၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 28 July 2018

"" Mother Teresa မာတာထ၇ီဇာ ""

လူ့လောကကြီးနဲ့လူသားတွေအတွက် အသက်ရှင်ပြီး 
အကျိုးဆောင်ခဲ့သူတွေအနက် မာသာထရီဇာသည်တစ်ဦးအပါအ၀င်ပါ။ ရှိရှိသမျှကိုယ်ကျိုးစွန့်ပြီး အငယ်ဆုံးသောသူအတွက် တတ်စွမ်းသလောက် လုပ်ဆောင်သွားခဲ့သူဖြစ်ပါသည်။ ဒီလိုလူတွေအဖို. သူလုပ်ဆောင်ရခြင်းအတွက် ဘာဆိုဘာမှလည်းမတောင်းဆိုခဲ့သလို၊ လုပ်ပေးရလောက်အောင် 
တန်ကော-တန်ရဲ့လားလို့ သံသယလည်းမဖြစ်ခဲ့ပါဘူး။ သူမဆီကခွန်အားရယူကြပါစို့။ 

မာသာထရီဇာ=အဂ္ဂနက်စ်ဂွန်ဇာဘိုဂျက်ဇုကို ၁၉၁၀ခုနှစ်၊သြဂုတ်လ၊၂၆ရက်နေ့တွင်အော်တိုမင်အင်ပါယာ၊ဥဇကပ် 
(ယခုကာလ၊ မက်ဆီဒိုးနီးယားနိုင်ငံရဲ့မြို့တော်၊ စကုပ်ဂျီ)မှာ ဖွားမြင်ခဲ့ပါတယ်။ သူမဟာအယ်လဘေးနီးယားနိုင်ငံ၊ စကိုဒါဒေသကလာတဲ့ နီကိုလေနဲ့ဒရာနာဘိုဂျက်ဇုမိသားစုရဲ့အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။ အယ်လဘေးနီးယန်းနိုင်ငံရေး လောကမှာ ကျင်လည်နေတဲ့သူမရဲ့ ဖခင်နီကိုလေကွယ်လွန်ချိန်၊၁၉၁၉ခုနှစ်အချန်မှာ သူမဟာ 
အသက်(ဂ)နှစ် အရွယ်သာရှိပါသေးတယ်။ ဖခင်ကွယ်လွန်ပြီးချိန်မှာ 
မိခင်ဖြစ်သူက သူမကို ရိုမန်ကက်သလစ်ဘာသာဝင်
တစ်ယောက်ဖြစ်လာအောင် သွန်သင်ခဲ့ပါတယ်။ ဖခင်နီကိုလေဟာပရစ်ဇန်ကိုဆိုဗိုကလာသူဖြစ်ပြီး 
မိခင်ဒရာနာ ကတော့ ဒါကိုဗီကာကိုဆိုဗိုဒေသအနီးက 
ရွာလေး တစ်ရွာကဖြစ်ပုံ ရပါတယ်။ 

သူမရဲ့ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုအိန္ဒိယပြည်မှာ သာသနာပြုခဲ့တဲ့ပုဂ္ဂိုလ်တွေရဲအသက်တာဖြစ်ရပ် တွေကကြီးစိုးလွမ်းမိုး ထားပုံရပါတယ်။ အသက်၁၂နှစ်အရွယ် မှာတော့ အဂ္ဂနက်စ်ကလေးဟာဘာသာရေးလောကထဲကို ၀င်ရောက်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။သူမရဲ့နောက်ဆုံ;
အဓိဌာန်ကို သူမဘုရားဖူးသွားလေ့ရှိတဲ့လက်နိုက်စ်ကမက်ဒေါနား
ရုပ်တုရှေ့ မှောက်မှာဆုတောင်းနေစဉ် ၁၉၂၈ခုနှစ်ရဲ့သြဂုတ်လ၊ ၁၅ရက်နေ့မှာ ချခဲ့တာဖြစ်ပါတယ်။ သီလရှင်တစ်ပါးဖြစ်လာဖို့ အတွက် အသက်၁၈နှစ် အရွယ်မှာလော်ရီ တိုကသီလရှင်ကျောင်းကိုဝင်ဖို့အိမ်ကထွက်ခွာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့အဂနက်စ်ဟာအိမ်ကမိခင်နဲ့ အစ်မတွေကိုပြန်ဆုံတွေ့ခွင့်မကြုံတော့ပါဘူး။ 

