၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Friday 17 August 2018

“သခင်ခရစ်တော်၏ ဘုရားဇာတိ ” အပိုင်း (၁)

 ဓမ္မပညာရှင် Gresham Machenခရစ်တော်၏ ဘုရားဇာတိ 
ဆိုသည်. ခရစ်ယာန် အသုံးအနှုန်းသည် အလွန်ရှင်းသည်။ 
ခရစ်ယာန်များ ယုံကြည်ခြင်းသည် ဘုရားသခင်၊ ဖန်ဆင်းရှင်၊စင်္ကြာဝဠာရဲ့ 
အုပ်စိုးသူ အမှန်ရှိ သည်ဟု ယုံကြသည်။ ဘုရားသခင်သည် ထာဝရ 
မပြောင်းမလဲ အနန္တတည်ခြင်းကြောင့် ယေရှုခရစ် တော်အား သခင်ဟု ခရစ်ယာန်များ ပြောဆိုခြင်းသည် ခရစ်တော်ကို 
ဘုရားသခင်-ဟု ယုံ၍ ပြောခြင်းဖြစ်သည်။ နာဇရက်မြို့၌ မမွေးဖွားခင်
ကတည်းက သခင်ယေရှု ရှိခဲ့သည်။ ထာဝရကာလ တလျှောက်လုံး 
ရှိခဲ.ပြီး သုံးပါးတဆူတွင် ဒုတိယပုဂ္ဂိုလ်အဖြစ် ထာဝရ မပြောင်းမလဲပဲရှိမည်”ဟု ဆိုလိုသည်။ ထို.ကြောင့် ဘုရားဇာတိဆိုသည်မှာ နာဇရက်မြို့သား
 ယေရှုခရစ်သည် ဘုရားသခင်ဖြစ်သည်။ မပြောင်းမလဲ ထာဝရ 
ဖန်ဆင်းရှင် စင်္ကြာဝဠာကို အုပ်စိုးသူ - ဘုရားသခင်ဖြစ်သည်။ (ယောဟန် ၁း၁) “ဘုရားသခင်၏ ဇာတိ အဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် 
ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။” (ကောလောသဲ ၂း၉) International Standard Bible Encyclopedia မှာ 
Saxson စကား“Godhead” သည် Latin စကား “Divinity” နှင်. တူသည်။
 “Deity” အား ပိုမို အသုံးများသည်။ အလားတူ အသုံးအနှုန်းများကို ယ္ခုစကားလုံး၌လည်း ရှေ့မှ article “the” ပေါင်းထည်.ပြီး သုံးနှုန်းလာကြသည်။ Charles Hodge ၏ Systematic theology စာအုပ်တွင် 
ဘုရားသခင်သည် ခရစ်တော်ပြောတာ၊ ဂတိပေးတာ၊ လုပ်ဆောင်တာထက် ပိုမပြော၊ ပိုဂတိမပေး၊ ပိုမလုပ်နိုင်ဘူး။ ထို.ကြောင့် ခရစ်တော်သည် အစအဦးမှသည် ခေတ်ကာလတိုင်း နေရာတိုင်းအတွက် ခရစ်ယာန်များ၏ ဘုရားသခင် ဖြစ်သည်။ ထို.ကြောင့် သာမန်အားဖြင့် Deity of Christ 
ခရစ်တော်၏ ဘုရားဇာတိ-ဟု ပြော မည်ဆိုသော် ခရစ်တော်သည် ဘုရားသခင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၊ ခမည်းတော်ဘုရား ထက်ပိုလည်းမပို။ လျော့လည်းမလျော့။ အနန္တတန်ခိုးရှင် 
ဘုရားသခင်၏ ဂုဏ်တော်အားလုံး
 ပြည့်စုံပြီး ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်သည်။ 
လူ့ဇာတိကိုအပြည့်အဝ ခံယူသည်။ သို.သော် ဘုရားဇာတိလည်း အပြည့်အဝရှိကြောင်း ငြင်းစရာ မရှိဘူးဟု ဆိုလိုသည်။ 

I. Straight forward claims of Deity ဘုရားဖြစ်ကြောင်း ထင်ရှားစွာမိန့်တော်မူချက်များ။ ကျမ်းစာတအုပ်လုံး၌ 
မငြင်းနိုင်အောင်ပြည့်စုံသည်. ထင်ရှားသော မိန့်တော်မူချက် များ ရှိသည်။ ခရစ်တော်ရဲ့ ဘုရားဇာတိကို ငြင်းပယ်မည် ဆိုသော် ကျမ်းစာကို ပြန်ရေးရင်ရေး၊ ဒါမှမဟုတ် ဂရိအဓိပ္ပါယ်ကို ငြင်းရင်ငြင်း၊ တချို့နေရာ၌ Hebrew ဟေဗြဲ၊ ဂရိ ဘာသာပြန် နည်းစနစ်များအား ငြင်းဆန်ရင် ငြင်းဆန်မှ ဖြစ်ပါလိမ့်မည်။ ထင်ရှားသည်. မိန့်မှာချက်များသည် သူ့ပင်ကိုယ်က ခိုင်မာကြွယ်ဝပြီး ရှင်းလင်းသည်။ အခြားအရည်အချင်း အပိုင်း ၆ ပိုင်းနှင်. 
