၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 22 August 2020

🔼သင်.စိတ်နှလုံး ပြောင်းလဲခြင်းရှိလော.(၁၄)🔼

ကိုယ်.အထဲ၌ သဘာဝထက် လွန်ကဲ.သော တန်ခိုးရှိကြောင်း 
နှလုံးသားကို အသစ်တဖန် Renew (Re-establish , Carry on, 
Restart, Recommence , resume) ရမည်၊ ငါတို.၏ ယုံကြည်ခြင်း 
အသစ်စက်စက် ထပ်တောင်းဖို.မဟုတ်သလို ယုံကြည်ခြင်း 
များများရှိဖို.လည်း မလိုဘူး၊ 

You don't need more faith, what you need is less unbelief' သင်လိုအပ်နေတာကတော မယုံကြည်ခြင်း မရှိဖို.ပဲ၊ မာသဲ ၁၇း၁-၈ 
သခင်ယေရှုတောင်ပေါ် ၌ ဆုတောင်းစဥ် မျက်နှာတော်အလင်း 
ထွက်သကဲ.သို. မောရှေ ရက် ၄၀ တောင်ပေါ်မှ 
ဆင်းလာသည်.အခါ ဘုရားအတူ ပါရှိခြင်းသည် 
အလင်းကဲ.သို.ဖြစ်၏၊ (ထွက် ၃၄း၂၈)

မာသဲ ၁၇း၁၄-၁၈ ' သင်တို. ယုံကြည်ခြင်း ဖေါက်ပြန်လှတကား" 
မာကု၊၁၆း၁၈ ၌ လက်တင်ဆုတောင်းပေးကြလော. ပြောသော်လည်း 
လူများ၏ ပြသနာအခက်ခဲ မဖြေရှင်းပေးနိုင်ခြင်း အတွက် 
သခင်ယေရှု ဝမ်းမြောက်ခြင်းမရှိခဲ.ချေ၊ 

SORRY !- ငါတောင်ပေါ်၌ အလုပ်များနေ၍ အချိန်ကြာခဲ.ခြင်း
ဖြစ်သည်ဟု မပြောဘူး၊ သင်တို.ယုံကြည်ခြင်း ဖေါက်ပြန်သော 
အမျိုး You unbelieving and perserse generationဟု ပြောခဲ.၏။
 သေလွန်ပြီးရင် ကောင်ကင်ရောက်ခြင်း (သို.) ငရဲ ရောက်ခြင်းလောက်ပဲ 
ဟောပြောဖို. ဘုရားအလို မရှိဘူး၊ နတ်ဆိုး အုပ်စိုးသည်. လောက၌ နတ်ဆိုးချုပ်နှောင်ခံလူအ‌ပေါင်းအား လွတ်မြောက်ခြင်း ခံစားစေဖို. 
ယေရှုအလိုချင်ဆုံး ဖြစ်သည်။ 

ဘာ.ကြောင်.များ ငါတို. မလုပ်နိုင်မတတ်နိုင်တာလဲ?(မသ ၁၇း၁၈) တခြို.သောသူများကတော. မေးခွန်းထုတ်ပြီး၊ တချို. ယုံကြည်သူများသည် 
ဘာတခုမှ မေးစရာမရှိ၊ ငိုင်မှိုင်ကာ ဘာခံစားချက်မှမရှိဘူး၊ 
ယနေ.များစွာသော ယုံကြည်သူများလည်း ထိုကဲ.သို. 
မေးစရာရှိသူ အမှုဆောင်များ ရှိသလို ဘာတခုမှမေးစရာမရှိ၊
မစဥ်စား ‌ဝေလေလေ အမှုဆောင်များက ပို၍များနိုင်သည်။

တခြို.က ဘုရားအလိုတော်ပဲ လို. အတင်းယုံခိုင်းသူ လည်းရှိသည်။ 
မသဲ၊ ၁၇း၂၀ သေးငယ်သော Little Faith ယုံကြည်ခြင်း ရှိဖို.လိုသည်ဟု 
မပြောဘူး။ မုံညင်းစေ.မျှလောက်ရှိပါက လုံလောက်ကြောင်း ဆိုလိုသည်၊ 
NIV 17:21 ၌ အစာရှောင်ခြင်းနှုင်. ဆုတောင်းခြင်းမှတပါး" 
ဆိုတာမပါလာဘူး၊ (ဒါလည်း နတ်ဆိုး ပရိယယ်တမျိုးပဲ)

မယုံကြည်ခြင်း Unbelief သည်လည်း မယုံကြည်ခြင်းကို 
ယုံကြည်နေခြင်းပါပဲ၊ သို.သော် မှားယွင်းသော Human Faith 
ယုံကြည်ခြင်းဖြစ်၏။ ဥပမာ- မာကု ၁၀း၃၀ ငါ.အတွက် မိဘ ညီအကို 
စွန်.သောသူသည် အဆတရာ ပြန်ရပြီး နောင်ဘဝ၌ ထာဝရအသက်ရမည်' 
ဟုဆိုခြင်းသည် ဘုရားစကားဖြစ်၍ ထိုစကားကိုယုံပါက 
မှန်ကန်သော ယုံကြည်ခြင်းဖြစ်စေသည်
အယောက်တိုင်းကို ဘုရားသခင်
စကားပြောပါစေ -အာမင်း၊

🔼သင်.ယုံကြည်ခြင်းကို Release စေလွှတ်ပါ (၁၃)🔼

ကျွန်တော်တို.၌ ရှိသောအရာကို Release ဖွင်.ချဖို.လိုသည်။ လုကာ၊၁၇း၅ ' ငါတို.ယုံကြည်ခြင်းကို တိုးစေပါ' ဟု တပည်.တော်များ တောင်းသည်.အခါ ယရှေုက...လာလာ-လာကြ၊ ပေးမယ် ဦးပေတရုက ငါ.ထက်
အသက်ကြီးတော. 5 Kg ကာမဲ က 4 kg ယောဟန်က 
အငယ်ဆုံးဆိုတော. 1 kg လို.မပြောဘူး၊

မာကု ၁၁း၁၂ ၌ သစ်ပင်ကို ကျိန်လိုက်ပြီး ၂၄ နာရီအတွင်း
 ခြောက်သွားခြင်းတွင် အမြစ်တူးတာ အကိုင်ချိုင်တာ မပါဘူး၊
ယေရှုခရစ်၏ နုတ်မြွက်လိုက်ခြင်း ဖြစ်သည်၊ မက ၁၁း၂၃ စိတ်နှလုံး၌
ယုံမှားခြင်းမရှိပဲ ပြောဆိုသည်.အတိုင်း သင်၌ဖြစ်မည်'

ဤတောင်အား ရွှေ.လော. ပြောဆိုခြင်း၌ ယုံကြည်ခြင်း မည်မျှ
ကြီးမားရမည်ဆိုတာ မပြောဘူးဖြစ်သည်။ မဖြစ်ဘူးသည်.အရာများကို
ဖြစ်စေသည်. ဘုရားဖြစ်၏ ( ရော ၄း၁၇)။ ဟေဗြဲ ၁၁း၃ ၌
ဖြစ်သမျှ အရာများသည် ဘုရားသခင်ဖန်ဆင်းကြောင်း
ယုံကြည်ခြင်းဖြင်. သိရ၏။

 ဘုရားသခင်သည် ငါတို.၏ အာရုံငါးပါးထက် ကျော်လွန်၍
လုပ်နိုင်သောဘုရားဖြစ်သည်။ ဘုရားသင်ထည်.ပေးသည်. အချစ်
( ဂလာ ၅း ၂၂,၂၃) သည်Sexual Love လိင်ပိုင်းဆိုင်ရာ
အချစ်မျိုးမဟုတ် , Sensual love ကာမဂုဏ် အချစ်လည်း မပါဘူး၊
i love you as Apple pie ပန်းသီးလေးလိုအချစ်ဖြင်.
ချစ်ကြောင်း ဆာလံဆရာက ပြောသလို အဂါပေ Agape
ဘုရားသခင်၏ ချစ်ခြင်းမျိုးကို ထည်.ပေးထားခြင်း ဖြစ်သည်၊၊

