၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Friday 26 July 2019

`ယေရှု သင်.အတွက် အသေခံတာပါ ´

ယေရှု သင်.ကို သိပ်ချစ်တယ်ဆိုတာ သံသယ မရှိပါနဲ.
ကျမ်းစာထဲ၌ ချစ်ခြင်းမေတ္တာ LOVE  ဆိုသည်.
စကားလုံးကို အကြိမ်ပေါင်း ငါးရာကျော် မှ တထောင်နီးပါးထိ
ဖေါ်ပြသည်ကို တွေ.ရသည်။
577 times - ASV 
572 times - BBE 
770 times - ESV 
562 times - GWT
546 times - KJV 
570 times - LITV 
592 times -NHEB 
681 times - NIV 
810 times - NLT 
590 times - WEB 
514 times – YLT 
သင့်ကို အချစ်ဆုံးသောသူကို သင်သိပါလား။ 
ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်၊ တန်ခိုးကြီးသော ဘုရားသခင်ပင်ဖြစ်ပါသည်။ (ဗျာဒိတ် ၁း၈၊ ကမ္ဘာ ၁း၂၆၊ ၂၇၊ ၂း၇)။ ထာဝရဘုရားသခင်သည် သင့်ကိုချစ်သောကြောင့် သူ၏ တပါးတည်းရှိသော သားတော်ကို ကားတော်ပေါ်တွင် အသေခံခြင်းအားဖြင့် သင့်ရဲ့အပြစ်များကို
ခွင့်လွတ်ပေးခဲ့ သည် (လုကာ ၂၃း၃၄)။ 

ဘုရားသခင်သင့်ကို ဘာကြောင့်ချစ်သလဲဆိုတာ သင်သိပါသလား။ ဘာဖြစ်လို့လဲဆိုရင် သူ့ရဲ့ပုံသဏ္ဍာန်တော် အားဖြင့် သင့်ကို
ဖန်ဆင်းထားသော ချစ်ခြင်းမေတ္တာအရှင်ဖြစ်လို့ပါဘဲ။ 
သင့်ရဲ့ ၀ိညာဉ်ဟာ ဘယ်တော့မှ မသေ ဘဲ၊ ကမ္ဘာတခုလုံးထက် သင့်ရဲ့ဝိညာဉ်ဟာ သူ့အတွက်တန်ဖိုးရှိပါတယ် (မဿဲ ၁၆း၂၆)။

 ဘုရားသခင်သင့်ကို ချစ်သော်ငြားလည်း အပြစ်ကို မုန်းတီးပြီး၊ ထိုအတွက် တရားစီရင်မှာဖြစ်သည်။ အပြစ်တ ရားသည် ဘုရားသခင်၏ နှလုံးတော်ကို ပူပန်စေပါသည်။ ထိုအပြစ်က သူနှင့်သင့်ကို ခွဲခွါစေပါသည်။ တရားစီ ရင်သောနေ့၌ ယေရှုခရစ်တော် အပြစ်သားများအား `မာရ်နတ်နှင့် သူ၏တမန်တော်တို့အဖို့ ပြင်ဆင်သော ထာဝ ရမီး ထဲသို့ ငါ့ထံမှ ခွါသွားကြလော့`……` ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့၎င်း
 သွားရကြ လတံ့` ဟု မိန့်တော်မူလိမ့်မည်။ 

ပထမလူအာဒံ ဘုရားသခင်၏ စကားကို 
နားမထောင်သောကြောင့် အပြစ်၊ ကျိန်ခြင်း၊ ဖျားနာခြင်းနှင့်
 သေခြင်း တို့သည် ကမ္ဘာကြီးထဲသို့ ၀င်ရောက်လာခဲ့သည်။ 
ကျွန်ုပ်တို့အားလုံး အပြစ်သားများဖြစ်လာကြပြီး၊ ငရဲထဲမှာ 
ထာဝရမီးနှင့် အပြစ်စီရင်ခြင်းကိုခံရကြသည်။ 

သို့သော် ဘုရားသခင်သည် သူဖန်ဆင်းသော လူများကို 
ချစ်သော ကြောင့် ခရစ်တော်အသေခံခြင်းအားဖြင့် လူသားများကို ပြန်လည်ရွေးနှုတ်ခဲ့သည်။ အာဒံ၏ အပြစ်နှင့် နားမ ထောင်ခြင်းကြောင့် ပျောက်ဆုံးခဲ့သည့် ကောင်းကြီးအားလုံးကို ပြန်လည်
ရယူပေးခဲ့သည် (ရောမ ၅း၁-၂၁၊ ဧဖက် ၁း၃-၁၄)။

 ယေရှုသည် သင့်နေရာ၌ အသေခံခဲ့သောကြောင့် သင်သည် 
အပြစ်စီရင်ခြင်းကို မခံရတော့ပဲ၊ သင်၏ အားကိုးခြင်းအား သူ့ထံ အပ်နှံလိုက်လျှင် ကောင်းကင်နိုင်ငံ၌ ဘုရားသခင်နှင့်အတူ ထာဝရအသက်ရှင်လိမ့် မည်။ `အပြစ်တရား၏ 
အခဟာ သေခြင်းပေတည်း။ 

ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့ သခင်ယေခရစ်အားဖြင့် ထာဝရအသက်ပေတည်း` (ရောမ ၆း၂၃)။ ဘုရားသခင် သင့်ကို ဘယ်လောက်ချစ်သည်ကို သင်မြင်နိုင်ပါသည်။ 
သင့်ကို ကယ်တင်ဖို့ သူ့ရဲ့ ကောင်းကင်တ မန်တပါးပါးကို မစေလွတ်ခဲ့ဘူး။ သင့်ကို ကယ်တင်ဖို့ရန် သူ့ရဲ့ တပါးတည်းရှိသော သားတော်ကို ဤလောကသို့ စေလွတ်ခဲ့တယ်။ ဒါဟာ သင့်ကို ချစ်သောကြောင့်ပင်ဖြစ်ပါတယ်။ 

`ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါး တည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသား တို့ကို ချစ်တော်မူ၏` ယော ၃း၁၆။ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် သန့်ရှင်း၊ ဖြောင့်မတ်သော ဘုရားဖြစ်ပါတယ်။

 သင့်အပြစ်များ အတွက် ခရစ်တော်ရဲ့ အသေခံခြင်းကို နောင်တရပြီး၊ လက်ခံယုံကြည်လျှင် သူသည်သင့်ကို လက်ခံပါလိမ့်မည် (ယော ၃း၃၊ ရောမ ၃း၂၄-၂၆)။ `နောင်တရ၍ ဧ၀ံဂေလိတရားကို ယုံကြည်လော့`(မာကု၁း၁၅)ဟု ယေရှုမိန့်တော်မူခဲ့သည်။ ဒါကြောင့် နောင်တရပြီး၊ 

ယေရှုခရစ်တော်တပါးတည်းသာ သင့်အပြစ်တွေအတွက် အသေခံခဲ့တာကို ယုံကြည် ပါ။ ကယ်တင်ပိုင်ရှင် သခင်အဖြစ် ယေရှုကို နှလုံးသားထဲမှာ လက်ခံပါ။ ဘုရားသခင်သည် ယေရှုခရစ်တော်၏ အသွေးတော်နှင့် သင့်အပြစ်များကို ဆေးကြောပေးပြီး၊ အပြစ်အနာအဆာမရှိအောင် ပြုပြင်ပေးပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သင့်ရဲ့အသက်တာကိုပြုပြင်ပြီး၊ ဘုရားသခင်၏
 နှုတ်ကပတ်တော်ကို သင်ကြားသည့်အခါ နားထောင်ဖို့ 
အသစ်သော နှလုံးသားကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။ 

သူသည် သင့်ကိုသန့်ရှင်းစင်ကြယ်စေပြီး၊ သူ၏ချစ်ခြင်း၊ ပျော်ရွင်ခြင်း၊ ငြိမ်သက်ခြင်း၊ ဥာဏ်ပညာ၊ တန်ဖိုးနှင့် ပြည့်စေကာ သူ၏နိုင်ငံတော်အတွက် အသက်ရှင်ဖို့ သင့်ကိုလမ်းပြသွန်သင်ပေးပါလိမ့်မည်။ ချစ်သောမိတ်ဆွေ သင့်ကို ချစ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံပါ။
 နောင်တရပြီး၊ ဘုရားသခင်ထံ လှည့်ပြန်လာပါ။ 
သင့်၌ အသက်တချောင်းရှိသောကြောင့် ရုတ်တရက်
 သေဆုံးနိုင်ပါသည်။ အဘယ်အချိန်၊ ဘယ်လို သေမည်ကို သင်မသိပါ။ ဘုရားသခင်၏ ကျေးဇူးတော်ဂရုဏာထဲ၌ ထာဝရကာလအတွက် သင့်ကိုယ်သင် ပြင်ဆင်ဖို့ရန် အခွင့်အရေး ပေးပါလိမ့်မည်။ 
ဘုရားသခင်၏ အပြစ်ခွင့် လွတ်ခြင်းမရှိလျှင်၊ သင်သည် 
ငရဲမီးအိုင်ထဲသို့ ချပစ်ခြင်းကိုခံရလိမ့်မည်။ 

`ပိုးမသေ၊ မီးမငြိမ်နိုင်သော မီးထဲ၌ သင့်ဝိညာဉ်ကို ချပစ်ခြင်းခံရလိမ့်မည်`(မာကု ၉း၄၇၊၄၈)။ သေပြီးနောက်မှာ အပြစ်ခွင့်လွတ်ခြင်း မခံစားရ တော့ဘဲ ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရမှာဖြစ်တယ် (ဟေဗြဲ ၉း၂၇)။ ယေရှုခရစ်သည် အသက်ရှင် ခြင်းနှင့် ရှင်ပြန်ထမြောက်သောသူဖြစ်သည်။ သူသည် သေခြင်းမှ သင့်ကို ထမြောက်စေပြီး၊ သင့်ရဲ့လုပ်ဆောင် ခဲ့သောအရာများဖြင့် သင့်ကို စီရင်လိမ့်မည် (ယော ၁၁း၂၅၊ ၅း၂၄-၂၉)။ ယခုပင် စဉ်းစားပြီး၊ ဆုံးဖြတ်ပါ။ 

သေတဲ့အချိန်မှာ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထာဝရကာလကို မြင်တွေ့ရမှာဖြစ်သည်။ သင်သည် အပြစ်သားတစ်ယောက်ဖြစ်ကြောင်းကို သိရှိပါ။ လာမည့် 
ဘုရားသခင်၏ အမျက်တော်နှင့် တရားစီရင်ခြင်းမှ
 လွတ်မြောက်ခြင်းကို ပေးစွမ်းနိုင်သောသူ၊ သင့်အပြစ်တွေ
အတွက် အသေခံခဲ့သော ကယ်တင်ရှင် သခင်ယေရှု
ခရစ်တော်ကို သင်လိုအပ်ပါသည်။ 

