၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Friday 17 August 2018

သခင်ခရစ်တော်၏ ဘုရားဇာတိ - အပိုင်း (၃)

VI. Jesus’ Divine Attributes: သခင်ယေရှုရဲ့ဘုရားဂုဏ်တော်များ ခရစ်ဝင်ကျမ်း၌ သခင်ယေရှုသည် ထာဝရဘုရားသခင်၏ ဘုရားဂုဏ်တော်များကို ရရှိခဲ.သည်ဟု ရှင်းရှင်းလင်းလင်း မကွယ်မဝှက် ဖေါ်ပြထားသည်။ 
Omnipresent (present everywhere)နေရာတိုင်း၌ ရှိသည်။ 
 နေရာတိုင်း၌ရှိသည်ဟု သခင်ယေရှုမိန်.တော်မူ၏။ McDowell နှုင်. 
Larson တို့က ဘုရားသခင်သည် နေရာတိုင်း၌ ရှိသကဲ.သို. နေရာတိုင်းတွင် ကူမနိုင်စွမ်း၊ ကယ်တင်နိုင်စွမ်း၊ ချစ်နိုင်စွမ်း၊ကာကွယ်နိုင်စွမ်း လိုအပ်သမျှကို ဖြည့်ပေးနိုင်စွမ်း ရှိပြီး ခရစ်တော်သည် နေရာတိုင်း၌ ရှိသည်ဟု 
ဓမ္မသစ်ကျမ်းက ဖေါ်ပြသည်။ (McDowell and Larson 1983)
ဆာလံ၁၃၉း၇၌ ထာဝရဘုရားအကြောင်းပြောသည်.အ ခါ “ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါအဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ပြေးနိုင်ပါမည်နည်း။” ဤအချက်က ထာဝရဘုရားသည် ကောင်းကင်၌၄င်း၊ မရဏာ နိုင်ငံ၌၄င်း ရှိနေနိုင်သည်။ ပယ်လယ် တဘက်စွန်းထိ ရှိနေနိုင်သည်ဟု ဆိုသည်။ယောဟန်၃း၁၃ တွင် “ ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ ရှိနေသော
 လူသားမှတပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။” ထို.ကြောင့်သခင်ယေရှုသည် မြေကြီးပေါ်၌ ရှိသလို
 ကောင်းကင်ဘုံမှာလည်း ရှိနိုင်သည်။ မဿဲ ၁၈း၂၀ ၌ “အကြင်အရပ်၌လူနှစ်ဦးသုံးဦးတို့သည်ငါ၏နာမကိုစည်းဝေးကြ၏။ 
ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။” 
သခင်ယေရှုဟာ ကယ်တင်ခြင်းရပြီးသူတိုင်းရဲ့ စိတ်နှလုံးထဲမှာကျိန်းဝပ်တယ်။၂ကော၁၃း၅၊ယောဟန်၈း၅၈မှာ
“ ငါအမှန်အကန် ဆိုသည်ကား၊ အာဗြံဟံမဖြစ်မှီငါဖြစ်၏။” 
ဤ စကားအရ သူသည် ဘုရားသခင်၏ ဘွဲ့နာမတော်ကို 
ယူသုံးခြင်းဖြစ်သည်။ အချိန်ကာလ၏ အပြင်ဘက်မှာ ကတည်းက သူရှိနေသည်ဟု မြွတ်ဆိုခြင်း ဖြစ်သည်။ ထို.ကြောင့်ကိုယ်ခန္ဓာအားဖြင့် ကောင်းကင်ပေါ်မြေကြီးပေါ်၌
 နေရာတိုင်းတွင် ရှိနိုင်သည်။ ဝိညာဉ်အားဖြင့် ကျွန်တော်တို့၏ အလယ်မှာ ယခုရှိနိုင်သကဲ.သို. ကပ်ကာလအဆုံးထိလည်းရှိနိုင်သည်။

 Omniscience (all-knowing) အားလုံးသိတယ်။ 
ခရစ်တော်သည် ဘုရားသခင်၏ အလုံးစုံကို သိသည်. ဂုဏ်တော်ကိုလည်း ရထားသည်။ ဆာလံ-၁၃၉း၁ “ကိုယ်တော်သည်အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကိုသိတော်မူ၏။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင်သိတော်မူ၏။ အငယ်၎ “ အကျွန်ုပ်သည် စကားတခွန်းကို မျှမမြွက်သော်လည်း အိုထာဝရဘုရား ကိုယ်တော်သည် အကြွင်းမဲ.သိတော် မူ၏။” ဓမ္မရာဇဝင်တတိယစောင်၈း၃၉ တွင်“ ကိုယ်တော်သာလျှင် လူအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော် 
မူသည်ဖြစ်၍ ဆုတောင်းသောသူတို့၏ စိတ်သဘောကို သိလျက်” သို.သော် သခင်ယေရှုသည် လူအားလုံးကို သိသကဲ.သို. လူ့အထဲ၌ ရှိသော
အရာများကိုလည်း သိတော်မူ၏။ ဤအချင်းအရာသည် 
ဘုရားသခင်သာလျှင် သိနိုင်သည်. ဥာဏ်ဖြစ်သည် ။ (ယောဟန်၂း၂၄၊၂၅) ယောဟန် ၂၁း၁၇ ၌ ပေတရုက “ကိုယ်တော်သည် ခပ်သိမ်းသော အရာတို့ကိုသိတော်မူ၏။” ဟု သခင်ယေရှုကို ပြောခဲ့သည်။ 
R. A. Torrey ထောက်ပြသည့်အရာမှာ (Torrey, 1898) 
1.သခင်ယေရှုသည် လူများ၏ လျှို့ဝှက်ဘဝများကို သိ၏။
 ရေတွင်းနား၌တွေ့သည်. ရှမာရိ အမျိုးသမီးအကြောင်းကို သိတော်မူ၏ ။ မည်သည်.အရာမှ ဖွက်ထား၍ မရဘူး။ယောဟန် ၄း၁၆-၁၉ 
