၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Friday 17 August 2018

|| သခင်ခရစ်တော်၏ ဘုရားဇာတိ - အပိုင်း (၂ ) ||

IV. What Jesus says about Himself သခင်ယေရှုပြောသောသူ့အကြောင်း သခင်ယေရှု သူ့အကြောင်းပြောခြင်းကို ဆက်ရှင်းပြရမည်ဆိုသော် 
ဤစာအုပ်တွင် သမ္မာကျမ်းစာသည် မရွေ့လျော့ မပြောင်းလဲသော ဘုရား နှုတ်ကပတ်တော်ဖြစ်သည် ဆိုသည်.အချက်ကို သက်သေခံထားခြင်းကြောင့် ကျမ်းစာ၏ ဖေါ်ပြချက်အပေါ်၌ အဓိကဦးတည်ပြီး ရှင်းပြရမည်။ သမ္မာကျမ်းစာသည် သခင်ယေရှုခရစ်အကြောင်း ဖေါ်ပြသည်. ဘုရားသခင်၏ ဖွင့်ပြချက်ဖြစ်သည်. အတွက် သခင်ယေရှုမည်ကဲ.သို. မိန့်တော်မူကြောင်းကို လေ့လာနိုင်သည်။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း ထောက်ပြသည်.
 နောက်တချက်ကား သူဟောသည်.တရား၊ သူ့အသက်တာ၊ လမ်းခရီး၊ သမ္မာတရားနဲ့ အသက်၊ ထမြောက်ခြင်း၊ ငါဖြစ်သည် ဆိုသည်.အတိုင်း ငါဖြစ်သည်ဆိုသည်. နာမများ ဖြစ်သည် ။ သခင်ယေရှု၏ ဧဝံဂေလိ ဆိုသည်မှာ သခင်ယေရှုအကြောင်းပင် ဖြစ်သည်။ သူဟောသည်. ဧဝံဂေလိတရားသည် သူသည် ကယ်တင်ရှင် ဖြစ်ကြောင်း ပြောသည်.တရားပင်လျှင် ဖြစ်သည်။ 
Believe also in me ငါ့ကိုလည်း ယုံကြည်ကြလော့။
“ ဘုရားသခင်ကို ငါယုံသလို သင်တို့လည်းယုံကြ” ဆိုသည်.စကားမျှသာ သခင်ယေရှု မဟောပြောခဲ.ဘူး။“ ငါ့ကိုယုံကြည်ကြလော့။
“ Have faith in me” လို့ပြော်၏။ (Machen, 1881 –1937) ယောဟန် ၁၄း၁မှာ“ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။” 
ဤအရာသည် ဘုရားသခင်ကို ယုံခြင်း နှင်. သခင်ယေရှုကို ယုံကြည်ခြင်းအား ချိတ်ဆက်ထားကြသည်။ “ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ 
ရှိသမျှတို့သည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြ လိမ့်မည်။” 
သူ့ကို ယုံကြည်ခြင်းသည် ထာဝရအသက် နှင်. အနာငြိမ်းခြင်း၏ ပင်မဟု ဆိုလိုသည် ။ ယောဟန်၁၁း၂၆၊ လုကာ ၈း၄၈။ ခရစ်တော်အား 
ယုံကြည်ခြင်းသည် ပြီးပြည့်စုံခြင်း၏ အခြေခံတရား ဖြစ်သည်။ ယောဟန် ၆း၃၅။ သမ္မာကျမ်းစာသည် ခရစ်တော်အကြောင်းကို ဦးတည်ပြီး ရေးထားသည်။ ဧဝံဂေလိတရား နှင်. သမ္မာတရား၏ အဓိက အချက်သည် ခရစ်တော် ဖြစ်သည်။ အပြစ်သား နှင်. ကယ်တင်ပြီးသည်. သန်.ရှင်းသူ သန့်ရှင်းသူ၏ ခြားနားချက်သည် ခရစ်တော်ကို ယုံကြည်ခြင်းအပေါ်တွင် တည်သည်။ 
They are My Sheep ငါ၏ သိုးများဖြစ်ကြ၏။ ကယ်တင်ခြင်းရပြီးသား 
သန်.ရှင်းသူ အကြောင်းအား ယောဟန်-၁၀း၂၇ တွင် သခင်ယေရှုသည် “ ငါ့သိုးတို့သည် ငါ့စကားကို နားထောင်၍ ငါ့ နောက်သို့ လိုက်ကြ၏။ 
ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။”
 ယောဟန် ၁၀း ၃၊၄ တွင် သခင်ယေရှုက “his own sheep” “ပိုင်သောသိုးများ” ဟု ပြောပါသည်။ ဆာလံ ၉၅း ၇ တွင် “ ငါတို့သည်လည်း အထံတော်၌ ကျက်စားသောသူ လက်တော်အောက်၌နေသောသိုးစု ဖြစ်ကြ၏။”
 ဆာလံ ၁၀၀း၃“ ငါတို့သည် ထာဝရဘုရား၏ လူဖြစ်ကြ၏။ 
အထံတော်၌ ကျက်စား သောသိုးစုလည်း ဖြစ်ကြ၏။”
 ယေဇကျေလ ၃၄း ၃၁“ ငါ၏ ကျက်စားရာအရပ်၌ ရှိသော 
ငါ၏ သိုးတို့ သင်တို့သည် လူဖြစ်ကြ၏။” 
သို.သော် သခင်ယေရှုက ခမည်းတော်ပေးသည်. သိုးများကို 
ငါပိုင်သည်ဟု ပြောဆိုရင်း သုံးပါးတဆူသည် သားတော်ဘုရား ဖြစ်ကြောင်းဖေါ်ပြထားသည်။ ယောဟန် ၁၀း ၂၉။ 
I am the Way, the Truth and the Life လမ်းခရီး သမ္မာတရား နှင်. 
အသက် ကျမ်းစာ၌ သခင်ခရစ်တော်က လမ်းခရီး၊ သမ္မာတရားနှင်.
