၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 23 July 2019

Pornသည် နတ်ဆိုး ထောင်ချောက်/စာတန်နည်းဗျူဟာ

Pornography (မြန်မာအခေါ် အပြာကား)သည် နတ်ဆိုး၏ 
လူငယ်များနှုင်. မိသားစုများကို ဖျက်စီးပြီး ဘုရားသခင်၏ 
ချစ်ခြင်းမေတ္တာမှ ဝေးကွာစေသည်. အထိရောက်ဆုံးနှုင်.
 အကောင်းဆုံး နည်းဗျူဟာ-လက်နက်ဖြစ်ပြီး 
ထို ညစ်ညမ်းရုပ်ရှင်pornography အား ၁၉၉၇ မှ 
အင်တာနက်၌ စတင် ၀င်ရောက်လာခဲ.သည်။ 
 2017 တွင် လုူပေါင်း 28.5 billion ၀င်ရောက်ကြည်.ရှုပြီး
 တနေ.လျှင် 81 million ဦး၊ ၁ နာရီ 4 million -၁ မိနစ်လျှင်,
 56,000 ဦး ၁ စက္ကန်. ၈၀၀ နှုန်း ၀င်ရောက်ကြည်. ရှုကြသည်။
 2016 Video ကားပေါင်း သန်း(91,980) ကြည်.ရှုရာမှ
 ၂၀၁၈ တွင် ကားပေါင်း သန်း (109,012) အထိ တိုးပြီး အရွယ်စုံမှ ကြည်.ကြသည်ဟု ဖေါ်ပြသည်။ အဆိပ်ဖြစ်စေနိုင်သောအပြာရုပ်ရှင်၊ အဆိပ်ဖြစ်စေနိုင်သောလိင်စိတ် အပြာစာပေရုပ်ရှင်စွဲလန်းစိတ်မှ လွတ်မြောက်မှုကိုရှာပါ၊
ယင်း၏ မုသား ၉ ချက်နှင့် လွတ်မြောက်ရန်
နည်းလမ်းကို ကြည့်ပါ။ (Jame Maxconald) 
  
အပြာစာပေရုပ်ရှင် & စွဲလန်းမှု …
 မူမမှန်လိင်စိတ် အပြာစာပေရုပ်ရှင်၏ အကျိုးဆက်များ - 
ယင်း၏စွဲလန်းစိတ်။ ချမ်းအေးမှောင်မှိုက်တဲ့ညမှာ မီးလင်းဖိုထဲက မီးတောက်တစ်ခုလောက် အရသာရှိတာ မရှိပါဘူး။ လုံခြုံတယ်၊ နွေးတယ်၊ စိတ်ဖြေစရာဖြစ်ပြီး ကဗျာဆန်လှပါတယ်။ ကဲ အဲဒီမီးကို မီးဖိုထဲကထုတ်ယူပြီး ဧည့်ခန်းထဲမှာ ချထားကြည့်ပါ။ အဲဒီမီးဟာ လောင်ကျွမ်းပျက်စီးစရာပစ္စည်း ဖြစ်သွားပြီ။ လိင်မှုကိစ္စဟာ အဲဒီမီးလိုပါပဲ။ လိင်ကိစ္စဟာ သစ္စာတရားနဲ့ကာကွယ်ထားတဲ့ ထိမ်းမြားမင်္ဂလာအတွင်းမှာ ဖော်ဆောင်တယ်ဆိုရင် ဒါဟာ ကျေနပ်စရာ၊ နွေးထွေးလုံခြုံမှုရှိပြီး ကြည်နူးဖွယ်ရာဖြစ်ပါတယ်။ အပြာစာပေရုပ်ရှင်ကတော့ လိင်မှုကို အဲဒီအနေအထားကနေ တလွဲဖြစ်စေပါတယ်။ 