2. လူများ၏ လျှို့ဝှက်သော အတွေးများကိုသိ၏ ။(မာကု၂း၈) လုကာ ၅း၂၂“ ယေရှုသည်ထိုသူတို့၏ ထင်မှတ်ခြင်းကို သိတော်မူလျှင် သင်တို့စိတ်ထဲမှာ အဘယ်ကြောင့်ထင်မှတ်ကြသနည်း။ ဖာရိရှဲများနှုင်. ကျမ်းတတ်များ၏ စိတ်အတွေးတွေကို သိ၏။ လူအားလုံးကိုသိ၏။ လူထဲရှိ 
အရာကိုလည်း သိတော်မူသည်။(ယောဟန်၂း၂၄-၂၅) 
3.လူများ လုပ်နေသည်.အရာမှန်သမျှကို သိပြီး သူတို့ နှုင်.အတူ 
တနေရာတည်း၌ မရှိသော်လည်း သိ၏။ ဥပမာ နာသနေလသည် 
သခင် ယေရှုအား ဘုရားသခင်ရဲ့ သားတော်ဟု ခေါ်၏ ။ 
အဘယ်ကြောင့်ဆိုသော် နာသနေလသည် မလိမ် မညာတတ်သူဟု 
သခင်ယေရှု သိမှတ်သည်။ (ယောဟန်၁း၄၇-၄၉) သူ.အနားတွင် 
သခင်ယေရှု မရှိခဲ့သော်လည်း သင်္ဘောသဖန်းပင်အောက်တွင် နာသနေလ ရှိနေခြင်းကို မြင်၏။(ယောဟန် ၁း ၄၇-၄၉) အဘယ်သူ ယုံကြည်ပြီး မည်သူ မယုံကြည်သည်ကိုလည်း သိတော်မူ၏။ ဘယ်သူသစ္စာဖောက်မည်ကိုလည်း သိမှတ်တော်မူသည်။ 4.အနာဂတ်ကိုလည်း ကြိုသိသည်။ ယောဟန်၁၆း၃၀ ၌ တပည့်တော်များက အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသည်ကို၎င်းယုံပါသည်ဟု လျှောက်ကြ၏။”
 ယောဟန် ၁၃း၁၊လုကာ၅း၎-၆။ 5. ပညာ ဥာဏ်ရတနာအားလုံးသည် သခင်ယေရှု၌ ဖွက်ထားခြင်းဖြစ်၏်။ (ကောလော၂း၃) သခင်ယေရှုသည် 
အလုံးစုံကို သိသည်.ဥာဏ်ရှိသည်.အတွက် တပည့်တော်များအား အမှုတော် အစအဦး မှစ၍ ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းအထိသိခဲ.သည်။
လုကာ၅း၎ -၁၀၊ ရှိမုန်၏ လှေထဲကိုဝင်ပြီး ညာဖက်တွင် ပိုက်ကွန်ချရန် တောင်းဆို၏။ ထိုနေရာ၌ “အလွန်များစွာသော
ငါးတို့ကို အုပ်မိသဖြင့်” ဟု တွေ့ရ၏။ ထိုနေရာတွင် ပေတရုသည် ပြတ်ဝပ်ကိုးကွယ်လေ၏။
 ယောဟန်၂၁း၆မှာ“ရှင်ပြန်ထမြောက် ပြီးသည်.အခါ တိဗေရိပင်လယ်
ကမ်းခြေတွင် နောက်ထပ်တကြိမ် တပည့်တော်များကို ပိုက်ကွန်ချရန် စေခိုင်းသည်.အခါ အလွန်များပြားသော ငါးများကို 
ထပ်မိပြန်သည်။ ဒီအဖြစ်အပျက်နှစ်ခုလုံး၌ တပည့်တော်များ တညလုံး ငါးဖမ်းသော်လည်း မအောင်မြင်ခြင်းကို သခင်ယေရှုသိတော်မူ၏။ သူတို့အကြောင်းကိုသိ၏။ နောက်လိုက်များအကြောင်းကို သိတော်မူသည်။

Omnipotence (all powerful)တန်ခိုးအလုံးစုံရှိတယ်။ 
သခင်ယေရှုသည် နေရာတိုင်း၌ရှိပြီး အားလုံးကို သိရုံသာမက တန်ခိုးအရာမှာလည်း အလုံးစုံကြွယ်ဝသည်။ Walvoord က သခင်ယေရှု၏ အနန္တတန်ခိုးတော်သည် အခြားဘုရားဂုဏ်တော်များကဲ.သို. အရေးပါသည်။ တခါတရံ ကိုယ်ခန္ဓာမှ တန်ခိုးထွက်သကဲ.သို. သဘာဝတရားအပေါ်ဤလည်း အာဏာရှိကြောင်း မကြာခဏတွေ့ရ၏။ (Walvoord, 1969, page 29) ဘုရားတန်ခိုးတော်အလုံးစုံရှိကြောင်းကိုထောက်ပြသော ကျမ်းချက်များမှာ 1.အပြစ်ကိုလွှတ်ပေးနိုင်စွမ်းတန်ခိုးရှိသည်။မဿဲ၉း၆ 2.ကောင်းကင်ပေါ်မြေကြီးပေါ်တန်ခိုးအလုံးစုံကိုခံရ၏။မဿဲ၂၈း၁၈ 3.သဘာဝတရားအပေါ်မှာတန်ခိုးရှိ၏။ လုကာ၈း၂၅ 4.သေခြင်းမှပြန်ရှင်စေနိုင်သော တန်ခိုးရှိ၏်။
လုကာ၇း၁၄-၁၅၊၈း၅၄-၅၅၊ ယောဟန် ၁၁း၄၃-၄၄၊၅း၂၅ 5.ကိုယ်တိုင်သေခြင်းမှပြန်ရှင်နိုင်စွမ်းရှိသည်။ယောဟန်၁၀း၁၈။၂း၁၉ 
6.ထာဝရ အသက်ပေးနိုင်သည်.တန်ခိုးရှိသည်။(ယောဟန်၁၀း၂၈၊၁၇း၂) 7.ကိုယ်ခန္ဓာကျန်းမာစေနိုင်သလိုနတ်ဆိုးများကို နှင်ထုတ်နိုင်၏။ မာကု ၁း၂၉-၃၄ 8.ကိုယ်ခန္ဓာကို ပြောင်းလဲပေးနိုင်စွမ်း တန်ခိုးရှိ၏။ ဖိလိပ္ပိ၃း၂၁။၁ကော ၁၅း၅၂-၅၇ 9.နတ်ဆိုးများကို အောင်မြင်နိုင်သည်.တန်ခိုးရှိ၏။ မဿဲ၈း၁၆၊ လုကာ ၄း၃၃-၃၆၊၈း၃၀-၃၃ သခင်ယေရှုသည် ဤတန်ခိုးအားလုံး သူ့တွင်ရှိကြောင်း ပြော်၏။မဿဲ၂၈း၁၈ “ကောင်းကင်ဘုံ၌၎င်း၊မြေကြီးပေါ်၌၎င်း စီရင်ပိုင်သော အခွင့်ရှိသမျှတို့ကိုငါခံရပြီ။” သူ့ကိုယ်ပိုင်တန်ခိုးဟု ဆို၏။ 

သူ့တန်ခိုးအကြောင်းပြောသည်. အခါ“I”, “me”, “my” ငါ့ကို၊ ငါ၏ ဟု သုံးနှုံန်းထားသည်။ ဥပမာလုကာ၁၀း၁၉“သင်တို့သည်မြွေ၊ ကင်းမြီးကောက်တို့ကိုနိုင်ရသောအခွင့်နှင် ရန်သူတို့ကို နိုင်ရသော အခွင့်ကိုငါပေး၏။” သူ့နာမအားဖြင့် နတ်ဆိုးများကို နှင်ထုတ်နိုင်သည်.အတွက် တပည့်တော်များလည်း ဝမ်းသာကြသည်။ တပည့်တော်များကို သူက တန်ခိုးပေးလိုက်ခြင်းဖြစ်သည်။ ယောဟန် ၁၀း၉“ ငါသည်တံခါးဝဖြစ်၏။ 
ငါဖြင့် ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ကျက်စားရာကို တွေ့ရလိမ့်မည်။” ဤအရာကား သူသည် ကယ်တင်ခြင်းအတွက် key သော့ချက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ကယ်တင်ခြင်းရရန် အဓိကအချက်သည် သူသာလျှင် ဖြစ်ကြောင်း ပြောနေခြင်းဖြစ်၏။(ဟေရှာယ၄၃း၁၁၊၄၅း၂၂) သူ့အားဖြင့်သာရသည်။ ခမည်းတော်ကဖေါ်ပြသော 
သူကိုသာ သူရွေးကောက်ခြင်းဖြစ်သည်။ (လုကာ၁၀း၂၂)သူ့အားဖြင့်သာဘုရားကိုသိနိုင်သည်။ မာကု၁၆း၁၇-၁၈´တပည့်တော်များကို လောကီနိုင်ငံအရပ်ရပ်သို့စေလွှတ်၏။ 
တန်ခိုးများ ပေးသည်။“သူ့နာမ” ကိုသုံးစွဲခွင့်ပြုသည်။ 
လုကာ ထဲ၌ သခင်ယေရှုက “ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့်အပြစ်လွှတ်ခြင်းတရားကို
 ယေရုရှလင်မြို့မှစ၍လူမျိုးတကာတို့အားဟောပြောရမည်။” ဟု အခွင့်ပေးထားသည်။ လုကာ၂၄း၄၇) 

Pre-Existent/Eternal ရှေးမဆွမှီကပင်ရှိခြင်း၊ 
ထာဝရရှိခြင်း ဘုရားသခင်သည် ကမ္ဘာမတည်မှီ ကတည်းကရှိသည်။ ယေရှုခရစ်လည်း ထိုနည်းအတိုင်းပင်၊ ဆာလံ၉၀း၂ ဘုရားသခင်သည် ဖန်ဆင်းခြင်း မတိုင်ခင်ကတည်းက ရှိသည်ဟု ဆို၏။ ကမ္ဘာဦး၁း၁၌ “ ဘုရားသခင်သည် အစအဦး၌ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။” လို့ဆိုတယ်။သူတ္တံ၈း၂၃မှာ“မြေကြီးမဖြစ်မှီ ရှေးဦးစွာသော ကာလ၊အနန္တကာလ မှစ၍ငါသည်ဘိသိက်ခံပြီ။”ယောဟန်၁၇း၅မှာသခင်ယေရှုက“ဤကမ္ဘာမတည် မရှိမှီကတည်းကရှိသည်ဟု ဆို၏။” သခင်ယေရှုအကြောင်းကိုယောဟန်၁း၁ ၌ နှုတ်ကပတ်တော်အဖြစ်“ အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။” လို့ဆိုတယ်။ကောလောသဲ၁း၁၇မှာ“ သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီဖြစ်တော်မူ၍၊ ခပ် သိမ်းသော အရာတို့သည်တန်ခိုးတော်အားဖြင့်သာတည်ကြ၏။” 
ထို. ကြောင့် ခရစ်တော်သည် ဘုရားသခင်ကဲ့သို့ ကမ္ဘာ မတည်မရှိမှီ
ကတည်းက ရှိနေသည်။ ခရစ်တော်သည် ထာဝရကာလ တလျှောက်လုံး ဘုရားသခင်ဖြစ်သည်။ တရားဟော၃၃း၂၇“Elohim” “ရှေးဦးစွာသော ဘုရားသခင်သည်သင့်ခိုလှုံရာဖြစ်၍” ဟု တွေ့ရသည်။ ဟေရှာယ ၄၀း၂၈ ၌ “ထာဝရဘုရားသည် အစဉ်အမြဲ တည်သော ဘုရားဖြစ်ကြောင်း ကို၎င်း၊ မြေကြီးစွန်းတိုင်အောင်ဖန်ဆင်းသော ဘုရားဖြစ်ကြောင်း ကို၎င်း၊ မောတော်မူခြင်း ပင်ပန်းတော်မူခြင်း မရှိစစ်၍ မကုန်နိုင်သောဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း သင်သည်
မသိမကြား ဖူးသလော။” ဤအကြောင်းသည်“Jehovah” ထာဝရဘုရားကိုရည်ညွှန်း၏။ 
 “everlasting”ကို ဟီးဘရူးအသုံးက“owlam”ဖြစ်သည်။
 ထာဝရ ဆက်တိုက်တည်သည်ဟု ဆိုလိုသည်။ကမ္ဘာဦး၂၁း၃၃- ထာဝရဘုရားသခင်ကို“the everlasting God”ထာဝရအရှင်ဘုရားသခင်” 
လို့ သုံးတယ်။ဆာလံ၉၀း၂မှာတော့“ကိုယ်တော်သည်ရှေးကမ္ဘာအဆက်ဆက် မှစ၍နောက်ကမ္ဘာအဆက်ဆက်တိုင်အောင်ဘုရားသခင်ဖြစ်တော်မူ၏ ” ထိုနည်းတူသခင်ယေရှုသည်လည်း ထာဝရတည်သည်။ ယေရှာယ၉း၆- “အကြောင်းမူကားငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။သူသည်အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကားအံ့ဩဖွယ်၊တိုင်ပင်ဖက်၊တန်ခိုးကြီးသော ဘုရားသခင်၊
ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။” ဤကျမ်းပိုဒ်တွင် သခင်ယေရှုကို “ထာဝရအဖ” ဟု ဆိုသည်။ 
အခြား ပရောဖက်ပြုချက်တချက်ဖြစ်သော မိက္ခာ၅း၂ ၌ မေရှိယဖွားမြင်မည်. ဇာတိဗက်လင်မြို့အကြောင်းကို ပြောသည်။ 
ခရစ်တော်ကို “ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ပေါ်ထွန်းသော 
သခင်ဖြစ်၏။” ဟု ဆိုသည်။ ယောဟန်-၁၇း၂၄- ထာဝရသားတော်အတွက် ဘုရားသခင်၏ ထာဝရချစ်ခြင်းမေတ္တာအကြောင်း ပြောထားသည်။ “အိုအဖကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍ ”ဟေဗြဲဩဝါဒစာ၌ သခင်ယေရှုက“ယေရှုခရစ်သည် မနေ့ယနေ့နောင်ကာလအစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။ ဟေဗြဲ၁၃း၈။ နောက်ဆုံးဗျာဒိတ်၁း၈ တွင် 
ထာဝရဘုရား သခင်ကို “kurios”ဟု သုံးထားသည်။“ ငါသည်အာလဖဖြစ်၏။ဩမေဂ36လည်း ဖြစ်၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ပစ္စုပ္ပန်အတိတ်အနာဂတ်ကာလ အစဉ်ရှိတော်မူသောထာဝရအရှင်ဘုရားသခင်မိန့်တော်မူ၏။” 
ဗျာဒိတ်၁း၁၁- သားတော်ကို“Alpha and Omega”ဟု နာမည်ပေးထားသည်။ “အဦးဆုံးသူနဲ့နောက်ဆုံးသူ”ဟု ဆိုလို၏။ နောက်ဗျာဒိတ်၁း၁၈ ၌ လူသားတော်နဲ့တူသော သူ ဟု ဖေါ်ပြထားသည်။ သခင်ယေရှုက“ငါသည်အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။ အသက်ရှင်သော သူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့်ပြည့်စုံ၏။မရဏာနှင့် မရဏာနိုင်ငံကိုလည်း အစိုးရ၏။” ထို.ကြောင့် သခင်ယေရှုသည် ထာဝရဘုရားကဲ.သို. ထာဝရတည်တော်မူသည်။” Immutable (unchangeable ) 
မပြောင်းလဲနိုင်သော။ သခင်ယေရှုက ဘုရားသခင်ကဲ.သို. 
မပြောင်းလဲသော သဘောရှိ၏။ မာလခိ ၃း၆၌ “ငါသည်ထာဝရဘုရားဖြစ်၏။ပြောင်းလဲခြင်းမရှိ၊ထိုကြောင့်ယာကုပ်
အမျိုးသားတို့ သင်တို့သည်ယုံခြင်းသို့မရောက်ကြ။
ယာကုပ်၁း၁၇မှာတော့ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည်အလင်းတို့၏အဘထံတော်က
သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှလာကြ၏။
ထိုအဖသည်ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ပြောင်းလဲ ခြင်းအရိပ်နှင့်
ကင်းလွတ်တော်မူပြီ။” ဘုရားသခင်သည်
 ပြောင်းလဲခြင်းမရှိဘူး။ ယောဘ၂၃း၁၃တွင်“သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို
အဘယ်သူသည်ပြောင်းလဲ စေနိုင်မည်နည်း။အလိုတော်ရှိသည် အတိုင်းပြုတော်မူလိမ့်မည်။” သခင်ယေရှုသည် ဘုရားသခင်ကဲ.သို.
 ပြောင်းလဲခြင်း ကင်းသူဖြစ်သည်။“ယေရှုခရစ်သည် မနေ့ယနေ့နောင်ကာလ မပြောင်းလဲပဲနေတော်မူ၏” (ဟေဗြဲ၁၃း၈) မပြောင်းလဲခြင်းသည် 
ဘုရားသခင်၏ ဂုဏ်တော်ဖြစ်၏။ ယေရှုခရစ်တော်သည်လည်း ကျွန်တော်တို့ နှုင်.အတူရှိပြီး မပြောင်းလဲသော ဂုဏ်တော်ကိုပိုင်ဆိုင်သည်။

Object of Honor and Worshipဂုဏ်ပြုခံ ကိုးကွယ်ခံထိုက်သူ ခရစ်တ်ေဟာဘုရားသခင်လိုပဲဂုဏ်ပြုခံထိုက်သူဖြစ်သည်။ ပထမဆုံးသောပညတ်တော်မှာငါမှတပါး အခြားသောဘုရား မကိုးကွယ်ရ။ (ထွက်၂၀း၃) ရုပ်တုဆင်းတုမလုပ်ရ၊ဦးမချရ၊ဝတ်မပြုရ။ထာဝရဘုရားဟာ တပါးတည်းသောဘုရားဖြစ်တယ်။(တရားဟော၆း၎၊မဿဲ၁၂း၂၉) မဿဲ ၄း၁၀“ယေရှုကလည်းအချင်းစာတန်ငါ့နောက်သို့ဆုတ်လော့ သင်၏
