၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 21 January 2020

⛪သင် - ဘုရားဝတ်ပြုချိန် ဖုန်းသုံးပါသလား? .⛪.

21ရာစုရဲ့နည်းပညာတိုးတက်မှုဟာ အရှိန်တဟုန်ထိုးပါဘဲ၊
ဒါဟာကောင်းကျိုး သယ်လာသလိုဆိုးကျိုးလဲမနည်းပါဘူး။

 ဒီထဲမှာယုံကြည်သူများဘုရားဝတ်ပြုချိန်မှာဖုန်းတကားကားနဲ့
ဖြစ်နေကြတာအတော်ဆိုးတဲ့ပြဿနာတခုပါ။
လက်ရှိအသင်းတော်အများစုမှာဖြစ်ပျက်နေတာက...
ဖုန်းနဲ့သီချင်းစာသားကြည့်ဆိုသလိုလို၊
ဖုန်းနဲ့ကျမ်းစာကြည့်သလိုလိုနဲ့၊မထင်ရင်မထင်သလို
facebookတို့တခြားappကိုဝင်ဝင်ရှိုးမယ်၊

အရင်ကလူဆိုရင်ဆရာတွေတရားအရှည်ကြီးဟောမှာကို
ကြောက်ကြတယ်၊ခုခေတ်ကတော့တရားအကြာကြီးဟောတဲ့
ဆရာကိုမှနှစ်သက်ကြတယ်၊တရားဟောကြာလေလေ
အောက်ကနေဖုန်းပွတ်ဖို့အချိန်ရလေလေဖြစ်နေလို့လားဘဲ။

တချို့ဆိုဝတ်ပြုနေတုန်းအသံကျယ်ကျယ်နဲ့ဖုန်းလာလို့အားလုံး
ပျာယာခတ်၊ဒါတွင်ဘယ်ကမလဲဖုန်းထကိုင်ပြီးအသံဗြဲကြီးနဲ့
အော်ပြောလိုက်သေးတယ်၊လူငယ်တွေကတော့
အသံတိတ်ကလိတာပေါ့နော်။

ဘာဘဲပြောပြောယုံကြည်သူအားလုံးကိုဝတ်ပြုချိန်ဖုန်း
သုံးသင့်သလားမေးရင်အားလုံးလိုလိုမသုံးသင့်ဘူးလို့
ပြောမှာတော့သေချာတယ်၊သုံးနေတဲ့သူကို၌ကလဲသိပြီးသားဖြစ်မှာပါ။
ဒါကြောင့်ဒီနေရာကနေကျမ်းချက်အနည်းငယ်ထည့်ပြီးသတိပေးရင်း
အတူတကွဆင်ခြင်ပါရစေ။ 

၁။ဘုရားသခင်ကိုရိုသေခြင်း ဟဗက္ကုတ်အနာဂတ္တိကျမ်း ၂:၂၀မှာဒီလိုဖော်ပြထားပါတယ်၊"ထာဝရဘုရားမူကား၊ သန့်ရှင်းသော ဗိမာန်တော်၌ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။"

...ဘုရားသခင်ရဲ့အိမ်တော်ဆိုတာယုံကြည်သူများ
စုရုံးရာကိုဆိုလိုရပါ့မယ်၊
စုရုံးဝတ်ပြုချိန်မှာခန္ဓာစိတ်ဝိညာဉ်သန့်ရှင်းနေရပါမယ်၊
ရှောလမုန်မင်းကြီးလဲဒေသနာကျမ်း၅:၁မှာဒီလိုသတိပေးထားတယ်"
ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ 
သင့်ခြေတို့ကို စောင့်လော့ "တဲ့...။

ယုံကြည်သူတယောက်ဟာတချိန်တည်းမှာ
ဖုန်းပွတ်ပြီးနာမ်ဝိညာဉ်နဲ့သစ္စာနဲ့ဝတ်ပြုဖို့မဖြစ်နိုင်သလို၊
စစ်မှန်တဲ့ဝတ်ပြုခြင်းထဲမှာနေတဲ့ယုံကြည်သူတယောက်ဟာလည်း
ဝတ်ပြုချိန်ဖုန်းပွတ်နေမှာမဟုတ်ပါ။