ဆက်စပ်ပြီးတွေးကြ်.မည် ဆိုလည်း ရပါသည် ။ ဥပမာ-ယောဟန်၁း၁က 
ခရစ်တော် ဘုရားသခင် ဖြစ်ကြောင်း အခိုင်အမာပြောဆို ချက်ဖြစ်သည်။
“အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရား 
သခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” ယေဟောဝါသက်သေခံများ၏ 
ကျမ်းစာ ဖြစ်သော The New World Translation က God
 “ဘုရားသခင်” ရှေ့၌ မတိကျသော article တခုရှိသင့်သည်။ 
agod ဟု ပြောသင့်သည်။ 
သူတို့သည် ကျွန်တော်တို့၏ KJV ကျမ်းစာသည် မှား၏။ 
သခင်ယေရှုသည် ဘုရားတမျိုးဖြစ်သည်။ (a smaller one) 
ပိုသိမ်ငယ်သော ဘုရားဟု ဆိုသည်။ ဤကျမ်းချက်နှင်. ပတ်သက်သော ဂရိစာပေစည်းမျဉ်း စည်းကမ်း များကို သုံးစွဲပုံ အငြင်းပွါးစရာအများများစွာရှိသည်။ ထိုအကြောင်းအား ဤ စာအုပ်၌ မပြောသေးပါ။ တဖက်၌လည်း သူတို့အတွေးအခေါ်ယူဆချက်ကို ပြန်ချေပ တာရှိပါသည်။ 
“the Word was God” နှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။ ဥပမာ-“a god”“ဘုရားတဆူ” ဟု ပြောရင် တခြားဘုရား အများကြီးရှိသေးသည် ဟု ဆိုနိုင်သည်။ ဂျူးလူမျိုး၊ ခရစ်ယာန်များက ဘုရားသခင်တပါးတည်း ရှိသည်ဟု ခံယူသည်.အတွက် ဤအချက်အား ငြင်းနိုင်သည်။ ယူဆချက်အရပြောရရင် ဘုရားသခင်က အတုမရှိ၊ ဖန်ဆင်းရှင် တပါးတည်းဖြစ်ရင် “ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်းလွတ်သောအရာ တစုံတခုမျှမရှိ” 
အဘယ်လိုပြောရမည်နည်း။ (ယောဟန်၂၀း၂၈) ၌ သောမတ်(စ်)က“အကျွန်ုပ်၏အရှင် အကျွန်ုပ်၏ 
ဘုရားသခင်ပါတကား။” ဟု အခန်းကြီး၁မှာကဲ.သို. ပြောပါသည်။ သခင်ယေရှုကလည်း ဤစကားကိုအတည်ပြုတဲ့အနေဖြင်. 
“သင်သည်ငါ့ကို မြင်သောကြောင့်ယုံခြင်းရှိ၏။ သောမတ်စ် စကားကိုမပြင်ဘူး။ တမန်တော်20:28 ၌ “သင်တို့သည် ကိုယ်ကိုသတိနှင့် စောင့်ရှောက်ကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့ကိုအအုပ်အချုပ်ခန့် ထားတော်မူသော သိုးတော်စု တစုလုံးကိုလည်း သတိနှင့်စောင့်ကြည့်ကြလော့။” ထင်ရှားတဲ့ဓမ္မပညာရှင် John Gill က“ဝယ်သူက ခရစ်တော် ဘုရားသခင်ဖြစ်တယ်။” တခြားထင်ရှားတဲ့ ဓမ္မပညာရှင် Matthew Henry က ဒီအချက်ဟာခရစ်တော် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြတယ်။ သူဟာအသင်းတော်ကို ကိုယ့်အသွေးနဲ့ ဝယ်တယ်လို့ပြောထား တယ်။” ဟေဗြဲ၁း၈“သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ 
ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည်တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။” ၁ယော၅း၂၀မှာ “ဘုရားသခင်၏ သားတော် သည်ကြွလာ၍ မှန်သော ဘုရားသခင်ကို သိသောဥာဏ်ကို ငါတို့အား ပေးတော်မူသည် ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော် ယေရှုခရစ်၌ ၎င်းငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တောမူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏။” သခင်ယေရှုကိုယ်တိုင် ယောဟန်၁၀း၂၇-၂၈မှ၌ “ငါ့သိုးတို့သည် 
ငါ့စကားသံကို နားထောင်၍ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာဝရအသက်ကိုလည်းငါပေး၏။ ထိုသိုးတို့သည်ပျက်စီးခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရ။” ဒါကြောင့်သခင်ယေရှုသည် မှန်သောဘုရားသခင်နှင့် ထာဝရအသက်ဖြစ်၏။ တမန်တော်၇း၅၉မှာ “ကျောက်ခဲနှင့်ပစ်ကြစဉ်သတေဖန်သည် ပဌနာပြုလျက်သခင် ယေရှုအကျွန်ုပ်၏ ဝိညာဉ်ကိုသိမ်းယူတော်မူပါ။” သတေဖန်သည် သခင်ယေရှုအား ဘုရားအဖြစ် ဆုတောင်း၏။