ဘုရားသခင် ထာဝရဘုရားကိုကိုးကွယ်ရမည်။ ထိုဘုရားသခင်ကို သာဝတ်ပြုရမည်ဟုကျမ်းစာလာသည်။” ထွက်၃၄း၁၄“အခြားသောဘုရား ကိုသင်သည်မကိုးကွယ်ရ။ အပြစ်ရှိသည်ဟု ယုံလွယ်သော ထာဝရဘုရားသခင် ဖြစ်တော်မူ၏။” ဗျာဒိတ်၂၂း၉မှာယောဟန်ဟာကောင်းကင်တမန်ရဲ့ခြေရင်းမှာ လဲကျသွားတယ်။ဝတ်ပြုကိုးကွယ်လိုက်တယ်။ကောင်းကင်တမန်က“ မပြုပါနှင့်၊ငါကားသင်နှင့်လုပ်ဘော်ဆောင်ဘက်ဖြစ်၏။သင်၏အစ်ကို ပရောဖက်တို့နှင်ဤဂတိစာစောင်စကားကိုစောင့်ရှောက်သောသူတို့နှင့် လုပ်ဘော်ဆောင်ဖက်လည်းဖြစ်၏။ဘုရားသခင်ကိုကိုးကွယ်လော့။” တမန်တော်၁၀း၂၆မှာကောနေလိကလဲကျပြီးပြတ်ဝပ်ကိုးကွယ်ဖို့လုပ်တဲ့အခါ
 ပေတရုကသူ့ကိုမတ်တပ်ရပ်စေပြီး“ငါကိုယ်တိုင်လူဖြစ်သည်ဟုဆို၏။” ဘုရားသခင်တပါးတည်းသာလျင် ဝတ်ပြုကိုးကွယ်ခံထိုက်သုဖြစ်သည်။ 
သို.သော် Robinson ရှင်းပြသည်.အချက်က ရှင်ပေါလုသည် သခင်ယေရှုထံ၂၅ကြိမ် ဆုတောင်းတယ်။
(Robinson 1949, page 134)ဟေဗြဲ၁း၆ ၌ 
“ တနည်းကား သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ 
ထာဝရဘုရား၏ ကောင်းကင်တမန် အပေါင်းတို့သည် 
ထိုသူကိုပြတ်ဝပ်ကြစေဟု လာသတည်း။” ဤကျမ်းပိုဒ်တွင် ပြောနေသည်.
သူုသည် ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်ဖြစ်သည်။ ကောင်းကင်တမန်များက ခရစ်တော်ကို ပြတ်ဝပ်ကိုးကွယ်ရန် ညွှန်ကြားခြင်းဖြစ်သည်။ 
လူများကလည်း ယေရှုခရစ်တော်အား ပြတ်ဝပ်ကိုးကွယ်၏။ မဿဲ၂း၁၁- အရှေ့ပြည်မှ ပညာရှိများက ခရစ်တော် သူငယ်ကို ပြတ်ဝပ်ကိုးကွယ်၏။
 မဿဲ၈း၂ တွင် နူနာစွဲသူသည် သခင်ယေရှုကို ပြတ်ဝပ် ကိုးကွယ်သည်။ ယောဟန်၉း၃၈ - မျက်စိမမြင်သူသည် မျက်စိမြင်ပြီးနောက် 
သခင်ယေရှုကို ပြတ်ဝပ် ကိုးကွယ်၏။မာကု၅း၆ ၌ မာရ်နတ်စွဲသူသည် သခင်ယေရှုကို ပြတ်ဝပ်ကိုးကွယ်သည်။ ဗျာဒိတ် ၅း၁၂ ၌ ကောင်းကင်
တမန်သည် သိုးသူငယ်ယေရှုကို ဝတ်ပြုကိုးကွယ် ခံထိုက်သူအဖြစ် ပြောကြ၏။ “ထိုသူတို့ကလည်း အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသူငယ်သည် တန်ခိုး၊ စည်းစိမ်၊ ပညာအစွမ်းသတ္တိ၊ဂုဏ်အသရေ၊ ဘုန်းအာနုဘော် ကောင်းကြီးမင်္ဂလာကိုခံထိုက်တော်မူသည်ဟုကြီးသော
အသံနှင့် ပြောဆိုကြ၏။” ကျမ်းစာကရှင်းပါသည် ။ သခင်ယေရှုသည် 
ဝတ်ပြုကိုးကွယ်ခြင်းကို ခံထိုက်၏ ။ဘုရားသခင်နှုင်.ဆိုင်သော 
ဘွဲ့နာမတော်များကို ခံထိုက်သည်။ ရောမ၁၄း၁၁ ၌ “ကျမ်းစာလာသည် 
ကားငါသည် အသက်ရှင်တော်မူသည်ဖြစ်၍ ငါ့ရှေ့၌ ဒူးထောက်ရမည်။ဘုရားသခင်ရှေ့၌ လူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။” အငယ်၃-၈ တွင် “Lord” နှုင်.“God”ကို 
သခင်ဘုရား နှုင်. ဘုရားသခင်ကို အလဲအလှယ် သုံးထားသည်။ ရောမ ၁၄း၁၁သည် ဟေရှာယ-၄၅း၂၃ နှုင်. ကျမ်းပြိုင်တခုဖြစ်သည်။
 ဟေရှာယ-၄၅း၂၁ (Jehovah) ထာဝရဘုရား နှုင်. (Elohim)
ဘုရားသခင်ကို အလဲအလှယ်သုံးထားသည်။ ရောမ ၁၄ ၌ လည်း အလဲအလှယ်သုံးထားသည်။ ဘုရားသခင်သည် သခင်ဘုရားဖြစ်သကဲ.သို. ၊သခင်ဘုရားသည်လည်း ဘုရားသခင်ဖြစ်တော်မူသည်။ 
ဤကျမ်းပိုဒ်များတွင် ငါမှတပါး အခြားမရှိ ဆိုသည်. စကားနှုင်. အဆုံးသတ်ထားသည်။ အငယ်၂၂ တွင် “မြေကြီးသားအပေါင်းတို့ ငါ့ကိုမြော်ကြည့်၍ကယ်တင်ခြင်းကျေးဇူး ကိုခံကြလော့။ 
ငါသည်ဘုရားသခင်ဖြစ်၏။ ငါမှတပါးအခြားသောဘုရားမရှိ။” တမန် ၄း၁၂၌လည်းကြည့်ပါ။ ဟေရှာယ၄၅တွင် ဘုရားသခင် နှုင်. ဘုရားသခင်တပါးတည်းကိုသာ ဝတ်ပြုရမည် ဆိုတာ ရှင်းပါသည်။
 ဤနာမည်ကို သခင်ဘုရားအတွက်လည်းသုံးထားတယ်။ ရောမ၁၄း၁၁မှာ“ ငါအသက်ရှင်တော်မူသည်ဖြစ်၍”ဟု ရေးထားသည်။ ဒီစကားသည် ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်က ကိစ္စတခုကို ဆုံးဖြတ်သည်. အခါတိုင်း သုံးစွဲလေ့ရှိသည်. စကားဖြစ်သည်။အလေးအနက် ပြောချင်သည်.အခါတိုင်း သုံးလေ.ရှိသည်။ (ဟေရှာယ၄၉း၁၈၊ယေရမိ၂၂း၂၄) ကိုကြည်.ပါ။ ယေဇကျေလ၌ ၁၆ခါ တွေ့ရ၏။ ပထမတကြိမ်က ယေဇကျေလ ၅း၁၁“the Lord God”အရှင်ထာဝရဘုရား” ဟု နာမကို ပေါင်းသုံးထားပြီး
