၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday, 17 July 2018

|| မျိုးစေ့ || || ပျက်စီးသွားခြင်း နှစ်မျိုး ||

မျိုးစေ့ တစေ့၏ အတွင်း၌ အသက်ရှင်သော အပင်ဖြစ်လာမည့် အဆံ တခုအတွက်း၌ ရှိသည်ကို လူတိုင်း နီးပါးသိကြသည်။ ထိုသို့ ဆိုသော် အသက်ရှိသော မျိုးစေ့ တစေ့၌ အပြင် အကာ အခွံဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရမည်။ စပါးစေ့သည် စပါးခွံနှင့် ဖုံးထား သည့် အနေအထားမှ စပါးပင်ဖြစ်ဖို့ လယ်၌ ပျိုးကြဲရသည်။ စပါးခွံ ဖွတ်ပြီး ဆန် ကို မျိုးစေ့ဟု မခေါ်တော့ပါ။ လူတို့ အဟာရဖြစ်စေဖို့ အတွင်းမှ ဆန် ကသာ အဟာရဓါတ် ဖြစ်စေပြီး စပါးခွံ မှာ ဖွဲပြာ အဖြစ် သာ မီးရှိုံ့ပြစ်ရသည်။ ထိုအတူ အသက်ရှင်သော ဘုရားကို သယ်ဆောင်ထားသည့် မျိုး စပါး နှင့် တူသော ယေရှုက ဖန်ဆင်းရှင် ဘုရားကို ဖုံးအုပ် သယ်ဆောင်လာသောသူဖြစ်တယ်။ သယ်ဆောင် လာရတဲ့ အကြောင်းအရင်းက စပါးတစေ့ မြေမှ ကျပြီး အကာ အခွံ ပျက်စီးသွားမှ စပါးပင်အဖြစ် ပေါ်ထွန်းလာကာ နောက်ထပ် အသက်ရှင်သော စပါးသီးနှံများစွာ ထိုစပါးတစေ့မှ များစွာ ပွားများလာဖို့ဖြစ်တယ်။ ထိုကြောင့် ကောင်းကင်မှ ထာဝရအသက်ရှင်သော ထာဝရဘုရားက မြေပေါ် ဆင်းကျလာပြီး ကားတိုင်မှာ မြင်နေရသော လူသား ယေရှု ပျက်စီး ခံလိုက်ပြီး နောက် အစေ့သက်မှ အပင်သက်သို့ ကူးပြောင်းသကဲ့သို့ ရှင်ပြန်ထမြောက်ခြင်း အသက်နှင့် ပေါ်ထွန်းလာပြီး ယုံကြည်သူများစွာ သည် စပါးသီးနှံကဲ့သို့ ခရစ်တော် ထဲမှ ပေါက်ဖွားလာကြသည်။ ဤသည်ကို ခရစ်တော်အားဖြင့် အသစ်တဖန် မွေးဖွားလာခြင်းဟု ခေါ်သည်။ ခရစ်တော်ထဲမှ သီးပွင့်လာကြသောကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ် အားဖြင့် ဘုရားသားများဖြစ်ကြ၏။ တနည်းအားဖြင့် ဘုရားမျိုးစေ့ကို သယ်ဆောင်ထားသော သူများဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထာဝရ အသက်ကို ရရှိထားသူ ဟုလည်းဆိုနိုင်သည်။ ထိုအခါ ကျွန်ုပ်တို့သည်လည်း အပြင်အခွံ လူသား ဖြစ်ပြီး အတွင်း အသက်ရှင်သော မျိုးစေ့ ခရစ်တော်ကို ဝိညာဉ် ထဲ၌ သယ်ဆောင်ထားသူ၊ ဘုရားသားများဖြစ်ကြသည်။ ထိုသို့ဆိုသော် အပြင်ခွံဟု ခေါ်ဆိုသော လူ၏ "စိတ် " ကို မြေ၌ အပျက်စီးခံခြင်းဆိုသည့် မြှုပ်နှံ သင်္ဂြိုလ်ခြင်း ပြုလိုက်မှသာ အတွင်းဝိညာဉ်မှ ဘုရား၏ အသက်ရှင်ခြင်းထမြောက်ရာ အကြောင်းသည် မြေပေါ်သို့ ပေါ်ထွက်လာသကဲ့သို့ မြေကြီး ခန္ဓာ ရုပ်သက်မှ အပြင်သို့ ဘုရားအသက် ထွက်ပေါ်ထင်ရှားလာမည်။ ဤသည်ကို လူအထဲမှ ဘုရား ထင်ရှားခြင်းဟု ခေါ်ဆိုသလို၊ ထိုသူ၌ ဘုရားဘုန်း ထင်ရှားသည် ဟုလည်းဆိုကြသည်။ အထက်ပါ ဥပမာ ရှင်လင်းချက်ကို မြင်လျင် လူသား ယေရှုနှင့် ဘိသိတ်ခံ ခရစ်တော် တို့ ပေါင်းစည်းထားသော ဖြစ်အင်ကို မြင်တွေ့နိုင်မည်။ စပါးတစေ့ အသက်ရှင်ဖို့ စပါးခွံနှင့် စပါးဆံကို ခွဲထား၍ မရသလို ယေရှုနှင့် ခရစ်တော်ကိုလည်း ခွဲထား၍ မရပါ။ ထိုနည်း၎င်း ဘုရား၏ အသက်နှင့် အလင်းကိုလည်း သပ်သပ်စီ ခွဲခြားထား၍ မရပါ။ သို့ရာတွင် အသက်၏ လုပ်ဆောင်ပေးမှုနှင့် အလင်း၏ လုပ်ဆောင်ပေးမှု မတူပါ။ ယေရှုခရစ်သည် တပေါင်းတစည်းတည်း၊ တစ် ဘုရားတည်း၊ တစ် ဝိညာဉ်တည်း ဖြစ်သော်လည်း အဖ၏ လုပ်ဆောင်မှု၊ သားတော်၏ လုပ်ဆောင်မှု၊ ဝိညာဉ်တော်၏ လုပ်ဆောင်မှု၊ ယေရှု၏ လုပ်ဆောင်မှုတို့မှာ မတူကြသော်လည်း ရည်ရွယ်ချက်တခုတည်၊ ဦးတည်ချက် တခုတည်းကိုသာ လူ၌ ဖြစ်စေဖို့ လုပ်ဆောင်ပေးနေတာ ဖြစ်တယ်။ ယေရှု ဘုန်းပွင့်တော် မမူသေး ဆိုသည့် အချိန် ကားတိုင် မတက်မှီက ယေရှု နှင့် အတူ ဘုရားရှိနေခြင်း ဖြစ်ပြီး ဘုရားသည် ယေရှု အားဖြင့် ဘုန်းထင်ရှားခြင်း ဖြစ်စေခဲ့သည်။ ဘုန်းထင်ရှားခြင်းနှင့် ဘုန်ပွင့်ခြင်း မတူပါ။ ဘုန်းထင်ရှားခြင်းသည် လူအထဲမှ ဘုရား ဖြစ်အင် ပေါ်ထွက်လာခြင်း ဖြစ်ပြီး ဘုန်ပွင့်ခြင်းသည် လူနှင့် ဘုရား တပေါင်းတစည်းတည်း တလုံးတဝတည်း၊ ဘုရားပကတိ ပြည့်ဝ ထွက်ပေါ်ပြီး လူနှင့် ဘုရား ပေါင်းစည်း ဖြစ်အင် အပြင် ဘုန်း တန်ခိုး အုပ်စိုးခြင်း အခွင့် အာဏာ ပိုင်ဆိုင်ခြင်း ဖြစ်သည်။ မှတ်ချက်။ ယေရှု ဆိုသည့် နာမတော်နှင့် ခရစ်တော် နာမတော် ၏ အဓိပ္ပါယ် မတူဘူးဟူ ဆိုခြင်း မှာ ယေရှုသည် ခရစ်တော် မဟုတ် ဟုဆိုသော အန္နတိခရစ် ဆိုသည့် ကျမ်းစာထဲမှ ပြောကြားချက် နှင့် မတူကြောင်း သိမှတ်စေလိုသည်။ ယေရှုသည် ခရစ်တော်စင်စစ် ဖြစ်တော်မူ၏။ အာမင်။ ကားတိုင် မတက်ခင် ယေရှု ခရစ် အသက်ရှင်ခဲ့ ပုံကို ရှင်လင်းစွာမြင်ပြီး မှ ကားတိုင် တက်ပြီး ရှင်ပြန် ထမြောက်သော ယေရှုခရစ် အသွင်ကူးပြောင်းသွားသော အသက်ရှင်စေသော ဝိညာဉ် ကို မြင်နိုင်ပေမည်။ ယနေ့ ကျွန်ုပ်တို့ ကားတိုင်ထမ်းပြီး ခရစ်တော် နောက် လိုက်ဖို့ရန် ယေရှု ခရစ် ကားတိုင် မတက်မှီ လူနဲ့ ဘုရား ပေါင်းစည်း အသက်ရှင်ခဲ့ အလို ကျွန်ုပ်တို့လဲ ခရစ်တော်ဘုရား၏ အသက်ရှင်စေသော ဝိညာဉ်တော်နှင့် ပေါင်းစည်း အသက် မရှင်တတ်ရင် ကိုယ့် ရဲ့ အသက်ရှင်ခြင်းဟာ ဘုရားသက်သက် လူသက်သက် အသက်ရှင်နေခြင်း သာဖြစ်သည်။ ထိုအခါ ဘုရားက လူကို လုပ်ဆောင်ပေးနေခြင်း မဟုတ်တော့ဘဲ လူက ကိုယ့် ကိုကိုယ် ယုံကြည်ပြီး အသက်ရှင် သည့်အခါ နာခံ လိုက်လျှောက် မည် ဆိုသည့် စိတ်ဖြင့် အသက်ရှင် သောကြောင့် ပညက်အောက်ကို ပြန်ရောက်သွားရတယ်။ ဘုရားပြောတာကို နာခံပြီး မိမိအတွင်းမှ ဘုရားက မိမိကိုယ်စား လိုက်လျောက်ပေး သည့် အခါ မှသာ ပေါ့ပါးစွာ အောင်မြင်သွားခြင်း ဖြစ်သည်။ အထက်ပါအရာကို ရှင်လင်းသော ရူပါရုံ မရသောကြောင့် ကျေးဇူးတော်နဲ့ ပညက်တော်ကို အသက်တာမှာ မပိုင်းခြားနိုင်ခြင်း ဖြစ်တယ်။ ကျေးဇူးတော် အမှန် ခံစားရရှိပါစေသော။အာမင်။ (Jame Lee)  
 

