၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 14 July 2018

†† ဘာ.ကြောင်. ထောင်လွှားခြင်းကို ဘုရားသခင် ရွံမုန်းသနည်း††

(1)Pride is Satanic (နတ်ဆိုး ၀ိညာဉ်ဆိုး လုပ်ရပ်ဖြစ်သည်)
မကောင်းဆိုးဝါး ၀ိညာဉ်ဆိုးအား ဘုရားဘယ်တော.မှ မဖန် ဆင်းပါ။ စာတန်ထံမှလာခြင်းဖြစ်သည်။ ယေဇ၂၈း၁၅ ၊ 
မိမိအလိုဆန္ဒအား ဘုရားဆန္ဒနေရာ၌ အစားထိုး ပေါင်းစပ်ခြင်းဖြစ် ၍ ဘုရားသခင် တားမြစ်သည်.အရာ ဖြစ်သည်။ (၁တိ ၃း၆)
(2)Pride Spawns Prayerlessness (ဆုတောင်းခြင်းအားနည်း)
နှိမ်.ချခြင်းနှလုံးသားကို ဘုရားသခင် တောင်းဆိုသည်။
၂ ချုပ် ရး၁၄ သု(၂၈း၉) တရားမနာ၊ လွှဲသွားသော သူသည် ဆုတောင်း သော်လည်း သူ၏ ပဌနာစကားသည် စက်ဆုပ် ရွံ့ရှာဖွယ်ဖြစ်၏။ ဆုတောင်းခြင်း မရှိသော အသက်တာသည် အကြီးမားဆုံး အပြစ်ဖြစ်၍ ဘုရားသခင်ထံမှ တန်ခိုး ရရှိရန် မလွယ်ကူပါ။
(3)Pride Brings Conflict (သဘောကွဲလွဲ အငြင်းပွားမှုဖြစ်စေ၏  
ထောင်လွှားခြင်းသည် အသင်းတော် နှင်.မိသားစု၌ မညီညွတ်ခြင်း ပျက်စီးစေခြင်း အပိုင်းအစများကို သယ်ဆောင်လာခြင်း ဖြစ်သည်။
သု ၁၃း ၁၀ မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသော စကားကို နားခံသောသူမူကား ပညာရှိ၏။ မာနသည် ကိုယ်.အမှား သက် ရှည်အောင် ရှေ.နေ လိုက်ပေးနေခြင်း ဖြစ်သည်။
သု၊၂၈း ၂၅ စိတ်မြင့်သော သူသည် ခိုက်ရန်ကို နှိုးဆော်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝ တတ်၏။
(4)Pride Results in Gossip (အတင်းအဖျင်းပြောခြင်း ဖြစ်စေ၏  
ကွယ်ရာ၌ အတင်းဖျင်း မဟုတ်မမှန် ပြောဆိုခြင်းသည် ၀ါကြွားခြင်း တမျိုးဖြစ်သည်။
ဆာ၊၃၁း၂၀ လူတို့ပြု တတ်သော ပရိယာယ် နှင့် ကင်းလွတ်စေ
ခြင်းငှါ ကျိန်းဝပ်တော်မူရာ အတွင်း အရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ၊၊
(5) Pride is Deceptive (လှည်.စားခြင်းဖြစ်စေသည်)
လူသည် သူတပါးအပေါ် နေချင်ပြီး ကိုယ်ကိုယ် ချီးမြောက်ပြီး လှည်.စား ခြင်း သည် မာနထောင်လွှားခြင်း ဖြစ်၍ ဘုရားသခင် မကြိုက်မနှစ်သက်ပါ။
ယေ ၁၇း၉ စိတ် နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲ တတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူ သိနိုင်သနည်း။
(6) Pride Makes a False Boast (မှားယွင်းသော ဂုဏ်ယူခြင်း )
ရှန်ဆုံသည် င်္ခြသေ.ကို သတ်သော်လည်း သူ.အဖေ၊ အမေများ ကိုပင် မပြောပြ ခဲ.ပါ။ မျက်မှောက်ခေတ် ယုံကြည်သူများ ကြွက် ကလေးသတ် တာလောက်ကို လူသူမသိမှာ စိုးရိမ်ပြီး interview လုပ် အတိမှတ်ပြု မှတ်တမ်းတင်ချင်ကြသည်။ (Spergeon).