အသက် ဖြစ်၏။ ယောဟန် ၁၄း ၆။ ယောဟန် ၁၀း ၇ - ၉ မှာ“ 
ငါသည် တံခါးဝ ဖြစ်၏၊ ငါဖြင့် ဝင်သောသူသည် ဘေးဖြင့် ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စား ရာကို တွေ့လိမ့်မည်။” သခင်ယေရှုသည်
 ကောင်းကင်သွားရန် ကျဉ်းသည်.လမ်းလည်း ဖြစ်သည်။ 
မဿဲ ၇း ၁၃ - ၁၄။ အပြစ်တရား နှင်. သေခြင်း လက်မှလွှတ်ခြင်း 
အခွင့်ပေးသည်. သမ္မာတရား လည်းဖြစ်၏ ။ ရောမ ၈း၂။ 
ထာဝရအသက် ပေးသည်။ ၁ယော၅း၁၂ - သို.သော်လည်း 
ဆာလံ ၂၅း၎-၅ တွင် “အိုထာဝရဘုရားက ကျွန်တော်၏လမ်းကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ။ 
ကိုယ်တော်၏ သမ္မာတရားကိုပြ၍ အကျွန်ုပ်ကို 
သွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုသွန်သင်သောဘုရားသခင်ဖြစ်တော်မူ၏။” 
ဆာလံ ၈၆း၁၁ ကို ကြည့်ပါ။ ထို.ကြောင့် ဘုရားသခင်သည် လမ်းခရီး၊ 
သမ္မာတရား နှင်. အသက်။ သခင်ယေရှုကလည်း ဘုရားသခင်ပိုင်သည်. 
ဤနာမကို သူ့အတွက် သုံးနှုန်းသည်ကိုတွေ.ရသည်။ ထို.ကြောင့် သူသည် ဆုကျေးဇူးရှိသမျှ၏ အရင်းအမြစ် လမ်းခရီး၊ သမ္မာတရား နှင်. အသက်ဖြစ်သည်။

 Knowing Jesus is Knowing the Father သခင်ယေရှုကို 
သိကျွမ်းခြင်းသည် ခမည်းတော်ကို သိခြင်းဖြစ်သည်။ 
သခင်ယေရှုက ယော ၈း ၁၉ ၌ “ငါ့ကို သိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်။” ဤနေရာ၌ ခမည်းတော်ကို သိလျှင်ဟု မပြောဘူး။
သခင်ယေရှုကို သိလျှင် ဟုသာ ပြောထားသည်။ သား တော်ဘုရား Logos ကို သိလျှင် ထာဝရဘုရားကို သိသည်။ သူသည် လမ်းခရီးဖြစ်သည်။ 
ခမည်းဘုရားကို သိရန် အဓိကအကြောင်း ဖြစ်သည်။“ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော် ထံသို့မရောက်ရ။” ယောဟန်၁၄း၆။ 
ထို.ကြောင့် အဘယ်သူမှ ခမည်းတော်ကို ဒီအတိုင်း မသိနိုင်ဘူး။ သားတော်အားဖြင့်သာ သိနိုင်သည်။ ခမည်းတော် နှုင်. သားတော်သည် တလုံးတဝတည်း ဖြစ်သည် ။ ယောဟန် ၁၀း၃၀။ 
I am the Bread of Life အသက်မုန့် ယောဟန် ၆း ၅၁ ၌ 
“ ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူ မည်သည်ကား အစဉ်မပြတ်အသက်ရှင်လိမ့်မည်။” အငယ် ၅၄ ၌ “ ငါ၏ အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသော နေ့၌ ငါ ထမြောက်စေမည်။ ဘုရားသခင်က ထာဝရအသက်ကို သူ့အားဖြင့် ပေးမည်-ဟု ပြောနေခြင်း
မဟုတ်ဘဲ သခင်ယေရှုအားဖြင့် ထာဝရအသက်ရမည်။ သခင်ယေရှုသာလျှင် ရှင်ပြန်ထမြောက် အောင်လုပ်ပေးမယ်ဟု ပြောနေခြင်းဖြစ်သည်။ 
လူ့ဇာတိ အပြည့် ဖြစ်သကဲ.သို. ဘုရားဇာတိ အပြည့်ဖြစ်သည်. 
ခရစ်တော်သည် ဘုရားအလုပ်လုပ်နိုင်သူဖြစ်သည်။ 
Blessed are Those Persecuted “for my Sake” 
ငါ့အကျိုးအတွက် ညှင်းဆဲခြင်း ခံရသူဟာ မင်္ဂလာရှိ၏။ မဿဲ ၅း၁၁ တွင်
 “ ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ညှင်းဆဲ၍ မမှန်ပဲလျက် အပြစ်တကာ
တင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။” သခင်ယေရှု နာမကြောင့် ညှင်းဆဲခံရသူသည် ဝမ်းမြောက်သင့်သည်။ ကောင်းကင်၌ အကျိုး ဆုလာဒ် ကြီးသည်ဟု ဆို၏။ သခင်ယေရှု၏ နာမတော်ကြောင့် တပည့်တော်များ အမုန်းခံရ်၏။ မဿဲ၁၀း၂၂။ မဿဲ ၁၀း ၃၉ မှာ ငါ့ အကျိုးအတွက် အသက်စွန့်သူသည် အသက်ကို ရမည်ဟု ဆိုသည်။ ဤနေရာတွင် သူ နှင်. ဘုရားသခင်စပ်ကြား မည်သည်. ကွာခြားချက်မှ မရှိတော့ဘူး။ သခင်ယေရှုအတွက် ဆင်းရဲခံပါက ကောင်းကင်တွင် ဆုရမည်။

 Whosever shall be Ashamed of Me ထို.ကြောင့် 
ရှက်ကြောက်သည်.သူ လုကာ ၁၄း၂၆-“ အကြင်သူသည် ငါ့ထံသို့လာ၍၊ မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ တို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၎င်း မမုန်း။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” ဤစကားသည် မာကု ၈း၃၈ နှင်. တူသည် ။“ မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏ ။ လူသားသည် မိမိအဘ ခမည်းတော်၏ 