ရိုးသားသော နှလုံးသားနှင့် ဤဆုတောင်းချက်ကို သူ့ထံ တောင်းလျှောက်သောအားဖြင့် သင့်အပြစ်တွေကို ခွင့်လွတ်ရန် ဘုရားသခင်ထံ တောင်းလျှောက်ကြပါစို့။  
ဆုတောင်းချက် အဖဘုရား၊ ယေရှုခရစ်တော်ဆောင်ယူသွားခဲ့သော သေခြင်းကို ခံဖို့ရန် ထိုက်တန်သော အပြစ်သားကျွန်ုပ်ကို ခွင့်လွတ်တော်မူပါ။ ကျွန်ုပ်ရဲ့အပြစ်များအတွက် ၀မ်းနည်းပါ၏။ ကိုယ်တော့်ထံ ယခုတိုးဝင်ပါ၏။ 
 ကျွန်ုပ်၏ အပြစ် မျာကို ၀န်ချတောင်းပန်ပြီး၊ ကျွန်ုပ်ကို ကယ်တင်ဖို့ရန် ကားတိုင်ပေါ်တွင် အသေခံပြီး၊ မြေ၌မြှုပ်နှံခြင်းကို ခံရသော်လည်း တဖန်ရှင်ပြန်ထမြောက်ခဲ့သော ကိုယ်တော်၏ တပါးတည်းသော သားတော်ကို ယုံ ကြည်လက် ခံပါ၏။ ယေရှုခရစ်၏ အသွေးတော်နှင့် ကျွန်ုပ်ကို သန့်ရှင်းစေကြယ်စေပြီး၊ ကိုယ်တော်၏ 
သား/သမီးဖြစ်စေ တော်မူပါ။ ကျွန်ုပ်၏ကယ်တင်ရှင်၊ 
ဘ၀၏ သခင်အဖြစ် ကျွန်ုပ်နှလုံးသားမှာ ကျိန်ဝပ်ဖို့ရန်
 ယေရှုကို ဖိတ် ခေါ်ပါ ၏။ ယနေ့မှစ၍ ကိုယ်တော်အတွက် 
အသက်ရှင်ဖို့ရန် ကူညီမစတော်မူပါ။ ကျွန်ုပ်၏ ၀ိညာဉ်ကို 
ကယ်တင် သောကြောင့် ကျေးဇူးတင်ပါ၏အဖ။
 ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

Tuesday 23 July 2019

Pornသည် နတ်ဆိုး ထောင်ချောက်/စာတန်နည်းဗျူဟာ

Pornography (မြန်မာအခေါ် အပြာကား)သည် နတ်ဆိုး၏ 
လူငယ်များနှုင်. မိသားစုများကို ဖျက်စီးပြီး ဘုရားသခင်၏ 
ချစ်ခြင်းမေတ္တာမှ ဝေးကွာစေသည်. အထိရောက်ဆုံးနှုင်.
 အကောင်းဆုံး နည်းဗျူဟာ-လက်နက်ဖြစ်ပြီး 
ထို ညစ်ညမ်းရုပ်ရှင်pornography အား ၁၉၉၇ မှ 
အင်တာနက်၌ စတင် ၀င်ရောက်လာခဲ.သည်။ 
 2017 တွင် လုူပေါင်း 28.5 billion ၀င်ရောက်ကြည်.ရှုပြီး
 တနေ.လျှင် 81 million ဦး၊ ၁ နာရီ 4 million -၁ မိနစ်လျှင်,
 56,000 ဦး ၁ စက္ကန်. ၈၀၀ နှုန်း ၀င်ရောက်ကြည်. ရှုကြသည်။
 2016 Video ကားပေါင်း သန်း(91,980) ကြည်.ရှုရာမှ
 ၂၀၁၈ တွင် ကားပေါင်း သန်း (109,012) အထိ တိုးပြီး အရွယ်စုံမှ ကြည်.ကြသည်ဟု ဖေါ်ပြသည်။ အဆိပ်ဖြစ်စေနိုင်သောအပြာရုပ်ရှင်၊ အဆိပ်ဖြစ်စေနိုင်သောလိင်စိတ် အပြာစာပေရုပ်ရှင်စွဲလန်းစိတ်မှ လွတ်မြောက်မှုကိုရှာပါ၊
ယင်း၏ မုသား ၉ ချက်နှင့် လွတ်မြောက်ရန်
နည်းလမ်းကို ကြည့်ပါ။ (Jame Maxconald) 
  
အပြာစာပေရုပ်ရှင် & စွဲလန်းမှု …
 မူမမှန်လိင်စိတ် အပြာစာပေရုပ်ရှင်၏ အကျိုးဆက်များ - 
ယင်း၏စွဲလန်းစိတ်။ ချမ်းအေးမှောင်မှိုက်တဲ့ညမှာ မီးလင်းဖိုထဲက မီးတောက်တစ်ခုလောက် အရသာရှိတာ မရှိပါဘူး။ လုံခြုံတယ်၊ နွေးတယ်၊ စိတ်ဖြေစရာဖြစ်ပြီး ကဗျာဆန်လှပါတယ်။ ကဲ အဲဒီမီးကို မီးဖိုထဲကထုတ်ယူပြီး ဧည့်ခန်းထဲမှာ ချထားကြည့်ပါ။ အဲဒီမီးဟာ လောင်ကျွမ်းပျက်စီးစရာပစ္စည်း ဖြစ်သွားပြီ။ လိင်မှုကိစ္စဟာ အဲဒီမီးလိုပါပဲ။ လိင်ကိစ္စဟာ သစ္စာတရားနဲ့ကာကွယ်ထားတဲ့ ထိမ်းမြားမင်္ဂလာအတွင်းမှာ ဖော်ဆောင်တယ်ဆိုရင် ဒါဟာ ကျေနပ်စရာ၊ နွေးထွေးလုံခြုံမှုရှိပြီး ကြည်နူးဖွယ်ရာဖြစ်ပါတယ်။ အပြာစာပေရုပ်ရှင်ကတော့ လိင်မှုကို အဲဒီအနေအထားကနေ တလွဲဖြစ်စေပါတယ်။ 

အပြာစွဲလန်းမှုကို ဘာကပိုဆိုးဝါးစေသလဲ? 
စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရဲ့ ပဓာနအကျဆုံးအပိုင်းတစ်ခုက ကျနော်တို့ရဲ့လိင်မှုသဘောသဘာဝအပေါ် မှန်ကန်တဲ့ ခံယူချက်ရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီခံယူချက်တွေကို ညစ်ညမ်းစေပြီဆိုရင် ကျနော်တို့ရဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဟာ မူမမှန်တော့ပါဘူး။ အပြာစာပေရုပ်ရှင်တွေက လိင်၊ အချစ်၊ နဲ့ ဖောက်ပြားခြင်းတွေဟာ ကွာခြားမှုမရှိဘူးလို့ ပြောပါတယ်။ အပြာရုပ်ရှင်တွေမှာ လူတွေဟာ 
သူစိမ်းတရံတွေ -- ခုမှတွေ့တဲ့လူတွေ -- နဲ့ လိင်ဆက်ဆံတယ်။ 
အရေးကြီးတာ ကိုယ်ကျေနပ်မှုရဖို့ပဲ။ ကိုယ်အာသာပြေဖို့ ဘယ်သူ့ခန္ဓာကိုယ်ကိုပဲသုံးသုံး ကိစ္စမရှိဘူး။ 
ဒါကြောင့် အပြာရုပ်ရှင်စာပေက မေထုန်သံဝါသကို ဘယ်အချိန်၊ 
ဘယ်နေရာ၊ ဘယ်သူနဲ့မဆို ဘာအကျိုးဆက်မျှမရှိဘဲ
 ပြုနိုင်တယ်လို့ တွေးမြင်လာစေပါတယ်။ 

အပြာရဲ့ပေါ့ပေါ့တန်တန်အမြင်ရှိခြင်းရဲ့ ပြဿနာကတော့ ကျားမအိမ်ထောင်မှုတွေဟာ အမှန်ဆို ဖိုမဆက်ဆံခြင်းအပေါ်မှာ အခြေပြုတာ မဟုတ်ပါဘူး၊ သစ္စာစောင့်သိမှု၊ ဂရုစိုက်မှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေမှာ အခြေပြုတာပါ။ အဲဒီ အနေအထားမှာ မီးလင်းဖိုထဲက မီးတောက်လိုပဲ လိင်မှုဟာ နှစ်သက်ပျော်ရွှင်စရာဖြစ်ပါတယ်။ ကိုယ့်ကို မေတ္တာထားလက်ခံတဲ့သူ၊ ကိုယ့်ဘဝတစ်ခုလုံးအတွက် သစ္စာပြုထားတဲ့သူ၊ ကိုယ့်တစ်ဘဝလုံးကို ပုံအပ်ပေးထားနိုင်တဲ့သူနဲ့ နေရတာ၊ အဲဒါက လိင်မှုသံဝါသကို အလွန်သာယာပျော်ရွှင်စေတဲ့ အချက်ပဲဖြစ်ပါတယ်။ 

အပြာစာပေရုပ်ရှင်စွဲလန်းစိတ်မှ လွတ်မြောက်မှုကိုရှာရန် -
 မုသားများကိုသတိချပ်ပါ အပြာစာပေရုပ်ရှင်ကနေ လိင်အကြောင်းအမှန်တရားတွေကို မတွေ့နိုင်ပါဘူး။ 

အမှန်တရားနဲ့မသက်ဆိုင်လို့ပါပဲ။ အပြာဆိုတာ ပညာပေးဖို့မဟုတ်ဘဲ၊ ရောင်းချဖို့ပါ။ ဘယ်လိုရနေသလဲဆိုတာ အရေးမစိုက်ဘဲ ငွေတွေအများကြီးရစေတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ သူတို့ထုတ်လုပ်ရောင်းချသမျှကို ပြန်လာပြီးထပ်ဝယ်ချင်အောင် လုပ်မှာဖြစ်တယ်။ ဒါကြောင့် အပြာလုပ်ငန်းက ပရိသတ်ကြီးကို ဆွဲဆောင်ဖမ်းစားထားဖို့ ဘယ်လိုမုသားမဆို ပြောမှာပဲ။ အပြာလုပ်ငန်းဟာ မုသားသုံးပြီး အောင်မြင်နေတာပါ -- လိင်၊ မိန်းမ၊ အိမ်ထောင်ရေးနဲ့ တခြားအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ မုသားတွေပါ။ ထိုမုသားများက သင့်ဘဝနဲ့ စိတ်နေသဘောတွေကို ဘယ်လောက်ဆိုးဝါးစွာ ညစ်ညမ်းဖျက်ဆီးနိုင်သလဲဆိုတာ အနည်းငယ်ကြည့်ရအောင်။ 

• မုသားအချက် (၁) - မိန်းမမတွေဟာ လူထက်နိမ့်ကျတယ်။ ပလေးဘွိုင်းမဂ္ဂဇင်းမှာဆို မိန်းမတွေကို “ယုန်ကလေးတွေ” လို့ခေါ်ထားတယ်။ ချစ်စရာတိရစ္ဆာန်လေး (သို့) “ကစားစရာလေး” တွေနဲ့တူအောင် လုပ်ထားကြတယ်။ ပင့်ဟောက်စ်မဂ္ဂဇင်းမှာတော့ သူတို့ကို “အိမ်မွေးတိရစ္ဆာန်လေးတွေ” လို့ခေါ်တယ်။ အပြာက အမျိုးသမီးတွေကို တိရစ္ဆာန်တွေ၊ အရုပ်လေးတွေ၊ ဒါမှမဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသာသာလောက်နဲ့ပဲ ဖော်ပြတတ်ကြပါတယ်။ တချို့အပြာစာအုပ်တွေက ခန္ဓာကိုယ်နဲ့ လိင်အင်္ဂါတွေပဲပြထားပြီး မျက်နှာကိုလုံးဝမပြပါဘူး။ အမျိုးသမီးတွေဟာ စဉ်းစားတွေးခေါ်မှုနဲ့ ခံစားမှုရှိတဲ့လူသားစင်စစ်တွေ ဖြစ်တယ်ဆိုတဲ့ ခံယူချက်ဟာ လုံးဝ လျော့ပါးသွားပါတယ်။ 

