၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Friday 27 July 2018

၂။ ယေရှုခရစ်တော်၌ ပြုသောနှစ်ခြင်း (တမန်တော် ၁၆း၂၅-၃၄)

ထိုသူတို့ကလည်း သခင်ယေရှုခရစ်ကို ယုံကြည်လော့။
ယုံကြည်လျှင် သင်နှင့် သင်၏ အိမ်သူ အိမ်သားတို့သည်
ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက် ထိုသူမှစ၍
သူ၏အိမ်၌ ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ခပတ်
တရားတော်ကို ဟောကြ၏။ (တမန် ၁၆း၃၀-၃၁)

အထက်ပါ ကျမ်းပိုဒ်ကို လေ့လာကြည့်ပါ။ ထိုအဖြစ်အပျက်သည် 
ကျမ်းစာထဲတွင် ကျွန်တော် အလွန်ကြိုက်သော အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။ ပေါလုနှင့် သိလသည် ထောင်ထဲသို့ ဧဝံဂေလိ ဟောပြောသောကြောင့် ရောက်ရှိ သွားလေသည်။ သို့သော်လည်း သူတို့သည် ဘုရားသခင်ကို ချီးမွမ်းနိုင်သေးသည်ကို တွေ့မြင်နိုင် ပါသည်။ 

သူတို့နှစ်ယောက်၏ ဂုဏ်တော်ချီးမွမ်းခြင်းသည် ထောင်တံခါးကြီးများကို ပွင့်သွားစေပါသည်။ ထိုသို့ ပွင့်သွားသောအခါ သူတို့နှစ်ယောက်အနေဖြင့် အနှောင်အဖွဲ့မှ လွတ်မြောက်ခွင့် ရလေသည်။ ထိုအခါ ထောင် မှူးသည် ထောင်သားများ လွတ်မြောက်သွားသောကြောင့် အပြစ်ရောက်မည်ကို ကြောက်သဖြင့် မိမိကိုယ်ကို အဆုံးစီရင်ရန် ပြင်ဆင်လိုက်လေသည်။ သို့သော်လည်း ပေါလုနှင့် သိလတို့က ထိုအဖြစ်ကို တားဆီးလိုက်သည်။ 

မိမိတို့ ထွက်မပြေးပါ ဟုပြောဆိုသောအခါ ထောင်မှူးသည် ပေါလုနှင့်သိလထံလာရောက်ပြီး ရှေ့မှောက်တွင် ပျက်ဝပ်သည်အထိ လေးစားရိုသေမှု ဖြစ်သွားပါသည်။ ထိုနောက် ထောင်မှူးက မိမိ အနေဖြင့် ကယ်တင်ခြင်းရရန် မည်သို့ ပြုလုပ်ရမည်နည်းဟု မေးမြန်သောအခါ "သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်" ဟုပြောဆိုလေသည်။ ထောင်မှူးသည် ယေရှုခရစ် တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်နှင့် 
အရှင်သခင်အဖြစ် ယုံကြည်ကာ နှစ်ခြင်းခံသဖြင့် အသစ်သော 
အသက်တာ ကို ရရှိခံစားရလေတော့သည်။ 

အထက်တွင် ပါဝင်သော အဆင့်များနှင့် အဖြစ်အပျက်များကို သေချာစွာ ကြည့် စေလိုပါသည်။ ပထမ ဦဆုံး အနေဖြင့် နောင်တရဘို့ရန်မှာ အဓိက အရေးကြီးဆုံး ဖြစ်ပါသည်။ ကျွန်တော်တို့သည် အရင် ဘဝဟောင်း ဖြစ်သည့် ညစ်ညူးသည့် အခြေအနေမှ အမြန်ဆုံး ပြန်လှည့်လိုသော စိတ်ပြင်းပြသည့် စိတ် ဆန္ဒ ရှိရန် အရေးကြီးပါသည်။ ထိုအခြေအနေသို့ ရောက်ပြီဆိုလျှင် ခရစ်တော်၌ အသစ်ပြု ပြင်သော အသက် တာကို ရရှိပြီ ဖြစ်ပါသည်။ 

