၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !
Saturday 11 August 2018
အခန်း(၆) ပျဉ်ချပ်များ / အခန်း (၇) မိုးတိမ်
အခန်း(၆) ပျဉ်ချပ်များ (ထွ၊ ၂၆း၁၅-၃၀) 
ဘုရားသခင်၏ အိမ်တော်ကို ကြီးမားသော အကာရှသစ်သားပျဉ်များဖြင့် 
တည် ဆောက်ထား သည်။ ပျဉ်တစ်ချပ်စီသည် အမြင့်ပေ ၂၀ နှင့် အနံ ၃ ပေရှိပြီး စုစုပေါင်း ပျဉ်ချပ်ရေ (၄၈)ချပ်လို သည်။ မြေမှပေါက်သော 
အကာရှသစ်သားသည် ဤလောက၌ ဖွားမြင်ခြင်းခံတော်မူသည့် 
အရှင် ယေရှုကို လူသားစင်စစ်ဖြစ်ကြောင်း ပုံဆောင်နေ၏။ 
 ။။…… ရွှေ….။
 ပျဉ်ချပ်တိုင်းကို ရွှေဖြင့်မွမ်းမံဖုံးအုပ်ထားပြန်၏။ ပျဉ်ချပ်ပေါင်းများစွာကို 
ဖုံးအုပ်ရန် ရွှေချိန် ပမာဏ မြောက်မြားစွာလိုအပ်သဖြင့် ရှေးမဆွကပင် ဘုရားသခင် ပြင်ဆင်ပေးထားခဲ့သည်။ ဘုရားသခင်သည် အဲဂုတ္တုလူမျိုးများထံမှ ရွှေနှင့် အခြားရတနာပစ္စည်း မြောက်များစွာကို ဣသရေလ လူမျိုးများ လက်ဝယ် ပိုင်ဆိုင်ရသော အခွင့်ပေးခဲ့သဖြင့် အဲဂုတ္တုပြည်မှ ထွက်လာချိန်၌ ဣသရေလ လူမျိုး များလက်ထက် ပိုင်ဆိုင်ရသော အခွင့်အရေးပေးခဲ့သဖြင့် အဲဂုတ္တုပြည်မှ ထွက်လာချိန်၌ ဣသရေလ လူမျိုးများထံတွင် ရွှေ၊ ငွေရတနာ 
အမြောက်အများ ပါရှိလာကြ၏ (ထွ၊ ၁၂း၃၅-၃၆)။ 
ထို့ ကြောင့် ပျဉ်ချပ်များကို ဖုံးအုပ်ရန် ရွှေအလုံအလောက် ရှိနေခြင်းဖြစ်သည်။ တဲတော်၏ သန့်ရှင်းရာဌာန အတွင်းဘက်မြင်ကွင်းသည် ရွှေရောင်ဖြင့် ပြိုးပြက် တောက်ပ လျှက် အလွန်လှပတင့်တယ်နေ၏။ ရွှေသည် အဖိုးအတန်ဆုံး သတ္တု တစ်မျိုးဖြစ်ပြီး ခေတ်အဆက် ဆက်က လူများနှစ်သက် မြတ်နိုးခဲ့ကြသည်။ ဗျာဒိတ်ကျမ်း ၂၁ ရှိ ယေရုရှလင်မြို့သစ်အကြောင်း ဖော်ပြထားရာ၌ ရွှေ လွန်ကြွယ်ဝ ပေါများသော မြို့ဖြစ်ကြောင်းသိရသည်။ မြို့တော်မှာ ရွှေစင်အတိပြီး လျှက် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည် ထွန်းလင်းနေကြောင်း တွေ့မြင်ရသည်။ မြို့လမ်းမပင် လျှင် ရွှေစင်ဖြင့် ခင်းထား၏။ ထို့ကြောင့် ရွှေသည် ကောင်းကင်ဘုံနှင့် ဘုရားသခင်၏ ဘုန်းတော်ကို ဆိုလိုကြောင်း သိနားလည်ရသည်။ 
 ကမ္ဘာပေါ်ရှိ သတ္တုပစ္စည်းအမျိုးမျိုးထဲတွင် ရွှေသည် တမူထူးခြား၏။
