၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 11 August 2018

အခန်း (၈)- အခန်း (၉) - အခန်း (၁၀) - အခန်း (၁၁) ထွ ၃၁း၁-၁၁

အခန်း (၈) ထွ၊ ၂၆း၃၆ 
တဲတော်၏ ကန့်လန့်ကာများကို အရောင်(၄)မျုးဖြင့် 
ပန်းထိုးယက်လုပ်ထားသည်။ 
၁။ အဖြူရောင်၊ ၂။ အပြာရောင်၃။ ခရမ်းရောင်၊ ၄။ အနီရောင်၊ အထက်ပါအရောင်(၄)မျိုးနှင့်ပတ်သက်၍ သမ္မာကျမ်း၏ သွန်သင်ဖော်ပြချက်များကို ကျွန်ုပ် တို့ အသေးစိပ်လေ့လာကြည့်ကြပါစို့။ အရောင်(၄)မျိုးသည် အရှင်ယေရှုနှင့်စပ်ဆိုင်သော အကြောင်းအရာများကို ရှုထောင့် အသွယ်သွယ်မှ ဖော်ပြပေးနေသည်။ အရှင်ယေရှု၌ ဘုန်းအသ ရေ အမျိုးမျိုးရှိရာ 
တဲတော်အတွင်းရှိ အရာဝတ္ထုများက ထိုဘုန်းအသရေတို့ကို ရှုထောင့်အမျိုးမျိုးမှ မီးမောင်းထိုးပြလျက်ရှိသည်။ သို့သော် ခမည်းတော် တစ်ပါးတည်းသာ သားတော်၏ ဂုဏ်အင် လက္ခဏာအလုံးစုံကို သိကျွမ်းတော်မူ၏ (မ၊ ၁၁း၂၇)။ သားတော်၌ သိုဝှက်မြုပ်နှံထားသော အဖိုးတန် ဘဏ္ဍာများကို ယုံကြည်သူ သားသမီးများ သိရှိနားလည်ရန် ခမည်းတော်ဘုရား အလိုတော်ရှိ၏။ ခရစ်ဝင်ကျမ်း(၄)ကျမ်းတွင် အရှင်ယေရှု၏ ဂုဏ်အင်လက္ခဏာခြားနားချက် (၄)မျိုးရှုထောင့် (၄)ခုမှ ရှင်းလင်းတင်ပြထား၏။ အလားတူ တဲတော်၏ ကန့်လန့်ကာ အရောင်(၄)မျိုးက ဖော်ပြနေ သော ကိုယ်တော်၏ ဂုဏ်အင်လက္ခဏာ (၄)မျိုးကို ယခုကျွန်ုပ်တို့ လေ့လာကြည့်ကြစို့။ ပထမဦးဆုံး အရောင်မှာ အဖြူရောင်ဖြစ်သည်။ အဖြူရောင်သည် သန့်ရှင်းစင် ကြယ်ခြင်းနှင့် စစ်မှန်ဖြောင့်မတ်ခြင်းကို ဆိုလိုသည်။ အဖြူရောင်နှင့်စပ်လျဉ်း၍ ပလ္လင်ဖြူအကြောင်းကို ဆင်ခြင် အောက်မေ့သင့်သည်။ (ဗျာ၊ ၂၀)။ စင်ကြယ်ပြောင်လက်နေသော ပိတ်ချောသည် သည်သန့်ရှင်းသူ တို့၏ ဖြောင့်မတ်ခြင်းကို ပုံဆောင်သည်။ (ဗျာ၊ ၁၉း၈)။ တဲတော်၏ အဖြူရောင်ကန့်လန့်ကာသည် ခရစ်တော်၏ သန့်ရှင်းစင်ကြယ်ခြင်းကို သတိပေး ဖော်ပြနေသည်။ ခမည်းတော်ဘုရားနှင့် လူသားအပေါင်းတို့ကို ထာဝစဉ်အစေခံ လုပ်ကျွေးခဲ့သော ခရစ်တော်၏ သန့်ရှင်းစင်ကြယ်ခြင်း၊ နူးညံ့သိမ်မွေခြင်းနှင့် ပြည့်ဝစုံလင်သော အသက်တာကို ပိတ် ချောသည်က ပုံဆောင်ဖော်ပြနေသည်။ ခရစ်တော်သည် စုံလင်သော လူသားနှင့် သစ္စာရှိသော အစေခံ ဖြစ်တော်မူသောကြောင့် ရှင်မာကု ခရစ်ဝင်ကျမ်းက အထူးပေါ်လွင် ထင်ရှားအောင် ရေး သား တင်ဆက်ထားသည်။ 