• မုသားအချက် (၂) - မိန်းမတွေဟာ “အားကစား” တစ်ခုပါ။ အားကစားမဂ္ဂဇင်းတချို့မှာ “ရေးကူးဝတ်စုံ” ကိစ္စ ပါလာတတ်တယ်။ ဒီဟာက အမျိုးသမီးတွေဟာ အားကစားတစ်မျိုးမျိုးသာသာလောက်ပဲဆိုတဲ့ အတွေးဝင်စေပါတယ်။ အပြာက လိင်ကို ဂိမ်းတစ်ခုလို ရှုမြင်ပါတယ်။ ဂိမ်းမှာ ကိုယ်က “နိုင်ဖို့”၊ “အသာစီးဖို့”၊ နို့မဟုတ် “အောင်ပွဲခံဖို့” ပဲ ဖြစ်တယ်။ ဒီအမြင်မျိုးခံယူတဲ့ ယောက်ျားသားတွေဟာ မိန်းမတွေနဲ့ပတ်သက်လို့ “အောင်ပွဲခံခြင်း” အကြောင်း ပြောတတ်ကြပါတယ်။ သူတို့ဟာ ယောက်ျားဖြစ်ခြင်းကို “အနိုင်ပွဲ” ဘယ်လောက်ခံယူနိုင်သလဲဆိုတာအပေါ် ဆုံးဖြတ်တတ်ကြလေရော။ ကိုယ် “အောင်ပွဲခံ” နိုင်တဲ့ မိန်းမတစ်ယောက်စီဟာ ကိုယ့်ရဲ့ယောက်ျားပီသခြင်းကို သက်သေထူမယ့် ကိုယ့်စင်ပေါ်က ဒိုင်းဆုတစ်ခု၊ ကိုယ့်ခါးပတ်ပေါ်က အထစ်တစ်ခုသာသာပဲ ဖြစ်နေပါတယ်။ 

• မုသားအချက် (၃) - မိန်းမတွေဟာ ပစ္စည်းပါ။ ကားကောင်းကောင်းတွေမှာ ရမ္မက်ကြွစေတဲ့မိန်းကလေးပုံတွေကပ်ထားတာ ကျနော့်တို့အားလုံး မြင်ဖူးကြမယ်။ “တစ်စီးဝယ်ရင် သူ့ကိုကောရမယ်” လို့ ပြောနေသလိုပေါ့။ အပြင်းစားအပြာရုပ်ရှင်စာပေက ဒီဟာထက် ပိုတောင်လွန်ကဲပါတယ်။ အပြာရုပ်ရှင်စာပေက ဝယ်ယူသူတွေကြည့်ဖို့အတွက် မိန်းကလေးတွေကို အမြင်သာဆုံးဖြစ်အောင် ပြသခြင်းဟာ သူတို့ကို ပစ္စည်းစာရင်း ထဲကရောင်းကုန်သဖွယ် ပေါ်လွင်စေတဲ့အချက်ပါ။ 
လူငယ်တော်တော်များများက သူတို့ မိန်းကလေးတစ်ယောက်ကိုခေါ်ထုတ်ပြီး ငွေကုန်ကြေးကျခံတယ်ဆိုရင် အဲဒီမိန်းကလေးနဲ့ လိင်ဆက်ဆံခွင့်ရှိတယ်လို့ ထင်တတ်ကြတာဟာ အံ့သြစရာမဟုတ်ပါဘူး။ အပြာရုပ်ရှင်က မိန်းမတွေကိုဝယ်လို့ရတယ်လို့ ပြောပြနေတာပဲလေ။ 

• မုသားအချက် (၄) - မိန်းမတစ်ယောက်ရဲ့တန်ဖိုးဟာ သူမရဲ့ခန္ဓာကိုယ်ဆွဲဆောင်မှုရှိ၊ မရှိ အပေါ်မှာ မူတည်တာပါ။ အပြာရုပ်ရှင်မှာ ဆွဲဆောင်မှုနည်းတဲ့ အမျိုးသမီးတွေကို ချိုးနှိမ်ထားပါတယ်။ သူတို့ကို ခွေးမတို့၊ ငါးဝန်းမတို့၊ ဝက်မတို့ မဟုတ်ရင် ဒီ့ထက်ယုတ်ညံ့တဲ့အခေါ်အဝေါ်တွေကို ပေးထားတယ်။ ဘာလို့လဲဆိုရင် အပြာရုပ်ရှင်ရဲ့ “အကောင်းဆုံး”
 မိန်းမလို့ သတ်မှတ်တဲ့စံနှုန်းကို မမှီနိုင်လို့ပဲလေ။ 
အပြာက အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ခံစားမှု သို့မဟုတ် 
ပုဂ္ဂိုလ်ရေးကို ဂရုမစိုက်ပါဘူး၊ သူမရဲ့
ခန္ဓာကိုယ်ကလွဲရင်ပေါ့။ 

• မုသားအချက် (၅) - မိန်းမတွေက အဓမ္မပြုကျင့်တာ နှစ်သက်တယ်။ 
မိန်းမတွေက “ဟင့်အင်းလို့ပြောရင်၊ ဟုတ်ကဲ့လို့ဆိုလိုတာပါ” ဆိုတာ အပြာဇာတ်ကားရဲ့ ပုံမှန်ရှုခင်းတစ်ခုပါ။ အမျိုးသမီးတွေ မုဒိန်းအကျင့်ခံရတာမျိုး ပြတယ်၊ အစမှာ ရုန်းထွက်ကန်ကျောက်ပြီး၊ နောက်တော့ အရသာတွေ့လာတယ်ပေါ့။ ဒါကြောင့် အပြာက အမျိုးသားတွေကို စိတ်ဖျော်ဖြေမှုအတွက် အမျိုးသမီးတွေကို နာကျင်စေတတ်၊ မတော်မတရားပြုတတ်အောင် သင်ပေးနေတာဖြစ်တယ်။ 

• မုသားအချက် (၆) - မိန်းမတွေကို ချိုးနှိမ်ရမယ်။ အပြာရုပ်ရှင်မှာ အမျိုးသမီးတွေကိုချိုးနှိမ်ပြောတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေ အပြည့်ပါတတ်တယ်။ အမျိုးသမီးတွေဟာ စက်ဆုပ်ဖွယ်နည်းလမ်းပေါင်းများစွာနဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး၊ အဲဒီညှင်းပန်းမှုကိုပဲ ထပ်ထပ်တောင်းဆိုနေသလို ပြသထားကြတာကလား။ အဲဒီလိုပြုမူတာက အမျိုးသမီးတွေကို အရိုအသေ နည်းနည်းလေးတောင် ပြပါသလား? မေတ္တာနည်းနည်းလေးတောင် ပြပါသလား? အပြာက အမျိုးသမီးတွေအပေါ် အမုန်းတရားနဲ့ မထေမဲ့မြင်ပြုခြင်းကို အားပေးနေတာ မဟုတ်ဘူးလား? 

• မုသားအချက် (၇) - ကလေးငယ်တွေ လိင်မှုပြုသင့်တယ်။ အပြာရုပ်ရှင်လုပ်ငန်းမှာ ရောင်းရအကောင်းဆုံးတစ်ခုက အတုအယောင် “ကလေး” အပြာဇာတ်ကားပါ။ အမျိုးသမီးတွေကို မြင်းမြီးလေးတပ်၊ ကလေးဖိနပ်လေးစီး၊ ဝက်ဝံရုပ်လေးကိုင်ပြီး ငယ်ငယ်ရွယ်ရွယ် ကောင်မလေးတွေနဲ့တူအောင် “ပြင်” ထားကြတယ်။ အဲဒီဓာတ်ပုံတွေနဲ့ ကာတွန်းတွေက လူကြီးနဲ့ကလေးတွေ လိင်ဆက်ဆံတာ ပုံမှန်အခြေအနေပါလို့ ပြောနေတာပဲ။ ဒီအရာက အပြာစွဲသူကို ကလေးတွေကို တဏှာစိတ်နဲ့ ရှုမြင်စေပါတယ်။ 

• မုသားအချက် (၈) - တရားမဝင်လိင်ဆက်ဆံခြင်းဟာ ပျော်စရာအတိပါ။ အပြာမှာ လိင်မှုကိစ္စကို “စိတ်ဝင်စားစရာ” ပိုကောင်းအောင် ဥပဒေနဲ့ဆန့်ကျင်တဲ့ သို့မဟုတ် အန္တရာယ်ရှိတဲ့ ဇာတ်ကွက်တွေ ပါတတ်ပါတယ်။ ဒါက သင်ဟာ မထူးဆန်းရင်၊ ဥပဒေနဲ့မဆန့်ကျင်ရင်၊ ဒါမှမဟုတ် အန္တရာယ်မရှိရင် လိင်ဆက်ဆံခြင်းဟာ ပျော်စရာမကောင်းဘူးလို့ အကြံပြုနေပါတယ်။ 

• မုသားအချက် (၉) - ပြည့်တန်ဆာလုပ်ငန်းဟာ မက်မောဖွယ်ကောင်းတယ်။ အပြာက ပြည့်တန်ဆာလုပ်ငန်းကို ပျော်စရာကောင်းတဲ့ပုံစံမျိုး ရေးခြယ်ပါတယ်။ တကယ်တမ်းကျတော့ အပြာထုတ်ကုန်တွေမှာပါတဲ့ အမျိုးသမီးတော်တော်များများဟာ ကျေးကျွန်ဘဝရောက်ရတဲ့ အိမ်ပြေးမိန်းကလေးတွေပါ။ လိင်မှုဆိုင်ရာ အလွဲသုံးခံရသူတွေပါ။ 
တချို့ဟာ လွယ်ကူစွာကူးစက်တတ်တဲ့ ကုရာနတ္ထိ ကာလသားရောဂါတွေ ကူးစက်ခံနေရသူတွေ ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးကြရပါတယ်။ တော်တော်များများက ခံနိုင်ရည်ရှိအောင် မူးယစ်ဆေးသုံးစွဲကြရပါတယ်။

 (*) အပြာစွဲလန်းမှုရဲ့အဓိကအချက် အပြာထုတ်ဝေဖြန့်ချိရေးလုပ်ငန်းဟာ ပျက်စီးသွားတဲ့လူငယ်တွေရဲ့ဘဝကနေ အမြတ်ထုတ်နေပြီး သူတို့ထုတ်ကုန်တွေအတွက် အချိန်နဲ့ငွေ
 မြောက်များစွာအသုံးပြုနေတဲ့သူတွေကို
 ထောင်ဖမ်းနေတာဖြစ်တယ်။

Porn ညစ်ညမ်းVideo ၏ အကျိုးသက်ရောက်မှု

- အပြာရုပ်ရှင်စာပေစွဲလန်းခြင်းသည် ကျနော်တို့မြင်တွေ့ကြားသိနေရတဲ့အရာများက ကျနော်တို့ကို မထိခိုက်ဘူးလို့ ထင်ကြလိမ့်မယ်။ သို့သော် ကျနော်တို့နှစ်သက်တဲ့ ဂီတ၊ ရုပ်ရှင်ဇာတ်လမ်းနဲ့ စာအုပ်တွေက ကျနော်တို့ဘဝကို အကျိုးသက်ရောက်စေတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ယင်းတို့က ကျနော်တို့ကို သက်သာရာရစေတယ်၊ ပညာပေးတယ်၊ တွန်းအားပေးတယ် ဒါမှမဟုတ်ရင် လှုံ့ဆော်တယ်။ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ဆက်သွယ်ရေးယန္တရား (မီဒီယာ) က ကျနော်တို့ကို အကျိုးရှိစေသလိုပဲ အပြာစာပေရုပ်ရှင်ပုံရိပ်တွေက ကျနော်တို့ကို အပျက်သဘောဆန်စွာ အကျိုးသက်ရောက်စေပါတယ်။ ပုံရိပ်များဟာ အမြဲတစေ ကမ္မကာရက အကျိုးသက်ရောက်နိုင်စွမ်းမရှိပါဘူး။ 

