၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 14 August 2018

|| David O.Abioye ၏ မှတ်သားဖွယ် အဆိုအမိန်.များ ||

(1)ကျေးဇူးတော် ချီးမွမ်းခြင်းသည် အလုပ်သက်သက် မဟုတ် ၊ 
ဘယ်လို အသက်ရှင်သလဲ ဆိုတာ ပို၍ အရေးကြီးသည်။ 

(2)သင် မြင်နေသော အရာအတွက်သာ ကျေးဇူးတော်
ချီးမွမ်းခြင်း မဟုတ်ပဲ သင် မြင်လိုသောအရာအတွက်လည်း
 ကျေးဇူးတော် ချီးမွမ်းသင်.သည်။ 

(3)အကယ်၍ အမြင်.ဆုံးသို.ရောက်လိုပါက ဘုရားသခင်အား 
အမြင်.ဆုံးထိ အစဉ်အမြဲ ချီးမွမ်းလိုက်ပါ- သင်သည် 
အမြင်.ဆုံးနေရာနှင်. မလွဲစေရဘူး၊ (Ps 149:6) 

(4)သင် ကျေးဇူးတော် မချီးမွမ်းလိုက်ရသော နေ.တနေ.သည် 
သင်. အတွက် ပျောက်ဆုံးသော နေ.တနေ. ဖြစ်သည်။ 
A day without Praise & thanks giving is alost day. 

(5)ချီးမွမ်းခြင်းနှင်. ကျေးဇူးတော်ရေတွက်ခြင်းသည် ဘုရား၏ လုပ်ဆောက်ချက်နှင်. ဘုန်းတန်ခိုးအား မျက်မှောက်ပြု 
Focust ခြင်းဖြစ်ပြီး ထိုသို.ချီးမွမ်းနေစဉ် ထိုပုဂိုလ်တော်အား 
Focust မျက်မှောက်ပြုခြင်း ဖြစ်သည်။ 

(6) နဖူးတွေ.ဒူးတွေ. ပက်ပင်းတိုး Encounter ခြင်းသည် 
သင် စောင်.ဆိုင်းနေခြင်း ကြောင်.မဟုတ်ဘူး၊ 
သင် အပတ်တကုတ် ကြိုးစားပမ်းစား အမဲလိုက် 
မုဆိုးကဲ.သို. ရှာဖွေခြင်းကြောင်. ဖြစ်၏။ 
An encounter is not what you wait for, it is what you hunt for.

 (7)နတ်ဆိုး စုံးစမ်းနှောင်.ယှက်ခြင်းအသံထက် ဘုရားသခင်၏ 
အသံသည် သာ၍ အဆများစွာ တန်ခိုးကြီး၏။ 

(8) သင်၏အောင်မြင်ခြင်းနှင်. အောင်ပွဲသည် 
အဆုံးပန်းတိုင်၌ စကားပြောလာလိမ်.မည်။ 

(9)အကူညီပေးမည်.သူအား မစောင်.ပါနှင်.- ရှေ.ဆက်လျောက်ပါအကူညီပေးမည်.သူ ရောက်လာလိမ်.မည်။

(10)ပတ်ဝန်းကျင် အခြေအနေက သတ်မှတ်သည်.အတိုင်း 
လက်ခံပြီး ကိုယ်ကိုယ် မမြင်ပါနှင်.၊ ဘုရားမသတ်မှတ်သည်. 
မည်သည်.အရာမျှ အခေါ်မခံပါနှင်.။

(11) ဈေးနှုန်းအပေါဆုံးသော ကျဆုံးခြင်းနည်းလမ်းသည် 
အပြစ်တင်စရာ ရှာဖွေခြင်းတည်း။ 

David O.Abioye သည် ၆၃ နှစ်ရှိပြီး လက်ရှိ ကမ္ဘာ. အချမ်းသာဆုံး 
(150 millions $ ) Nigeria Senoir Pastor ဖြစ်ပြီး Kilo meter 26 ကျယ်ဝန်းသော အသင်းတော်အား 740-acre Goshen City တွင် တည်ဆောက်ထားသည်။

No comments:

Post a Comment