 ဟေရှာယ၇း၁၄မှာ “ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အား ပေးတော်မူမည်။ ကြည့်ရှုလော့။သူတို့သမီးကညာသည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့” ဤဟီဘရူးစကားကို ဘာသာပြန် ပါက “ငါတို့နှင့် အတူရှိသောဘုရားသခင်” (သို့) “ငါတို့နဲ့အတူရှိတဲ့သူဟာဘုရားသခင်” ဟု ဆိုနိုင်သည်။ မဿဲ၁း၂၃ ၌ သံသယ အားလုံး ပြီးဆုံးသွားအောင် ဘုရားနှုတ်ကပတ်တော်က ဓမ္မသစ်ကျမ်း၌ သခင် ယေရှုခရစ်သည် ဘုရားသခင်အဖြစ် အတည်ပြုထားသည်။
 ဟေရှာယ၉း၆မှာ“တန်ခိုးကြီးသော ဘုရားသင်”။ 
တိတု၂း၁၃မှာ“ကြီးမြတ်သော ဘုရားသခင်”။ တမန်တော် ၁၀း၃၆ 
ဂလာတိ၎း၁ နှင်. ရောမ၁၀း၉- ၁၃၌ “အားလုံးအပေါ်က ဘုရားသခင်၊ အားလုံးရဲ့ဘုရားသခင်” ဟု ဆိုသည်။ နောက်ဆုံး၂ပေ၁း၁ နှင်. တိတု၂း၁၃ ၌ ခရစ်တော်သည် ဘုရား သခင်ဖြစ်ကြောင်းရှင်းရှင်း လင်းလင်းပြထားသည် ။ ပထမကျမ်းပိုဒ်မှာ “ငါတို့ဘုရားသခင်ယေရှုခရစ်”။ နောက်ကျမ်းပိုဒ် ၌မူကား “ကြီးမြတ်သော ဘုရားသခင် တည်းဟူသော ငါတို့ကို ကယ်တင် တော်မူသော အရှင်သခင်ယေရှုခရစ်”။ ဟေရှာယ၄၃း၁၁ ၌ “ငါတပါးတည်းသာ ထာဝရ ဘုရားဖြစ်၍၊ ငါမှတပါးကယ်တင်သောသခင်မရှိ” ဆိုသည်. အချက်အား စဉ်းစားကြည့်သည်.အခါ ဘုရားသခင် ဆိုသည်မှာ ကယ်တင်ရှင်ဖြစ်သည်။
 ယေရှု ခရစ်တော်သည် ဘုရားမဖြစ်ပါက ကယ်တင်ရှင် မဖြစ်နိုင်ချေ။ 
 C. Granville Sharp’s ၏ ဂရိgrammar စည်းမျဉ်းက ဤ အချက်ကို လေးလေးနက်နက် ထောက် ခံနေပါသည်။ 

 II.Biblical Prophecy: ပရောဖက်ပြုချက်များ  
The Encyclopedia of Biblical Prophecyကကျမ်းစာ၌ 
ပရောဖက်ပြုချက် ၁၈၁၇ ခုရှိသည်ဟုဆိုသည်။ (Encyclopedia1980) ဓမ္မဟောင်း၌ ၁၂၃၉၊ ဓမ္မသစ်တွင် ၅၇၈ခု ရှိသည်။ ထို.အပြင် ဓမ္မသစ်အကြို မေရှိယအကြောင်း ပရောဖက်ပြုချက်၁၉၁ ခုရှိသည်။ ဤ ပရောဖက်ပြုချက် အားလုံးကို ယ္ခု လေ့လာဖို့ မဟုတ်သော်လည်း အရေးကြီးသည်. ပရောဖက်ပြုချက်တချို့ကို ဓမ္မဟောင်းမှ ထုတ်နှုတ်ဆွေးနွေးမည်။ 
ဤအရာသည် ခရစ်တော် မဖွားမြင်မှီ နှစ်ပေါင်းရာချီ အလို၌
 ရေးသားခြင်းဖြစ်သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းသည် သခင်ယေရှု၏ ဆွေစဉ်မျိုးဆက် စာရင်းကို ရှင်းလင်းစွာရေးထားသည်။ မယုံကြည်သည်. ဂျူးလူမျိုးများကို ခရစ်တော်သည် သူတို.၏ စောင့်မျှော်နေသည်. မေရှိယ ဣသရေလရှင်ဘုရင်ဖြစ်သည်ဟု ပရောဖက်ပြု ဟောပြောပါသည်။ 
ဥပမာ၊ မဿဲ၁း၂၃ သည် ဟေရှာယ ၇း၁၄ ကို ပြန်ဟောပြောခြင်းဖြစ်သည်။ ခရစ်တော်သည် အပျိုကညာမှ ဖွားမြင်ပြီး “ ငါတို့ နှင်. အတူ ရှိတော်မူသောဘုရားသခင်” ဟု ဆိုလိုသည်. “ ဧမာနွေလ” အမည် 
မှည့်မည်ဟု ပြောထားပါသည်။ ဟေရှာယ ၅၃ ၌ ခရစ်တော်မွေးဖွားခြင်း၊ ဝေဒနာခံခြင်း၊ အပြစ်အတွက် အသေခံပေးခြင်းများကို ဖေါ်ပြသည်။ လောကီသားများ၏ 
အပြစ်အတွက် အသေသတ်ခြင်းခံသည်. 
သိုးသူငယ်အဖြစ် ဒီကျမ်းပိုဒ်တွင် ဖေါ်ပြ သည်။ ( ကျမ်းပြိုင် ယောဟန်၁း၂၉) 
 နှုတ်ကို ဖွင့်ဟခြင်း မရှိဘူး။ (ကျမ်းပြိုင် - မာကု၁၅း၃-၆) ငါတို့ပြစ်မှား 
လွန်ကျူးခြင်း ရှိသမျှအတွက် ဝေဒနာခံစားရသည်. ကယ်တင်ရှင်ဖြစ်သည်။ သူ့ဒဏ်ချက်တွေအားဖြင့် ငါတို့အနာ ပျောက်ခဲ.သည်။ မိက္ခာ ၅း၂ ၌ 
ခရစ်တော်သည် ဗက်လင်မြို့၌ မွေးဖွားမည်ဟု ရေးထားသည်။ 
(ကျမ်းပြိုင် မဿဲ၂း၅) ဇာခရိ၉း၉-ဇာခရိက ခရစ်တော်သည် နှိမ့်ချစွာ ဖြင်. ယေရုရှလင်မြို့ကို မြည်းစီးပြီး ဘုရင်တပါးအဖြစ် အောင်မြင်စွာ ဝင်ရောက်လာမည်။ 
(ကျမ်းပြိုင်မဿဲ၂၁း၂-၅) ဆာလံ၂၂း၆-၈ နှင်.