ပထမဦးစွာအင်္ဂလိပ်စာသင်ဖို့အဂ္ဂနက်စ်ဟာအိုင်ယာလန်နိုင်ငံ၊ ရပ်ဖ်ဖာဟမ်မှာရှိတဲ့လော်ရီတိုသီလရှင်ကျောင်းကိုသွားရပါတယ်။ 
ဒီကျောင်းဟာ အိန္ဒိယကခလေးသူငယ်တွေကိုအင်္ဂလိပ်စာသင်ဖို့ အတွက်လော်ရီတိုကသီလရှင်တွေတက်လေ့ရှိတဲ့ကျောင်းဖြစ်ပါတယ်။ ၁၉၂၉ခုနှစ်မှာတော့အဂ္ဂနက်စ်ဟာအိန္ဒိယပြည်ကိုရောက်ရှိလာပြီး ဟိမ၀န္တာတောင်ခြေနားကဒါဂျီလင်မှာသာသနာအမှုတော်ကို
စတင်ခဲ့ပါတယ်။ အဂ္ဂနက်စ်ဟာသူမတို့ရဲ့ကွန်ဗင့်ကျောင်းမှာ
ကလေးတွေကို စာသင်နေရင်းအနီးမှာ ရှိတဲ့စိန့်ထရီဇာကျောင်းမှာဘင်ဂါလီဘာသာကို
သင်ယူခဲ့ ပါတယ်။ ၁၉၃၁ခုနှစ်၊မေလ(၂၄)ရက်နေ့မှာတော့သီလရှင်တစ်ပါးအဖြစ်သစ္စာ ဆိုခဲ့ပါတယ်။စိန့်ထရီစီဒီလီစီယော့ဆ်ရဲ့ဘွဲ့နာမကိုခံယူလိုပေမယ့် ကွန်ဗင့်ကျောင်းကအခြားသီလရှင်တစ်ပါးခံယူသွားပြီးဖြစ်သောကြောင့် စပိန်ဘာသာအရထရီဇာဆိုတဲ့အမည်ကိုဘဲခံယူလိုက်ပါတယ်။ ကလ္တကတ္တားမြို့အရှေ့ဖက်ပိုင်းကအန္တာလီကွန်ဗင့်ကျောင်းမှာ စာပြနေတဲ့အချိန်၊၁၉၃၇ခုနှစ်၊မေလ(၁၄)ရက်နေ့မှာတော့လေးနက်တဲ့ သစ္စာကိုပြုခဲ့ပါတယ်။အဲဒီမှာနှစ်ပေါင်းနှစ်ဆယ်နီးပါး 
တာဝန်ထမ်းဆောင်ပြီးချိန်၊ ၁၉၄၄ခုနှစ်မှာကျောင်းအုပ် 
ဆရာမကြီးဖြစ်လာခဲ့ပါတယ်။ 

