၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 24 September 2019

( သမ္မာတရားနှင့်အညီ တုန့်ပြန်အသက်ရှင်ခြင်း )

 တရားနှင့်ဘုရားသည် လွန်စွာခြားနားပါသည်။ တရားကိုလူအများနှစ်သက်ကြသည်။ လူအများ နားလည်၍ကျင့်ကြံလိုက် လျှောက်ကြသည်။ တရား၏အကျိုးကိုလည်း လက်တွေ့ခံစားရကြပါသည်။ သို့သော်တရားသက်သက်နှင့်သာ အ သက်ရှင်ပြီး ဘုရားကိုအားကိုး
ဖက်တွယ်ခြင်းမ ရှိပါက စိတ်ဒုက္ခအမျိုးမျိုးနှင့် ပိလေးမှုများမှသက် သာရာရမည္မဟုတ္ပါ။ ဘုရားဟူသည္မွာ အ သက်ရှင်သော သူတစ်ဦး တစ်ယောက်မျှမရှိငြား လည်း ဘုရးရှင်ကိုအားကိုးခိုလှုံ၍ အသက်ရှင်မည်
ဆိုပါက အသက်တာတွင်ကြုံ တွေ့ရသောပြဿနာအခက်အခဲအမျိုးမျိုး
တို့တွင် ကိုယ်တော်ရှင်၏စောင့်ထိန်း ကွယ်ကာပို့ဆောင်ခြင်း သက်သေနှင့်ငြိမ်သက်မှုကို လက်တွေ့ခံစားရပေမည်။ 

ကိုယ်တော်၏အလိုတော် ဘုရားရှင်သည် ခေတ်ကာလအဆက်ဆက်
အသက်ရှင်၍ လူကိုမစကူညီနိုင်သော ပုဂ္ဂိုလ်တော်မြတ်ဖြစ်သည်။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိဖို့ ဘုရားရှင်အလိုတော်ရှိပါသည်(၁တိ၊ ၂း၄)။ကယ်တင်ခြင်း ဟုဆိုရာတွင် ဝဋ်ကြွေးကံပိ၍ တမလွန်အရေးအတွက်စိတ်မအေးဖြစ်နေခြင်းမှ ကျေးဇူးတော်အားဖြင့်ကယ်တင်ခြင်းရဖို့ ဦးစွာလိုအပ်ကြောင်း ပြောနေခြင်းဖြစ်သည်။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကျေးဇူးကိုခံစားနိုင်ဖို့ရန် သမ္မာတရားသိဖို့ 
လိုအပ်ပြန်ပါသည်။ 

စားဝတ် နေရေး၊ ပညာရေး၊ စီးပွါးရေးနှင့်လူမှုရေးသာမက သားရေးသမီးရေးကိစ္စများ၌လူသားတို့အတွက် နေ့စဉ်ပိလေးမှု
အမျိုးမျိုးမှလွတ် နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ
သမ္မာတရားကိုသိ၍ သမ္မာတရားနှင့်အညီ သစ္စာရှိစွာတုန့်ပြန်
အသက်ရှင်ခြင်းမှလွဲ၍ အခြားမရှိပါ။

ကိုယ်ဉာဏ်ကိုအမှီမပြုနှင့် လောက၏ဖိစီးမှုအမျိုးမျိုးမှလွတ်ဖို့ရန် လောကသားများသည် အာရုံငါးပါးကိုအခြေထား၍ မိမိဉာဏ်ကို
အမှီပြုကာ အသက်ရှင်ကြသည်။ ထိုနည်းလမ်းသည် မှန်သယောင်
ရှိသော်လည်း သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားရှင်၏
အလိုတော်မှာ စကားတော်ကို ဓမ္မအာရုံနှင့်နားထောင်၍ နာခံလုပ်သော
သူဖြစ်၍ ဘုရားသခင်ထံမှ လက်တွေ့အကျိုးရလဒ် 
သက်သေကို ခံစားနိုင်ပါသည်။

အာဗြဟံ၏ အသက်တာကို ကျွန်ုပ်တို့ကြည့်မည်ဆိုပါက သူ၏ဇနီး
စာရာအားဖြင့် သားကိုရဖို့ရန် ဘုရားရှင်ကတိ ရှိသော်လည်းအချိန်
မစောင့်နိုင်ဘဲ ကျွန်ုပ်မကိုယူသောကြောင့် သားဣရှမေလကို 
ရကြောင်းတွေ့ရသည်။ သမ္မာတရားတည်းဟူ သော ဘုရားစကားကို
ပယ်၍ ကိုယ့်ဉာဏ်ကိုအမှီပြုသဖြင့် အခြေအနေမှာ အဆင်ပြေသယောင်ရှိသော်လည်း ကျွန်မနှင့် ရသေား 
သားအတွက် ကြာမြင့်စွာစိတ်သောက
ရောက်ရကြောင်း တွေ့မြင်ရပါသည်။ 