အပြာရောင် အပြာရောင်၏ အနက်အဓိပ္ပါယ်ကို ကျွန်ုပ်တို့ အလွယ်တကူ သဘောပေါက်နိုင်သည်။ ယုတ်စွအဆုံး အထက်ကောင်းကင်ယံသို့ မော့ကြည့်လိုက်လျှင်ပင် အပြာရောင်၏ ဆိုလိုရင်းကို ရိပ် စားမိနိုင်သည်။ မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြောလျက်ရှိ သည်။ (ဆာ၊ ၁၉း၁)ဆိုသည့်အတိုင်း အရှင်ယေရှု၏ ဘုရားဇာတိကို အပြာရောင်ဖြင့် ဖော်ကျူးထား သည်။ ခရစ်တော်အား ကောင်းကင်မှကြွလာသော အရှင်(၁ကော၊ ၁၅း၄၇) ဘုန်းကြီးတော်မူသော သခင် (၁ကော၊ ၂း၈) ဟု ခေါ်ဆိုထားသည်။ ဤလောက၌ သက်တော်ထင်ရှားစဉ် ခရစ်တော်သည် ကောင်း ကင်ဘုံမှ ကြွလာသော သူ (ယော ၃း၃၁) ဖြစ်သကဲ့သို့ ကောင်းကင်ဘုံ၌ရှိသော အရှင်(ယော ၃း၁၃)လည်း ဖြစ်သည်။ ကိုယ်တော်သည် လူသားတစ်ဦးအဖြစ် လူ့ဇာတိခံယူခဲ့သော်လည်း ဘုရားသခင်၏ သား တော်အဖြစ်မှ ရွေ့လျောနိမ့်ကျသါားခြင်း မရှိပေ။ အကြောင်းမူကား ခရစ်တော် ကိုယ်တော်တိုင် သက်တော်ထင်ရှား ဘုရားသခင်ဖြစ်နေခြင်း ကြောင့်တည်း။ အရှင်ယေရှုခရစ်သည် စစ်မှန်သော ဘုရားနှင့်ထာဝရ အသက်လည်းဖြစ်တော်မူ၏။ (၁ယော၊ ၅း၂၈) ၎င်းပြင် ဘုရားသားတော်လည်း ဖြစ်တော်မူ၏။ အကြောင်းအရာများကို ရှင်ယောဟန် ခရစ် ၀င်ကျမ်းအရ ကျွန်ုပ်တို့သိရသည်။ ခရမ်းရောင် ခရမ်းရောင် အ၀တ်အထည်သည် အလွန်တန်ဖိုးကြီး၍ ရှားပါးသော အသုံးအဆောင် ဖြစ် သည့်အလျှောက် ရှင်ဘုရင်နှင့် ဥစ္စာကြွယ်ဝချမ်းသာ သူများသာ ၀တ်ဆင်လေ့ရှိကြသည်။ ခရမ်း ရောင် အထည်များကို ဣသရေလနိုင်ငံ၌ မထုတ်လုပ်ဘဲ နိုင်ငံရပ်ခြား အင်ပိုင်ယာနိုင်ငံကြီးများ၌ သာ ထုတ်လုပ်ကြောင်း သမ္မာကျမ်းတွင် တွေ့ရှိရသည်။ အထူးသဖြင့် ကမ္ဘာကြီးကို လွှမ်းမိုးအုပ်စိုးခဲ့ သော ဧကရာဇ် ဘုရင်မင်းမြတ်တို့၏ နန်းတွင်း၌သာ ၀တ်ဆင်လေ့ရှိကြောင်း မှတ်သားဖွယ်ရာ တွေ့ ရှိရသည်။ 

ခရမ်းရောင်သည် ကြွယ်ဝချမ်းသာခြင်းနှင့် ဂုဏ်အသရေရှိခြင်းကို ပုံဆောင်သည်။ ဤ အရောင်သည် လူသားယေရှု၏ ပြည့်ဝစုံလင်ခြင်းနှင့် ဘုန်းအသရေရှိခြင်းကို ရည်ညွှန်းနေသည်။ ခရစ်တော်သည် လူသားအဖြစ် ဒုက္ခဝေဒနာခံ၍ အသေခံတော်မူသော်လည်း အရှင်တကာတို့၏ အရှင်ဘုရင်တကာတို့၏ ဘုရင်ဖြစ်တော်မူကြောင်း ရှင်လုကာ ခရစ်ဝင်ကျမ်းက တင်ဆက်ထား သည်။ (တရား၊ ၈း၂၆)၌ မိဒျန်ရှင်ဘုရင်တို့သည် ခရမ်း