ကျောင်းမှာစာသင်ပြရတာကိုသီလရှင်ထရီဇာပျော်ပိုက်ပါတယ်။ ဒါပေမယ့်ပတ်ပတ်လည်မှာမြင်နေရတဲ့ကလ္တကတ္တားရဲ့ ဆင်းရဲတွင်းနက်မှုကသူမကိုပိုပြီးစိတ် အနှောက်အယှက်ဖြစ်စေပါတယ်။ ၁၉၄၃ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဘင်္ဂလားငတ်မှုခေါင်းပါးမှုဘေးကမြို့တော်ကြီးဆီ အနိတ္ထာရုံတွေနဲ့အနိစ္စတရားကိုသယ်ဆောင်လာချိန်၊ ၁၉၄၆ခုနှစ်သြဂုတ်လမှာဖြစ်ပွားခဲ့တဲ့ဟိန္ဒူနဲ့မူဆလင်လူမျိုးတို့ရဲ့ အဓိကရုဏ်းကြီးကလ္တကတ္တားမြို့ကြီးကို ဒုက္ခပင်လယ်ဝေစေခဲ့ပြီးချောက်ချားစရာဌာနေတစ်ခုဖြစ်စေခဲ့ပါတယ်။ ၁၉၄၆ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်နေ့၊ခါတိုင်းနှစ်တွေလို
ကလ္တကတ္တား ကနေဒါဂျီလင်ကလော်ရီတိုကွန်ဗင့်ကျောင်းကိုအသွားမီးရထား ဘူတာရုံမှာခေါ်သံကိုသူမကြားလိုက်ရပြီ။ငါဟာကွန်ဗင့်ကျောင်းက ထွက်ခွာပြီးတော့ဆင်းရဲသားတွေတောထဲမှာနေထိုင်ရင်း သူတို့ကိုကူညီရမယ်။ဒါဟာအထက်ကလာတဲ့အမိန့်ဖြစ်တယ်။ ဒါကိုလုပ်ဆောင်ဖို့ပျက်ကွက်ခြင်းဟာငါ့ရဲ့ယုံကြည်ခြင်း
ပျက်သုံး သွားခြင်းဘဲ..လို့ သူမခံယူခဲ့ပါတယ်။ ၁၉၄၈ခုနှစ်မှာတော့လော်ရီတိုသီလရှင်ဝတ်ရုံဖြူအစား
အပြာစင်း အနားသတ်တွေပါတဲ့ဝတ်ရုံကိုပြောင်းလဲဝတ်ဆင် ပြီးဆင်းရဲသားတွေအတွက် စတင်လုပ်ဆောင် ပါတော့တယ်။ အိန္ဒိယလူမျိုးအဖြစ်ခံယူပြီးပန်တာကဆေးရုံ မှာလအနည်း ငယ်ကြာဆေးပညာသင်ယူပြီးသည့်ကာလကလ္တကတ္တားရဲ့ ဆင်းရဲသား ရပ်ကွပ်ထဲမှာအလုပ်စတင်ခဲ့ပါတယ်။အစဦးဆုံးမော်တစ်ဂ်ျဟေးလ် မှာကျောင်းတစ်ကျောင်းဖွင့်တယ်။များမကြာမီလူမွဲတွေနဲ့ငတ်မွတ်ခေါင်းပါး သူတွေအတွက်စတင်လုပ်ဆောင်ပါတော့တယ်။ ၁၉၄၉ခုနှစ်ဦးပိုင်းမှာတော့အမျိုးသမီးငယ်တစ်စုက
သူမရဲ့လုပ်ငန်းမှာ ပါဝင်လာခဲ့ပြီး ဆင်းရဲတကာ့
အဆင်းရဲဆုံးသူများအတွက် အမှုတော်ကိုစတင်ခဲ့ပါတယ်။ များမကြာမီအချိန်အတွင်းမှာသူမရဲ့လုပ်ဆောင်မှုတွေကို အာဏာပိုင်တွေကသတိပြုမိလာပြီး ၀န်ကြီးချုပ်ကိုယ်တိုင်ကအသိအမှတ်ပြုမှုကိုဖေါ်ပြလာပါတယ်။ 
မာသာထရီဇာရဲ့ ဒိုင်ယာရီအရ ဆိုရင်တော့ပထမနှစ်ဟာ 
အခက်အခဲတွေနဲ့ နပန်းလုံးနေရတဲ့ကာလပါဘဲ။ ၀င်ငွေတပြားမှမရှိတဲ့အတွက်အစားအသောက်နဲ့အထောက်အပံ့ အတွက်ဖြေရှင်းစရာ နည်းလမ်းကတော့လိုက်လံတောင်းရမ်းရခြင်းပါဘဲ။ အစဦးပိုင်းလတွေမှာသံသယတွေနဲ့ အထီးကျန်မှုတွေကြောင့်ပိုပြီးသက်တောင့်သက်သာ
ရှိတဲ့ ကွန်ဗင်းကျောင်းကိုပြန်ချင်တဲ့အထိဖြစ်ခဲ့ပါတယ်။ သူမရဲ့ဒိုင်ယာရီထဲမှာသခင်ဘုရားကဆင်းရဲခြင်းကားတိုင်ကိုထမ်းဖို့ လွပ်လပ်တဲ့သီလရှင်တစ်ပါးဖြစ်စေချင်ခဲ့ပြီ။ 

