၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Thursday 4 July 2019

လေးစားသော ၀ိညဉ်ဖခင်မိခင်ကြီးများ အဆိုအမိန်.

Kathryn Kuhlman  
ယနေ. ယေရှုဘရားသည် သင်.ဆုတောင်းခြင်း၊ငိုကြွေးခြင်း 
အသံကို အဖြေပေးဖို. အစဉ်သင်. ရှိနေပြီး သင်.အခြေနေ 
အသေးစိတ်ကို စိတ်ဝင်စားကာ သင် ကောင်းစားချင်တာထက် 
သာ၍ ကောင်းစားဖို. အလိုရှိသည်။ 
ဘုရားသခင်သည် ရွှေ၊ငွေ ဖြင်.ပြုလုပ်သော အိုးမြေကို 
မရှာဘူး၊ ဆာငတ်သော အိုးမြေကို ရှာသည်။
 ကောင်းကင်အဖသည် ရွှေ၊ငွေဖြင်. ပြုလုပ်သော အိုးမြေ(Vessel)ကို မတောင်းဆိုဘူး၊ စိတ်အားထက်တန်သော အိုးမြေကို တောင်းဆိုသည်။ ယေရှူကားတိုင်၌ အသေခံစဉ် အမှုပြီးပြီဟု မိန်.တော်မူခြင်းသည် ငါတို.အပြစ် တခုတည်း အတွက်မဟုတ်၊ ငါတို.အနာအားလုံး 
အတွက်လည်း ဖြစ်သည်။ 

T.L. Osborn 
ငါသည် အသင်းတော်ဖြစ်သည်ဟု သင်ဆိုလျှင် အနာငြိမ်းခြင်းကို 
ဘာ.ကြောင်. မယုံကြည်ရသလဲ၊ စာမျက်မှာ ၄ ခုလျှင် တကြိမ် နဖူးတွေ.ဒူးတွေ. အနာငြိမ်းခြင်း မရှိသောနေရာ ကျမ်းစာ၌ မတွေ.ဘူး။ သာသနာပြုခြင်းသည် လူကို ကူညီခြင်းဖြစ်၍ 
လှပသော အရာဖြစ်သည်။ 
ဘုရားသခင်၏ နိုင်ငံတော် သတင်းကောင်းသည် သက်သေဖြင်. ဝေဌခြင်းဖြစ်၍ သန်.ရှင်းသော ၀ိညဉ်နှုင်. ပြည်.၀ခြင်းမရှိလျှင် မဖြစ်နိုင်ပါ

Benny Hinn 
သင်သည် ဘုရားတမန်တော်မှန်လျှင် ဘုရားပိုင်ဆိုင်သောကြောင်. အနာရောဂါ ဖြစ်စရာ အကြောင်းမရှိပါ။ 
ငါသည် ဤလောက၌ ရွှေ၊ငွေ ပိုင်ဆိုင်ပြီဖြစ်သောကြောင်.
 ကောင်းကင်၌ အလိုမရှိတော.ပါ။ 
လူတွေ အနာငြိမ်းခြင်း ဆုံးရှုံးနေခြင်းသည် ဘုရားသခင် 
တကယ် လုပ်ဆောင် နေခြင်းလား ဆိုသည်.မေးခွန်း အရင် ထုတ်ခြင်းကြောင်. ဖြစ်သည်။ 
မယုံကြည်သူ၌ နတ်ဆိုးဝိညဉ် 
အပြည်.ရှိနေသည်ကို သင် သိရဲ.လား။
 မေတ္တာသည် အနာရောဂါကို ငြိမ်းစေသော ဆေးဖြစ်သည်။ 
 နာခံခြင်းဖြင်. ငါတို.ယုံကြည်ခြင်းကို သက်သေပြလိုက်သည်.အခါ 
ငါတို.ကို ကူညီ ထောက်ပံ.မည်ဟု ဂတိပေးသည်သာမက 
အမှန်တကယ် ထောက်ပံ.၏။ 
အနာငြိမ်းခြင်းသည် ယာယီဖြစ်ပြီး ငါတို.၏၀ိညဉ် 
ကယ်တင်ခြင်းသည် ထာဝရဖြစ်၍ သာ၍ အရေးကြီးသည်။

