၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 21 July 2018

|| ATheism ဘုရားမဲ့ဝါဒဟူသည်မှာ အဘယ်နည်း ||

ဘုရားမဲ့ဝါဒီသမားများက ဘုရားသခင်မရှိဟု ယုံကြည်ကြသည်။ ဘုရားမဲ့ဝါဒသည် အသစ်အဆန်းမဟုတ်ပါ။ ဆာလံ ၁၄း၁ ကို ဒါဝိဒ်က ဘီစီ ၁၀၀၀ ခန့်တွင် ရေးသားခဲ့သည်။ ဘုရားမရှိဟု ယုံကြည်သူများကို "ဘုရားသခင်မရှိဟု မိုက် သောသူသည် ထင်တတ်၏"ဟု ဖော်ပြထားသည်။ ယခုကိန်းဂဏာန်းတွက်ချက်အရ ဘုရားသခင်မရှိဟုယုံကြည်သူများ သည် ကမ္ဘာပေါ်မှာ တစ်ရာလျှင် ဆယ်ယောက်အထိ တိုးတက်သည်ဟု ဖော်ပြထားသည်။ ဘာကြောင့် ဘုရားသခင်မရှိ ဟု ယုံကြည်သူများ တိုးတက်လာသနည်း။ ဘုရားမရှိဟု ယုံကြည်သူများဖော်ပြသည့်အတိုင်း ထိုယုံကြည်ခြင်းသည် မှန်ကန် သလား။ ဘာကြောင့် ဘုရားမဲ့ဝါဒ ရှိသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် သူရှိခြင်းကို လူသားများထံ မိမိကိုယ်ကို မဖွင့် ပြသနည်း။ ဘုရားသခင်သည် မိမိကိုယ်ကို ထင်ရှားလျှင် လူတိုင်းက သူ့ကို ယုံကြည်ကြမည်ဖြစ်သည်။ ပြဿနာတစ်ခုမှာ ဘုရားသခင်က သူရှိခြင်းအကြောင်းကို လူသားများထံ ဖွင့်ပြရန် အလိုတော်မရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏အလို တော်မှာ ယုံကြည်ခြင်းအားဖြင့် သူ့ကို ယုံကြည်ရန် (၂ပေ ၃း၉)နှင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းဆုကျေးဇူးရရှိရန် အတွက် (ယောဟန် ၃း၁၆) ဖြစ်သည်။ ဘုရားသခင်က သူရှိခြင်းအကြောင်းကို ဓမ္မဟောင်းကျမ်းထဲမှာ ကြိမ်ဖန်များ စွာ ဖော်ပြခဲ့သည်
(ကမ္ဘာ ၆-၉၊ ထွက် ၁၄း၂၁-၂၂၊ ၃ရာ ၁၈း၁၉-၃၁)။
လူသားများက ဘုရားသခင်ရှိခြင်းကို ယုံကြည် ခဲ့ကြသလား။ ယုံကြည်ခဲ့ကြသည်။ သူတို့သည် အပြစ်တရားကို စွန့်ပစ်ပြီး ဘုရားသခင်ထံ ပြန်လာခဲ့ကြသလား။ မလာခဲ့ကြ ပါ။ လူတစ်ယောက်သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှိခြင်းကို လက်မခံလျှင် ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံရန် အဆင်သင့်မရှိခြင်း ဖြစ်သည် (ဧဖက် ၂း၈-၉)။ ဘုရားသခင်၏ အလိုတော်သည် လူသားများခရစ်ယာန်များဖြစ်လာရန်ဖြစ်သည်။ ဘုရားသခင်မရှိဟု ယုံကြည်သောသူများမဖြစ်သင့်ပါ။ (ဘုရားသခင်ရှိကြောင်းကို ယုံကြည်သူများဖြစ်ရမည်)။ ဘုရားသခင်၏တည်ရှိခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဟေဗြဲ ၁၁း၆ ထဲတွင် "ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးကို ပေးတော်မူသည်ကို ၄င်း၊ ယုံကြည်ရမည်" ဟုဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကို ကိုးစားယုံကြည်သောအ ခါ ကောင်းချီးခံစားသည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ "ယေရှုကလည်း၊ သင်သည် ငါ့ကိုမြင်သောကြောင့် ယုံခြင်း ရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏" (ယောဟန် ၂၀း၂၉)။ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှိခြင်းကို လက်ခံရမည်။ သို့သော် ဘုရားသခင်ကို စိတ်အားဖြင့်သာ ယုံကြည်ခြင်းကို မဆိုလိုပါ။ ဘုရားသခင်တည်ရှိခြင်းသက်သေပြရန် များစွာရှိသည်။ ဖန်ဆင်းထားသောအရာများ (ဆာလံ ၁၉း၁-၄)ကို ကြည့်ခြင်း၊ သစ်ပင်ပန်းပင်များကိုကြည်ခြင်း (ရောမ ၁း၁၈-၂၂)၊ နှင့် ကျွန်ုပ်တို့နှလုံးသားအားဖြင့် (ဒေသနာ ၃း၁၁) ဘုရားသခင်တည်ရှိခြင်းကို သိရှိနိုင်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ သို့သော် ဘုရားသခင်တည်ရှိခြင်းကို သက်သေမပြနိုင်ပါ။ ယုံကြည်ခြင်းအားဖြင့် လက်ခံရမည် ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားမဲ့ဝါဒကို ယုံကြည်ရန် ယုံကြည်ခြင်းများစွာ လိုအပ်သည်။ "ဘုရားသခင်မရှိ"ဟု ရဲဝံ့စွာ ဖော်ပြနိုင်ရန်အ တွက် အရာအားလုံးကို ပိုင်နိုင်ကျွမ်းကျင်စွာ သိရှိကြောင်း၊ ကမ္ဘာပေါ်မှာရှိသောအရာအားလုံးကို သိရှိကြောင်းနှင့် အရာ အားလုံးကို မြင်တွေ့သိရှိကြောင်းသက်ပြသရန်လိုအပ်ကြောင်း ပြောကြားရမည် ဖြစ်သည်။ သို့သော် ဘုရားသခင်မရှိ ကြောင်း သူတို့ဖော်ပြသောအရာသည် သက်သေပြရန် မရှိမဖြစ်လိုအပ်သည်။ ဘုရားမရှိဟု ယုံကြည်သူများက ဘုရားသခင်မရှိဟု သက်သေမပြနိုင်ပါ။ ဥပမားအားဖြင့်၊ နေမင်းကြီးအလယ်မှာနေထိုင်ခြင်း၊ ဂျူပီတာမိုးတိမ်အောက်မှာ နေထိုင်ခြင်း၊ အာကာတနှင့်ဝေးသောတစ်နေရာမှာ နေထိုင်ခြင်း တို့ဖြစ်သည်။ ထိုနေရာများသည် ကျွန်ုပ်တို့ ဦးနှောက်ခြင်းမမီ နိုင်ပါ။ ထိုနည်းတူ ဘုရားသခင်မရှိခြင်းသည်လည်း သက်သေမပြနိုင်ပါ။ ထိုကြောင့် ဘုရားမရှိဟု ယုံကြည်သူဖြစ်လာ နိုင်ရန် ဘုရားမရှိဟု ယုံကြည်သူကဲ့သို့ ယုံကြည်ခြင်းရှိရမည်။ ဘုရားမရှိဟုယုံကြည်မှုကို သက်သေမပြနိုင်ပါ။ ဘုရားသခင်ရှိခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်။ ခရစ်ယာန် များက ဘုရားသခင်ရှိသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်တည်ရှိခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဟု ၀န်ခံကြသည်။ သို့သော် ဘုရားသခင်ကို စိတ်အတွေးအားဖြင့်သာ ယုံကြည်မှုဝါဒကို ကျွန်ုပ်တို့ ငြင်းပယ်သည်။ ဘုရားသခင် ရှိခြင်းကို မျက်ဝါးထင်ထင်၊ စိတ်အာရုံဖြင့်ခံစားမှုနှင့် ဒဿနိကဗေဒနှင့် သိပ္ပံပညာများအဖြင့် သက်သေပြသနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ "မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။ တနေ့ကို တနေ့မြွက်ဆို၍ တညဥ့်ကို တညဥ့်သွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊ သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်း တိုင်အောင်ရောက်လေ၏" (ဆာလံ ၁၉း၁-၄)

No comments:

Post a Comment