သု၊၂၀း၆ လူများ တို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြော တတ်၏၊၊ သစ္စာရှိသောသူကိုကား၊ အဘယ်သူ ရှာ၍ တွေ့နိုင်သနည်း။  
(၇)Pride Precedes a Fall (ကျဆုံးခြင်း ဖြစ်စေသည်)
ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းသည် လူမှုအသိုင်းဝန်း၌ လွှမ်းမိုး သည်.အခါ မာန ထောင်လွှားခြင်းမှ ကျဆုံးခြင်း ဖြစ်စေတတ်သည်။
သု -၁၁း၂ မာနထောင်လွှား သောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချသော သူတို့၌ကား ပညာရှိ၏။
နေဗုခတ်ကနေဇာမင်းသည် မာနကြီးသောကြောင်. မြက်ကို ၇နစ် စား၏။
သု၊၂၉း၂၃ မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသော သူမူကား၊ ဂုဏ်အသ ရေကို ရလိမ့်မည်။   (အာမင်းး)      Jame Lee

|| Suicide သေကြောင်းကြံခြင်း၏ အကြောင်းရင်း ||

(1)They're depressed. (စိတ်ဓါတ်ကျဆင်း)
(2) They're psychotic (စိတ်ဝေဒနာရှင်) 
(3) They're impulsive. (စိတ်လိုက်မာန်ပါ)
(4) They're crying out for help (အကူညီမဲ.ခြင်း)
(5) They have a philosophical desire to die.
( သေရန်ဆန္ဒရှိခြင်း၊) 
(6) They've made a mistake (ပြစ်မှုအမှားကျူးလွန်ခြင်း)
Sui= Self / Suicide = to kill အတ္တကြောင်.သတ်သေခြင်း။ တနှစ်လျှင် ကမ္ဘာ၌ ပျမ်းမျှ ၅ သိန်းခန်. ကျူးလွန်နေကြသည်။ 
အသက် ၁၅ မှ ၂၅ အကြား အဖြစ်အများဆုံး ဖြစ်သည်။ 
၇၂% သည် အမျိုးသားများဖြစ်ပြီး၊အမျိုးသမီးထက် ၄ဆပိုများသည်။ ကနဦး ခရစ်ယန်အသင်းတော်များသည် Suicide အား သေထိုက်သော အပြစ်ဟု ယူဆပြီး ရုပ်တုကိုးကွယ်ခြင်းကဲ.သို. ထင်မှတ်သည်။ အခြားအပြစ်နှင်. မတူသည်. အချက်က suicide သည် နောင်တ ရချိန် မရတော.ခြင်းကြောင်.ဖြစ်သည်။ Suicide အား ကနဦးအသင်းတော်တချို၌ သင်္ကြုဟ်ရန် ငြင်းပယ်သည်။
သမ္မာကျမ်းစာ၌ ကိုယ်ကိုယ်သတ်သေခြင်း။ စာတန်သည် ယေရှုအား Suicide လုပ်ရန် စေခိုင်းသည်။(မသ ၄း၅-၆) ဖိလိပိထောင်၌ ကိုယ်.အသက်ကို သတ်မည်ပြုလေ၏။ တမ၁၆း၂၇၊၂၈ တချို.သောသာသနာပြုများ ပရောဖက်များ မပြေလည်မှုဖြစ်သည်. အခါ ထာဝရဘုရားအား သတ်သေရန် (မောရှေ)ပင်လျှင် တောင်းဆိုကြသည်။ တော ၁၁း ၁၅၊ )
(Elijah (1 Ki. 19:4) ယောန ( Jonah 4:1–11)) ဘေးဒဏ်ကြီး ကာလ၌ သေခြင်းကို ရှာကြလိမ်.မည်၊ ဗျာ- ၉း၆။
သမ္မာကျမ်းစာ၌ ကိုယ်ကိုယ်သတ်သေသော ဥပမာများစွာသည် ရှင်ဘုရုင်များမှာ- အဗရှလုံ၊ အဟိသောဖေလ ၊ ဘုရင် Zimri ၊ ယုဒရှာ ကရုတ်၊ အဘိမလက် ၊ ရှန်ဆုန် စသည်. ယောင်္ကျား များဖြစ်ကြသည်။ သူတို.ကိုကြည်.ခြင်းအားဖြင်. ကိုယ်ကိုယ် သေကြောင်းကြံသူ အများစုသည် ယောကျာင်္းများ ဖြစ်သည်။ ထိုသူတို.သည် - အာဃာတအမြဲရှိ၍ သံသယကြီးကာ ဘုရားကိုမချီးမွမ်းသူများဖြစ်ပြီး -၀ိညဉ်ရေးspiritually bankrupt ချွတ်ခြုံကျသူများ၌ အဖြစ်များသည်။ -သမ္မာကျမ်းစာပါ ဥပမာများသည် နာကျည်းမှုဝေဒနာ ခံစားသူများဖြစ်၏။ -ဆိုးသွမ်း၍ နောင်တလမ်းသို. လိုက်ရန် ငြင်းဆန်သူများ ဖြစ်ကြသည်။
ကိုယ်ကိုယ်ကို သတ်သေခြင်းသည် unpardonable sin ခွင်.လွတ်ခြင်း မရထိုက်သော အပြစ်ဟု ခံယူသည်။ (မသ ၁၂း ၃၁-၃၂) အဘယ်ကြောင်.ဆိုသော်…..
