၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Friday 17 August 2018

|| သခင်ခရစ်တော်၏ ဘုရားဇာတိ အပိုင်း (၄) ||

VII. Consensus within the Early Church on the Deity of Christ ခရစ်တော်ဘုရားဖြစ်ကြောင်းကနဦးအသင်းတော်များ သဘောတူညီချက်။ ကနဦးအသင်းတော်များအတွင်း၌ ခရစ်တော်ဘုရားဖြစ်ကြောင်း 
ဆိုသည်.အချက် ငြင်းခုန်စရာလုံးဝမရှိခဲ့ဘူး။ ထင်ရှားသော ဓမ္မပညာရှင် 
William Childs Robinson က ကနဦးအသင်းတော်သည် 
ခရစ်တော်ကို ဘုရားဇာတိခံသူ အဖြစ် ယုံကြည်လက်ခံသည်။ 
ခရစ်ယာန်ဘာသာသည် ယေရှုခရစ်တော်ကို ကိုးကွယ်ဝတ်ပြုသည်.
အပေါ်တွင် အခြေခံထားခြင်းဖြစ်၏။ ဤစာအုပ်ကိုပြုစုရန် အစပိုင်းတွင် 
orthodox creeds ရှေးဦးခရစ်ယာန်ယုံကြည်ချက်များ ဝန်ခံချက်များ 
confessions နှုင်. catechisms ဆိုသည်. အသင်းတော် 
မူဝါဒများကို လေ့လာခဲ့၏။ ခရစ်ယာန်ခံယူချက်နှုင်. ပတ်သက်သော ကနဦးအသင်းတော်၏ ခံယူချက်ကို ယနေ့ခေတ်နှုင်.လည်း ဆက်စပ်နိုင်ရန် လေ့လာသည်။ ခရစ်ယာန်တရားတွင် အခြေခံဩဝါဒ 
အဓိက တခုဖြစ်သော ခရစ်တော်၏ ဘုရားဇာတိသည် 
ဘယ်လိုမှ ငြင်း၍ မရနိုင်သည်.အချက် ဖြစ်၏။ 
အသင်းတော်ခံယူချက် creeds များစွာသည် ဩဝါဒ
မှားယွင်းခြင်းများကို တုံ့ပြန်ခဲ့ကြခြင်းဖြစ်၏။ 
ဥပမာအားဖြင့် (AD 320) ၌ Arianism ဆိုသည်. 
အယူမှားတခု ပေါ်လာ၏။ Arius Alxender ဆိုသူကို 
အစွဲပြုပြီး ခေါ်ခြင်းဖြစ်။ သူက ခရစ်တော်ကို ဘုရားအဖြစ်ငြင်းပယ်၏။ သားတော်လည်း ဖန်ဆင်းခံပဲ ဟု ဆို၏ ။ AD 325 တွင် ပထမ Nicaea ကောင်စီက Arius ကိုပြစ်တင်ရှုံ့ချသည်။ ဤကောင်စီ၏တုန်.ပြန်ရေးသားချက်များကို Nicene Creed 
ယုံကြည်ချက်ဟု ခေါ်၏။ ခရစ်တော်၏ဘုရားဇာတိကို
ရှင်းလင်းပြတ်သားစွာခံယူ၏။ Nicene Creed ၏ အပိုဒ်၂ ၌
 ယေရှုခရစ်သည် ဘုရားသခင်၏ တပါးတည်းသော သားတော် 
ကမ္ဘာမတည်မရှိမီ ကတည်းက ခမည်းတော်ဖြစ်ပွါးစေသူ၊ 
ဘုရားတကာတို့၏ ဘုရား၊ အလင်းတကာတို့၏ အလင်း၊ ဘုရားစင်စစ်ဖြစ်၏။ ဘုရားဖြစ်ပွါးစေသူဖြစ်၏။ ဖန်ဆင်းထားခြင်းမဟုတ်ဘူး။ 
ခမည်းတော်ဘုရား နှုင်. တလုံးတဝတည်းဖြစ်၏။ အရာအားလုံးကို ဖန်ဆင်းသူလည်းဖြစ်၏။ အားရစရာကောင်းသော ကနဦးခရစ်ယာန် ခေါင်းဆောင်များ၏ ဤယုံကြည်ချက်သည် နှုတ်ကပတ်တော် 
“the logos” “Theos” ဘုရားဖြစ်သည်ဟု ရှင်းရှင်းလင်းလင်းခံယူကြသည်။ 
ကနဦး အသင်းတော်၏ ရေးသားထားသော စာအုပ်စာပေများကို
