ခရစ်ယန်များ အစာရှောင်ရန်သမ္မာကျမ်းစာက ပညတ်မထားပေ။ ခရစ်ယန်များ အစာရှောင်ရန် ဘုရားသခင်က မတောင်းဆိုပေ။ ပညတ်ထားခြင်းလည်းမရှိပေ။ ထိုနည်းတူ သမ္မာကျမ်းစာထဲတွင် အစာရှောင်ခြင်းသည် ကောင်းသောအရာ၊ သင့်တော်သောအရာနှင့် အကျိုးရှိသောအရာဖြစ်သည်ဟု ဖော်ပြထားသည်။ တမန်တော်ဝတ္ထုထဲတွင် ယုံကြည်သူများသည် တစ်စုံတစ်ခု မဆုံးဖြတ်ခင်မှာအစာရှောင့်လေ့ရှိသည် (တမန် ၁၃း၂၊ ၁၄း၂၃)။ အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းတို့သည် အမြဲတမ်းဒွန်တွဲလျက်ရှိသည် (လုကာ ၂း၃၇၊ ၅း၃၃) အစာရှောင်ခြင်းအဓိကဖော်ပြချက်သည် စားစာရာမရှိ ခြင်းကြောင့်ဖြစ်သည်။ သို့သော်အစောရှောင်ခြင်း၏ရည်ရွယ်ချက်သည် လောကအရာများကို လုံးဝပပျောက်စေကာ ဘုရားသခင်ကိုသာအာရုံပြုခြင်းဖြစ် သည်။ အစာရှောင်ခြင်းသည် ဘုရားသခင်နှင့်မိတ်သာဟာရပြုနိုင်ရန်အတွက် ဘုရား သခင်အပေါ်တွင်ဖြစ်စေ၊ မိမိကိုယ်ကိုကိုယ်ဖြစ်စေ ဆန္ဒပြခြင်းနည်းလမ်းဖြစ်သည်။ အစာရှောင်ခြင်းက အသစ်သောအမြင်ကိုပေး၍ဘုရားသခင်အပေါ်တွင်မှီခိုအားထားရန် တဖန်နှိုးဆော်ပေးသည်။
သမ္မာကျမ်းစာထဲတွင် အစာရှောင်ခြင်းသည် အစာမစားခြင်းဖြစ်သည်။ သို့သော်အစာ ရှောင်ခြင်းနည်းလမ်းများစွာရှိသည်။ ခဏအတွင်စိတ်ထဲတွင် ဖြစ်ပေါ်သောလောကအရာ များထားခဲ့ကာ ဘုရားသခင်ကို မျက်မှောက်ပြုခြင်းသည် အစာရှောင်ခြင်းဖြစ်သည်။ (၁ကော ၇း၁-၅)။ အစာရှောင်သောအခါ အစာရှောင်ရမည့်အချိန်ကို ကန့်သတ်ထားရမည်ဖြစ်သည်။ ဘာမျှမစားဘဲ အစာရှောင်ရမည့်အချိန်ကို တိုးချဲ့ခြင်းသည် ခန္ဓာကိုယ် အတွက်အန္တရာယ်ရှိသည်။ အစာရှောင်ခြင်းသည် ခန္ဓာကိုယ်ညှဉ်းဆဲခြင်းမဟုတ်ဘဲ ဘုရားသခင်ကို အာရုံပြုခြင်းသာဖြစ်သည်။အစာရှောင်ခြင်းကို “ကျန်းမာရေး”အဖြစ် မထင်မှတ်သင့်ပေ။ သမ္မာကျမ်းစာတွင်ဖော်ပြထားသော အစာရှောင်ခြင်းသည် ကိုယ်အလေးချိန်လျှော့ချရန်အတွက်မဟုတ်ဘဲ ဘုရားသခင်နှင့်သာ၍ နက်နဲစွာမိတ်သာဟာရ ဖွဲ့ရန်အတွက်သာဖြစ်သည်။ လူတိုင်းအစာရှောင်နိုင်သည်။ သို့သော် လူအချို့တို့သည် အစာရှောင်နိုင်မည်မဟုတ်ပေ။ (ဥပမာအားဖြင့် ဆီးချိုရောဂါရှိသောသူများ) လူတိုင်းသည် ဘုရားသခင်နှင့် နီးကပ်စွာအသက်ရှင်နိုင်ရန်ခေတ္တဖြစ်ပျက်သောအရာများ ထားခဲ့နိုင်သည်။
ကျွန်ုပ်တို့သည် ဤလောကအရာများကို ဖယ်ထုတ်နိုင်ခြင်းအားဖြင့် ခရစ်တော်ကို အာရုံစိုက်ရာတွင် ပို၍အောင်မြင်သော သူများဖြစ်လာနိုင်ပါသည်။ အစာရှောင်ခြင်းသည် ကျွန်ုပ်တို့လိုအပ်သော အရာများရရှိရန်အတွက် ဘုရားသခင်ထံ ဆန္ဒပြခြင်းမျိုးမဟုတ်ပေ။ အစာရှောင်ခြင်းက ကျွန်ုပ်တို့ကိုပြောင်းလဲစေနိုင်သည်။ သို့သော်ဘုရားသခင်ကို မပြောင်းလဲပေးနိုင်ပါ။ အစာရှောင်ခြင်းက အခြားသူများထက် ၀ိညာဉ်ရေးရာတွင်ပို၍ရင့် ကျက်သည်ကိုလည်းမဆိုလိုပါ။ အစာရှောင်ခြင်းကို စိတ်ဝိညာဉ်နှိမ့်ချခြင်းနှင့်ပျော်ရွှင် သောစိတ်နေသဘောထားအားဖြင့်ပြုလုပ်ရမည်ဖြစ်သည်။
မဿဲ ၆း၁၆-၁၈ထဲတွင် ဤသို့ဖော်ပြထားပါသည်။ “သင်တို့သည်အစာရှောင်ခြင်း အကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်းမရှိကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်သည်ကို လူအများရှေ့မှာထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။ ငါအမှန် ဆိုသည်ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏။ သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော် ၌သာထင်ရှားစေခြင်းငှါ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်းသစ် လော့။ မထင်ရှားသော အရာကိုမြင်တော်မူသောသင်တို့အဘသည် အကျိုးကိုထင်ရှားစွာပေး တော်မူလတံ့။”

No comments:
Post a Comment