၁ပေ၊ ၃း၁၈-၁၉ တွင် “ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ၀ိညာဉ် တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင်
ထံသို့ ပို့ဆောင် ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် ဖြောင့် မတ်သောသူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။
ဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍ ယခုထောင်ထဲမှာ
လှောင်ထားသော ၀ိညာဉ်တို့အား တရားဟောတော်မူ၏” ဟုဖော်ပြထားပါသည်။ အခန်းငယ် ၁၈ ထဲတွင် ဖော်ပြထား သော “၀ိညာဉ်တော်အားဖြင့်” စကားစုသည် “ကိုယ်ခန္ဓာအားဖြင့်” ဟူသောစကားစုနှင့် သဘောတူညီ မှုရှိသည်။
ထိုကြောင့် “၀ိညာဉ်” စကားလုံးနှင့် “ခန္ဓာကိုယ်” စကားလုံးတို့သည်
တခုနှင့်တခု ဆက်စပ် မှုရှိသည်ကိုသိရှိရန် လိုအပ်သည်။
ကိုယ်ခန္ဓာ နှင့်ဝိညာဉ်တို့သည် ခရစ်တော်၏ ခန္ဓာကိုယ်နှင့် ၀ိညာဉ် ဖြစ်သည်။ “၀ိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်တော်မူသည်” ဟူသော စကားစုသည် ခရစ်တော်သည် အပြစ်သားများအတွက် အသေခံတော်မူသောကြောင့် သူ၏၀ိညာဉ်သည် ဘုရားသ ခင်နှင့် မပေါင်းတော့သည်ကို ဖော်ပြလိုခြင်းဖြစ်သည် (မဿဲ၊ ၂၇း၄၆)။
ကိုယ်ခန္ဓာနှင့် ၀ိညာဉ်တို့၏ ကွာဟမှုကို ဖောပြရလျှင် မဿဲ၊ ၂၇း၄၆ ထဲတွင်ဖော်ပြထားသော ကိုယ်ခန္ဓာနှင့်ဝိညာဉ်သည် ခရစ်တော်၏ ခန္ဓာကိုယ်နှင့် သန့်ရှင်းသော ၀ိညာဉ်တော်တို့ကို ဖော်ပြလိုခြင်းဖြစ်သည်။
အပြစ်ကြွေး ပေးဆပ်ရန် ခရစ်တော်၏အသေခံခြင်းသည် ပြီးပြည့်စုံခဲ့သည်။ သူ၏၀ိညာဉ်က ပျက်ဆီးသွားခဲ့သော မိတ်သာဟာရဖွဲ့ခြင်းကို ပြန်လည်ရရှိစေခဲ့ပါသည်။ ၁ပေ၊ ၃း၁၈-၂၂ ထဲတွင် ခရစ်တော်၏ဆင်းရဲ
ဒုက္ခခံခြင်း (အခန်းငယ်၊ ၁၈) နှင့် သူ၏ ဘုန်းတော်ထင်ရှားခြင်း (ငယ်၊ ၂၂) တို့၏ဆက်နွယ်မှု ကို ဖော်ပြထားပါသည်။ ရှင်ပေတာရုက ထိုအရာနှစ်ခုတို့ကြားဖြစ်ပျက်သော အကြောင်းအရာများကို အစီရင်ခံတင်ပြထားပါသည်။ အခန်းငယ် ၁၉ ထဲ၌ဖော်ပြထားသော “တရားဟောခြင်း စကားလုံးသည် ဓမ္မသစ်ထဲတွင် ရှိသော ကယ်တင်ခြင်း သတင်းကောင်း “ဟောပြောခြင်း” စကားလုံးနှင့် တူညီမှုမရှိပေ။
၎င်း၏အဓိပ္ပါယ်သည် သတင်းကောင်းကို ရှေ့ပြေးအဖြစ်