(၁) ဖန်ဆင်းရှင်၏ အခွင်.အာဏာကို လုယူခြင်း(ယဘ ၁၂း၂၀)
(၂) ပညတ်တော်ချိုးဖေါက်သည်။ ထ၊၂၀း၁၃၊ ၀ပ - ၅း၁၇)
(၃) ဘုရား၏ ဖန်ရှင်းခြင်းကို အရေးမလုပ်၊(ကဥ-၁း၂၆၊ ၉း၅၊၆)
(၄) ခန္ဒာကိုယ် အုပ်ချုပ်မှု ညံ.ဖျင်းခြင်း။ ၁က ၆း၁၉၊၂၀
(၅) ထိခိုက်နစ်နာစေသော လမ်းညွန်မှုဖြစ်သည်။(မသ၊၂၂- ဧ ၅း၂၉) (၆) နာကျင်မှုကို လစ်လှူရှုခြင်းဖြစ်သည်။ ရော ၅း၃-၅၊ ၈း၂၈
(၇) ယုံကြည်သူသည် ခရစ်တော် နှင်.အတူ ခံစားရမည်။ (ရော ၈း၁၇) (၈) ခရစ်တော်နှင်.အတူ သေခြင်းကို မအောင်သူ များဖြစ်၏၊ရော ၅း၁၂၊ (၉) ယေရှုသည် သေကြောင်းကြံခြင်းကို ငြင်းပယ် သကဲ.သို. ယုံကြည်သူ များသည် Suicide ကို ငြင်းပယ်ရမည်။( လု ၄း၉-၁၁ ) အယောက်တိုင်းအတွက် ကောင်းချီးရှိပါစေ။ အာမင်း။

||..ထာဝရဘုရားကို မထီမဲ.မြင်ပြောဆို ပျက်ရယ်ပြုသူများ၏ နိဂုံး..||

ထာဝရဘုရားသည် မထီမဲ.မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ.ကြဲသည်.အတိုင်း ရိတ်ရလိမ်.မည်(ဂလာတိ- ၆း၇)
  (1)John Lennon (Singer):ကမ္ဘာကျော် Beatles အဖွဲ.သည် ယေရှု ထက် ပို၍ နာမယ်ကြီးတယ် (1966) မှာ ပြောပြီး မကြာခင် သုတို. အဖွဲ. ကွဲကာ သူလည်း သေနပ်ဖြင်. အမည်မသိသူ၏ ၆ ကြိမ် ပစ်သတ် ခံရ သည်။
 (2) Tancredo Neves (Brazil သမ္တတ) သည် သူ.မဲဆွယ်ပွဲ၌ ငါ.ကို ထောက်ခံသူ ၅ သိန်း ရှိပါက ဘုရားသ္ခင်တောင် င့ါကို မဖြုတ် နိုင်တော. ဘူး ဟု ပြောသည်. အတိုင်း မဲလည်း အမှန်ရခဲ.သော်လည်း သမ္တတ မလုပ်မီ တပတ်အလိုမှာ သေဆုံးသွားသည်။
 (3)Titanic သင်္ဘောတည်ဆောက်သူက ဤသင်္ဘောသည် 'Not even God can sink it' ဘုရားသခင်တောင် ဖျက်စီး၍ မရလောက်အောင် ခိုင်ခံ.ကြောင်း ပြောခဲ.ရာ ထွက်ပြီးမကြာခင် ရေထဲနှစ်မြုပ်ခဲ.သည်။
(4)Marylin Monroe ဘုရားသ္ခင်က Billy Graham အား မင်းသမီး မယ်ရီလင်မွန်ရိုး အား ဧ၀ံဂေလိ ပွဲသို. လာရောက်ရန် ဖိတ်ကြားဖို. ဖွင်.ပြခဲ.သော်လည်း မင်းရဲ. ယေရှုကို ငါ အလိုမရှိဘူး- 'I don't need your Jesus' ဟု ငြင်းဆိုပြီး တပတ်ကြာသည်.အခါ သူ. ကိုယ်ပိုင်အခန်း၌ သေဆုံးနေသည်ကို တွေ.ရပြီး ယနေ.ထက်တိုင် မည်သူ. လက်ချက်ဖြင်. သေဆုံးသည်ကို ယနေ.ထိ မသိနိုင်ပေ။
(5) Cazuza - Barazil) တေးရေး၊ထုတ်လုပ်သူ၊ အဆိုတော်သည် Canecio show တခု၌ ဖျော်ဖြေနေစဉ် သူသောက်သော ဆေးလိပ်တို အား `ရော.- ဘုရား၊ အဲဒါ ဘုရား သောက်လိုက်´ ဟု လေထဲ ပစ်ပေး ခဲ.သောကြောင်. သူ.အသက် ၃၂ အရွယ် ၌ အသဲကင်ဆာဖြင်. သေဆုံး ခဲ.သည်။