သို.သော် မယုံနိုင်ခြင်း၊မယုံတတ်ခြင်းသည် ဘုရားသခင်၏အမှား
မဟုတ်ဘူး၊ သင်.ပြသနာ ဖြစ်သည်၊ သင်၌ Pc အသစ်စက်စက် နောက်ဆုံးပေါ်ဝယ်ထားသော်လည်း အင်တာနက် Connection မမိဘူး၊
IPhone 11, 12 ဖြစ်ဖြစ် Wifi မမိခြင်းသည် ဖုန်းပြသနာ မဟုတ်ဘူး၊
ကုပ္ပမဏီ သွားပြီး လဲမည်ဆိုသော်လည်း အလဲမခံဘူး။

ထိုနည်းတူ ယုံကြည်ခြင်းအသစ် ယုံကြည်ခြင်းများများ၊
နောက်ဆုံးပေါ် ယုံကြည်ခြင်းလည်း ဘုရားသခင်မပေးဘူး၊
ဖလမ ၁း၆ , ၂ပေ ၁း၃ ၌ မဟာတန်ခိုးတော်အား ကျွန်တော်တို.ကို
ပေးပြီး ဖြစ်သဖြင်.ယူသုံးဖို.ပဲ ရှိသည်၊၊

မသ ၁၀း၁ ၌ တန်ခိုးတောင်းသော်လည်း မပေးဘူး ,
၁၀း၈ ၌ မကျန်းမာသူအား ကျန်းမာစေလော. သေသူကိုကို ရှင်စေ‌လော.၊
စာတန်ကို မောင်းထုတ်လော. ဟု မိန်.တော်မူပြီးဖြစ်၏။
ယေရှုက နတ်ဆိုးဘယ်လိုမောင်းထုတ်ရမလဲ မသင်ပေးဘူး၊
to cast out devils လို.ပဲ ပြောပါတယ်။

တမန် ၃း၁-၈ ၊ ဗိမာန်တော်တံခါးဝရှိ နှစ်၄၀ လုံးလုံး တောင်းနေသူအား 
ပေတရု နှုင်. ယောဟန်က ငါတို.၌ရှိသော ယေရှုနာမဖြင်. အမိန်.
ပေးတာ တွေ.ရပြီး၊ ဘုရားသခင် မ,စပါစေ-ပါဝါပေးပါဟု ဆု 
မတောင်းပေးဘူး။ အမိန်.ပေးတာ ဖြစ်တယ်၊ မာကု ၁၁ ၌ ယေရှု၏
သဖန်းပင် အမိန်. ပေးခြင်း ဖြစ်သည်၊ ငါတို.၏တောင်ကြီး
(ငါတို.သေရေးရှင်ရေးသမျှ အရေးကြီးသည်.အရာ) ဖြစ်ဖြစ်
တောင်ငယ်( နေ.စဥ်တွေ.ကြုံနေသည်. ပြသနာ) ကို ဘုရားထံ
မပြောပါနဲ.၊ ကိုယ်တော် ဤပြသနာကြုံနေရတယ်-
လုပ်ပါအုံးလို. ပြောဖို.မဟုတ်၊ 

ထို ပြသနာအား ယေရှုဘုရားအကြောင်း ပြောလိုက်လေ၊ သူဘာ
တတ်နိုင်တယ်- သေခြင်းကိုအောင်နိုင်သည်. အကြောင်း ပြောရမှာ
ဖြစ်သည်။ ယာဂုတ် ၅း၁၄ ' ယုံကြည်ခြင်းဖြင်.
ဆုတောင်းခြင်း ဖြစ်ရမည်။

သင်.ရောဂါကို ဘုရားထံ မပြောနဲ.၊ သင်.ရောဂါကို ယေရှုဘုရား
အကြောင်းကို သင်.အခွင်.အာဏာဖြင်. အမိန်.ပေးလိုက်ပါ၊
ယာဂုတ်- ၂း၂၆ ဝိ/မပါသော ကိုယ်သည် အသေဖြစ်သကဲ.သို.
အကျင်.(လုပ်ဆောင်ခြင်း/ပါးစပ်ဖြင်.ပြောခြင်း) မပါသော
ယုံကြည်ခြင်းသည်လည်း အသေဖြစ်၏။

ဘုရားသခင်၌ ရှိသော
သဘာဝထက်လွန်သော ပါဝါသည် သင်၌ရှိပြီးဖြစ်သည်၊
သင်၌ လူ.ဦး‌‌နှောက်အသိ ယုံကြည်ခြင်းတခုတည်း ဖြင်.
အသက်ရှင်ပါက internet Wifi မမိသော ဖုန်းကဲ.သို.ဖြစ်၍
ဘုရားတန်ခိုး သင်.ထံမှ စီးထွက်နိုင်မည် မဟုတ်ပေ။

သင်၌ ရှိပြီး ဘုရားတန်ခိုးအား နှလုံးမှတဆင်. ဦး‌နှောက်-ခန္ဒာသို.
စီးထွက်ကာ အနာငြိမ်းလာမည် ဖြစ်၏၊ မိမိသီဆိုသည်. သီချင်းလည်း
အရေးကြီးသည်၊ i am just Human, one day at a time sweet Jesus'
ဆိုတဲ. သီချင်းမျိုး သိပ်ဆိုဖို.မဟုတ်ဘူး။ ငါသည်သာမန်လူမဟုတ်ဘူး၊
Born again, Son of God ဖြစ်သောကြောင်. ဘုရား၏ ဝိညဥ်
ငါ.အထဲ၌ ရှိသဖြင်. ယေရှုစိတ်နှလုံးသား ၁ကော ၂း၁၆ , ၁ယ ၂း၂၀,၂၇ ၊
ရှိကြောင်း ကိုယ်ကိုယ် အမြဲ သတိပေးရမည်။

သင်.ဝိ/၌ ရှိသော သန်.ရှင်းခြင်း ဖြောင်.မတ်ခြင်းသည် ပြောင်းလဲခြင်းမရှိ-ထာဝရဖြစ်သည်။ ငါတို.၏အတွေးသည် ငါတို.၏ နှလုံးသားမမှန်ကန်ရန်
နိုးဆော်လာသည် ရှိသော်လည်း ဝိညဥ်ရေးနယ်ပယ်၏
တံဆိပ်ခတ်ခြင်းကို လုံးဝ မချိုးဖျက်နိုင်၊ (ဧဖက်-၄း၂၄, ၁း၁၃၊)
ငါတို.၏ ဒု-ခံ ဝိညဥ်သည် ထာဝရ အထိ သန်.ရှင်း
ဖြောင်.မတ်ခြင်း ရှိကြောင်း မမေ.လိုက်ပါနဲ.။
 Wow::: So amazing ။

ထိုဘုရားထည်.ပေးသည်. အရာသည် ငြိုးနွမ်းခြင်းမရှိ အစဥ်လန်းဆန်း
တက်ကြွနေသော ခရစ်ယန်အသက်တာ ဖြစ်စေသည်၊ သင်.အထဲ၌
အရာခပ်သိမ်း တတ်စွမ်းသည်. ဘုရား Almigthy God တန်ခိုး၏
တတ်နိုင်ခြင်း Potencial ရှိနေခြင်းကို ထုတ်လွတ် Dispose ခြင်းဖြင်.
အနာရှိသမျှ ပျောက်ကင်းလာ မည်ဖြစ်သည်၊ သင်.တန်ခိုး
သင်ယုံကြည်ခြင်း လုံးဝမဟုတ်၊ ယေရှု၏ သေခြင်းမှ
ထမြောက်စေသော တန်ခိုးကို ဆွဲကိုင်ခြင်းဖြစ်သည်။
(ဖတ်ရှုသူညီအကိုအား ဘုရားသခင် စကားပြောပါစေ)