ရောင်ဝတ်လုံကို ၀တ်ဆင်ကြကြောင်း တွေ့ မြင်ရသည်။ ခရမ်းရောင်အသုံးပြုသော အခြားတိုင်းနိုင်ငံများမှာ တုရုပြည် (၆ ရာ၊ ၂း၁၃-၁၄)၊ ပါးရှား ပြည် (ဧသတာ၊ ၁း၆၊ ၈း၁၅) ဧလိရှ (ယေဇ၊ ၂၇း၇၊ ၅ရာ၊ ၁း၇) ဆီးရီးယား (ရှုရိ)ပြည် (ယေဇ၊ ၂၇း၁၆) ဗာဗုလုန်နိုင်ငံ (ဒံ၊ ၅း၂၉) တို့ ဖြစ်ကြသည်။ အနီရောင် အနီရောင်သည် ခရမ်းရောင်နှင့် အဓိပ္ပါယ်မတူဘဲ တစ်မူထူးခြားလျက်ရှိသည်။ ဤအရောင် သည် ထာဝရဘုရားကို ယုံကြည်ကိုးကွယ်သော ဣသရေလ လူမျိုးနှင့်သာ သက်ဆိုင်ကြောင်း သမ္မာကျမ်းတွင် တွေ့ရသည်။

အနီရောင်သည် လည်း ခရမ်းရောင်ကဲ့သို့ အဖိုးထိုက်တန်လှ ပေသည်။ အရှင်ယေရှုသည် ဣသရေလ ရှင်ဘုရင်အဖြစ် အလွန်ကြီးမြတ်လှသော ဘုန်းစည်းစိမ်ကို စိုးပိုင်တော်မူသောသူဖြစ်၏။ ကိုယ်တော်သည် နီမောင်းသော ၀တ်လုံကို ၀တ်ဆင် ထားကြောင်း (မ၊ ၂၇း၂၈)၌ ထူးဆန်းမှတ်သားဖွယ်ရာ အချက်မှာ ကန့်လန့် ကာများကို ခရမ်းရောင်၊ အပြာရောင်၊ ကြက်သွေးရောင်နှင့် အနီရောင်တို့ဖြင့် လှပစွာ စီခြယ်ထားခြင်းကြောင့် အရောင်ဆိုးဆေးရရှိရန် ထောင်ပေါင်းများစွာသော ပိုးကောင်နှင့် ပက်ကျိကောင်တို့ကို အသက်စတေးလျက် ဖော်စပ်ရလေ သည်။ ခရမ်းရောင်နှင့် အနီရောင်တို့သည် အသက်စတေးခံရပြီး ပူဇော်သက္ကာ ယဇ်အဖြစ်အသေခံ ခဲ့သော ခရစ်တော်၏ အသေခံခြင်းကို ကျွန်ုပ်တို့အား ပြန်ပြောင်းသတိရစေသည်။ အနီရောင်သည် ဣသရေလ လူမျိုးအတွက် အရေးကြီးသော အထိမ်းအမှတ် တစ်ခုဖြစ်၏။ ယုဒ၏ သားများကို အနီရောင်ကြိုးဖြင့် မှတ်သားကြောင်း (ကမ္ဘာ၊ ၃၈) တွင် တွေ့ရသည်။ (ယောရှု။ ၂း၁၈၊၂၁) တွင်လည်း ပြည့်တန်ဆာမ ရာခပ်သည် ကြိုးနီကြောင့် အသက်ဘေးမှ လွတ်မြောက်ရပြီး ယုဒအနွယ်ဝင်ဖြစ်လာကြောင်း တွေ့ရပြန်သည်။ ၎င်းပြင် ကြိုးနီကို အထူးသင်္ကေတ အမှတ်အသား အဖြစ် ဣသရေလ လူမျိုးများ အသုံးပြုလေ့ရှိကြောင်း လေ့လာတွေ့ရှိရသည်။ (၀တ် ၁၄း၁၄၊ တော ၁၉း၆)

ဝင်ပေါက် (၃)ဆင့် အခန်း (၉)
 ပိတ်ချောကန့်လန်ကာဖြင့် ပတ်ပတ်လည် ကာရံထားသော တဲတော်ဝင်း၏ အရှေ့ဘက်ရှိ တံခါးဝသည် ပထမဦးဆုံး ၀င်ပေါက်ဖြစသ်ည်။ တဲတော်ဝင်းအတွင်းသို့ ၀င်ရောက်လိုသူသည် ဤ တံခါးပေါက်အားဖြင့် အစပြုဝင်ရောက်ရသည်။ ဒုတိယ ၀င်ပေါက်မှာ ကန့်လန့်ကာဖြင့် ကာရံထားသော သန့်ရှင်းရာဌာန၏ အ၀င်တံခါးဝ ဖြစ် သည်။ ယဇ်ပုရောဟိတ်များသာ အမှုတော် ဆောင်ရွက်ရန် ဤဒုတိယ၀င်ပေါက်မှ ၀င်ရောက်ခွင့်ရှိ သည်။ တတိယ၀င်ပေါက်မှာ ကန့်လန့်ကာဖြင့် ကာရံထားသော အသန့်ရှင်းဆုံးဌာန၏ အ၀င်တံခါးဝ ဖြစ်သည်။ အသန့်ရှင်းဆုံးဌာနအတွင်းသို့ ယဇ်ပုရောဟိတ်များပင် ၀င်ရောက်ခွင့် မရှိချေ။ တစ်နှစ် တစ်ကြိမ်အဖြစ် ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်သူသာ ၀င်ရောက်ခွင့်ရှိသည်။ ၀င်ပေါက်သုံးခုရှိ ကန့်လန့်ကာသုံးထည် စလုံးကို ဆိုခြ့ပီးသော အရောင်လေးမျိုးဖြင့် လှပစွာ ရက်လုပ်ထားသည်။ ကန့်လန့်ကာ သုံးခုအနက် အသန့်ရှင်းဆုံးဌာနသို့ဝင်ရာ ကန့်လန့်ကာ တစ်ခု တည်း၌သာ ခေရုဗိမ်ရုပ်ပါရှိသည်။ ထိုသန့်ရှင်းသော ကောင်းကင်တမန်များသည် ဘုရားသခင်၏ ဘုန်းတော်ကို အစဉ်စောင့်ထိန်းရသော တာဝန်ရှိသည်။ အသန့်ရှင်းဆုံးဌာန၏ ကန့်လန့်ကာ နောက်ကွယ်တွင် ဘုရားသခင် ကျိန်းဝပ်တော်မူရာ ပဋိညာဉ် သေတ္တာရှိသည်။ ပထမဆုံး ကန့်လန့်ကာသည် အလျားအတောင်(၂၀)နှင့် အမြင့်(၅)တောင်ရှိပြီး ဒုတိယနှင့် တတိယ ကန့်လန့်ကာသည် အလျားအတောင်(၂၀)နှင့်အမြင့်(၁၀)တောင် အသီးသီးရှိကြသည်။ ဤနေရာတွင် ပထမကန့်လန့်ကာမှာ အထူးကျယ်ဝန်း၍ ကျန်ကန့်လန့်ကာနှစ်ခုတို့မှာ သိသိသာ သာ ကျဉ်းမြောင်း မြင့်မားနေသည်ကို တွေ့မြင်ရပေမည်။ ဤသို့ကွားခြားရခြင်း၏ အကြောင်းရင်းကို ဆက်လက် လေ့လာကြည့်ကြပါစို့။ လွတ်လပ်စွာ ၀င်ရောက် နိုင်သည်။ ဘုရားသခင်သည် ပထမတံခါးပေါက်မှနေ၍ လာလိုသူတိုင်းလာာကြဟု အပြစ်သားများကို ဖိတ်ခေါ်လျက်ရှိသည်။ အဓိပ္ပါယ်မှာ မည်သူမဆို လွတ်လပ်စွာ ၀င်ရောက်နိုင်ကြောင်း ဖော်ပြနေပါ သည်။ ထိုဖိတ်ခေါ်သံကို လက်ခံ၍ အပြစ်သားမြောက်မြားစွာ ၀င်ရောက်နေကြသည်မှာ ၀မ်း မြောက်ဖွယ် ကောင်းလှ၏ ဤလမ်းအတိုင်း ယဇ်ပလ္လင် (ကားတိုင်)ရှိရာသို့ ချဉ်းကပ်လာသူတိုင်း သည် ကယ်တင်ရှင်၏ ရွှေးနှုတ်ခြင်းကျေးဇူးကို ခံစားရကြသည်။ ထိုသူတို့သည် ရွေးနှုတ်ခြင်းခံရ သောကြောင့် ကောင်းချီးမင်္ဂလာ အမျိုးမျိုး ခံစားခွင့်ရှိကြသည်။ ကယ်တင်ခြင်း ခံစားရသည့်အတွက် ထိုသူတို့သည် အပြစ်သားဘ၀မှ ယဇ်ပုရော ဟိတ်များ ဖြစ်လာကြလေသည်။ ဤဓမ္မသစ်ကာလ၌ ရွေးနှုတ်ဖြင့် ခံစားရသူသည် အသန့်ရှင်းဆုံး ကောင်း ကင်အရပ်သို့ ၀်ရောက်ခွင့် ရရှိကြပြီး ကောင်းကင်စည်းစိမ်နှင့် ကောင်းကင် အမွေအနှစ်ကို ခံစား