(6) Campinas ( 2005)သည် သူငယ်ချင်းများနှင်. ပျော်ပွဲစားသွားရန် ကားပေါ်၌ ထိုင်နေစဉ် သူ.အမေမှ `ဘုရားနဲ.သွားနော်- ဘုရားသခင် ကွယ်ကာမစပါစေ’ ဟု သမီးကို လှမ်းပြောရာ သူ.သမီးက ` ဘုရား ကတော. ကားနောက်ခန်း ပစ္စည်းထည်.သည်. နေရာမှာပဲ လိုက်ပါစေ၊ ဒီမှာ နေရာမရှိတော.ဘူး ` ဟု ပျက်ရယ်ပြု သရော်ခဲ.သည်။ သူတို.ကား ထွက်ပြီး ၁ နာရီခန်.ကြာသော် ကားတိုက်မှုဖြစ်၍ အားလုံးသေဆုံးသွား ပြီး ရဲအရာရှိက ´ ကားနောက်ခန်းမှာ ဘာမှမဖြစ်ဘူး၊ စားစရာ ကြက်ဥ တလုံး တောင် မကွဲဘူး´ ဟု ပြောခဲ.သည်။
(7) Christine Hewitt( Jamica သတင်း စာနယ်ဇင်း တင်ဆက်သူ ) စာအုပ်တကာထဲမှာ ကျမ်းစာပါ နုတ်ကပတ်တော် ရေးသားချက်သည် အဆိုးဆုံး Word of God was the worst book ever written ဖြစ်သည်ဟု interview ၌ ပြောဆိုပြီး မကြာခင် 2006/6 တွင် သူ.ကား၌ မီးလောင်ကျွမ်းလျှက် သေဆုံးနေသည်ကို တွေ.ရသည်။

Friday 13 July 2018

ဝိညာဉ်တော် အလုပ်လုပ်နည်း( ၂ ) မျိုး

ဝိညာဉ်တော် အလုပ်လုပ်နည်း( ၂ ) မျိုး ယခု ပဋိညာဉ်သစ်ကာလ မှာThe Spirit ဝိညာဉ်တော် အလုပ်လုပ်နည်း။ ( ၂ ) မျိုး ရှိ တယ်လူစုအေါ်ဝိညာဉ်တော် သွန်းလောင်းခြင်း နှင့် တစ်ဦးချင်းစီ အထဲ ဝိညာဉ်တော်ဖြည့်ပေးခြင်း။ ( ၁ ) Economical Spirit of God လူစုအပေါ် ဝိညာဉ်တော်သွန်းလောင်းခြင်းဖြင့် အဲ့ဒီလူစု ဟာ ဘုရား ရဲ့ တန်ခိုးကို ခံစားရတယ်ဘုရားသခင် ရဲ့ လုပ်ဆောင်ချက်ကို တွေ့မြင်ရတယ်။ ဘုရား ရဲ့ တန်ခိုးကိုခံစားရခြင်းဖြင့် ခရစ်တော် ၏ ကိုယ်ခန္ဓာ ဖြစ်လာဖို့ဖြစ်တယ်။ ဘုရားရဲ့ နိုင်ငံတော် တည်လာဖို့ ခရစ်တော်၏ တစ်လုံးတည်းသောကိုယ်ခန္ဓာတော် ထဲမှာ တစ်ပေါင်းတစ် စည်းတည်းဖြစ်ဖို့ ဝိညာဉ်တော်သွန်းလောင်းခြင်းဖြစ်တယ်။ အမြဲတမ်းမဟုတ်ဘူး၊ အချိန်တိုင်း မဟုတ်ဘူးတစ်ခဏလေး အပေါ်ကိုသွန်းလောင်း လိုက်တဲ့အခါမှာ လူတွေအပေါ် မှာဝိညာဉ်တော် လျှံထွက်သွားတယ်။ လူ ရဲ့ အပေါ်မှာ ဝိညာဉ်တော်စိုစွတ်သွားတယ် ဖြန်းပက်လိုက်တဲ့ သဘောပါပဲလူ့ ရဲ့ အပေါ်မှာပဲ ရှိ တယ်အထဲ ကို မရောက်ဘူး အဲ့ဒီအပေါ်မှာ ဝိညာဉ်တော်တန်ခိုးဟပ်သွားရင်လူ ဟာ ဘုရား ရဲ့ တန်ခိုးတော် ခံစားရတယ်။ ဒါပေမယ့် . . . စိတ်နှလုံး မပြောင်းလဲဘူးအဲ့ဒီ ဝိညာဉ်တော် ရဲ့ အရှိန်တန်ခိုး ဟပ်သွားတာဟာ အကြိမ်တစ်ရာ ပဲ ရ ရဘယ်နှစ်ကြိမ် ပဲ ရ ရ အနာငြိမ်းခြင်း ခံစားရလည်းပဲ လူ ဟာ စိတ်နှလုံးမပြောင်းလဲ ပါဇာတိလူတွေဟာ . . . . . မြင်ရတဲ့အရာတွေကို ကြိုက် တယ်အဲ့ဒီ ဇာတိလူတွေရဲ့ အသက်တာ မပြောင်းလဲပါ ။ ဘုရား ရဲ့ အလုပ်လုပ် တဲ့ဝိညာဉ်တော်ဟာ အလုပ်ဖြစ်ဖို့ ဘုရား ရဲ့ တန်ခိုးနိမိတ်လက္ခဏာပြဖို့မယုံကြည်သူတွေဟာ အသက်ရှင် တဲ့ ဘုရားကို မြင်ဖို့ မယုံကြည်သူတွေဟာ အသက်ရှင် တဲ့ဘုရား ရဲ့ ကောင်းမြတ်ခြင်းကို ခံစားရဖို့မယုံကြည်သူကနေ ယုံကြည်သူဖြစ်လာဖို့လူစု လူအုပ် လူအများစုထဲမှာ လူ တစ်ဦးတစ်ယောက် ကို ဘုရားအသုံးပြုပြီး ဘုရား အလုပ်လုပ်တာဖြစ်တယ်။ အဲ့ဒီလိုလုပ်တဲ့အခါမှာ အပေါ်ကနေသွန်းလောင်းလိုက်တာလူ ရဲ့ အပြင်ကနေ လုပ်တာဖြစ်တယ်။ အဲ့ဒါ မြင်ရတယ် ခံစားရတယ်။ ဒါပေမယ့် အသုံးပြုခံရတဲ့သူ ရောနိမိတ်လက္ခဏာ ခံစာရသူ ပါ အသက်တာ မပြောင်းလဲဘူး။ ( ၂ ) Essential Spirit of God ဒီခေတ်မှာ ဘုရားသခင် သည်လူ ၏ အတွင်းဆုံး ဝိညာဉ် က နေ အပြင်ဘက် ကို အလုပ် လုပ် တယ်လူ ၏ ဝိညာဉ်အတွင်းထဲမှာပဲ ဘုရား က အမြဲတမ်းနေတယ် စကားပြော တယ်ဘုရား နှင့် လူ ၏ ဝိညာဉ် က မျိုးတူတယ်။ တိုက်ရိုက်ဆက်သွယ်ခြင်း ရှိ တယ်ဘုရား ရဲ့ စကား က ခန္ဓာ နှင့် စိတ် ကို မဖြတ်ဘူး လူ ရဲ့ ဝိညာဉ်ကို ပဲ တိုက်ရိုက်စကားပြောတယ် in filling အတွင်းထဲကို ဖြည့်ပေးတယ်။ ဘုရား နဲ့ သဘောတူလိုချင် လက်ခံ ခွင့်ပြုသူ တစ်ဦးချင်းစီ ထဲ အစဉ်အမြဲ ဖြည့် ပေးတယ်။ အဆုံးမရှိ ဖြည့် ပေး တယ်။ အဆက်မပြတ် ဖြည့် ပေးတယ်။ အကန့်အသတ်မဲ့ ဖြည့် ပေး တယ်။ Essential Spirit ဘုရားသခင် ၏ ဝိညာဉ်ကိုယ်တိုင် ဘုရားသခင်ကိုယ်တိုင် မိမိကိုယ်ကို ပေး တယ်။ ချစ်သောသူ ကို မိမိကိုယ်ကို ပေး တယ်။ အကန့်အသတ်မဲ့ နဲ့ ပေး တယ်တစ်ကိုယ်လုံး ပေး တယ်။ တစ်သက်လုံး ပေး တယ်ဘုရား ရဲ့ အသက်ကို ပေးပြီး တော့ ချစ် တယ်မိမိ ရှိသမျှကို ပေးပြီး တော့ ချစ် တယ်။ တစ်စိမ့်စိမ့် နဲ့ နေ့တိုင်း နာရီတိုင်းမိနစ်တိုင်း စက္ကန့်တိုင်း ဝိညာဉ် စိတ် ခန္ဓာ ထဲ မှာ ပြည့်လျှံသွားအောင်ဖြည့် ပေး နေ တယ်။ အဲ့ဒီလို အဖြည့်ခံသူ ရဲ့ အသက်တာပြောင်းလဲသွားတယ်။ ဘုရားသခင် လိုချင်တဲ့အတိုင်းဘုရားသခင် ရည်ရွယ်တဲ့အတိုင်း ဖြစ်သွားတယ်။ ဘုရား က ဖြစ် စေ တယ်လူ ရဲ့ အတွင်းကနေ အပြင်ဘက်ကို လျှံထွက်ပြီး ဖြစ် သွား တာလူ ထဲ မှာ ဘုရား အမြဲတမ်း အစဉ်အမြဲ နေတယ်။ လူ ထဲ မှာ ဘုရား ရဲ့ အသက်အစဉ်အမြဲ ဖြည့် ပေး နေ တယ်။ အခု လူ ထဲ မှာ လူ ၏ အတွင်း မှာ နေ ပြီးလူ ၏ ကိုယ်စား လူ ၏ အတွက်လူ ထဲ မှ တစ်ဆင့်ဒီ ကမ္ဘာမြေကြီး မှာ ဘုရား ရဲ့ ရည်ရွယ်ချက်ကို ပြည့် စုံ စေ နေ တယ်ယခုဘဝ နှင့် နောင်ဘဝ ထာဝရတည်သော ဘုရား ၏ ဂုဏ်ရည် နှင့် အရည်အချင်း စာရိတ္တများ ဖြစ် လို့ အဲ့ဒီလို လူ ရဲ့ အတွင်းထဲမှာ ဖြည့်ပေးနေတာကို မမြင်ရဘူး နတ်ဆိုး လည်း မမြင်ရဘူး ကောင်းကင်တမန်လည်းမမြင်ရဘူး