🔼သင်သည် အောင်ပွဲခံသူTriumphing ဖြစ်သည် ( ၁၂)🔼

Colo 2:11 အရေဖျားလှီးခြင်းလည်း ယေရှအားဖြင်. အရာခပ်သိမ်း
ပြည်.စုံပြီ၊ ရောမ ၈း၉ , ကလသ-၁း၂၇ ငါတို.လူဟောင်းသေသော်လည်း ငါတို.၏ဦးနှောက်က Pc Prog: နှုင်.တူပြီး ငါတို.၏ မာနကြီးခြင်း
ခွင်.မလွတ်နနိုင်ခြင်း မုန်းတီးခြင်း မနာလိုခြင်းကို ပြန်လည်
Reprograming လုပ်နေလျှင် ကိုယ်ကိုယ် ဇာတိပကတိ အား
 ပြန်လည်အသက်သွင်း မောင်းနှင် Driven သည်နှုင်.တူ၏။

 ရောမ ၁၂း၂ ပုံသဏ္ဠန်ပြောင်းလဲခြင်း (Butterfly )ရှိရန်လိုသည်၊
ကလသ ၂း၁၂ တွင် သင်္ဂြိုလ်ခြင်းခံရမည်၊သေရမည် ဟု မပြောဘူး၊
သေပြီးပြီ လို.ပြောပါတယ်၊ ငါတို.ဝိညဥ်လူသည် ရှင်ပြန်
ထမြောက်သော တန်ခိုးရှိပြီး အပြစ်၌အသေဖြစ်ကြောင်း
သေချာနားမလည် မခံယူပါက Lack of knowledge
-Hosea 4:6 ဆုံးရှုံးကြ၏ ။

ငါတို.ကို အသက်ရှင်စေသည် ဧဖက်၊၂း၁၊ ပညတ်နှုင်.ဆိုင်သော
အရာအားလုံး ပယ်ရှင်းပြီ ၊ ၂း၁၄ ၊ ၁တိ ၁း၈-၁၀။ ကလသ ၂း၁၄ ၊
ကလတိ ၃း၂၃-၂၅ ၊ ကောလောသဲ ၂း၁၅ အထွဌ်မြတ်အာဏာစက်များကို
လုယူလျှင် ထင်ရှားစွာ ပြ၍ လက်ဝါးကားတိုင်တော်အားဖြင်. အောင်ပွဲကို
ခံတော်မူပြီ၊ စာတန်၏ တန်ခိုးကို ချိုးနှိမ်၍ ရိုက်ချိုးလိုက်ကြောင်း
လူအများကို ပြသလိုက်သည်၊ အောင်ပွဲခံ ( Triumphing) သည်
ရောမစစ်သားများ သုံးနှုံးသည်. နိုင်ငံရေးအသုံးနှန်းဖြစ်သည်၊

၂း၁၆ -မသ ၂၇း၆၆ ,မက ၁၆း၄ ,ကလသ ၂း၁၅ ' ယေရှုသည်
မာနတ် တန်ခိုးကို ရိုက်ချိုးခြင်းဖြင်. အနိုင်ယူခဲ.၏၊
( ယာဂုတ်- ၄း ၇ ,မသ ၁၀း၁ , လုကာ ၁၀း၁၉)
စာတန် လှည်.စားခြင်း အပြစ်လုပ်ရန် သွေးဆောင်ခြင်း၊
မုန်းတီးခြင်း ခွင်.မလွတ်စေရန် စိတ်အားထက်သန်စေခြင်း၊
သမ္မာတရားကို ငြင်းဆန်ဖို.အလို.ဌါသာ တတ်စွမ်းနိုင်ပြီး
ကိုယ်.ဖက်မှ အခွင်.မပေးလျှင် ဘာမှတတ်နိုင်ချေ။
(ဖတ်ရှုသူညီအကိုအား ဘုရားသခင် စကားပြောပါစေ)

Tuesday 18 August 2020

🔼You're already Complete သင်၌စုံလင်ပြီးပြီ (၁၁)🔼

နုတ်ကပတ်တော်က ကိုယ်.ကိုပြောဆိုသည်.အတိုင်း 
ကိုယ်ကိုယ် မြင်တတ်ဖို. သိပ်အရေးကြီးသည်၊ 
နာမ်ဝိညဥ်ဘုရားကို ကျွန်တော်တို. ဘယ်လိုစေခိုင်းလို.ရမှာလဲ? 
ကျေးဇူးတော်အားဖြင်. ဘုရားသခင် ပြင်ဆင်ထားပေးပြီး ဖြစ်သည်။ 

OT ၌ ထောင်ချီသော ကောင်းကင်တမန်များ ဝန်းရံပါက NT ၌ 
သာ၍များသည်. ကောင်းကင်တမန်များ ဝန်းရံလျှက် ရှိသည်။ 
ကော ၃း၇-၈ အတိုင်း ပြင်ပအခြေနေအပေါ် မဆုံးဖြတ်ပဲ 
သမ္မာကျမ်းစာက သင်.ကို ပိုင်ဆိုင်ကြောင်း ပြောသည်. 
အရာ၌ စိတ်ချရမည်။ ဒံယေလ၊ ၉း ၃-၁၉ တွင် 
ယေရမိ ၂၅း၁၁ ပရောဖက် ပြုချက်နှုင်. နှိုင်းယှဥ်ထား၏၊ 

၉း ၂၀-၂၃ တွင် သူဆုတောင်းခြင်းအစက ကာဗေလ 
ကောင်းကင်တမန် (လု ၁း၁-၂၀ , ၂၆း၃၈) ဘာ.ကြောင်း ဆက်၍
ဆုတောင်းသနည်း။ ၃ မိနစ် ဆုတောင်းချက်ကို ဘုရားအဖြေ
ပေးသော်လည်း တခါတလေ သုံးလထိဆုတောင်းချက် အဖြေ
မရသည်. အခါ စိတ်ဓါတ်ကျပြီး ဘုရားသခင် ငါ.ဆုတောင်းချက် 
မကြားဘူးဟု သံသယဝင်ကာ ဆုတောင်းချင်စိတ် ကုန်တတ်သည်။ 

ဝိညဥ်နယ်ပယ်၌ ပြည်.စုံသော်ပြီဖြစ်လည်း လက်တွေ. ဇာတိနယ်ပယ်၌ 
မပြည်.စုံသေးသည်ကို သိထားရမည်။ ၉း၂၃ တွင် ဆုတောင်းခြင်း 
အစ၌ ၃မိနစ်အတွင်း ဝိညဥ်မှ ဇာတိနယ်ပယ်သို. Manifest 
အဖြေပေးပြီ၊ ယော ၄း၂၄ အရ နာမ်ဝိညဥ်ဘုရား ဖြစ်သောကြောင်. နာမ်ဝိညဥ်နယ်ပယ်၌သာ ကျိန်းဝပ်လှုပ်ရှားပြီး ၊ ဇာတိလူတိုင်း
အပေါ်သို. Manifest ထင်ဟပ်ခြင်းမရှိပဲယုံကြည်ခြင်းရှိ၍ 
ဒု-ခြင်းခံခရစ်ယန်များ၌သာ လှုပ်ရှားအလုပ်လုပ်လေ. ရှိသည်။ 

ဘာသာရေး သမားရှုဒေါင်.ကတော. သင်.ဆုတောင်းအားနည်းခြင်း 
အလှူမမှန်ခြင်း ဘုရားကျောင်း ပုံမှန်မသွားခြင်း ဟု သိပ်ပြောဆိုလို.
ကောင်းသော်လည်း သမ္မာတရားကတော. မည်သည်.အရာ မြင်ပြီး မည်သည်.အရာကြားကာ ဘယ်လိုခံစားသနည်း 
ဆိုတာထက် ဘာကိုယုံသနည်းဆိုတာ 
သာ၍ အရေးကြီးသည်။ 

မိမိမယုံကြည်နိုင်ခြင်း Setting ပြောင်းဖို. လိုပါသည်၊ 
ကိုယ်တော်!! ဤရောဂါကို ဖယ်ရှားပေးပါဟု တောင်းလျှင်တောင်းချင်း 
ယူပစ် ဖယ်ရှားပေးမှာတော. မဟုတ်ဘူးဆိုတာ နားလည်ရမည်၊ 
ဥပမာ- ကျမ်းစာသည် ပြုတင်းပေါက်ကြည်.တာနဲ. တူ၏။၊ 
ဇာတိခံစားချက်ဖြင်.တော. အဖြေမပေး မတုန်.ပြန်ပေမဲ.၊ 
ကျမ်းစာပါသည်အတိုင်း ချက်ချင်း အဖြေပေးလေ.ရှိသည်။

