၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 12 August 2019

❤️ ပရမ်းပတာချစ်သော ဘုရား RECKLESS LOVE 💚

  💚ကောင်းကင်အဖ၏ ဖရိုဖရဲ အချစ် Reckless ဆိုတဲ. 
စကားတခွန်းလေးနဲ.တင် ကြွေသွားပြီ ။
 ❤️ ဆရာမ Suzanna Min သီချင်းထဲက 
အဲဒီလောက်ထိချစ်ရတာလားး ဆိုသလိုပဲ။

💙ဆိုလိုရင်း အဓိပယ်ကတော. ဘုရားသခင်၏ 
ချစ်ခြင်းသည် ဟိုလိုနေရာမသွားမှ၊ ဟိုဟာမလုပ်- ဒီဟာမစား၊ 
ဒီလိုဝတ် ဒီလိုပြောမှ ဆိုတဲ.စည်းကမ်းချက် မပါဘူးကွာ- 
ငါတို.ကို အရူးအမူး ချစ်တယ်ဆိုတာလဲ မမှန်သလို
 သိပ်ချစ်တယ်လဲ မဟုတ်ပြန်ဘူး။ 

❤️  ကျွန်တော်တို. ဘယ်ပုံစံနေနေ၊ သင် ဖြစ်သည်.အတိုင်း 
အရမ်းကာရော ချစ်တယ်၊သင်.ကို ပရမ်းပတာ ၊စည်ကမ်း
သတ်မှတ်ချက် မရှိပဲ ချစ်တယ် ဆိုရင် ပိုမှန်မယ်။
ဒီလောက်ထိ ချစ်တဲ. ဘုရားမေတ္တာကို 
မထီမဲ.မြင်ပြုပြီး ဥပေက္ခာပြုရက်သလား။ 

💙Reckless Love သီချင်းကို တခေါက်လောက် နားထောင်ရင်း - သင်.ကိုချစ်လွန်းလို. သင်အရှက်အတွက် အဝတ်ဗလာဖြင်. 
ကားတိုင်၌ ပေးဆပ်ပြီး၊အသင်.အနာရောဂါ ရှိသမျှအတွက် 
၃၉ကြိမ်အရိုက်ခံကာ ရွေးဝယ်ခဲ.သော
 မေတ္တာကို ခံစားနိုင်ကြပါစေ။ 

❤️  RECKLESS LOVE ✝️ 
Before I spoke a word, You were singing over me 
You have been so, so good to me 
Before I took a breath, You breathed Your life in me 
You have been so, so kind to me 
 Oh, the overwhelming, never-ending, 
reckless love of God 
Oh, it chases me down, fights ‘til I’m found, 
leaves the ninety-nine 
 I couldn’t earn it, I don’t deserve it, 
still You give Yourself away 
Oh, the overwhelming, 
never-ending, reckless love of God 

When I was Your foe, still Your love fought for me 
You have been so, so good to me 
When I felt no worth, You paid it all for me 
You have been so, so kind to me .

There’s no shadow You won’t light up 
Mountain You won’t climb up, Coming after me 
There’s no wall You won’t kick down Lie 
You won’t tear down, Coming after me.

No comments:

Post a Comment