၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Friday 13 July 2018

ဝိညာဉ်တော် အလုပ်လုပ်နည်း( ၂ ) မျိုး

ဝိညာဉ်တော် အလုပ်လုပ်နည်း( ၂ ) မျိုး ယခု ပဋိညာဉ်သစ်ကာလ မှာThe Spirit ဝိညာဉ်တော် အလုပ်လုပ်နည်း။ ( ၂ ) မျိုး ရှိ တယ်လူစုအေါ်ဝိညာဉ်တော် သွန်းလောင်းခြင်း နှင့် တစ်ဦးချင်းစီ အထဲ ဝိညာဉ်တော်ဖြည့်ပေးခြင်း။ ( ၁ ) Economical Spirit of God လူစုအပေါ် ဝိညာဉ်တော်သွန်းလောင်းခြင်းဖြင့် အဲ့ဒီလူစု ဟာ ဘုရား ရဲ့ တန်ခိုးကို ခံစားရတယ်ဘုရားသခင် ရဲ့ လုပ်ဆောင်ချက်ကို တွေ့မြင်ရတယ်။ ဘုရား ရဲ့ တန်ခိုးကိုခံစားရခြင်းဖြင့် ခရစ်တော် ၏ ကိုယ်ခန္ဓာ ဖြစ်လာဖို့ဖြစ်တယ်။ ဘုရားရဲ့ နိုင်ငံတော် တည်လာဖို့ ခရစ်တော်၏ တစ်လုံးတည်းသောကိုယ်ခန္ဓာတော် ထဲမှာ တစ်ပေါင်းတစ် စည်းတည်းဖြစ်ဖို့ ဝိညာဉ်တော်သွန်းလောင်းခြင်းဖြစ်တယ်။ အမြဲတမ်းမဟုတ်ဘူး၊ အချိန်တိုင်း မဟုတ်ဘူးတစ်ခဏလေး အပေါ်ကိုသွန်းလောင်း လိုက်တဲ့အခါမှာ လူတွေအပေါ် မှာဝိညာဉ်တော် လျှံထွက်သွားတယ်။ လူ ရဲ့ အပေါ်မှာ ဝိညာဉ်တော်စိုစွတ်သွားတယ် ဖြန်းပက်လိုက်တဲ့ သဘောပါပဲလူ့ ရဲ့ အပေါ်မှာပဲ ရှိ တယ်အထဲ ကို မရောက်ဘူး အဲ့ဒီအပေါ်မှာ ဝိညာဉ်တော်တန်ခိုးဟပ်သွားရင်လူ ဟာ ဘုရား ရဲ့ တန်ခိုးတော် ခံစားရတယ်။ ဒါပေမယ့် . . . စိတ်နှလုံး မပြောင်းလဲဘူးအဲ့ဒီ ဝိညာဉ်တော် ရဲ့ အရှိန်တန်ခိုး ဟပ်သွားတာဟာ အကြိမ်တစ်ရာ ပဲ ရ ရဘယ်နှစ်ကြိမ် ပဲ ရ ရ အနာငြိမ်းခြင်း ခံစားရလည်းပဲ လူ ဟာ စိတ်နှလုံးမပြောင်းလဲ ပါဇာတိလူတွေဟာ . . . . . မြင်ရတဲ့အရာတွေကို ကြိုက် တယ်အဲ့ဒီ ဇာတိလူတွေရဲ့ အသက်တာ မပြောင်းလဲပါ ။ ဘုရား ရဲ့ အလုပ်လုပ် တဲ့ဝိညာဉ်တော်ဟာ အလုပ်ဖြစ်ဖို့ ဘုရား ရဲ့ တန်ခိုးနိမိတ်လက္ခဏာပြဖို့မယုံကြည်သူတွေဟာ အသက်ရှင် တဲ့ ဘုရားကို မြင်ဖို့ မယုံကြည်သူတွေဟာ အသက်ရှင် တဲ့ဘုရား ရဲ့ ကောင်းမြတ်ခြင်းကို ခံစားရဖို့မယုံကြည်သူကနေ ယုံကြည်သူဖြစ်လာဖို့လူစု လူအုပ် လူအများစုထဲမှာ လူ တစ်ဦးတစ်ယောက် ကို ဘုရားအသုံးပြုပြီး ဘုရား အလုပ်လုပ်တာဖြစ်တယ်။ အဲ့ဒီလိုလုပ်တဲ့အခါမှာ အပေါ်ကနေသွန်းလောင်းလိုက်တာလူ ရဲ့ အပြင်ကနေ လုပ်တာဖြစ်တယ်။ အဲ့ဒါ မြင်ရတယ် ခံစားရတယ်။ ဒါပေမယ့် အသုံးပြုခံရတဲ့သူ ရောနိမိတ်လက္ခဏာ ခံစာရသူ ပါ အသက်တာ မပြောင်းလဲဘူး။ ( ၂ ) Essential Spirit of God ဒီခေတ်မှာ ဘုရားသခင် သည်လူ ၏ အတွင်းဆုံး ဝိညာဉ် က နေ အပြင်ဘက် ကို အလုပ် လုပ် တယ်လူ ၏ ဝိညာဉ်အတွင်းထဲမှာပဲ ဘုရား က အမြဲတမ်းနေတယ် စကားပြော တယ်ဘုရား နှင့် လူ ၏ ဝိညာဉ် က မျိုးတူတယ်။ တိုက်ရိုက်ဆက်သွယ်ခြင်း ရှိ တယ်ဘုရား ရဲ့ စကား က ခန္ဓာ နှင့် စိတ် ကို မဖြတ်ဘူး လူ ရဲ့ ဝိညာဉ်ကို ပဲ တိုက်ရိုက်စကားပြောတယ် in filling အတွင်းထဲကို