အပြာစွဲလန်းမှုကို ဘာကပိုဆိုးဝါးစေသလဲ? 
စိတ်ပိုင်းဆိုင်ရာနယ်ပယ်ရဲ့ ပဓာနအကျဆုံးအပိုင်းတစ်ခုက ကျနော်တို့ရဲ့လိင်မှုသဘောသဘာဝအပေါ် မှန်ကန်တဲ့ ခံယူချက်ရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီခံယူချက်တွေကို ညစ်ညမ်းစေပြီဆိုရင် ကျနော်တို့ရဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဟာ မူမမှန်တော့ပါဘူး။ အပြာစာပေရုပ်ရှင်တွေက လိင်၊ အချစ်၊ နဲ့ ဖောက်ပြားခြင်းတွေဟာ ကွာခြားမှုမရှိဘူးလို့ ပြောပါတယ်။ အပြာရုပ်ရှင်တွေမှာ လူတွေဟာ 
သူစိမ်းတရံတွေ -- ခုမှတွေ့တဲ့လူတွေ -- နဲ့ လိင်ဆက်ဆံတယ်။ 
အရေးကြီးတာ ကိုယ်ကျေနပ်မှုရဖို့ပဲ။ ကိုယ်အာသာပြေဖို့ ဘယ်သူ့ခန္ဓာကိုယ်ကိုပဲသုံးသုံး ကိစ္စမရှိဘူး။ 
ဒါကြောင့် အပြာရုပ်ရှင်စာပေက မေထုန်သံဝါသကို ဘယ်အချိန်၊ 
ဘယ်နေရာ၊ ဘယ်သူနဲ့မဆို ဘာအကျိုးဆက်မျှမရှိဘဲ
 ပြုနိုင်တယ်လို့ တွေးမြင်လာစေပါတယ်။ 

အပြာရဲ့ပေါ့ပေါ့တန်တန်အမြင်ရှိခြင်းရဲ့ ပြဿနာကတော့ ကျားမအိမ်ထောင်မှုတွေဟာ အမှန်ဆို ဖိုမဆက်ဆံခြင်းအပေါ်မှာ အခြေပြုတာ မဟုတ်ပါဘူး၊ သစ္စာစောင့်သိမှု၊ ဂရုစိုက်မှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေမှာ အခြေပြုတာပါ။ အဲဒီ အနေအထားမှာ မီးလင်းဖိုထဲက မီးတောက်လိုပဲ လိင်မှုဟာ နှစ်သက်ပျော်ရွှင်စရာဖြစ်ပါတယ်။ ကိုယ့်ကို မေတ္တာထားလက်ခံတဲ့သူ၊ ကိုယ့်ဘဝတစ်ခုလုံးအတွက် သစ္စာပြုထားတဲ့သူ၊ ကိုယ့်တစ်ဘဝလုံးကို ပုံအပ်ပေးထားနိုင်တဲ့သူနဲ့ နေရတာ၊ အဲဒါက လိင်မှုသံဝါသကို အလွန်သာယာပျော်ရွှင်စေတဲ့ အချက်ပဲဖြစ်ပါတယ်။ 

အပြာစာပေရုပ်ရှင်စွဲလန်းစိတ်မှ လွတ်မြောက်မှုကိုရှာရန် -
 မုသားများကိုသတိချပ်ပါ အပြာစာပေရုပ်ရှင်ကနေ လိင်အကြောင်းအမှန်တရားတွေကို မတွေ့နိုင်ပါဘူး။ 

အမှန်တရားနဲ့မသက်ဆိုင်လို့ပါပဲ။ အပြာဆိုတာ ပညာပေးဖို့မဟုတ်ဘဲ၊ ရောင်းချဖို့ပါ။ ဘယ်လိုရနေသလဲဆိုတာ အရေးမစိုက်ဘဲ ငွေတွေအများကြီးရစေတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ သူတို့ထုတ်လုပ်ရောင်းချသမျှကို ပြန်လာပြီးထပ်ဝယ်ချင်အောင် လုပ်မှာဖြစ်တယ်။ ဒါကြောင့် အပြာလုပ်ငန်းက ပရိသတ်ကြီးကို ဆွဲဆောင်ဖမ်းစားထားဖို့ ဘယ်လိုမုသားမဆို ပြောမှာပဲ။ အပြာလုပ်ငန်းဟာ မုသားသုံးပြီး အောင်မြင်နေတာပါ -- လိင်၊ မိန်းမ၊ အိမ်ထောင်ရေးနဲ့ တခြားအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ မုသားတွေပါ။ ထိုမုသားများက သင့်ဘဝနဲ့ စိတ်နေသဘောတွေကို ဘယ်လောက်ဆိုးဝါးစွာ ညစ်ညမ်းဖျက်ဆီးနိုင်သလဲဆိုတာ အနည်းငယ်ကြည့်ရအောင်။ 