ဖုန်းပွတ်နေတာအကြောင်းပြချက် အမျိုးမျိုးရှိကောင်းရှိပါလိမ့်မယ်၊
ဒါပေမဲ့ဘုရားသခင်သိပါတယ်။နောက်ဆုံးတချက်ကဒီလိုဆင်ခြင်ကြည့်ပါ..."
အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ..."လို့ကျနော်တို့အမြဲ
ဆုတောင်းတတ်ကြပြီး၊လက်တွေ့ဝတ်ပြုချိန်မှာဖုန်းပွတ်နေရင်တော့
အပြစ်သွေးဆောင်ရာထဲကိုယ်တိုင်တိုးဝင်နေတာ
မဟုတ်လားညီကိုမောင်နှမတို့။ 

 ၂။အသင်းတော်အားနာခံခြင်း ဟေဗြဲဩဝါဒစာ ၁၃:၁၇ "သင်တို့ကို အုပ်သောသူတို့၏စကားကိုနားထောင်၍နှိမ့်ချလျက်နေကြလော့"...
လို့သွန်သင်ထားပါတယ်။ဒီနေရာမှာပြောတဲ့အုပ်သောသူဆိုတာ
ဝိညာဉ်ရေးရာခေါင်းဆောင်လမ်းပြသူဖြစ်ပါတယ်၊

အထူးသဖြင့်
အသင်းတော်လို့နားလည်ရပါတယ်။ 
အသင်းတော်ဆိုတာဘုရားသခင်ရဲ့
အာဏာကိုကိုယ်စားပြုပါတယ်၊အကယ်၍အသင်းတော်ဝတ်ပြုချိန်
ဖုန်းမပိတ်ထားဘဲအသံဖွင့်ထားနေစမြဲဆိုရင်အသင်းတော်ကိုမထီမဲ့မြင်
ပြုသလိုဘုရားသခင်ကိုလဲမလေးစားရာရောက်ပါတယ်။

ဒါကြောင့်လဲရှမွေလကဘုရားစကားဆင့်ဆိုရာ"အလိုတော်သို့ 
လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ 
နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။" လို့ပြောခဲ့တာပေါ့။ ယနေ့သင်ဘုရားစကားကိုနားထောင်မည်လော?

 ၃။အမှုတော်ဆောင်များကိုလေးစားခြင်း သက်သာလောနိတ်ဩဝါဒ
စာ ပဋ္ဌမစောင် ၅:၁၂-၁၃ မှာ"အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ 
အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊လေးစားကြပါ"...လို့မှတ်သားထားပါတယ်။

အမှုတော်ဆောင်များပလ္လင်ပေါ်မှာဘုရားက်ုယ်စား
နူတ်ကပတ်တော်ဆင့်ဆိုဟောကြားနေချိန်၊ကိုယ်ကခေါင်းငုံ့ပြီး
ဖုန်းပွတ်နေရင်ဖြင့်မလေးစားရာရောက်ပါတယ်၊ဘုရားကိုလဲ
မရိုမသေဖြစ်သွားပါပြီ။ကျနော်တို့တွေအချိန်တပတ်လုံး
လွတ်လပ်နေထိုင်ရှာစားပြီးသကာလ၊ဝတ်ပြုချိန်၂နာရီ
လေးမှာတောင်ဖုန်းပွတ်နေရင်ဘယ်လိုပြောရတော့မလဲ?

ဒီနေ့နိုင်ငံတော်သမ္မတသင့်ရှေ့မှာစကားပြောနေရင်
သင်ခေါင်းငြိမ့်ဖုန်းပွတ်ပြီးနားထောင်မှာလား?သင်ဝတ်ပြုချိန်
ဖုန်းပွတ်တာအကျင့်ရှိနေရင်ဒါလေးသတိယပါ၊
သင်ကိုးကွယ်နေတာကဘုရင်တကာဘုရင်၊
အရှင်တကာအရှင်ဆိုတာကိုပေါ့။ 

၄။သူတပါးထိမိလဲစရာမဖြစ်အောင် ကောရိန်သုဩဝါဒစာ 
ဒုတိယစောင် ၆:၃"တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ ထိမိ၍လဲစရာအကြောင်း တစုံတခုကိုမျှမပြု"...လို့ ဖော်ပြထားပါတယ်။ ဘုရားဝတ်ပြုတဲ့အခါအားလုံး တိတ်စိတ်ပြီး တရားဟောနားထောင်နေတဲ့အခါသင့်ဖုန်းကချက်ချင်း ထမြည်လာရင်အားလုံးအတွက်အနှောက်ယှက်ဖြစ်စေပါတယ်၊

