၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 12 August 2019

ကယ်တင်ခြင်း = ယုံကြည်ခြင်း + လုပ်ဆောင်မှု၊နာခံမှု ?

  🍀 ယနေ. များစွာသော သာမန် ယုံကြည်သူ မပြောနဲ. 
ကမ္ဘာပတ် တကယ်. နာမယ်ကြီး ဆရာကြီးများပင်လျှင် 
ကယ်တင်ခြင်းနှုင်. ပါတ်သက်၍ တွေးခေါ်ယူဆပုံ 
မတူဘုး ဖြစ်နေသည်။

  🍀 ကျွန်တော်. အဖိုးကတော. ကယ်တင်ခြင်းရသော်လည်း
 ကျွန်တော်.အဖွားတော. မရလိုက်ဘူး စသဖြင်.။ 

  🍀 ထိုသို. ဆိုသော် အာဒံ - မောရှေ - ဒါဝိတ် - ယောသပ်
တို.ကော ယေရှုမလာခင် သေဆုံးကြပြီ၊သူတို.တတွေ 
ကယ်တင်ခြင်းသို. မရောက်တော.ဘူးလား တွေးစရာ
 မေးစရာ ၀ိရောဓိ ဖြစ်နေသည်။ 

  🍀 ထိုသို.ဆိုသော် ငရဲ၌ လူတွေ ပြည်.လျှံပြီး
 ကောင်းကင်၌ ထိုင်ခုံလွတ် သိပ်များမည်.ပုံ ဖြစ်နေသည်။
တချို.ကျတော.လည်း ကျေးဇုးတော် အလွန်အကျွံဟောသည်. 
အခါ လူပိန်း အကြိုက်ဖြစ်ပြီးဘာပဲလုပ်လုပ် သူများ မယားနဲ. ပြစ်မှားနေချိန် ခရစ်တော်ကြွလာရင်လည်း အရှင်လတ်လတ် ကောင်းကင်ရောက်မည်. လိုင်စင်ရထားသလို ခံယူနေကြသည်။

  🍀  ဥပမာ တကယ်.အဖြစ်ပျက် Fb မိတ်ဆွေ မြန်မာပြည် တရားဟော
ဆရာ တဦးက J.Osteen နဲ. Joshep Prince စာအုပ်ဖတ်ပြီး ငါတို.က ကျမ်းစာအထက်မှာ ရှိနေပြီ၊ Sermon နားထောင်ဖို. 
Bible study မလိုတော.ဘူး တဲ.ကွယ်။

  🍀 ကယ်တင်ခြင်း ပတ်သက်၍ အယူဝါဒ အမျိုးမျိုး 
ရှိပါလေစေ၊ သိထားရမည်. အချက်ကားး.. 
(၁) ပဌိညာဉ်နှင်. ဆိုင်သော သီအိုလိုဂျီ 
(၂) အချိန်ကာလအပိုင်းခြားဆိုင်ရာသီအိုလိုဂျီဟူ၍ရှိသည်။

 ✅ Covenant Theology ပဌိညာဉ်သီအိုလိုဂျီ !!
ကယ်တင်ခြင်းသည် ကျေးဇူးတော်ကြောင်. တကြိမ်တည်း၊ 
တသမတ်တည်း ကယ်တင်ခြင်းသို. ရောက်ခြင်း ဖြစ်သည်ဟု 
ယုံကြည်သည်။ (ဆိုလိုရင်းက အာဒံမှ မောရှေ - ဒါဝိတ် - 
အိသရေလ - ၇နှစ်ဘေးဒဏ်ကြီး- နှစ် ၁၀၀၀) The same. 
၁၉၉၄ မေ၊ presbyterian church ထုတ် စာစောင်၌
 ဖေါ်ပြချက်အရ သိရသည်။ 

✅ Dispensationalism အချိန်ကာလအပိုင်းအခြားဆိုင်ရာ 
ကယ်တင်ခြင်း ။ သမ္မာဟောင်း ရှေးဘိုးဘေးယုံကြည်
သူများ၏ကယ်တင်ခြင်းရခြင်း/မရခြင်းသည် 
 ယုံကြည်ခြင်း + လုပ်ဆောင်မှု၊နာခံမှု အပေါ်၌ 
မူတည်သည်ဟု ခံယူသည်။ 

(ယေရကျေလ -၁၈း၎ ၊၂၁၊၂၄) 
✅ ယနေ. ခရစ်ယာန်များ၏ ကယ်တင်ခြင်း သို. ရောက်ခြင်း 
မရောက်ခြင်းသည် လုပ်ဆောင်မှုမပါ ၊ယုံကြည်ခြင်းဖြင်.
 ကျေးဇူးတော်ကြောင်. ရောက်ရ၏။

✅ ဘေးဒါဏ်ကြီးကာလ ကယ်တင်ခြင်း 
( ယုံကြည်ခြင်း + လုပ်ဆောင်မှု ) ဗျာ၊၁၄း၁၂- ၁၆-၁၇
၊✅ အနှစ်တထောင် ကယ်တင်ခြင်းသည် ခရစ်တော်နှင်. 
မျက်နှာချင်းဆိုင် (Face to Face ) တွေ.ရမည်ဖြစ်၍ 
ယုံကြည်ခြင်း မလိုတော.ပေ၊ လုပ်ဆောင်မှုသာ လိုအပ်မည်ဖြစ်သည်။

✅ အောက်ပုံကို ကြည်.ရင် ၃ မိနစ်နဲ. ကွင်းကွတ်ပြတ်သား 
ရှင်းလင်းစွာ နားလည်နိုင်သည်။ ဒါဟာ ကျွန်တော. 
ယုံကြည်ချက် ဖြစ်သလို Biblical သွန်သင်
ချက်လည်း ဖြစ်သည်။

No comments:

Post a Comment