 လေ့လာသည်. အခါ ခရစ်တော်၏ ဘုရားဇာတိကို တိုက်ခိုက်သော 
လွဲမှားသည်. အယူများကို ပြန်လည်ချေပထားခြင်းဖြစ်သည်။ 
လွဲမှားသော အယူဆများကို ပယ်ရှင်းပြီး ခရစ်တော်သည် 
ဘုရားစင်စစ်ဖြစ်သည် ဆိုသည်.ကျမ်းစာသွန်သင်ချက်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ်ပြောဆိုကြ၏။ ကနဦးခရစ်ယာန်များ၏ ဤရေးသားချက်များ 
နာမည်ကြီး ဓမ္မပညာရှင်များ၊ယဇ်ပရောဟိတ်၊ ကျမ်းစာဆရာများ ၏ စာပေများ ၊တမန်တော် ရှင်ယောဟန် မသေဆုံးမှီ A.D. 4 th ရာစုအချိန် ကတည်းက ရေးသားခဲ့သော စာများလည်း စုစည်းလေ့လာခဲ့၏ ။ 
ဤစာအုပ်များကို ရေးသားခဲ့သောသူများကတော့ ကနဦး အသင်းတော်ဖခင်များဖြစ်ကြ၏။ ရှင်ယောဟန်မသေခင် 
(AD 92-99) အတွင်း ပထမရာစု၏ အဆုံး၌ ရောမမြို့သား 
Clement က ကောရိန္တု မြို့သားများကို ရေးသည်. ဒုတိယဩဝါဒစာ ၌ “ညီအစ်ကိုတို့ဘုရားသခင်ရဲ့ ယေရှုခရစ်အကြောင်းကို
စဉ်းစားကြည့်သည်.အခါအသက်ရှင်သောသူနဲ့ သေသော
သူတို့ကိုတရားစီရင်မယ့်သူအဖြစ်နားလည်ရမယ်။” 

ထိုခေတ် နှုင်. တခေတ်တည်းဖြစ်ခဲ့သော AD 110 ၀န်းကျင် တမန်တော်ယောဟန်၏ တပည့်ဖြစ်ခဲ့ဖူးသော အန္တိအုတ်မြို့၏ Bishop သင်းအုပ်Ignatius ကTrallians မြို့သားများကို ရေသည့် ဩဝါဒစာတွင် ဘုရားသခင် နှုင်. ယေရှုခရစ်တော်အား ခွဲ၍ ရကောင်းသည်. အရာမဟုတ်ဘူး။ 
(Ignatius Bishop of Antioch, 1,c. AD 110) ဧဖက်မြို့သားများကို
 ရေးသော သူ့ရဲ့ဩဝါဒစာ၌ သခင်ယေရှုသည် ထာဝရအသက်ပေးရန် လူ့ဇာတိခံသည်. ဘုရား ကိုယ်တော်တိုင် ဟုဆို၏။ နောက်ပိုင်း အန္တိအုတ်မြို့ရဲ့Bishop သင်းအုပ် တပါးဖြစ်သော Theophilus ကကျမ်းစာကအာဒံသည် အသံတော် ကိုကြားခဲ့ သည်ဟု ဆို၏။ 

သို.သော် အခြားအသံမဟုတ်ဘူး။ ဘုရားသားတော်ကိုယ်တိုင်ဖြစ် သော ဘုရားနှုတ်ကပတ်တော်အသံဖြစ်၏။ AD 170 ၀န်းကျင် ကနဦး ယုံကြည်ခြင်း တရားကို ကာကွယ်သူ Justin Martyr ကသူ့၏ Dialogue with Tropho ဆိုသည်. စာအုပ်၌ “ခရစ်တော်သည် ဘုရင်၊ယဇ်ပရောဟိတ်၊ ထာဝရ ဘုရားဖြစ်၏။” ခရစ်တော်သည် အရာအားလုံးကို ဖန်ဆင်းသူဖြစ်၏။ 
အရာအားလုံး မရှိမီ ကတည်းကဘုရားအဖြစ်ရှိ၏။ အပျိုကညာမှ လူ့ဇာတိခံယူမွေးဖွားခဲ့သည်” ဟု ဆို၏။ Tatin သည် Justin Martyr ၏ တပည့်ဖြစ်၏။Justin Martyr သည် Syria ဆီးရီးယားမြို့မှ လာပြီးခရစ်ယာန်ဖြစ်လာသူဖြစ်၏။ သူ့ကို ဖမ်းဆီးအကျဉ်းချသည်. 
