၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 21 July 2018

|| သမ္မာကျမ်း ဖော်ပြချက်အရ လူသေဆုံးပြီး လုံးဝပျောက်ကွယ်ပါသလား ||

လူတွေသေဆုံးပြီးနောက် လုံးဝပျောက်ကွယ်ခြင်းယုံကြည်မှုသည် မယုံကြည်သူများက ထာဝရငရဲမီးအိုင်ထဲ၌ တစ်သက်လုံးဆင်းရဲဒုက္ခမခံစားရဟူသော ယုံကြည်ခြင်း ဖြစ်သည်။ သို့သော် သူတို့သည် သေဆုံးခဲ့ပြီးနောက် "လုံးဝ ပျောက်ကွယ်သွားသည်" 
ဟု ယုံကြည်ကြသည်။ ငရဲမီးအိုင်ထဲ၌ လူတွေ ထာဝရနေထိုင်ခြင်းသည် အလွန်ကြောက်စရာ ကောင်းသော ခံယူချက်ဖြစ်သဖြင့် လူတွေသေဆုံးပြီးနောက် လုံးဝပျောက်ကွယ်သွားခြင်းခံယူချက်သည် လူများစွာတို့၏ ကြိုက်နှစ်သက်သောယုံကြည်မှု ဖြစ်သည်။ လူတွေသေဆုံးပြီးနောက်လုံးဝပျောက်ကွယ်မှုခံယူချက်သည် မှားကြောင်း ကွန့်ကွက်သော ကျမ်းချက်အချို့ရှိသည်။ မယုံကြည်သူများ၏ ကံကြမ္မာသည် ငရဲမီးအိုင်ထဲသို့ ထာဝရခံစားရမည်ဖြစ် ကြောင်း သမ္မာကျမ်းစာက ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်။ လူတွေသေဆုံးပြီးနောက် လုံးဝပျောက်ကွယ်ခြင်း ယုံကြည်မှုသည် အောက်တွင် ဖော်ပြထားသော ဓမ္မခံယူချက်တစ်ခု (သို့)ခံယူချက်များအပေါ် နားလည်မှုလွှဲချော်မှုကြောင့် ဖြစ်သည်။ - 
(၁) အပြစ်၏ကွင်းဆက် (၂) ဘုရားသခင်၏ဖြောင့်မတ်ခြင်း 
(၃) ငရဲမီးအိုင်၏သဘောသဘ၀။ 
ငရဲမီးအိုင်၏သဘောသဘ၀နှင့်ပတ်သက်ပြီး လူတွေသေဆုံးခဲ့ပြီးနောက် လုံးဝပျောက်ကွယ်ခြင်းခံယူချက်စွဲကိုင်သူများက ငရဲမီးအိုင်၏အနက်ဓိပ္ပါယ်ကို နားမလည်ကြသောကြောင့် ဖြစ်သည်။ လူတစ်ယောက်သည် ကန့်နှင့်ရောသော ငရဲမီးအိုင်ထဲမှာ ပစ်ချသောအခါ သူတို့သည် လောင်ကျွမ်းသွားကြမည်ဟု ခံယူကြသည်။ သို့သော် ငရဲမီးအိုင်သည် ကိုယ်ကာယနှင့်ဝိညာဉ်ရေးရာ ရောက်မည့်နေရာ ဖြစ်သည်။ လူ၏ကိုယ်ခန္ဓာတစ်ခုတည်းသာ ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်း မဟုတ်ဘဲ လူ၏ကိုယ်ခန္ဓာ၊ စိတ် ၀ိညာဉ်များကို ပစ်ချခြင်း ဖြစ်သည်။ ၀ိညာဉ်ကို မီးအိုင်က မလောင်ကျွမ်းစေနိုင်ပါ။ ကယ်တင်ခြင်းမရသေးသောသူများသည်လည်း ကယ်တင်ခြင်းရရှိသောသူများကဲ့သို့ ထာဝရအတွက် ပြင်ဆင်ထားသော ကိုယ်ခန္ဓာဖြင့် ထမြောက်လိမ့်မည် 
(ဗျာဒိတ် ၂၀း၁၃၊ တမန် ၂၄း၁၅)။ 
ဤကိုယ်ခန္ဓာများသည် ထာဝရအတွက် ပြင်ဆင် ပေးထားခြင်း ဖြစ်သည်။ ထာဝရဟူသည်မှာ လူတွေသေဆုံးပြီးနောက် လုံးဝပျောက်ကွယ်သွားခြင်းသည် မှားယွင်းကြောင်း ဖော်ပြပေးသော အခြား ခံယူချက်တစ်ခုပင် ဖြစ်သည်။ ဂရိစကားလုံး aionion သည် "ထာဝရကာလ"ဟု ဘာသာပြန်ဆိုထားသော်လည်း "ထာဝရ" ကာလကို ရည်ညွှန်းလိုခြင်းမဟုတ်သောကြောင့် လူတွေသေဆုံးသွားပြီးနောက် လုံးဝပျောက်ကွယ်ခြင်းသည် မှန်ကန်သည်။ ထိုစကားလုံးသည် အချိန်တစ်ခုအတောအတွင်း "နှစ်" (သို့) "အလွန်ရှည်လျားသောကာလတစ်ခု"ကို