 ဟေရှာယ ၅၃း၃ ၌ ခရစ်တော်သည် ငြင်းပယ်ခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်း၊ နှိပ်စက်ခြင်းကိုခံရမည်။ (မဿဲ၂၇း၃၉၊၄၁-၄၃) 
ဇာခရိ ၁၃း ၆ နှင်. ဆာလံ ၂၂း ၁၄- ၁၆ တွင် ကားတိုင်၌ အသေခံခြင်းကို ပြောသည်။ 
(ကျမ်းပြိုင် ယောဟန် ၁၉း ၁၆-၁၈) ဆာလံ၂၂း၁၆ ၌ 
အသေခံခြင်း၊ ကားတိုင်တွင် အသတ်ခံရခြင်း စသည်. ဝေဒနာများစွာ အကြောင်း ရေးခဲ.သည်။ ဆာလံ ၂၂ ပထမ အပိုဒ်၌ ခရစ်တော်၏ နောက်ဆုံး ကြွေးကြော် စကား“ အကျွန်ုပ်ဘုရား၊ 
အကျွန်ုပ်ဘုရား အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း ” 
ကို ပြန်ရေး ထားသည် ။ (ကျမ်းပြိုင် မဿဲ၂၇း ၆) နှင်. ဆာလံ၂၂း၁၈ တွင် စစ်သားများက သူ့ရဲ့ဝတ်လုံကို မဲချ၍ ယူကြမည်။ 
(ကျမ်းပြိုင် - မဿဲ၂၇း၃၅) ဟေရှာယ ၅၃း၉ တွင် ကယ်တင်ရှင်သည် 
သူဌေး၏ သ ချိုင်းတွင် သင်္ဂြိုလ်ခြင်းခံရမည်။ (ကျမ်းပြိုင် - မဿဲ ၂၇း ၅၇- ၆၀)
 မေရှိယ နှင်. ပတ်သက်သည်. ပရောဖက်ပြုချက်ထဲ၌ ထိရောက်သည်. ဟေရှာယ ၉း၆ တွင်မူ “ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိလိမ့်မည်။ နာမတော်မူကား 
အံ့ဩဘွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင် ထာဝရအဘ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။”
 ဟေရှာယ ၉း၆ သည် ယေရှုခရစ်တော် ဘုရားသခင်အကြောင်း 
ရှင်းလင်းပြီး မငြင်းနိုင်သည် သက်သေသာဒက ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် မေရှိယ နှင်. ဆိုင်သည်. ပရောဖက်ပြုချက်များစွာ 
ရှိပြီး ခရစ်တော်၌ ပြည့်စုံလာသည်။ ခရစ်ဝင်ကျမ်းတွင် 
ဤပရောဖက်ပြုချက်များကိုမကြာခဏ ပြန်ကိုးကားသည်။
 ပြည့်စုံ၊မှန်ကန်သည်ဟု ထောက်ပြသည် ။ သခင်ယေရှု ခရစ်တော်သည် ဘုရားသခင်၊ ကြွလာသည်. မေရှိယရှင်ဘုရင် ဖြစ်သည်ဆိုသည်. ပရောဖက် ပြုချက်များကို ငြင်းပယ်မည်ဆိုသော် ထိုအရာသည် 
ယုံကြည်ခြင်းတရားမှ စွန့်ခွါသွားသည်ဟု ပြောနိုင်သည်။ 

III. His Divine names and titles ဘုရားနာမတော်ဘွဲ့တော်များ ခရစ်တော်ဘုရားဖြစ်ကြောင်း ထောက်ပြခြင်းသည် ဂျူးလူမျိုး
 ခေါင်းဆောင်များကို စိတ်ဆိုးစရာ ဖြစ်စေသည်။ ခရစ်တော် ကိုယ်တိုင် ဘုရားသခင်နှင်. ဆိုင်သော ဓမ္မဟောင်းဘွဲ့နာမများဖြင်. သူ့ကို ခေါ်၍ရကြောင်း သက်သေပြခဲ.သည်။ နာမည်ကြီးဓမ္မပညာရှင် R. A. Torrey က ခရစ်တော်၏ ဘုရားဇာတိနှင်. ပတ်သက်ပြီး ထောက်ပြရန် ပထမအချက်သည် ကျမ်းစာထဲတွင် ယေရှုခရစ်တော်အတွက် သုံးထားသည့် ဘွဲ့အမည်နာမများ ဖြစ်သည်။ 
ဤ နာမများအား ထပ်ခါထပ်ခါသုံးခြင်းကို ရာနှင်.ချီသည်. ကျမ်းပိုဒ်များ၌ တွေ့နိုင်သည်။ ယေရှု Jesus ဆိုသည်. 
နာမသည်ပင်လျှင် ဘုရားသခင်၏ ကောင်းကင်တမန် က အပျိုကညာမာရိမှ မွေးဖွားလာသည်.သားတော်ကို မှည့်ရန် ပေးသည်. နာမည် ဖြစ်သည်။ Jesus ဆိုသည်မှာ Jeshua or Joshua တို့၏ ဂရိနာမည်ဖြစ်သည်။ အဓိပ္ပါယ်က“Jehovah-Saviour” (သို့) “ ထာဝရဘုရား ကယ်တင်တော်မူသည်”။ သခင်ယေရှုက ထာဝရဘုရားသခင်၏ 
နာမတော်များနှင်. သူ့ကို ခေါ်၍ ရသည် ဆိုခြင်းကို ရှင်းလင်းထောက်ပြ
ထားသည်. နာမတော်တချို့ကို ဖေါ်ပြသွားပါမည်။ I AM ငါ ဖြစ်သည် ဂျူးလူမျိုးများ နှုတ်မှ မထွက်ရဲလောက်အောင် ရိုသေကြောက့်ရွံ သည်. 