ဘုန်းအာနုဘော်ကို ဆောင်လျှက်၊ သန့်ရှင်းသော ကောင်းကင်တမန် တို့နှင့် အခြံအရံ ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတံ့။” ထင်ရှားသည်. ဓမ္မပညာရှင် Machen က ဤမျှလောက် ကြီးမြတ်တဲ့စကားကို 
ဘယ်သူ ပြောနိုင်မလဲ။ လောကအရာ၏ ချည်နှောင်မှုများကို 
ဆွဲယူသွားနိုင်သည်. ယုံကြည်ခြင်းမျိုး ထာဝရကာလအထိ အားကိုးလို့ရသည်. ယုံကြည်ခြင်းမျိုးကို ပေးမည်ဟု အဘယ်သူပြောနိုင်မည်နည်း။ 
ဘုရားကလွဲ၍ တခြားသူ မပြောနိုင်ပါ။ Judge တရားသူကြီး 
 ယောဟန် ၅း ၂၂ တွင် “တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။” ရောမ ၂း၁၆ တွင် “ငါဟောပြောသော ဧဝံဂေလိ တရား အတိုင်း ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မတရားသော အမှုအရာတို့ကို စစ်ကြောစီရင်သောနေ့၌ ထိုသို့စီရင်တော်မူလတံ့။” ဟေရှာယ ၃၃း၂၂ မှာ“ 
ထာဝရဘုရားသည် ငါတို့၏တရားသူကြီး ဖြစ်တော်မူ၏။ 
ထာဝရ ဘုရားသည် ငါတို့ ပညတ်တရားရှင်ဖြစ် တော်မူ၏။ 
ထာဝရဘုရားသည် ငါတို့၏ရှင်ဘုရင် ဖြစ်တော်မူ၍ 
ငါတို့ကို ကယ်တင်တော် မူလိမ့်မည်။” 
ထို.ကြောင့် ဘုရားသခင်ဟာ တရားစီရင်သူဖြစ်သလို သူသည် 
ကယ်တင်သူလည်း ဖြစ်တယ်။ That all Men Should Honour the Son, 
Even as They Honour the Father ခမည်းတော်အား ရိုသေသကဲ.သို. သားတော်ကို ရိုသေရမည်။ ယောဟန် 5:23 ၌ “ လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေ သည့်နည်းတူ သားတော်ကို ရိုသေစေမည့် အကြောင်း” ဤနေရာ၌ ခမည်းတော်ကို ရိုသေသည်နည်းတူ သားတော်ကိုလည်း ရိုသေရမည်ဟု သခင်ယေရှုက ရှင်းရှင်း လင်းလင်း ပြော ထားသည်။ အငယ် ၃၉ ၌ ကျမ်းစာသည် သူ့၏ သက်သေဟု ဆိုထားသည်။ ထာဝရအသက်ရရန် လူအပေါင်းသည် သူ့ထံသို. လာရမည်ဟု ဆိုသည်။ V. Divine Birth, Life,
Death, Resurrection, Ascension, and Return ဖွားမြင်ခြင်း၊ အသက်တာ၊ အသေခံခြင်း၊ထမြောက်ခြင်း၊ ကောင်းကင်တက်ကြွခြင်း နှင်. ဒုတိယအကြိမ် ပြန်ကြွလာခြင်း။ 
ခရစ်တော်သည် ဘုရားဖြစ်ကြောင်း နောက်ထပ် ထင်ရှားသည်. 
သက်သေ တခုကား အံ့ဩဖွယ်ရာ လူ့ဇာတိခံ မွေးဖွားခြင်း၊ သန့်ရှင်း
 တော်မူခြင်း၊အြ ပစ်ကင်းစင်ခြင်း၊ ထုးခြားထင်ရှားသော အသက်တာ နှင်. အသက်ရှင်ခြင် ၊အံ့ဩဖွယ်ရာ အသက်စွန့်လွှတ်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့ ပြန်လည် တက်ကြွခြင်း နှင်. ဒုတိယအကြိမ် ပြန်ကြွ လာမည်. ဂတိတော်များနှင်. ခြယ်မှုန်း ရေးသားထားပါသည်။ Divine Birth လူ့ဇာတိခံယူ မွေးဖွါးခြင်း ဘုရားအဖြစ်မှ အံ့ဩဖွယ်ရာ လူ့ဇာတိ ခံမွေးဖွား လာသည်။ ယောဟန်၁း၁၄။ ဟေရှာယ၇း၁၄ ၌ “ ထိုကြောင့် ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့၊ သတို့သမီး ကညာသည် ပဋိသန္ဓေစွဲယူ၍သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကိုဧမာနွေလအမည်ဖြင့်မှည့်ရလတံ့။” ခရစ်တော်ဖွားမြင်မည်. 
အကြောင်း ကြိုတင်ဟောပြောခြင်း ဖြစ်သည်။ ခရစ်တော်ဖွားမြင်ခြင်း နှင်.ပတ်သက်၍ ကနဦး အသင်းတော်များ သဘောတူညီချက် တခု ရှိခဲ့သည်။ ဖွားမြင်ခြင်းသည် အခြားအဘယ်သူနှင်.မျှ ဤကဲ.သို. မဖွားမြင်ခဲ.ဘူး။
 နောင်လည်း မဖွားမြင်ဘူးဟု ဖြစ်သည်။ သန့်ရှင်းသော
ဝိညာဉ်တော်အားဖြင့် အပျိုဝမ်းမှ မွေးဖွားခဲ.သည်။ 
မဿဲ ၁း၁၈၊“ ယောသပ်နှင့် ထိမ်းမြား ဆောင်နှင်း၍ မရှက်တင်မှီ 
သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ပ ဋိသန္ဓေစွဲနေ၏။” မဿဲ ၁း ၂၃ ၌
 ဟေရှာယ ၇း ၁၄ တွင် ပြန်ကိုးကားသည်။“ကြည့်ရှုလော့၊ သတို့သမီး
ကညာသည် ပဋိသန္ဓေ စွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့။ ဧမာနွေလ အနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။” 
လုကာ ၁း ၂၇ ၌ မာရိအား အပျိုကညာဟု ဆို၏ ။ 
အငယ် ၃၄ တွင် မာရိသည် သူ့ကိုယ်သူ အပျိုကညာဟု ပြောသည်။ 
မာရိ၌ ကိုယ်ဝန်စွဲပြီဟု ကောင်းကင်တမန်မှ ပြောပြီးသည်.နောက်ပိုင်း သူသည်“ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည် နည်း။ 
