၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Friday 27 July 2018

၃။ သန့်ရှင်းသော ဝိညာဉ်တော်၏ နှစ်ခြင်း (တမန် ၁၉း၁-၇)

ကျမ်းစာထဲမှ အမျိုးမျိုးသော နှစ်ခြင်းများ အကြောင်းများကို တမန် ၁၉း၁-၇ တွင် တွေ့ရပါသည်။ ထိုကျမ်းပိုဒ်တွင် ဧဝံဂေလိ လိုက်လံဟောပြောသော အာပေါလုသည် ဧဖက်မြို့တွင် ရောက်ရှိလာသောအခါ တပည့်တော်များကို သန့်ရှင်းသော ဝိညာဉ်တော် ခံရပြီလားဟု မေးမြန်ခဲ့သည်။ 

ထိုအခါ "တပည့်တော်များက ကျွန်တော်တို့ အဲဒီအရာတွေကို မသိပါ၊ နားမလည်ပါ။" ဟုပြန်လည်ပြောဆိုသောအခါ ဘယ်လို နှစ်ခြင်းမျိုးကို ခံယူထားသလဲဟု မေးရာ ဗတ္တိဇံဆရာ ယောဟန်ရဲ့ ဗတ္တိဇံကို ခံထားကြောင်း ပြန်လည်ပြောလိုက်ပါတယ်။ ထိုအခါ အာပေါလုက ပြန်လည်၍ ယောဟန် ပြောခဲ့သော တရားဟောချက် အချို့ကို ပြန်လည် ပြောပြလိုက်ပါတယ်။ ယောဟန် ပြောခဲ့သော အချက်မှာ ငါ့နောက်ကြွ လာသောသူကို ယုံကြည်ရမည်ဟု ဆိုကာ

 နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကို ပေးခဲ့သည်။
 နောက်တွင် ကြလာမည့်သူမှာ ခရစ်တော်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုတရားဟောချက်ကို ကြားကြသော လူများတို့သည် ခရစ်တော်၌ နှစ်ခြင်း ခံကြပြန်သည်။ ပြီးသောအခါ အာပေါလုက ထိုလူတို့အတွက် ဆုတောင်း ပေးသောအခါ သန့်ရှင်းသော ဝိညာဉ်တော် ကျရောက် လာကြောင်း ရေးသား ထားပါသည်။ အရေအတွက်အားဖြင့် (၁၂) ယောက် ရှိကြောင်း ဖော်ပြထားပါသည်။ ရှင်မဿဲ ခရစ်ဝင်ကျမ်းတွင် ရေးသားထားသော အကြောင်းအရာကို သေချာစွာ ဖတ်ကြည့်ပါ။ ဗတ္တိဇံဆရာ ယောဟန်သည် အောက်ပါအတိုင်း ပရောဖတ် ပြုထား ကြောင်း တွေ့ရသည်။ ငါသည် နောင်တအဘို့ အလို့ငှါ သင်တို့ကို ရေနှင့် ဗတ္တိဇံကို ပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှါ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၄င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ (မဿဲ ၃း၁၁)) ယေရှုခရစ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်၌ 
ဗတ္တိဇံပေးသောသူပင် ဖြစ်ပါသည်။ 

ကျွန်တော် အထက်တွင် ဖော်ပြခဲ့သော ထူးခြားသည့် ဗတ္တိဇံ အမျိုးအစား 
(၃) မျိုး စလုံးကို ပြန်လည် ဆန်းစစ်ကြည့်ပါ။
 အောက်ပါအတိုင်း မြင်တွေ့နိုင်ပါသည်။ 
 ယောဟန်၏ ဗတ္တိဇံ။ ။နောင်တရရန် ဦးတည်ပါသည်။
 နှလုံးသား ပြောင်းလဲရန် လိုအပ်ပါသည်။ 
 ယေရှု၌ ဗတ္တိဇံ။ ။ရေဗတ္တိဇံ အဖြစ်လူသိများပါသည်။
 နှစ်ခြင်းခံခြင်း၏ အနှစ်သာရမှာ ကျွန် တော်တို့၏ ပြောင်းလဲမှု 
(ယေရှုခရစ်တော်နှင့် အတူ ကောင်းကင် အရပ်တွင် နေရာ ရရှိသည် 
ဆိုသော နေရာရရှိမှု) ကို ပုံဆောင် ပါသည်။ 
သန့်/ဝိ ၏ ဗတ္တိဇံ။ ။ယေရှုခရစ်တော်က ပေးသော 
တန်းခိုးနှင့် ပြောင်း လဲခြင်း၏ ရလဒ် တစ်ခု ဖြစ်ပါသည်။ 
{သန့်/ဝိ ဆင်းသက်သောအခါ တန်ခိုးကို ခံရပြီး မြေကြီးစွန်း 
တိုင်အောင် ငါ၏ သက်သေဖြစ်မည် ဆိုသော တန်းခိုး (တမန် ၁း၈)} 