ထို.ကြောင်. ဒံယေလ ဆုတောင်းသည်နှုင်. တပြိုင်နက် 
အဖြေပေးပါသည်၊ God said Spiritual realm to come 
into physical realm. အလင်းနှစ်ထောင်သန်းပေါင်း 
အကွာဝေးမှ ၃ မိနစ်အတွင်း မည်သို. အဖြေပေးသနည်း?၊
 ပြသနာမရှိဘူး၊ ယေရမိ ပရောဖက် ပြုချက်အား ဆုတောင်း
သည်.အခါ အဖြေပေးသည်ကို တွေ.ရသည်။ 

အဖြေမရမချင်း ယုံကြည်ခြင်း မယိမ်းယိုင် မပြောင်းလဲပဲ 
ဆက်၍ ပြောလွတ်ဖို. လိုသည်။ 
ငါတို. ဝိညဥ်နယ်ပယ် ရှိနှင်.သည်.အရာ ခန္ဒာနယ်ပယ်သို. 
ထင်ဟပ်သည်.တိုင် ပြောခွင်.ရှိ၏ ၊  
ဘုရားသခင်သည် သင်ကျန်းမာချင်တာထက်
ပို၍ ကျန်းမာစေချင် သင်ဝမ်းမြောက်သည်ထက်
 ပို၍ဝမ်းမြောက်စေချင်သည်. ဘုရားဖြစ်သည်။ 

ဒံယေလ၊ ၁၀း၂-၁၀ ၌ သုံးပတ်ဆုတောင်းခြင်းအား
 ပဌမနေ.၌ ကြားတော်မူ၏။ သို.သော် ၂၁ ရက် ကြာမှ 
အဖြေပေး ထင်ဟပ်စေသည်ကို ထောက်သော် ဘုရားဖက်၌ 
အစဥ်သင်. ချက်ချင်းလက်ငင်း instantly ကြားသော်လည်း 
စာတန်ကို Breakthought လုပ်ရသည်. အတွက် 
အဖြေ မကြားရချေ။ 

ယေဇကျေ ၂၈, ဟေရှာယ ၁၄ တွင် နတ်ဆိုးတန်ခိုး 
Demonic Power , Ephi 6:12 နတ်ဆိုးသည် ကာဗေလ 
အဖြေမပေးဖို. တားဆီးသည်.အတွက် ချက်ချင်းရောက် 
မလာခြင်း ဖြစ်သည်။ 'ဘုရားသခင်သည် သင်.ဆုတောင်းချက် 
အဖြေမပေးဖို.ရာ သင်.အပြစ်များကို သူ.လက်ထဲ၌ 
ရေးမထားသလို၊ နှလုံး၌လည်း မှတ်မထားပါဘူး၊'

သို.သော် ရော၊၆း၁၆ "သင်တို.သည် သေခြင်းနှုင်. ယှဥ်သော 
အပြစ်တရားဖြစ်စေ၊ ဖြောင်.မတ်ရာသို. ရောက်ခြင်းနှုင်.ယှဥ်သော နားထောင်ခြင်းတရားဖြစ်စေ သင်တို.သခင်ဖြစ်သည်ကို 
မသိကြသလော.' အပြစ်ထဲ၌ ရှိနေလျှင် စာတန်ကတော. 
သင်.ဆုတောင်းကို တားဆီးမှာပဲ၊ 

သူနဲ. Co-operate လုပ်နေလျှင် 
Gluttony အစားကြူးခြင်းသည်အပြစ်ပဲ ၊ လိုတာထက် 
ပိုစားရင် ဝ မှာပဲ ၊ ဝ ရင် အလေးပိုထမ်းနေရပြီး ခါးကိုက်မှာပဲ။ 
စာတန်၌ တရားဝင် တားဆီးခွင်. ရှိနေသည်၊ 

ကောင်းကင်၌ ငွေလဲလှယ်မှုမရှိဘူးသည်. အတွက် 
ငွေ တောင်းရင်လည်း ငွေချပေးမည်မဟုတ်၊ Deu 18:8 ၌ ကြွယ်ဝခြင်း 
နည်းလမ်းပေးပြီး လုကာ ၆း၃၈ ၌ သူတပါးအားပေးလော. 
လှုပ်လျှက် သိပ်လျှက် လျှံလျက် ရှိခြင်းနှုင်. ပေးကြလိမ်.မည်ဟု 
ကြွယ်ဝခြင်း လမ်းညွှန်ပေးပြီးသား ဖြစ်သည်။

ထို.ကြောင်. သမ္မာသစ် ယုံကြည်သူသည် 
ဒံယေလထက် ကြီးမြတ်သူများဖြစ်ကြောင်း 
You're already Complete , 
Colossian 2:9-10 ထိုသခင်၌ စုံလင်ခြင်းရှိကြ၏။
(ဖတ်ရှုသူညီအကိုအား ဘုရားသခင် စကားပြောပါစေ) 

🔼သာ၍ ကြီးမြတ်သောတန်ခိုး သင်၌ ရှိသည်(10)🔼

ဝိညဥ်နယ်ပယ်သည် ဇာတိနယ်ပယ်ထက် သာ၍ အားကြီးပြီး 
တန်ခိုးလည်း ပိုကြီးလှသည်၊ ကိုယ်. ဇာတိခန္ဒာ၌ ဘာဖြစ်နေသည် ဘယ်လိုခံစားနေသည်ကို ဂရုမစိုက်ပဲ သင်.ဝိညဥ်၌ 
အမှန်တကယ် ရှိသည်.အရာကို (ဟေဗြဲ ၁၁း၁) 
ယုံကြည်ခြင်းဖြင်. အရယူသိမ်းပိုက်ကာ 
အဘ၊အဘ ဟု ခေါ်ရသော အခွင်.ရှိ၏။ 

၄ ရာ ၆း၁၁ တွင် ဧလိရှဲသည် ဇာတိမျက်စိဖြင်. ရှရိတပ်ဖက်၌ 
မည်မျှအင်အား ရှိကြောင်း မြင်ရကြားရသည်. 
အပေါ် ၌ ဝန်မခံခဲ.ပေ။ (မာသဲ ၁၁း၁၅ )။ ဘုရားသခင်
ဖွင်.ပြသည်. ဝိ/မျက်စိဖြင်. မြင်တာကို ဦးစားပေး ခဲ.သည်။ 
၄ ရာ ၆း၁၃-၁၆ ယုံကြည်သူများစွာသည် ကိုယ်တိုင် 
လက်ဖြင်.မထိ/ မျက်စိ ဖြင်.မမြင်ရ နားဖြင်.မကြားလျှင် 
ယုံကြည်ခြင်းရှိဖို. လွန်စွာခဲယဥ်းပါသည်။ 

သို.သော် အခြားသောဝိညဥ်ကမ္ဘာ၌ တကယ်.အမှန်တရား 
ရှိနေသည်ပြီး ထိုအရာကို သင်.ဇာတိမျက်လုံး, နား ,လက်ဖြင်. 
ထိတွေ.ကြား ရမှာတော. မဟုတ်ဘူး၊ ဇာတိမျက်စိဖြင်. 
မြင်ရတွေ.နေရတာကတော. ရန်သူ.ဖက်၌ 
ထောင်သောင်းထက်မက စစ်သားရှိပြီး 
ငါတို.ဖက်၌ ၂ ယောက်တည်းရှိသည် ဆိုသော် 
ယုံရခက်ပြီး လိမ်လည်မှုကဲ.သို. ဖြစ်နေသည်။ 

သင်.ဦးနှောက်အမြင်ဖြင်. မမြင်ရ သေးသော်လည်း 
သင်.နှလုံးသားမျက်စိဖြင်. ကြည်.တတ်မြင်တတ်ဖို.လိုသည်။ 
သို.မှသာ မမြင်နိုင်သော နယ်ပယ်အား ယုံကြည်ခြင်းမျက်စိဖြင်. 
မြင်နိုင်သည်. နယ်ပယ်ဖြစ်လာမည် ဖြစ်သည်။ 