ဂရိများကို စာရေးသားသည်. အခါ“ငါတို့သည် သင်တို့ဂရိတ်များကို လှည့်စားနေတာမဟုတ်ဘူး။ အဓိပ္ပါယ်မရှိသောအရာ ပြောတာလည်းမဟုတ်ဘူး။ ဘုရားသခင်ဟာ လူ့ဇာတိကိုခံယူမွေးဖွား လာတယ်´ ဟု ပြောဆိုခြင်းဖြစ်သည်။ ဒုတိယရာစု နှစ်ဝက်ကာလများတွင် Irenaeus ပေါ်ထွန်း ခဲ.သည်။ 
သူသည် ယောဟန်၏ ဟောပြောချက်ကိုကြားဖူးသော Polycarp ၏ သွန်သင်ချက်ကို ကြားရပြီး ခရစ်ယာန်ဖြစ်လာသူဖြစ်သည်။နောက်ဆုံးမှာ
Bishop of Lyons လီယွန်မြို့ သင်းအုပ်ဖြစ်လာ၏။ Refutation of Heresies အယူလွဲများအတွက် ချေပချက်စာအုပ်သည် ထင်ရှားပြီးအရေးပ့ါသော စာအုပ်ဖြစ်၏။ Gnostic rivals အယူကို ချေပသော ကနဦးခရစ်ယာန်စာအုပ်ဖြစ်၏။သူ့စာအုပ်သည် သခင်ယေရှု ခရစ်သည် သခင်ဘုရား၊ဘုရားသခင်၊ကယ်တင်ရှင် နှုင်.ဘုရင်ဖြစ်၏”။ 
ခရစ်တော်သည် လူအပေါင်းတို့၏ အထက်တွင် ဘုရားသခင်၊ထာဝရဘုရား၊ ထာဝရဘုရင်၊ တမန်တော်များ နှုင်. ပရောဖက်များပြောသည်. လူ့ဇာတိခံယူသော နှုတ်ကပတ်တော်ဖြစ်၏။ အခြားသူများကဲ.သို. သာမန်မျှသာဖြစ်ပါက ကျမ်းစာ၌ ဤကဲ.သို. သက်သေ အထောက်အထားများကို ရေးထားမည်မဟုတ်ပါ။ Hippolytus သည် ဒုတိယရာစုရဲ့ကျမ်းစာပညာရှင်ယုံကြည်ခြင်းတရားကို ကွယ်ကာသူဖြစ်သည်။ gnostic heresy ၏ အဓိပ္ပါယ်မရှိသော သွန်သင်ချက်ကို ထောက်ပြရှင်းပြရာ၌ သူ့စာအုပ်သည် အလွန်ကောင်းသော စာအုပ်ဖြစ်၏။ သူက“ခရစ်တော်သည် အရာအားလုံး၏ အထက်တွင် ဘုရားသခင်ဖြစ်သည်. အတွက် အားလုံး၏ အထက်မှ ဘုရားသခင်ဖြစ်၏။ထို. ကြောင့် သူသည် ရဲရဲဝံ့ဝံ့ပြောဆိုခဲ.သည်။ ငါ့ခမည်းတော်ပေးသမျှအရာအားလုံးငါခံရသည်။ အရာအားလုံး၏
အထက်မ၌ ရှိသော ဘုရားသခင်ဖြစ်၏။ဖွားမြင်ခြင်းခံသည်။ လူ့ဇာတိခံယူ၏။သို.သော်လအစဉ်အမြဲဘုရားသခင်ဖြစ်၏။ 
ထို.ကြောင့် အနန္တ တန်ခိုးရှင် ခရစ်တော်အဖြစ် နာမည်ရ၏ ။
(Hippolytus, 190) Clement of Alexandira ကလည်း Justin Martyr 
ကဲ.သို. ဂရိလူမျိုးဖြစ်သည်။ ခရစ်ယာန်ဖြစ်လာပြီး ကျမ်းတတ်
တယောက်ဖြစ်သည်။ သူ့၏ နောက်ဆုံးဆရာ Pantaenus
 ဟောပြောခြင်း အားဖြင့်ပြောင်းလဲလာ၏။ Exhortation to the Greeks ဆိုသည်.“အစမှာနှုတ်ကပတ်တော်၊ နောက်မှာခရစ်တော်”
 ဖြစ်သော လူသားများ၏အစအဦး နှင်. 
လူများအကျိုးအတွက် သူသည် ဘုရားဖြစ်လျှက် လူ့ဇာတိခံယူ၏။ ကိုယ်တော်တပါးတည်းသာလျှင်ဘုရား နှုင်. လူအပြည့် အဝ ဖြစ်ပြီး ကောင်းမြတ်စုံလင်သော အရာအားလုံး၏ 
မူလလည်းဖြစ်၏။” ထို.ကြောင့် သူကလည်း တခြားကျမ်းစာပညာရှင်များ 
နည်းတူ ဘုရားဇာတိကို ထောက်ခံသူဖြစ်သည်။ AD3rd နှုင်. 4th 
ရာစုတွေမှာ ခရစ်တော်ဘုရားဖြစ်ကြောင်း ထောက်ခံရေးသားသည်.
 လေးစားစရာကောင်းသော ဆရာများရှိခဲ့သည်။ 
Novatian သည် ၃ရာစုနှစ်၏ ကျမ်းစာပညာရှင်ဖြစ်၏။ သူက ခရစ်တော်သည် ဘုရားဖြစ်သည် ဟု ကျမ်းစာ၌ အများကြီးပြောထားသည်။ သခင်ယေရှုသည် လူ့ဇာတိခံယူပြီး ဘုရားသခင်လည်းဖြစ်၏။ (Novatian, 235)Tertullian 
သည် A.D 200 လောက်က ကျမ်းပြုဆရာဖြစ်၏။ လက်တင်လိုရေးသော ပထမဦးဆုံးသော ဆရာလည်းဖြစ်သည်။ သူသည် ထူးခြားပြောင်မြောက်သော စာတွေ များစွာရေးခဲ့သည်။Tertullian က“ သခင်ယေရှုသည် လူလည်းဖြစ်၊ ဘုရားသခင်လည်းဖြစ်သည်။ လူ့အပိုင်းကမွေးဖွားလာရတယ်။ ဘုရားအပိုင်းကမွေးဖို့မလိုဘူး။ ဘုရားနှစ်ဆူ ဒါမှမဟုတ် သခင်နှစ်ပါး´ဟု ဘယ်တော့မှ မသုံးဘူး။ ခမည်းတော်သည် ဘုရားသခင်ဖြစ်သည်။ 
သားတော်သည် ဘုရားသခင်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ဘုရားသခင်ဖြစ်သည်။ တပါးစီက ဘုရားသခင်ဖြစ်သည်။” 
(Tertullian, 215) ကနဦးအသင်းတော် စာရေးသူများထဲတွင် 
Athanasius ကို နောက်ဆုံးလေ့လာမိသည်။ Athanasian ယုံကြည်ချက်ကိုပြုစုရေးသား သည်. ထင်ရှားသူဖြစ်သည်။ 
Athanasian Creed သည် သုံးပါးတဆူကို ထူးခြားပြောင်မြောက်စွာ ထောက်ခံရေးသားချက်လည်းဖြစ်သည်။ 
Athanasian Creed တွင် Athanasian က ခမည်းတော်ဘုရားသခင် 
ကဲ.သို. သူ့၏ နှုတ် ကပတ်တော် ကလည်း အားလုံးအထက်၌ ဘုရားဖြစ်သည်။” 
(Athanasius, circa 290 -370) ဤအချက်က ခရစ်တော်ဘုရားဖြစ်ကြောင်း ရှင်းရှင်း လင်းလင်း ထောက်ခံအတည်ပြုသော အချက်ဖြစ်သည်။ 
ကနဦး ခရစ်ယာန်စာရေးဆရာ ၊ သင်းအုပ်ဆရာ၊ ဓမ္မပညာရှင်၊ 
ယဇ်ပရောဟိတ်များ နှုင်. ကျမ်းပြုဆရာများက ယေရှုခရစ်သည် ကယ်တင်ရှင်၊ဘုရားသခင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည် ဆိုခြင်းကိုသက်သေထင်ရှားစွာပြနေကြသည်။  
(Dr. Peter L. Banfe, PhD, MMin, MSci)

No comments:

Post a Comment