 ရွှေစစ်စစ်ကို မီးပြင်း တိုက်၍ အပူပေးသောအခါ အရည်ပျော်သွားသော်လည်း အလေးချိန်နှင့် ဂုဏ်သတ္တိ ပြောင်းလဲသွား ခြင်းမရှိ။ နဂိုရှိရင်းစွဲအတိုင်း တည်မြဲနေ၏။ ထို့အတူ အအေးခံ လျှင်လည်း ဂုဏ်သတ္တိများ ယုတ် လျှော့သွားခြင်းမရှိ။ ရွှေသည် ခရစ်တော်၏ ဂုဏ်တော်အပေါင်းကို ရည်ညွှန်းနေ၏။ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း အပြစ်ပကတိ ကင်းစင်ခြင်း၊ သနားကရုဏာရှိခြင်း၊ ကောင်းမြတ်ခြင်း၊ အောင်မြင်ခြင်း၊ တန်ခိုးနှင့် ပြည့်စုံခြင်း အသက်ရှင်ခြင်း၊ ကြွယ်ဝခြင်း၊ ၀မ်းမြောက်ခြင်း၊ ချစ်ခြင်းနှင့် ပညာ အစရှိသည့် ဂုဏ် တော်အပေါင်းသည် မည်သည့်အချိန်ကာလ၊ မည်သည့်အခြေအနေမျိုး၌မဆို လျော့ပါးပြောင်းလဲ သွားခြင်း အလျှင်းမရှိဘဲ ထာာဝရတည်တံ့၏။ 
ထို့ကြောင့် ခရစ်တော်သည် မနေ့၊ ယနေ့၊ နောင် ကာလ အစဉ်မပြောင်းလဲဘဲ တည်တော်မူသော ဘုရားဖြစ်၏ ဟု ကျမ်းစာ၌ ဖော်ပြထားသည်။ (ဟေဗြဲ၊ ၁၃း၈) 
သစ်သားမှာ ခရစ်တော်၏ လူသားဇာတိကို ဆိုလိုပြီး ရွှေမူကား 
ကိုယ်တော်၏ ဘုရား၊ ဘုန်း၊ အသရေကို ဆိုလိုပါသည်။ ကိုယ်တော်သည် ပုဂ္ဂိုလ်အားဖြင့် တစ်ပါးတည်းဖြစ်သော်လည်း ဘုရား စင်စစ် ဖြစ်သကဲ့သို့ လူစင်စစ်လည်းဖြစ်သည်။ ဤလောကသို့ ကြွလာပြီး အသက်ရှင်စဉ်က လူ့ ကိုယ်ခန္ဓာဖြင့် ပေါ်ထွန်းတော်မူသော ဘုရားဖြစ်သည် (၁တိ၊ ၃း၁၆)။ ပထမထွင် လူအများက ခရစ်တော်ကို သာမန်လူအဖြစ်သာ သိကြပြိး ဘုရားဖြစ်ကြောင်း လူ အနည်းငယ်ကသာ သိမြင်ကြ၏။ ခမည်းတော်ဘုရား၏ အမြင်မူကား လူ့အမြင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် အိမ်တော်၏ ပျဉ်ချပ်များကို ကြည့်သောအခါ အပေါ်ယံရွှေကို ပထမဦးဆုံး တွေ့မြင်ရသကဲ့သို့ သားတော်ယေရှုခရစ်၏ ဘုရားဇာတိကို အရင်တွေ့မြင်ပြီးမှ ဖုံး 
ကွယ်ထားသည့် အတွင်းပိုင်းသစ်သား (လူ့ဇာတိ)ကို တွေ့မြင်တော်မူ၏။ 
 ခရစ်ယာန်တစ်ယောက်သည်လည်း ထိုသစ်သားပျဉ်ချပ်နှင့် အလားသဏ္ဍာန် တူညီနေ ကြောင်း အံ့သြဖွယ်ရာ တွေ့ရှိရ၏။ အဘယ်ကြောင့်ဆိုသော် ယုံကြည် သူသည် ဤလောက၌ အသက်ရှင် နေသော လူသား တစ်ဦးဖြစ်သော်ငြားလည်း ရွှေနှင့်တူသော ဘုရားသခင်၏ ဖြောင့်မတ် ခြင်းတန်ဆာ ကို ၀တ်ဆင်ထားလျက် ရှိသည်။ (၂ကော၊ ၅း၂၁)။ ရှင်လုကာ ၁၅ မှ ပျောက်သောသားသည် ဖခင်ထံမှ အကောင်းဆုံးဝတ်လုံကို လက်ခံရရှိ သကဲ့သို့ ယုံကြည်သူတိုင်းသည် ဘုရား သခင်ထံမှ အကောင်းဆုံး ၀တ်လုံကို ဆင်မြန်းရသူများ ဖြစ် ခြင်းကြောင့် 
“အို . . ငါ့ဝိညာဉ်၊ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းလော့။ 
အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်ကို ကယ်တင်ခြင်း 
