၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 30 July 2018

||> CHURCH အသင်းတော်၏ ရည်ရွယ်ချက် <||

တမန်တော်-၂း၄၂သည် အသင်းတော်၏ ရည်ရွယ်ချက် ဖော်ပြသည်.
ကျမ်းပိုဒ်ဖြစ်သည်ဟုယူဆနိုင်သည်။ “ထိုသူများသည် တမန်တော်များ၏ ဆုံးမသြ၀ါဒပေးကိုခံခြင်း၊ အပေါင်းအသင်း ဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။” 

ဤကျမ်းပိုဒ်အရ အသင်းတော်၏ လှုပ်ရှားမှု/ ရည်ရွယ်ချက်များသည်- 
၁။ သမ္မာကျမ်းစာနှင့်ကိုက်ညီသောသွန်သင်ခြင်း၊ 
၂။ ယုံကြည်သူများစုရုံး၍ ဘုရားသခင်ကို ကိုးကွယ်
နိုင်ရန်အတွက် နေရာပြင်ဆင် ပေးထားခြင်း 
၃။ ပွဲတော်မင်္ဂလာအား သုံးဆောင်ခြင်း 
၎။ ဆုတောင်းခြင်း စသည်တို့ဖြစ်နိုင်သည်။ 

အသင်းတော်က သမ္မာကျမ်းစာနှင့်ညီညွတ်သောယူဆချက်များ
သွန်သင်ရမည်။ သို့မှသာ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ အမြစ်တွယ်နိုင်မည်ဖြစ်သည်။ ဧဖက် ၄း၁၄ထဲတွင် 
“ အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါလှည့်ဖြားပြောဆိုသဖြင့်၊ ငါတို့သည် နောက်တဖန်
ခပ်သိမ်း သောသြ၀ါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ်မဖြစ်စေနှင့်” 
ဟုဖော်ပြ ထားပါသည်။ အသင်းတော်ဟူသည် မိတ်သာဟာရဖွဲ့ရသော နေရာဖြစ်သည်။ ထိုနေရာ သည် ခရစ်ယာန်များသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်သစ္စာရှိ၍ အချင်းချင်း အရိုအသေ ပေးသောနေရာ(ရောမ ၁၂း၁၀)၊ ဆုံးမသွန်သင်သောနေရာ (ရောမ ၁၅း၁၄) အချင်းချင်း အပေါ်ဂရုဏာထား၍ချစ်ခင်မြတ်နိုးသောနေရာ (ဧဖက် ၄း၃၂)၊ 
အချင်းချင်း ခွန်အား ပေးနေရာ (၁သက် ၅း၁၁)၊ အထူးသဖြင့် 
ချစ်ခြင်းမေတ္တာ ထားရှိသောနေရာ (၁ယော ၃း၁၁)ဖြစ်သည်။ 

အသင်းတော်သည် ယုံကြည်သူများအတူတကွပွဲတော်မင်္ဂလာကို 
သုံးဆောင်သော နေရာခရစ်တော် အသေခံခြင်းနှင့် ကျွန်ုပ်ုတို့ကိုယ်စား အသွေးတော် သွန်း လောင်းခြင်းကို သတိရအောက်မေ့သောနေရာဖြစ်သည် (၁ကော ၁၁း၂၃-၂၆)။ “မုန့်ချိုးဖဲ့ခြင်း ခံယူချက်သည် (တမန် ၂း၄၂

ညနေစာအတူတကွသုံးဆောင်ခြင်း သဘောကိုဆောင်ပါသည်။ 
၎င်းသည် အသင်းတော်မိတ်သာဟာရဖွဲ့ခြင်းအတွက် 
ဥပမာတစ်ခုဖြစ်သည်။ 
တမန်တော်ဝတ္ထု ၂း၄၂အရ အသင်းတော်၏ နောက်ဆုံး 
ရည်ရွယ်ချက်သည် ဆုတောင်းခြင်းဖြစ်သည်။ အသင်းတော်သည် 
ဆုတောင်းခြင်း ဦးစား ပေးသောနေရာ၊ ဆုတောင်းခြင်းသွန်သင်သောနေရာ၊ လက်တွေ့ ကျကျဆု တောင်းသောနေရာဖြစ်ရမည်ဖြစ်သည်။ 
ဖိလိပ္ပိ ၄း၆-၇ ထဲတွင် ကျွန်ုပ်တို့ကို ဤသို့ ခွန်အားပေး ထးပါသည်။ “အဘယ်အမှုကိုမျှစိုးရိမ်းခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို 
ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့ တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြ လော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏
ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” အသင်းတော်အတွက် အခြားသောမဟာ
စေခိုင်းချက်တစ်ခုသည် သခင်ယေရှု ခရစ် တော်အားဖြင့် ကယ်တင်ခြင်းသတင်းကောင်းကြွေးကြော်ခြင်းဖြစ်သည် 
(မဿဲ ၂၈း၁၈-၂၀)။ 

အသင်းတော်သည် ကယ် တင်ခြင်းသတင်းကောင်းကို နှုတ်နှင့်
အပြုအမူအားဖြင့် သစ္စာရှိစွာ ဝေငှသက်သေခံရမည်ဖြစ်သည်။ 
အသင်းတော်သည် “အသင်းထွန်းတောက်သောအိမ်”ဖြစ်ရပေမည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏သခင် နှင့်ကယ်တင်ရှင်ဖြစ်ကြောင်း လမ်းပြရမည်ဖြစ်သည်။ အသင်းတော်သည် သတင်း ကောင်းဝေငှသော
နေရာ နှင့် ၄င်း၏အသင်းဝင်သူများကိုလည်း ကယ် တင်ခြင်း သတင်းကောင်းကြွေးကြော်ရန် ပြင်ဆင်ပေးထားသော နေရာ 
(၁ပေ ၃း၁၅)ဖြစ်သည်။ အသင်းတော်၏နောက်ဆုံးသော
ရည်ရွယ်ချက်များကို ယာကုပ် ၁း၂၇ ထဲတွင် ဖော်ပြထားပါသည်။ 

“ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသောသီလ ဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့်မုတ် ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင် 
အံ့သောငှါ စောင်းရှောက်ခြင်းပေတည်း။” အသင်းတော်သည် မရှိဆင်း ရဲသားများကို ကူညီဖေးမ သောအသင်းတော်ဖြစ်သည်။ 
အသင်းတော်သည် ၀ိညာဉ်ရေးရာ လိုအပ်သောသူများကို 
ကယ်တင်ခြင်းအ ကြောင်းဟောခြင်းအတွက် သာမဟုတ်ဘဲ သူတို့၏ခန္ဓာကိုယ်နှင့်စပ်ဆိုင်သောလူအပ်ချက်များ 
(အစားအစာ၊ အ၀တ်အစားနှင့် လွှမ်းခြုံစရာများ)ကို ဖြည့်ဆည်းပေးထားသောနေရာဖြစ်သည်။ ခရစ်တော်ထဲ တွင်ရှိသော ယုံကြည်သူများသည် အပြစ်တရားနှင့် လောကီ ညစ်ညမ်းခြင်းမှ လွှတ်မြောက်နိုင်ရန် အသင်းတော်က စီမံပေး ရမည်ဖြစ်သည်။ 
အသင်းတော်သည် သမ္မာကျမ်းစာနှင့်ညီညွတ်သောသွန်သင်ခြင်းနှင့် 
ခရစ်ယာန်များ မိတ် သာဟာရ ဖွဲ့ခြင်း များပြုလုပ်ပေးသောနေရာဖြစ်သည်။ ထိုကြောင့်၊ အသင်းတော်၏ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်သနည်း။

ရှင်ပေါ လုက ကောရိ န္တုသြ၀ါဒ စာထဲတွင် ယုံကြည်သူများအတွက် 
အကောင်း ဆုံးသော နမူနာပုံစံကိုဖော်ပြထားပါသည်။ 
အသင်းတော်သည် ဤလောကတွင် ဘုရား သခင်၏ 
လက်တော်များ၊ နှုတ်ခမ်းနှင့်ခြေထောက်တော်- ခရစ်တော်၏
ခန္ဓာကိုယ် (၁ကော ၁၂း၁၂-၁၇)ဖြစ်သည်။

ခရစ်တော်သည် ဤလောကတွင် လူတစ်ဦး အဖြစ်အသက်
ရှင်သေးလျှင် လုပ်ဆောင်ရမည့်အရာများ ကျွန်ုပ်တို့ သည်လည်း လုပ်ဆောင်ရမည်ဖြစ်သည်။ အသင်းတော်သည် “ခရစ်ယာန်”၊ “ခရစ်တော်နှင့်တူသောသူများ”၊ 
“ခရစ်တော်နောက်လိုက်သောသူများ” ဖြစ်သည်။ 
 ဖတ်ရှုသူအယောက်တိုင်းအား ကောင်းချီးရှိပါစေ။

No comments:

Post a Comment