၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 12 August 2019

သူတို.ကို ဘုရားသ္ခင် မကွယ်ကာဘူးလား

Hello....ခရစ်တော်၌ အလွန်ချစ်သော ယုံကြည်သူအပေါင်းတို! 
 ဒီတပတ်တာလုံး ဘဝင်အသဲ မချမ်းမြေ.၊ ဖြေသိမ်.မရ နှလုံးသား အထိခိုက်ဆုံးအရာကား ဘုရားမကွယ်ကာဘူးလား 
“There was no God ” ဆိုတဲ. ဘုရားကျောင်းက ငိုကြွေးသံပဲ။ ဘုရားကျောင်းမသွားသူ အသက်ရှင်ပြီး 
-ဘုရားရှိခိုးကျောင်းသွားသူ အသက်ဆုံးရှုံးတယ်။ 

(ဤမေးခွန်းသည် ကျွန်တော်. Fb ၌ အခုတလော 
လူတွေအမေးဆုံး မေးခွန်းလည်းဖြစ်၏။ 
အဖြေပေးရန် အလွန်လက်ဝင်ပြီး နက်ရှိုင်းလှသော 
သီအိုလော်ဂျီလည်း ဖြစ်ပေသည်။)

တကမ္ဘာလုံး သိပြီးဖြစ်သည်. 2019 Easther Sunday 
အသင်းတော်၌ ရာချီသော ဘုရားရှိခိုးသူ တစက္ကန်.တောင်မကြာဘူး- ကိုယ်ခန္ဒာတစ်ပိုင်းတစစီ ဖြစ်သွားပြီး၊ သူ.မိန်းမနဲ.သမီးရဲ. 
အကြောင်းပြောပြတဲ. ဖခင်တဦးရဲ. မျက်ရည် မြင်သူတိုင်း 
စာနာကြသလို မိသားစုသုံးဦး ဘုရားသခင် မကွယ်ကာတော.
ဘူးလား ဟု ရင်ထုမနာ ငိုနေသူလည်း သနားလို.မဆုံးပါ။

 ⏯ မြန်မာပြည် Pastor တဦးက“သန်.ရှင်းတဲ.ဝိညဉ်နဲ.မသွားလို.”ဟု 
သူ. Timeline မှာ မှတ်ချက်ရေးပြီး Amen ထူးသူတွေ မနည်းဘူး၊
တကယ်တော. လုံးဝမဆိုင်ဘူးထင်ပါတယ်၊ 
အတိုက်ခိုက်ခံ အသင်းတော်က RC တခုထဲမှမဟုတ်တာ၊
 နေ.စဉ်ခွန်အား စပွန်စာပေးနေတဲ. ဧဝံဂေလိအသင်းတော်လဲပါပြီး 
သူတို.မင်ဘာ ၂၇ ဦးသေဆုံးသူထဲပါတယ်။ 
ကဲ ဒါဆို....ဘယ်လိုပါလိမ်-what is going on..!! 

⏯ NL လို ၅း ၁ ယောက် မွတ်ရှိတဲ.နိုင်ငံကြီးမှာ 
ဘုရားကျောင်းသွားရတာ လုံခြုံမှုရှိရဲ.လား၊ 
Utrecht တဝှက် Tram/Bus စီးရတာကော.Safety ဖြစ်မလား 
ရင်တမမ-စိုးတထိတ်ထိတ်လား။ဒီသူသတ်သမားရဲ. ခြေလှမ်းက
 သွေးအေးအေးပဲ၊ အိတ်လွယ်သူတိုင်း သတိထားရမလိုဖြစ်ပြီ၊
ခက်တာက သူတို.ရဲ. ပစ်မှတ်သည် ခရစ်ယန်-လူစုလူဝေးဖြစ်နေတော. 
သူတို.ရဲ. အကြံအစည် နံပတ်ဝမ်းက ယုံကြည်သူ အချင်းချင်း 
မိတ်သဟာယပျက်ပြီး ဘုရားကျောင်းကို မသွားရဲဖို.ပါပဲ။

ဤအရာသည် Anti-Christ တပ်လှန်.ခြင်း လက္ခဏာဖြစ်သည်ဟု အတိကျပြောလို.ရသည်။ ၁မိနစ်အတွင်း လှည်းနေ၊ဂူအောင်း
 မြင်းဇောင်းမကျန် မြန်ဆန်လှသည်.နည်းပညာကို အသုံးချပြီးဟေး-
“ဒီကမ္ဘာကြီး မလုံခြုံတော.ဘူး”ဆိုသည်. နိုင်ငံရေးတခု-ငွေကြေးစနစ်တခု-ဘာသာတခု “ One World Order” ကို အကောင်အထည်ဖေါ်ဖို. ရေလာမြောင်းပေးနေခြင်း မဟုတ်ပါလား။ 
သမ္မာကျမ်းရှိ“မခံနိုင်သော စုံစမ်းခြင်း သူတို.မိသားစု
 ကြုံနေရပါလား” စဉ်းစားစရာ ရှိလာပြီ။ 

⏯ ဝိညဉ်ရေးရာအရ ကြည်.သော် ဘုရားသခင်လူတိုင်းကို သတိပေး၊သိစေချင်သည်. အချက်ကား လူ.အသက်သည် 
ငါ.လက်ထဲ၌ ရှိပြီး လူ.အသက်တချောင်း တမိုက်လေးပင် 
ဆွဲဆန်.၍မရကြောင်း၊ Benny Hinn ကတော.
“ ဒီည ငါ.ဒေသနာဟောတာ နောက်ဆုံးဖြစ်နိုင်တယ်” 
လို.အမြဲပြောတယ်။ 
 မနက်ဖြန်ကို ဘယ်သူမှမပိုင်ဘူး ဟု သူဆိုလိုသည်။ 
ဒါဝိတ်မင်းကတော. မနက်ခင်းခဏလေးတာ ပွင်.သည်.ပန်းနဲ. 
နှိုင်းပြီး ပေတရုကတော. မြေဇာမြက်ပင်လေးလိုပဲ 
ခိုင်းနှိုင်းကြတာတွေ.ရတယ်။ 

မသေနိုင်၊မပျောက်နိုင်သော သူရူးကဲ.သို. 
မနေကြနှုင်.ဟု အတန်တန် ရှင်ပေါလု တိုက်တွန်း၏။ 
ထို.ကြောင်. ချစ်သောညီအကိုတို.-ယ္ခု ကာလသည် 
တကယ်.နောက်ဆုံးသော ကာလ၏နောက်ဆုံး 
နာရီ-နောက်ဆုံးမိနစ်၌ ရောက်ရှိနေကြောင်းကို
 ကောင်းကင်၌ ဖြစ်ပျက်သောအရာ၊ အနီးပတ်ဝန်း ကျင်၌
 ကြားနေသော သတင်းအားဖြင်. ဝိညာဉ်နား သေချာစွင်.၊
 ဝိညဉ်မျက်စိ ကျယ်ကျယ်ဖွင်.ပြီးစိတ်နှလုံးခိုင်၍ လည်ပင်းမာခြင်းမှ လန်.နိုးနိုင်ကြပါစေလို. မေတ္တာနဲ. ဝေမျှလိုက်ပါတယ်။ 

အဲဒီနေ. သူ.မိန်းမနှုင်. တဦးတည်းသော ချစ်သမီးလေးက ဘုရားကျောင်းသွားဖို. အရမ်း စိတ်လှုပ်ရှားနေတယ် သူ.သမီးက 
အဆို၊အက အရမ်းတော်တယ်လို. ပြောနေတဲ. ဖခင်တဦး။
- ဘုရားသခင် မရှိတော.ဘူးလား၊မကယ်တော.ဘူးလား လို. ဝမ်းနည်းနေသည်.မိခင်နှုင်.သမီး။- မိသားစု သုံးယောက်စလုံး 
ပါသွားသည်. အတွက် ဘယ်အရာဖြင်. နှစ်သိမ်.နိုင်မည်နည်း...။

No comments:

Post a Comment