ရည်ညွှန်းလိုခြင်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲတွင် aionion ကို ထာဝရကာလကို ရည်ညွှန်းပေးသော စကားလုံးအဖြစ် တခါတရံအသုံးပြုကြောင်း တွေ့ရသည်။ ဗျာဒိတ် ၂၀း၁၀ ထဲတွင် စာတန်၊ သားရဲနှင့် မိစ္ဆာပရောဖက်များကို ငရဲမီးအိုင်ထဲ၌ ပစ်ချခြင်းခံရပြီး သူတို့သည် "နေ့ညမပြတ်၊ ထာဝရ" ငရဲမီးအိုင်မှာ တစ်သက်လုံး ဆင်းရဲဒုက္ခခံရမည်ဟု ဖော်ပြထားသည်။ သူတို့သုံးယောက်တို့သည် ငရဲမီးအိုင်ထဲမှာ လောင်ကျွမ်းပျောက်ကွယ်ခြင်းအရှိဟု သေချာစွာ သိရှိနိုင်သည်။ ကယ်တင်ခြင်း မရသေူသောသူများ၏ကံကြမ္မာသည် အဘယ်ကြောင့် ကယ်တင်ခြင်းရရှိသောသူများနှင့်မတူသနည်း (ဗျာဒိတ် ၂၀း၁၄-၁၅)။ ငရဲအစစ်အမှန်တည်ရှိကြောင်းကို မဿဲ ၂၅း၄၆ ထဲတွင် တိကျစွာ ဖော်ပြထားသည်။ "ထိုသူတို့သည် ထာဝရအပြစ် ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့၎င်း၊ သွားရကြလတံ့ဟု မိန့်တော်မူ၏။"ဤကျမ်း ပိုဒ်ထဲတွင် အထက်ကဖော်ပြထားသော ဂရိစကားလုံးကို ဆိုးသွမ်းသောသူများနှင့် ဖြောင့်မတ်သောသူများတို့၏ ကံကြမ္မာ ကိုရည်ညွှန်းရန်အတွက် အသုံးပြုထားသည်။ ဆိုးသောသူများသည် ငရဲမီးအိုင်ထဲမှာ "အချိန်ကာလတစ်ခုအတောအတွင်း" သာနေလျှင် ဖြောင့်မတ်သောသူများသည် ကောင်းကင်နိုင်ငံတော်မှာ "အချိန်ကာလတစ်ခုအတောအတွင်း" ရှိကြမည် ဖြစ်သည်။ ယုံကြည်သူများသည် ကောင်းကင်နိုင်ငံတော်မှာ အသက်လုံးနေလျှင် မယုံကြည်သူများသည်လည်း 
ငရဲထဲမှာ ထာဝရနေရမည် ဖြစ်သည်။ လူတွေသေဆုံးပြီးနောက်လုံးဝပျောက်ကွယ်သွားသည်ဟူသောခံယူချက်စွဲကိုင်သူများက အကန့်အသန့်ရှိသော အပြစ်ကြောင့် ငရဲမီးအိုင်၌ မယုံကြည်သူများအား ထာဝရပြစ်ဒဏ်ပေးခြင်းသည် မတရားဘူဟု ပြောတတ်ကြသည်။ နှစ်ပေါင်း ၇၀အတွင်း အပြစ်တရားဖြင့် အသက်ရှင်သောသူတစ်ဦးကို ဘုရားသခင်က ထိုအပြစ်ကြောင့် ထာဝရပြစ်ဒဏ်ခံစေခြင်းသည် တရားမျှတမှုမရှိမလား။ ကျွန်ုပ်တို့အပြစ်များသည် ဘုရားသခင်ကို ဆန့်ကျင်သောအပြစ် ဖြစ်သောကြောင့် ထိုအပြစ်တရားသည် ထာဝရပြစ်ဒဏ်ခံထိုက်သည်ဟု ဖြေကြားနိုင်သည်။ ဒါဝိဒ်ရှင်ဘုရင်သည် ကာမဆက်ဆံရေးအပြစ်နှင့်လူသတ်မှုအပြစ်ကို ကျူးလွန်မိသောအခါ သူက "ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မျှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏" (ဆာလံ ၅၁း၎)ဟု ပြောခဲ့သည်။ ဒါဝိဒ်က ဗာသရှေဘနှင့် ဥရိယကို ပြစ်မှားခဲ့သည်။ ဘာကြောင့် ဒါဝိဒ်က ဘုရားသခင်ကိုသာ ပြစ်မှားပါပြီး ဟု ပြောခဲ့သနည်း။ ဒါဝိဒ်က အပြစ်အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောအပြစ်ဖြစ်သည်ဟု သိရှိခဲ့သည်။ ဘုရားသခင်သည် ထာဝရဘုရားသ ခင်ဖြစ်သည်။ ထိုကြောင့် သူ့ကို ဆန့်ကျင်သောအပြစ်အားလုံးသည် ထာဝရပြစ်ဒဏ်ခံထိုက်သည်။ ကျွန်ုပ်တို့အပြစ်ပြုသော အချိန်ကာလသည် မည်သို့ပင် များနေပါစေ၊ နည်းနေပါစေ ကျွန်ုပ်တို့ပြုသောအပြစ်သည် ဘုရားသခင်၏ဂုဏ်သိက္ခာကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသို့ရောက်သော်လည်း ကျွန်ုပ်တို့ချစ်သူများသည် ငရဲမီးအိုင်၌ထာဝရ ဆင်းရဲဒုက္ခခံစား လျှင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ပျော်ရွှင်နိုင်မည်ဟုတ်ဟူသောခံယူချက်သည် လူတွေသေဆုံးခဲ့ပြီးနောက် လုံးဝပျောက်ကွယ်သွားခြင်းကို ယုံကြည်သောသူများ၏ ထင်မြင်ယူဆချက် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ကောင်း ကင်နိုင်ငံသို့ရောက်ကြသောအခါ စောဒကတက်ခြင်း၊ ၀မ်းနည်းခြင်းတစုံတခုမျှ ရှိတော့မည် မဟုတ်ပါ။ ဗျာဒိတ် ၂၁း၎ က "ဘုရားသခင်သည် သူတို့၏မျက်စီ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ" ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့ချစ်သောသူများသည် ကောင်းကင်နိုင်ငံတော်သို့မရောက်လျှင် သူတို့ကို ကျွန်ုပ်တို့ လိုချင် တောင့်တတော့မည်မဟုတ်ဘဲ သူတို့သည် သခင်ယေရှုခရစ်တော်ကို သူတို့၏ကယ်တင်ရှင်အဖြစ် ငြင်းဆိုကြသောကြောင့် ပြစ်ဒဏ်ခံထိုက်သည်ဟု ကျွန်ုပ်တို့ လုံးဝ သဘောတူကြမည်ဖြစ်သည် (ယောဟန် ၃း၁၆၊ ၁၄း၆)။ ဤအရာကို နားလည်ရန် ခက်ခဲသော်လည်း သူတို့၏ငရဲမီးအိုင်ထဲရောက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ၀မ်းနည်းမှုကို ခံစားကြမည်မဟုတ်ပါ။ ကျွန်ုပ်တို့ချစ်သောသူများအရှိရင်လည်း ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်မှာ ပျော်ရွှင်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကိုယုံကြည်သော ကျွန်ုပ်တို့ချစ်သောသူများနှင့်အတူရှိမည်ဖြစ်သောကြောင့် ကောင်းကင်နိုင်ငံမှာ ပျော်ရွှင်ကြမည် ဖြစ်သည်။ ငရဲမီးအိုင်ရှိသောကြောင့် သခင်ယေရှုက သခင်ယေရှုခရစ်တော်အား ကျွန်ုပ်တို့၏အပြစ်၏အခကို ပေးဆပ်ရန် စေလွှတ်ခြင်း၏အဓိကအကြောင်းရင်း ဖြစ်သည်။ သေပြီးနောက် "လုံးဝပျောက်ကွယ်ခြင်း"သည် မှားယွင်းသောခံယူချက် ဖြစ်သည်။ သို့သော် ငရဲမီးအိုင်၌ထာဝရဒုက္ခခံရခြင်းသည် တိကျသေခြာသည်။ သခင်ယေရှုအသေခံခြင်းသည် ထာဝရ သေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ငရဲမီးအိုင်၌ ထာဝရပြစ်ဒဏ်ခံခြင်းမှ လွတ်မြောက်အောင် ပြစ်ကြွေးများအားလုံးကို ထာဝရလုံလောက်ရန် သခင်ယေရှုက ပေးဆပ်ခဲ့ပြီး ဖြစ်သည် (၂ကော ၅း၂၁)။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည် သောအခါ ကယ်တင်ခြင်းရရှိသည်။ အပြစ်လွတ်ခြင်းအခွင့်ရရှိသည်။ သန့်ရှင်းခြင်းရရှိသည်။ ကောင်းကင်နိုင်ငံမှာ ထာဝရ နေရမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ထာဝရအသက်ဆုကျေးဇူးကို ငြင်းပယ်လျှင် 
ထိုဆုံးဖြတ်ချက် ကြောင့် ထာဝရ ပြစ်ဒဏ်ခံရမည် ဖြစ်သည်။အာမင်း

No comments:

Post a Comment