အကျွန်ုပ်သည် ယောက်ျားနှင့်မဆက်ဆံပါ။” “ မဆက်ဆံပါ know not”ဟုပြောဆိုခြင်းသည် ယောက်ျားနှုင်.မပတ်သက်ဘူးဟု ဆိုလိုသည်။ 
ခရစ်တော် သည် အခြားသူများနှင်. မတူပါ။ ကိုယ်ခန္ဓာတွင် ဘုရားကျိန်းဝပ်သကဲ.သို. ဘုရားဇာတိ၊ လူ့ဇာတိ အပြည့်ရှိသည်။ 
သာမန်လူများ မဖြစ်နိုင်သည်.အရာ သန့်ရှင်းသော ဝိညာဉ်တော်က 
အပျိုကညာတွင် ကျိန်းဝပ်ပြီး မွေးဖွားလာသည်။ Divine Life (Ministry) ဘုရားသခင် အသက်ရှင်ပြသောအသက်တာ သခင်ခရစ်တော်၏ အသက်တာတွင် ဘုရားဖြစ်ကြောင်း တွေ့ရ၏။ Impeccable အပြစ် လုံးဝ မလုပ်နိုင်ဘူး။
 Orthodox ဓမ္မပညာရှင်များက ယေရှုခရစ်သည် အပြစ်လုံးဝကင်းသည်ဟု သဘောတူလက်ခံကြသည်။ ထင်ရှားသော ဓမ္မပညာရှင် Walvoord က
“doctorine of the impeccability ခရစ်တော်အပြစ်မပြုနိုင်” လူ့ဇာတိ ခံယူသည်.အတွက် စုံစမ်း နှောင့်ရှက် ခြင်းအား ခံရနိုင်သည်ဟု ဆို၏ ။ 
အာဒံကဲ.သို. သတိမထားပါက လူ့သဘာဝသည် အပြစ်ပြုမိနိုင်သည်ဟု ဆို၏ ။ သို.သော် ခရစ်တော်၏ ဘုရားဇာတိက လုံးဝ ပယ်ရှင်းပေးသည်.အတွက် အပြစ်မပြုမိနိုင်ဘူးဟု ဆိုသည်။ ခရစ်တော်သည် စုံစမ်းခြင်းခံရစဉ်တွင် အပြစ်ထဲကိုလုံးဝ ပါမသွားဘူး။ သူ့ကိုယ်သူထိန်းချုပ်နိုင်၏။ Walvoord က ခရစ်တော်အပြစ်မပြုနိုင်ဘူး။ စုံစမ်းခြင်းခံရသော်လည်း ဘုရားသခင်၏ အပြစ်ကင်းသည်. သိုးသူငယ်ဖြစ်၏ ။ အပြစ်ဖြစ်နိုင်စွမ်းမရှိဘူး။၂ကော၅း၂၁ တွင် “ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသော သူဖြစ်စေ တော်မူ၏။ အကြောင်းမူကား ငါတို့သည် 
ထိုသူအားဖြင့် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။” 
 ၁ ပေ၂း၂၂ တွင် “ ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကို ရှာမတွေ့။”ဟေဗြဲ ၄း ၁၅ မှာ“ ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသောစုံစမ်း နှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ 
သို့ရာတွင် ဒုစရိုက်အပြစ် နှင့်ကင်းလွတ်တော်မူ၏။” ခရစ်တော်သည် လူတွေ ခံရသော စုံစမ်းနှောင့်ယှက် ခြင်း၊ ဆင်းရဲဒုက္ခကို ခံစားဖူးသည်။ သို.သော် အပြစ်မပြုဘူး။အပြစ်ပြုနိုင်သူ မဟုတ်ဘူး။ ခရစ်တော်ပြသည်. နိမိတ်လက္ခဏာများလည်း ဘုရား ဖြစ်ကြောင်း သက်သေပြသည်။ Sardis မြို့သား Melito, Melito of Sardis က တမန်တော် ယောဟန် သေဆုံးပြီးနောက် ၇၇ နှစ်လောက်အကြာတွင် ရေးသားခြင်း တခုမှာ နှစ်ခြင်းခံပြီးနောက် ခရစ်တော်လုပ်ဆောင်မှုများ နှုင်. အထူးသဖြင့် နိမိတ်လက္ခဏာများသည် 
လူ့ဇာတိ ခံထားသည်.အထဲ၌ ဘုရား ဇာတိရှိကြောင်း
 လောကသားတွေကို အသေအချာ ထောက်ပြနေသည်။ 
(Melito of Sardis 177 A.D.) ခရစ်တော်ပြုသော နိမိတ်လက္ခဏာများကို စာရင်းပြုစုမည် ဆိုသော် ဤစာမျက်နှာ မဆန့်နိုင်ပါ ။ ကျမ်းစာက
 ယောဟန် ၂၁း ၂၅ ၌ “ ယေရှုပြုတော်မူသော အမှုအရာအများရှိသေး၏။ 
ထိုအမှုအရာ ရှိသမျှတို့ကိုအသီးအခြား ရေးသားလျှင်
 မြေကြီးမဆန့်နိုင်အောင်ကျမ်းစာ များပြား လိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” အမြင်ရှင်းအောင် နိမိတ်လက္ခဏာတွေကို ပြောပြရလျှင် နားလည်မှုလွဲမှားစရာ ရှိလာနိုင်၏။ သခင်ယေရှုခရစ်က သိပ္ပံပညာ၏ သဘောတရားများကို မျက်ကွယ်ပြုပြီး ရေမှ စပျစ်ရည်ဖြစ်စေခဲ.သည်။ ယောဟန်၂း၁-၁၁။ 
ဖျားနာသူအား ကျန်းမာစေ၏။ ကန်းသူကို မြင်စေ၏။ ဆွံ့အသူကို စကားပြောနိုင်စေ၏။ နားပင်းသူကို ကြားရစေ၏။ (မဿဲ၁၁း၂-၅။ ၁၅း၃၀။ 
မာကု ၁း ၃၁၊၃၄။ ယောဟန် ၉း၁-၇) သေသူအား ပြန်ရှင်စေ၏။ လုကာ ၇း ၁၄ - ၁၅။ ၈း၅၄-၅၅၊ ယောဟန်၁၁း၄၃ -၄၄။၅း၂၅) လေ နှုင်. လှိုင်းများကို ငြိမ်စေသည်. အတွက် သဘာဝ တရားအပေါ်တွင် တန်ခိုးရှိသည်။ စကားတခွန်း နှုင်. သစ်ပင်ကို ခြောက်သွေ့သွားစေပြီး ရေပေါ်တွင် လမ်းလျှေက်ခဲ့၏။ မာကု ၄း၃၉၊၄၁၊ ယောဟန် ၆း ၁၉-၂၁) လူများကို မမြင်ရသော်လည်း ထိုသူတို့ဘယ်၌ ရှိသည်ကို သိတော်မူခဲ့၏။ (နာသနေလ၊ယော၁း၄၈- ၄၉)၊ လူများမပြောလည်း သူသိ၏ ။ (ယော၎း ၂၉) လူဆယ်ယောက်စာ မပြည်သော အစားအသောက် နှုင်. 
