ဤမေးခွန်းနှင့်ပတ်သက်၍ ကြီးမားသောသဘောထားလွှဲချော်မှုရှိခဲ့သည်။ ဤခံယူချက်သည် တမန်တော်များလိုက်နာကျင့်သုံးခြင်းမှ ဖြစ်လာပါသည်။
သခင်ယေရှုသည် “ငရဲပြည်”သို့သွားခဲ့သည်ဟု ဖော်ပြထားသော ကျမ်းပိုဒ် ရှိသည်။ ဤအချက်ကို လေ့လာရာတွင် ဦးစွာ သေခြင်းအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသောအကြောင်းအရာများ နားလည် သဘောပေါက်ခြင်းသည် အရေးကြီးသည်။ ဟေဗြဲကျမ်းစာထဲတွင် သေခြင်းကို sheol ဟု ဖော်ပြထားပါသည်။ “အသေကောင်များထားရှိသောနေရာ” (သို့) “ ၀ိညာဉ်များထွက်ခွါသွားသောနေရာ” ဟုအဓိပ္ပါယ်ရသည်။
ဓမ္မသစ်ကျမ်းထဲတွင် ငရဲစကားလုံးကို “hades”ဟုခေါ်ပါသည်။
“အသေကောင်များရှိသောနေရာ”ဟုအဓိပ္ပါယ်ရသည်။ ဓမ္မသစ်ကျမ်းရှိအချို့သော ကျမ်းပိုဒ်များတွင် sheol/hades ဟုသုံးသောအခါ ရှင်ပြန်ထမြောက်ခြင်းနှင့် တရားစီရင်ရန်အတွက် သေပြီးသောသူများ၏၀ိညာဉ်များ ယာယီစုံရုံးသောနေရာဖြစ်သည်။ ဗျာဒိတ်ကျမ်းထဲတွင် ထိုစကားလုံးတို့၏ မတူညီမှုကို တိကျစွာဖော်ပြထားပါသည်။
ငရဲပြည် (မီးအိုင်)သည် ကယ်တင်ခြင်းစိတ်ချမှုမရသောသူများ၏ ထာဝရနေထိုင်မည့်နေရာနှင့် တရားစီရင်ခြင်းဖြစ်သည်။
Hades သည် ယာယီထားရှိသောနေရာဖြစ်သည်။ ထို့ကြောင့်
သခင်ယေရှုသည် ငရဲပြည်သို့မသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်
ငရဲပြည်သည် အနာဂတ် တွင်တည်ရှိသောနေရာဖြစ်သည်။ ငရဲပြည်သည် ပလ္လင်ဖြူရှေ့တရားစီရင်ခြင်းပြီးနောက်တည်ရှိ မည့်နေရာ ဖြစ်သည်
(ဗျာဒိတ် ၂၀း၁၁-၁၅)။ Sheol/Hades မှာ ကယ်တင်ခြင်းရရှိခဲ့ပြီးသောသူများ တည်ရှိသောနေရာနှင့် ကယ်တင်ခြင်းမရသေးသောသူများ
ရှိသောနေရာဟူ၍ နှစ်မျိုးဖြင့်ခွဲခြားထားသည်။
(မဿဲ ၁၁း၂၃၊ ၁၆း၁၈၊ လုကာ ၁၀း၁၅၊ ၁၆း၂၃၊ တမန် ၂း၂၇-၃၁)။ ကယ်တင်ခြင်းရရှိခဲ့ပြီးသောသူများရှိသေနေရာကို “ပါရဒိသုခဘုံ” နှင့် “အာဗြဟံရင်ခွင်” ဟုခေါ်ပါသည်။ ကယ်တင်ခြင်းရရှိသောသူများနှင့် ကယ်တင်ခြင်းမရသေးသောသူများသည် “ကြီးမားသော တွင်းနက်” က ပိုင်းခြားထားပါသည် (လုကာ ၄း၈-၁၀)။ သခင်ယေရှုသည် ကောင်းကင်ဘုံသို့ချီဆောင်ခြင်း ကို ခံသည့်အချိန်တွင်
သူကယုံကြည်သူများကို သူနှင့်အတူ ချီဆောင်ခဲ့သည် (ဧဖက် ၄း၈-၁၀)။
ကယ်တင် ခြင်းမရသေးသောသူများရှိသောနေရာ sheol/hades သည် နဂိုမူလအတိုင်းကျန်ခဲ့သည်။ မယုံကြည်သူအား လုံးတို့သည် နောက်ဆုံးသောတရားစီရင်ခြင်းအတွက် ထိုနေရာတွင် စောင့်ဆိုင်းခဲ့သည်။ သခင်ယေရှုသည် sheol/hades တွင် သွားခဲ့သလား။
ဧဖက် ၄း၈-၁၀နှင့် ၁ပေ ၃း၁၈-၂၀ အရသွားခဲ့သည်။
ဆာလံ ၁၆း၁၀-၁၁ ကို King James Version တွင်ကြည့်လျှင် ရှုပ်ထွေးမှုအချို့ရှိသည်။ “အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏
ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော်၏သန့်ရှင်းသောသူ အားလည်း ပုပ်စပ်ခြင်းကို ရှိတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွန်တော်မူလိမ့်မည်။ အထံတော် ၌စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ျာတော်နားမှာအစဉ် အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏။”
ဤနေရာတွင် “ငရဲပြည်” ဟုဘာသာပြန်လျှင် မှားသည်။
