၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 21 July 2018

|| Agnosticism ဘုရားသခင်ကို မယုံကြည်သောဝါဒ ဟူသည်မှာ အဘယ်နည်း ||

ဘုရားသခင်ကို မယုံကြည်သောဝါဒဟူသည်မှာ ဘုရားသခင်တည်ရှိခြင်းကို မသိနိုင်/သက်သေမပြနိုင်ဟု ယုံကြည်ခြင်း ဖြစ်သည်။ "agnostic" စကားလုံး၏အနက်အဓိပ္ပါယ်မှာ "ဥာဏ်ပညာကင်းမဲ့ခြင်း" ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည် ခြင်းသည် ဘုရားသခင်မရှိဟု ယုံကြည်မှုထက် ပိုဆိုးသည်။ "What is agnosticism?" Agnosticism is a more intellectually honest form of atheism. ဘုရားသခင်မရှိဟု ယုံကြည်သူများက ဘုရားသခင်ရှိခြင်း၊ မရှိခြင်းအကြောင်းကိုလည်း သက်သေမပြနိုင်ဟု ဆိုကြသည်။ ဘုရားသခင်ကို မယုံကြည်သောသူများက ဘုရားသခင်တည်ရှိ ခြင်းကို သက်သေမပြနိုင်/သက်သေပြ၍မရ ဟု ငြင်းဆိုကြသည်။ ဘုရားသခင်ရှိသည်ကို၎င်း၊ မရှိသည်ကို၎င်း သက်သေမပြနိုင်ဟု ဆိုကြသည်။ ဤအကြောင်းမှာ ဘုရားသခင်ကိုမယုံကြည်သောဝါဒသည် မှန်ကန်သည်။ ဘုရားသခင် တည်ရှိခြင်းကို မျက်ဝါးထင်ထင် သက်သေမပြနိုင်ပါ။ သက်သေပြလို့လည်းမရပါ။ ဘုရားသခင်တည်ရှိခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ လက်ခံရမည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဟေဗြဲ ၁၁း၆ ထဲမှာ "ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးသည်ကို၎င်း၊ ယုံကြည်ရမည်" ဟု ဖော်ပြထားသည်။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူသောကြောင့် (ယောဟန် ၄း၂၄) သူ့ကို မျက်စိဖြင့်မမြင်နိုင်၊ လက်ဖြင့်မထိတွေ့နိုင်ပါ။ ဘုရားသခင်က မိမိကိုယ်ကို မပြသလျှင် သူ့ကို မျက်စိဖြင့်မြင်တွေ့၍မရပါ (ရောမ ၁း၂၀)။ ဘုရားသခင်ရှိကြောင်းကို စကြာဝဋ္ဌာတည်ရှိခြင်း (ဆာလံ ၁၉း၁-၄)အားဖြင့်၎င်း၊ ဖန်ဆင်းထားသောအရာ များ (ရောမ ၁း၁၈-၂၂)အားဖြင့်၎င်း၊ ကျွန်ုပ်တို့နှလုံးသားထဲမှာ အသိအမှတ်ပြုခြင်း(ဒေသနာကျမ်း ၃း၁၁)အားဖြင့်၎င်း သိ နိုင်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဘုရားသခင်ကိုမယုံကြည်သောသူများက ဘုရားသခင်ရှိခြင်းကို လက်ခံရန်၎င်း၊ ငြင်းပယ်ရန်၎င်း ဆုံးဖြတ်ချက်မချ ချင်ကြပါ။ ထိုသို့ခံယူခြင်းသည် ဟိုမရောက် ဒီမရောက်ခံယူချက်ဖြစ်သည်။ ဘုရားသခင်ကိုယုံကြည်သူများက ဘုရား သခင်ရှိခြင်းကို ယုံကြည်ကြသည်။ ဘုရားမဲ့ဝါဒီများက ဘုရားသခင်ရှိခြင်းကို မယုံကြည်ကြပါ။ ဘုရားသခင်ကို မယုံကြည်သောသူများက ဘုရားသခင်ရှိခြင်းကိုဖြစ်စေ၊ မရှိခြင်းကို ဖြစ်စေ သက်သေမပြနိုင်သောကြောင့် ဘုရား သခင်တည်ရှိခြင်းကို မယုံကြည်သင့်၊ စဉ်းစားရန်အတွက်လည်းမကောင်းဟု ယုံကြည်ကြသည်။ ငြင်းခုံနေမည့်အစား၊ ဘုရားသခင်တည်ရှိခြင်းနှင့်ပတ်သက်၍ စေ့စပ်သေချာပြီး မငြင်းဆိုနိုင်သောသက်သေအထောက် အထားများကို ကောက်ယူကြပါစို့။ ဘုရားမဲ့ဝါဒနှင့်ဘုရားသခင်မယုံကြည်သောဝါဒကို အခြေခံလျှင် သေပြီးနောင်တမလွန် ဘ၀နှင့်ပတ်သက်ပြီး အဘယ်အရာကို "မြင်တွေ့" နိုင်ကြမည်နည်း။ ဘုရားသခင်မရှိလျှင် ဘုရားမဲ့ဝါဒီများနှင့် ဘုရားသခင် ကိုမယုံကြည်သောဝါဒီများသည် သေဆုံးသွားခဲ့ပြီးနောက် လုံးဝရပ်တန့်တော့မည် ဖြစ်သည်။ ဤရှုထောင့်မှကြည့်လျှင် ဘုရားမဲ့ဝါဒီများသည် ဘုရားသခင်ကိုမယုံကြည်သောဝါဒီများထက် ပိုပြီး "အဓိပ္ပါယ်" ရှိသည်။ အခြေအနေကို သက်သေ ပြနိုင်သည်ဖြစ်စေ၊ မပြနိုင်သည်ဖြစ်စေ၊ ထာဝရကာလအတွက်၊ နောက်ဆုံးသော အကျိုးသက်ရောက်မှုများကို သေချာ စဉ်းစားပြီး ကြိုးစား ဆန်းစစ်မှုသည် အကောင်းဆုံးဖြစ်သည်။ သံသယဖြစ်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသောအရာတစ်ခုဖြစ်သည်။ လောကမှာ ကျွန်ုပ်တို့ နားမလည်သောအရာများစွာ ရှိသည်။ လူတွေက ဘုရားသခင်ပြုသော အမှုအရာများနှင့်ခွင့်ပြုသောအရာများကို နားမလည်ကြသဖြင့် သူတို့က ဘုရား သခင်တည်ရှိခြင်းကို မကြာခဏ သံသယ၀င်တတ်ကြသည်။ သို့သော် အကန့်အသတ်ရှိသော လူသားများ၏ဦးနှောက်ဖြင့် အကန့်အသတ် မရှိသောဘုရားသခင်၏အကြောင်းကို ပြည့်စုံစွာ နားလည်သိရှိနိုင်မည်ဟု ကျွန်ုပ်တို့ မြော်လင့်ချက်မထားသင့်ပါ။ ရောမ ၁၁း၃၃-၃၄ ထဲမှာ "ဘုရားသခင်၏ ပညာနှင့်ဥာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကိုလိုက်၍ ရှာသော်လည်း မတွေ့မမှီနိုင်။ ထာဝရဘု ရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့် အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း"ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကို ယုံကြည်ရမည်။ ယုံကြည်ခြင်းအားဖြင့် သူ၏နည်းလမ်းကို ကိုးစားရမည်။ ဘုရားသခင်က သူ့ကိုယုံကြည်သောသူများအား အံ့သြဖွယ်ကောင်းသောနည်းလမ်း များအားဖြင့် မိမိကိုယ်ကို ပြသထင်ရှားလျက်ရှိသည်။ တရားဟောရာကျမ်း ၄း၂၉ ထဲတွင် " သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်" ဟု ဖော်ပြထားသည်။Amen!!

No comments:

Post a Comment