• မုသားအချက် (၁) - မိန်းမမတွေဟာ လူထက်နိမ့်ကျတယ်။ ပလေးဘွိုင်းမဂ္ဂဇင်းမှာဆို မိန်းမတွေကို “ယုန်ကလေးတွေ” လို့ခေါ်ထားတယ်။ ချစ်စရာတိရစ္ဆာန်လေး (သို့) “ကစားစရာလေး” တွေနဲ့တူအောင် လုပ်ထားကြတယ်။ ပင့်ဟောက်စ်မဂ္ဂဇင်းမှာတော့ သူတို့ကို “အိမ်မွေးတိရစ္ဆာန်လေးတွေ” လို့ခေါ်တယ်။ အပြာက အမျိုးသမီးတွေကို တိရစ္ဆာန်တွေ၊ အရုပ်လေးတွေ၊ ဒါမှမဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသာသာလောက်နဲ့ပဲ ဖော်ပြတတ်ကြပါတယ်။ တချို့အပြာစာအုပ်တွေက ခန္ဓာကိုယ်နဲ့ လိင်အင်္ဂါတွေပဲပြထားပြီး မျက်နှာကိုလုံးဝမပြပါဘူး။ အမျိုးသမီးတွေဟာ စဉ်းစားတွေးခေါ်မှုနဲ့ ခံစားမှုရှိတဲ့လူသားစင်စစ်တွေ ဖြစ်တယ်ဆိုတဲ့ ခံယူချက်ဟာ လုံးဝ လျော့ပါးသွားပါတယ်။ 

• မုသားအချက် (၂) - မိန်းမတွေဟာ “အားကစား” တစ်ခုပါ။ အားကစားမဂ္ဂဇင်းတချို့မှာ “ရေးကူးဝတ်စုံ” ကိစ္စ ပါလာတတ်တယ်။ ဒီဟာက အမျိုးသမီးတွေဟာ အားကစားတစ်မျိုးမျိုးသာသာလောက်ပဲဆိုတဲ့ အတွေးဝင်စေပါတယ်။ အပြာက လိင်ကို ဂိမ်းတစ်ခုလို ရှုမြင်ပါတယ်။ ဂိမ်းမှာ ကိုယ်က “နိုင်ဖို့”၊ “အသာစီးဖို့”၊ နို့မဟုတ် “အောင်ပွဲခံဖို့” ပဲ ဖြစ်တယ်။ ဒီအမြင်မျိုးခံယူတဲ့ ယောက်ျားသားတွေဟာ မိန်းမတွေနဲ့ပတ်သက်လို့ “အောင်ပွဲခံခြင်း” အကြောင်း ပြောတတ်ကြပါတယ်။ သူတို့ဟာ ယောက်ျားဖြစ်ခြင်းကို “အနိုင်ပွဲ” ဘယ်လောက်ခံယူနိုင်သလဲဆိုတာအပေါ် ဆုံးဖြတ်တတ်ကြလေရော။ ကိုယ် “အောင်ပွဲခံ” နိုင်တဲ့ မိန်းမတစ်ယောက်စီဟာ ကိုယ့်ရဲ့ယောက်ျားပီသခြင်းကို သက်သေထူမယ့် ကိုယ့်စင်ပေါ်က ဒိုင်းဆုတစ်ခု၊ ကိုယ့်ခါးပတ်ပေါ်က အထစ်တစ်ခုသာသာပဲ ဖြစ်နေပါတယ်။ 

