၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 14 August 2018

Pastor Murdock၏ မှတ်သားဖွယ်မိန်.မှာချက်များ

(1)သင်.ပုံသည် သင်.ခံစားချက် ဖြစ်ပြီး သင်.စိတ်ဓါတ်ကို 
ထိန်းပေးကာ သင်.အတွေး အခေါ် အပြုအမူကို စီမံနေသည်။ 

(2) သင်ကြုံတွေ.တိုက်လှန်နေသည်. စစ်ပွဲမှန်သမျှ 
သင်.စိတ်အတွေးမှ ဖြစ်လာ၏။ 

(3) အာရုံပြု Meditate ပြုလုပ်ခြင်းဖြင်. မနေ.က စိတ်ညစ်စရာ 
အဖြစ်ပျက် များကို မေ.နိုင်မည်မဟုတ်၊ မနက်ဖန်အား 
မျက်မှောက်ပြုခြင်းဖြင်.သာ မေ.ပစ်နိုင်မည်။ 

(4) အဖန်တလဲလဲ ပြုလုပ်ခြင်းသည် မိမိစိတ်ကို နိုးဆော် 
နိုးဆွခြင်းဖြစ်သည်။ Repeatation is a persuader of the mind. 

(5)စိတ် Mind သည် ခံစားချက်ကို ဖန်တီးပြီး 
ခန္ဒာကိုယ်အား သက်ရောက်စေ၏။

(6) နတ်ဆိုးတန်ခိုး အားလုံးသည် စိတ် Mind ကို မျက်မှောက်ပြု 
ဦးတည်သည်။ စိတ်Mind ၏ စစ်ပွဲဟူသမျှသည် 
မိမိအာရုံပြု ဦးစားပေးဖြစ်ပြီး ဘ၀၏ စစ်ပွဲဟူသမျှကား 
စိတ် Mind အတွက် ဖြစ်သည်။ 

(7)သင်.အနာဂတ် ကြိုမြင်နိုင်သရွေ. သင်.အနာဂတ်ကို 
ဖန်တီးနိုင်သည်။ အကယ်၍ သင်.အနာဂတ်အား ဘုရားထံ လုံးဝဆက်ကပ်မည်ဆိုလျှင် လက်ရှိ အခြေနေနှင်. ဆန်.ကျင်နေမည်။ 

(8)ဘုရားသခင်သည် ငါတို.အား အမှတ်ရစရာ ပေးခြင်း 
ရည်ရွယ်ချက် ၂ မျိုးရှိသည်။ နာကျင်မှု တခုခု သတိရစေခြင်း နှင်. 
တစုံတခု ကောင်းစားလာဖို. ဖြစ်သည်။ 

(9) စိတ်ကျ Depression ဆိုတာ မြော်လင်.ချက်
မအောင်မြင်ခြင်း၏ ရလာဒ်ဖြစ်သည်။ 

(10)မှန်ကန်သော လုပ်ဆောင်ချက်အား ဆက်လုပ်ပါ၊ 
မှန်ကန်သောသူများသည် သင်.ဘဝထဲ ရောက်ရှိလာမည်ဖြစ်သည်။ 
(11) ကျမ်းစာသည် ဘဝအောင်မြင်ခြင်း၏ လက်စွဲစာအုပ် ဖြစ်သည်။ 

(12) သင် အရိုသေပြုသော အရာသည် သင်.ကို စွဲဆောင်ပြီး 
သင် လေးစား၍ အချိန်ပေး သောအရာသည် အနာဂတ် 
သင်.ဘဏ္ဍာအတွက် ဟောကိန်းဖြစ်သည်။ 

(13) သင်. အနာဂတ် ၊ နောင်ဘဝ အားလုံးသည် ယနေ. 
သင်လုပ်ရိုး လုပ်စဉ်ထဲ၌ လှိုက်ဝှက်စွာ မြုပ်နှံထားသည်။ 