သူတို.ဖက်၌ ထောင်သောင်းထက် ငါတို.ဖက်၌ ပိုများကြောင်းကို 
နှလုံးသားမျက်စိဖြင်. မြင်ခြင်းကို ယုံကြည်ခြင်း ရှိ၏။ 
ဆာ ၄၃း၇ , ၉၁း၁၁-၁၂ ၌ ဒါဝိတ် ယုံကြည်ခြင်းဖြင်. 
ရေးသားခြင်းကို ဧလိရှဲ သိထားသည်။ 

မကိုင်ရ မမြင်ရ မခံစားရ သော်လည်း ၄ရာ ၆း၁၆ သည် 
မုသာပြောနေခြင်း မဟုတ်၊ ဝိညဥ်ထဲ၌ ရှိသည်. ယုံကြည်ခြင်း
အမှန်ကို ဖေါ်ထုတ်နေခြင်း ဖြစ်ပြီး ရန်သူဦးရေထက် သာ၍
များသော အရေတွက် သူတို.ဖက်၌ ရှိကြောင်း 
Release နေခြင်းဖြစ်သည်။

 ပတ်ဝန်းကျင် အခြေနေ မည်သို. ဖြစ်စေကာမူ ၁ပေ ၂း၂၄ အတိုင်း 
ခရစ်တော်၏ ထမြောက်ခြင်း တန်ခိုး ငါ၌ရှိနေသဖြင်. 
ဒါဏ်ချက်တော်အားဖြင်. ငါသည် ကျန်းမာပြီဆိုသည်. 
ယုံကြည်ခြင်း ရှိလာသည်. အခါ ဝိညဥ်မှတဆင်. ခန္ဒာသို.
 ထမြောက်ခြင်းတန်ခိုး စီးထွက်သက်ဝင်လာ မည်ဖြစ်သည်။ 

၄ ရာ ၆း ၁၈-၂၀ (မာသဲ ၁၁း၁၁) ဗတ္တိဇံယောဟန်ထက် 
ကြီးသော တန်ခိုး ဧလိရှဲတွင် များစွာရှိသော်လည်း သမ္မာသစ်
ယုံကြည်သူသည် ဧလိရှဲထက်ကြီးမြတ်ကြောင်း၊ ၂ကော ၃း ၇ အရ 
ဧလိရှဲထက် ကြီးမြတ်သော ကောင်းကင်တမန် 
မြောက်များစွာ တပ်ချထားသည်။ 

မီဒီယာ နဲ. ဆရာဝန်တွေ ပြောသည်. သတင်းထက် 
ဘုရားပြောစကား သာ၍ စိတ်ချစရာ ကောင်းသည်။ 
ဘုရားတတ်နိုင်သည်ကို သိသော်လည်း သူတောင်းစားကဲ.သို. ‌
တောင်းနေခြင်းသည် ကိုယ်ပိုင်ဆိုင်သည်ကိုလည်း မသိ၊ 
ကိုယ်ဘယ်သူဆိုတာလဲ နားမလည်သည်.အပြင် 
ဘုရားဘာလုပ်ပေးပြီး ကြောင်းလည်း 
သဘောမပေါက် သူတွေများသာဖြစ်သည်၊ 

ဧလိရှဲက ဘုရားထံ အစာရှောင်ဆုတောင်းဖို. မပြောဘူး 
ဟိုတန်ခိုး ဒီတန်ခိုးမတောင်းခိုင်းဘူး၊ (အစဥ်သင်. လုပ်ပေးတာကို 
ဝန်ခံခြင်းဖြစ်သည်) ဟေဗြဲ ၁၁း၆ ယုံကြည်ခြင်းမရှိလျှင်
ဘုရားသခင်စိတ်တော်နုင်. မတွေ.နိုင်။ 
(ဖတ်ရှုသူညီအကိုအား 
ဘုရားသခင်စကားအပြောပါစေ)

🔼ခရစ်တော်၌ အနားယူတတ်ခြင်း၊ (၉) 🔼

၁ပေ ၂း၂၄ , ဂလာ ၅း၂၂ ဝိ/ပကတိလူအကျိုးကား ချစ်ခြင်း,ဝမ်းမြောက်ခြင်း
ငြိမ်သက်ခြင်း ,စိတ်ရှည်ခြင်း,ကျေးဇူးပြု/ kindness/Good ness /
သစ္စာစောင်.ခြင်း ကာမဂုဏ်ထိန်း...စသည်အားလုံး ဒုတိယမွေးခြင်းခံ
ဝိညဥ်ထဲ၌ ထည်.ပေးပြီးဖြစ်သော်လည်း တချို.
ခရစ်ယန်များ လက်တွေ. မခံစားကြပါ။

ခံစားချက်သည် ဘုရားသခင် ပြောစကားထက် ရုပ်တုဆင်းတု
ကိုးကွယ်ခြင်း Idoltry ကို ပို၍ ချီးမြောက် နေခြင်း ဖြစ်သည်။
ရော ၅း၈ ငါတို.ကို အဘယ်မျှလောက် ချစ်သည်ကို နားလည်
သင်.သလောက် နားမလည်၍ ဖြစ်သည်။

ဧဖက် ၁ ၌ ဒု/ခံယုံကြည်သူများအတွက် ဘယ်အရာ
လိုအပ်မည်ကို ဘုရားသခင် ကြိုတင်ပေးပြီး ဖြစ်သော်လည်း
ထပ်မံတောင်းနေခြင်းသည် ဘုရားသခင် လုပ်ပေးခြင်းကို
ငြင်းပယ်နေခြင်းနှင်.တူသည်၊ ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ
တခုခုတုန်.ပြန်ရန် တောင်းနေခြင်းမဟုတ်သင်.ဘူး။
 ကိုယ်ဖက်မှတောင်းဖို.တာဝန်ရှိပြီး ဘုရားဖက်မှ လုပ်ပေးဖို.
သူ.တာဝန် ဟု ယုံကြည်ပါက အမှားဖြစ်သည်။

ဘုရားသခင် အစဥ်သင်.လုပ်ပေးခြင်းကို အကောင်းမြင်ဝါဒ ဖြင်.
တုန်.ပြန်ခြင်းဖြစ်သည်။ ဘုရားဖက်မှ အစဥ်သင်.
မလုပ်ပေးပါက ကိုယ်က ဘုရားကို
လုပ်ခိုင်း၍ ရနိုင်မည်မဟုတ်ပေ။

ဥပမာ- မယုံကြည်သူနှင်. ပေါင်းဖက်ရန် ဘုရားသခင်ကို
ဆုတောင်းတယ် ဆိုပါစို.၊ မာကု ၁၁း၂၄ ၌ ရုပ်တုကိုးကွယ်ခြင်း နှုင်.
ပေါင်းဖက်ခြင်းကို ဘုရားသခင် ခွင်.မပြုဘူး၊ သူ.အသေခံထမြောက်ခြင်း နှုင်. သက်ဆိုင်သည်.သဖြင်. မိမိဖက်မှ ဘယ်လောက် ဆုတောင်းပါစေ-
ဘုရားအလိုတော်မဟုတ်ဘူး၊ ဘဏ်ကို ဖေါက်ဖို.
ဘုရားသခင် အရာခပ်သိမ်းလုပ်၍ ရသည်ဟု
ကြွေးကြော်သော်လည်း ရမည်မဟုတ်ပါ။

ဘုရားလုပ်ပေးသည်. အရာကို ယုံကြည်ခြင်းက သင်.မြတ်စေပြီး
ကျေးဇူးတော်အားဖြင်. ပြည်.စုံစေသည်။ ကျေးဇူးတရားက
 ပြည်.စုံစေခြင်းမပါလျှင် ယုံကြည်ခြင်းလည်း
ဖြစ်လာမည်မဟုတ်ပေ။