ကြွေးကြော်ခြင်းဖြစ်သည်။ ခရစ်တော်သည် ကားတိုင်ပေါ်တွင် နာကျင်စွာအသေခံခဲ့သည်။ သူ၏ကိုယ်ခန္ဓာသည်အသေခံခဲ့သည်။
သူ့ကို အပြစ်ရှိသောသူဖြစ်စေ သောကြောင့် သူ၏စိတ်သည်လည်း သေခဲ့သည်။
သို့သော် သူ၏၀ိညာဉ်သည် အသက်ရှင်ပြီး၊ ခမည်းတော်ဘုရားသခင်ထံသို့ ဆက်ကပ်ခဲ့ပါသည်။ ရှင်ပေတာရု၏ဖော်ပြချက်အရ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြားတွင် သခင်ယေရှုသည် “ထောင်ထဲရှိဝိညာဉ်များ” ထံသို့သတင်းကောင်း ဝေမျှနိုင်သည်။ ပေတာရုဖော်ပြချက်ကိုကြည့်လျှင် လူတွေ၏၀ိညာဉ်ကို “souls” (၀ိညာဉ်) ဟုဖော်ပြထားပြီး၊
“spirit” (၀ိညာဉ်) (၃း၂၀) အဖြစ်ဖော်ပြထားခြင်းမရှိပေ။
သမ္မသစ်ကျမ်းထဲတွင် “spirits” ၀ိညာဉ်ဟူသော စကားလုံးသည် ကောင်းကင်တမန်(သို့) နတ်ဆိုးများကို ဖော်ပြရန် အသုံးပြု ခြင်းဖြစ်ပြီး၊ လူသားများကို ဖော်ပြရန် အသုံးပြုပေ။ အခန်းငယ်၊ ၂၂ သည် ကောင်းကင်တမန် (သို့) နတ်ဆိုးများကို ဖော်ပြလိုခြင်းဖြစ်နိုင်သည်။ သခင်ယေရှုသည် ငရဲသို့သွား၍ ကယ်တင်ခြင်းတရား ဟောခဲ့သည်ဟု သမ္မာကျမ်းစာထဲတွင် မတွေ့ရပေ။
တမန်၊ ၂း၃၁ က သခင်ယေရှုသည် “Hades” (လူသေတို့၏ ၀ိညာဉ် စုရုံးသောနေရာ) သို့သွားရောက်ခဲ့သည် ဟုဖော်ပြထားပါသည်။ သူသည် ငရဲထဲ သို့သွားရောက်ခဲ့သည်ဟု ဖော်ပြထားခြင်းမရှိခဲ့ပေ။
“Hades” စကားလုံးသည် သေပြီးသောသူများ ပြန်လည်ထမြောက်သော
အချိန်ကို စောင့်ဆိုင်းရန် အသေကောင်များခေတ္တထားရှိသော နေရာဖြစ်သည်။
ဗျာ၊ ၂၀း၁၁-၁၅ NASB (သို့) New International Version တို့တွင် Hades နှင့် ငရဲတို့၏ကွာဟမှုကို တိကျစွာဖော်ပြထားပါသည်။
ငရဲမီးအိုင်သည် မယုံကြည်သူများထာဝရတည်ရှိ သော နေရာဖြစ်သည်။
Hades သည် ခေတ္တသိုလောင်ထားသောနေရာဖြစ်သည်။ သခင်ယေရှုက မိမိဝိညာဉ်ကို ခမည်းတော်ထဲသို့အပ်နှံကာ သေဆုံးသွားခဲ့သည်။ သူသည် သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကာလကြားတွင် သေပြီးသော သူများ၏၀ိညာဉ်စုရုံးသော နေရာ (ကျဆင်းသောကောင်းကင်တမန်များ ရှိသောနေရာ-ယုဒ ၆ကို ကြည့်ပါ)သို့သွားရောက်ခဲ့သည်။