ဒီကနေ့သင်ခန်းစာကောင်းကိုရခဲ့ပြီ။ဆင်းရဲသားတွေကြုံတွေ့ရတဲ့ 
ဒုက္ခဟာသူ တို့အတွက်ပင်ပန်းလှပါတယ်။သူတို့အတွက်နေစရာအိမ်၊ အစားအစာနဲ့ကျန်းမာရေးအတွက်ဘယ်လောက်များ ခက်ခက်ခဲခဲကြိုးပမ်းရမလဲ။ဒီလိုနဲ့ကျွန်မဟာအလိုတော် အတိုင်းဒီမှာဘဲဆက်နေဖို့ဆန္ဒပြုခဲ့ပါတယ်။သူတို့မျက်ရည် တစ်စက်မကျစေရပါဘူး။.. Missionary of Charity အဖြစ်ရပ်တည်လုပ်ဆောင်သွားရန်ခွင့်ပြုချက်ကို၁၉၅၀ခုနှစ် ၊အောက်တိုဘာလ(ရ)ရက်နေ့မှာဗာတီကန်ကခွင့်ပြုခဲ့ပါတယ်။ 
မစ်ရှင်ကတော့သူမ အဆိုအတိုင်းပြောရပါကဆာလောင်သူ၊အ၀တ်မဲ့သူ၊ အိမ်မဲ့ယာမဲ့၊ဒုက္ခိတ၊မျက်မမြင်၊ နူနာ စွဲသူများ၊အပယ်ခံများ၊ လူအသိုင်းအ၀ိုင်းက စွန့်ပယ်ခြင်းခံရသူများ၊ လူ့အဖွဲ့အစည်းအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေသူများ၊ လူတိုင်းနှာခေါင်းရှုံ့မှုခံနေရသူများ အတွက်ပါဘဲ။ 

အဲဒီအချိန်တုန်းကကလ္တကတ္တားမှာသီလရှင်(၁၃)ပါးနဲ့စတင်ခဲ့တဲ့ အမှုဟာ ခုချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာမိဘမဲ့ဂေဟာတွေ၊ အေအိုင်ဒီအက်စ် စောင့်ရှောက်မှူလုပ်ငန်းတွေ၊ဂရုဏာလုပ်ငန်းအမျိုးမျိုးကို 
လုပ်ဆောင်နေကြတဲ့ သီလရှင်ပေါင်း(၄၀၀၀)ကျော်ရှိနေပါပြီ။ ၁၉၅၂ခုနှစ်၊ကလ္တကတ္တားမြို့တော်မှာသေခါနီးလူတွေအတွက်ဂေဟာ 
တစ်ခုကို စတင်ဖွင့် လှစ်ခဲ့ပါတယ်။အာဏာပိုင်တွေရဲ့အကူအညီနဲ့စွန့်ပစ် 
ထားတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ဆောင်ကို အခမဲ့သေခါနီးစောင့်ရှောက်မှုဂေဟာ အဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဂေဟာကိုရောက်လာသူတွေဟာ
ဆေးကု သမှုကို ခံယူရတဲ့အပြင်သေဆုံးသူတွေကလည်း လူလိုသူလိုဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်ရဲ့ဘာသာရေး ထုံးတမ်းစဉ်လာအတိုင်းသဂြိုင်္လ်ခွင့်ရကြပါတယ်။ 
သူမရဲ့အဆိုအရ ..တိရိစ္ဆာန်သဖွယ် အသက်ရှင် ခဲ့ရပေမယ့်နတ်သမီး၊နတ်သားတွေလို ချစ်ခင်မှု၊လိုလားမှု 
ရှိရှိသေဆုံး ခွင့်ရခြင်း..ပါတဲ့။ 