နာမတော်ကို သခင်ယေရှုက ရွတ်ဆိုသည်။ 
“YHWH” (Yahweh or Jehovah) Septuagint Greek ဘာသာပြန်
ကျမ်းများ၌ ဘာသာပြန်ဆရာများ က I AM ဟု ထွက် ၃း၁၄ တွင် ပြန်ဆိုခဲ့သည် ။ “ego eimi”. Received text ကတော့ သခင်ယေရှု ကိုယ်တိုင်
 ယောဟန် ၈း၅၇- ၅၈ I AM ဟု ပြောဆိုခြင်း ကို “ego eimi”လို့ 
ဘာသာပြန်သည်။ သခင်ယေရှုက I AM ဆိုသည်. နာမည်အား 
သုံးခြင်းသည် ဂျူးလူမျိုးများ၏ ကျောက်ခဲဖြင်.ပေါက်စရာ ဖြစ်လာသည်။ 
သူ့ကိုယ်သူ ထာဝရဘုရားအဖြစ် သုံးနှုန်းခြင်းကြောင်. .ဖြစ်သည်။ ကျောက်ခဲဖြင်. ပေါက်ခြင်းသည် ဓမ္မဟောင်း၌ ဘုရားကို ကဲ့ရဲ့သူမှန်သမျှအား အပြစ်ပေးခြင်း ဖြစ်သည်- ဝတ်၂၄း၁၆ ။ (တနည်း) ခရစ်တော်သည် သူ့ကိုယ်သူ ထာဝရဘုရားအဖြစ် ရည်ညွှန်း သုံးနှုန်းခြင်းကို တွေ.ရသည်။
 The Lord “Lord” ဆိုသည်. နာမတော်အား ဓမ္မသစ်ကျမ်းတွင် 
သခင်ယေရှု အတွက် ရာနဲ့ချီပြီးသုံးခဲ့သည်။ လူကို ရည်ညွှန်းခြင်းအား 
ဓမ္မသစ်၌ ၉ ကြိမ် တွေ့ရ၏။ သို.သော် သခင်ယေရှုအား 
 ရည်ညွှန်းပုံနှင်. မတူ၊ခြားနားသည်။ 
ဓမ္မဟောင်းကျမ်း၌ ပထမဆုံး ကမ္ဘာ ၂း၎ တွင် သုံးထား သည်။ ဤစကားအသုံးနှုန်းသည် ထာဝရဘုရားသခင်အား ရည်ညွှန်းပြီး 
အကြိမ်ရာနှင့်ချီ သုံးထားသည်။ ယေဇကျေလ တွင် ထာဝရအရှင် 
ဘုရားသခင်သည် ထာဝရဘုရားကို ရည်ညွှန်းပြီး ၁၆ ကြိမ်ရေးထားသည်။ ဘုရားသခင် ထာဝရဘုရား နှင်. (Elohim) ဘုရားသခင်အတွက် 
ချိတ်ဆက် သုံးထားသည်။ ယေဇကျေလ ၂း ၄၊၃း၁၁၊ ၃း၂၇ တွင်ကြည့်ပါ။ 
“Lord” ဆိုသည်. အသုံးအနှုန်းသည် သခင်ယေရှုအား ခေါ်ဆိုခြင်းကို
 တွေ့ရသည်။ ဥပမာ ဖိလိတ္တိ၂း၁၁ ၌ “ ခပ်သိမ်းသောသတ္တဝါတို့သည်
 ယေရှု၏ ဘွဲ့နာမတော်ကိဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်” တမန်တော် ၁၀း၃၆ တွင် “ အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု”။၁ကော၂း၈ တွင် 
 ခရစ်တော်၏ အသေခံခြင်းကို ရည်ညွှန်းပြီး ရှင်ပေါလုက“ ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ၊ သိလျှင် ဘုန်းကြီးတော်
 မူသော သခင်ကို လက်ဝါးကပ်တိုင်မှာမကွပ်မျက်ကြပြီ။” 
First and the Last အဦးဆုံးသော သူနဲ့နောက်ဆုံးသောသူ
“ အဦးဆုံးသော သူ နှင်. နောက်ဆုံးသောသူ” ဆိုသည်. နာမတော်သည် ထိရောက်သည်. ဥပမာတခုဖြစ်သည်။ ဗျာဒိတ် ၁း ၁၃ မှာ“ ထိုမီးခွက် 
ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသောသူတဦးကို၎င်း မြင်လေ၏။ ထိုသူသည် ခြေတော် တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။” ဗျာဒိတ် ၁း၁၇-၁၈ တွင် “ထိုသူကို 
ငါမြင်သောအခါသေ မတတ်ဖြစ်၍
 ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည် လက်ျာလက်တော်ကို 
ငါ့အပေါ်သို့ တင်လျက် ကြောက့်ရွံခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသော သူနောက်ဆုံးသော သူဖြစ်၏။ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင် သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည့်စုံ၏။ 
မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။” “အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက်အသက်နှင့်ပြည့်စုံ၏။” 
ဆိုသည်. စကား အသုံးနှုန်းသည် လူသားကို ဘုရားသခင့် သားတော်အဖြစ် ရည်ညွှန်းကြောင်း ရှင်းလင်းစွာ မြင်ရပါသည်။ သခင်ယေရှုသည် ဗျာဒိတ်ကျမ်း၏ အဓိကအကြောင်းအရာ ဖြစ်သည်။ သုံးရက်မြောက်သည်. နေ့၌ ထမြောက်သည်. သခင်ဖြစ်သည်။ (၁ကော၁၅း၎) ထို.ကြောင့် ဒီကျမ်းပိုဒ်များသည် သခင်ယေရှုအား “ အဦးဆုံးသောသူနဲ့ နောက်ဆုံးသော သူ” အဖြစ်ထောက်ပြသည်။ 
သို့သော်လည်း ဟေရှာယ၄၄း၆ တွင်မူ “ဣသရေလအမျိုး၏ရှင်ဘုရင်
ထာဝရဘုရား၊ ဣသရေလ အမျိုးကိုရွေး နှုတ်သော ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။ ငါမှတပါး 
အခြားသော ဘုရားသခင်မရှိ။ 
ထာဝရဘုရား “Lord”သည် ဟေဗြဲစကား Jehovah ဆိုသည်.