• မုသားအချက် (၃) - မိန်းမတွေဟာ ပစ္စည်းပါ။ ကားကောင်းကောင်းတွေမှာ ရမ္မက်ကြွစေတဲ့မိန်းကလေးပုံတွေကပ်ထားတာ ကျနော့်တို့အားလုံး မြင်ဖူးကြမယ်။ “တစ်စီးဝယ်ရင် သူ့ကိုကောရမယ်” လို့ ပြောနေသလိုပေါ့။ အပြင်းစားအပြာရုပ်ရှင်စာပေက ဒီဟာထက် ပိုတောင်လွန်ကဲပါတယ်။ အပြာရုပ်ရှင်စာပေက ဝယ်ယူသူတွေကြည့်ဖို့အတွက် မိန်းကလေးတွေကို အမြင်သာဆုံးဖြစ်အောင် ပြသခြင်းဟာ သူတို့ကို ပစ္စည်းစာရင်း ထဲကရောင်းကုန်သဖွယ် ပေါ်လွင်စေတဲ့အချက်ပါ။ 
လူငယ်တော်တော်များများက သူတို့ မိန်းကလေးတစ်ယောက်ကိုခေါ်ထုတ်ပြီး ငွေကုန်ကြေးကျခံတယ်ဆိုရင် အဲဒီမိန်းကလေးနဲ့ လိင်ဆက်ဆံခွင့်ရှိတယ်လို့ ထင်တတ်ကြတာဟာ အံ့သြစရာမဟုတ်ပါဘူး။ အပြာရုပ်ရှင်က မိန်းမတွေကိုဝယ်လို့ရတယ်လို့ ပြောပြနေတာပဲလေ။ 

• မုသားအချက် (၄) - မိန်းမတစ်ယောက်ရဲ့တန်ဖိုးဟာ သူမရဲ့ခန္ဓာကိုယ်ဆွဲဆောင်မှုရှိ၊ မရှိ အပေါ်မှာ မူတည်တာပါ။ အပြာရုပ်ရှင်မှာ ဆွဲဆောင်မှုနည်းတဲ့ အမျိုးသမီးတွေကို ချိုးနှိမ်ထားပါတယ်။ သူတို့ကို ခွေးမတို့၊ ငါးဝန်းမတို့၊ ဝက်မတို့ မဟုတ်ရင် ဒီ့ထက်ယုတ်ညံ့တဲ့အခေါ်အဝေါ်တွေကို ပေးထားတယ်။ ဘာလို့လဲဆိုရင် အပြာရုပ်ရှင်ရဲ့ “အကောင်းဆုံး”
 မိန်းမလို့ သတ်မှတ်တဲ့စံနှုန်းကို မမှီနိုင်လို့ပဲလေ။ 
အပြာက အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ခံစားမှု သို့မဟုတ် 
ပုဂ္ဂိုလ်ရေးကို ဂရုမစိုက်ပါဘူး၊ သူမရဲ့
ခန္ဓာကိုယ်ကလွဲရင်ပေါ့။ 

• မုသားအချက် (၅) - မိန်းမတွေက အဓမ္မပြုကျင့်တာ နှစ်သက်တယ်။ 
မိန်းမတွေက “ဟင့်အင်းလို့ပြောရင်၊ ဟုတ်ကဲ့လို့ဆိုလိုတာပါ” ဆိုတာ အပြာဇာတ်ကားရဲ့ ပုံမှန်ရှုခင်းတစ်ခုပါ။ အမျိုးသမီးတွေ မုဒိန်းအကျင့်ခံရတာမျိုး ပြတယ်၊ အစမှာ ရုန်းထွက်ကန်ကျောက်ပြီး၊ နောက်တော့ အရသာတွေ့လာတယ်ပေါ့။ ဒါကြောင့် အပြာက အမျိုးသားတွေကို စိတ်ဖျော်ဖြေမှုအတွက် အမျိုးသမီးတွေကို နာကျင်စေတတ်၊ မတော်မတရားပြုတတ်အောင် သင်ပေးနေတာဖြစ်တယ်။ 

• မုသားအချက် (၆) - မိန်းမတွေကို ချိုးနှိမ်ရမယ်။ အပြာရုပ်ရှင်မှာ အမျိုးသမီးတွေကိုချိုးနှိမ်ပြောတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေ အပြည့်ပါတတ်တယ်။ အမျိုးသမီးတွေဟာ စက်ဆုပ်ဖွယ်နည်းလမ်းပေါင်းများစွာနဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး၊ အဲဒီညှင်းပန်းမှုကိုပဲ ထပ်ထပ်တောင်းဆိုနေသလို ပြသထားကြတာကလား။ အဲဒီလိုပြုမူတာက အမျိုးသမီးတွေကို အရိုအသေ နည်းနည်းလေးတောင် ပြပါသလား? မေတ္တာနည်းနည်းလေးတောင် ပြပါသလား? အပြာက အမျိုးသမီးတွေအပေါ် အမုန်းတရားနဲ့ မထေမဲ့မြင်ပြုခြင်းကို အားပေးနေတာ မဟုတ်ဘူးလား? 