လုထောင် ချီ ကျွေးနိုင်ခဲ့သည် ။ (မဿဲ၁၄း၁၅ - ၂၁၊၁၅း ၃၂- ၃၈)
 “ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။” Divine Love of Christ ခရစ်တော်၏ ဘုရားမေတ္တာ ယေရှုခရစ်တော်သည် စေတနာဖြင်. အသက်စွန့်ပူဇော်ခဲ့သူဖြစ်၏။ သူ.မေတ္တာ သည်လည်း ဥာဏ်ဖြင်.ပြောဖို.မလွယ်ကူပါ။ ဘုရားသခင် နှုင်. တန်းတူဖြစ်သော 
သူ့၏ ချစ်ခြင်းမေတ္တာကို ဖေါ်ပြဖို့ရာ မလွယ်ဘူး။ ဖိလိပ္ပိ ၂း၆။ ရောမ၅း၆-၈“ ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် 
မတရားသောသူ တို့အတွက်ကြောင့် အသေခံ တော်မူ၏။ ဖြောင့်မတ်သောသူ အတွက်ကြောင့် အသေခံပေးမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည်။ မှန်စေတော့။ ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏။” ကျမ်းစာက ၁ ပေ၂း၂၂ - ၂၄ မှာ 
ခရစ်တော်ဟာ“ ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ 
ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍ မကဲ့ရဲ့၊ အသေခံရသောအခါ ခြိမ်းခြောက်ခြင်း ကိုမပြု၊ တရားသဖြင့်စီရင် တော်မူသောသူ၌ ကိုယ်ကို အပ်နှံတော်မူ၏။” 
လူဆိုးများအတွက် အသက်ပေးခဲ့၏။ သူ့ကို အတင်းအဓမ္မ အသက်စွန့်ခိုင်းခြင်း မဟုတ်ရပါဘူး။ ယောဟန် ၁၀း၁၈“ ငါ့အသက်ကို အဘယ်သူ မျှမလုမယူ၊ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန် အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ 
ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူသည်။” စိတ်စေတနာပါသောကြောင်. အသက်စွန့်ခြင်းဖြစ်သည်။ သူကိုယ်တိုင် အသက်စွန်.ချင်ခဲ့ခြင်းဖြစ်ကြောင်း နားလည်ရ၏။ နှိမ့်ချခံရချိန် သေလုဆဲ ဝေဒနာခံစားရချိန်မှာ“ အိုအဖ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်းဖြစ်ပါစေသော။” လုကာ၂၂း ၄၂။ သခင်ယေရှုသည် ပြောမပြနိုင်လောက်အောင်ကြမ်းတမ်း ရက်စက်မှုကို 
ခံစားခဲ့ရပြီး အသားအရေ ကြေမွသည်အထိ ရိုက်နှက်ခံရ၏။ 
သူ့ကို ထိုးကြိတ်ကြပြီး တံထွေးဖြင်. ထွေးကြကာ စော်ကားခဲ.ကြ၏။ မုတ်ဆိတ်မွှေးကို ဆွဲနှုတ်ခြင်း ခေါင်းပေါ်မှ ဆူးသရဖူကို အတင်းအဓမ္မဆောင်းပေးခြင်း ခေါင်းမှသွေးသည် မျက်နှာတလျှောက် စီးဆင်းခဲ.သည်။ လက်ဝါးပေါ်တွင် သံတွေရိုက်ပြီး ခြေထောက်၌လည်း
 ရိုက်ကြ၏။ ကျမ်းစာအရဆိုသော် လူသားများအပေါ်ထားသည်.
ဘုရား အမျက်တော်သည် သားတော် 
အပေါ် ကျရောက်ခဲ့၏ ။ အပြစ်သား၏ နေရာကို ယူရခဲ.သော 
သားတော်ကို လှည့်မကြည့်ပဲ ပစ်ပယ်ခဲ့၏ ။ ဟဗ္ဗက္ကုတ် ၁း၁၃။ ထာဝရမေတ္တာဖြင်. ချစ်သော ထာဝရသားတော် တပါးတည်းကို ဘုရားသခင်စွန်.ပစ်လိုက်သည် ။ ဤအရာအားလုံး ဤကဲ.သို.ဖြစ်မည်ကို သခင်ယေရှု ကြိုတင်သိပြီးဖြစ်၏။
 တပည့် တော်များကိုလည်း ကြိုပြောပြပြီးလည်း ဖြစ်၏။ သေပြစ်ဒဏ်ကို ခံစားရ မည်ကို ကြိုသိသည်။ သို.သော် သိလျက် နှုင်. ချစ်နေဆဲဖြစ်၏ ။ စေတနာစိတ် နှုင်. အသေခံပေးခဲ့ခြင်းဖြစ်၏။ လူသားများအတွက် သု၏ ချစ်ခြင်းမေတ္တာသည် 
စာဖွဲ့၍မမှီ ပြောမပြနိုင်သော မေတ္တာမျိုးဖြစ်သည်။“ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင်းရှက်ကြောက်ခြင်းကို မမှတ်ပဲ လက်ဝါး ကပ်တိုင် ၌ခံပြီးမှ ဘရားသခင်၏ ပလ္လင်တော်လက်ျာဘက်၌ ထိုင်နေတော်မူ၏။” ဟေဗြဲ၁၂း၂။ ဝမ်းမြောက်ခြင်း အကြောင်းကြောင်.၊ 
မည်သည်. အတွက်ဝမ်းမြောက်တာလဲ။ အပြစ်ဝန်ထုပ်လေးလံပြီး ဖောက်ပြန်သည်. ကျေးဇူးတရားမသိ
တတ်သော လောကီ သားများကို ကယ်ဖို့ရန် 