 ရောမ-၁၄း၁၁ တွင် “ငါ့ရှေ့၌လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်ကိုလူတိုင်းမိမိနှုတ်နှင့်သစ္စာခံရမည်။” ဟု တွေ့ရသည်။ 
ဓမ္မဟောင်းတွင် ဤနာမနှစ်ခုလုံးကို သုံးထားသည်။ခရစ်တော်၏ 
ဘုရားဇာတိကို ထပ်မံအတည်ပြုသော 
အခြားကျမ်းချက်ကတော့ ဖိလိပ္ပိ၂း၁၀ဖြစ်၏။ “အကြောင်းမူကား၊ကောင်းကင်သတ္တဝါမြေကြီးသတ္တဝါ၊မြေကြီးအောက်၌ ရှိသောသတ္တဝါတည်းဟူသောခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏
ဘွဲ့နာမတော်ကိုဒူးထောက်၍ယေရှုခရစ်သည်သခင်ဖြစ်တော်မူ သည်ဟုနှုတ်နှင့်ဝန်ခံသဖြင့်ခမည်းတော်ဘုရား၏ဂုဏ် အသရေ တော်ကိုထင်ရှားစေကြမည်အကြောင်းတည်း။” တနည်းက 
ယခုရှိသော အရာအားလုံးသည် သခင်ယေရှုရှေ့တွင် ဒူးထောက်ပြီးနှုတ်ဖြင်. ဝန်ခံရမယ်ဟု ဘုရားသခင်အမိန့်ပေးထားခြင်းဖြစ်သည်။ ဤအသုံးအနှုန်းကို
 ရောမ၁၄ နှုင်. ဟေရှာယ ၄၆ ၌လည်း တွေ့ရ၏။ ဟေရှာယတွင်မူ ဘုရားသခင်နှုင်.ဘုရားသခင်တပါးတည်းကိုသာ သုံးနှုန်းထားသည်။ 
ထို.အတူ ဖိလိပ္ပိ၌လည်း တွေ့ရ၏။ ဖိလိပ္ပိ၂တွင် ဘုရားသခင်ကဖန်ဆင်း
ထားသော အရာအားလုံး သခင်ယေရှုကို ကိုးကွယ်ရန်၊ သခင်ယေရှုသာ သခင်ဖြစ်ကြောင်း အမိန့်ပေးထားသည်။ ဤအသုံးကို ရောမ နှုင်.
 ဟေရှာယထဲတွင် ထာဝရအရှင် ဘုရားသခင်အတွက် သုံးထား၏။ 
ဤအရာသည် သခင်ယေရှုခရစ်သည် ဘုရားဖြစ်ကြောင်းမငြင်းနိုင်သည်. အချက်ဖြစ်သည်။ ဂရိတ်´Lord”ကို ဖိလိပ္ပိး၁၀ထဲတွင် “kurios”ဟုသုံးသည်။ ထိုအသုံးအနှုန်းသည် ရောမ၁၄ထဲတွင် ထာဝရအရှင် ဘုရားသခင်အတွက် ခဏခဏ သုံးနှုန်းခြင်းကို တွေ့ရ၏။ သခင်ယေရှုက သူ့ကိုဝတ်ပြု
ကိုးကွယ်သောသူ အပေါင်းကို သတိပေး ဆုံးမခြင်းမျိုး ဘယ်တော့မှ 
မလုပ်ဘူး။ တပည့်တော်များက သူ့ကိုဝတ်ပြုကိုးကွယ်သည်။ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို တွေ့သည်.အခါ မဿဲ၂၈း၁၇၌ သူတို့ပြတ်ဝပ်ကိုးကွယ်ကြ၏။ နောက်တကြိမ် လုကာ၂၄း၅၂ ၌ “ ကိုယ်တော်ကိုပြတ်ဝပ်ကိုးကွယ်ပြီးမှ” ဟု တွေ့ရ၏။ 
Warfield ထောက်ပြခြင်းသည် “ခရစ်ယာန်ဘာသာဆိုတာ 
ခရစ်တော်ကိုpre -eminently အထွဋ်အမြတ်ထားကိုးကွယ်တာဖြစ်တယ်။” (Warfield, 1929, page 372) Forgives Sin အပြစ်ခွင့်လွှတ်ပေးသည်။ 

ကျမ်းစာအရ ခရစ်တော်က အပြစ်လွှတ်သကဲ.သို. ဘုရားသခင်က အပြစ်လွှတ်သည်။ ဟေရှာယ ၅၅း၇ ၌ “ဆိုးသောသူသည် မိမိလမ်းကို၎င်း၊မတရားသောသူသည်မိမိအကြံတို့ကို၎င်းစွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ပြောင်းလဲပါစေ။ သို့ပြုလျှင်သနားတော်မူလိမ့်မည်။ 
ငါတို့ ဘုရားသခင်အထံတော်သို.ပြောင်းလဲပါစေ။ သို.ပြုလျှင် အထူးသဖြင်. အပြစ်ကိုလွှတ်တော်မူလိမ့်မည်။” ယေရမိ၃၁း၃၄တွင်“ ထိုသူတို့ကထာဝရဘုရားကိုသိလော့ဟု အမျိုးသားချင်း၊ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက်ဆုံးမဩဝါဒမပေးရကြ။အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍အကြီးဆုံးသောသူတိုင်အောင်ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ထိုအခါငါသည်သူတို့ဒုစရိုက်အပြစ်များကိုသည်းခံမည်။ သူတို့ပြုသောဒုစရိုက်အပြစ်များကိုမအောက်မေ့ဘဲနေမည်။” ရာဇဝင်ချုပ် ဒုတိယစောင်၇း၁၄ “ငါ့နာမဖြင့်သမုတ်သောငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့် ငါ့မျက်နှာကိုရှာလျက်ဆုတောင်းပဌနာပြု၍အဓမ္မလမ်းကို လွှဲရှောင်လျှင်၊ ငါသည်ကောင်းကင်ဘုံ၌နားထောင်မည်။ သူတို့အပြစ်ကိုဖြေ၍ သူတို့ပြည်ကိုချမ်းသာပေးမည်။” AD 215 ခန့်ကTertullian ဆိုသည်. ရှေးခရစ်ယာန်ကျမ်းစာဆရာ တယောက်က ပြောခဲ့ဖူးသည်။ 