ကျနော်တို့ကို ဖြားယောင်းနိုင်တယ်။ ကိုယ်စိတ်အားထက်သန်နေတဲ့အချိန်မှာ ကိုယ့်ရှေ့မှာပြထားတဲ့ ကုန်စည်တစ်ခုခုရဲ့ စွဲမက်ဖွယ်ပုံရိပ်ဟာ ကျနော်တို့ရဲ့ မသိစိတ်ထဲ ဝင်ရောက်ကိန်းအောင်းနိုင်တယ်ဆိုတာ 
စီးပွားရေးလုပ်ငန်းတွေက သိပါတယ်။ ကြော်ညာပညာရှင်တွေဟာ သူတို့လုပ်ငန်းမှာ အလွန်ကျွမ်းကျင်ကြတယ်၊ သူတို့ကြော်ညာကိုတွေ့တာနဲ့ အဲဒီကုန်စည်ကို ကျနော်တို့ ဘယ်လောက်ထပ်ဝယ်ကြမလဲဆိုတာ မှန်းဆနိုင်ကြပါတယ်။ တခါတလေဆို ကျနော်တို့ ကုန်စည်ရဲ့နာမည်တောင် မတွေ့လိုက်ရဘူး။ Reese’s Pieces ဆိုရင် “ET” ဇာတ်ကားထဲမှာ သူတို့ရဲ့သကြားလုံးကြော်ညာ စက္ကန့်လေးအနည်းငယ်အတွင်း 
ထည့်ပေးဖို့ ငွေကြေးများစွာ အကုန်ကျခံတယ်။ 
အဲဒီနောက် Reese’s Pieces ရဲ့ ရောင်းအားတွေ
 ထောင်တက်သွားတယ်။ ဘာကြောင့်လဲ?
 ကောင်လေး ဂြိုဟ်သားဆီ လက်လှမ်းနေတာကိုကြည့်ရတဲ့ ကျနော်တို့ရဲ့စိတ်ခံစားမှုဟာ အဲဒီသကြားလုံးရဲ့
ပုံရိပ်ထဲလွှဲပြောင်းဝင်ရောက်သွားလို့ဖြစ်ပါတယ်။ 

ကုန်စည်တစ်ခုကို စက္ကန့်အပိုင်းအခြားလေးတစ်ခုအတွင်း မြင်ရတာက -- အာရုံစိုက်မှုရဲ့ဗဟိုမဟုတ်တာတောင် -- လူတွေရဲ့အပြုအမူကို အကျိုးသက်ရောက်စေနိုင်တယ်ဆိုရင်၊ ကျနော်တို့ရဲ့အာရုံကို 
တစ်နာရီခွဲလောက် ဖမ်းစားထားတဲ့ ဗွီဒီယိုဇာတ်ကားရဲ့ 
ကွက်ကွက်ကွင်းကွင်း အပြာရုပ်လွှာတွေက ဘယ်လောက်ထိများ အကျိုးသက်ရောက်စေမလဲဆိုတာ မှန်းဆကြည့်ပါ။ 

(3) လူတစ်ယောက်အပေါ်မှာ အပြာရဲ့အကျိုးသက်ရောက်မှု ဘာတွေလဲ
အပြာက ကျနော်တို့ရဲ့ခေါင်းထဲကို ဘယ်လိုအတွေးအမြင်မျိုးကို ထည့်နေသလဲ? အဲဒီမကောင်းတဲ့အရာတွေ အမြဲစုပြုံနေရင် သင့်ရဲ့စိတ်နေဝန်းကျင်ဟာ အလွန်ညစ်ညမ်းလာပြီး သင့်ဘဝဟာ ဒုက္ခလှလှကြုံရတော့မယ်ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရဲ့ ပဓာနအကျဆုံးအပိုင်းတစ်ခုက ကျနော်တို့ရဲ့ လိင်မှုသဘောသဘာဝအပေါ် မှန်ကန်တဲ့ ခံယူချက်ရှိခြင်းပါပဲ။ အဲဒီခံယူချက်တွေဟာ ညစ်ညမ်းလာပြီဆိုရင် ကျနော်တို့ရဲ့ 
အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဟာ ဖောက်ပြားသွားပါပြီ။ 

1/-အပြာစွဲလန်းမှု - အပြာရဲ့ဆွဲအား ညစ်ညမ်းရုပ်ရှင်ကြည့်ရှုသူတိုင်း စွဲလန်းတာတော့မဟုတ်ပါဘူး။ တချို့က အမျိုးသမီး၊ လိင်၊ အိမ်ထောင်ရေးနဲ့ ကလေးတွေအပေါ် မှားယွင်းတဲ့အတွေးအမြင်တွေလောက်ပဲ ရလာတယ်။ ဒါပေမယ့် တချို့ကျတော့ စွဲလန်းစိတ် အမြစ်စွဲသွားတဲ့အထိ စိတ်ခံစားမှုပိုင်းမှာ တံခါးဖွင့်ထားကြတယ်။ အပြာကုမ္ပဏီတွေကတော့ သူတို့ကုန်စည်တွေကို သင်တကယ်စွဲလန်းသွားမှာကို လုံးဝဂရုမစိုက်ဘူး။ 

အရမ်းကို စီးပွားဖြစ်တယ်လေ။ ဒေါက်တာဗစ်တာလိုင်းက စွဲလန်းမှုဖြစ်စဉ်အဆင့်ဆင့်ကို ဒီလိုခွဲပြထားတယ် 
- အကျင့်စွဲကပ်ခြင်း၊ ပိုမိုဆိုးဝါးလာခြင်း၊ ထုံထိုင်းလာခြင်းနဲ့ စိတ်ကူးအကောင်အထည်ဖော်ခြင်းတို့ ဖြစ်ပါတယ်။ 

အပြာစွဲလန်းသူတို့မှာ ကျနော်တွေ့ရှိထားတဲ့ အဦးဆုံးလာတဲ့ 
အဆင့်တစ်ခုရှိတယ် -- ဆောလျင်စွာထိတွေ့ခြင်းပါ။

 အောက်ပါအဆင့်များကို ကြည့်ရအောင် - 

၁/-ဆောလျင်စွာထိတွေ့ခြင်း အပြာစွဲလန်းသူအများစုဟာ ငယ်ရွယ်
ကတည်းက အစပြုခဲ့တဲ့သူတွေပါ။ သူတို့ဟာ အလွန်ငယ်ရွယ်နုပျို
ကတည်းက အပြာစကြည့်ကြတော့ အမြစ်စွဲသွားတာဖြစ်တယ်။

 ၂/-အကျင့်စွဲကပ်ခြင်း သင်အပြာကို ထပ်ခါထပ်ခါကြည့်ဖြစ်မယ်။
 ပြီးရင် သင့်ဘဝရဲ့ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်။ 
သင်ကျော့ကွင်းမိနေပြီး ရုန်းမထွက်နိုင်တော့ပါဘူး။ 

၃/-ပိုမိုဆိုးဝါးလာခြင်း ပိုပြီးကွက်ကွက်ကွင်းကွင်းပြတဲ့ အပြာ
အမျိုးအစားကို သင်ရှာလာမယ်။ သင်အရင်က မနှစ်မြို့တဲ့
အပြာမျိုးကို ကြည့်လာမယ်။ ခုတော့ သင့်စိတ်ကိုနှိုးဆော်နိုင်ပြီလေ။

၎/-ထုံထိုင်းလာခြင်း သင်ကြည့်နေတဲ့ပုံရိပ်တွေမှာ ထုံထိုင်းလာမယ်။ ကွက်ကွက်ကွင်းကွင်းပြတဲ့အပြာတွေတောင် သင့်စိတ်ကို 
မနှိုးဆော်နိုင်တော့ဘူး။ ခုတော့ အရင်လိုစိတ်လှုပ်ရှားမှုမျိုးပြန်ရဖို့ အသည်းအသန်ကြိုးစားနေရပြီ။ 

၅/-လိင်မှုအကောင်အထည်ဖော်ခြင်း ဒီအပိုင်းမှာတော့ လူတွေ စွန့်စားမှုစလုပ်လာပြီး သူတို့ကြည့်ခဲ့တဲ့ပုံရိပ်တွေအတိုင်း အကောင်အထည်စဖော်ကြတဲ့အချိန် ရောက်ပါပြီ။ သူတို့ဟာ စာရွက်နဲ့ဖန်သားပြင်ထက်က အပြာဇာတ်လမ်းတွေကနေ 
တကယ့်ကမ္ဘာထဲက တကယ့်လူတွေဆီကို 
မရိုးသားတဲ့နည်းလမ်းတွေနဲ့ ဦးတည်နေပြီ။

သင်သည် ညစ်ညမ်းVideo addiction စွဲနေပြီလား?

သင့်ဘဝမှာ ဒီလိုအနေအထားတွေကို တွေ့နေရပြီဆိုရင် 
ချက်ချင်းဘရိတ်အုပ်ဖို့ လိုအပ်နေပါပြီ။ အပြာက သင့်ဘဝကို 
ပိုပိုပြီး ထိန်းချုပ်နေပြီလား? ရပ်ပစ်လိုက်ဖို့ အခက်အခဲရှိနေပြီလား? 
ထပ်ထပ်ပြီး ကြည့်နေမိပါသလား? 

1/-အပြာစွဲလန်းခြင်းမှ- ဘာလုပ်နိုင်သလဲ? 
ပထမဆုံးလုပ်ရမှာက သင်အပြာရုပ်ရှင်နဲ့ နပန်းလုံးနေရပြီဆိုတာ ဝန်ခံပါ။ ဝန်ခံလိုက်ရင် ဒီကိစ္စဟာ အထူးအဆန်းကြီး ဖြစ်မနေတာကို တွေ့ရမယ်
ဆိုတာယုံပါ။ လူသန်းပေါင်းများစွာဟာ အပြာကိစ္စမှာ အမျိုးမျိုးသော
အဆင့်နဲ့ လုံးပန်းနေကြတာချည်းပါ။ 
ဒါဟာ အံ့အားသင့်စရာ လုံးဝဖြစ်မနေပါဘူး။
 အပြာလုပ်ငန်းတွေက သင့်ကိုထောင်ချောက်ဆင်ဖို့ ဘီလီယန်ပေါင်းများစွာ အကုန်အကျ ခံခဲ့ကြတာကလား။ ဒါကြောင့် သူတို့အောင်မြင်နေကြတာ အံ့သြစရာကောင်းသလား? သင့်လိုတချို့လူတွေရဲ့အတိတ်မှာ အပြာကိုဖြတ်ပစ်နိုင်ဖို့ ခက်ခဲစေမယ့် လိင်ပိုင်းဆိုင်ရာအလွဲသုံးမှုနဲ့ ထိတွေ့ရင်းနှီးမှုလို ပြဿနာတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ 
အကူအညီမပါဘဲ စွဲလန်းမှုကို ဖြတ်တောက်နိုင်ဖို့ 
အခွင့်အလမ်းနည်းပါးပါတယ်။

 ဒီစွဲလန်းမှုကိုပြတ်အောင်ကူညီဖို့ သင် တစ်ယောက်ယောက်လိုအပ်ပါတယ်။ လျှို့ဝှက်ထားခြင်းကို ကျော်ဖြတ်တာဟာ လုံးဝအရေးပါပါတယ်။ 
အဲလိုမလုပ်ဘဲ စွဲလန်းမှုကနေ သင်မလွတ်မြောက်တန်ရာဘူး။ 
သင်ဒီလိုဖြစ်နေတာ လူတိုင်းသိရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အစွဲပြဿနာရှိတဲ့သူတွေကို အကြံပေးလမ်းညွှန်တတ်ပြီး သင်ယုံကြည်နိုင်တဲ့သူတစ်ယောက်ယောက်ကို ရွေးချယ်ပါ -
- ပါစတာ (သင်းအုပ်)၊ လူငယ်အဖွဲ့ခေါင်းဆောင် မဟုတ်ရင် အကြံပေးပုဂ္ဂိုလ်တစ်ဦးဦးပေါ့။ 