"ပျက်စီးသွားခြင်း နှစ်မျိုး"
ပျက်းစီးသွားခြင်း သည် အနှုတ်လက္ခဏာ ဆောင်သော ပျက်စီး သွားခြင်း နှင့်အပေါင်း လက္ခဏာ ဆောင်သော ပျက်စီးခြင်း နှစ်မျိုး ကို တွေ့ရမည်။
မျိုးစေ့ တစေ့ကို နမူနာ ကြည့်ရအောင်။
ပထမ အခြေအနေတခုက
မျိုးစေ့ တစေ့က ပျက်စီးသွားတဲ့ အခါ မျိုးစေ့ တစေ့ လုံး ပျက်စီးသွား ပြီး အပင် မပေါက်တော့ပေ။ အကြောင်းအရင်းမှာ အခွံအကာပျက်စီး သွားရုံမျှမက အတွင်းရှိ အဆံပါ ပျက်စီး သွားသောကြောင့် ဖြစ်သည်။

ဒုတိယ အခြေအနေတခုမှာ မျိုးစေ့သည် အပေါ်အခွံအကာသာ ပျက်စီးသွားပြီး အတွင်း မျိုးစေ့မှ ရှင်ပြန်ခြင်း အသက်နှင့် ထွက်ပေါ်လာပြီးနောက် မြေကြီးထဲမှ မြေပြင်ပေါ်သို့ ပေါ်ထွန်းလာသည်။
ထိုသို့ ဆိုသော် ပျက်စီးခြင်း နှစ်မျိုး တွင် ပထမ ပျက်စီးခြင်းသည် ဖျက်စီး ခြင်း ဖြစ်ပြီး
ဒုတိယ ပျက်စီးခြင်းသည် ထပ်မံ ပွားများစရာ ဖြစ်စေဖို့ ပျက်စီး ခံလိုက်ရခြင်း ဖြစ်သည်။

အထက်ပါ ဥပမာကို ကြည့်ခြင်း ဖြင့်
နတ်ဆိုး၏ ပျက်စီးစေခြင်းသည် ဖျက်စီး ဖို့ ဖြစ်ပြီး
ဘုရား၏ ပျက်စီး စေခြင်းသည် ထမြောက်ရာ၊ အသက်သစ် ထွက်ပေါ်စေရာ၊ ပွားများခြင်း ဖြစ်စေရာ အတွက် ပျက်စီး ခံလိုက်ခြင်း ဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏ ယာယီ အသက်ရှင်ရာထဲ မှ ထာဝရ အသက်ရှင်ခြင်း ထွက်ပေါ်လာစေဖို့ လို့ငှာ ဝိညာဉ် ကို ဖုံးကွယ်ထားသော စိတ်အသက် အခွံအကာကို ပျက်စီးစေဖို့ ပတ်ဝန်းကျင်မှ ဖိအား၊ အပူ အအေး ဒါဏ်၊ စသည်တို့ဖြင့် အက်ကွဲ ပျက်စီး စေမှ ဝိညာဉ် အသက် ရှင်ပြန်ထမြောက် လာကာ ဝိညာဉ် အသက်ထင်ရှားခြင်း ထွက်ပေါ်လာပေမည်။
ထို့ကြောင့် ဘုရားခွင့်ပြုထားသော အခြေအနေများ အားလုံးသည် ဘုရား သားသမီးများ ဝိညာဉ်သက်၊ ဘုရား ဂုဏ်ရည် ရှင်သန် ထွက်ပေါ် လာစေဖို့ ထာဝရ အဖို့ ကောင်းစေရန် ဖြစ်သည်။
မိမိ၏ စိတ် အသက်ကို မုန်း သောသူသည် ဘုရား၏ ထာဝရ ဝိညာဉ်သက်ကို ရမည်ဖြစ်သည်။
မိမိ၏ စိတ်သဘောရှိသည့် အတိုင်း အသက်ရှင်လိုသော သူသည် ဘုရား၏ အသက်၊ ဘုရားသဘာဝကို ဆုံးရှုံးမည် ဖြစ်သည်။ Credit ( J.Lee)

No comments:

Post a Comment