တန်ဆာဆင်ခဲ့ပြီ။ ဖြောင့်မတ်ခြင်း ၀တ်လုံနှင့် လွှမ်းခြုံ ပေးခဲ့ပြီ” ဟု ထာဝရဘုရားအား ချီးမွမ်းပါလေ (ယေရှာ ၆၁း၁၀)။ ပျဉ်ချပ်များကို ရွှေဖြင့်ဖုံးလွှမ်းထားသည့်နည်းတူ ယုံကြည်သူသည် ခရစ်တော်ထံ၌ 
တည်နေ သော လူဖြစ်ခြင်းကြောင့် ကောင်းကင်ဘုန်းအသရေကို လွှမ်းခြုံ ထားသူများပင် မဟုတ်လော (၂ကော၊ ၁၂း၂)။ 
ဘုရာ:သခင်သည် ခရစ်တော်အထဲ၌ ကျိန်းဝပ်တော်မူ၏။ 
ဘုရားသခင်သည် ဣသရေလ လူမျိုးတို့၏ ခေတ်အခါက ရွှေဖြင့် မွမ်းမံဖုံးအုပ်ထားသည့် ပျဉ်ချပ်များဖြင့် တည်ဆောက်ထားသော တဲတော်တွင် ကျိန်းဝပ်တော်မူ၏။ ထို့နောက် သားတော် ယေရှုခရစ် ဤလောကသို့ ကြွလာသောအခါတွင် သားတော်အထဲ၌ ကျိန်းဝပ်တော်မူ၏။ ကိုယ် တော်၌ ဘုရားဇာတိအဖြစ်တော်၏ ပြည့်စုံခြင်း (ဘုရားသခင်၏ စုံလင်ကြွယ်ဝခြင်း) အပေါင်းသည် ကျိန်းဝပ် ထင်ရှားတော်မူ၏ (ကော၊ ၂း၉)။
ယုံကြည်သူတိုင်း၌ ကျိန်းဝပ်တော်မူ၏။ အရှင်ယေရှုသည် ယခုအခါ ကောင်းကင်ဘုံသို့ တက်ကြွသွားလေပြီ။ ယုံကြည် သူတိုင်းသည် လည်း သန့်ရှင်းသော ၀ိညာဉ်တော် ကျိန်းဝပ်ရာ ဘုရားသခင်၏ 
ဗိမာန်တော်ဖြစ်လာကြပြီး သင်တို့ ၏ ကိုယ်ခန္ဓာသည် ဘုရားသခင်
 ပေးသနား တော်မူသော ၀ိညာဉ်တော်တည်းဟူသော သင်တို့အထဲ ၌ ကျိန်းဝပ်သည့် သန့်ရှင်း သော ၀ိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို မသိကြသလော (၁ကော၊ ၆း၁၉)။ 
 (အသင်းတော်၌ ကျိန်းဝပ်တော်မူ၏) ပျဉ်ချပ်များကို 
တစ်ချပ်နှင့်တစ်ချပ် ဆက်စပ်တည်ဆောက်ထားသကဲ့သို့ ယခုခေတ် 
ဘုရား သခင် ကျိန်းဝပ်ရာ အိမ်တော်ကိုလည်း အလားတူ ယုံကြည်သူ တစ်ဦးနှင့် တစ်ဦး တွဲဘက် တည်ဆောက်ထားသည်။ ယုံကြည်သူများ တစ်ဦးနှင့် တစ်ဦး ပေါင်းစည်းခြင်းဖြင့် ဘုရားသခင်ကျိန်း ၀ပ်ရာ အိမ်တော်ဖြစ် လာခဲ့သည်။ သန့်ရှင်းမြင့်မြတ်သော ဘုရားသခင်သည် အပြစ်သား လူ့လက် ဖြင့် တည်ဆောက် ထားသော ဗိမာန်၌ ကျိန်းဝပ်တော်မမူပေ။ ကျောက်ဖြင့် တည်ဆောက်ထားသည် ဖြစ်စေ (သို့မဟုတ်) ရွှေဖြင့် တည်ဆောက်ထားသည် ဖြစ်စေ၊ ဘုရားသခင် မကျိန်းဝပ်တော့ချေ။ အရှင်ယေရှု၏ နာမတော်၌ ယုံကြည်သူ များ အတူတကွ မိတ်သဟာယဖွဲ့ရာ အရပ်၌သာ ဘုရားသခင် ကျိန်းဝပ်တော်မူ၏။ ဘုရားသခင်၏ အိမ်တော်သည် အသက်ရှင်သော အသင်းတော်ပင်ဖြစ်သည်။ (၁တိ၊ ၃း၁၅)။ ယုံကြည်သူများ ၀တ်ပြုကိုးကွယ်လျက် မိတ်သဟာယဖွဲ့ရာ အရပ်သည် ဘုရားသခင် ကျိန်းဝပ် တော်မူရာ အိမ်တော်ဖြစ်လာ၏။ (ဧ၊ ၂း၂၂)။ ထို့ကြောင့် “ကျွန်ုပ်တို့သည် မည်သူ၏အိမ်တော် ဖြစ်ပါ သလဲ”ဟု မိမိကိုယ်ကို မေးခွန်းထုတ်လျက် စစ်ဆေးသင့်သည် (ဟေဗြဲ ၃း၆)။ ဓမ္မသစ်ကာလတွင် ယုံကြည်သူများစုဝေး၍ မိတ်သဟာယဖွဲ့သည့် အလယ်၌ ဘုရားသခင် ကျိန်းဝပ်တော်မူသည့်အတွက် ယုံကြည်သူများသည် ခရစ်တော်၏ အသင်းတော်ကို အတူတကွ လက်တွဲ တည်ဆောက်နေကြသူများဖြစ်သည်။ ဤသိုပပါဝင်တည်ဆောက် သူတို့အား တမန်တော် ကြီး ရှင်ပေတရုက “သင်တို့သည် အသက်ကျောက်များကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုး လည်းဖြစ်ကြ၏”
ဟု (၁ပေ၊ ၂း၅) တွင် ဖော်ပြထားသည်။ 
ဘုရားသခင်၏ အလိုတော်အတိုင်း ပျဉ်ချပ်များ နည်းတူ တွဲဖက်ညီညီ၊ တညီတညွှတ်တည်း ရပ်တည်ခြင်းမပြုဘဲ ခရစ်ယာန်များ အကြားတွင် ဂိုဏ်း ဂဏခွဲခြားခြင်း လူမျိုးရေးနှင့် အယူဝါဒကွဲပြားခြင်းဖြင့် ရင်ကြားစေ့မရပဲ ဖြစ်နေကြသည်မှာ ရှက် ဖွယ်ကောင်းလေစွ။ အသင်းတော် စတင်ပေါ်ထွန်းလာပြီးနောက် နှစ်အတန်ကြာအထိ စည်းလုံးညီ ညွတ်မှု အဓွန့်ရှည် နေသေး၏။ နောက်ပိုင်းတွင် တစစကွဲပြားလာကြသည်မှာ ယနေ့ထက်တိုင် ဖြစ်၏။ ယုံကြည်သူတိုင်းသည် ဂိုဏ်းဂဏ၊ ခံယူချက်၊ သြ၀ါဒနှင့် အဖွဲ့အစည်း၊ လူမျိုးပေါ်တွင် မရပ် တည်ဘဲ ခရစ်တော်၌သာ ရပ်တည်ကြမည်ဆိုလျှင် ကွဲပြားစရာအကြောင်း ရှိမည်မဟုတ်ပေ။ တမန်တော်ကြီး ရှင်ပေါလုက “ဘုရားသခင် မိန့်တော်မူသည်ကား သူတို့တွင် ငါကျိန်းဝပ် မည်။ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏ဟု ကောရိန္တုမြို့ရှိ ယုံကြည်သူများကို သွန်သင်ခဲ့လေသည်။ ဤအချက်ကိုကြည့်လျှင် စစ်မှန်သော ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ သားများဖြစ်ခြင်းကြောင့် တစ်မိသားစုဝင် ဖြစ်သကဲ့သို့ တစ်သွေး တစ်သား တည်း ဖြစ်၏။ ဤအရာကို နားလည်မှ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း၏ အနှစ်သာရကို ခံစားနိုင် သည်။ သို့မှသာ စည်းလုံးညီညွတ် ကြလိမ့်မည်။ ယုံကြည်သူဟုဆိုရာ၌ တစ်ဦးနှင့်တစ်ဦး အခြေအနေ၊ လူမျိုးဂိုဏ်းဂဏ၊ အဆင့် အတန်းချင်း တူညီကြလိမ့်မည် မဟုတ်။ ကွာခြားမှုများ ရှိကြမည် ဖြစ်သော်လည်း ယုံကြည်သူတိုင်းသည် ဘုရား သခင် ကျိန်းဝပ်ရာ ဗိမာန်တော်ဖြစ်သည် ဟူသောအချက်ကို အခြေပြုပြီး စုပေါင်း မိတ်သဟာယ ဖွဲ့ နိုင်သည်။ ယနေ့လည်း စည်းလုံးညီညွတ်ခြင်း၏ အနှစ်သာရကို ယုံကြည်သူတိုင်း