ဘုရားသခင် တပါးတည်းသာ အပြစ်ကင်းတယ်။ အပြစ်ကင်းတဲ့လူ ဆိုတာလည်း ခရစ်တော်ပဲရှိတယ်။ ဒါကြောင့် ခရစ်တော်ဟာဘုရားဖြစ်တယ်။ အပြစ်ကင်းတဲ့သူကသာ အပြစ် ခွင့်လွှတ်ပေးနိုင်တယ်´ ၂ကော၅း၂၁ ယေရှုခရစ်က ဘုရားသခင်အပြစ်ခွင့်လွှတ်သလို ခွင့်လွှတ်ပေးမည် ။ အမိုးပေါ်မှ ဖောက်ပြီးချသော လူနာကို သခင်ယေရှုရောဂါ ပျောက်စေသည်.အခါ လုကာ၅း၂၀ တွင် “သင့်အပြစ်ကိုလွှတ်ပြီ” ဟု ဆို၏။ ထိုအချိန်တွင် ဖာရိရှဲ နှုင်. ဇဒ္ဒုကဲများက “ဘုရားကိုလွန်ကျူး၍ပြောသောသူကားအဘယ်သူနည်း။ ဘုရားသခင်မှတပါးအဘယ်သူသည်အပြစ်ကိုလွှတ်နိုင်သနည်း။” ဟု ပြောလာကြသည်။ (လုကာ၅း၂၁။ မာကု၂း၇ ကို ကြည့်ပါ။) မဿဲ ၉း၆ တွင် သခင်ယေရှုက“လူသားသည်မြေကြီးပေါ်မှာအပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါထလော့၊ကိုယ်အိပ်ရာကိုဆောင်၍ကိုယ်အိမ်သို့
သွားလော့ဟုလက်ခြေသေသောသူအားမိန့်တော်မူ၏။” သခင်ယေရှုက“ခရစ်တော်၏ အခွင့် အားဖြင့်နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှ စသော လူမျိုးတကာတို့အားဟောပြောရမည်။(လုကာ၂၄း၄၇) 
ရှိမုန်အိမ်တွင် သခင်ယေရှုက မကောင်းသော အမျိုးသမီး 
တယောက်ကိုပြောတဲ့အခါ “သင်သည်အပြစ်တို့နှင့် လွတ်လေပြီ။” လုကာ၇း၄၈) ကောလောသဲ၂း၁၃ ၌ ရှင်ပေါလုက သခင်ယေရှုအကြောင်း ပြောသည်.အခါ“ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏အရေဖျားလှီးခြင်းမခံသော အဖြစ်၌၎င်းသေလျက်ရှိနေသာ သင်တို့ကိုခရစ်တော်နှင့်အတူ အသက်ရှင်စေ၍ သင်တို့အပြစ်ရှိသမျှ တို့ကိုလွှတ်တော်မူ၏။” ကျမ်းစာချက်အရ 
ဘုရားသခင် တပါးတည်းသာအပြစ်လွှတ်နိုင်၏။ ဘုရားသခင်ကဲ.သို. သခင်ယေရှုတွင် အပြစ်လွှတ်နိုင်သော တန်ခိုးရှိ၏။ 
Jesus has the Keys to Heaven and Hell သခင်ယေရှု၌
 ကောင်းကင် နှုင်. ငရဲအတွက်သော့ရှိ၏။ ငရဲချနိုင်သော တန်ခိုးသည် ဘုရားသခင်နှုင်.ဘုရားလူဖြစ်သောသခင်ယေရှု၌သာအခွင့်ရှိ၏။ မဿဲ၁၀း၂၈ “ ကိုယ်ခန္ဓာကိုသာ သတ်၍စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကိုမကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကိုငရဲ၌ဖျက်ဆီးနိုင်သောသူကိုသာ၍ကြောက်ကြလော့။” ငရဲချနိုင်တဲ့အခွင့်ရှိလို့ဘုရားကိုကြောက်ရတယ်။ ဆာလံ ၉း၁၇မှာ “ မတရားသော သူနှင့်ဘုရားသခင်ကိုမေ့လျော့သော တပါးအမျိုးသားတို့သည် မရဏာ နိုင်ငံသို့ နှင်ချခြင်းကိုခံရကြလိမ့်မည်။” ယေဇကျေလ ၃၁း၁၆ “မြေတွင်းထဲသို့ အတူဆင်းသွားသော သူတို့နှင့်အတူသူ့ကို မရဏာနိုင်ငံအောက်သို့ငါနှိမ့်ချသောအခါ နှိမ့်ချသံအားဖြင့်
လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံးအမြတ်ဆုံး လေဗနုန်သစ်ပင်မှစ၍ ရေကိုသောက်သမျှသော သစ်ပင်တို့သည်မြေအောက် အရပ်တို့၌သက်သာခြင်းသို့ရောက်ကြ၏။” ခရစ်တော်၌လည်း ကောင်းကင်နှုင်.ငရဲ အတွက်သော့ ရှိ၏။(ဗျာဒိတ်၁း၁၈) မဿဲ၂၅း၃၁-၄၆ “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံတို့နှင့်ကြွလာတော်မူသော အခါဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌ လူမျိုး 
အပေါင်းတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည်သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့လူအပေါင်းတို.ကို အသီးအခြားခွဲ၍၊ကျိန်ခြင်းကို ခံရသောသူတို့မာရ်နတ်နှင့်သူ၏ တမန်တို့အဘို့ပြင်ဆင်သော 
မီးထဲသို့ ငါ့ထံမှခွါသွားကြလော့။” 
ဆိုးညစ်တဲ့သူများကို ထာဝရအပြစ်ပေးသည်။ ဤကျမ်းချက်ကို 