တစ်စုံ တစ်ယောက်သည် ခရစ်တော်၌ ရှိနေပြီဆိုလျှင် အသစ်သော 
အသက်တာကို ရရှိပြီ ဖြစ်ပါသည်။ သင်သည် ခရစ်တော်ကို အရှင်သခင်နှင့် ကယ်တင်ရှင် အဖြစ် ကိုးစား ခိုလှုံလျှင် ခရစ်တော်၌ နှစ်မြှပ် ထားပြီး ဖြစ်သည်။ သင်သည် ခရစ်တော်၏ ဖုံးအုပ်ခြင်း၊ ဝါးမျိုခြင်း ခံလိုက်ရပြီ ဖြစ်သည်။ 
 ထိုအခြေအနေ မျိုးကို ကျမ်းစာထဲ၌ ဂလာတိ ၂း၂၀ တွင် ဖော်ပြ ထားသည်မှာ ငါသည် ခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ 
 သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင် သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ 
သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကို စွန့်တော်မူ၏။ 
ဘုရားသခင်၏ ကျေးဇူတော်ကို ငါမပယ်။

ပညတ်တရား (ဂျူးလူမျိုးတို့၏ ထုံးစံများနှင့် ကျင့်စဉ်များ) ကို အမှီပြု၍ ဖြောင့်မက်ရာသို့ ရောက်နိုင်လျှင် ခရစ်တော် သည် အချည်းအနှီး 
အသေခံတော်မူပြီ။ (ဂလာတိ ၂း၂၀-၂၁) ရှင်ပေါလုသည် ရောမမြို့ရှိ အသင်းတော်ကို ရေးသားလိုက်သော စာထဲတွင် ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု 
သင်တို့ မသိသလော။ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို 
ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ 
အကြောင်းမူကား၊ ခရစ်တော်သည် ခမည်တော်၏ ဘုန်းတန်ခိုးအားဖြင့်
 သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည် ရကြသတည်း။ (ရောမ ၆း၃-၄) ထိုအတွေ့အကြုံကို ယနေ့ကျွန်ုပ်တို့ထဲမှ အချို့သည် ခံစားပြီးဖြစ်ပေလိမ့်မည်။ 

ကျွန်တော်တို့၏ နှစ်ခြင်းခံ ခြင်းသည် ယေရှုခရစ်တော်၏ အသေခံခြင်းကို ထပ်တူပြုနေခြင်း ဖြစ်သည်။ ရေထဲသို့ နှစ်လိုက်ခြင်း သည် ယေရှုခရစ်တော်၏ သင်္ဂြိုလ်ခြင်းကို ထပ်တူပြုနေခြင်းဖြစ်သလို၊ နှစ်ပြီးနောက် ရေထဲမှ ပြန်ထွက်ပေါ် လာခြင်း သည် ယေရှုခရစ်တော်၏ ထမြောက်ခြင်းကို ထပ်တူပြုနေခြင်းဖြစ်သည်။ ကောလောသဲမြို့ရှိ အသင်းတော်သို့ ရေးသားပေးပို့သော စာထဲတွင်...

ရှင်ပေါလုက အထွဋ်အမြတ် အာဏာစက် ရှိသမျှကို အုပ်စိုးတော်မူသော 
ထိုသခင်၌ သင်တို့သည် စုံလင်ခြင်း ရှိကြ ၏။ ခရစ်တော်၏ အရေဖျား လှီးခြင်းအားဖြင့် ဇာတိ ပကတိ အပြစ်၏ ကိုယ်ကို ပယ်ရှင်၍ လက်ဖြင့် 
မလုပ်သော အရေဖျား လှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍ ဗတ္တိဇံအားဖြင့် ထိုသခင် နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ 
ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော်မူသော ဘုရားသခင်၏ ပြုပြင် အားထုပ်တော်မူခြင်းကို ယုံကြည် သောအားဖြင့် ဗတ္တိဇံကို ခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်း သို့ေ၇ာက်ကြ၏။ (ကောလော ၂း၁၀-၁၂) 

အထက်ပါ ကျမ်းပိုဒ်ကို ကြည့်ခြင်းအားဖြင့် သခင်ယေရှု လုပ်ဆောင်သမျှသော အရာတိုင်းသည် ယုံကြည်သော ကျွန်တော်တို့၏ အသက်တာထဲတွင် အလိုအလျှောက် အကျိုးသက်ရောက်ပြီး ဖြစ်သည်။ ကျွန်တော်တို့ သန့်ရှင်း ခြင်း ရှိစေရန် ထိုသခင်သည် ကျွန်တော်တို့ အတွက်ပင်လျှင် အရေးဖျား လှီးခြင်းကို ပြုလုပ်ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

No comments:

Post a Comment