၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 25 August 2020

🔼 ယေရှုယုံကြည်ခြင်းဖြင်.ဘယ်လို ဆုတောင်းမည်နည်း (၁၅)🔼

enter>
ယေရှုခရစ်၏ ယုံကြည်ခြင်းဖြင်. ဘယ်နည်းဘယ်ပုံ ဆုတောင်းမည်ကို 
ရှင်းပြရန် အတော်လေး အချိန်ယူ စဥ်းခဲ.သည်။ ကျွန်တော်တို.
 မြန်မာယုံကြည်သူများသည် ယေရှုနောက်လိုက်များ နည်းတူ 
ဥပမာဖြင်.ရှင်းပြပါမှ နားလည်လွယ်ကြသဖြင်. လူဖြူတွေ
သက်သေခံချက်များကို ပြောတာထက် ကိုယ်.အနားရှိ 
ကိုယ်.လူ၏ သက်သေခံချက်ဖြစ်ရပ်မှန် Thatha Nu ၏ 
ကိုယ်တွေ. ဆုတောင်းသက်သေခံချက်သည် 
အကောင်းဆုံးသက်သေ နှုင်. တန်ခိုးပါဝါ
အရှိဆုံးဖြစ်မည်ဟု ယုံကြည်သည်၊၊ 

ThaTha Nu ၏ သက်သေခံချက်သိပြီး ကြားပြီးကြသော်လဲ 
ဝိ/ရေးရာဖွင်.ပြပုံနှုင်. ခွန်အားရတာချင်း တူမှာမဟုတ်ပါ၊ 
သူ NL စရောက်စဥ် တကြိမ်၊ Passie မှာတကြိမ် ကျွန်တော်
 interview လုပ်ခဲ.သော်လဲ လိုချင်သည်. Key point မရခဲ.ဘူး၊ 

ပြီးခဲ.သည်.အပတ် ၃ကြိမ်မြောက် ပြန်မေးတော.မှ 
ဆိုက်ဆိုက်မြိုက်မြိုက် လိုချင်သည်.အဖြေမှန် ကွက်တိ ရပါတော.သည်၊ 
 တခါတခါ ကိုယ်လိုချင်သည်.အဖြေရဖို.ဆိုတာ မေးသူကိုယ်တိုင် 
မေးခွန်းထုတ်တတ် မေးတတ်ဖို.လိုကြောင်း နားလည်ရ၏၊ 
 ThaTha Nu NL မလာခင် မြန်မာပြည်မှာပဲ ကျန်မာခြင်းရတာ ဘုရား၏အချိန်းအချက်အကြံစည်လို. ဦးစွာပြောလိုတယ်၊ NL ရောက်မှ ပျောက်တယ်ဆိုရင် ဒီကဆရာဝန်တော်လို. ဆေးရုံကောင်းလို. ပြောကြမယ်-ဘုရားဘုန်း‌တော်လဲ မထင်ရှားဘူး၊ သူက ဦးနှောက်ပိုင်းဆိုင်ရာ 
Recall , Memory အသိဉာဏ် ပုံမှန်အလုပ်မလုပ်သည်သာမက ကိုယ်အောက်ပိုင်း၊ခြေလက်မသန် တွန်းလှည်းပေါ်၌ မနက်နေထွက်မှ ညနေဝင်၊ညနေမိုးချုပ်မှ မနက်မိုးလင်းသည်ထိ 
သေမည်.နေ.ကိုသာ လူတွေစောင်.မြော်ကြ၏၊ 

 ✟ သူပြခဲ.ဖူးသည်. ကျ‌တော်တို.အိမ်နား၌ ဆေးခန်.ဖွင်.သော 
Dr.ဆိုင်မွန်သာ ( ဦးနှောက်အာရုံကြော အထူးကုဆရာဝန်ကြီး) နှုင်. 
အခြား နာမည်ကြီးသမားတော်များ၏ အဖြေကား (No Hope) 
မျော်လင်.ချက်ကုန်ပြီ ။ 

သူ.ထံသို. မနက်တခါညနေတခါ လာပြီး ဆုတောင်းပေးသည်. 
Pastor တွေရဲ.ပါးစပ်မှာ "သင်-သင်္ကြန်မတိုင်ခင် သေမလား၊ပြီးမှလား"တသံတည်းဆုတောင်းပေးကြတယ်၊၊ 
 အသုဘလိုက်ပို.သူ များအောင် စေသနာနဲ. ပြောတာ ဖြစ်မှာပါ၊ 
ယုံကြည်ခြင်း အလွန်ဖေါက်ပြန်လှပါတကား Pastor တို.ရေ ! 