သူ့အသက်ကို စွန့်ခြင်းအားဖြင့် ခမည်းတော် ဘုရားသခင်၏ ဘုန်းတော်ကိုထင်ရှားစေခြင်းကြောင်. ဝမ်းမြောက်ခြင်းဖြစ်သည်။ ကျွန်တော်တို့အားလုံး အသေခံရမည်. ကားတိုင်ပေါ်၌ ကယ်တင်ရှင်သည် ဒဏ်ရာများစွာဖြင်. အရိုက်ခံရ၏။ သူ့ကို လုံးဝမစာနာပဲ အပြစ်ပေးကာ သရော်ပြီး လှောင်ပြောင်ကြ၏။ သို.သော် သခင်ယေရှုက“ အိုအဖ၊ ထိုသူတို့၏ အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည်ကိုယ်ပြုသော အမှုကို မသိကြ။” လုကာ ၂၃း ၃၄။ ဤကဲ.သို. ထူးဆန်းသော မေတ္တာတော်ကို လက်ဝါးကပ်တိုင်ပေါ်တွင် သက်သေ ပြခဲ့ပြီ။ ကျွန်တော်တို့ အပြစ်အတွက် တကြိမ်တည်းဖြင်. ယဇ်ကောင်သိုးသူငယ် ကဲ.သို. ပူဇော်ပေးခဲ့ပြီ။ ထိုချစ်ခြင်းမေတ္တာသည် တခြား မဟုတ်။ ဘုရားမေတ္တာ ပင်လျှင် ဖြစ်သည်။ Death သေခြင်း ပထမအချက်သည် သခင်ယေရှု၏ သေခြင်းသည် supernaturaldeath, ထူးဆန်းအံ့ဩဖွယ်ရာ သေခြင်းဖြစ်၏ ။ Walvoord က ထာဝရကာလ တလျှောက်လုံးတွင် ခရစ်တော်၏ သေခြင်းနှုင်.နှိုင်းယှဉ်
ရသော အဖြစ်အပျက် လုံးဝမရှိဘူး။ 
(Walvoord, 1969) ဤဖြစ်ရပ်သည် ထူးဆန်း အံ့ဩ
ဖွယ်ရာကောင်းသော အခြားအဖြစ်အပျက်များနှုင်.လည်း တဆက်တည်း တွဲပြီး ဖြစ်ပျက်ခဲ့သည်။ ကားတိုင်ပေါ်တွင် သခင်ယေရှုက သူ့၏
 နောက်ဆုံး စကား“ အိုအဖ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏။” (လုကာ၂၃း၄၆) ကို ပြောပြီးသည်.နောက်မှာ 
1.“ဗိမ္မာန်တော်၏ ကုလားကာသည် အထက်စွန်းမှ
 အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။” (မဿဲ၂၇း၅၁) ကုလားကာဟာ ၇လက်မလောက် အထူရှိသည် ဟု ဆိုသည်။ 
2.“မြေကြီးလှုပ်လေ၏။” (Ibid) 
3.“ကျောက်များတို့သည်ကွဲပြားကြ၏။” (Ibid)(အပိုင်းပိုင်းကွဲလွင့်တယ်။) 4.“သင်္ချိုင်းတွင်းတို့သည်ဖွင့်လှစ်သဖြင့်” မဿဲ၂၇း၅၂
 5.“ကျိန်းစက်လျှက်ရှိသော သန့်ရှင်းသူတို့၏အလောင်းများစွာတို့သည် 
ထကြ၍၊ ကိုယ်တော် ထမြောက်တော် မူသည်နောက် ထိုသူတို့သည် သင်္ချိုင်းတွင်းမှ ထွက်၍သန့်ရှင်းသောမြို.ထဲသို.ဝင်ပြီးလျှင် လူများစွာ တို့အားထင်ရှားကြ၏။” 
မဿဲ ၂၇း၅၂-၅၃ ဗိမ္မာန်တော်ကုလားကာသည် ပဋိညာဉ်သေတ္တာရှိသည်. 
အသန့်ရှင်းဆုံး ဌာနကို ပိုင်းခြားထားသော အရာဖြစ်၏။ 
ပဋိညာဉ်သေတ္တာတွင် ခေရုဗိမ်များ၏ အတောင်များဖြင်. အုပ်မိုးထားပြီး 
ဘုရားသခင် ဆင်းသက်ရာဖြစ်၏။ ဣသရေလလူမျိုးအတွက် အံ့ဩကြောက့်ရွံဖွယ်ရာ အရပ်ဖြစ်သည်။ အသန့်ရှင်းဆုံးဌာနကို ယဇ်ပရောဟိတ်မင်းတပါးတည်းသာ တနှစ်တွင် တကြိမ်သာ အသွေးနှုင်.သာ ဝင်ခွင့်ရ၏။ သို.သော် ဘုရားသခင်၏ သိုးသူငယ်တော် ယဇ်ပရောဟိတ်မင်း ကယ်တင်ရှင်၏ တခါတည်း အပြစ်ဖြေပူဇော် သောကြောင့် ဘုရားနှုင်.လူကြား ကွာခြားမှုသည် ထာဝရပေါင်းစည်းခွင့်ရသွားသည်။ သန့်ရှင်းသူအားလုံးနှုင်. နောင်တရသည်. အပြစ်သားအားလုံး 
ဘုရားသခင်ထံပါး တိုးဝင်ခွင့် ရသွားသည်။ သခင်ယေရှု အသေခံချိန်၌ မြေငလျင်လှုပ်ခဲ.၏။ ကျောက်များလည်း ကွဲလွင့်ကြ၏။ 
ဓမ္မရာဇဝင် တတိယစောင် ၁၉း၁၁၊ တောလည်ရာ၁၆း၃၂) ရောမတပ်မှူးက သခင် ယေရှုကို မြေငလျင်လှုပ်ချိန်တွင် ကြောက့်ရွံ တုန်လှုပ်စွာ စောင့်ကြည့်ခဲ့၏။ ဤသို. မျက်မြင်သက်သေ များစွာ ရှိသည်။ တပ်မှူးက“ စင်စစ် ဤသူသည် ဘုရားသခင်၏ သားတော်မှန်ပေ၏။” ဟု ဆို၏။ သေလွန်သောသူများလည်း သင်္ချိုင်းမှ ပြန်ထလာကြ၏။ (ယေဇကျေလ၃၇း၁၃) ယောဟန်၅း၂၁ မှာ “ခမည်းတော်သည်သေလွန်သောသူတို့ကို ထမြောက်ရှင်ပြန် စေတော်မူ 
