၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Thursday 19 July 2018

|| လက်မထပ်မီ လိင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ ||

သမ္မာကျမ်းစာထဲတွင် အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍ ဟေဗြဲဘာ သာစကားအားဖြင့်ဖြစ်စေ၊ ဂရိဘာသာစကားအားဖြင့်ဖြစ်စေ၊ ဖော်ပြထားသော စကားလုံးမရှိပေ။ သမ္မာကျမ်းစာက ပြည့်တန်ဆာမလုပ်ခြင်းနှင့် လိင်အပျော်အပါး လွန်ကျူးခြင်းကို တားမြစ်ထားပါသည်။ သို့ဖြစ်လျှင်သမ္မာကျမ်းစာက အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍ အပြစ်ဖြစ်သည်ဟု ဖော်ပြထားသလား။ ၁ကော၊ ၇း၂ ၌ ဖော်ပြချက်အရ “သတ်မှတ်” ထားပါသည်။ “ကောင်းသော်လည်း မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယားရှိစေလော့။” ဤကျမ်း ပိုဒ်ထဲတွင် ပေါလုက လိင်အပျော်အပါး လွန်ကျူးသူများအတွက် အိမ်ထောင်ပြုခြင်းသည် “ကျိန်ခြင်း” တခုဖြစ်သည် ဟုဖော်ပြလိုခြင်းဖြစ်သည်။ ၁ကော၊ ၇း၂ ၏အဓိကဖော်ပြလိုခြင်းသည် လူတွေက လိင်ဆက်ဆံရေးတွင် အလွန်အမင်းလွန်ကျူးခဲ့သဖြင့် သူတို့သည် အိမ်ထောင်ပြုသင့်ကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ သို့မှသာ သူတို့သည် မိမိလိုအပ်တောင့်တမှုကို သန့်ရှင်းစွာအသုံးပြုနိုင်မည် ဖြစ်ပါသည်။ ၁ကော၊ ၇း၂ တွင် အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းသည် ဒုစရိုက်အပြစ်အဖြစ်သတ်မှတ် ထားကြောင်းသိကျစွာဖော်ပြထားပါသည်။ သမ္မာကျမ်းစာထဲတွင် လိင်အပျော်အပါးလိုက်ခြင်းကို တား မြစ်ထားပါသည်။ ထိုကြောင့် အိမ်ထောင်မပြုမှီလိင်ဆက်ဆံခြင်းကိုလည်း သမ္မာကျမ်းစာက တားမြစ် ထားပါသည်။ အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းသည် သမ္မာကျမ်းစာအရ လိင်အပျော်အပါးလိုက်စား ခြင်းဖြစ်သည်။ အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းသည် အပြစ်ဖြစ်ကြောင်း ကျမ်းပိုဒ်များစွာက ဖော်ပြ ထားပါသည် (တမန်၊ ၁၅း၂၀၊ ၁ကော၊ ၅း၁၊ ၆း၁၃၊ ၁၈၊ ၁၀း၈၊ ၂ကော၊ ၁၂း၂၁၊ ဂလာ၊ ၅း၁၉၊ ဧဖက်၊ ၅း၃၊ ကောလော၊ ၃း၅၊ ၁သက်၊ ၄း၃၊ ယုဒ၊ ၇)။ သမ္မာကျမ်းစာက အိမ်ထောင်မပြုမှီ လိင်ဆက် ဆံခြင်းကို ရွံရှာမုန်းတီးသည်။ လင်မယားဖြစ်ပြီးမှ လိင်ဆက်ဆံခြင်းကိုသာ ဘုရားသခင်က မှန်ကန် သည် ဟု ထောက်ခံထားပါသည် (ဟေဗြဲ၊ ၁၃း၎)။ လူတွေက လိင်ဆက်ဆံရေးကို အပျော်အပါးတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ မျိုးဆက်ပြန့်ပွါး ရေးအတွက် မသတ်မှန်ကြပေ။ အိမ်ထောင်ကျပြီးနောက် လိင်ဆက်ဆံခြင်းသည် ပျော်ရွှင်မှုရှိ၍ ဘုရားသခင်ကို စီမံချက်လည်းဖြစ်ပါသည်။ အိမ်ထောင်ပြုခဲ့ပြီးနောက် ယောက်ျားနှင့် မိန်းမတို့က လိင် ဆက်ဆံမှု၌ပျော်ရွှင်ခြင်းရှိရန် ဘုရားသခင်သည် အလိုတော်ရှိသည်။ ရှောလမုန်သီချင်းစာအုပ်နှင့် အခြား သောကျမ်းပိုဒ်များ (သုတ္တံ၊ ၅း၁၉) တွင် လိင်ဆက်ဆံရေး၏ပျော်ရွှင်မှုကို ဖော်ပြထားပါသည်။ အိမ်ထောင်ပြုသော ဇနီးမောင်နှံတို့က လိင်ဆက်ဆံခြင်းသည် မျိုးဆက်သစ်ပေါ်ထွန်းရေးအတွက်ဖြစ် ကြောင်းကို နားလည်းထားရမည်။ ထို့ကြောင့်အိမ်ထောင်မပြုမှီလိင်ဆက်ဆံခြင်းသည် သားသမီးထွန်း ကားရန်အတွက်မဟုတ်၊ လိင်ပျော်ရွှင်ခြင်း သက်သက်ဖြစ်သောကြောင့် မှားယွင်းမှုရှိသည်။ သူတို့သည် ဘုရားသခင်စီမံပေးသော သားသမီးထွန်းကားရန် ပေးသောဆုကျေးဇူးကို အလွှဲသုံးစားပြုခြင်း ဖြစ်သည်။ လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍အမှားအမှန်ကို သေချာစွာမသိလျှင်၊ သမ္မာကျမ်းစာသွန်သင် ချက်များကို လိုက်နာရမည်ဖြစ်သည်။ သို့ပြုလျှင်၊ လိင်ဆက်ဆံမှုကြောင့်ဖြစ်တတ်သောရောဂါ၊ ကလေးဖျက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်ဖြစ်ရန် စိုးရိမ်ပူပန်ခြင်း၊ မိဘမရှိသော သားသမီးများထွန်ကား ခြင်း နည်းပါးပျောက်ကွယ် သွားမည်ဖြစ်သည်။ အိမ်ထောင်မပြုမှီလိင်ဆက်ဆံရေးကို ရှောင်ရှားခြင်း သည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။ မိမိကိုယ်ကို ထိန်းသိမ်းခြင်း၊ ကလေးသူများကိုတန်ဘိုးထား ကာပြုစုစောင့်ရှောက်ခြင်း၊ လိင်ဆက်ဆံရေးကို တန်ဘိုးရှိစွာအသုံးပြုခြင်းသည် တန်ဖိုးကြီး၍ အရေးကြီးဆုံးဖြစ်ကာ ဘုရားသခင်ကို ဂုဏ်ပြုခြင်းလည်းဖြစ်ပါသည်။

No comments:

Post a Comment