၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 1 July 2019

ဘယ်နေရာ၌ ကိုယ်ရောက်နေသလဲ

ကျွန်တော်တို့ လူတယောက်ရဲ့ ရုပ်ခန္ဓာ 
Den Haag မှာ ရှိနေတယ် 
ဆိုရင် တိတိကျကျ သိရသလို
Amsterdam ရှိနေတယ် ဆိုလဲ မိမိကိုယ် မိမိ 
ဘယ်မှာ ရှိနေတယ် 
ဆိုတာ သိနိုင်သလို၊ အခြား လူများလည်း
 မြင်လို့ သိနိုင်တယ်။ သို့သော် စိတ်ကူး စိတ်သန်းက 
ဘယ်မှာ တွေးတော နေလဲ ဆိုတာကိုတော့ ထိုသူ ကိုယ်တိုင်ဘဲ သိနိုင်တယ်။ နောက်တဆင့် မိမိဝိညာဉ် က ဘုရား အထဲ ရောက်နေတယ်၊ မရောက်ဘူး ဆိုတာ ကိုတော့ ဝိညဉ် ရဲ့ ခံစားနိုင်မှု အာရုံခံ ထက်မြတ်မှု အပေါ်မှာ မူတည် နေတာမို့၊ ဝိညာဉ် အာရုံခံ အင်္ဂါ စူးရှ ထက်မြတ် ဖို့တော့ လိုအပ်တယ်။ ဒါတင်မက လူရဲ့ ဝိညာဉ် နဲ့ ဘုရားရဲ့ ဝိညာဉ် တို့ထိ ခံစားရမှု၊ ဝိညာဉ်၌ အလင်းရရှိမှု နဲ့ လူရဲ့ စိတ်ထဲက ထင်မြင်တာလား ဆိုတာ တို့ကို ရှင်းလင်းစွာ သိနိုင်ဖို့ စိတ်နဲ့ ဝိညာဉ်ကို ပိုင်းခြားနိုင်တဲ့ဝိညာဉ်သိ ရဖို့ လိုတယ်။ လူရဲ့ စိတ်သည် ဝိညာဉ် အရာကို နားလည်နိုင်ဖို့ အဓိက 
တံခါးဝ ဖြစ်တယ်။ ဒါကြောင့် ခရစ်တော်က "စိတ်ထား" ပြင်ဖို့၊ စိတ်ထား ပြောင်းလဲ ခံယူဖို့ ပြောနေတာ ဖြစ်တယ်။ 
ကလေးသူငယ်ကဲ့သို့ စိတ်၊ သဘော နှိမ့်ချခြင်း 
lowliness and humbleness ဖြစ်ဖို့ လိုတယ်။ 
ဒီသဘောနဲ့ ဆန့်ကျင်ဘက်ဟာ လူရဲ့ မာန် နဲ့ မာန ဖြစ်တယ်။ 
လူရဲ့ ဂရု မပြုမိတဲ့ မာန နဲ့ မာန် တွေ က ဘုရားရွံ မုန်း တဲ့ အရာမို့ လူက ဘုရားကို ဆက်ကပ် အပ်နှံပါတယ်၊ ကိုယ်တော် ကြွဝင်တော်မူပါ၊
 ပြုပြင်ပေးပါ လို့ နှုတ်က ပြောဆိုနေသော်လဲ ဘုရား အလုပ် 
လုပ်ပေးလို့ မရတာ၊ ဘုရားကို တို့ထိ ခံစားရတဲ့ သက်သေ ကိုယ် မခံစားရခြင်း တွေက ကလေးသူငယ်လို ပြောင်းလဲ ခံယူလိုတဲ့ 
စိတ်သဘော မရှိလို့ဖြစ်တယ်။ ဒီ့အပြင် လူနဲ့ ဘုရား 
ဆက်သွယ် တဲ့ အခါ အဓိက ဖြစ်တဲ့ 
(၁)ဝိညာဉ်၊ စိတ်၊ ခန္ဓာ ရဲ့ အတွင်းပိုင်း ဆက်စပ် အလုပ်လုပ်ပုံ၊ 
(၂) ပုဂ္ဂိုလ် ၃ပါး တစ်ဝိညာဉ် တည်း ဖြစ်သော ဘုရား ဆိုတဲ့ ခမည်းတော်၊ နှုတ်ကပတ်တော်၊ သန့်ရှင်းသော ဝိညာဉ်တော် အဖြစ်မှ 