(14)ထူးခြားသော မျိုးစေ.ကြဲခြင်းသည် ထူးခြားစွာ 
ရိတ်သိမ်းစမြဲ ဖြစ်သည်။ 

(15)ဘုရားသခင်၏ စိတ်နှလုံးနာကျင်စေသည်. 
အရာသည် သံသယစိတ်၊ ဘုရားသခင် ပျော်ရွှင်ဝမ်းမြောက်
 စေသည်.အရာသည် ယုံကြည်ခြင်းဖြစ်သည်။ 

(16)သင်.ဆုလာဒ် ဘယ်လောက်ကြီးကြောင်း အတိုင်းအတာသည် 
သင်.ရန်သူ အတိုင်းအဆ ပမာဏအတိုင်း ဖြစ်၏။ 

(17) နာကျင်မှုဆုလာဒ်သည် ဆန္ဒပါလျှက် ပြောင်းလဲခြင်း ဖြစ်သည်။ 
(18) ဘုရားသခင်သည် နာကျင်အောင် ဘယ်တော.မှ မတုန်.ပြန်ဘူး၊ 
သူ.ထံသို. ပြန်လှည်.လာဖို. အမြဲ သွေးဆောင်လေ.ရှိသည်။

(19) ပေးကမ်းခြင်းသည် လက်ထဲ၌ 
ဘယ်လောက်ရှိကြောင်း ပေါ်မှာ မူတည်ခြင်း မဟုတ်၊ 
အနာဂတ်ကြွယ်ဝသော ကောင်းချီးအတွက် ဖြစ်သည်။ 

(20) လူသားအပေါ် ထာဝရဘုရား အလိုချင်ဆုံး တခုတည်းသော 
အရာသည် နာခံခြင်း ဖြစ်၏။ Obedience is the only thing 
God’s has over required of man. 

(21) တစ်ရက် သံသယ ရှိခြင်းသည် 
၃၆၅ ရက် နာကျင်စေခြင်းဖြစ်သည်။ 

(22) သန်.ရှင်းသော ဝိညာဉ်တော်၏ စကားသာလျှင် 
သင် နားထောင်ရမည်. ပုဂိုလ်ဖြစ်သည်။ 

(23) ဘုရားအလိုရှိသော အရာသည် 
စိတ်နေသဘောထား ဖြစ်၏ ၊ နေရာ မဟုတ်။ 

(24) သင် ကြဲလိုက်သည်. မျိုးစေ. အရည်ချင်းအလိုက် 
သင်ရိတ်သည်. မျိုးစေ.လည်း ခြားနားသွားမည်။

(25)ဆယ်ဖို.တစ်ဖို.သည် ပေးစရာအကြွေးဆပ်ခြင်းမဟုတ်၊
 ကျေးဇူးကို အတိမှတ် ပြုခြင်းဖြစ်၍ နာခံခြင်း၏ 
သက်သေလည်း ဖြစ်သည်။ အလှူထည်.ဝင်ခြင်းသည် 
ရက်ရောခြင်း၏ သက်သေဖြစ်သည်။ 
Tithe is not the payment of debt, but the 
acknowledgement of it. Tithe is a proof of your 
obedience, Offering is proof of your generosity.

(26) မေတ္တာပြခြင်း သက်သေသည် ပေးကမ်း
စွန်.ကြဲလိုစိတ် ရှိခြင်းဖြစ်သည်။ 

 (27) သင်.အတွက် အန္တရယ်အကြီးဆုံး ပုဂိုလ်သည် 
ဒုတ်၊ဓါး၊သေနပ် ကိုင်သူမဟုတ်၊ သံယသဖြစ်အောင်
 ပြောဆို ကျွေးမွေးသူဖြစ်သည်။ 

(28) ဘုရားကောင်းချီးပေးချင်ပြီဆိုရင် သင်.ဘဝထဲသို. 
တစုံတယောက် ပို.လိမ်.မည်။ အကျင်.တရားသည် 
ဆန္ဒထက် အမြဲ အားကြီးလေ.ရှိသည်။ 
Habit is stronger than desire.
Murdock (Singer/Pastor/ writer)

No comments:

Post a Comment