 အသုံးနှုန်းကို သုံးထားပါသည်။ ထာဝရဘုရားမှတပါး အခြားသောဘုရားမရှိ။ သူသည်“ အဦး ဆုံးနဲ့နောက်ဆုံးသောသူ” ဖြစ်သည်။ ထို.ကြောင့် ကျမ်းစာက ယေရှုခရစ်တော်သည်“ အဦးဆုံး နှင်. နောက်ဆုံးသူ” ဆိုသည်. ဘွဲ့နာမထိုက်တန်သည်. ထာဝရ ဘုရားသခင်ဖြစ်ကြောင်း ထောက်ပြနေသည်။ Lord of Lords သခင်တို့၏သခင် ဗျာဒိတ် ၁၇း၁၄ တွင် သိုးသူငယ်တော်အား သခင်ယေရှုခရစ်အတွက် ရည်ညွှန်းသည်။ သခင်တို့၏ သခင်၊ဘုရင်တကာတို့၏ ဘုရင်အဖြစ်လည်းခေါ်သည်။ ၁တိ၆း၁၄-၁၅ တွင်လည်း သခင်တို့၏ 
သခင်ဟု သုံး ထားသည်။ ဒါပေမယ့် တရားဟော၁၀း၁၇မှာ ထာဝရဘုရားသခင်ကို“ဘုရားတို့၏ ဘုရား၊သခင်တို့ရဲ့သခင်”ဟု 
ရည်ညွှန်းသည်။ ဒါကြောင့် ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြနိုင်သည်။ McDowell နှင်. Larson တို့၏ ၁တိ ကျမ်းချက်သည် ဘုရားသခင်ကို ရည်ညွှန်းသည်။ ဘုရားသခင် နှင်. ခရစ်တော်သည် သခင်တကာတို့၏ သခင်ဆိုသည်. နာမတော်ကို အတူသုံးစွဲ ကြသည်။ သခင်တကာတို့၏သခင်သည် ယေရှုခရစ်တော်ဖြစ်သည်။ သိုးသူငယ်တော်ဖြစ်သည် ဟု ဗျာဒိတ်၁၇း၁၄၌ တွေ့ရသည်။ ထို.ကြောင့် အစဉ်အမြဲအသက်ရှင်၍ ဘယ်တော့မှ မသေနိုင်သော ပုဂ္ဂိုလ်တပါးဖြစ်သည်. ဘုရားသခင်၏ “Who only hath immortality” နှင်.“Only Potentate” “ တန်ခိုးကြီးသော တပါးတည်းသောပုဂ္ဂိုလ်” နာမတော်များကို ဝေမျှ သုံးစွဲ နေခြင်းဖြစ်သည်။ (MaDowell and Larson, 1983) တနည်းဆိုသော် ဤကျမ်းပိုဒ်များသည် ခရစ်တော်၏ ဘုရားဇာတိအား ခိုင်လုံကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ Savior and Redeemer ကယ်တင်ရှင် နှင်. ရွေးနှုတ်သောသခင် တိတု၂း ၁၄၊ ဂလာတိ ၄း၅၊ ဧဖက် ၁း၇၊ ဟေဗြဲ ၉း၁၂ တွင် ခရစ်တော်သည် အသွေးသွန်းပြီး ရွေးနှုတ်သည်. သခင်။“ ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကိုရွေးနှုတ်ခြင်းငှါ ကိုယ်ကိုယ်ကိုစွန့်ကြဲတော်မူ၏။” ဓမ္မဟောင်းတွင် ထာဝရဘုရားသည် ဣသရေလ အမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့မှ ရွေးနှုတ်မူမည်။ ဆာလံ ၇၈း၃၅ တွင် “ ဘုရားသခင်သည် သူတို့ကို ကယ်တင် သောအရှင် Redeemerဖြစ်တော်မူ၏။ ဟေရှာယ ၄၁း၁၄။၄၃း၁၄။၄၇း၎။၄၈း၁၇၌ ဘုရားသခင်သည် ရွေးနှုတ်သည်. သခင်ဖြစ်သည်။“ ဣသရေလအမျိုး၏ သန့်ရှင်းသူ၊ရွေးနှုတ်သောသခင်”။ ယေရှုခရစ်သည် ထာဝရဘုရား သခင်၏ ရွေးနှုတ်ကယ်တင်ရှင်ဆိုသည်. နာမတော်ကို ဝေမျှ သုံးထားသည်။ ကျမ်းစာ၌ သခင်ယေရှုအား“Saviour” ကယ်တင်ရှင်” ဆိုသည်. နာမတော်ကိုသာ သုံးခြင်းသည် ဓမ္မဟောင်းရှိ ဘုရားသခင် အတွက်သာ သုံးရခြင်းဖြစ်သည် ။ ဟေရှာယ ၄၃း၁၁၊၄၅း၂၁၊ဟောရှေ ၁၃း၎၌ ထာဝရဘုရားသည် ငါတို့၏ ကယ်တင်ရှင် နှင်. တပါးတည်းသော ကယ်တင်ရှင်ဖြစ်သည်။ ဟေရှာယ-၄၃း၁၁တွင် “ငါတပါးတည်း ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ။” ဟေရှာယ ၄၉း၂၆“ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သောအရှင်၊ သင့်ကို ရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်း” ဟေရှယ ၆၀း၁၆ ၌လည်းတွေ.ရသည်။ သို.သော် လုကာ ၁၉း ၁၀တွင်မူ သခင်ယေရှုက“ ပျောက်သော သူတို့အား ကယ်တင်ခြင်းဌါ ကြွလာသတည်း” လုကာ ၂း ၁၁ ၌ “ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့အဘို့ အလိုငှါ ဖွားမြင်ခြင်းကိုခံတော်မူပြီ။” ဤအကြောင်းအရာ ကို couplets ကာရံတူ အနေဖြင်. တိတု မှတ်စာတွင် ၃ကြိမ် တွေ့ရသည်။ ပထမ တိတု ၁း၃-“ ငါတို့ကို ကယ်တင်သောအရှင် ဘုရားသခင်” နောက်“ငါတို့ကိုကယ်တင်မူသောအရှင် သခင်ယေရှုခရစ်” ဟု တွေ့ရပြီး ဒုတိယ- အငယ် ၁၀ တွင် “ ငါတို့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်”နောက်-“ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်”တတိယ- အခန်းကြီး ၃ တွင်တွေ.ရ၏- အငယ် ၄“ ငါတို့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်၏ စေတနာတော်”။ “ငါတို့ကို ကယ်တင်မူသောအရှင်ယေရှခရစ်” ဟု တွေ့ရသည်။ ကျမ်းစာအနက်ဖွင့် စည်းကမ်းအရ 
