၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 12 August 2019

အကြွေ (Bitcoin) 666 or not ??

ခရစ်တော်၌ အလွန်ချစ်သော ညီအကို အားလုံး-
တွေးစရာ သတင်း ပြောစရာ သတင်း များစွာထဲမှ 
မကြာခင် Bitcoin(ငွေစက္ကူ) မသုံးတော.ဘူး  
ဆိုသည်. သတင်း ဝေမျှလိုက်ပါတယ်။ 
ဘယ်လို အသက်ဝင်မည်နည်း..
စိတ်မ၀င်စားဘူးလား။ 
🎯 ငွေစက္ကူ -အကြွေ(Bitcoin) မသုံးပဲ Crypto currency 
စနစ်ဖြင်. ရောင်း/ဝယ်မည်။ ထိုစနစ်ကြောင်.အကျိုးဆောင် 
လုပ်ငန်း(service) ဟူသမျှ တိမ်ကော ပပျောက်မည်။ 
 နောက်များမကြာမီ အကောင်ထည်ဖေါ်နိုင်လိမ်.မည်ဟု 
သတင်းများ၌ ဖေါ်ပြသည်။ ဘယ်လိုနည်းဖြင်. လုပ်ဆောင် 
မည်နည်း ဆိုသော်-  Fb အင်တာနက်စနစ်ဖြစ်မည်။ 

🎯 ကျွန်တော်ထင်တယ်-App တခု ဖုန်းထဲ ဒေါင်းပြီး၊ငွေ 
Amount ပြော၊ ပို.လိမ်.မယ်။ Inter Banking စနစ်နှုင်. 
အလားတူဖြစ်သော်လည်း Online Fb ဖြင်. ဈေးဝယ်မည်။ 
 ထို Digital Online စနစ်ဖြင်. ငွေ ထုတ်/ပို. စနစ်အား 
VISA/MC/Paypal/Ulber များ အပြင် RBC ဈေးကွက်
အဆိုအရ fb user သည် အင်အား မသေးဘူးဟု ထောက်ခံ။

 🎯 Fb မှ တဆင်. digital စနစ်ဖြင်. ငွေ ပို./ထုတ် စနစ် သဘောတူ
ညီချက် ရလျှင်ရခြင်း ကမ္ဘာ. စတော.ရှယ်ယာဈေး အပြင် 
Huawei Com:နှုင်. ပါတ်သက်သမျှထိုးကျခဲ.၏။ 
သို.သော် Fb stock ဈေးသည် 2.13% တက်လျှက်ရှိကြောင်း 
သတင်း၌ ဖေါ်ပြသည်။ Fb user နေ.စဉ် ကမ္ဘာ.လူဦးရေ၏ 
၃၀% ရှိကြောင်း Zukerburg ခုလေးတင် ပြောခဲ.၏။ 

 🎯 ထိုသို.ဆိုသော် သေချာတာကတော. ငွေကြေးစနစ် တခု (Libra) သတ်မှတ်ပေးပြီး ထိုငွေကြေးနှုင်. ညီမျှသော ယူရို/ကျပ်/$  
အလိုလျောက် ပြောင်းလဲပေးမည်ဖြစ်၍ တကမ္ဘာလုံး သူ.ငွေ၊ 
ကိုယ်.ငွေ အငြင်းပွါးမှု မရှိတော.ဘူး- ငွေကြေးစနစ်တခုတည်း 
အသုံးပြုသောစနစ် အလိုအလျှောက် ဖြစ်သွားမည် 
ဆိုတာတော. သေချာနေပြီ။ 

 🎯 ကျွန်တော်ထင်တယ်- သားရဲနံပါတ် 666 လမ်းကြောင်းသို. 
သိသိသာသာ ဦးတည် အကောင်ထည် ဖေါ်မည်.
စနစ်ဖြစ်ကြောင်း သုံးသပ်မိပါသည်။ ယုံကြည်သူခရစ်ယန် 
 အပေါင်း နားပိတ်-အမြင်ကျဉ်းဖို.အချိန်မဟုတ်တော.ဘူး-
ဝိညဉ်အမြင်ကျယ်ကျယ် ဖွင်.နိုင်မှသာ တော်ခါကျမည်. 
အချိန်ဖြစ်ကြောင်း မေတ္တာဖြင်. ဝေမျှလိုက်ပါသည်။

No comments:

Post a Comment