ထို သူတို့သည် နောဧ အချိန်ရေလွှမ်းမိုးခြင်း မတိုင်မှီ ရှိသောသူများနှင့်တူကြောင်းဖော်ပြထားပါသည်။ အခန်းငယ် ၂၀ ထဲတွင် ဤအကြောင်းနှင့်ပတ်သက်၍ တိကျစွာဖော်ပြထားပါသည်။လှောင်ပိတ်ခြင်းကို ခံရသောဝိညာဉ်များထံ ခရစ်တော်က ဘာအကြောင်းဟောပြောခဲ့သည်ကို ရှင်ပေတာရုက မဖော်ပြခဲ့ သော်လည်း ပစ်ချခြင်းခံသော ကောင်းသောတမန် ကယ်တင်ခြင်းရရှိရန် သူသည် ကယ်တင်ခြင်းသတင်း ကောင်းဟောပြောလိမ့်မည်မဟုတ်ပေ (ဟေဗြဲ၊ ၂း၁၆)။
ထိုသတင်းသည် စာတန်နှင့်သူ၏ လူများအပေါ်တွင် ကြွေးကြော်သော အောင်မြင်ခြင်း သတင်းကောင်းဖြစ်နိုင်သည်(၁ပေ၊ ၃း၂၂၊ ကောလော၊ ၂း၁၅)။ ဧဖက်၊ ၄း၈-၁၀ ထဲတွင် ခရစ်တော်သည် “ပါရဒိသုဘုံ” (လု၊ ၁၆း၂၀၊ ၂၃း၄၃) သို့ တက်ရောက်ခဲ့ပြီး၊ သူမသေမှီ ယုံကြည်ပြီးသောသူများကို ကောင်းကင်ဘုံသို့ ချီဆောင်ခဲ့ပါသည်။ သခင်ယေရှုသေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြားထဲတွင် ဖြစ်ပျက်သော အကြောင်းအရာများကို သမ္မာကျမ်းစာထဲတွင် သေချဂနစွာ ဖော်ပြထားခြင်း မရှိသော်လည်း ကျမ်းတတ်ပုဂ္ဂိုလ်အများစုက ၎င်းသည် “ချီဆောင်ခြင်းခံသောသူများလွှတ်မြောက်ပေးခြင်း” ကိုဆိုလိုသည်ဟု သဘောတူကြသည်။ နိဂုံးနေဖြင့်ဖော်ပြရလျှင်၊ ခရစ်တော်၏သေခြင်းနှင့် ထမြောက်ခြင်းကြားကာလတွင် သူသည် ဘာအမှုပြုခဲ့ကြောင်းကို သမ္မာကျမ်းစာထဲတွင် တိကျစွာဖော်ပြထားခြင်းမရှိပေ။
သို့သော်သူသည် ကျဆင်းသော ကောင်းကင်တမန်များနှင့် မယုံကြည်သူများပေါ်တွင် အောင်ပွဲကို ကြွေးကြော်နိုင် ပေသည်။ အဓိကအချက်သည် သခင်ယေရှုက ထိုသူတို့သည် ကယ်တင်ခြင်းစိတ်ချမှုရရှိရန် ဒုတိယ အကြိမ်ပေးလိမ့်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် သေဆုံးသွားခဲ့ပြီးနောက်၊ တရားစီရင်ခြင်းကို ခံရမည် ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည် (ဟေဗြဲ၊ ၉း၂၇)။ ဒုတိယ အခွင့်အရေးဟူ၍ ရှိတော့မည် မဟုတ်ပေ။ သခင်ယေရှုသေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကာလတွင် သူသည် ဘာအမှုပြုသည်ကို တိတိကျကျ ဖော်ပြထားခြင်းတစုံတခုမျှမရှိပေ။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော် သို့ရောက် သည့်အခါ နက်နဲလျှို့ဝှက်သောအရာများ ကို သိရှိပါလိမ့်မည်။

No comments:
Post a Comment