ကာယကံရှင်ကိုယ်တိုင်လည်း မသိအောင် ဘုရားက ပုန်း ပြီး တော့အလုပ် လုပ် တာလူ ၏ ဝိညာဉ်ထဲကနေ ဘုရား ပုန်း ပြီး တော့ထာဝရ အမြဲတမ်း လုပ် ပေး နေ တယ်။ ပဋိညာဉ်ဟောင်းအလုပ်လုပ်နည်းဖြစ်သော လူ ၏ အပြင်ကနေ ဝိညာဉ်တော် သွန်းလောင်းခြင်းနည်း ကို ယခု ပဋိညာဉ်သစ် မှာ ဘုရား မရုတ်သိမ်း သေးပါ။ ဆက် အသုံးပြုနေပါသေးတယ်။ သို့သော် ခေတ်ပြောင်းသွားခြင်းကြောင့် ဝိညာဉ်တော် အလုပ်လုပ်နည်း ထပ် ပြောင်းသွားခြင်းသည် အရေးကြီးပါသည်။ ဒါပေမယ့် . . အရေးကြီးတာ ကို အရေးမကြီးသကဲ့သို့ လူတွေကို နတ်ဆိုး လိမ်ထားတယ်။ အရေးမကြီးတာ ကို အရေးကြီး လုပ်ပစ်လိုက်တယ်။ အဲ့ဒါကြောင့် ယုံကြည်သူတွေဟာ မတိုးတက်တော့ဘူး။ မရင့်ကျက်တော့ဘူး အသက်တာမပြောင်းလဲကြတော့ဘူး။ ဘုရား ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာတော့ဘူး။ ဘုရား၏ အမွေခံသား ဖြစ် ဖို့ ယခု လူ ၏ အတွင်းထဲ မှာ ဘုရား ၏ စီမံကိန်း ကို အကောင်အထည် ဖော်ပေးနေသော indwelling Spirit ကိန်းဝပ်နေသည့် ဝိညာဉ်တော်ဘုရား ၏ ဦးဆောင်အုပ်စိုးခြင်း ကို ကျွန်ုပ်တို့ အယောက်တိုင်း သဘောတူဝန်ခံ အသက်ရှင်ခွင့် ပေး သောသူများ
 ဖြစ် ကြ ပါ စေ။ (Brother Lee )

အကျင့်မရှိသောယုံကြည်ခြင်းသည်အသေ??

♦ အကျင့်မရှိသောယုံကြည်ခြင်းသည်အသေ?? ♦.ရှင်ယာကုတ် ၃:၁၇- ထိုနည်းတူအကျင့်နှင့် ကင်းသောယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏ တနည်းကား သင်သည်ယုံကြည်ခြင်းရှိ၏။ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍သင်သည်အကျင့်မရှိပဲ သင်၏ယုံကြည်ခြင်းကိုပြလော့ ငါမူကားအကျင့်အားဖြင့်ငါ၏ ယုံကြည်ခြင်း ကိုပြမည်ဟုပြောစရာရှိ၏။ **နူတ်ကပတ်တော်ကို ဖတ်တဲ့အချိန်မှာ လူအတော်များများရဲ့စိတ်က အကျင့်တရားဘက်ကို စွဲလန်းသွားပါတယ် ဒါကြောင့် လူက ဘုရားသခင်က ပေးချင်တဲ့အရာနဲ့ လွဲချော်နေတဲ့အတွက်ကြောင့် ယုံကြည်ပေမဲ့ ဘာမှအကျိုးမရှိပါဘူး။ သမ္မာကျမ်းစာထဲမှာ ပညတ်တရား စုစုပေါင်း(၆၁၃)ပါး ရှိပါတယ်။ လူက အဲ့ဒီအထဲက တစ်ခုလောက်ကို ချိုးဖေါက်မိရင် (၆၁၃)ပါး စလုံးကိုချိုးဖေါက်ပြီးတာနဲ့ အတူတူဖြစ်ပါတယ်။ နောက်တစ်ခုက ကောင်းကင်နိုင်ငံကို ပညတ်တရား ( ၆၁၃)ပါးစလုံး စောင့်ရှောက်နိုင်တဲ့သူပဲဝင်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေက ကောင်းကင်နိုင်ငံသွားဖို့ ပညတ်တရားကို ကြိုးစားပြီး စောင့်ရှောက်ကြတယ်။ စောင့်ရှောက်ပေမဲ့ မပြည့်စုံတဲ့အတွက် ဘုရားသခင်က အသိအမှတ်မပြုပါဘူး။ စာတန်ရဲ့ အလိမ်ခံနေရတာ ဖြစ်ပါတယ်။ စာတန်က