ကိုယ်တွေ့ခံစား နိုင်ပါ သည်။ ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် မည်သို့ကိုးကွယ်ဝတ်ပြုရမည် ဟူသည့်နည်းလမ်း ကို ဓမ္မဟောင်းကာလက အသေးစိတ်ညွန်ကြားခဲ့သော ဘုရား သခင်သည် ယခုခေတ် ယုံကြည်သူ သားသမီးများနှင့်ဆိုင်သော ကိုးကွယ် ၀န်ပြုနည်းကို မဖော်ပြဘဲ မနေပါ။ ဧကန်အမှန် ဖော်ပြထားပါ သည်။ ဘုရားသခင်ဖော်ပြသည့် ကိုးကွယ်ဝတ်ပြုနည်းများကို မညသို့သိရှိနိုင် မည်နည်းဟုဆို သော ကျမ်းစာဖတ်ရှုလေ့လာခြင်း အားဖြင့်သာ သိရှိနိုင်ပါသည်။ ယုံကြည်သူ ကျွန်ုပ်တို့သည် မယုံကြည်သူများအကြားမှ တသီးတခြား ခွဲခွာလျက် (၂ကော ၆း၁၇)။ နှုတ်ကပတ်တော်နှင့်အညီ ယေရှုခရစ်ကို အမှန်တကယ် ယုံကြည်သောသူ (၂တိ။ ၂း၁၉-၂၂) တို့ နှင့် ပေါင်းဖော်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းဖြင့် အရှင်ယေရှု၏နာမ၌ အတူတကွ 
ကိုးကွယ်ဝတ်ပြုကြရ မည်။ ခရစ်တော်၏ နာမတော်၌ အတူတကွ စုဝေးကိုးကွယ်ခြင်းသည် ခရစ်တော်၌ ပေါင်းသည်း ခြင်းပင်ဖြစ်သည်။ 
သို့မှသာ ကျွန်ုပ်တို့ အလယ်တွင် ခရစ်တော်ကိုယ်တိုင် ကျိန်းဝပ်အုပ်စိုးပြိး 
လမ်းပြ ပဲ့ပြင် သွန်သင်တော်မူမည်။ကိုယ်တော်ရှင်၌သာ စီရင်ပိုင်သော အခွင့်အာဏာရှိသည်။ ကိုယ်တော် တစ်ပါးတည်းသာ စည်းမျဉ်းချပိုင်ခွင့်ရှိသည်။ ဤနည်းအတိုင်း သမ္မာတရားနှင့်အညီ စည်းဝေးကြ သောသူတို့၏ အလယ်၌ကိုယ်တော်တိုင်ရှိမည်ဟု ခရစ်တော်
ကတိ တော်ပေးထားခဲ့သည် (မ၊ ၁၈း၂၀) ။
 ပျဉ်ချပ်အားလုံးကို 
တသီးတခြားစီ ထောင်ထားပါသလား (ထွ ၂၆း၂၆-၂၉) 
ပျဉ်ချပ်များကို တစ်ချပ်စီ တသီးတခြား ထောင်မထားပါ။ သစ်သားရေစည်ရှိ ပျဉ်ချပ်များကို စည်ပတ်သံပြားဖြင့် ပတ်စည်းထားရသကဲ့သို့ ကန့်လန့်ကျင်(၄) ချောင်းကို ရွှေတွင်းများထဲတွင် လျှို လျက် ပျဉ်ချပ်များကို ယှဉ်တွဲပြီး စေ့စပ်တည့် မတ်အောင် ထောင်ထားခြင်းဖြစ်သည်။ ထိုကန့်လန့်ကျင်(၄)ချောင်းသည် 
ကနဦး အသင်းတော် စတင်ပေါ်ပေါက်စဉ် အခါက ယုံကြည်သူများကို 
အတူတကွ ယှဉ်တွဲရပ်တည်စေသော 
အချက်(၄)ချက်ကို ရည်ညွှန်းထားသည်။ 
ထို(၄)ချက်ကို (တမန်၊ ၂း၄၂) တွင် ဖော်ပြထားသည်မှာ 
 ၁။ တမန်တော်တို့၏ ဆုံးမသြ၀ါဒကို ခံခြင်း။ 
၂။ အပေါင်းအသင်း ဖွဲ့ခြင်း။ ၃။ မုန့်ကို ဖဲ့ခြင်း။ 
၎။ ဆုတောင်းပဌနာပြုခြင်းတို့ ဖြစ်ကြသည်။ 