ဖြည့်ပေးတယ်။ ဘုရား နဲ့ သဘောတူလိုချင် လက်ခံ ခွင့်ပြုသူ တစ်ဦးချင်းစီ ထဲ အစဉ်အမြဲ ဖြည့် ပေးတယ်။ အဆုံးမရှိ ဖြည့် ပေး တယ်။ အဆက်မပြတ် ဖြည့် ပေးတယ်။ အကန့်အသတ်မဲ့ ဖြည့် ပေး တယ်။ Essential Spirit ဘုရားသခင် ၏ ဝိညာဉ်ကိုယ်တိုင် ဘုရားသခင်ကိုယ်တိုင် မိမိကိုယ်ကို ပေး တယ်။ ချစ်သောသူ ကို မိမိကိုယ်ကို ပေး တယ်။ အကန့်အသတ်မဲ့ နဲ့ ပေး တယ်တစ်ကိုယ်လုံး ပေး တယ်။ တစ်သက်လုံး ပေး တယ်ဘုရား ရဲ့ အသက်ကို ပေးပြီး တော့ ချစ် တယ်မိမိ ရှိသမျှကို ပေးပြီး တော့ ချစ် တယ်။ တစ်စိမ့်စိမ့် နဲ့ နေ့တိုင်း နာရီတိုင်းမိနစ်တိုင်း စက္ကန့်တိုင်း ဝိညာဉ် စိတ် ခန္ဓာ ထဲ မှာ ပြည့်လျှံသွားအောင်ဖြည့် ပေး နေ တယ်။ အဲ့ဒီလို အဖြည့်ခံသူ ရဲ့ အသက်တာပြောင်းလဲသွားတယ်။ ဘုရားသခင် လိုချင်တဲ့အတိုင်းဘုရားသခင် ရည်ရွယ်တဲ့အတိုင်း ဖြစ်သွားတယ်။ ဘုရား က ဖြစ် စေ တယ်လူ ရဲ့ အတွင်းကနေ အပြင်ဘက်ကို လျှံထွက်ပြီး ဖြစ် သွား တာလူ ထဲ မှာ ဘုရား အမြဲတမ်း အစဉ်အမြဲ နေတယ်။ လူ ထဲ မှာ ဘုရား ရဲ့ အသက်အစဉ်အမြဲ ဖြည့် ပေး နေ တယ်။ အခု လူ ထဲ မှာ လူ ၏ အတွင်း မှာ နေ ပြီးလူ ၏ ကိုယ်စား လူ ၏ အတွက်လူ ထဲ မှ တစ်ဆင့်ဒီ ကမ္ဘာမြေကြီး မှာ ဘုရား ရဲ့ ရည်ရွယ်ချက်ကို ပြည့် စုံ စေ နေ တယ်ယခုဘဝ နှင့် နောင်ဘဝ ထာဝရတည်သော ဘုရား ၏ ဂုဏ်ရည် နှင့် အရည်အချင်း စာရိတ္တများ ဖြစ် လို့ အဲ့ဒီလို လူ ရဲ့ အတွင်းထဲမှာ ဖြည့်ပေးနေတာကို မမြင်ရဘူး နတ်ဆိုး လည်း မမြင်ရဘူး ကောင်းကင်တမန်လည်းမမြင်ရဘူး ကာယကံရှင်ကိုယ်တိုင်လည်း မသိအောင် ဘုရားက ပုန်း ပြီး တော့အလုပ် လုပ် တာလူ ၏ ဝိညာဉ်ထဲကနေ ဘုရား ပုန်း ပြီး တော့ထာဝရ အမြဲတမ်း လုပ် ပေး နေ တယ်။ ပဋိညာဉ်ဟောင်းအလုပ်လုပ်နည်းဖြစ်သော လူ ၏ အပြင်ကနေ ဝိညာဉ်တော် သွန်းလောင်းခြင်းနည်း ကို ယခု ပဋိညာဉ်သစ် မှာ ဘုရား မရုတ်သိမ်း သေးပါ။ ဆက် အသုံးပြုနေပါသေးတယ်။ သို့သော် ခေတ်ပြောင်းသွားခြင်းကြောင့် ဝိညာဉ်တော် အလုပ်လုပ်နည်း ထပ် ပြောင်းသွားခြင်းသည် အရေးကြီးပါသည်။ ဒါပေမယ့် . . အရေးကြီးတာ ကို အရေးမကြီးသကဲ့သို့ လူတွေကို နတ်ဆိုး လိမ်ထားတယ်။ အရေးမကြီးတာ ကို အရေးကြီး လုပ်ပစ်လိုက်တယ်။ အဲ့ဒါကြောင့် ယုံကြည်သူတွေဟာ မတိုးတက်တော့ဘူး။ မရင့်ကျက်တော့ဘူး အသက်တာမပြောင်းလဲကြတော့ဘူး။ ဘုရား ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာတော့ဘူး။ ဘုရား၏ အမွေခံသား ဖြစ် ဖို့ ယခု လူ ၏ အတွင်းထဲ မှာ ဘုရား ၏ စီမံကိန်း ကို အကောင်အထည် ဖော်ပေးနေသော indwelling Spirit ကိန်းဝပ်နေသည့် ဝိညာဉ်တော်ဘုရား ၏ ဦးဆောင်အုပ်စိုးခြင်း ကို ကျွန်ုပ်တို့ အယောက်တိုင်း သဘောတူဝန်ခံ အသက်ရှင်ခွင့် ပေး သောသူများ
 ဖြစ် ကြ ပါ စေ။ (Brother Lee )

No comments:

Post a Comment