သင် လုံးဝယုံကြည်စိတ်ချပြီး၊ လုံခြုံမှုပေးမယ့်လူ၊ ပြီးတော့ စွဲလန်းမှုနဲ့ပတ်သက်လာရင် အတွေ့အကြုံရှိတဲ့လူတစ်ယောက်က သင့်အပေါ်အံ့သြမိမှာမဟုတ်ဘူးလေ။ 

2/-အပြာစွဲလန်းမှုကနေ လွတ်မြောက်ခြင်းဆိုတာ ရှိပါရဲ့လား? 
အပြာက မုသားတွေနဲ့ သင့်ကိုချည်နှောင်တယ်။ ဒါပေမယ့် 
ဘုရားသခင်ကတော့ သင့်ကိုသမ္မာတရားလမ်းထဲ ခေါ်ဆောင်နိုင်ပါတယ်။
 ယေရှုက “သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်
အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် 
သင်တို့ကို လွှတ်လိမ့်မည်” လို့ မိန့်ဆိုခဲ့ပါတယ်။ ယေရှု
ဒီလိုပြောတာကို ကြားတဲ့လူတွေက စိတ်ဆိုးပြီးတော့ 
ဒီလိုတုံ့ပြန်ခဲ့ကြတယ် “ငါတို့သည်.. အဘယ်သူထံ၌ 
တခါတရံမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်သည် အဘယ်သို့ပြောဆိုသနည်း?”ဒီတော့ ယေရှုက လူတွေဟာ အပြစ်ရဲ့ကျေးကျွန်ပြုတာ ခံရကြောင်း၊ 
သို့ပေမယ့် သူကသင့်ကို လွတ်မြောက်စေနိုင်ကြောင်း
 ပြောခဲ့ပါတယ်။ 

အပြစ်က ကျနော်တို့ကို ကျွန်ပြုရုံမကဘူး၊ 
ဘုရားနဲ့ပါ ဝေးစေတာပါ။ ဘယ်သူမှတော့ ပြည့်စုံတာမရှိပါဘူး။ 
ဘုရားရဲ့အမြင်မှာ ဘယ်သူမှ မဖြောင့်မတ်ပါဘူး။ ကျနော်တို့ကို 
ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီး
လိုက်သွားကြ” ပြီလို့ ပြောထားပါတယ်။ ကျနော်တို့အားလုံးဟာ ဘုရားသခင်ရဲ့ စီရင်ချက်နဲ့အပြစ်ဒဏ်ကို ခံယူထိုက်ပါတယ်။ ဒါပေမယ့် သန့်ရှင်းမြင့်မြတ်ပြီး မေတ္တာနဲ့ပြည့်စုံတဲ့ဘုရားဟာ ကျနော်တို့ရဲ့အပြစ်အတွက် ဖြေရှင်းချက်တစ်ခုကို ပြင်ဆင်ပေးခဲ့တယ်။ ဒါမှ ကျနော်တို့အပြစ်အတိုင်း စီရင်ချက်ချမခံရအောင်လို့ပါ။ သူဟာ ကျနော်တို့ရဲ့အပြစ်အတွက် အပြစ်ဒဏ်ကို ကိုယ်တိုင်ခံယူခဲ့တယ်။ ဘုရားရဲ့သားတော် ယေရှုခရစ်ဟာ ကျနော်တို့ ခွင့်လွှတ်ခြင်းရရှိဖို့ရန် ကျနော်တို့ရဲ့ အပြစ်အတွက် ညှင်းပန်းနှိပ်စက်ခံပြီး ကားတိုင်ပေါ်မှာအသေခံခဲ့ပါတယ်။ နောက် သူကြိုပြောခဲ့တဲ့အတိုင်းပဲ သုံးရက်မြောက်တဲ့နေ့မှာ သေခြင်းကရှင်ပြန် ထမြောက်ခဲ့တယ်။ ပြီးတော့ အခုသင့်ကို သူနဲ့ဆက်သွယ်မှုရရှိနိုင်အောင် ကမ်းလှမ်းနေပါတယ်။ သမ္မာကျမ်းစာထဲက အံ့သြဖွယ်အကောင်းဆုံး မိန့်ဆိုချက်ကတော့ - “ကိုယ်အပြစ်ကိုဖော်ပြတောင်းပန်လျှင်၊ 
ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစေခြင်းငှာ 
ဘုရားသခင်သည် သစ္စာတရားနှင့် လည်းကောင်း၊ ဖြောင့်မတ်ခြင်း
တရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏” ဆိုတာပါပဲ။ 

3/-အရေးကြီးဆုံးကျွမ်းဝင်ဆက်သွယ်မှု 
ရင်းနှီးကျွမ်းဝင်မှုနဲ့မေတ္တာကို သင်ရှာဖွေနေတယ်ဆိုရင်၊ အပြာစာပေရုပ်ရှင်ဟာ သင်ရှာဖွေနေတဲ့မေတ္တာစစ်အတွက် မှားယွင်းတဲ့အစားထိုးမှုတစ်ခုပါ။ ကျနော်တို့ရဲ့ ကျွမ်းဝင်ဆက်သွယ်မှုလိုအပ်ချက်တွေကို ဘုရားကိုယ်တိုင်ကသာ အပြည့်စုံဆုံး ဖြစ်စေနိုင်ဖို့ရန်အတွက် ကျနော်တို့ကို ဘုရားက ဖန်ဆင်းထားတာဖြစ်ပါတယ်။

 “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်း သို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ ကို ချစ်တော်မူ၏။” အပြာက လူတွေရဲ့
ဘဝထဲကို သယ်ဆောင်လာ နိုင်တဲ့ မှောင်မိုက်နဲ့
ပျက်စီးခြင်းတွေ ခံစားရမယ့်အစား ယေရှုက 
“.. သက်လွတ်ရုံမျှမက အထူးသဖြင့် 
အသက်နှင့်ပြည့်စုံစေခြင်းငှာ လာသတည်း” 
လို့ ပြောခဲ့ပါတယ်။ 

သူနဲ့ကျွမ်းဝင်ဆက်သွယ်မှုမှတဆင့် သူ့ရဲ့ခွင့်လွှတ်ခြင်းတရားကို ပေးအပ်နေ တာဖြစ်ပါတယ်။ သင့်ကို ခွင့်လွှတ်ပြီး သင့်အသက်တာထဲဝင်လာဖို့ သူ့ကို တောင်းလျှောက်လိုပါသလား? ယခုပင် ပြောနိုင်ပါတယ်။ ဒါကို စကားလုံး တွေနဲ့ပြောပြဖို့ အကူအညီလိုအပ်ခဲ့ရင် ကူညီနိုင်မယ့်ဆုတောင်းချက်တစ်ခု ဒီမှာပေးထားပါတယ် - “သခင်ယေရှု၊ ကျွန်ုပ်အပြစ်ကို သိမြင်ပါပြီ။ ကိုယ်တော်လည်းသိမြင်တယ်ဆိုတာ ယုံကြည်ပါတယ်။

 ကျွန်ုပ်ကိုခွင့်လွှတ်ပြီး သန့်ရှင်းစေဖို့ တောင်းလျှောက်ပါတယ်။ ကျွန်ုပ်အပြစ်များအတွက် လက်ဝါးကားတိုင်ပေါ်မှာ အသေခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ဘဝထဲကို ယခုပင်ဝင်လာပြီး အလိုတော်အတိုင်းလမ်းပြဖို့ရာ တောင်းလျှောက်ပါတယ်။ ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ကျွန်ုပ်ဘဝကို ပဲ့ပြင်တော်မူပါ။ ကိုယ်တော်၏ခွင့်လွှတ်ခြင်းနဲ့ ကျွန်ုပ်အသက်တာထဲ ယခုပင် ဝင်ရောက်လာသည့်အတွက် ကျေးဇူးတင်ပါတယ်။” (EveryMyanmarStudent.com)

သမ္မာကျမ်းစာ ကိုးကားချက်
(၁) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၃၁-၃၂ 
(၂) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၃၃ (၃) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၃၄ 
(၄) ဟေရှာယအနာဂတ္တိကျမ်း ၅၃း၆ (၅) ရှင်ယောဟန်သြဝါဒစာ ပ-စောင် ၁း၉ 
(၆) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၁၆ (၇) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁ဝး၁ဝ

ကျွမ်းဝင်ရင်းနှီးမှုရှာဖွေခြင်း

လိင်နှင့် ကျွမ်းဝင်ရင်းနှီးမှုရှာဖွေခြင်းတွင် ဘယ်လိုချစ်ခင်ရမယ်၊ အချစ်ခံရမယ်ဆိုတာ တွေ့ရှိပါ။ သင့်အချစ်ရေးမှာ စစ်မှန်တဲ့ရင်းနှီးမှုကို 
ခံစားပါ ဒစ်က်ပရ်နယ်လ်မှ Collegiate Challenge မဂ္ဂဇင်းထဲမှာ ဒေါက်တာဟင်နရီဘရန့်ဒ်က လင်မယားတွေ သူ့ဆီလာတဲ့အခါတိုင်း ရောဂါလက္ခဏာတစ်ခု (သို့) ပုံသေတစ်ခုရှိတယ်လို့ ပြောခဲ့တယ်။ 

သူတို့ဟာ “အစမှာ လိင်ဟာ စိတ်လှုပ်ရှားဖွယ် ကောင်းတယ်။ နောက်တော့ ကိုယ့်ကိုယ်ကို ကြောင်တောင်တောင်နိုင်တယ်လို့ ခံစားလာတယ်၊ ပြီးတော့ ကိုယ့်အဖော်ကိုလည်း ကြောင်တောင်တောင်နိုင်တယ်လို့ ခံစားလာရတယ်။ အငြင်းပွားတယ်၊ ရန်ဖြစ်တယ်၊ နောက်ဆုံး ကွဲကြတယ်။ 
ခုတော့ ရန်သူတွေပါပဲ။” လို့ ပြောတတ်ကြတယ်။ 

ဒါကိုကျနော် “နောက်တစ်နေ့မနက်” ရောဂါလက္ခဏာလို့ ခေါ်ပါတယ်။ ကျနော်တို့နှိုးလာတဲ့အခါ ရင်းနှီးနွေးထွေးမှုကို မခံစားရဘူး။ 
လိင်မှုဆက်ဆံရေးက ကျနော်တို့ကို ကျေနပ်မှုမပေးတော့ဘဲ၊
 ကျနော်တို့အရင်က တကယ်မဖြစ်ချင်ခဲ့တဲ့ အရာနဲ့ပဲ 
အဆုံးသတ်ရတော့တယ်။ 

အမှန်ရှိနေတာက ကိုယ့်ဆန္ဒကိုဖြည့်ဆည်းဖို့ကြိုးစားနေတဲ့ အတ္တသမားနှစ်ယောက်ပါပဲ။ စစ်မှန်တဲ့အချစ်နဲ့ ကျွမ်းဝင်ရင်းနှီးမှုရဲ့အရိပ်လက္ခဏာတွေကို “တဒင်္ဂ”
 မတွေ့ရတော့ဘဲ၊ မညီမျှတဲ့ အနေအထားတစ်ခုမှာ 
သဟဇာတဖြစ်ခြင်းကို ရှာဖွေနေမှန်း ကိုယ့်ကို
ကိုယ်တွေ့လာရတယ်။ ကျွမ်းဝင်ရင်းနှီးမှုဆိုတာ 
ခန္ဓာသွေးသားမကပါ။ 