ဤကာရံတူ သုံးခုကိုကြည့်သော် 
ဘုရားသခင်က ကယ်တင်ရှင်။ သခင်ယေရှုကလည်း ကယ်တင်ရှင်။ ထို.ကြောင်.သခင်ယေရှု နှင်. ဘုရားသ ခင်သည် အတူတူဖြစ်သည်။ 
ဤအခန်းကြီး ၃ခန်း စလုံးတွင် ဘုရားသခင် အတွက် သုံးထားသည်. ကယ်တင်ရှင်ဆိုသည်. နာမကို သခင်ယေရှုအတွက်လည်း သုံးထားသည်။ ဤအရာသည် သခင်ယေရှုသည် ဘုရားသခင် ဖြစ်ကြောင်း ထင်ရှားသည်. သက်သေဖြစ်သည်။ နောက်ဆုံး တမန်၎း၁၂၌ “ထိုသခင်၏ နာမတော် မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ လူတို့တွင် မပေါ်မရှိ။” ဟု ပြတ်ပြတ်သားသား ဖေါ်ပြထားသည်။ ထို.ကြောင့် သခင်ယေရှု နှင်. 
ထာဝရဘုရား သခင်သည် ဟေရှာယ ၄၃း၁၁၌ ဖေါ်ပြ သကဲ.သို. ထာဝရဘုရားသခင် မှတပါး အခြား ကယ်တင်ရှင်မရှိ။ ဓမ္မသစ်၌ သခင်ယေရှု ခရစ်မှတပါး တခြားကယ်တင်ရှင်မရှိဟု ပြောထားပါသည်။ 
Light အလင်း သခင်ယေရှုခရစ်နှင်. ဘုရားသခင်အတွက် 
တခြားနာမတော် တခုသည် “အလင်း”ဖြစ်သည်။ ယောဟန်၁း၎ တွင်“ ထိုအသက်သည်လည်း လူတို့၏ အလင်းဖြစ်တယ်။” ယောဟန် ၃း၁၉ တွင် “ အလင်းသည် ဤလောကသို့ ဝင်၍” ယောဟန် ၉း၅ မှာ“ ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏ အလင်းဖြစ်၏။” သို.သော် ဆာလံ ၂၇း ၁ တွင် “ ထာဝရဘုရားသည် ငါ၏ အလင်း ငါ့ကို ကယ်တင်တော်မူသော အရှင် ဖြစ်တော်မူ၏။” ဟု တွေ့ရတယ်။ သို.သော် သခင်ယေရှုက ဤနာမ နှစ်ခုလုံးကို သုံးထားသည်။ ဟေရှာယ ၆၀း၂၀ တွင်“ ထာဝရ 
ဘုရားသည် သင်၌ ထာဝရအလင်း ဖြစ်တော်မူ၍” ဒါကြောင့် သခင် ယေရှုသည် အလင်းဆိုသည်. နာမတော်ကို ထာဝရဘုရား သုံးသကဲ.သို. သုံးထားသည်။ 
The Truth သမ္မာတရား ယောဟန် ၁၄း ၆ မှာ“ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။” သခင်ယေရှုက သူသည် 
သမ္မာ တရားဟု ပြော၏။ ယောဟန် ၁း၁၇ ၌ “ ပညတ်တရားကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။” သစ္စာတရားဆိုသည်မှာ “Truth” သမ္မာ တရားဖြစ်သည်။ ဗျာဒိတ် ၁၉း၁၁မှာ“သစ္စာဟူသောအမည်ရှိသတည်း” အငယ် ၁၃ မှာ“ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏” လို့ ရှင်းရှင်း လင်းလင်း ဖေါ်ပြသည်။“ သစ္စာရှိသောသမ္မာအမည်” ဟာ နာမတော်ဖြစ်သည်.အတွက် စာလုံးအကြီးဖြင်. “Faithful and True” ဟု ရေးလေ.ရှိသည်။ သို.သော် ဆာလံ ၃၁း၅ ၌ “သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရားဟု” ဆိုသည်။ 
တရားဟော ၃၂း၎၌ “သစ္စာစောင့်သောဘုရား”။ ဆာ၂၅း၅ ၌ 
“ ကိုယ်တော်၏ သမ္မာတရားကိုပြ၍” “ကိုယ်တော်၏ သမ္မာတရား
“ Thy Truth” လို့ သုံးထားသည် ။ ဆာလံသီချင်းများတွင် ၁၄ကြိမ် တွေ့ရသည်။ ထို.ကြောင့် ဘုရားသခင်သည် သမ္မာတရားဖြစ်သကဲ.သို. သခင်ယေရှုသည်လည်း သမ္မာတရားဖြစ်ကြောင်း ရှင်းလင်းထားပါသည်။ Judge of All အားလုံးကို တရားစီရင်သောသူ ဟေဗြဲ ၁၂း ၂၃ တွင်“ ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ သောသူ” “Judge”ကို J အကြီးဖြင်.ရေးသည်။ 
ထာဝရဘုရား၏ ဘွဲ့နာမ ဖြစ်သည်။ ဆာ ၅၀း၎ -၆ တွင် ဘုရားသခင်သည် လူမျိုးတော်ကို တရားစီရင်သည်။ ဆာလံ ၉၆း၁၃ “ ကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါကြွ လာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်း တရားနှင့်၎င်း၊ 
လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ်တော်မူလတံ့။ ဤ နာမတော်ကို ခရစ်တော်လည်း သုံးစွဲသည်။ ယောဟန် ၅း၂၂“တရား စီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေး တော်မူ၏။” ရောမ၁၄း၁၀။၂ ကော၅း၁၀ တွင် “ ခရစ်တော်၏ တရားပလ္လင်“ judgement seat of Christ” ဟု တွေ့ရသည်။ မဿဲ ၂၅- ခရစ်တော်သည် ဘုန်းရှိသည်. ပလ္လင်ပေါ်တွင် ထိုင်ပြီး တရားစီရင်သည်။ 
၂တိ ၄း၁ ၌ “ ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသော ကာလ၊ အသက်ရှင်သောသူ သေသောသူတို့ကို စစ်ကြောသောကာလ၊ 
စီရင်တော်မူသော သခင်ယေရှု” ဟု တွေ့ရ်သည်။ Shepherd သိုးထိန်း
 ဓမ္မဟောင်း နှင်. ဓမ္မသစ်တွင် ထာဝရဘုရားသည် သိုးထိန်း ဟု သုံးသကဲ.သို. သခင်ခရစ်တော်ဟုလည်း သုံးသည်။ ဆာလံ၂၃း၁ တွင် “ထာဝရဘုရားသည်
 ငါ၏ သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ။” ဆာလံ ၈၀း၁ တွင် သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်းကြီး” ခရစ်တော်ပြန်ကြွလာမည်ကို ရည်ညွှန်းသည်. အနေဖြင်. 
၁ပေ၅း၎ ၌ “သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ”ယောဟန်၁၀း၁၁နှင်.
 ၁၀း ၁၄ တွင် “ကောင်းသောသိုးထိန်း” ဟု သခင်ယေရှုသည် သူ့ကိုယ်သူ ရည်ညွှန်းသည်။ ဆာလံ ၁၀၀း၃ တွင် “ အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏” ဟု ဣသရေလလူမျိုးကို ရေးသည် ။ သို.သော် သခင်ယေရှုက ယောဟန် ၁၀း ၂၇ တွင် “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။” သခင်ယေရှုသည် ကောင်းသော သိုးထိန်း။ ထာဝရဘုရား သခင်လည်း ကောင်းသော သိုးထိန်း။ ထို.ကြောင့် သခင်ယေရှုသည် ထာဝရအသက် ပေးပိုင်သော ထာဝရဘုရားသခင်ဖြစ်သည်။ 
Creator ဖန်ဆင်းရှင် သခင်ယေရှုသည် ထာဝရဘုရား ကဲ.သို. ဖန်ဆင်းရှင် 
နာမကို သုံးထားသည်။“ အစအဦီး၌ ဘုရားသခင်သည်
 ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။” (ကမ္ဘာ၁း၁) ဆာ၁၀၂း၂၅၊“ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ” ဓမ္မသစ်တွင် ဤကျမ်းစကားပင်လျှင် သခင်ယေရှူသည် ဘုရားသခင်၏ သားတော်အဖြစ် ရည်ညွှန်းပြီး ဟေဗြဲ ၁း၁၀ ၌ သုံးထားသည်။ ထို.ကြောင့် ဤစကားကို တဆက်တည်း ပြောသည်. အနေဖြင်. ဟေဗြဲ ၁း၈ တွင် သခင်ယေရှုကို ရည်ညွှန်းကြောင်း တွေ့ရသည် (Gill)။ ယောဟန်၁း၁ မှာ“ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရား သခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ် ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်သောအရာတစုံတခုမျှမရှိ။” ကောလောသဲ ၁း၁၅-၁၆ ၌ “ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်ဖြစ် တော်မူ၏။ ဝေနေယျသတ္တဝါ အပေါင်း တို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမုကား ထိုသားတော်သည်ကောင်းကင်ပေါ် မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုး ဖြစ်၊အထွဋ်အ မြတ်ဖြစ်စေ ၊အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသော
အရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင် အဖို့အလိုငှါ၎င်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။” ထို.ကြောင့်ယေရှုခရစ်သည် ထာဝရဘုရားသခင် ဆိုသည်. နာမတော်ကိုလည်း ရထားခြင်း ဖြစ်သည်။ လူနှင်.စင်္ကြာဝဠာ ကြီးတခုလုံးသညါ သခင်ယေရှု၏ 
လက် ဟု ခေါ်သည်. ဘုရားသခင်၏ 
လက်တော် နှင်. ဖန်ဆင်းထားခြင်း ဖြစ်သည်။

No comments:

Post a Comment