• မုသားအချက် (၇) - ကလေးငယ်တွေ လိင်မှုပြုသင့်တယ်။ အပြာရုပ်ရှင်လုပ်ငန်းမှာ ရောင်းရအကောင်းဆုံးတစ်ခုက အတုအယောင် “ကလေး” အပြာဇာတ်ကားပါ။ အမျိုးသမီးတွေကို မြင်းမြီးလေးတပ်၊ ကလေးဖိနပ်လေးစီး၊ ဝက်ဝံရုပ်လေးကိုင်ပြီး ငယ်ငယ်ရွယ်ရွယ် ကောင်မလေးတွေနဲ့တူအောင် “ပြင်” ထားကြတယ်။ အဲဒီဓာတ်ပုံတွေနဲ့ ကာတွန်းတွေက လူကြီးနဲ့ကလေးတွေ လိင်ဆက်ဆံတာ ပုံမှန်အခြေအနေပါလို့ ပြောနေတာပဲ။ ဒီအရာက အပြာစွဲသူကို ကလေးတွေကို တဏှာစိတ်နဲ့ ရှုမြင်စေပါတယ်။ 

• မုသားအချက် (၈) - တရားမဝင်လိင်ဆက်ဆံခြင်းဟာ ပျော်စရာအတိပါ။ အပြာမှာ လိင်မှုကိစ္စကို “စိတ်ဝင်စားစရာ” ပိုကောင်းအောင် ဥပဒေနဲ့ဆန့်ကျင်တဲ့ သို့မဟုတ် အန္တရာယ်ရှိတဲ့ ဇာတ်ကွက်တွေ ပါတတ်ပါတယ်။ ဒါက သင်ဟာ မထူးဆန်းရင်၊ ဥပဒေနဲ့မဆန့်ကျင်ရင်၊ ဒါမှမဟုတ် အန္တရာယ်မရှိရင် လိင်ဆက်ဆံခြင်းဟာ ပျော်စရာမကောင်းဘူးလို့ အကြံပြုနေပါတယ်။ 

• မုသားအချက် (၉) - ပြည့်တန်ဆာလုပ်ငန်းဟာ မက်မောဖွယ်ကောင်းတယ်။ အပြာက ပြည့်တန်ဆာလုပ်ငန်းကို ပျော်စရာကောင်းတဲ့ပုံစံမျိုး ရေးခြယ်ပါတယ်။ တကယ်တမ်းကျတော့ အပြာထုတ်ကုန်တွေမှာပါတဲ့ အမျိုးသမီးတော်တော်များများဟာ ကျေးကျွန်ဘဝရောက်ရတဲ့ အိမ်ပြေးမိန်းကလေးတွေပါ။ လိင်မှုဆိုင်ရာ အလွဲသုံးခံရသူတွေပါ။ 
တချို့ဟာ လွယ်ကူစွာကူးစက်တတ်တဲ့ ကုရာနတ္ထိ ကာလသားရောဂါတွေ ကူးစက်ခံနေရသူတွေ ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးကြရပါတယ်။ တော်တော်များများက ခံနိုင်ရည်ရှိအောင် မူးယစ်ဆေးသုံးစွဲကြရပါတယ်။

 (*) အပြာစွဲလန်းမှုရဲ့အဓိကအချက် အပြာထုတ်ဝေဖြန့်ချိရေးလုပ်ငန်းဟာ ပျက်စီးသွားတဲ့လူငယ်တွေရဲ့ဘဝကနေ အမြတ်ထုတ်နေပြီး သူတို့ထုတ်ကုန်တွေအတွက် အချိန်နဲ့ငွေ
 မြောက်များစွာအသုံးပြုနေတဲ့သူတွေကို
 ထောင်ဖမ်းနေတာဖြစ်တယ်။

No comments:

Post a Comment