ထို့ပြင် မမြင်ရသော ကန့်လန့်ကျင်တစ်ချောင်းကို ပျဉ်ချပ်များ၏ အလယ်ဗဟိုမှ ထပ်မံလျှို ထားသေးသည်။ ထိုကန့်လန့်ကျင်သည် မျက်စိဖြင့် မမြင်နိုင်သော ချစ်ခြင်းမေတ္တာကို ဆိုလိုပါ သည်။ မေတ္တာသည် ခိုင်မြဲခြင်း၊ စုံလင်ခြင်း၊ ပေါင်း စည်းခြင်း စသည့်အရာများအတွက် မရှိမဖြစ် လို အပ်သော 
အရေးကြီး အချက် ပေတည်း။ 
အခြေခံအုတ်မြစ် (ထွ၊ ၂၆း၁၉-၂၅) ရွှေအိမ်တော်ကို 
သဲပြင်ပေါ်တွင် တည်ဆောက်ထားသောကြောင့် အခြေခံ အုတ်မြစ် သည် အထူးခိုင်ခံ့ တောင်းတင်းဖို့လိုသည်။ အဆောက်အအုံတစ်ခု တည်ဆောက် ရာတွင် အဓိက အရေး ကြီးဆုံး အစိတ် အပိုင်းမှာ အခြေခံအုတ်မြစ်ပင် ဖြစသည်။ အုတ်မြစ်မခိုင်သော အဆောက်အအုံ သည် မုန်တိုင်းဒဏ်နှင့် ငလျင်ဒဏ်ကို ခံနိုင်စွမ်း မရှိချေ။ ထို့ကြောင့် အုတ်မြစ်ကို တည်ဆောက် သောအခါ ထုတည်ခိုင်ခံ့စွာနှင့် မြဲမြံနက်ရှိုင်းစွာ တည်ဆောက်ရန် အရေးကြီးလှသည်။ ဗိသုကာအရှင် ဘုရားသခင်သည် ရွှေအိမ်တော်၏ အခြေခံအုတ်မြစ်ကို ကြီးမားသော ငွေတုံး ကြီးများဖြင့် တည်ဆောက်ခဲ့သည်။
 ငွေတုံးတစ်တုံးစီသည် ပေါင်(၉၀)လေးပြီး ငွေတုံးတိုင်းတွင် ပျဉ်ချပ်ကို စွပ်ထည့်ရန် အပေါက်တစ်ခုကျစီ ပါရှိ၏။ တပ်ဆင်ပုံမှာ ပျဉ်ချပ်တစ်ခုစီ၏ အောက်ခြေတွင် ငွေတုံး(၂)တုံးစီ ချထားပြီး ပျဉ်ချပ်တစ်ချပ်စီ၏ အောက်ခြေရှိ ငုတ်နှစ်ခုဖြင့် ငွေတုံး(၂)တုံးရှိ အပေါက်ထဲသို့စွပ်လျက် တပ်ဆင်ရ၏။ အထက်ပါတည်းအတိုင်း ငွေတုံးကြီးများဖြင့် အခြေပြုပြီး တည်ဆောက်ထားသည့် ရွှေအိမ် တော်၏ အုတ်မြစ်သည် တန်ဘိုးမဖြတ်နိုင်လောက်အောင် အဖိုးထိုက်တန် ပေသည်။ ငွေ (ထွ၊ ၃၀-၁၁-၁၆။ ၃၈း၂၅-၂၈) ဤမျှများပြားသော ငွေတုံးများကို မည်သို့ ရရှိခဲ့သနည်း။ အသက်ရွေးရာ အဖိုးအခအဖြစ် ကောက်ခံ ထားသော ငွေများမှ ရရှိသွန်းလုပ်ခဲ့ခြင်း ဖြစ် သည်။ အသက်(၂၀)အရွယ်မှ အသက်(၅၀) အကြားရှိ ဣသရေလ အမျိုးသားအားလုံးကို ရေတွက်ရန် မောရှေအား ဘုရားသခင်မိန့်မှာထားသည့်အတိုင်း ဆင်းရဲ ချမ်းသာမရွေး ရေတွက်၍ စာရင်း ၀င်သမျှသော သူတို့သည် ငွေကျပ်ဝက်စီ ညီတူညီမျှ ပေးဆောင် ရလေသည်။ ထိုသို့ ပေးဆောင်ရ သောငွေကို အသက်ရွေးရန် အဖိုးအခ(သို့မဟုတ်) အသက်ဖိုးရွေးငွေ ဟုခေါ်သည်။ ဤအကြောင်းအရာက ကျွန်ုပ်တို့တစ်ဦးစီအား ယနေ့သတိပေးလျက်ရှိသည်။ အသက်ရွေး ရန် အဖိုးအခပေးဆပ်ပြီးသူသာလျှင် ဘုရားသခင်၏ လူမျိုးတော်ဖြစ် သကဲ့သို့ သခင်ယေရှုခရစ်၏ အသွေးတော်ဖြင့် ရွေးဝယ်ခြင်း ခံရသူသာလျှင် အသင်းတော်နှင့် သက်ဆိုင်သူဖြစ်ပြီး