ဒီနေရာမှာမယုံကြည်သူတွေလာပြီးပါဝင်နေရင်ထိမိလဲစရာ
ဖြစ်စေမှာဧကန်ပါ။ဒါကြောင့်ကိုယ့်ဖုန်းအားဖြင့်ဘုရားမျက်နှာ
ပျက်စေမဲ့အလုပ်မလုပ်ပါနဲ့၊ကိုယ်တစ်ယောက်ထဲရဲ့အပြုအမှုကြောင့်
အားလုံးရဲ့ကိုးကွယ်မှုကိုအနှောင့်အယှက်မဖြစ်စေပါနဲ့။
ယုံကြည်သူအချင်းချင်းလေးစားမှုလေးတော့ထားပါ။
သူတပါးခံစားချက်ကိုနားလည်ပါ။
ထိမိလဲစရာမဖြစ်စေပါနဲ့။ 

#နိဂုံး ချစ်သောမိတ်ဆွေ၊အသင်းတော်ဆိုတာသင်စီးပွားရေး
လုပ်တဲ့နေရာမဟုတ်သလိုဂိမ်းဆိုင်လဲမဟုတ်ပါဘူး၊
သင်ကိုယ်တိုင်ကဘုရားကျောင်းရောက်နေပေမဲ့စိတ်က
အပြင်စီးပွားရေးလောကနဲ့အပျော်အပါးမှာရောက်နေရင်
သင့်ရဲ့ဝတ်ပြုခြင်းကအချည်းနှီးဖြစ်နေပါပြီ။
မဿဲ၊မာကု၊လုကာတွေရေးတဲ့ခရစ်ဝင်ကျမ်းထဲမှာ
သခင်ယေရှုကိုယ်တိုင်ဗိမာန်တော်မှာစီးပွားရေးလုပ်နေတဲ့သူ၊
သူတပါးဆုတောင်းခြင်းကိုနှောင်ယှက်နေသူတွေကို
မောင်းထုတ်ခဲ့တာသတိယပါ။

သခင်‌‌ယေရှုခေတ်ကာလမှာ
သိုးနွားဆူညံသံ‌တွေကဗိမာန်‌တော်ဝတ်ပြုခြင်းကို‌
နှောင့်ယှက်‌နေခဲ့ပါတယ်။ဒီ‌နေ့အသင်း‌တော်မှာ‌တော့ဖုန်းသံ‌တွေဟာ
ဝတ်ပြုခြင်းကို‌နှောင့်‌ယှက်‌နေပါပြီ။
ဒါကြောင့်ယနေ့သင့်ဖုန်းသံအားဖြင့်အသင်းတော်တခုလုံး
မညစ်ညူးပါစေနှင့်။ဖြစ်နိုင်ရင်ဘုရားကျောင်းဝတ်ပြုသွားချိန်၂နာရီ
အတောတွင်းဖုန်းမကိုင်သွားပါနဲ့။လုပ်ကြည့်ပါ၊စမ်းကြည့်ပါ။
ဒီလာမဲ့အပတ်ကနေစကြည့်ပါ။ ယေရှုနာမဖြင့်ပေါ့။

အဓိကကတော့အမှုတော်ဆောင်တွေကနေစရပါ့မယ်၊တရားတော့
ဟောပြီးအမှုတော်ဆောင်ကိုယ်တိုင်ဖုန်းတကားကားဖြစ်နေရင်ဖြင့်
တကယ့်ပြောစရာပါဘဲ၊တရားဟောဘယ်လောက်ကောင်းကောင်း
လက်တွေ့အသက်တာမရှိရင်တော့အချည်းနှီးပါ။
အကယ်၍မယူမရဆိုရင်(ယုံကြည်ခြင်းခိုင်မာနေရင်ပေါ့)
ဝတ်ပြုချိန်ဖုန်းကိုAirplane modeလုပ်ထားပါ၊အသံပိတ်ထားပါ။
ဘုရားသခင်ကောင်းကြီးပေးပါစေ။ Ye Ming