ကျနော်တို့ကိုယ်စီဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းခု ရှိတယ်။ 
ရုပ်ပိုင်းဆိုင်ရာ၊ ခံစားမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆိုင်ရာနဲ့ ဘာသာရေးဆိုင်ရာဆိုပြီးရှိပါတယ်။ ဒီအစိတ်အပိုင်းငါးခုကို 
သဟဇာတကျကျ အတူတကွလုပ်ဆောင်ဖို့ ပုံစံပြုထားတာဖြစ်ပါတယ်။ ရင်းနှီးမှုရှာဖွေရာမှာ ကျနော်တို့က ဒီနေ့ (သို့) မနေ့ကပဲ အဖြေရချင်ကြတယ်။ ပြဿနာက ကျနော်တို့ဟာ “တဒင်္ဂ” အားရကျေနပ်မှုကို လိုချင်ကြတယ်။ အချစ်ရေးမှာ ရင်းနှီးမှုလိုအပ်ချက် မပြည့်ဝတဲ့အခါ “တဒင်္ဂ”
 ဖြေရှင်းချက်ကို ရှာတတ်ကြတယ်။ ကျနော်တို့ဘယ်မှာ ရှာကြသလဲ? 
ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ လူမှုရေး၊ ခံစားမှု (သို့) ဘာသာရေးဆိုင်ရာမှာလား? ခန္ဓာပိုင်းမှာဖြစ်ပါတယ်။ တခြားနယ်ပယ်လေးခုမှာထက်စာရင် 
ခန္ဓာပိုင်းမှာ လူတစ်ယောက်နဲ့ ရင်းနှီးဖို့က လွယ်ကူပါတယ်။ 

တစ်နာရီ (ဒါမှမဟုတ်) နာရီဝက်အတွင်းမှာ ဆန့်ကျင်ဖက်လိင်တစ်ဦးနဲ့ ခန္ဓာပိုင်းဆိုင်မှာ ရင်းနှီးနိုင်ပါတယ် -- သွေးသားဆန္ဒအပေါ်မှာပဲ မူတည်တာပါ! ဒါပေမယ့် လိင်ဟာ အပေါ်ယံလိုအပ်ချက်ကို ယာယီဖြည့်ဆည်းပေးတဲ့ အရာတစ်ခုပါပဲဆိုတာ သင်မကြာခင်တွေ့လာမယ်။ 
မဖြည့်ဆည်းနိုင်သေးတဲ့ များစွာပိုမိုနက်ရှိုင်းတဲ့ 
လိုအပ်ချက်တစ်ခု ရှိနေပါတယ်။ 

ရင်ဖိုမှုလျော့ကျသွားတဲ့အခါ ပြီးတော့ လိင်ဆက်ဆံလေ အရသာမတွေ့လေဖြစ်တဲ့အခါ သင်ဘာလုပ်သလဲ? ကျနော်တို့က “ကျနော်တို့နှစ်ယောက် မေတ္တာရှိပါတယ်။ တကယ်ကို ချစ်ကြတာပါ။” ဆိုပြီး အကြောင်းပြတတ်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် 
အပြစ်ရှိသလိုနဲ့ မပြည့်ဝသလို ခံစားနေရတုန်းပါ။ 

အမေရိကားတခွင်ကကျောင်းဝင်းတွေမှာ ယောက်ျားလေးနဲ့ 
မိန်းကလေးတွေ မေတ္တာငတ်ပြီး အချစ်ရေးတစ်ခုကနေ နောက်တစ်ခုကိုပြောင်းလဲရှာဖွေနေကြတာ ကျနော်တွေ့နေရပါတယ်။ 
“ငါရှာနေတာ ဒါပဲဖြစ်မှာပါ။ ဒီတစ်ကြိမ်တော့ တည်မြဲတဲ့အချစ်ရေးကို ငါတွေ့ရတော့မှာပါ။” ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့။ 

ကျနော်တို့တကယ်လိုချင်တာ လိင်မဟုတ်ဘူးလို့ ကျနော်ယုံကြည်တယ်။ ကျနော်တို့အမှန်တကယ်လိုချင်တာက ကျွမ်းဝင်မှုပါ။ 
ယနေ့ခေတ်မှာ ကျွမ်းဝင်မှုဆိုတဲ့စကားလုံးက လိင်မှုပိုင်းလို
အဓိပ္ပာယ်မျိုးကို သက်ရောက်စေပါပြီ။ ဒါပေမယ့် ဒီ့ထက်အများကြီးလေးနက်ပါတယ်။

 ကျွမ်းဝင်ရင်းနှီးမှုမှာ ကျနော်တို့ဘဝရဲ့ ကွဲပြားတဲ့ရှုထောင့်တွေ ပါဝင်တယ် -- ခန္ဓာရုပ်ပိုင်းလည်း မှန်ပါတယ်၊ ဒါပေမယ့် လူမှုရေးပိုင်း၊ ခံစားမှုပိုင်း၊ 
စိတ်ပိုင်းနဲ့ ဘာသာရေးကဏ္ဍတွေလည်း ပါဝင်ပါတယ်။ 
ကျွမ်းဝင်ရင်းနှီးမှုဆိုတာ အမှန်တကယ်တော့ အကြွင်းမဲ့
ဘဝဝေမျှခြင်း ပဲဖြစ်ပါတယ်။ ကျနော်တို့ဟာ တစ်ချိန်ချိန်မှာ 
နီးစပ်ခြင်း၊ တစိတ်တဝမ်းတည်းကျခြင်း၊ တစ်ဦးဦးနဲ့ ဘဝကိုအကြွင်းမဲ့ဖလှယ်ခြင်းရှိဖို့ 
ဆန္ဒရှိကြတယ်မဟုတ်ပါလား?

ကျွမ်းဝင်ရင်းနှီးမှုကိုကြောက်ရွံ့ခြင်း?

အချစ်ဆိုတာဘာလဲ - ကျွမ်းဝင်ရင်းနှီးမှု။ မာရ်ရှယ်လ်ဟော့ဂ်ျက
“Your Fear of Love” ဆိုတဲ့စာအုပ်တစ်အုပ်ကို ရေးခဲ့တယ်။
အဲဒီအထဲမှာ သူက “ကျနော်တို့ဟာ အချစ်၊ နီးကပ်မှုနဲ့ ကြင်နာ
ယုယမှုတွေ ဖော်ပြတဲ့အချိန်လေးတွေကို တောင်းတကြတယ်
ဒါပေမယ့် မကြာခဏပဲ အရေးကြီးတဲ့အချိန်ရောက်တဲ့အခါ ကျနော်တို့တွန့်ဆုတ်သွားတတ်ကြတယ်။ 

ကျနော်တို့ဟာ အနီးကပ်မှာကြောက်ကြတယ်။ အချစ်ကိုကြောက်ကြတယ်။” လို့ပြောပါတယ်။ အဲဒီစာအုပ်ထဲ နောက်ပိုင်းမှာပဲ ဟော့ဂ်ျက “လူတစ်ယောက်ကို ပိုနီးကပ်လိုက်ရင်၊ နာကျင်မှုပိုကြီးမားနိုင်တယ်။” လို့ပြောပါတယ်။

 စစ်မှန်တဲ့ကျွမ်းဝင်ရင်းနှီးမှုမတွေ့အောင် ဟန့်တားတာကတော့ နာကျင်မှာကြောက်ရွံ့ခြင်းပါပဲ။ ကျနော်တစ်ခါ တောင်ပိုင်းအီလီနွိုက်စ်က တက္ကသိုလ်တစ်ခုမှာ သင်ခန်းစာစဉ်ရှည်တစ်ခု ပေးနေခဲ့တယ်။ အတန်းတစ်ခုအပြီးမှာ အမျိုးသမီးတစ်ဦးလာပြီး “ဆရာ့ကို ကျမကောင်လေးရဲ့ပြဿနာအကြောင်း ပြောပြချင်တယ်” လို့ ပြောပါတယ်။ ကျနော်တို့အတူထိုင်ပြီး သူမရဲ့ဒုက္ခအဖုံဖုံကိုစပြောတော့တယ်။ ခဏကြာပြောပြီးနောက် သူမက “ကျမနောက်ထပ် 
မနာကျင်ရတော့အောင် ခြေလှမ်းတွေစတော့မယ်”
 လို့ပြောပါတော့တယ်။

 ကျနော်က “တစ်နည်းအားဖြင့် ခင်ဗျားနောက်ထပ် မချစ်ရတော့အောင် ခြေလှမ်းတွေစတော့မယ်ပေါ့” လို့ပြောလိုက်တယ်။ သူမက ကျနော်နားလည်လွဲတာဆိုပြီး ထပ်ပြောတယ်- “ကျမပြောချင်တာ အဲလိုမဟုတ်ဘူးလေ။ နောက်ထပ် မနာချင်တော့တာကိုပါ။ ကျမဘဝမှာ နာကျင်မှုကို မလိုချင်တော့တာ” လို့ပြောတော့ ကျနော်က “ဟုတ်ပါတယ်၊ ခင်ဗျားဘဝမှာ အချစ်ကိုမလိုချင်တော့ဘူးပဲ” လို့ ပြောလိုက်ပါတော့တယ်။ “နာကျင်မှုကင်းမဲ့တဲ့အချစ်” ဆိုတာမျိုးမရှိတာ၊ သင်အသိပဲလေ။ တစ်ယောက်ကိုပိုနီးကပ်လိုက်ရင် 
နာကျင်မှုပိုကြီးတတ်ပါတယ်။ 

သင်နဲ့အတူ အခြားလူဦးရေရဲ့ ၁ဝဝ ရာနှုန်းလောက်ဟာ အရင်အချစ်ရေးတစ်ခုခုမှာ နာကျင်ခဲ့ကြတာချည်းပါလို့ ကျနော် မှန်းဆရမှာပါ။ မေးခွန်းက သင်အဲဒီနာကျင်မှုကို ဘယ်လိုဖြေရှင်းသလဲ? နာကျင်မှုကိုဖုံးကွယ်ဖို့အတွက် ကျနော်တို့ တော်တော်များများက “လက္ခဏာနှစ်ခွ” လို့ကျနော်ခေါ်တဲ့အရာကို ပြတတ်ကြတယ်။ တစ်ယောက်ယောက်ကို “ကဲ၊ ငါ့ကိုပိုနီးကပ်စေချင်တယ်။
 တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ချစ်ချင်တယ် … 

အဲ-ဒါပေမယ့် ငါအရင်ကနာကျင်ခဲ့ဖူးတယ်။ တော်ပြီ၊ ဒါတွေကိုမပြောချင်တော့ဘူး။ ကြားလည်းမကြားချင်တော့ဘူး” လို့ တစ်ချိန်တည်းမှာပဲ ပြောတတ်ကြပါတယ်။ အပြင်ကနေ မထိခိုက်မနာကျင်စေအောင် ကျနော်တို့နှလုံးသားကို တံတိုင်းတွေနဲ့ကာရံထားကြတယ်။ ဒါပေမယ့် လူတွေဆီကကာကွယ်တဲ့ အဲဒီတံတိုင်းကပဲ ကျနော်တို့ကို အထဲမှာညှပ်ပိတ်နေစေတယ်လေ။ ရလာဒ်ကကော? အထီးကျန်ခြင်း စတင်အမြစ်စွဲလာပြီး စစ်မှန်တဲ့ကျွမ်းဝင်မှုနဲ့အချစ်ဆိုတာ ဖြစ်မလာတော့ပါဘူး။ 