သမၼာတရား အမှန်တရားနှင့်သမ္မာတရားသည် တူညီဟန်
ရှိသော်လည်း များစွာခြားနားပါသည်။ အမှန်တရားကအပြစ်ပေးနှင့်အ အလျောက်တူညီသည့် တုန့်ပြန်မှုကိုပေးဆပ်ရပါသည်။
သမ္မာတရားမူကား မတရားပြုခံရလျှင်ပင် ဘုရားကိုနာခံသော
သဘောနှင့် မေတ္တာထား၍ ခွင့်လွတ်သည်။

သမ္မာတရားသည် ဘုရား၏စကားတော်ဖြစ်၍ လက်တွေ့
နာခံတုန့်ပြန်ပါက သက်သေတွေ့မြင် ခံစားရသည်။ သမ္မာတရားကို
ကြား၍ လက်တွေ့နာခံသူသည် ငွေကြေးဓနကြွယ်ဝမှုမရှိသော်လည်း ဝလင်စွာစားရသည်။ ဘေးအန္တ ရာယ်ရှိသမျှကို ကြောက်စရာမလိုဘဲ ဘုရားသခင်၏ကွယ်ကာမှုအောက်တွင် လုံခြုံစွာနေရသည်။ 
၎င်းအပြင် လူဆိုးတို့အကြောင်း ကြောင့်စိတ်မပူဖို့ရန် မတရးပြုသောသူတို့ကိုမငြူစူမိရန် လူဆိုးတို့၏ နှောင့်ယှက်
မှုကြောင့် စိတ်ပူပန်စိုးရိမ်မိမှဖြစ်သလို မတရားပြုသော 
သူများကိုတွေ့မိပါကလည်း ငြူစူမိမည်မှ
ဓမ္မာတရား ဖြစ်ပေသည်။ 

သို့သော်ဘုရားရှင်၏ အလိုတော်ကထိုသို့မတုန့်ပြန်ဘဲ မည်သည့် 
အမှုကိစ္စ၌မဆို ဘုရားရှင်ထံအပ်နှံကိုးစားမည်ဆိုပါက ကိုယ်တော်တိုင်စီရင်မည်ဖြစ်ပေသည်။ ပြောင်းလဲခြင်းမရှိ ပတ်ဝန်းကျင်အခြေအနေသည် အစဉ်ပြောင်းလဲနေသော်လည်း သမ္မာတရားသည်ပြောင်းလဲခြင်းမရှိပါ။ သမ္မာတရးကို စိတ်နှလုံး၌သိုထား၍လက်တွေ့တုန့်ပြန်အသက်ရှင်ကြသူများကို သမ္မာကျမ်းစားတော်မြတ်တွင်သက်သေအနေနှင့်တွေ့နိုင်ပါသည်။ 
ယောသပ်၊ ဂိဒေါင်နှင့် ဒါဝိဒ်တို့သည် သမ္မာတရားကို သိရုံသာမက၊ သမ္မာတရားနှင့်အညီ လက်တွေ့အသက်ရှင်ခဲ့ကြသူများဖြစ်သည်။ 

မိမိတို့အပေါ်၌မတရားပြုသောသူများ၊ ပြစ်တင်ဝေဖန်သူများ၊ 
ရန်ဖက်ပြုသူများကို ဇာတိနှင့်မတုန့်ပြန်ဘဲ သည်းခံခွင့်လွတ၍ ဘုရားရှင်၏တုန့်ပြန်မှုကို အသီးသီးစောင့်စားခဲ့ကြသည်။ 
သို့အတွက်ကြောင့် ဘုရားရှင်၏ချီးမြှောက်မှုကို ‚င်းအသီးသီးခံစားခဲ့ရကြောင်းတွေ့ရသည်။ ထိုနည်းတူ 
ကျွန်ုပ်တို့တစ်ဦး ချင်းစီသည်လည်း မိမိတို့အပေါ်မတရား
ပြုကြသူများ၊ မဟုတ်မတရားဝေဖန်ကဲ့ရဲ့ပြစ်တင်ကြသူများကြောင့် သမ္မာတရားကိုဘေးဖယ် ထားပြီး ဇာတိသဘောဖြင့် တုန့်ပြန်မိခြင်း
မရှိရန် ဦးစွာသတိပြုပြီးမှ သမ္မာတရားနှင့်အညီ ဘုရားရှင်

လက်ဝယ်တွင် ထိုအမှုများကို အပ်နှံမည်ဆိုပါက နှုတ်ကပတ်တော်၏ပြည့်စုံခြင်းသက်သေကို လက်တွေ့ခံစားရပြီး ပြဿနာများအကြားတွင်ဝမ်းမြောက်ခြင်းရှိ နိုင်မည်ဖြစ်ကြောင်း မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။
Dr.တင်မောင်ထွန်း-တရားဒေသနာ

No comments:

Post a Comment