၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 12 August 2019

❤️ သေခြင်းသည် သေချာပြီး ဘ၀သည် တိုတောင်း၏ 💙

 💜 မှတ်မှတ်ရရ မနှစ်က သရုပ်ဆောင် မင်းသွေး
ရုတ်တရက် သေဆုံးသည်. သတင်း ကြားသည်.သူတိုင်း
မည်သူမဆို တုန်လှုပ် ၀မ်းနည်းပက်လက် ဖြစ်ကြတယ်။
မင်းသမီး- မင်းသားအားလုံး၏ interview မှာ ကြားရတာကတော.
 ကိုမင်းသွေးက လူကောင်းပါ-နာမယ်ပျက်အမှား မရှိသည်.အတွက် ကောင်းရာ မွန်ရာ သုဂတိလားမှာပါ...လို.  ပြောသံကြားရတယ်။ 
ကိုယ်ယုံကြည်ရာဖြစ်သည်.အတွက် ဘာတခုမှအပြစ်ပြောစရာမရှိပါ။

❤️ “သို.သော် ယုံကြည်ခြင်း ဆိုသည်.စကား ပြောရသောကြောင်. 
ကိုယ်.စိတ်က ကောင်းကင်ဘုံရောက်မည်ဟုယုံတိုင်း မရောက်နိုင်သလို၊ကောင်းကင်ဘုံရောက်ဘူးလို. မယုံကြည်
တိုင်းလည်း မရောက်တာ လုံးဝမဟုတ်ရပါဘူး။ 

💙ထိုနေရာရောက်ဖို. လုပ်ပေးသူ၏ လုပ်ဆောင်ပေးခြင်းကို ယုံကြည်မှရောက်တာပါ” ဆိုတာ အားလုံးနားလည်ပြီးဖြစ်၍ 
ထိုကိစ္စကို အဓိက ဆွေးနွေးလိုခြင်း မဟုတ်ပါ။ 

|❤️|အဓိကရည်ညွန်းပြီး ပြောချင်သည်.အချက်က....
လူဆိုတာ အသက်ရှိ ထင်ရှားနေတုန်း ကောင်းကွက်-
သာကွက်လေးကို ပြောရမည်.အစား ယုံကြည်သူ ခရစ်ယန်
အားလုံးပင်လျှင် အပြင်လောကသားများ နည်းတူ 
အသုဘပွဲမှာသာ သူက ဘာလုပ်ခဲ.ပြီး ဘယ်လောက်ကောင်းတယ် 
စသဖြင်. ရေတွက်မကုန်နိုင်သော ဆွေစဉ်မြေးဆက်တွေပါ ထည်.ပြောကြသေးတယ် ထိုကဲ.သို.သော ယုံကြည်သူ
များအား ဘာသာရေးခရစ်ယာန်ဟုခေါ်ပါသည်။ 

💙 လူရွှင်တော်(အရိုင်း)ရဲ. ဒီဘဝလူ နောင်ဘ၀ခွေးဖြစ်မလား-ဘယ်သူမှကြိုမသိဘူး၊ စသဖြင်. ယုံကြည်ရာ အသီးသီးသော ပြောဆိုသံတွေလဲ ကြားရပါတယ်။ ကို မင်းသွေးရဲ. ရုတ်တရက် အမေး/အဖြေမှာ- သေမဲ.နေ. ကြိုမယ်ဆိုရင် ဘာလုပ်မလဲ? (လုပ်ချင်တာလုပ်ပြီး-နေချင်သလိုနေလိုက်မယ်)သူဖြေသွားတယ်။

❤️ ဟုတ်ပါပြီ- ဘယ်လောက်နာမယ်ကြီး မင်းသားမင်းသမီး-
သမတ- သူဌေးပဲဖြစ်ဖြစ် အသက် ကြီးငယ်မဟူ ဧကန်မုချ
အသေချာဆုံးက သေခြင်းမှာ လမ်းဆုံးကြတာပဲ။ 
မနက်ဖြန်ရောက်ဖို. မိနစ်၊စက္ကန်.များစွာ လိုသေးပေမဲ.
 သေခြင်းက ၁ မိနစ်လေးပဲ။ 

💚 မနေ.က နေတိုး ရုပ်ရှင်ရိုက်နေတာမဟုတ်ပါဘူး-
တကယ် ရင်ထဲက သက်ပြင်းရှည်ကြီးချရင်း
!! Dead is sure,life is too short)ဖြစ်သည်.အတွက် 
သင်ကော အစဉ်သင်.ဖြစ်၇ဲ.လား။ 

❤️လုံးဝပေါ.ဆလို.တော. မရဘူးနော်။
 အကယ်၍ ဘယ်ချိန်သေမယ်ဆိုတာ သိခဲ.ရင် 
ဘာကို အရင်လုပ်မလဲ ...? သင်.စိတ်ထဲက ဖြေကြည်.ပေါ.- တကယ်အဖြေရှိပြီလား။ Bank PW ဘယ်သူ.ကိုပေးရမလဲ?
ဘယ်သူ.ကို ဘာပြောပေး ညာပြောပေး-စသဖြင်.။

🧡 ဤနေရာမှာ ယုံကြည်ခြင်းဆိုင်ရာ ကယ်တင်ခြင်းစိတ်ချမှုနဲ. သက်ဆိုင်သွားပြီဖြစ်၍ Hymn song 75 % ခန်.ရေးသူ
 DL Moody ကတော. ဤအမေးကို ဤသို.ဖြေပါတယ်။
“ကောင်းကင်မှာ ဆုလာတ် သရဖူဆောင်းမည်.နေ.- ပျော်လိုက်တာ”လို.ပြောပါတယ်။င်္ခြသေ.အစာကျွေးခံဖို. 
တန်းစီနေသော ကနဦးယုံကြည်သူများကတော. ရှေ.ဆုံးမှာ
 သေတွင်းသို. အရင်ဝင်မည်.သူအား သူ.နောက်ကလူတွေက ဒီလိုမှာကြပါတယ်.. “သူတို.မတိုင်ခင် င်္ခြသေ.အစာအကျွေးခံပြီးသူများအား....
 💙မင်းရဲ.သူငယ်ချင်းလည်း မကြာခင် လိုက်လာမယ်လို.
 ပြောလိုက်ပါ” ဟု မှာပြီး ချီးမွမ်းသီချင်းဆိုကြတယ်။ 
သူတို.သေပြီးရင် ဘယ်ကိုရောက်မှာပါဆိုသည်. မသေချာမရေရာ 
စမ်းတဝါးမဖြစ်။ %ပြည်.ကျိန်းသေ ပြောနိုင်ကြတယ်- 
ကိုယ်ရဲ. တမလွန်ရေးလည်း သေချာပါစေ။

No comments:

Post a Comment