ဘုရားသခင် ၏စစ်မှန်သော လူမျိုး တော်ဖြစ် သည်။ ခရစ်ယာန်ဟု နာမည်ခံယူထားသော်လည်း အသွေးတော်ဖြင့် ၀ယ်ယူ ထားခြင်း မခံရသေးပါက ဘုရားသခင်၏ သားမဖြစ်နိုင်ပါ။ ရွှေအိမ်တော်၏ အခြေခံအုတ်မြစ်ကို အသက်ဖိုးရွေးငွေဖြင့် တည်ဆောက်ထားပြီး ပျဉ်ချပ် တိုင်း၏ အောက်ခြေကို အသက်ဖိုးရွေးငွေဖြင့် သွန်းထားသော ငွေတုံးကြီး(၂)တုံးပေါ်တွင် စိုက်ထူ ထာခြင်းကြောင့် ပျဉ်ချပ်တစ်ချပ်စီနှင့် ရွှေအိမ်တော် တစ်ဆောင်လုံးသည် အသက်ဖိုးရွေးငွေပေါ် တွင် အခြေပြု ရပ်တည်နေပေသည်။ ငွေကို အဖိုးအခပေးရာတွင် အသုံးပြုကြောင်း သမ္မာ ကျမ်းတစ်အုပ်လုံးတွင် တွေ့မြင်ရသည်။ အာဗြဟံသည် ငွေ(၄)ပိဿာ အဖိုးအခ ပေးပြီး မြေတစ်ကွက်ဝယ်ယူခဲ့သည်။ လူငယ်လေး ယော သပ်သည်လည်း ငွေကျပ်(၂၀)ဖြင့် ရောင်းစားခြင်းခံခဲ့ရသည်။ ယုဒရှကာယုတ်မူကား ငွေကျပ်(၃၀) ဖြင့် မိမိသခင်ကို ရောင်းစားခဲ့လေသည်။ အချို့ဘာသာစကားတွင် ငွေနှင့်အခကြေးငွေဟူသော စကားလုံးကို အဓိပ္ပါယ် တစ်ခုတည်း အဖြစ် သုံးနှုန်းလေ့ရှိသည်။ သမ္မာကျမ်း၌ကား ငွေကို “အပြစ် ဖြေလွှတ်ခြင်း” အတွက် ခရစ်တော် ပေးဆပ်ခဲ့သော အဖိုးအခအဖြစ် ပုံဆောင် ထားသည်။ အရှင်ယေရှုပေးဆပ်ခဲ့သည့် အဖိုးအခမှာ တန်ဖိုး အနဂ္ဃမက ထိုက်တန်သော မိမိအသွေးတော်ဖြစ်သတည်း။ တန်ဖိုးမဖြတ်နိုင်သော အဖိုး အခ ပါတကား။ ထိုနည်းတူ - ဘုရားသခင်၏ အိမ်တော်တည်းဟူသော ယနေ့အသင်းတော်သည်လည်း ကယ်တင်ရှင် ခရစ်တော်ဘုရာ ပေးဆပ်ခဲ့သော အဖိုးအနဂ္ဃထိုက်သည့် ရွေးနှုတ်ခြင်း အဖိုးအခပေါ်တွင် အခြေပြု တည်ဆောက်ထားသည်။ ဤအံ့သြထူးဆန်းဖွယ် ရွှေအိမ်တော် (၀ါ) အသင်းတော်ကို ခရစ်တော်အားဖြင့်သာ ထင်ရှား ဖြစ်ပွားစေခြင်းသည် ဘုရားသခင်၏ အကြံအစည်တော်ပင် မဟုတ်ပါလော။ ဟုတ်ပေသည်။ ယုံကြည်သူ ကျွန်ုပ်တို့ကို ဖောက်ပြန်ပျက်စီးတတ်သော ရွှေ၊ ငွေဖြင့် ရွှေး နှုတ်တော်မူသည် မဟုတ်။ အဘယ်အပြစ်မျှမရှိ။ အညစ်အကြေးနှင့် ကင်းစင်သည့် 
သိုးသူငယ် ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်ဖြင့်
 ရွေးဝယ်ထားခြင်း ဖြစ်သည်။ (၁ပေ၊ ၁း၁၈-၁၉)။ 
မိုးတိမ် အခန်း (၇) ထွ၊ ၄၀း၃၄-၃၈ 