မဿဲ၇း၂၁-၂၃ နှုင်. နှိုင်းယှဉ်ကြည့်ပါ။“ထိုနေ့၌ကားသခင်၊ သခင်၊
ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီမဟုတ်လော။ 
ကိုယ်တော့အခွင့်နှင့်နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော့အခွင့်နှင့် များစွာသော တန်ခိုးတို့ကိုပြပါပြီမဟုတ်လော့ဟု 
အများသော သူတို့သည် လျှောက်ကြလိမ့်မည်။” “ထိုသို့လျှောက်ကြသောအခါသူတို့ကို ငါအလျှင်းမသိ။ အဓမ္မ 
အမှုကိုပြုသော သူတို့ငါ့ထံမှဖယ်ကြဟု အတည့်အလင်းငါပြောမည်။” ဒါကဘုရားသခင်နဲ့ခွဲခွါခြင်းအဖြစ်မပြောင်းလဲတဲ့လူတယောက်ရဲ့ နိဂုံးမှာထာဝရအပြစ်ဒဏ်ခ ရင်းခရစ်တော်နဲ့ခွဲရတာကို ပြောတာပါ။
 နောက်ဆုံး ခရစ်တော်ကြွလာတဲ.အခါ“မီးလျှံအားဖြင့်ဒဏ်ပေးတော်မူသောအခါ” လို.ဆိုလိုသသည်။မေ ပြာင်းလဲတဲ. လဟာမာရ်နတ်အတွက်ထားတဲ.မီးငရဲအိုင်ကို ချခံရမယ်။ဒီလူတွေက“ဘုရားသခင်ကိုမသိသောသူသခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကိုနားမထောင်သောသူတွေဖြစ်တယ်။” (၂သက်၁း၈-၉) ဗျာဒိတ်၂၁း၂၇ “သိုးသူငယ်၏ အသက်စာစောင်၌စာရင်း မဝင်သောသူ” သခင်ယေရှုရဲ့အသက်စာစောင်ထဲမှာပါမှ ကောင်းကင် ဝင်ရမယ်။ မဟုတ်ရင်မီးငရဲအိုင်မှာပစ်ချခံရမယ်။(ဗျာဒိတ်၂၀း၁၅) ထို.ကြောင့်
 သူတို့သည် ဘုရားသခင်ကို မသိသည်.အတွက် ကောင်းကင် နှင်. ငရဲ၏
 သော့ကို ပိုင်သော ဘုရားသားတော်၏ အမျက်ကိုရိတ်သိမ်းကြရသည်။ 

Salvation and Eternal Life through Jesus သခင်ယေရှုအားဖြင့်ရသော ကယ်တင်ခြင်း နှုင်. ထာဝရအသက် ။ သခင်ယရှေုသည် သူ့ကိုသူ ကယ်တင်ခြင်း နှုင်. ထာဝရအသက် ပေးပိုင်ခွင့်ရှိသူ အဖြစ် ပြောသည်။ ထိုအရာသည် ဘုရားသခင်တပါးတည်းသာ လုပ်နိုင်၏။ လူသာမန်မလုပ်နိုင်ရာ။ ဤအခွင့်ကို ဘုရားသခင်တပါးတည်းသာ ရသည်ဟု ဓမ္မဟောင်း၌ဖေါ်ပြထားသည်။ လူသာမန်ကဤကဲ.သို.သော အခွင့်ရှိပါက မဖြစ်နိုင်သည်. အရာဖြစ်သည်။ ဟေရှာယ၄၅း၂၂ “မြေကြီးစွန်းသား အပေါင်းတို့ 
ငါ့ကိုမြော်ကြည့်၍ ကယ်တင်ခြင်းကျေးဇူးကိုခံကြလော့။ ငါသည် 
ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသောဘုရားမရှိ။” တမန်တော်၂း၂၁ ၌ “ထိုအခါထာဝရဘုရားကိုပဌနာပြုသော သူရှိသမျှတို့သည် 
ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။ ဘုရားဗျာဒိတ်တော်ရှိ၏။” ဤကျမ်းချက်နှုင်. အပြိုင် ယောလ၂း၃၂ ၌ “ထိုအခါထာဝရဘုရားကို ပဌနာ ပြုသောသူရှိသမျှတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတံ့။” 
ဤနေရာ၌ ထာဝရဘုရား“Jehovah”ကို“Lord”ဟု ဘာသာပြန်ထား၏။ 
သို.သော် ကျမ်းစာက ယေရှုခရစ်သည် ထာဝရအသက်ပေးပိုင်သည်ဟု ဆိုသည်။ 
တမန်တော် ၄း၁၂ တွင် ပေတရုက အုပ်စိုးသူများ အသက်ကြီးသူများ၊ကျမ်းတတ်များကို တရားဟော၏။ သခင်ယေရှုအကြောင်းပြောရာ၌ “ထိုသခင်၏ နာမတော်မှတပါး 
ငါတို.ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက်
 မြေကြီးအောက် လူတို့တွင် မပေါ်မရှိ။ တမန်တော်၁၆း၃၁မှာ“ သခင်ယေရှုခရစ်ကိုယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏ 
အိမ်သူအိမ်သား တို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။
”ရောမ ၁း၁၆ တွင် ရှင်ပေါလုက ခရစ်တော်၏ ဧဝံဂေလိတရားသည် “ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်”ဟုဆို၏။ ယောဟန် ၃း၃၆၌ သားတော်ကို ယုံပါက 
ထာဝရအသက် ရသည်ဟု ဆို၏။ ခရစ်တော် ဆိုသည်.နာမသည် ကယ်တင်ခြင်းရစေသည်. နာမဖြစ်၏။ ထာဝရအသက်ပေးပိုင်ပြီး ထာဝရဘုရားပိုင်သောဂုဏ်တော်ကို ရရှိသူဖြစ်သည်။

No comments:

Post a Comment