၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Thursday 19 July 2018

|| ကျွန်ုပ်ကို ဆန့်ကျင်သူအား မည်ကဲ့သို့ခွင့်လွှတ်နိုင်မည်နည်း ||

လူတိုင်းသည် မှားနိုင်သည်။ လူတွေကိုဆန့်ကျင်နိုင်သည်။ အပြစ်လည်းပြုနိုင် သည်။ ထိုသို့သော် ဆန့်ကျင်မှုများဖြစ်လာသောအခါ ခရစ်ယန်များက မည်ကဲ့သို့တုံ့ပြန် ရကြမည်နည်း။ သမ္မာကျမ်းစာအရ ကျွန်ုပ်တို့ခွင့်လွှတ်ရမည်ဖြစ်သည်။ ဧဖက် ၄း၃၂ ထဲ တွင် “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည်ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့”ဟုဖော်ပြ ထားသည်။ ထိုနည်းတူ၊ ကောလောသဲ ၃း၁၃ ထဲတွင် “တယောက်၌တယောက်အပြစ်တင် စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့” ဟုဖော်ပြထားပါသည်။ အဓိကဖော် ပြလိုသောအချက်သည် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုခွင့်လွှတ်သည့်နည်းတူ ကျွန်ုပ်တို့သည် အချင်းချင်းခွင့်လွှတ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်အဘယ်ကြောင့် ခွင့်လွှတ် ရမည်နည်း။အကြောင်းမှာ ကျွန်ုပ်တို့သည်ခွင့်လွှတ်ခြင်းခံခဲ့ရကြသောကြောင့် ဖြစ်သည်။ ခရစ်ယန်မဟုတ်သောသူများသည် ဘုရားသခင်ကသူတို့ကိုခွင့်မလွှတ်ခဲ့သော ကြောင့် သူတို့မှာအခြားသူများကိုခွင့်လွှတ်နိုင်သောတန်ခိုးနှင့်ဆန္ဒမရှိကြပေ။ ကျွန်ုပ်တို့အပေါ်ပြစ်မှားသောသူများသည် ၀မ်းနည်းကြေကွဲခြင်းနှင့်နောင်တတ ရားဖြင့်လာသောအခါ သူတို့ကိုခွင့်လွှတ်ရန်လွယ်ကူသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ အပေါ်ပြစ်မှားသောသူများကို အခြေအနေပေါ်မကြည့်ဘဲခွင့်လွှတ်ရန် ပြောထားသည်။ ခွင့်လွှတ်ခြင်းမရှိသောလူတစ်ဦးသည် ခါးသီးမှု၊ နာကျင်မှုနှင့်အမျက်ဒေါသများကိုပြသ နေလျှင် ထိုသူတို့စစ်မှန်သောခရစ်ယာန်လက္ခဏာကိုထင်ရှားစေနိုင်မည်မဟုတ်ပေ။ ပဌနာ တော်ထဲတွင် သူတပါးသည်ကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကို အကျွန်ုပ်သည်လွှတ် ကဲ့သို့အကျွန်ုပ်အပြစ်များခွင့်လွှတ်တော်မူပါဟု ကျွန်ုပ်တို့တောင်းလျှောက်ကြသည် (မဿဲ ၆း၁၂)။ သခင်ယေရှုက မဿဲ ၆း၁၄-၁၅ ထဲတွင် ဤသို့ဖော်ပြထားပါသည်။ “သင်တို့သည် သူတပါးတို့၏အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့အပြစ်ကိုလွှတ်တော်မူမည်။ သင်တို့သည်သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည်သင်တို့၏အပြစ်ကို လွှတ်တော်မမူ”ဟုဖော်ပြထားပါသည်။ မဿဲ ၆း၁၄-၁၅ ထဲတွင် ဖော်ပြချက်အရ အခြားသောသူများကိုခွင့်မလွှတ်တတ်သောသူသည် သတို့ကိုယ်တိုင်ကဘုရားသခင်၏ခွင့်လွှတ်ခြင်းမရသောသူများဖြစ်ကြသည်ကိုထင်ရှား လျက်ရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမိန့်တော်ကိုနာခံခြင်းမရှိသောအခါတိုင်းတွင် သူ့ကိုပြစ်မှားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် လူတစ်ဦးပေါ်တွင်အပြစ်ပြုသောအခါတိုင်းတွင် သူတို့အပေါ်၌သာအပြစ်ပြုခြင်းမဟုတ်ဘဲဘုရားသခင်ပေါ်တွင်
လည်းအပြစ်ပြုခြင်းဖြစ် သည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးကိုဘုရားသခင်ကခွင့်လွှတ်သည့်
အကြောင်းကိုကျွန်ုပ်တို့ စဉ်းစားသောအခါ ထိုကျေးဇူးတရားကိုအခြားသူများအပေါ်မပြုဘဲနေခြင်းသည်တရားသော အမှုမဟုတ်သည်ကို ကျွန်ုပ်တို့သိရှိနားလည်ကြသည်။ ကျွန်ုပ်တို့ပေါ်တွင် လူတွေပြုသော အပြစ်ထက်ဘုရားသခင်အပေါ်ကျွန်ုပ်တို့ပြုသောအပြစ်ကပို၍ကြီးမားသည်။ ဘုရာသခင်က ကျွန်ုပ်တို့ကြီးမားသောအပြစ်များကိုခွင့်လွှတ်လျှင် ကျွန်ုပ်တို့အပေါ်အနည်းငယ်သာပြစ်မှား သောသူများကို ကျွန်ုပ်တို့အဘယ်ကြောင့်ခွင့်မလွှတနိုင်ဘဲနေရမည်နည်း။ ဤအကြောင်း နှင့်ပတ်သက်ပြီး မဿဲ ၁၈း၂၃-၃၅ ထဲတွင်သခင်ယေရှုဖော်ပြထားသောပုံဥပမာသည် အလွန်ကောင်းသောဥပမာတစ်ခုဖြစ်သည်။ ကျွန်ုတို့သည်ဘုရားသခင်ထံလာသောအခါ ဘုရားသခင်က ခွင့်လွှတ်ပေးသဘ် (၁ယော ၁း၉)။ ကျွန်ုပ်တို့သည် လူတွေအပေါ်အကန့် အသတ်မရှိခွင့်လွှတ်ရမည်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ခွင့်လွှတ်ခြင်း တရား သည် အကန့်အသတ်မရှိပေ (လုကာ ၁၇း၃-၄)

No comments:

Post a Comment