အာဒံနှုင်. ဧဝအား စားစရာ အစဥ်သင်. လုပ်ပေးထားသော်လည်း
သူတို.ပါးစပ် ထဲသို. ဌက်ပျောသီး အခွံနွှာပြီးစား မခွံ.ကျွေးဘူး၊
ယူစားဖို. သူတို.တာဝန် ဖြစ်သကဲ.သို. ဘုရားသခင်က
အစဥ်သင်. ငါတို.အထဲ၌ ထည်.ပေးပြီးသည်များကို
ကိုယ်တော်- ကျေးဇူးတင်တယ်၊ ကျွန်တော်.ကို ချစ်ပြီး အစဥ်သင်.ထောက်ပံ.သည်.အတွက် ကျန်းမာခြင်း
ပေးသည်.အတွက် ကြွယ်ဝခြင်း ဝမ်း‌မြောက်ခြင်း
ပေးသည်.အတွက် ဟု ယုံကြည်ခြင်းဖြင်.
ထုတ်ဖေါ် ပြောဆိုရန် ဖြစ်သည်၊၊

၃ယော ၁း၂ စိတ်နှလုံးကောင်းစားသကဲ.သို. အရာရာ၌
ကောင်းစားခြင်း နှုင်. ကျန်းမာခြင်း ရှိရန် ငါဆုတောင်း၏။
ဘုရားသခင်သည် သင်ကျန်းမာချင်တာထက် ပို ကျန်းမာစေချင်ပြီး သင်ကောင်းစားချင်သည်ထက် ပို၍ကောင်းစားစေချင်ကာ သင် ဝမ်းမြောက်ခြင်းရှိချင်တာထက် ပိုဝမ်းမြောက်
စေချင်သည်. ဘုရားဖြစ်သည်ဟု ပြောခဲ.ပြီး၊

ဘုရားသခင် အရာခပ်သိမ်း တတ်နိုင်ကြောင်းကို
သိသော်လည်း ဘုရားလုပ်ပေး ပါ- ကွယ်ကာပါ -တို.ထိပါ ဟု
တောင်းနေပါက မယုံကြည်ခြင်း၏ လက္ခဏာဖြစ်သည်၊
DEu 8:18 , Rom 5:8 , 1 Pt 1:3 ကိုယ်တော်လုပ်ပေးသည်.
အရာအားလုံး လက်ခံတတ်ဖို.လိုသည်၊။

ဘုရားတုန်.ပြန်မှု ရရှိရန် မိမိလုပ်ဆောင်ဖို.
တခုခုမှ မလိုဘူး၊ Just Beleive & Receive it လို.
ပြောရင် နဲနဲ Radical တဖက်စွန်း ရောက်တယ် Progressive ,
 extreamist လို. ထင်ကြသည်.အတွက် ယုံကြည် သူများစွာက
လက်မခံ နားမလည်ကြဘူး။

မိမိကိုယ်ကိုယ် တခါခါ တရားစီရင်တတ်ကြသည်မှာ ' အစာရှောင်
ဆုတောင်းမှ ဘုရားကျောင်းမှန်မှန်တက် အလှူမှန်မှန်ထည်. မိဘမဲ.
ကူညီ ဟိုဟာလုပ်မှ မလုပ်မှ ဆိုသည်. ဝန်ထုပ်ကြီးတင်နေသရွေ.
ထိုက်တန်၍ ဖြစ်သွားပြီး( မထိုက်တန်ပေမဲ.) မဖြစ်လာတော.ဘူး၊
ထိုအရာက အလိုလိုတရားစီရင်ခံရတတ်သည်၊

ဘုရားလုပ်ပေးခြင်းကို ရိုးရှင်းစွာ ယုံကြည်လက်ခံခြင်းဖြင်.
အရယူဖို. ဖြစ်သည်၊ ကိုယ်ဖြောင်.မတ်ခြင်းသည် မိမိကောင်းခြင်း/
မကောင်းခြင်းကို ဝန်ခံခြင်းဖြစ်၍ ထိုက်တန်ခြင်းကြောင်.ဆိုသော်
လူအပေါင်း ငရဲလားကြပေမည်။

ဘုရားသခင်၏ ဂရုဏာသည် သူ Set up လုပ်ထားသော System
စနစ်ထဲ၌ Operate (ယုံ/လက်ခံ) လည်ပတ်စေဖို.ပါပဲ။
မှန်ကန်သော သမ္မာကျမ်းစာ သွန်သင်ချက်သည် ယေရှုဘာလုပ်
ပေးသနည်း ဆိုသည်.အပေါ် အနားယူခြင်း ဖြစ်သည်။
သင်သည် ယေရှုကို ပိုချစ်လေ
ကျမ်းစာပိုဖတ်ချင်လေ ဖြစ်မည်၊
(ဖတ်ရှုသူ ညီအကိုအား ဘုရားသခင် စကားပြောပါစေ)

🔼Let us labor into rest (8)🔼

Let us labor into rest ချမ်းသာထဲသို.ဝင်ရောက်ခြင်း၊
ဟေဗြဲ ၄း၁၁ ' Let us labor into rest ဣသရေလလူမျိုးတို.သည်
မယုံကြည်သော စိတ်ရှိသဖြင်. လဲသကဲ.သို. ငါတို.သည်မလဲ
 ထိုချမ်းသာထဲသို. ဝင်ရမည်. အကြောင်း ကြိုးစားကြကုန်အံ.၊
အခန်း၃ Context အရ ဣသရေလလူမျိုးများသည် 
ဘုရားစကားနားမထောင် အမျိုးမျိုးတော်လှန် ကြသဖြင်.
ဂတိတော်မြေသို. မဝင်စားကြပေ။

ဘုရားသခင်အား ၁၀ ကြိမ်မက ( Number 14:22 -23)
ပုန်ကန်ကြသည်။ အခန်း ၄း၁-၂ ယုံကြည်ခြင်းနှုင်. မရောနှော
သောကြောင်. အကျိုးမပေး သကဲ.သို. ဂတိတော်ဆွဲကိုင်ပါလျှက်နဲ.
 မည်သည်.အဖြေမှ မရခြင်းသည် ယုံကြည်ခြင်း
မရှိသောကြောင်. ဖြစ်သည်။

ယနေ. ယုံကြည်သူများကိုလည်း အပြစ်လောကမှ ကောင်းကင်နိုင်ငံ
ဝင်စားရန် ယေရှုခရစ်က ခေါ်ထုတ် ရွေးနုတ် ( ဖိ ၂း၃ , ယော ၈း၃၄)
နေခြင်းဖြစ်သည်၊ Heb : 3-4 ၌ ဆာလံဆရာက Gen 2 ကို ပြန်ယူပြီး
၆ ရက်ပြီးမှ ၇ ရက်မြောက် သော နေ.၌ အနားယူကြောင်း
ဖေါ်ပြထားသည်၊ လွန်ခဲ.သော နှစ် ၂၀၀၀ ကျော်က အဖြစ်ပျက်ကို
ဒါဝိတ်သည် ၄း၅ ၌ ချမ်းသာထဲသို. ဝင်စားရန်
ပြန်ပြောခြင်းဖြစ်သည်။

 Rest သည် terminology အရ ဘုရားက ၇ ရက်နေ.၌ အနားယူ ခြင်းကို
ဒါဝိတ် က Quote ပြန်ယူသော်လည်း ရှောလ်သည် ချမ်းသာ ထဲသို.
မဝင်ရဘူး၊ Heb 4:9 'ချမ်းသာတမျိုးကျန်သေး၏' ဘုရားသခင်သည်
၆ ရက်ထိ ဖန်ဆင်း ခြင်းပြီးသည်.အခါ ၇ ရက်မြောက်နေ.၌
အနားယူခြင်းသည် မောပန်း၍ မဟုတ်ပါ၊ He's ceased from
his labor' အားလုံး ပြည်.စုံပြီ ဖြစ်သောကြောင်. ဖြစ်သည်။

 ဥပမာ- ပန်းချီဆရာသည် သူဆွဲသည်. ပန်းချီအား အပြည်.စုံ
ဆွဲပြီး သည်.နောက် အနားသတ်၊အဆုံးသတ်ပြီးသည်. အခါ
အစက်တစက် ချစရာ တခုမှ မလိုတော.သည်.အခါ
အနားယူသကဲ.သို. ဖြစ်သည်။