လူတွေကိုအပြစ်လုပ်ဖို့ လမ်းမပြပါဘူး။ အကျင့်ကောင်းလုပ်ခိုင်းပြီး ဘုရားသခင်ကိုပုန်ကန်စေပါတယ်။ ဒီလောကမှာ ပညတ်တရားရဲ့အကျင့် ကိုပြည့်စုံအောင်စောင့်ရှောက်နိုင်တဲ့ သူကသခင်ယေရူ တစ်ပါးတည်း ရှိပါတယ်။ ဒါကြောင့်ယေရူရဲ့အသွေးကို ယုံကြည်တဲ့အခါ ( ဖြောင့်မတ်သောသူ) ဖြစ်သွားပါတယ် ဖြောင့်မတ်သောသူ အဓိပ္ပါယ်က ပညတ်တရား အလုံးစုံကို စောင့်ရှောက်ပြီးတဲ့သူ ဖြစ်ပါတယ်။ သခင်ယေရူ့ရဲ့ကယ်တင်ခြင်းကို လက်ခံတဲ့သူက ပညတ်တရား စောင့်ရှောက်ပြီးတဲ့သူ ဖြစ်တဲ့အတွက် (အကျင့်ရှိသောသူ) ဖြစ်သွားပါတယ်။ ရောမ ၄:၁-၅ ----------------- ၄:၁ ထိုသို့ဖြစ်လျှင် ငါတို့အဘအာဗြဟံ သည်ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။ ၄:၃အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏ ဘုရားသခင်ရှေ့တော်၌ထိုသိုံ့မဟုတ် ကျမ်းစာ၌အဘယ်သို့လာသနည်း အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ ရောမ၄:၅ အကျင့်မရှိသောသူမည်သည်ကား မတရားသောသူ၏အပြစ်ကိုဖြေသောသူ ကိုယုံကြည်လျှင် သူ၏ယုံကြည်ခြင်း ကိုဖြောင့်မတ်ခြင်း ကဲ့သို့မှတ်လျှက်ရှိ၏။ **အာဗြဟံ ကသူ့ရဲ့ဇာတိပကတိရဲ့ ကောင်းတဲ့ အကျင့်နဲ့မဟုတ်ပဲသခင်ယေရူ့ သူ့အတွက် ကျင့်ပေးတဲ့ အရာကို ယုံကြည်တာဖြစ်တယ်။ ဒါကြောင့် အာဗြဟံက သူ့ရဲ့တစ်ဦးတည်း သောသား က္ကုဇာက် အားဖြင့်ပဲ ကယ်တင်ရှင် မေရှိယ ကြွရောက်လာမဲ့ ပဋိညာဉ်နဲ့ ကတိတော်ကိုသေချာ ယုံကြည်ထားတဲ့အတွက် ဘုရားသခင်က က္ကုဇာက်ကိုပူဇော်ဖို့ တောင်းတဲ့အခါ သူ့စိတ်ထဲမှာက္ကုဇာက်အတွက်လည်း ဘုရားသခင်ကပြင်ဆင်ထားပြီးပြီဆိုတာ ယုံကြည်တဲ့အတွက် ယဇ်ပူဇော်ဖို့ ထွက်သွားနိုင်တာ ဖြစ်ပါတယ်။ **နောဧ က ရေလွှမ်းမိုးခြင်းရောက် လာမယ်ဆိုတဲ့ ဘုရားသခင်ရဲ့စကားကိုကြားရတဲ့အခါ ကြောက်တဲ့စိတ်နဲ့ယုံကြည်တဲ့အတွက် သဘောင်္ဆောက်ခိုင်းတဲ့အချိန်မှာ သဘောင်္ဆောက်ခဲ့တယ် ဒီအရာက ယုံကြည်တဲ့အကျင့် ဖြစ်ပါတယ်။ ပြည့်တန်ဆာ ရာခပ်က ဒီလောက ဘုရင်ရဲ့အမိန့်ထက် ဘုရားသခင်ကို ပိုပြီး ကြောက်တဲ့အတွက် က္ကုရေလသူလျှို နှစ်ယောက်ကို ဝှက်ထားပေးခဲ့တယ်။ ဒီယုံကြည်ခြင်း ကြောင့် သူနဲ့သူ့မိသားစုတွေ ပျက်စီးခြင်းထဲက လွတ်မြောက်ခဲ့တယ်။ (၃၈)နှစ်ရောဂါ စွဲသောသူ ကို "ထလော့"လို့ပြောတဲ့အခါ ထလျှောက်သွားတယ်။ မျက်စိကန်းသောသူကိုယေရူ့ က ရှိလှောင်ရေကန် " သွားပါ" လို့ပြောတဲ့အခါ ဒီအတိုင်းသွားလိုက်တယ်။ သူတို့တွေက သခင်ယေရူက အားလုံး ပြင်ဆင်ပေးထားပြီးတဲ့အရာကို ယုံကြည်တဲ့အကျင့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ရောမ ၉:၃၀-၃၂ ---------------------- ထို့ကြောင့် အဘယ်သို့ပြောရမည်နည်း ဟူမူကား ဖြောင့်မတ်ခြင်းကို မှီအောင်မလိုက်သော တပါးအမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကိုမှီကြ၏ ထိုသို့ဆိုသော် ယုံကြည်ခြင်းအားဖြင့်မှီသော ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ ၉-၃၁ ဖြောင့်မတ်ခြင်းကို မှီအောင်လိုက်သော က္ကုသရေလလူတို့မူကား ဖြောင့်မတ်ခြင်းတရား ကိုမမှီကြ။ ၉-၃၂ အဘယ်ကြောင့်မမှီကြသနည်း ယုံကြည်ခြင်းအားဖြင့်မလိုက် ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။ **ဒီကနေ့ အချို့ က သခင်ယေရူကို ယုံကြည်တယ်ပြောပေမဲ့ စိတ်နှလုံးထဲမှာ "ငါအပြစ်ရှိသေးတယ်" ကောင်းကြီးမင်္ဂလာရဖို့ တစ်ခုခု လုပ်ရမယ်!! ကောင်းတဲ့အကျင့် တခုခုကို လုပ်ရအုံးမယ်ဆိုပြီး မိမိအကျင့်ကို အားကိုးနေတဲ့ ယုံကြည်ခြင်းကအသေ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင်!! သူ့စိတ်ထဲမှာရှိတဲ့ သခင်က မိမိကိုယ်တိုင်ဖြစ်နေတဲ့အခါ ပညတ်တရားကို ကိုယ်တိုင် စောင့်ရှောက်နေတဲ့အတွက် ဘုရားသခင်ရှေ့ မှာ ပညတ်တရား အမြဲတမ်း ချိုးဖောက်နေတဲ့သူ ဖြစ်ပါတယ်။ လူက ဘုရားသခင်စိတ်ကို မသိတဲ့အခါမှာ သခင်ယေရူက လုပ်ရမဲ့ အရာကို မိမိကိုလုပ်ခိုင်းနေတယ်ထင်ပြီး အတင်း ကြိုးစားလုပ်ရင်းနဲ့ နောက်ဆုံးမှာကျိန်ခြင်း ပဲလက်ခံသွားခဲ့တယ်။ ဒါကြောင့် သခင်ယေရူရဲ့အကျင့် မဟုတ်တဲ့ ဒီယုံကြည်ခြင်းမျိုးကိုအသေလို့ပြောပါတယ်။ **ဒါပေမဲ့ ကျွန်ုပ်တို့ကကျင့်တဲ့ အကျင့်ကြောင့် မဟုတ်ပဲ သခင်ယေရူက ကျင့်ထားတဲ့ အကျင့် အားဖြင့် ကျွန်ုပ်တို့က အလိုအလျောက် ယုံကြည်ခြင်းရှိတဲ့သူ/ ချစ်ခြင်းမေတ္တာရှိသောသူ/ ခပ်သိမ်းသောအလုံးစုံကို ပိုင်ဆိုင်ထားတဲ့သူဖြစ်သွားပါတယ်။ ဒါကြောင့် ဒီလောကမှာ ကျွန်ုပ်တို့က မလုပ်ဆောင်နိုင်တဲ့ အရာ ဘာတစ်ခုမှ မရှိပါဘူး။ အရာခပ်သိမ်းကို တတ်နိုင်တဲ့သူဖြစ်ပါတယ်။ (ဥပမာ) လမ်းသွားနေရင်း နဲ့ လမ်းမှာ ဗိုက်ဆာလာရင် အိတ်ထဲမှာ ပိုက်ဆံပါတဲ့အတွက် မိမိစားချင်တဲ့အရာကို တွေ့ရင်ချက်ခြင်းဝယ်စားလို့ ရပါတယ်။ ကိုယ်လိုအပ်တဲ့အရာ လိုအပ်သလို ဝယ်လို့ရပါတယ်။ ပိုက်ဆံရှိနေပေမဲ့ ကိုယ်က မရှိဘူးလို့ထင်နေရင်!! ဒါမှမဟုတ် မထုတ်သုံးရင် ဗိုက်ဆာတဲ့အချိန်တိုင်း အငတ်ခံ နေရမှာဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်ခြင်းအားဖြင့် အကျင့်ရှိတဲ့ ကျွန်ုပ်တို့ဆိုတာ ဘုရားသခင်ဆီက ကောင်းကြီးမင်္ဂလာကို ရရှိပိုင်ဆိုင်ပြီးသား ဖြစ်ပါတယ်။ သခင်ယေရူနာမ၌(အာမင်)