၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Thursday 19 July 2018

|| သခင်ယေရှုနာမအားဖြင့် ဆုတောင်းခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း ||

 John- ၁၄း၁၃-၁၄ ထဲတွင် သခင်ယေရှုနာမအားဖြင့်ဆုတောင်းရန် ဖော်ပြထားပါသည်။ “သင်တို့သည်ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြု မည်။ အကြောင်းမူကား၊ ခမည်းတော်သည်သားတော်အားဖြင့်၊ ဘုန်းထင်ရှားတော်မူခြင်း ရှိမည်အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကိုတောင်း လျှင်တောင်းသည့်အတိုင်းငါပြုမည်။” အချို့သောသူများက ဆုတောင်းသောအခါ “သခင်ယေရှုနာမတော်အားဖြင့်”ဟုပြောလျှင် ကျွန်ုပ်တို့တောင်းသမျှ ဘုရားသခင်က ပေးမည်ဟု လွှဲမှားစွာအသုံးချတတ်ကြသည်။ ထိုသို့ယူဆခြင်းသည် “သခင်ယေရှု၏ နာမ တော်ကို” အံ့သြဖွယ်တစ်ခုအဖြစ် ခံယူခြင်းဖြစ်သည်။ ၄င်းသည်
သမ္မာကျမ်းစာ ဖော်ပြချက်နှင့်ညီညွှတ်မှုမရှိပေ။ သခင်ယေရှု၏နာမတော်အားဖြင့်ဆုတောင်းခြင်းအဓိပ္ပါယ်သည် ကျွန်ုပ်တို့သည် သားတော်သခင်ယေရှု၏ နာမတော်အားဖြင့်
ဘုရားသခင်ထံလာသောကြောင့် ကျွန်ုပ်တို့ ဆုတောင်းခြင်းကိုဘုရားသခင်က အဖြေပေးရန် သခင်ယေရှုအမိန့်တော်အားဖြင့်တောင်း လျှောက်ခြင်းဖြစ်သည်။ သခင်ယေရှု၏နာမအားဖြင့် ဆုတောင်းခြင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်းဆုတောင်းခြင်းအဓိပ္ပါယ်ရသည်။ “ငါတို့သည် ဘုရားသခင့်အထံတော် ၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကိုတောင်း လျှင် ဘုရားသခင်သည်နားတော်မူ၏။ ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူ သည်ကို ငါတို့သိလျှင်၊ အထံတော် ၌တောင်းသော ဆုတို့ကိုရမည်ဟုသိကြ၏။” (၁ယောဟန် ၅း၁၄-၁၅)။ သခင်ယေရှု၏နာမတော်အားဖြင့်ဆုတောင်းခြင်းသည် သခင်ယေရှုကို ဂုဏ်ပြုသော၊ သူ၏ဘုန်းတော်ထင်ရှားစေသော ဆုတောင်းခြင်းမျိုးဖြစ်သည်။ ဆုတောင်းခြင်းအဆုံးတွင် “သခင်ယေရှုနာမတော်အားဖြင့်” ဆုတောင်းခြင်းဟု ပြော ခြင်းသည် အလွန်ကောင်းသော နိယာမတစ်ခုမဟုတ်ပေ။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖို့ရန်မဟုတ်၊ သူ၏အလိုတော်အတိုင်းလည်းမဟုတ်ဘဲဆုတောင်းပြီး၊ “သခင်ယေရှု၏နာမတော်”ဟုပြောခြင်းသည်အဓိပ္ပါယ်မရှိပေ။ သခင်ယေရှုနာမတော်အား ဖြင့်မှန်ကန်စွာဆုတောင်းခြင်းနှင့် သူ၏ဘုန်းတော်အတွက်ဆုတောင်းခြင်းသည်အလွန်အ ရေးကြီးသည်။ ဆုတောင်းခြင်းအဆုံးတွင် အခြားသောစကားလုံးများထည့်သွင်းရန်မလို အပ်ပေ။ ဆုတောင်းသောအခါ ကျွန်ုပ်တို့မြွက်ဆိုသောစကားလုံးသည် အရေးမကြီးပေ။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်သည် ပို၍အရေးကြီးသည်။ ဘုရားသခင်၏အလိုတော်နှင့်ဆု တောင်းခြင်းသည် သခင်ယေရှုနာမတော်အားဖြင့် ဆုတောင်းခြင်း၏ အနှစ်သာရဖြစ်သည်။ AMEN

No comments:

Post a Comment