တရားသူကြီးလည်း သူစစ်ဆေးသည်. အမှုအတွက် ထပ်၍
မေးမြန်းစရာ မလိုတော.ဘူး၊ သူသိချင်တာအကုန် သိပြီဖြစ်၍
ဆုံးဖြတ်ချက် အမိန်.ချပြီးသည်.အခါ အလုပ်နားခြင်းကဲ.သို. ဖြစ်သည်။
ကမ္ဘာဦး ၁ ၌ လူသားအတွက် လိုအပ်ချက်အားလုံး ဖန်ဆင်းပြီး
မှသာ ဘုရားသခင် အနားယူခြင်းဖြစ်သည်။

ကျွန်တော်တို.အားလုံးသည် အာဒံကဲ.သို. သီးသန်. Unique ဖန်ဆင်း
တာမဟုတ်၊ ထပ်မံတိုးပွါး Extention,Procreated ခံရတာဖြစ်သည်။
လူသည် အောက်စီဂျင် ရှူသွင်းကာ သစ်ပင်အတွက်
လိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ပြန်ထုတ်ကာ
သစ်ပင်မှ လူအတွက် လိုအပ်သော O2 ထုတ်ပေးအောင်
ဘုရားသခင် အစဥ်သင်. ဖန်ဆင်းပေးသည်၊

ဘုရားသခင်က အသစ်သော သစ်ပင်၊ တရိစ္ဆန် ၊ စကြာဝဌာကို
မဖန်ဆင်းဘူး၊ ယခုလည်း လူ သန်း ၇ ထောင်ကျော် Covid ကြောင်.
အစာခေါင်းပါးခြင်း ရှိသော်လည်း ဘုရားခွင်.
မပြုပါက အကုန်မငတ်ပါဘူး၊ ဘုရားသခင် ၌
အနားယူခြင်းဆိုသည်မှာ ဘုရားသခင် လုပ်ပေးပြီးသည်.
အရာအားဖြင်. ကျော်လွှားဖို. ဖြစ်သည်။ AMEN

Sunday 16 August 2020

🔼You've already Quickened အသက်ရှင်စေပြီ (၇)🔼

You've already quickened (7)
ဧဖက် အခန်း ၁ ၌ သင်သည် ကောင်းကြီးရနိုင်သည် ကောင်းကြီး 
ရလိမ်.မည် မပြောဘူး၊ ကောင်းချီးမင်္ဂလာပေးပြီ- တန်ခိုးခံရပြီ- 
ရွေးနုတ်ပြီ- တံဆိတ်ခပ်ပြီ လို.ပြောပါတယ်။ 
ဧဖက် အခန်း(၂)မှာ အတွေးသစ် အမြင်သစ်လို. မရေးထားဘူး၊ 
အမွေခံပြီ- အသက်ရှင်စေပြီ ဟု လုပ်ပေးပြီးသည်. 
အရာများကို ဖေါ်ပြထားသည်။ 

ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံသည်.အခါ 
ကျွန်တော်တို. ဝိညဥ်သည် ထာဝရအသက်ရှင် quickened သော 
သတ္တဝါသစ်ဖြစ်လာ၏၊ ၂ကော ၅း၁၇ ။ ဒုတိယမွေးခြင်းခံသည်နှုင်. 
တပြိုင်နက် ကောင်းကင်သို. အရှင်လတ်လတ် တက်သွားခြင်း 
မဟုတ်ပဲ ဝိညဥ်ကယ်တင်ခြင်း ရောက်သွားသည် ၊
သို.သော် ဇာတိခန္ဒာမူကား သန်.ရှင်းခြင်း မရှိသေးပေ။ 

ဧဖက် ၂း၂ ခလေးသူငယ်ကဲ.သို. အတိတ်၌ ရှိခဲ.သော်လည်း 
ဒု/ခံပြီးသည်.အခါ ထို သဘာဝ၌ ကြာကြာ မနေတော.ပါ။ 
 ဒု/ခံ သဘာဝနှုင်. အပြစ်သား သဘာဝ ၂ခု ရှိခဲ.သော် အပြစ်သဘာဝ 
သေပြီး ရင်.ကျက်လာရန်ဖြစ်သော်လည်း ငါသည် ခရစ်တော်၌ 
ဘယ်သူဖြစ်သလဲ? ဆိုတာ မသိသည်. ခရစ်ယန်အသက်တာ၌ 
ကျင်လည်ခဲ. ကြသည်။

ဤ အရာသည် ဝိညဥ်ရေးရာ တိုးပွါးခြင်းမဟုတ် အသိပညာ
တိုးခြင်းသာ ဖြစ်၏၊ ဧဖက် ၂း၃ ' အမှန်စင်စစ်ငါတို့သည် 
ထိုသူတို့ကဲ့သို့ ဇာတိ၏ ဆွဲဆောင်ရာသို့လိုက်လျက် 
ကာယ၏အလိုနှင့်စိတ် ၏အလိုအရပြုကျင့်ခဲ့ကြ၏။ 

ငါတို့သည်ဇာတိ သဘောအရ အခြားသူတို့နည်းတူ 
ဘုရားသခင် ၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။
" ဧဖက် ၂း၄ ' သို့ရာတွင် ဘုရားသခင်၏ ကရုဏာတော်သည် 
အလွန်ကြွယ်ဝ၍ မေတ္တာတော်သည် အလွန်ကြီးမား လှသဖြင့် ' 
ကိုယ်တော်သည် ကျွန်တော်တို. အလွန်ချစ်ဖို.ကောင်းလို. 
ချစ်တာမဟုတ်ပဲ၊ သူကိုယ်တိုင် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ 
၁ယော ၄း၈' ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ 

သို့ဖြစ်၍မေတ္တာကင်းမဲ့သူသည် ဘုရားသခင်ကို မသိ။ 
တချို.က ဘုရားလုပ်ပေးပြီးသည်. ထမြောက်ခြင်းတန်ခိုး 
မခံစားရဘူး ပြောတတ်ပါသည်၊ 
အမှန်တော. " ခရစ်တော်နှုင်.အတူ ရှင်စေပြီ' 
you have been already quickened together with Chirst.

သင်အထဲ၌ ရှိသော ဝိညဥ်သည် သန်.ရှင်းစေပြီးပြီ' ဟု ခံစားပါက 
သင်.အထဲရှိ မည်သည်. အခြေနေ ရောဂါဝေဒနာ ပြသနာပဲ ကြုံပါစေ 
သင်.ဝိညဥ်မှတဆင်. ခန္ဒာထဲသို. စီးဆင်းလာမည်ဖြစ်၏။ 
အပြစ်ကြောင်. ဘုရားနှုင်. ကွဲကွာခဲ.ပြီးဖြစ်သော ပြင်ပ 
ဇာတိခန္ဒာအား ခွဲစိတ်ကုသ ပလပ်စတစ်ဖြင်. 
ပြုပြင်နိုင်သော်လည်း ဝိ/မူကား အသေဖြစ်သည်။ 

သို.သော် ယေရှုခရစ်ကို လက်ခံပြီး ဒု/မွေးခြင်းခံသည်.အခါ 
မည်သည်. အခြေနေ ရောက်ပါလေစေ သင်.ဝိညဥ်သည် သေခြင်းမှ 
ထမြောက်သော ဝိညဥ်ကို ပိုင်ဆိုင်ပြီဖြစ်သောကြောင်. ထိုအတွင်း
ဝိညဥ်လူ၏ ထိန်းချုပ်ခြင်းအားဖြင်. ခွင်.မလွတ် သည်းမခံနိုင် 
မချစ်နိုင်သည်.သူများ နှုင်. ခွင်.လွတ်သည်းခံနိုင်ခြင်း၊ 
အနာငြိမ်းခြင်းများ စီးထွက်နိုင်မည်ဖြစ်သည်။ 

သင်.အထဲရှိ ဧဖက် ၂း၆ သေခြင်းမှ ထမြောက်စေ၍ 
ကောင်းကင်အရပ်၌ နေရာပေးတော်မူ၏။ 
ဧဖက် ၂း၈-၉ ' သင်တို့သည် ယုံကြည်သောအားဖြင့်
ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကိုခံကြရ၏။ 
သင်တို့၏ ကြိုးစားအားထုတ်မှု ရလဒ်ကြောင့် 
ခံကြရသည် မဟုတ်။ 

