၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Friday 27 July 2018

|| အပျိုကညာမှ ယေရှု ဖွါးမြင်ခြင်း အယူဝါဒသည် မည်မျှအရေးကြီးသနည်း ?

(ဟေရှာယ ၇း၁၄၊ မဿဲ ၁း၂၃၊ လုကာ ၁း၂၇)။ ပထမအနေဖြင့်၊ သမ္မာကျမ်းစာထဲတွင်ဖော်ပြထားသော အဖြစ်အပျက်များကို ကြည့်ကြပါစို့။ မာရိဖြေကြားသောမေးခွန်း “ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။” (လုကာ ၁း၃၄)ကို ကောင်းကင်တမန် ဂါဗေလက “သန့်ရှင်းသော ၀ိညာဉ်တော်သည် သင်၏အပေါ်မှာတက်ရောက်တော်၍၊ အမြင့်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်” 
(လုကာ ၁း၃၅) ဟုဖြေကြား ခဲ့သည်။ ကောင်းကင်တမန်က ယောသအား 
မာရိကို သိမ်းပိုက်ရန် ဤသို့တိုက်တွန်းခဲ့သည်။ “ဤပဋိသန္ဓေ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏” (မဿဲ ၁း၂၀)။ 
ရှင်မဿဲက အပျိုကညာသည် “သန့်ရှင်သောဝိညာဉ် တော် ကြောင့် ပဋိသန္ဓေစွဲနေ၏” (မဿဲ ၁း၁၈) ဟုဖော်ပြထားသည်။ 
ဂလာတိ ၄း၎ ထဲတွင် အပျိုကညာဖွါးမြင်ခြင်းကို “မိန်းမ၀မ်း၌ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ဘွားမြင်ရသောသား တော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏” ဟုဖော်ပြထားပါသည်။ 

ဤကျမ်းပိုဒ်များကြည့်လျှင် သခင်ယေရှုဘွားမြင်ခြင်းသည် မာရိ၏ခန္ဓာကိုယ်ထဲတွင်သန့်ရှင်းသော ၀ိညာဉ် တော်၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း သေချာစွာတွေ့ရှိနိုင်သည်။ သာမန်မျက်စိဖြင့်မမြင်နိုင်သော (သန့်ရှင်း သောဝိညာဉ်တော်) နှင့် မျက်စိဖြင့်မြင်နိုင်သော (မာရိ၏ဗိုက်)တို့ပါဝင်သည်။ မာရိသည် မိမိကိုယ်ကို ကိုယ်ဝန်မရှိပေ။ သူမသည် အသုံးတော်ခံသော “တန်ဆာပလာ”ဖြစ်သည်။

 ဘုရားသခင်သာလျှင် ဘုရားဇာတိမှလူ့ဇာတိဖြစ်ဘွားမြင်တော် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာကို ပြုနိုင်သည်။ သို့ရာတွင် မာရိသည် သခင်ယေရ၏မိခင်ဖြစ်သည်ဟု ငြင်ပယ်ခြင်းသည် သခင်ယေရှုသည် လူသား ဖြစ်သည်ကို ငြင်းပယ်ခြင်းဖြစ်သည်။ သခင်ယေရှုသည်လူသားစစ်စစ်ဖြစ်ကြောင်း၊ သူသည် ကျွန်ုပ်တို့ကဲ့ သို့ခန္ဓာကိုယ်ရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ သူသည်ထိုခန္ဓာကိုယ်ကို မာရိထံမှ ရရှိခြင်း ဖြစ်သည်။ 

ထို့ပြင် သခင်ယေရှုသည် ဘုရားစစ်စစ်လည်းဖြစ်သည်။ သူသည် ထာဝရတည်ရှိသည်။ အပြစ် မရှိပေ (ယောဟန် ၁း၁၄၊ ၁တိ ၃း၁၆၊ ဟေဗြဲ ၂း၁၄-၁၇)။ သခင်ယေရှုသည် အပြစ်သားဘ၀ဖြင့် မဘွားခဲ့ပေ။ 
သူ့မှာ အပြစ်မရှိခဲ့ပေ (ဟေဗြဲ ၇း၂၆)။ အပြစ်တရား သည် မျိုးဆက်
သစ်များပေါ်တွင် ဖခင်အားဖြင့် ဆင်းသက်ပုံရသည် (ရောမ ၅း၁၂၊ ၁၇၊ ၁၉)။ အပျိုကညာမှ ဘွားမြင်ခြင်းသည် အပြစ်တရားမှ တိမ်းရှောင်
လွတ်မြောက်ခြင်းနှင့် ထာဝရဘုရားသခင်သည် ပြီးပြည့်စုံသော လူသားတစ်ဦးဖြစ်လာခြင်းဖြစ်သည်ကို ထင်ရှားသည်။ AMEN

No comments:

Post a Comment