မကြာမီမှာတော့မာသာထရီဇာဟာအနာကြီးရောဂါသည်တွေအတွက် 
ရှန်တိနဂ္ဂ်ဂါ ဆိုတဲ့ငြိမ်းချမ်းရေးမြို့တော်ကို တည်ဆောက်ခဲ့ပါတယ်။ သူမရဲ့ဂရုဏာရှင်အဖွဲ့ကလည်းကလ္တကတ္တားမြို့ တစ်ဝှမ်းအနာကြီးရောဂါသည်တွေကိုလိုက်လံရှာဖွေပြီး အစာရေစာ၊ဆေးဝါးနဲ့အနာကိုပတ်တီးစည်းပေးကြပါတယ်။ စောင့်ရှောက်ထားတဲ့မိဘမဲ့ကလေးတွေတဖြည်းဖြည်းနဲ့များပြားလာချိန်မှာ သူတို့တွေအတွက်ဂေဟာတစ်ဆောင်ဆောက်ဖို့စိတ်ကူးရှိလာပါတယ်။ ၁၉၅၅ခုနှစ်မှာ အိမ်မဲ့ယာမဲ့နဲ့မိဘမဲ့လလေးတွေအတွက် နမ္မာလရှိရှုဗပ္မာန်ဂေဟာကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 
 ဂရုဏာသီလရှင်များ အမှုတော်ဟာ အလှူရှင်တွေကိုရောပါဝင်ဆက်ကပ်လိုသူတွေကိုပါ
ဆွဲဆောင်နိုင်ခဲ့ပြီး ၁၉၆၀ခုနှစ်များအတွင်းမှာ အိန္ဒိယနိုင်တစ်ဝှမ်းစောင့်ရှောက်မှုဂေဟာတွေ၊ မိဘမဲ့ဂေဟာတွေနဲ့အနာကြီးစောင့်ရှောက်မှုဂေဟာတွေကို အမြောက်အများဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 
မာသာထရီဇာဟာသူမလုပ်ကိုတကမ္ဘာလုံး အတိုင်းအတာဖြစ်လာအောင်ကြိုးပမ်းခဲ့ပါတယ်။ 
အိန္ဒိ္ဒယပြင်ပရဲ့ပထမဦးဆုံးခြေလှမ်း အနေနဲ့ဗင်နီဇွဲလားနိုင်ငံမှာသီလရှင်ငါးပါး ပါဝင်တဲ့ဂေဟာတစ်ဆောင်ကို၁၉၆၅ခုနှစ်မှာ ဖွင့်လှစ်နိုင်ငံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့၁၉၆၈ခုနှစ်မှာရောမ၊ တန်ဇန်းနီးယားနဲ့သြစတြီးယားတွေမှာလည်းကောင်း၊ ၁၉၇၀ခုနှစ်တွေအတွင်းမှာအာရှ၊အာဖရိက၊ဥရောပနဲ့ အမေရိကမှာဂေဟာနဲ့ဖောင်ဒေးရှင်းဒါဇင်ပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။၁၉၆၃ခုနှစ်မှာဂရုဏာကိုယ်တော်များ အဖွဲ့ကိုထူထောင်နိုင်ခဲ့ပြီးတော့ ၁၉၇၆ခုနှစ်မှာတော့သီလရှင်များအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ မာသာထရီဇာရဲ့လုပ်ငန်းမှာသာမန်ကက်သလစ်ဘာသာဝင်တွေရော၊ ကက်သလစ်ဘာသာဝင်မဟုတ်သူတွေပါပူးပေါင်းပါဝင်လာပါတယ်။ ၁၉၈၄ခုနှစ်မှာဖာသာဂျိုးဇက်လန်းဂ်ဖေါ့ဒ်နဲ့ဂရုဏာ ဘုန်းတော်ကြီးသာသနာပြုအဖွဲ့ကိုထူထောင်ပြီး သာသနာအမှုကိုပြုခဲ့ပါတယ်။