အချစ်ကို သင်ဒီလိုကြုံတွေ့ခဲ့မယ်ဆိုရင်? အချစ်ဆိုတာဘာလဲ - ကျွမ်းဝင်ရင်းနှီးမှု။ အချစ်ဟာ စိတ်ခံစားမှုထက်ပိုပါတယ်။ ပြီးတော့ သာယာတဲ့ခံစားမှုထက် အများကြီးပိုတယ်။ ဒါပေမယ့် ကျနော်တို့လူ့ဘောင်က ဘုရားသခင်ပြောထားတဲ့ မေတ္တာ၊ လိင်နဲ့ ကျွမ်းဝင်ရင်းနှီးမှုတွေကို တလွဲယူပြီး စိတ်ခံစားမှုနဲ့ဖီလင်တွေအဖြစ်လောက်ပဲ ပြောင်းလဲပစ်ကြတယ်။ 
ဘုရားက ချစ်ခြင်းမေတ္တာကို သမ္မာကျမ်းစာထဲမှာ၊ အထူးသဖြင့် ကောရိန်သုသြဝါဒစာ ပထမစောင် အခန်းကြီး (၁၃) ထဲမှာ၊ အပြည့်အစုံ ဖော်ပြပေးထားတယ်။ ဘုရားသခင်ရဲ့အချစ်အနက်အဓိပ္ပာယ် ဖွင့်ဆိုပုံကို သင်လုံးစေ့ပတ်စေ့နားလည်နိုင်ဖို့အတွက် သင့်ကို အခန်းငယ် 
(၄) မှ (၇) ထိ ကျမ်းပိုဒ်တွေ အခုလိုပဲ ပေးလိုက်ပါရစေ။ 

ဘုရားက ကျနော်တို့ဒီလိုချစ်သင့်တယ်လို့ ပြောတဲ့အတိုင်းသာ တစ်စုံတစ်ယောက်က သင့်ကိုချစ်ခဲ့မယ်ဆိုရင် သင့်လိုအပ်ချက်တွေ ဘယ်လောက်များပြည့်စုံလိမ့်မလဲ - 
• အဲဒီလူက သီခံခြင်း၊ ကြင်နာခြင်းနဲ့ သင့်ကိုတုံ့ပြန်ပြီး သင့်ကိုမနာလိုမရှူစိမ့်မဖြစ်ဘူးဆိုရင်? 
• အဲဒီလူက ကြွားဝါခြင်း သို့မဟုတ် မာနမရှိဘူးဆိုရင်? 
• အဲဒီလူဟာ သင့်အပေါ် မရိုင်းပျဘူး၊ ဒါမှမဟုတ် ကိုယ်ကျိုးမရှာဘူး (သို့) အမျက်မထွက်လွယ်ဘူးဆိုရင်ကော? 
• အဲဒီလူဟာ သင့်အမှားတွေကို မှတ်သားမထားဘူးဆိုရင်? 
• သူဟာ မလှည့်စားတတ်ဘဲ၊ သင့်အပေါ်အမြဲ ရိုးသားမှန်ကန်နေမယ်ဆိုရင်? 
• သူဟာသင့်ကို ကာကွယ်ပေးတတ်တယ်၊ ယုံကြည်တယ်၊ 
သင့်ကောင်းကျိုးကို အမြဲမျှော်ကိုးတယ်၊ ပြီးတော့ သင့်နဲ့ကြားက ပဋိပက္ခလေးများကို သီးခံကျော်လွန်နိုင်တယ်ဆိုရင်ကော? 

အဲဒါဟာ အချစ်ရေးမှာ ကျနော်တို့ကို ကြုံတွေ့စေချင်တဲ့ အချစ်မျိုးကို ဘုရားသခင်က အဓိပ္ပာယ်ဖွင့်ဆိုပေးထားတာ ဖြစ်ပါတယ်။ ဒီလိုအချစ်မျိုးဟာ “သူတပါး” ကို ဗဟိုပြုတယ်ဆိုတာ သင်သတိထားမိမှာပါ။ ဒါဟာ ကိုယ်ကျိုးရှာခြင်း မဟုတ်ဘဲ၊ ပေးဆပ်ခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုရှိတယ်။ ဘယ်သူက အဲလိုအချစ်မျိုးနဲ့ ချစ်နိုင်ပါ့မလဲ? စစ်မှန်တဲ့ကျွမ်းဝင်ရင်းနှီးမှုရအောင် အချစ်ကိုဦးစွာကြုံတွေ့ခံစားဖို့လိုတယ်။ 

အချစ်ရေးမှာ ဒီလိုအချစ်မျိုးကိုတွေ့ကြုံဖို့အတွက် အရင်ဦးဆုံး ကျနော်တို့အတွက်ဘုရားသခင်ရဲ့အချစ်ကို ခံစားကြုံတွေ့ဖို့ လိုပါတယ်။ အဲဒီအချစ်မျိုးနဲ့ တစ်ခါမျှအချစ်မခံရဘူးဆိုရင် အဲလိုအချစ်မျိုးနဲ့ ဘယ်သူ့ကိုမှ အမြဲတမ်းမချစ်နိုင်ပါဘူး။ သင့်ကိုသိတဲ့ဘုရား၊ သင့်အကြောင်းအလုံးစုံကို သိတဲ့ဘုရားဟာ သင့်ကို တုနှိုင်းဖွယ်ရာမရှိ ချစ်ပါတယ်။ ဘုရားသခင်က ရှေးပရောဖက် ယေရမိကနေတဆင့် “အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထို့ကြောင့် ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏။” (ယေရမိ ၃၁း၃)။ ဒါကြောင့် သင့်အတွက် ဘုရားရဲ့အချစ်ဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်တော့ပါဘူး။ 

ဘုရားသခင်က ကျနော်တို့ကို အလွန်ချစ်တဲ့အတွက် ကျနော်တို့အပြစ်မှ သန့်ရှင်းစင်ကြယ်ဖို့ရန် ယေရှုခရစ်တော်ကို ကားစင်တင်သတ်ခြင်း (ရှေးဟောင်းကွပ်မျက်ခြင်းပုံစံတစ်ခု) ကို ခံရစေခဲ့တာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ 
ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” 
(ယောဟန် ၃း၁၆) လို့ ကျနော်တို့ ဖတ်ရပါတယ်။ ကျနော်တို့ ဘုရားဆီကိုဦးလှည့်ပြီး သူ့ရဲ့ခွင့်လွှတ်ခြင်းကို 
လက်ခံလိုက်တဲ့အခါမှာ သူ့ရဲ့အချစ်ကို 
ကျနော်တို့စတင် ခံစားရပါတယ်။ 

ဘုရားသခင်က ကျနော်တို့ကို “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။” (ယောဟန်သြဝါဒစာ ပ-စောင် ၁း၉) လို့ ပြောပါတယ်။ ဘုရားသခင်က ကျနော်တို့အပြစ်များကို ခွင့်လွှတ်ရုံသာမက ထိုအပြစ်များကို မေ့ဖျောက်ပစ်လိုက်ပြီး ကျနော်တို့ကိုလည်း စင်ကြယ်စေတာဖြစ်ပါတယ်။ အဲဒီလိုအချစ်မျိုးကြုံတွေ့ရရင် ဘယ်လိုနေမလဲ? 

ဘယ်လိုဖြစ်ပါစေ ဘုရားသခင်က ကျနော်တို့ကို ချစ်နေဆဲပါ။ အချစ်ဇာတ်လမ်းတွေဟာ တစ်ခုခုပြောင်းလဲသွားတဲ့ အခါမျိုးမှာ အဆုံးသတ်သွားလေ့ရှိပါတယ်၊ ဥပမာ ထိခိုက်ဒဏ်ရာရစေတဲ့ အက်ဆီးဒင့်တစ်ခုခု သို့မဟုတ် ငွေကြေးဥစ္စာဆုံးရှုံးမှုတစ်ခုခုလိုပေါ့။ 
သို့ပေမယ့် ဘုရားရဲ့ချစ်ခြင်းမေတ္တာကတော့ ကျနော်တို့ရဲ့ရုပ်လက္ခဏာပေါ် 
(သို့) ကျနော်တို့ ဘယ်သူလဲ၊ ဘာလဲဆိုတဲ့အပေါ် မမူတည်ပါဘူး။ သင်မြင်တွေ့နိုင်တဲ့အတိုင်းပဲ ဘုရားရဲ့မေတ္တာရှုမြင်ပုံဟာ ကျနော်တို့လူ့အသိုင်းအဝိုင်းက အချစ်ပါလို့ပြောတဲ့အရာနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။ 

ထိုကဲ့သို့သောမေတ္တာမျိုးရှိတဲ့ အချစ်ရေးတစ်ခုကို သင်မှန်းဆကြည့်ပါ။ ဘုရားသခင်က သူ့ရဲ့ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို တောင်းခံရင် ကျနော်တို့အတွက်ပါပဲလို့ ပြောနေပါတယ်။ အဲဒါဟာ ကျနော်တို့အတွက် သူ့ရဲ့လက်ဆောင်မွန်ပါ။ ဒါပေမယ့် အဲဒီလက်ဆောင်ကို ငြင်းဆိုခဲ့ရင်တော့ ကျနော်တို့ဟာ စစ်မှန်တဲ့ကျေနပ်မှု၊ စစ်မှန်တဲ့ကျွမ်းဝင်ရင်းနှီးမှုနဲ့ ဘဝရဲ့ရည်ရွယ်ချက်အမှန်ကို ရှာတွေ့ခြင်းကနေ ကိုယ့်ကိုကိုယ် ဖြတ်တောက်ပစ်လိုက်ကြတာပါပဲ။

ချစ်ခြင်း LOVE ဆိုတာ - ကျွမ်းဝင်ရင်းနှီးမှု

အချစ်စစ် မေတ္တာစစ် ဆိုတာ...
ဘုရားသခင်နဲ.ရင်းနှီးကျွမ်းဝင်မှုက အဖြေပေးပါတယ်။
 ကျနော်တို့လုပ်ရမှာက ယုံကြည်ခြင်းနဲ့ သစ္စာစောင့်သိခြင်းအားဖြင့် 
တုံ့ပြန်ဖို့ပဲ ဖြစ်ပါတယ်။ ကျမ်းစာက ယေရှုအကြောင်းကို- 
ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော့်ကိုယုံကြည်သောသူတို့အား 
သူ၏အမည်နာမကို ယုံကြည်သောသူတို့အားပင်လျှင် ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို
 ပေးတော်မူ၏။(ယောဟန် ၁း၁၂)
 လို့ပြောပြပါတယ်။ ဘုရားသခင်ဟာ တစ်ပါးတည်းသော သားတော် ယေရှုကို ကျနော်တို့နေရာမှာ အစားခံသေဖို့ စေလွှတ်ခဲ့တယ်။ ဒါပေမယ့် ဒီမှာပဲ ဇာတ်လမ်းဆုံးသွားတာ မဟုတ်ပါဘူး။ သုံးရက်မြောက်တဲ့အခါ ယေရှုဟာ သေခြင်းကပြန်ထမြောက်ခဲ့တယ်။ ဘုရားသခင်အဖြစ် ယနေ့သူဟာ အသက်ရှင်နေပြီး သူ့မေတ္တာကို သင့်နှလုံးသားထဲမှာ ခိုဝင်ကိန်းအောင်းစေလိုပါတယ်။ 

သူ့ကိုလက်ခံလိုက်တာနဲ့ သူသင့်ဘဝနဲ့ သင့်အချစ်ရေး၊ အိမ်ထောင်ရေးတွေကို ဘယ်လိုပြောင်းလဲပေးနိုင်တယ်ဆိုတာ သင်အံ့အားသင့်ရပါလိမ့်မယ်။ ဘုရားရဲ့နှုတ်ကပတ်တော်က ကျနော်တို့ကို “သားတော်(ယေရှုခရစ်တော်)ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကိုပယ်သော
သူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေသည်” (ယောဟန် ၃း၃၆) လို့ ပြောပါတယ်။ 