အဓိက MainPoint လာပြီ၊ ယေရှုခရစ်၏ယုံကြည်ခြင်းဖြင်. 
Thatha Nu ဆုတောင်းတာလား? ဘယ်လိုတောင်းသလဲမေးရင် 
သူဘယ်လိုတောင်းမှန်း သိပ်မှတ်မိမှာမဟုတ်ဘူး၊ 
သို.သော် ဖုန်း/Pc ထဲကို မြန်မာဖေါင်. ထည်.ချင်ရင် Setting 
အရင်ဆုံးဝင်ပြီးမှ Myamar ဆိုတာ ရွေးသလိုပဲ Thatha Nu ၏ 
စိတ်နှလုံး Soulish Realm နယ်ပယ် 
Setting ထဲကို အရင်ဆုံးဝင်ရတယ်။ 

Phone Setting ( English, Chinese , Korea, Myanmar....)မှ
 Myanmar ရွေးသလို နှလုံးသား၌ ဦးစားပေး ရွေးစရာများလှပါသည်။ 

✟ ကျွန်တော် ခုတလောပြောနေတာက 
သင်.ဝိညဥ်၌ ဘုရားထည်.ပေးသည်. အတွင်းလူ
(ယေရှုခရစ်ဝိညဥ်)အသစ်စက်စက်ဖြစ်ပြီး 
အနာဆာလုံးဝမပါ( ၂ကော၅း၁၇)။ 

Thatha Nu၏ ဝိညဥ်လူအသံက ငါခံခဲ.သောဒါဏ်ချက်တော်၌ 
 မင်းရဲ.အနာလည်းပါတယ်၊ ငါ၏ ဦးခေါင်း ဆူးရစ်သရဖူမှ ထွက်သော 
သွေးသည် သင်.ဦးနှောက်ရောဂါအတွက်လည်း ပါတယ်၊ 
ငါ၏ လက်ဖဝါး၊ဒူး၊ခြေမှ ထွက်သော အသွေးသည် သင်၏ 
လက်,ခြေ ချုပ်နှောင်ခြင်းမှ လွတ်မြောက်ဖို.လဲ ပါတယ်ဆိုတာ 
ThaThaNu နှလုံးသို. သတင်းအမြဲပို.ပါတယ်၊ 

Choice လုပ်ရတော.မယ် ၊ ThaThaNu ၏ အပြင်ခန္ဒာ 
အာရုံ ၅ ပါးမှ ကြားတာက 'အခြေနေမကောင်းဘူး၊ မျော်လင်.ချက်မရှိ၊ သင်္ကြန်မတိုင်ခင်လား,ပြီးမှလား၊ ဦးနှောက်ကောင်းရင်တောင် လမ်းလျောက်ဖို.မလွယ်တော.ဘူး၊ မျိုးရိုး အဖိုး၏ အဖေ၏ 
အမေက အသက်တိုတယ်-စသဖြင်.။ အပြင်လူ၏အသံကို 
သဘောတူမှာလား? အတွင်းဝိညဥ်လူအသံကို 
သဘောတူမှာလား?ရွေးချယ်ရမယ်။ 

ThaThaNu ကို ပြီးခဲ.သည်. အပတ်က မေးပါတယ် " 
ဘယ်လို ကျမ်းချက်ဖြင်. မိမိစိတ်ကို 
ဖြေသိမ်.ပြီး ခွန်အားယူခဲ.သလဲ?

၁ပေ ၂း၂၄ နဲ. ဆာလံ ၁၁၃ ကို နေ.တိုင်းဝန်ခံတယ် ၊ကျမ လုံးဝ 
မသေဘူးဆိုတာ စိတ်ချမှုအပြည်.ရှိနေတယ်' လို.ပြောပါတယ်၊ 
ဆိုလိုရင်းက 'ဟို Pastor သင်္ကြန် ၆ ဦး လက်တင်ဆုတောင်းတာကို 
သူက လုံးဝ မအာမင်ဘူး၊သဘောမတူဘူး၊
သူတို.ပြောချင်တာ ပြောပါစေ၊ 
ငါဘယ်သူကိုယုံတယ်ဆိုတာ ငါသိတယ်။ 

ဒီမှာ-ကြည်.စမ်း! ဆာလံ ၁၁၃ က "Halelujah နဲ.စပြီး
Halelujah နဲ.ဆုံးတာ၊ ၁,၂,၃ မှာ ဘုရားနာမ ၊ ၄,၅,၆ မှာ 
သူဘယ်သူလဲ၊ ၇,၈,၉ မှာ အခြားဘုရားနဲ.မတူဘူး'ဆိုပြီး 
ချီးမွမ်းတာ၊ ပေးပါ-ပေးပါ-ဆိုတာမပါဘူး။ 

အတွင်းဝိညဥ် ယေရှုယုံကြည်ခြင်းဖြင်. ဆုတောင်းခြင်းဆိုတာ 
ယေရှုခရစ်၏ ကားတိုင်၌ လုပ်ပေးခြင်းကို ယုံကြည်ပြီး၊ကိုးစားတာ။ 
မိမိယုံကြည်ခြင်းကို အားမကိုးဘူးဆိုတာ ခွဲခြားနားလည်တတ်ဖို. သိပ်အရေးကြီးသည်၊ငါ.ကို ကျန်းမာခြင်းပေးပါ-ကုပေးပါ-လုပ်ပေးပါ 
ဆိုတာထက် သင်.ဝိညဥ်ထဲရှိ ကျန်းမာလန်းဆန်းသစ်လွင်သော 
ယေရှုခရစ်ကျန်းမာခြင်းကို နှလုံးမှတဆင်. 
ခန္ဒာသို. Release လုပ်ရမည်။ 

(Release ဆိုတာ စာအုပ်အသစ်၊တေး Album အသစ် 
ပြည်သူ.လက်ထဲ ထုတ်လွှင်.ဖြန်.ချီသလိုမျိုး၊ယုံကြည်ခြင်း
စီးထွက်စေခြင်းဖြစ်၏)
အယောက်တိုင်းကို ဘုရားသခင် 
စကားပြောပါစေ။