၂၀၀၇ခုနှစ်မှာတော့ ဂရုဏာသာသနာပြုအဖွဲ့ဟာနိုင်ငံပေါင်း၁၂၀မှာ ကိုယ်တော်အပါး၄၅၀၊သီလရှင်အပါး၅၀၀၀နဲ့ကျောင်း၊ဂေဟာတွေ အပါအ၀င်သာသနာလုပ်ငန်းပေါင်း ၆၀၀ကျော် ကိုလုပ်ဆောင်နေပါပြီ။ မာသာထရီဇာဟာအိန္ဒိယအစိုးရရဲ့အသိ အမှတ်ပြုမှုကို ခံရပြီး၁၉၆၂ခုနှစ်မှာပဒ္ဒမာသီရိဘွဲ့ကိုလည်းကောင်း၊ ၁၉၆၉ခုနှစ်မှာ နေရုးဆုတံဆိပ်ကိုလည်းကောင်းချီးမြင့်ခြင်း ခံခဲ့ရပြီး၁၉၇၂ခုနှစ်တွေမှာလည်း အလားတူ ဘွဲ့တံဆိပ်ကြီးတွေချီးမြင့်ခြင်းခံခဲ့ရသည့်အပြင်၁၉၈၀ခုနှစ်မှာ အိန္ဒိယရဲ့ အမြင့်ဆုံးနိုင်ငံသားဆုတံဆိပ်ဘာရက်ရတ်တ္တနာ ဆုတံဆိပ်အပ်နှင်းခြင်းခံခဲ့ရပါတယ်။ 

၁၉၇၉ခုနှစ်မှာတော့ကမ္ဘာ့နိုဗယ်ငြိမ်းချမ်းရေးဆုကြီးကို ရယူနိုင်ခဲ့ပါတယ်။ မာသာထရီဇာကိုဂုဏ်ပြုအပ်နှင်းခဲ့တဲ့ ဆုတံဆိပ်တွေကတော့မရေ မတွက်နိုင် အောင်ပါဘဲ။ ၁၉၉၇ခုနှစ၊်မတ်လ(၁၃)ရက်နေ့မှာဂရုဏာသာသနာပြု လုပ်းငန်းရဲ့အကြီးအကဲရာထူးမှအနားယူပြီးနောက် ၁၉၉၇ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့မှာတော့လူ့လောက ထဲကအပြီးအပိုင်အနားယူထွက်ခွာသွားခဲ့ပါတယ်။ လူကွယ်လွန်သွားခဲ့သော်လည်းသူမရဲ့လက်ရာခြေရာတွေကတော့ လူသားတွေအတွက်ဆက်လက်အကျိုးပြုနေဆဲပါဘဲ။ မာတာထရီဇာ၏ စိတ်နေသဘောထားကို ဖတ်ရှုလေ.လာခြင်းဖြင်. 
အယောက်တိုင်းအတွက် ကောင်းချီးရှိပါစေ...အာမင်း။

No comments:

Post a Comment