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် အဖြစ်
 ရောက်ရှိ သွားအြီးနောက် ဖြစ်ပေါ်လာသော အသက်ရှင်စေ
တတ်သော ဝိညာဉ် တော် နှင့် သူ၏တရား နှင့် လူ၏ 
အတွင်းပိုင်း ၌ ဘုရား အလုပ်လုပ်ပုံ၊ 
(၃) ဝတ်ပြုခြင်း ဆိုင်ရာ ဘုရား၏ စည်းမျဉ်းများ၊ တဲတော် နှင့် 
တဲတော်ပစ္စည်း များ၏ ခရစ်တော်ကို ဖေါ်ပြနေသည့် ဝိညာဉ် 
အရာများ၊ လူသည် ဘုရားနားသို့ အဆင့်ဆင့် တဆင့်ပြီး မှ တဆင့် ချဉ်းကပ် လို့ ရတယ် ဆိုတဲ့ တဲတော် ၌ ယဇ်ပရောဟိတ်များ ၏ အလုပ်နဲ့ 
ခံစားခွင်းများ၊ အဲ့ဒီ အခြေခံ အရာတွေ ခါးပြတ် နေလို့ ဝိညာဉ် 
အမြင် ရရှိခြင်း မရှိ သေးတော့ ကိုယ် ဘယ်နေရာ မှာ ဘယ်လို 
အသက်ရှင် နေသလဲ၊ ခရစ်တော် နဲ့ ယုံကြည်သူ နက်နဲတဲ့ ဝိညာဉ် 
ထဲမှာ ဘယ်လို ပျော်မွေခြင်း ရှိတယ် ဆိုတဲ့ အရာကို နားလည် နိုင်ဖို့ရာ အလှမ်းဝေး နေသေးတယ် လို့ ဆိုရမယ်။ အသက်တာထဲ ဘုရားကို 
တို့ထိ ခံစားဖူး ရုံ မျှ မကဘဲ ခရစ်တော် အထဲ၊ ခရစ်တော်၏ ခန္ဓာကိုယ် 
အထဲ ဆက်လက် တည် နေဖို့ လိုသေးသည်။ ခရစ်တော်၌ တည် မနေတတ် သေးသောကြောင့် အဘယ် အသီးမျှ သီးလာခြင်း ကို မမြင်ရတာဖြစ်တယ်။
 တနည်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ် ထဲမှ ခရစ်တော်
 ပေါ်ထွန်းလာခြင်း မရှိသေးတဲ့အခါ ခရစ်တော်ကို ကိုယ်စားပြု သက်သေပြစရာ မဖြစ်လာခြင်း ဖြစ်တယ်။ ဒါကြောင့် အသက်ရှင်စဉ် 
အခါ ရှင်ပေါလု ပြောခဲ့တဲ့ "ငါအသက်ရှင်နေတာ ခရစ်တော်ဘဲ ဖြစ်တယ်" 
ဆိုတဲ့ အထိ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းက မိမိအသက်တာထဲ အလေ့အထ တခုအဖြစ် ဖြစ်တည် လာဖို့ ကိုယ့်ဝိညာဉ် အထဲရှိ ဘုရားရဲ့ 
အသက်ကို ကိုယ့်ရဲ့ စိတ်က ခွင့်ပြု ပေးပြီး ခန္ဓာကိုယ်က 
ခရစ်တော်ရဲ့ စေခိုင်းတဲ့ အတိုင်း နာခံ တဲ့ အခါ ကိုယ့်အထဲက ဘုရား ဘယ်လို လုပ်ဆောင်ပေးသွားတယ် ဆိုတာ ကိုယ့်မှာ သက်သေ ရသွားတယ်။ ဒီအခါ ကိုယ် ဘယ်နေရာမှာ ရှိနေလဲ၊ ဇာတိစိတ်လား၊ 
ဝိညာဉ် သက်နဲ့ ရှင်လား ဆိုတာ တိကျစွာ 
ခံစားသိရှိလာမှာ ဖြစ်တယ်။ အာမင်း။

No comments:

Post a Comment