“သင်္ချီုင်း” (သို့) “Sheol”ဟု ဘာသာပြန်ရမည် ဖြစ်သည်။
သခင်ယေရှုက သူ့နားတွင်ရှိသော ရာဇ၀တ်ကောင်ကို ဤသို့ပြောခဲ့သည်။
“ငါအမှန်ဆို သည်ကား၊ ယနေ့တွင်သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်” (လုကာ ၂၃း၄၃)။
သခင် ယေရှု၏ ခန္ဓာကိုယ်သည် သင်္ချိုင်းတွင်းထဲတွင်ရှိသည်။ သူ၏၀ိညာဉ်သည် အသေကောင်များထားရှိသောနေရာတဘက် “ပါရဒိသုဘုံ” တွင်ရှိခဲ့သည်။
သူက ဖြောင့်မတ်သောသူများ၏၀ိညာဉ်များကို ပါရဒိသုဘုံမှ ကောင်းကင်ဘုံသို့ ချီဆောင်သွားခဲ့သည်။ ကျမ်းစာအုပ်ဘာသာပြန်ဆိုခြင်းအများအပြားတို့သည်
ဂရိနှင့် ဟေဗြဲဘာသာစကားတွင်ဖော်ပြထားသော “sheol”, “hades” နှင့် “Hell” တို့ကို မှားယွင်းစွာ (သို့) အဓိပ္ပါပယ်လွှဲမှားစွာ ဘာသာပြန်ဆိုကြသည်။
အချို့သောသူများက သခင်ယေရှု “ငရဲပြည်” (သို့) sheol/hades သို့ရောက်ရှိခြင်းသည် ကျွန်ုပ်တို့၏ အပြစ်အတွက်ကိုယ်စားပြု ပြစ်ဒဏ်ခံခြင်းဖြစ်သည်ဟု ရှုမြင်တတ်ကြသည်။ ထိုသို့ယူဆခြင်းသည်
သမ္မာကျမ်းစာတော်နှင့်မကိုက်ညီပေ။ သခင်ယေရှုကားတိုင်တော်ပေါ်တွင် အသေခံခြင်းနှင့်ဆင်းရဲခံခြင်းတို့သည် ရွေးနှုတ်ကယ်တင်ခြင်းရရှိရန်အတွက် လုံလောက်သည်။ သခင်ယေရှု၏အသွေးတော်မြတ်က ကျွန်ုပ်တို့၏ အပြစ်ဟူသမျှတို့ကို ဆေးကြောပေးခဲ့သည် (၁ယော ၁း၇-၉)။
သခင်ယေရှုသည် ကားတိုင်တော်ပေါ်တွင် ဆွဲချိတ်ခြင်းခံသောအချိန်တွင် လောကီလူသားများအားလုံး၏အပြစ်များကို သူ့အပေါ်တွင် တင်ထမ်း ခဲ့သည်။ သူသည် ကျွန်ုပ်တို့အတွက် အပြစ်သားဖြစ်ခဲ့သည်။ “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊
ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်း တည်း” (၂ကော ၅း၂၁)။
အပြစ်ကူးပြောင်းခြင်းက ခရစ်တော်သည် ဂေသာရှေမန်ဥယျာဉ်ထဲတွင် အပြစ်တရားအတွက်ဆုတောင်းခြင်းကို သတိရစေသည်။ ထိုအပြစ်ခွက်ကို သခင်ယေရှုသည်ကားတိုင်တော် ပေါ်တွင်အသေခံချိန်တွင် သူ့အပေါ်သို့သွန်းလောင်းခဲ့သည်။ သခင်ယေရှုသည် ကားတိုင်တော်ပေါ်ဤသို့ငိုကြွေးခဲ့သည်။
“အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” (မဿဲ၂၇း၄၆)။ ထိုအချိန်တွင် သခင်ယေရှုပေါ်တွင် အပြစ်များသွန်းလောင်းထား သောကြောင့် သူသည် ခမည်းတော်ဘုရားသခင်နှင့် ကွဲကာနေခဲ့ရခြင်းဖြစ်သည်။ သူသည် ခမည်းတော်ဘုရားသခင်ထံ သူ၏၀ိညာဉ်ကို ဆက်ကပ်ခဲ့သည်။ “အကျွန်ုပ်ဝိညာဉ်ကို ကိုယ်တော့်လက်၌အကျွန်ုပ်အပ်ပါ၏” (လုကာ ၂၃း၄၆)။
ကျွန်ုပ်တို့ကိုယ်စား သူ၏ဆင်းရဲဒုက္ခခံခြင်းသည် ပြည့်စုံခဲ့သည်။
သူ၏၀ိညာဉ်သည် hades တဘက် ပါရဒိသုဘုံသို့သွားခဲ့သည်။
သခင်ယေရှုသည် ငရဲပြည်သို့မသွားခဲ့ပေ။ သခင်ယေရှု၏ ဆင်းရဲဒုက္ခခံခြင်းသည် သူသေဆုံးသောအချိန်တွင် အဆုံးသတ်ခဲ့သည်။ အပြစ်အားလုံးအတွက်
သူပေးဆပ် ခဲ့သည်။ ထိုနောက်သူသည် သူ၏ခန္ဓာကိုယ်ရှင်ပြန်ထမြောက်ရန်နှင့် ဘုန်းတော်နှင့်ပြည့်စုံသောခန္ဓာကိုယ် ဖြင့် ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံရန် စောင့်ဆိုင်းနေခဲ့သည်။ သခင်ယေရှုသည် ငရဲပြည်သို့သွားခဲ့သလား။ မသွားခဲ့ပေ။ သခင်ယေရှုသည် sheol/hades သို့သွားခဲ့သလား။ သွားခဲ့သည်။

No comments:
Post a Comment