၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 14 July 2018

†† ဘာ.ကြောင်. ထောင်လွှားခြင်းကို ဘုရားသခင် ရွံမုန်းသနည်း††

(1)Pride is Satanic (နတ်ဆိုး ၀ိညာဉ်ဆိုး လုပ်ရပ်ဖြစ်သည်)
မကောင်းဆိုးဝါး ၀ိညာဉ်ဆိုးအား ဘုရားဘယ်တော.မှ မဖန် ဆင်းပါ။ စာတန်ထံမှလာခြင်းဖြစ်သည်။ ယေဇ၂၈း၁၅ ၊ 
မိမိအလိုဆန္ဒအား ဘုရားဆန္ဒနေရာ၌ အစားထိုး ပေါင်းစပ်ခြင်းဖြစ် ၍ ဘုရားသခင် တားမြစ်သည်.အရာ ဖြစ်သည်။ (၁တိ ၃း၆)
(2)Pride Spawns Prayerlessness (ဆုတောင်းခြင်းအားနည်း)
နှိမ်.ချခြင်းနှလုံးသားကို ဘုရားသခင် တောင်းဆိုသည်။
၂ ချုပ် ရး၁၄ သု(၂၈း၉) တရားမနာ၊ လွှဲသွားသော သူသည် ဆုတောင်း သော်လည်း သူ၏ ပဌနာစကားသည် စက်ဆုပ် ရွံ့ရှာဖွယ်ဖြစ်၏။ ဆုတောင်းခြင်း မရှိသော အသက်တာသည် အကြီးမားဆုံး အပြစ်ဖြစ်၍ ဘုရားသခင်ထံမှ တန်ခိုး ရရှိရန် မလွယ်ကူပါ။
(3)Pride Brings Conflict (သဘောကွဲလွဲ အငြင်းပွားမှုဖြစ်စေ၏  
ထောင်လွှားခြင်းသည် အသင်းတော် နှင်.မိသားစု၌ မညီညွတ်ခြင်း ပျက်စီးစေခြင်း အပိုင်းအစများကို သယ်ဆောင်လာခြင်း ဖြစ်သည်။
သု ၁၃း ၁၀ မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသော စကားကို နားခံသောသူမူကား ပညာရှိ၏။ မာနသည် ကိုယ်.အမှား သက် ရှည်အောင် ရှေ.နေ လိုက်ပေးနေခြင်း ဖြစ်သည်။
သု၊၂၈း ၂၅ စိတ်မြင့်သော သူသည် ခိုက်ရန်ကို နှိုးဆော်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝ တတ်၏။
(4)Pride Results in Gossip (အတင်းအဖျင်းပြောခြင်း ဖြစ်စေ၏  
ကွယ်ရာ၌ အတင်းဖျင်း မဟုတ်မမှန် ပြောဆိုခြင်းသည် ၀ါကြွားခြင်း တမျိုးဖြစ်သည်။
ဆာ၊၃၁း၂၀ လူတို့ပြု တတ်သော ပရိယာယ် နှင့် ကင်းလွတ်စေ
ခြင်းငှါ ကျိန်းဝပ်တော်မူရာ အတွင်း အရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ၊၊
(5) Pride is Deceptive (လှည်.စားခြင်းဖြစ်စေသည်)
လူသည် သူတပါးအပေါ် နေချင်ပြီး ကိုယ်ကိုယ် ချီးမြောက်ပြီး လှည်.စား ခြင်း သည် မာနထောင်လွှားခြင်း ဖြစ်၍ ဘုရားသခင် မကြိုက်မနှစ်သက်ပါ။
ယေ ၁၇း၉ စိတ် နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲ တတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူ သိနိုင်သနည်း။
(6) Pride Makes a False Boast (မှားယွင်းသော ဂုဏ်ယူခြင်း )
ရှန်ဆုံသည် င်္ခြသေ.ကို သတ်သော်လည်း သူ.အဖေ၊ အမေများ ကိုပင် မပြောပြ ခဲ.ပါ။ မျက်မှောက်ခေတ် ယုံကြည်သူများ ကြွက် ကလေးသတ် တာလောက်ကို လူသူမသိမှာ စိုးရိမ်ပြီး interview လုပ် အတိမှတ်ပြု မှတ်တမ်းတင်ချင်ကြသည်။ (Spergeon).
သု၊၂၀း၆ လူများ တို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြော တတ်၏၊၊ သစ္စာရှိသောသူကိုကား၊ အဘယ်သူ ရှာ၍ တွေ့နိုင်သနည်း။  
(၇)Pride Precedes a Fall (ကျဆုံးခြင်း ဖြစ်စေသည်)
ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းသည် လူမှုအသိုင်းဝန်း၌ လွှမ်းမိုး သည်.အခါ မာန ထောင်လွှားခြင်းမှ ကျဆုံးခြင်း ဖြစ်စေတတ်သည်။
သု -၁၁း၂ မာနထောင်လွှား သောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချသော သူတို့၌ကား ပညာရှိ၏။
နေဗုခတ်ကနေဇာမင်းသည် မာနကြီးသောကြောင်. မြက်ကို ၇နစ် စား၏။
သု၊၂၉း၂၃ မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသော သူမူကား၊ ဂုဏ်အသ ရေကို ရလိမ့်မည်။   (အာမင်းး)      Jame Lee

No comments:

Post a Comment