သကဲ့သို့ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသော သူရှိသမျှတို့ကို ရှင်စေ၏။” ဤထမြောက်သည်.သူများထဲတွင် တခြားသူများထံ 
သွားရောက် တွေ့ဆုံ ကိုယ်ထင်ပြခဲ.သည်။ ထို.ကြောင့် သခင်ယေရှု 
ခရစ်တော် အသေခံခြင်း နှင့်အတူ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှတ်အသားအဖြစ် ထူးခြား ထင်ရှားသော အဖြစ်အပျက်များ တွဲလျှက် ဖြစ်ပျက်ခဲ့သည်။ Resurrection ထမြောက်ခြင်း ။ သေခြင်းမှ ခရစ်တော်ထမြောက်ခြင်းသည် ဘုရားဖြစ်ကြောင်းခိုင်လုံစေခဲ.သည်။ (၁ကော၁၅း၁-၈) ရှင်ပေါလုက - ရှင်ပြန်ထမြောက်ခြင်းကို (ကေဖCephas) မြင်တယ်။ ထို.နောက် တမန်တော် ၁၂ ပါးမြင်ကြသည်။ ထို.နောက် ညီအစ်ကို ငါးရာ တပြိုင်နက်တည်း မြင်ကြပြီး နောက် ယာကုပ်၊တမန်တော်အားလုံး၊ နောက်ဆုံး ရှင်ပေါလုပါမြင်ကြသည်။ ထိုအဖြစ်ပျက် မြင်ခဲ့ဖူးသောလူငါးရာသည် ထိုအချိန်၌ 
အသက်ရှင်လျက် ရှိနေသေးသည် ။ 
ထိုသူတို့သည် “အဦးဆုံးမျက်မြင်သက်သေ“first hand witness”တွေဖြစ်သည်။ တမန်တော် - ၁း၃မှာ“အသေခံတော်မူပြီးလျှင် တမန်တော်တို့အား အရက်၄၀ ပတ်လုံးကိုယ်ကိုပြ၍ ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်မိမိ အသက်ရှင်သည် အကြောင်းကိုခိုင်ခံ့သော သက်သေအများတို့ဖြင့်ပြတော်မူ၏။” သခင်ယေရှုကိုယ်တိုင်လည်း သူ ထမြောက်မည်ဟု ယောဟန်၂း၁၉၌ ကြိုတင် ပြောထားပါသည်။ မဿဲ ၁၂း၄၀ တွင် သခင်ယေရှုက“ ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက် နေရသကဲ့သို့ လူသားသည် မြေကြီးထဲမှာသုံးရက်နေရလတံ့။” သခင်ယေရှု၏ 
ပရောဖက် ပြုချက်သည် သူကိုယ်တိုင် ရှင်ပြန်ထမြောက်သည်. အခါ ဘုရားဖြစ်ကြောင်း အမှတ်သက်သေ ထင်ထင်ရှားရှား ဖြစ်လာသည်။ ရှင်ပြန် ထမြောက်သည်.အတွက် ကျွန်တော်တို့အား ရွေးနှုတ်ခြင်းကိုလည်း ခိုင်ခိုင်မာမာ သေချာစေခဲ.သည်။“ သေသောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက်တော် 
မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း 
အကျိုးမရှိ။” (၁ကော၁၅း၁၃။၁၄) ရှင်ပြန်ထမြောက်မည်ဟု ကြိုတင် ပရောဖက်ပြုခဲ့သည်။ အမှန်တကယ်လည်း အံ့ဩဖွယ်ရာဖြစ်ခဲ.သည်။ ဘုန်းတော်ထင်ရှားစရာ၊ ကောင်းကြီးခံရစရာဖြစ်လာသည်။ ရွေးနှုတ်ခြင်း နှုင်. ဆိုင်သော မြှော်လင့်ခြင်း၏ ဂတိတော်လည်း တံဆိပ်ခတ်ပြီးသား ခိုင်လုံစေခဲ.၏။ Ascension ကောင်းကင်တက်ကြွခြင်း နောက်ဆုံး- ကောင်းကင်တက်ကြွခြင်းသည် ဘုရားသခင်ဖြစ်ကြောင်း ခိုင်လုံသော သက်သေဖြစ်သည်။(၂တိ၎း၁) ခရစ်တော်က တမန်တော်များကို နောက်ဆုံး ထင်ရှားခဲ.ပြီးသည်.နောက်-“ သခင်ဘုရားသည် အထက်သို့ ဆောင်တော် မူခြင်းကိုခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင်ယူလေ၏။” (တမန်တော်၁း၉) တမန်တော်တွေမျှော်ကြည်.နေစဉ်တွင် သခင်ယေရှုသည် ကောင်းကင်ကို တက်ကြွသွားသည်။ ကောင်းကင်တမန်များ က“ ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ တက်ကြွတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” ဟု ဆိုကြသည်။ ခရစ်တော်က သူ ကောင်းကင်တက်ကြွပြီး ပြန်ကြွလာဦးမည် ဟု ကြိုတင်ပြောခဲ.သည်။(ယောဟန်၁၄း၃) ဤအရာသည် သေခြင်းမှ 
မထမြောက်ခင် ဖြစ်သည်။ ထမြောက်ပြီးပါက ကောင်းကင်တက်မည်ဟု ကြိုတင်ပြောခဲ့၏။ (ယောဟန်၂၀း၁၇) Walvoord က ကောင်းကင်တက်ခြင်းသည် မြေကြီးပေါ်မှ အမှုတော် နှုင်. တက်ကြွပြီးနောက် ကောင်းကင်မှ အမှုတော်ကို အရေးကြီးသည်. 
