၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 13 August 2019

Our God is a God of justice, as well as grace!

ယုဒရှာခရုတ် ၊ပိလတ်မင်း ၊ဟေရုတ်မင်း ၊ရောမစစ်သားတို.သည် 
ငရဲ မှာရှိသလား? ဆိုသည်. မေးခွန်းမေးတိုင်း ငါမသိဘူး၊ 
သိချင်ရင် ဘုရားကိုမေး-လို. အမြဲဖြေပါတယ်။ 

ကယ်တင်ရှင်သည် ယေရှုဘုရားဖြစ်သောကြောင်. 
သူပဲသိတယ်။ ရှုဒေါင်. နှစ်မျိုးအားဖြင်. ဟိုတနေ.က တင်ပြပြီးပြီ။ 
ဘာပဲဖြစ်ဖြစ် ကျွန်တော်.ရဲ. သီအိုလော်ဂျီ ရပ်တည်ချက်ကို ဆွေးနွေးတင်ပြရမယ်ဆိုရင်  အထက်က ယုဒရှာခရုတ် ၊ပိလတ်မင်း 
၊ဟေရုတ်မင်း ၊ရောမစစ်သား အားလုံးသည် ကောင်းကင် နိုင်ငံရောက်မယ်လို.တော. မဆိုလိုဘူး။ 

ဒါပေမဲ. သူတို.ကို ကောင်းကင်၌ တွေ.ရင်မအံ.သြဘူး၊ Why?
 ကောင်းကင်အဖ၏ ကြီးမားသော ကယ်တင်ခြင်း ပရောဂျက်ကြီး အထမြောက်အောင်မြင်ရေးအတွက တန်ဆာပလာတွေ ဖြစ်ကြတယ်။ 
အကယ်၍ ယေရှု သေခြင်းကို အောင်မြင်ဖို. သူ.ကို သတ်မည်.လူလိုတယ်။

အကယ်၍ ယေရှူကို သစ္စာဖေါက်သည်.သူ ယုဒမရှိပါက 
အခြားဇာတ်ပို. ဇာတ်ရံ လုပ်မည်.သူ တယောက်ကို ခိုင်းမှာ။ 
ထို.ကြောင်. အဓိက ဇာတ်လိုက်မင်းသားသည် သခင် ယေရှူ
ဖြစ်သည်.အတွက် အရာခပ်သိမ်း သူ.အကြံစည်ထဲ၌သာရှိတယ်။ 
သားတော်ကို စွန်.သည်.တိုင် ငါတို.အပေါ်သနားခြင်းနှုင်.
ဂရုဏာရှိခြင်း အရာကို ကြည်.ခြင်းဖြင်. ဘုရားသခင်သည် 
ကျွန်ုပ်တို.ဖက်၌ ရပ်တည်ပေးခြင်းကို နားလည်ရသည်။

လူအပေါင်း၊ တယောက်မကျန် ထာဝရအသက်ပေးကာ 
ချစ်ခဲ.ကြောင်း “ယျေ ၁၈း၃၂၊ ၂ ပေ ၃း၉” အရ သိရသည်။ 
အကယ်၍ ယုဒရှာခရုတ်သည် ငရဲမီးအိုင်သို. ဖျက်စီးခံရမည်ဟူသည်. နောက်ကွယ်၌ ကျွန်တော်တို.သေချာ ပြောနိုင်သည်. အချက်တခုကား 
ထို “ယေရှုဘုရားသည် ဖြောင်.မတ်၍ သူပြောသည်. ဂတိအတိုင်း တခုမကျန်လုပ်ပြီး တရားသဖြင်.ဆုံးဖြတ်သော ကျေးဇူးပြုတတ်သည်. 
ဘုရားလည်း ဖြစ်ကြောင်း Our God is a God of justice
as well as grace! ဟု အမြဲ ၀န်ခံပါသည်။

No comments:

Post a Comment