ဘုရားသခင်ကျနော်တို့အား အသက်ကိုရရှိစေချင်ပါတယ်၊ ယနေ့အတွက်
သာမက ထာဝရအတွက်ပါ ဖြစ်ပါတယ်။ သူ့ကိုငြင်းပယ်ဖို့ ရွေးချယ်မယ်
ဆိုရင် အပြစ်တရားရဲ့အကျိုးဆက်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ သေခြင်းနဲ့ သူ့ထံမှထာဝရကွဲကွာခြင်းပဲ ဖြစ်ပါတယ်။

 ကျနော်တို့ဘဝတွေကို ဟန်ချက်ညီစေတာကတော့ ယေရှုခရစ်တော်ကိုလက်ခံခြင်း၊ ကျနော်တို့ဘဝထဲကို သူ့ကိုလက်ခံပြီး သူ့ကိုယုံကြည်ခြင်းပဲ ဖြစ်ပါတယ်။ ဘုရားကိုယုံကြည်ခြင်းက ဘုရားရဲ့ခွင့်လွှတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ပုန်းရှောင်ဖို့ မလိုတော့ဘူး၊ ကိုယ့်လမ်းကိုလျှောက်ဖို့ မလိုတော့ပါဘူး။ သူဟာ
 ကျနော်တို့နဲ့အတူ ရှိနေတယ်။ 

သူနဲ့ဆို ငြိမ်သက်ခြင်းကိုရရှိမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ယုံကြည်မှုနဲ့ မှီခိုမှုကို သူ့အပေါ်တည်ထားတဲ့အခါ သူဟာကျနော်တို့ဘဝထဲမှာ ရှင်သန်လာပြီး သူနဲ့ကျွမ်းဝင်ရင်းနှီးမှုကို ရပါတယ်။ သူ့ရဲ့ခွင့်လွှတ်ခြင်းတရားက 
ကျနော်တို့ရှိခဲ့ဖူးတဲ့ (သို့) နောင်ရှိလာမယ့် အကြီးမားဆုံးအပြစ်၊ 
အကြီးမားဆုံးအတ္တ၊ အကြီးမားဆုံးပြဿနာ (သို့) အခက်အခဲကနေ စင်ကြယ်လွတ်ကင်းစေမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာတလျှောက် 
လိင်အပေါ် ဘုရားရဲ့သဘောထားဟာ အင်မတန်ရှင်းလင်းပါတယ်။ 
ဘုရားဟာ လိင်ကို အိမ်ထောင်ရေးအတွက်သာလျှင် သီးသန့်ရည်ရွယ်ခဲ့ပြီးသားဖြစ်ပါတယ်။

 ကျနော်တို့ကို စိတ်မသက်မသာ ဖြစ်စေလိုတာမဟုတ်ဘဲ ကျနော်တို့ရဲ့နှလုံးသားကို ကာကွယ်စောင့်ရှောက်လိုတာဖြစ်ပါတယ်။ ကျနော်တို့အတွက် လုံခြုံမှုအခြေအမြစ်ကို တည်ဆောက်ပေးလိုတာ ဖြစ်ပါတယ်။ ဒါမှသာ ကျနော်တို့အိမ်ထောင်မှုပြုတဲ့အခါ ဘုရားသခင်ရဲ့ မေတ္တာနဲ့ဉာဏ်ပညာမှာတည်ထားတဲ့ လုံခြုံမှုအပေါ်မှာ ကျနော်တို့ရဲ့ရင်းနှီးကျွမ်းဝင်မှုကို အခြေစိုက်နိုင်မှာဖြစ်ပါတယ်။ ကျွမ်းဝင်ရင်းနှီးမှုဟာ လုံခြုံမှုနဲ့မေတ္တာထားခံရခြင်းကနေ ဖြစ်ပေါ်တယ်။ 

ယေရှုခရစ်တော်ထံ ကိုယ့်ကိုကိုယ်အပ်နှံထားတဲ့အခါ သူက နေ့ရက်စဉ်တိုင်း အသစ်သောမေတ္တာနဲ့ စွမ်းအားကို ပေးပါတယ်။ အဲဒါဟာ ကျနော်တို့ရှာဖွေနေတဲ့ ကျွမ်းဝင်ရင်းနှီးမှုကျေနပ်ပြည့်စုံတဲ့နေရာပဲ ဖြစ်ပါတယ်။ ဘုရားသခင်က အိုမင်းလာမယ့်နှစ်များစွာနဲ့ ပြောင်းလဲသွားမယ့်အချိန်တွေမှာပင် ရပ်တန့်ကုန်ခမ်းမသွားတော့မယ့် အချစ်မျိုးကို ပေးမှာဖြစ်ပါတယ်။ ဘုရားရဲ့မေတ္တာက လူနှစ်ဦးကို အတူဆုံဆည်းအောင်ဆောင်
ကျဉ်းနိုင်ပြီးတော့၊ အဲဒီပေါင်းစပ်ခြင်းရဲ့ဗဟိုမှာ သူရှိပါတယ်။ 

မေတ္တာဖွဲ့အချစ်ဇာတ်လမ်းတစ်ခုမှာ ဝိညာဉ်ရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားမှုပိုင်းဆိုင်ရာမှာ အတူတကွ ကြီးထွားလာတဲ့အခါ ပွင့်လင်းဖြူစင်ပြီး ဂရုတစိုက်နဲ့ ကျွမ်းဝင်ရင်းနှီးတဲ့ အချစ်ရေးတစ်ခုကို သင်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အဲဒါဟာ ကျေနပ်ပြည့်စုံပြီး ရင်ခုန်စရာကောင်းပါတယ်။ အဲဒီအချစ်ရေးဟာ ရှေ့ဆက်လာပြီး အိမ်ထောင်ပြုခြင်းမှာ အဆုံးသတ်တဲ့အခါ လိင်မှုပေါင်းစည်းခြင်းက ယခင်တည်ဆောက်ထားပြီးသား အခြေခံ
အုတ်မြစ်ကို ပိုမိုခိုင်ခံ့စေတာသာဖြစ်ပါတယ်။ ဘယ်လိုအချစ်ရေးမှာမဆို ဘုရားသခင် ကျနော်တို့ကိုချစ်တယ်ဆိုတာသိခြင်းက တစ်ဖက်သားကို ပိုမိုစစ်မှန်စွာချစ်နိုင်ဖို့ ကျနော်တို့ကို အခွင့်ပေးပါတယ်။ 

ကျနော်တို့ဟာ စိတ်ခံစားမှုပိုင်းမှာ လိုအပ်မှုနည်းပါးမယ်ဖြစ်တယ်။ အချစ်ရေးများစွာကပုံဖော်တဲ့ သဝန်တိုမှု၊ ခါးသီးမှုနဲ့ မရိုးသားမှုတွေဟာ 
ကျနော်တို့ ရွေးချယ်စရာ မဟုတ်တော့ပါဘူး။ ကျနော်တို့ အဲဒါတွေထဲ ကျရောက်စရာမလိုဘူးဆိုတာ တွေ့လာတယ်။ အဲဒီအစား 
အဲဒီမာယာတွေကို ဖယ်ရှားနိုင်ပြီး သစ္စာရှိလာမယ်၊ ပြီးတော့ 
အပြစ်တွေကို ခွင့်လွှတ်နိုင်မှာ ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် 
ဘုရားရဲ့မေတ္တာကို ကြုံတွေ့ခံစားတဲ့အခါ အခြားသူများကို တမူထူးခြားစွာ ဆက်ဆံတတ်ဖို့ ကျနော်တို့ကို လှုံ့ဆော်အားပေးတာဖြစ်တယ်။ 

ဘုရားသခင်ကိုသိရှိပြီး သင့်ဘဝနဲ့အချစ်ရေးတွေကို ဦးဆောင်စေလိုပါသလား? ခရစ်တော်ကို ယုံကြည်ခြင်း၌ ဆုတောင်းခြင်းအားဖြင့် ယခုပင် သင်လက်ခံရရှိနိုင်ပါတယ်။ ဆုတောင်းတယ်ဆိုတာ ဘုရားနဲ့စကားပြောတာပါပဲ။ ဘုရားသခင် သင့်နှလုံးသားကိုသိနားလည်ပြီး သင့်စိတ်သဘောထားကို မြင်တာဖြစ်တဲ့အတွက် စကားလုံးတွေကို သိပ်အရေးမထားပါဘူး။ အကြံပြုဆုတောင်းချက်တစ်ခု ပေးထားပါတယ် - “သခင်ယေရှု၊ ကျွန်ုပ်ကိုယ်တော့်ကို အလိုရှိပါ၏။ ကျွန်ုပ်အပြစ်များအတွက် 
ကားတိုင်ပေါ်မှာ အသေခံခဲ့တာ ကျေးဇူးတင်ပါတယ်။ 
ကျွန်ုပ်ဘဝရဲ့တံခါးကိုဖွင့်ပြီး ကိုယ်တော့်ကို ကျွန်ုပ်၏
ကယ်တင်ရှင်နဲ့ သခင်အဖြစ် လက်ခံပါတယ်။ 

ကျွန်ုပ်အပြစ်များကို ခွင့်လွှတ်ပြီး ထာဝရအသက်ကို ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ဘဝကို စောင့်ထိန်းပဲ့ပြင်တော်မူပြီး ကိုယ်တော်ဖြစ်စေလိုတဲ့ပုဂ္ဂိုလ်မျိုးအဖြစ် ပြုပြင်တော်မူပါ။” ဒီဆုတောင်းချက်က သင့်နှလုံးသားရဲ့ဆန္ဒကို ဖော်ပြပါသလား? ဖော်ပြတယ်ဆိုရင် ဒါကိုအခုပင် ဆုတောင်းလိုက်ပါ။ ခရစ်တော်၌ သင့်ယုံကြည်မှုကို တည်ထားခြင်းက သူကတိတော်ရှိတဲ့အတိုင်း သင့်ဘဝထဲကို ဝင်ရောက်လာစေမှာ ဖြစ်ပါတယ်။ ဒီဟာက သူ့ကိုပိုမိုသိကျွမ်းလာတဲ့အမျှ ပိုမိုကျွမ်းဝင်နီးစပ်တဲ့ ဘုရားသခင်နဲ့မေတ္တာဇာတ်လမ်းတစ်ခုကို အစပြုစေမှာဖြစ်ပါတယ်။ 

ဗဟိုချက်မှာ သူရှိခြင်းအားဖြင့် သင့်ဘဝမှာ လုံးဝသစ်လွင်တဲ့ရှုထောင့်တစ်ခု -- ဝိညာဉ်ရေးရှုထောင့် -- ဖြစ်ထွန်းလာစေမှာဖြစ်ပြီး သင့်ဆက်ဆံရေးတိုင်းအတွက် သဟဇာတနဲ့ ကျေနပ်မှုကို ဆောင်ကျဉ်းပေးမှာ ဖြစ်ပါတယ်။ သင့်အတွက်ဘုရားရဲ့မေတ္တာကို သိနားလည်ပြီး ကြုံတွေ့ခံစားခြင်းက အခြားသူများကို ဘုရားရဲ့မေတ္တာနဲ့ ချစ်လာနိုင်စေပြီး ထိုအရာက စစ်မှန်တဲ့ကျွမ်းဝင်ရင်းနှီးမှုရဲ့ ပိုမိုနက်ရှိုင်းတဲ့အဆင့်သို့
 ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ 
သာယာသော ခရစ်ယန်အိမ်ထောင်မိသားစုကို
တည်ဆောက်နိုင်ကြပါစေ-အာမင်း