ချိတ်ဆက်မှုဖြစ်၏ ။ (Walvoord 1969) ကောင်းကင်တက်မည်ဟု ကြိုဟောခဲ.ခြင်းကို အတည်ပြုခဲ.သည်။ တမန်တော်များလည်း 
ဤအကြောင်းကို တမန်တော် ၁ ၌ 
သက်သေခံသည်။ ကောင်းကင်တွင် ချီးမြှောက်ခြင်းကို ခံယူတော်မူတယ်။
“ ထိုသို့ ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူ
သဖြင့်( တမန်တော်၂း၃၃၊ဖိလိပ္ပိ၂း၉) “ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ မြေကြီးအောက်၌ရှိ သော 
သတ္တဝါ တည်းဟူသော ခပ်သိမ်းသောသတ္တဝါ
တို့သည် ယေရှု၏ ဘွဲ့နာမကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံသဖြင့်” (အငယ်၁၀) ဒုတိယအချက်က 
သူဟာ တန်ခိုးတော်၏ လက်ျာဘက်တွင် ထိုင်တော်မူသည်။ (မာကု၁၄း၆၂) ကောင်းကင်ပေါ် မြေကြီးပေါ် ရှိသမျှ တန်ခိုးကို အပ်နှင်း
ခံရသည်။( မဿဲ၂၈း၁၈) ကောင်းကင်တက်ကြွသော ခရစ်တော်သည် 
အရာအားလုံး၏ အထက်တွင် ချီးမြှောက်ခံရသည်။ 
အားလုံး၏ ကိုးကွယ်မှုကို ခံရသည်။ 
အားလုံး အထက်၌ တန်ခိုးအရာခံစားရသည်။ ထိုအရာသည် 
အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှသာ ခံစားခွင့်ရှိသော အရာဖြစ်သည်။ နောက်ဆုံးချက်သည် ကောင်းကင်တက်ကြွသော 
ခရစ်တော်သည် “လူများတို့၏ အပြစ်ကို ဆောင်ရွက်၍ မတရားသော သူတို့အဖို့ တောင်းပန်သောကြောင့်” (ဟေရှာယ၅၃း၁၂) “ အပြစ်စီရင်သောသူကားအဘယ်သူနည်း။ အသေခံသည် သာမက သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌ 
ထိုင်လျက်ငါတို့အဘို. ဆုတောင်းသော သူကား ခရစ်တော်ပေတည်း။ (ရောမ၈း၃၄) သခင်ယေရှုခရစ်ရဲ့မေတ္တတော်သည် လွန်စွာကြီးမားလှသည်။ အံ့ဩဖွယ်ရာဖြစ်ပြီး သနားကြင်နာခြင်းနှုင်. ပြည့်၏။ ကောင်းကင်ဘုံ၌ ကျွန်တော်တို့၏ ရှေ့နေအဖြစ် အံ့ဩဖွယ် မေတ္တာဖြင်. လုပ်ဆောင် ပေး၏။ အံ့ဩဖွယ်ရာ ကြီးမြတ်တော်မူသည်။ Promised Return ပြန်ကြွလာမယ့်ဂတိတော် နောက်ဆုံးအချက်သည် သခင်ယေရှုသည် အသေခံရုံ၊ ထမြောက်ရုံ၊ ကောင်းကင် တက်ကြွရုံသာမက အနန္တတန်ခိုးရှင် ဘုရားသခင်၊ အားလုံးကို တရား စီရင်မည်.သူအဖြစ် ပြန်ကြွလာမယ်လို့ဂတိပေးထားသည်။ (ဟေဗြဲ၁၂း၂၃) နှုင်. 
(ယောဟန်၅း၂၂၊၂၇ ကို နှိုင်းယှဉ်ကြည့် ပါ။) ခရစ်တော်သည်
 လောကီသားများကို ဖြောင့်မတ်စွာဖြင်. တရားစီရင်မည်။ (ဆာလံ၉၆း၁၃) “ မြေကြီးပေါ်တွင် လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက် မိုးတိမ်ကို စီးလျက် ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။” (မဿဲ၂၄း၃၀) ကောင်းကင်မှပြန်ဆင်းသက်သည်. အခါ-“ သခင်ဘုရားသည်
 ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှကိုယ်တိုင် 
ဆင်းသက် တော်မူ၍၊ ခရစ်တော်၌သေလွန်သော သူတို့သည် အဦးဆုံး ထမြောက်ကြလိမ့်မည်။” (၁သက်၎း၁၆) ဘုရားသခင်၏ တံပိုးတော်ကို ဣသရေလလူမျိုး သုံးလေ့ရှိသည်။ ဘုရားသခင်ကြွ မလာခင်
 ရှေ့ပြေး မှုတ်ရသည်။ လူများနှုင်.တွေ့ရန် ဘုရားကြွလာသည်.အခါ
 လျှပ်စီးလက်ပြီး၊ မိုးချုန်းသံများဖြစ်သည်။ ဤအချိန်တွင် ဣသရေလလူများ အသံကြားသည်နှုင်. အလွန်ကြောက်ကြ၏။ (ထွက်၁၉း၁၆) ဤတံပိုးမှုတ်ခြင်းကို ယေရိခေါမြို့ ရိုးများ ဖြိုဖျက် ခါနီးတွင် မှုတ်ခဲ့ဖူးသည်။(ယောရှု၆) မိဒျန်လူများအား အောင်မြင်ချိန်၌ ဂိဒေါင်၏ တံပိုးလည်း မှုတ်ခဲ့ဖူး၏။ (တရားသူကြီး၇)ခရစ်တော်ကြွလာသည်.အခါ“ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” (၁သက်၎း၁၆) သူတို့သည် ခရစ်တော်၌ သေလွန်သူများဖြစ်၏။ ခရစ်တော်၏ လူများ၊ခရစ်တော်ပိုင်သောသူများ ဖြစ်၏ ။ အငယ် ၁၇မှာ“ ထိုအခါ 
အသကရှင်၍ ကျန်ကြွင်း သောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ 
မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူအစဉ်မပြတ် နေရကြလိမ့်မည်။” 
ဤလူအပေါင်းသည် ခရစ်တော်က သိသောသူများ။ 
သိုးသူငယ် မင်္ဂလာဆောင်ပွဲကို ဝင်မည်. မင်္ဂလာ ဆောင်အဝတ် ဝတ်ဆင်ထားသူများ ဖြစ်ကြသည်။ (ဗျာဒိတ်၁၉း၇၉၊မဿဲ၂၂း၁-၁၄) ကောင်းကင်တက်သည်.အခါ 
ဘုရားကဲ.သို. တက်သည် ။ တရားစီရင်သည်.အခါ တရားသူကြီးကဲ.သို. စီရင်၏။ သေသောသူနှုင်. ရှင်သောသူများကို စုဝေးစေသည်။ သူနဲ့အတူ အမြဲနေဖို့ဖြစ်၏။ ခရစ်တော်ပြန်ကြွလာမည်ဆိုသည်. အချက်ကို ကြည့်သည်.အခါ သူသည် ထာဝရဘုရားသခင်ဖြစ်သည်ဆိုသည်.
 ကျမ်းချက်အားဖြင့် အတည်ပြုနိုင်သည်။

No comments:

Post a Comment