၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 17 July 2018

" Correction Vs. Condemnation" သွန်သင်ပေးခြင်း vs အပြစ်တင်ရှုံ့ချခြင်း)

Correction သည် ပြုပြင် စေဖို့ သွန်သင်ပေးခြင်း ဖြစ်ပြီး၊ Condemnation သည် အပြစ်တင် ရှုံ့ချခြင်းဖြစ်သည်။ ယနေ့ ခရစ်ယာန် များစွာတို့သည် ခံယူချက်လွဲ မှား စွာဖြင့် အသက်ရှင် နေကြသည် ကိုတွေ့ရသည်။ အထူးသဖြင့် အနှုတ်လက္ခဏာ ခံယူသူများနှင့် မိမိကိုယ် မိမိ မကောင်းဟု ဝန်မခံလိုသောသူများ ၌ ထို အရာကို ပိုမိုတွေ့မြင်ရသည်။ ဥပမာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ၏ ပြုပြင်ဖို့ လိုသည့် နေရာကို ထောက်ပြပြီး ပြင်ဆင်စေဖို့ သွန်သင်ပေးသည့်အခါ သတိမူမိပြီး ပြင်ဆင် ဖို့ သတိပေးနေတာပါလားလို့ မခံမယူ ၊ဘုရားသခင်က ကိုယ့် အနားမှာ ကိုယ်တိုးတက်စေဖို့ ကိုယ့် လင်ယောက်ကျားအဖြစ် ထားထားတာ ဘုရားကို ကျေးဇူးတင်တယ်လို့ မခံယူတတ်ဘဲ၊ အနှုတ်သဘော ဖြစ်တဲ့ ငါ့ကို ဘဲ အပြစ်မြင်ပြီး ပြောနေတယ်လို့ စတင် ခံယူ နှလုံးသွင်းခြင်းဟာ၊ ဘုရားရဲ့ ကျေးဇူးပြု ပေးနေခြင်းကိုလဲ မမြင်တတ်၊ ခံယူပြောင်းလဲဖို့လဲ မရှိဘဲ မိမိဆုံးရှုံးခြင်းဖြင့်သာ အသက် ရှင်နေရသည်ကို မမြင်ကြပေ။ ထိုကဲ့သို့ အိမ်ထောင်များနှင့် ချစ်သူဘဝ ရှိသူများ အထူးသတိပြုစေလိုတယ်။ ယောက်ကျား မကောင်းရင် ဘုရားကိုယ်တိုင် ဆုံးမမှာဖြစ်တယ်။ ယောက်ကျားမကောင်းလို့ မိန်မက လင်ကို ဆုံးမ ရတယ်လို့ မဖြစ်သင့်ဘူး။ ယောက်ကျားသည် ဘုရားပြီးရင် အိမ်ထောင်မိသားစုရဲ့ ဦးခေါင်းဖြစ်တယ် ဆိုတာ လူကြားကောင်းအောင် ပြောဆိုပြီး မချေမငန် ပြန်ပြောခြင်းများ ပြုလုပ်ခြင်းမျိုးမှ ရှောင်ကျင်သင့်သည်။ မိန်းမ ဖြစ်သူရဲ့ နှိမ်ချခြင်း မေတ္တာဖြင့်သာ မိုက်မဲသော လင်ယောက်ကျား ကို ဘုရားက ပြောင်းလဲ စေမှာဖြစ်တယ်။ ပြုပြင်စေဖို့ ပြောဆိုခြင်းကို condemnation ဆိုတဲ့ အပြစ်တင်စီရင်သည် ဟု ယူဆကာ ယေရှု အသွေးနဲ့ ချေဖျက်တယ်၊ တားဆီး တယ်၊ စသဖြင့် ရွတ်ဆိုပြီး correction ပြုပြင်ဖို့ မစဉ်းစားဘဲ နေခြင်းဟာ ခရစ်ယာန် တို့၏ မိုက်မဲခြင်း ဖြစ်သည်။ တကယ်တမ်းပြောရရင် negative အမြင်ဖြင့် ခံယူခြင်းသည် မေတ္တာ မပါသော တုန့်ပြန်ခြင်း၊ မိမိ အလို ဆန္ဒ တခုတည်းကိုသာ ရှုမြင်ပြီး ကိုယ့် ရဲ့စိတ် ခံစားချက် ထဲမှာ ဘဲ အသက်ရှင်ခဲ့လို့ ဖြစ်တယ်။ ဒီလို negative မျိုးစေ့ကို မိမိနှလုံးသားထဲ မျိုးကြဲနေခြင်းကြောင့် မိမိအသက်တာ၌ တောပင်ပေါက်နေတာဖြစ်တယ်။ positive ခံယူခြင်းက အကောင်းမြင်တဲ့ ကောင်းသောမျိုးစေ့ဖြစ်လို့ ခရစ်တော်ရဲ့ စိတ်သဘောရှိသူ ဖြစ်လာတယ်။ အကယ်၍ တဘက်လူက ကိုယ့်ကို condemnation အဖြစ်ပြောလာသည့်တိုင်အောင် ခံယူသူက positive အမြင်၊ ဘုရားထဲမှာ အသက်ရှင်သူဖြစ်ရင် correction အဖြစ် ခံယူလိုက်ခြင်းအားဖြင့် မိမိ အသက်တာထဲ တည်ဆောက်စရာ၊ အသက်ရှင်ခြင်းနှင့် တကွ တိုးတက်ခြင်းကို ခံစားရမည် ဖြစ်သည်။ correction အလုပ်ခံသူ၌ နှိန်ချသော စိတ်သဘော ကိုတွေ့ရပြီး condemnation ဟု ခံယူသူ၌ မာန နှင့် တကွ မိမိကိုယ် မိမိ ဘုရားထဲ ရှိနေသယောင် လှည့်စားခံနေရသည်ကို သတိရှိပါ။ correction အလုပ်မခံဘဲ အသွေးတော်နဲ့ ကွယ်ကာတယ်၊ ဆေးကြောတယ်လို့ ဘယ်လောက်ပြောပြော အဟောင်းနဲ့ မကောင်းတာက ထိုသူထဲက ထွက်မသွားပါဘူး။ correction လုပ်ခံလိုသူ ပြုပြင်ခံသူ၌ မူကား ဖွင့်ပြ သွန်သင် ပေးလို၊့ မြင်တွေ့ခွင့် ရလို့ ကျေးဇူးတော်ချီမွမ်းခြင်း နှင့်တကွ ထိုအားနည်းချက်ကို အသွေးတော်နဲ့ ဆေးကြောသန့်စင်ပေးလို့၊ ကျေးဇူးတင်ခြင်း များဖြင့် အသက်တာ၌ အမှန်တကယ် တိုးတက်ခြင်း သန့်စင်ခြင်း ဖြစ်လာတာကို တွေ့မြင်ရတယ်။ ထို့ကြောင့် ညီအကိုတို့ Correction နဲ့ Condemnation ကို နားလည်ပြီး အပေါင်း လက္ခဏာ အမြင်ဖြင့် ပြုပြင်ခံလိုသော နှလုံးသားဖြင့် ခံယူတတ်သောသူများ ဖြစ်ကြပါစေ။

No comments:

Post a Comment