 နောက်ဆုံး ဖော်ပြသော ဗတ္တိဇံ အမျိုးအစားသည် မည်သူတို့ အတွက် ဖြစ်ပါသနည်း။ ယုံကြည်သူ အားလုံးတို့ အတွက် ဖြစ်ပါသည်။ 
တမန်တော် ၂း၃၉ တွင် တမန်တော်ကြီး ရှင်ပေတရု ဟောပြော 
ဖွင့်ပြထားသည်မှာ ပေတရုကလည်း သင်တို့၏ အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တစ်ယောက်မျှ မကြွင်း၊ ယေရှု ခရစ်တော်၏ နာမ၌ ဗတ္တိဇံကို ခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော် တည်းဟူသော ဆု ကျေးဇူးတော်ကို ခံရကြလိမ့်မည်။ 

အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏ 
သား သမီးတို့နှင့်၎င်း၊ ဝေးသောသူ တို့တွင် ငါတို့၏ ဘုရားသခင် 
ထာဝရ ဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။ 
(တမန် ၂း၃၉) တမန်တော်ကြီး ရှင်ယောဟန်သည်လည်း သခင်ယေရှုခရစ်တော်ထံမှ တိုက်ရိုက်သွန်သင်ချက်ကို ရရှိပြီး
 အောက်ပါအတိုင်း ပြန်လည် ရေးသား ဖော်ပြခဲ့ပြန်ပါသည်။ 
ငါအမှန်အကန် ဆိုသည်ကား၊ ငါသွားလျှင် သင်တို့ အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွား လျှင် ဥပဇ္ဈာယ် ဆရာသည် သင်တို့ဆီသို့ မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ (ယောဟန် ၁၆း၇)

 သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့ အား အကြွင်းမဲ့ သွန်သင် ပြလိမ့်မည်။ 
ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျှောက် ဟောပြောမည် မဟုတ်။ ကြားသမျှတို့ကို ဟောပြော လိမ့်မည်။ နောင်လာလတံ့သော 
အရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။ (တမန် ၁၆း၁၃) အကျဉ်းချုပ်အားဖြင့် ထပ်မံဖော်ပြပါဦးမည်။ 

၁။ ယောဟန်၏ ဗတ္တိဇံမှာ အပြစ်သားများ နောင်တရဘို့ 
အတွက် အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။ 
 ၂။ ယေရှုခရစ်၌ ဗတ္တိဇံသည် ယေရှုခရစ်တော် ပြုလုပ်သော 
ကျွန်တော်တို့၏ အတွင်း စိတ်နှလုံး ပြောင်းလဲစေမှုကို 
လူအများ ရှေ့တွင် ဝန်ခံခြင်း ပြုလုပ်ရန် ရန်ရွယ်ပါသည်။ 
၃။ ယေရှု ခရစ်တော် ပေးတော်မူသော သန့်/ဝိ ၌ 
ဗတ္တိဇံမှာ မည်သည့် အဓိပ္ပါယ် ဖြစ်ပါသနည်း။ 

* မြေကြီးစွန်းတိုင်အောင် သက်သေဖြစ်ရန် 
 * တန်ခိုးကို ခံရရန် 
 * ကျွန်တော်တို့ အသက်တာထဲမှာ သန့်/ဝိ ဖွင့်ပြသော
 နှုတ်ခပတ်တော်ဖြင့် ခွန်အားပေးရန် 
* ဘုရားသခင်နှင့် အတူ လျှောက်လှမ်းရန် 
 * သန့်/ဝိ သည် ကြီးမားသော အမှုများကို သင်၏ 
အသက်တာထဲတွင် ပြုလုပ်ရန် 
* ပျောက်ဆုံး ဝိညာဉ်များအတွက် ပြင်းပြသော 
စိတ်ဓါတ်ခွန်အားနှင့် ဘုရားသခင်ထံ ပြန်ပို့ရန် 
 * နှုတ်ခပတ်တော် ဆာငတ်လာရန် 
* အသင်းတော်၏ အနာဂါတ်အတွက်
 မျှော်လင့်ချက်များ ဖြစ်လာရန် 

မိတ်ဆွေ၏ အသက်တာအတွက် စစ်မှန်သော ယုံကြည်သူ 
တစ်ဦးအနေဖြင့် အသက်ရှင်နိုင်ရန် သမ္မာကျမ်းစာ တွင် တွေ့ရသော ဗတ္တိဇံ (၃)မျိုးက သွန်သင်နေ သည်။ အပြစ်အတွက် နောင်တရပါ။ 
လူရှေ့ ဘုရားရှေ့တွင် ဝန်ခံပါ။ တန်ခိုးနှင့် ပြည့်ဝသော ခရစ်ယာန်တစ်ဦး 
အဖြစ် အသက်ရှင်ပါ။ နှစ်ခြင်း (၃)မျိုးကို သိကြွမ်းပြီးနောက် အသက်တာကို တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေ။ အယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။(Min Lwin)

No comments:

Post a Comment