ပျော်မွေ့နိုင်လေပြီ။ကြီးမြတ်လှသော အခွင့်ထူးကြီး ပါတကား။ မှန်ပါသည်။ ဓမ္မဟောင်းကာလက ယဇ်ပုရောဟိတ်များကိုပင် တားမြစ်ပိတ် ပင်ထားသည့် အရာများအား ကျွန်ုပ်တို့ ယနေ့လုပ်ဆောင်ခွင့် ရရှိခဲ့ပြီး။ ထိုမျှမက ယုံကြည်သူတိုင်းသည် တတိယ ကန့်လန့်ကာကို ဖြတ်ကျော်၍ အသန့်ရှင်းဆုံးဌာနရှိ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ယနေ့ ချဉ်းကပ်ခွင့်ရကြပြီ။ အဘယ့်ကြောင့်ဆိုသော် ကားတိုင်ပေါ်တွင် ကယ်တင်ရှင် သခင်ခရစ်တော် အသေခံသည့် အချိန်၌ ဗိမာန်တော်၏ အသန့်ရှင်းဆုံးဌာနကို ကာရံထားသော ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲသွားခဲ့သည်။ ယခုအခါတွင် ဘုရားသခင် အထံတော်သို့ သွားရာ လမ်းသည် အတား အဆီးမရှိပွင့်သွားခဲ့လေပြီ။ ဤအမူအရာသည် လူ၏လုပ်ဆောင်ချက် မဟုတ်ပါ။ ဘုရားသခင်၏ သနားခြင်းကရုဏာဖြင့် လမ်းဖွင့်ပေးခဲ့ခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်ကို ဖူးမြင်ရာ ၀င်ပေါက်သည် ခရစ်တော်၏ အသေခံ တော်မူခြင်း ကျေးဇူးကြောင့် ပွင့်သွားခဲ့လေပြီ။ အရှင်ယေရှု၏ ကိုယ်ခန္ဓာ တည်းဟူသော ကန့်လန့် ကာ ပွင့်သွားခြင်းအားဖြင့် လမ်းသစ်တွင် အသက်သစ် ခံစားခွင့် ရရုံမျှမက သန့်ရှင်းရာဌာန အတွင်း သို့ လွတ်လပ်စွာ ၀င်ရောက်ခွင့်ရကြပြီး (ဟေဗြဲ၊ ၁၀း၁၉၊၂၀)။ အလွန်ထူးမြတ်လှသော ဤအခွင့်အရေးကြီးသည် မိတ်ဆွေနှင့် ကျွန်ုပ်အတွက် ဖြစ်သကဲ့သို့ ခရစ်တော်၌ ကယ်တင်ခြင်းရပြီးသော ညီအစ်ကို မောင်နှမ အားလုံးအတွက်လည်း ဖြစ်သည်။ ထို့ကြောင့် ဤအခွင့်အရေးကြီးကို လက်လွတ်မခံဘဲ ယခုမှစ၍ ရဲရဲဝံ့ဝံ့ခံယူ အသုံးချကြပါစို့။ တဲတော်၏ အမိုး ကန့်လန့်ကာများ အခန်း (၁၀) ထွ၊ ၃၆း၈-၁၉ ရွှေအိမ်တော်၏ အမိုးအဖြစ် ကြီးမားသော ကန့်လန့်ကာလေးထည်ကို တစ်ခုအပေါ်တစ်ခု ထပ်လျက် တဲတော်၏နံရံပေါ်တွင် ဖြန့်မိုးထားသည်။ ကန့်လန့်ကာ အမိုးများက ရွှေအိမ်တော်ကို လေဒဏ်၊ မိုးဒဏ်နှင့် ရာသီဥတုဒဏ်မှ လုံခြုံစွာ ကာကွယ်ပေးထားသည်။ သန့်ရှင်းရာဌာန (သို့မဟုတ်) အသန့်ရှင်းဆုံးဌာန အတွင်းဖက်၌ ရပ်နေသူတစ်ဦးအဖို့ အထက်သို့ မော်ကြည့်လိုက်လျှင် ကောင်းကင်ဘုံ၏ အလှကို မျက်ဝါးထင်ထင် တွေ့မြင်ရသကဲ့သို့ ကြည်နူးချမ်းမြေ့ဖွယ် ခံစားရပေလိမ့်မည်။ အရောင်လေးမျိုးဖြင့် လှပစွာ ယက်လုပ်ထားသော ကန့်လန့်ကာပေါ်ရှိ ခေရုဗိမ်ရုပ်များက ဤအရပ်၌ သန့်ရှင်းမြင့်မြတ်သည့် ထာဝရဘုရားသခင် ကိန်း ၀ပ်နေကြောင်း သတိပေး နေဘိသကဲ့သို့ ရှိသည်။ တဲတော်ကို ဖုံးအုပ်ကာရံထားသည့် ကန့်လန့်ကာ လေးထည်ရှိသည့်အနက် အောက်ဖက် ဆုံး၊ ကန့်လန့်ကာသည် အလျားအတောင်(၄၀)၊ အနံ(၂၈)တောင်ရှိ၏။ ၎င်းကန့်လန့်ကာအပေါ်၌ ဆိတ်မွှေးဖြင့် ယက်လုပ်သော ဒုတိယ ကန့်လန့်ကာကို ဖုံးအုပ်ထားပြန်သည်။ ဒုတိယ ကန့်လန့်ကာ သည် အောက်ဆုံးကန့်လန့်ကာထက် ပိုမိုကြီးမားကျယ်ပြန့်၍ အလျား(၄၄)တောင်နှင့် အနံ အတောင်(၃၀)ရှိလေ သည်။ ဤဒုတိယထပ် ကန့်လန့်ကာသည် အောက်ဆုံးထပ် ကန့်လန့်ကာကိုကွယ်ကာ ပေးထားရုံမျှ မက ရွှေအိမ်တော် အဆောက်အအုံတစ်ခုလုံးကို ပတ်ဝန်းကျင်နှင့် သီးသန့်ခွဲခြားထားလျှက် လုံခြုံ စွာ ဖုံးအုပ်ကာရံပေးထားသည်။ ဒုတိယ ကန့်လန့် ကာသည် သီးသန့်ခွဲခြားထားခြင်း (Separation) ၏ အမှတ်အသား လက္ခဏာဖြစ်၏။ ဆိုလိုသည်မှာဘုရားသခင်၏ အိမ်တော် (ယနေ့ယုံကြည်သူ လူစု)ကို ဘုရားသခင်၏ ရှေ့တော်၌ မရှိသင့်မရှိအပ်သော လောကအရာများနှင့် ခွဲခြားလျက် သီးသန့်ဖယ်ထားဖို့ လိုကြောင်း အဓိပ္ပါယ်ရသည်။ သို့သော် မယုံကြည်သူများနှင့် သီးသန့်ခွဲခြားနေရမည်ဟု တစ်ဖက်စွန်းရောက်လျက် လှေနံ ဓါးထစ်မယူဆသင့်ပေ။ ယုံကြည်သူကိုယ်တိုင်ကသာ မကောင်းမှုများနှင့် ကင်းကင်းရှင်းရှင်း ခွဲခြား နေဖို့ လိုသည်။ ခရစ်တော်ပင်လျှင် ဤလောက၌ ရှိနေစဉ် လောကီသားများနှင့် ပေါင်းဖေါ်ခဲ့သော် လည်း လောကနှင့်ခြားနားစွာ သက်ရှင်နေထိုင်ခဲ့သည်။ ကျွန်ုပ်တို့လည်း ခရစ်တော်နည်းတူ ခံယူ အသက်ရှင်ရပေမည်။ တတိယမြောက် အမိုးကန့်လန့်ကာကို အနီရောင်ဆိုးထားသော သိုးထီးသားရေဖြင့် ချုပ်လုပ် ထားသည်။ ယင်းသားရေသည် ယဇ်ပုရောဟိတ်များ ဘုရားသခင်၏ အမှုတော်ဆောင်ရန် သန့်ရှင်း ခြင်းပြုသည့်အခါ ဆက်ကပ်ပူဇော်သော သိုးထီး၏ အရေခွံဖြစ်သည်။ (ထွ၊ ၂၉း၁၅-၃၅) (၀တ် ၈း၂)။ အဆိုပါ ယဇ်ကောင်သည် ခမည်းတော်ဘုရားထံ ဆက်သသော သားတော်အရှင် ယေရှု၏ ပြီးပြည့်စုံလင် သည့် ဆက်ကပ် ပူဇော်ခြင်းကို ရည်ညွှန်းနေသည်။ ခရစ်တော်သည် ကားတိုင်ထက်၌ အသက်စွန့် သည်အထိ အဖဘုရားသခင်၏ အလိုတော်ကို နာခံခဲ့၏ (ဖိ ၂း၈)။ သားရေကို အနီဂေရာင်ဆိုးထား ခြင်းသည် ခရစ်တော်၏ အသေခံခြင်းနှင့် အသွေးသွန်းခြင်းကို ပုံဆောင်ခြင်းဖြစ်သည်။ အပြင်ဖက်ဆုံး စတုတ္ထကန့်လန့်ကာကို တဟာရှ (၀ါ) ဖျံသားရေဖြင့် ချုပ်လုပ်ထား၍ အပြင် ဖက်မျကြည့်လျှင် စိတ်ဝင်စားဖွယ်ရာ အကြောင်းမရှိပေ။ ဤကန့်လန့် ကာသည်လည်း ခရစ်တော် နှင့် ပတ်သက်ပြီး သွန်သင်မှု ပေးလျက်ရှိသည်။ နောင်တမရသေးသော အပြစ်သားများအတွက် ခရစ်တော်သည် စိတ်ဝင်စားဖွယ်ရာ မရှိကြောင်းဆိုလိုသည်။ သို့သော် ခရစ်တော်ထံသို့ ချဉ်းကပ် လာပြီး ခရစ်တော်နှင့် သိကျွမ်းရင်းနှီးသူတိုင်းအဖို့မူ ကိုယ်တော်ရှင်၏ တွယ်တာမှုအောက်တွင် ဘေးမဲ့ လုံခြုံစွာ နေရကြောင်း သတိပြုမိကြပေမည်။ ပြင်ပမှ လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတု ဒဏ်တို့က အမိုးကို မဖောက်ထွင်းနိုင်သကဲ့သို့ မပြောင်း မလဲ မဖေါက်မပြန် တည်နေတော်မူသော ခရစ်တော်အား အဘယ်မည်သော ဒုစရိုက်အပြစ်ကမျှ မထိပါး မငြိစွန်းစေနိုင်ပါ။ ခရစ်တော်သည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် ဆန့်ကျင်တိုက်ခိုက်မှုအားလုံးကို ခုခံအောင်မြင် နိုင်စွမ်းရှိသည်။ ထို့ကြောင့် ခရစ်တော်၏ တွယ်တာစောင့်ရှောက်မှု အရိပ်အာဝါသအောက်သို့ တိုး ၀င်ခိုလှုံပါက ကျွန်ုပ်တို့သည် ဘေးကင်းလုံခြုံ၍ ကိုယ်တော်နှင့်အတူတကွ မိတ်သဟာယဖွဲ့ခြင်း၌ တည်နေကြမည်။ လုပ်ဖော်ဆောင်ဖက်များ အခန်း (၁၁) ထွ ၃၁း၁-၁၁ ဤတဲတော်ကို ဆောက်လုပ်ရာတွင် လက်သမားအတတ်ပညာသည် ရွှေ၊ ငွေ၊ ကြေးသွန်း လုပ်သော ပန်းတိမ်၊ ပန်းတဉ်း၊ အတတ်ပညာရှင် ယက်ကန်းနှင့် ပန်းထိုး ကျွမ်းကျင်သူပေါင်း မြောက်မြားစွာ လိုအပ်သည်။ ရွှေအိမ်တော်ကို တည်ဆောက်ရာတွင် အကြီးအမှူးအဖြစ် ဘုရားသခင် ရွေးကောက်ခန့် ထားသော သူနှစ်ဦးမှာ “ဗေဇလေလ” နှင့် “အဟောလျဘ” တို့ဖြစ်ကြသ်။ ဗေဇလေလ၏ အဓိပ္ပါယ် မှာ “ဘုရားသခင်၏ အရိပ်အာဝါသအောက်” ဟုဆိုလိုပြီး အဟောလျဘ၏ အဓိပ္ပါယ်ကား “ဘုရား သခင်သည် အကျွန်ုပ်၏ ခိုလှုံရာတဲ” ဟု ဆိုလိုသည်။ သမ္မာကျမ်း၌ လူအချို့တို့၏ အကျင့်စရိုက်နှင့် စိတ်နေသဘောထားကို ထိုသူတို့၏ အမည်နာမအားဖြင့် သိသာထင်ရှားအောင် သုံးနှုန်းမှည့်ခေါ် ဖေါ်ပြလေ့ရှိသည်။ ယခုလည်း ဗေဇလေလနှင့် အဟောလျဘ တို့သည် ဘုရားသခင်နှင့် နီးကပ် စွာအသက်ရှင် နေသူများဖြစ်ကြောင်း ထိုသူတို့၏ အမည်များက ဖေါ်ပြသိမြင် စေသည်။ ဗေဇလေလသည် ဘုရားသခင်၏ ၀ိညာဉ်တော်နှင့် ပြည့်ဝသူဖြစ်ကြောင်း (ထွ ၃၁း၃)၌ ဖတ်ရှုမှတ်သားရသည်။ အိမ်တော်ကို ဆောက်လုပ်ရာ၌ အဟောလျဘက တစ်ဦးတည်းသာမက အခြားသူများလည်း ပါဝင်ကူညီခဲ့ကြပြီး ဘုရားသခင်သည် ထိုသူတို့အား ဥာဏ်ပညာကိုထည့်သွင်း ပေးကြောင်း တွေ့မြင်ရသည်။ “ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့ သည်လုပ်တတ်မည့် အကြောင်း သူတို့နှလုံးထဲသို့ ဥာဏ်ပညာကို ငါသွင်းထားပြီ” (ထွ ၃၁း၆)။ ထို့ကြောင့် ယခုခေတ်ယုံကြည်သူတိုင်းအတွက်လည်း မိမိတို့လိုအပ်သော ဥာဏ်ပညာကို ဘုရားသခင်အထံတော်မှ ရနိုင်ပြီး မိမိကိုယ်ကို ဘုရားသခင်၏ ၀ိညာဉ်တော်နှင့် ပြည့်ဝစေမှသာ (ဧ ၅း၁၈) အသုံးဝင်သော လူဖြစ်လာပေမည်။ (ယာ ၁း၅)။ ဘုရားသခင်၏ ၀ိညာဉ်တော် ရရှိသူသည် ဤ လောက၌ ဘုရားသခင်၏ အိမ်တော် (အသင်းတော်) တည်ဆောက်ရာတွင် ပါဝင်ရလိမ့်မည်။ (၁ ကော ၃း၁၀-၁၅၊ ၁ ပေ ၂း၅)။ တဲတော် တည်ဆောက်ရာတွင် လိုအပ်သော ဆောက်လုပ် ရေးပစ္စည်းမျာဖြစ်သည့် ရွှေ၊ ငွေ၊ ကြေး .. အတတ်ပညာနှင့် လုပ်အား စသည်တို့ကို ဣသရေလ လူတိုင်းဆက်ကပ်လှူဒါန်းခွင့် ရှိကြ သည် (ထွ ၂၅း၁-၉။ ၃၅း၂၀-၂၄)။ ယခုခေတ်တွင် ကျွန်ုပ်တို့အနေဖြင့် ထိုထက်မက သာ၍ ပေးလှူ နိုင်ပါသည်။ ကျွန်ုပ်တို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများသာမက ကျွန်ုပ်တို့၏ အသက်တာ တစ်ခုလုံးကို ပေးလှူခွင့်ရှိသည်။ ပေးလှူသောအခါ မရှောင်မလွဲသာ၍ ပေးလှူရခြင်း မျိုး မဖြစ်စေဘဲ မိမိ၏ စေတနာကြောင့် အလိုအလျှောက် ပေးလှူခြင်း မျိုးသားဖြစ် ရမည်။ အမှန်ကိုဝန်ခံရလျှင် ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် ကျွန်ုပ်တို့ ပေးလှူနိုင်သည် ထက် အဆတစ်ထောင် အဆတစ်သောင်းမက သာ၍ ပေးလှူခြင်းခံလိုက်ပါသေးသည်။ ကျွန်ုပ်တို့ ကိုယ်ကျိုးအတွက် အသုံးပြုရန် ရှာဖေါသိုမှီးထားသော အရာများသည် တစ်နေ့ ဤလောကကြီးမှ ကျွန်ုပ်တို့ ထွက်ခွားသွားချိန်တွင် စွန့်ထားရမည့် အရာများ၊ ဆုံးရှုံးကျန်ရစ်မည့် အရာမျာသာဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ပိုင်ဆိုင်သော အရာများကို ကိုယ်တော်ရှင်ထံ ပေးအပ်ခဲ့ လျှင် ကျွန်ုပ်တို့အတွက် ထာဝရ တည်တံ့သည့် ကောင်းချီးမင်္ဂလာများနှင့် မတိုင်းဆနိုင်သော အကျိုး ကျေူးဇူးများကို ခံစားရရှိကြမည်မှာ ဧကန်မုချပေတည်း။

No comments:

Post a Comment