ဘုရားသခင်ချပေးတော်မူသော ဆုဖြစ်၍ အဘယ်သူမျှ 
ဝါကြွားစရာအကြောင်းမရှိ။- ငါတို့သည် ခရစ်တော်ယေရှုနှင့် 
တစ်လုံးတစ်ဝတည်း ဖြစ်လျက်ဘုရားသခင်စီမံထားတော်မူသော 
အကျင့်ကောင်းများကို ပြုကျင့်စေရန် ဘုရားသခင် သည်ငါတို့အားဖန်ဆင်းတော်မူပေသည်' ခန္ဒာကိုယ်သည် 
ကောင်းကင်ရောက်သည်. အခါ ပြောင်းလဲသွားမည်၊ 
ဝိညဥ်မူကား ယခုအစဥ်သင်. ပြောင်းလဲ
ပေးပြီးဖြစ်သည်။ ၁ကော ၅း၁၇ ။ 

ယခုချိန် ခန္ဒာ စိတ် ဝိညဥ် ရှိနေသဖြင်. ၁ယော၄း၁၇ ' ငါတို့၌
ကိုယ်တော်၏ မေတ္တာတော်ပြည့်ဝ စုံလင်ခြင်း အားဖြင့် 
တရားစီရင်တော်မူရာနေ့၌ ငါတို့သည် ရဲရင့်တည်ကြည်မှုကို 
ရရှိနိုင် ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်လောက၌ 
ငါတို့သည် ခရစ်တော်နည်းတူ အသက်ရှင်ကြ သောကြောင့်ဖြစ်၏'
 As he is, so are we in this world. not in the world. 

ကျွန်တော်တို.၏ အတွေးခေါ် ခန္ဒာ မဟုတ်ဘူး၊ ကျွန်တော်တို. 
ဝိညဥ်သည် ယေရှုနှုင်. အခုချိန် အမျိုးတူ identical ဖြစ်နေပြီ။ 
 ဧဖက် ၂း၈-၉ ဘယ်လိုရရှိမည်နည်း ဆိုသော်- ယုံကြည်ခြင်းဖြင်. 
ကျေးဇူးတော် ကြောင်. ကယ်တင်ခြင်းသို.ရောက်ရ၏၊ 
ယုံ/ကယ် ၂ခုစလုံး တပြိုက်နက်ဖြစ်သည်။

၂း၅ တွင် ကျေးဇူး‌တော်ကြောင်. ကယ်တင်ခြင်း‌ရောက်ရ၏ ဆိုရာ၌ သင်.ယုံကြည်ခြင်းဖြင်.ကယ်တင်ခြင်းရောက်၏ ပြောလျှင် မှားသွားပြီ၊ 
ငါတို. ယုံကြည်ခြင်းကြောင်.မဟုတ် ကျေးဇူးတော်ကြောင်.ဖြစ်၏။ 
အပြစ်မရှိမဟုတ်။ ကျေးဇူးတော်ကြောင်.သာ

By Grace alone through faith. Grace သည် သင်မမွေးမီ 
လူမဖြစ်မီ အပြစ်မလုပ်မီ ကတည်းက ဘုရားသခင်က လွတ်လပ်စွာ 
လုပ်ပေးသည်. လက်ဆောင်ဖြစ်သည်။ ၁ယော ၁း၁၄ 'နှုတ်ကပတ်တော်သည် 
လူဇာတိကို ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက်ငါတို့ 
ထံတွင်စံနေတော်မူ၏' ဟု ပြောသောကြောင်. ကျေးဇူးတော်သည် 
ဘုရားသခင်၏ ကျေးဇူးပြုခြင်းအား လောက၌ 
လူ.ဇာတိခံ(လူဖြစ်လာ) ခြင်းဖြစ်၏။ 

ထို.ကြောင်း. လွန်ခဲ.သော ၂၀၀၀ ကထဲက ကျေးဇူးပြုပြီးသား 
ဖြစ်သဖြင်. ကိုယ်ဘာမှ ပါဝင်လုပ်ဆောင်ခြင်း မပါရှိပေ။ 
ယော ၁း၁၇ တွင် ယေရှုအားဖြင်. ဖြစ်လာသည် ဟုပြောပါသည်' 
ဘုရားသခင်သည် ပညတ်တရားကို 
မောရှေ အားဖြင့်ပေးအပ်တော်မူ၏။ 

သို့ရာတွင် ကျေးဇူးတရားနှင့် သစ္စာတရားတို့ကိုမူကား ယေရှု ခရစ်အားဖြင့်ပေးအပ်တော်မူ၏" လူတိုင်း နားလည်တာက 
ကျေးဇူးတော်သည် မထိုက်တန် unearned , unmerited , 
undeserved Favor ' ဘုရားမျက်နှာသာ ပေးခြင်း ဟု နားလည် 
သည်.အတိုင်း မိမိလုပ်ဆောင်ခြင်း ပါနေလျှင် 
မျက်နှာသာပေးခြင်း မဟုတ်တော.ပါ။ 

ရော ၅း၈' သို့ရာတွင် အပြစ်ရှိစဥ်ပင် ခရစ်တော်သည် ငါတို့အတွက်
အသေခံတော်မူ ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အား အဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြ တော်မူ၏၊
' ရော ၃း၂၃ လူအပေါင်းသည် ဒုစရိုက်ပြု၍ ဘုရားသခင်၏
ရှေ့တော်မှောက်မှ အသရေ ပျက်ကြ၏။ 

ရော ၆း၂၃ အပြစ်အခ ထာဝရသေခြင်း ဖြစ်သောကြောင်. 
အပြစ်အကြီးသေး နှုင်.မဆိုင်၊ အပြစ်လုပ်ခြင်း မလုပ်ခြင်းနှုင်.လည်း 
မပါတ်သက်၊ အပြစ်အခ သေခြင်းခံရမည် ဖြစ်သော်လည်း 
ဘုရားသခင်၏ ကျေးဇူးပြုခြင်းသည် ကျွန်တော်တို. မမွေးခင်
လွန်ခဲ.သောနှစ် ၂၀၀၀ မှ ယနေ.ထိ extanded လုပ်နေသေးသည်။

 ဘုရားသခင်ဖက်မှ လုပ်ပေးခြင်းကို ကျွန်တော်တို.ဖက်မှ 
ယုံကြည်ခြင်းဖြင်. လက်ခံပါက ကယ်တင်ခြင်း 
automatic အလိုလို ရရှိသွားပြီဖြစ်သည်။ 

ရော ၅း၂ အရ ကျေးဇူးတရား လက်ခံဖို.ရာ ယုံကြည်ခြင်းဖြင်. 
ရယူ access ဖို.လိုသည်၊ Access ရယူခြင်းဆိုရာ၌ ဝင်ခွင်.ဖြည်.ပြီး 
လက်မှတ်ရမှ စိတ်ချသလိုပဲ လက်မှတ်သည် သင်.ယုံကြည်ခြင်းပဲ။ 

ဘုရားထံမှ ကျေးဇူးတော် ရရှိ ခံစားရန် ကိုယ်.ဖက်မှ ဘာတခုမှ 
လုပ်ဆောင်ရန်မလိုဘူး ဆိုတာ သိကြပြီးပြီ၊ ယုံကြည်ခြင်းသည် 
ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို တုန်.ပြန်ခြင်းဖြစ်သည်။


ယုံကြည်ခြင်းသည် သင်၏ အကောင်းမြင် တုန်.ပြန်မှု သက်သက်ဖြစ်သည်။ ယုံကြည်ခြင်းသည် ကိုးစားခြင်း၊ ဘုရား၌သာ အမှီပြု 
အနားယူခြင်းဖြစ်သည်၊ ယုံကြည်ခြင်းသည် 
ခန္ဒာစိတ်ဝိညဥ် လိုအပ်ချက် ထောက်ပံ.ခြင်းကို 
စိတ်ချခြင်း ဖြစ်သည်။ 
(ဖတ်ရှုသူတိုင်း ကောင်းကြီးရှိပါစေ)