပိုင်သအုပ်စိုး ထိန်းချုပ်နေသော ဘုရားရှိသည့်အကြောင်း ဖော်ပြနေသည့် အချက်ဖြစ်ပါသည်။ ထို့ကြောင့် အခြေအမြစ်ကျကျ စဉ်းစားဆင်ခြင်ကြည့်ပါက ဘုရားသခင်ရှိကြောင်းကို အလွယ်တကူပင် သိရှိနား လည်း သဘောပေါက်နိုင်ပါသည်။