ပဋိညာဉ်သေတ္တာထားရှိရာ တဲတော်ထက်၌ မိုးတိမ်တည်လျက်ရှိသည်။ မိုးတိမ်သည် ဘုရား သခင်တည်ရှိကိန်းပပ်နေတော်မူသောကြောင့် အမှတ်လက္ခဏာဖြစ်ရုံမက၊ ဘုရားသခင်၏ လူမျိုး တော်တို့အား လမ်းညွန်ပြသသည့် အမှုကိုလည်း ဆောင်ရွက်သေး၏။ (ထွ၊ ၄၀း၃၆-၃၈)။ တဲတော်ထက် သို့ မိုးတိမ် ရွေ့လျား တက်ကြွသွားလျှင် ဘုရားသခင် ညွန်ကြားထားသည့်အတိုင်း တဲတော်နှင့်ဆိုင် သော အမှုတို့ကို လေ၀ိများက ကိုယ်စီတာဝန်ယူ သယ်ပိုး ကြရသည်။ လူမျိုးတော် တစ်ခုလုံးသည် မိမိ၏ အဆင့်အလိုက်၊ နေရာမှန်ယူလျှက် ခရီးထွက်ရန် အသင့်ဖြစ်နေ ကြရသည် (တော၊ ၄)။ ထို့နောက်မှ မိုးတိမ်ဖြင့် ဘုရားသခင်လမ်းညွန်ပြသည့် အရပ်သို့ ခရီးထွက်ခွာ သွားကြရ သည်။ ဘုရားသခင်သည်သာ ဣသရေလ လူမျိုးတို့၏ ဦးစီးခေါင်းဆောင် ဖြစ်၏။ မည်မျှ ဝေးဝေး သွားရမည်နည်း? မိုးတိမ် မရပ်နားမချင်း ခရီးဆက် သွားကြရသည်။ မိုးတိမ်ရပ်တန့်သွားသည်နှင့် တဲတော်ကို ထပ်မံတည်ဆောက်ကြရသည်။ မိုးတိမ် သည်လည်း တဲတော်ပေါ်တွင် တစ်ဖန်တည်တော်မူ၏။ ဤအကြောင်းကို (တော၊ ၉း၁၅-၂၃) နှင့် (တော၊ ၁၀း၃၃-၃၆) တွင် အကျဉ်းချုံး ဖော်ပြထားသည်။ ယနေ့ကျွန်ုပ်တို့၏ ခေတ်အခါ၌ ဘုရားသခင် မည်သို့လမ်းပြနေသနည်း။ မိုးတိမ်ဖြင့် လမ်းညွန်ခြင်း မပြုတော့ပါ။ ကန္တာရကဲ့သို့ ရှုတ်ထွေးညစ်ညူး၍ ကြမ်းတမ်းခက်ခဲသော ဤလောကကြီးထဲတွင် အသက် ရှင်နေရသော ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် လမ်းညွန်ဦးဆောင်ပေး မည့်သူ ရှိပါသည်။ ကျွန်ုပ်တို့အတွက် ယနေ့လမ်းညွန်ဦးဆောင်ပေးနေသူကား မျက်စိဖြင့် တွေ့မြင် နိုင်သော မိုး တိမ်တိုင် မဟုတ်တော့ပါ။ ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်တော်မူသည့် သန့်ရှင်းသော ၀ိညာဉ်တော်ပင် တည်း။ ဘုရားသခင် အထံတော်သို့ အပြစ်သားတစ်ယောက်အဖြစ် ၀န်ခံချဉ်းကပ်ပြီး အရှင်ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်သူတိုင်း၌ သန့်ရှင်း သောဝိညာဉ်တော် ကျိန်းဝပ်တော်မူ သည်။ (ဧ၊ ၁း၁၃) (၁ကော၊ ၆း၁၉)။ ထို့ကြောင့် ယုံကြည်သူများက “အဖဘုရားသခင်၊ အကျွန်ုပ်သွားရမည့်လမ်းကို မသိသော ကြောင့် ကိုယ်တော်တိုင် လမ်းပြသွန်သင်တော်မူပါ” ဟု ဒူးထောက် ဆုတောင်းလျှင် သန့်ရှင်းသော ၀ိညာဉ်တော်သည် ထိုသူတို့ကို လမ်းမှားမှကွယ်ကာ စောင့်ထိန်းလျက် ဘေးကင်းလုံခြုံရာသို့ ပို့ဆောင် ပေးတော်မူလိမ့်မည်။ ယုံကြည် သူတို့က ဘုရားသခင်အပေါ် အားကိုးခိုလှုံချင်သော စိတ်နှလုံးရှိဖို့သာ လိုသည်။ ထို စိတ်နှလုံးမျိုးရှိသူအား ကိုယ်တော်တိုင် ဧကန်မုချ လမ်းပြ ပို့ဆောင်ပေးလိမ့်မည်။
No comments:
Post a Comment