Myles Munroe 
ရည်မှန်းချက်ကို အဓိပယ်ဖွင်.မည်ဆိုသော် သင်.ဘ၀၌ သင်.ကို စိတ်ဆိုးစေသည်. အရာဖြစ်သည်။ မာတင်လူသာ 
စိတ်ဆိုးပြီး မွန်ဒဲလားလည်း စိတ်ဆိုးကာ မဟဒါမဂန္ဒီ၊ 
မာတာထရေဇာ လည်း စိတ်ဆိုးခဲ.သည်။ 
If you are not angry, you do not have a ministry yet. အကယ်၍ သင် စိတ်မဆိုးဖူးဘူးဆိုလျှင် သင်သည် သာသနာ မရှိသေး၍ ဖြစ်သည်။ 
လူ.ဘ၀၏ တန်ဖိုးသည် အချိန်ကာလ၌ တည်သည်မဟုတ်၊ 
လှူဒါန်းခြင်း၌ တည်သည်။ The value of life is not in its duration, 
but in its donation. 
အချမ်းသာ အကြွယ်ဝဆုံးနေရာသည် ရွှေ၊ငွေ၊ဘဏ်တိုက်ကြီးကို ပိုင်ဆိုင်ခြင်း မဟုတ်။ ပြောင်မြောက်၍ အစမပြု အသုံးမပြုရသေး၊ မရေးဆွဲရသေးသည်. ပန်းချီကားများ လဲလျောင်းရာ အရပ်သည် သင်းင်္ကျွုင်းတစပြင် သုသာန်အရပ် ဖြစ်သည်။ ထုတ်မသုံးရသေးသော ဘုရားသခင် နိုင်ငံတော်အတွက် အလားလာ ကောင်းလှသည်. တန်ဆာပလာများစွာ သင်.အထဲ၌ ရှိနေသည်။ ထိုအရာအားလုံးကို သင်္ကျွုင်းသို. သယ်မသွားပါနှုင်.။ 
သင်.ပြသနာဖြင်. တွန်းအားမပေးပါနှုင်.၊ သင်.ရူပါရုံကို 
ဦးဆောင်ခွင်.ပြုပါ။ သင်.ဘ၀ကို သင်.ဦးစားပေးဖြင်. အုပ်ချုပ်ပြီး- 
ခံစားချက်ဖြင်. မအုပ်ချုပ်စေနှုင်.။ 
သင်.အလုပ်(work )သည် သင်.လုပ်ငန်း၊တာဝန်(Job) မဟုတ်၊ သင်.လုပ်ငန်းသည် အဖိုးအခရရန် လုပ်နေခြင်းဖြစ်ပြီး 
သင်.အလုပ်သည် မွေးဖွားခြင်းကြောင်. ဖြစ်၏။ 
 သင်.အနာဂတ်သည် သင်.ရှေ.၌ မရှိ၊ သင်.အထဲ၌ ပိတ်မိနေသည်။ မည်သည်. ပုဂိုလ် တရားဟောဆရာ ၊ လူ.အဖွဲ.စည်း ပေါ်မှာမှ သင်.ယုံကြည်ခြင်း မတည်စေပါနှုင်.၊ ထာဝရဘုရား၌သာ တည်ပါစေ။ ကမ္ဘာမှာ အဆင်းရဲဆုံး ပုဂိုလ်သည် အနာဂိတ်အိမ်မက် မရှိသောသူဖြစ်ပြီး ကမ္ဘာမှာ မချင်.မရဲ- အစဉ် မပြေဆုံး သူသည် အိမ်မက်ရူပါရုံရှိပြီး ဘယ်တော.မှ အကောင် ထည် မဖေါ်သောသူ ဖြစ်သည်။ 
သင်.ဘ၀ အဆုံးသတ်သည် ဘုရားသခင် ရွေးချယ်ပေးခြင်း
 ဖြစ်မည်လျှင် သင် သင်.အနာဂတ်လမ်းဆုံးသည် 
အပေါ်ရောက်ဖို. ကျိန်းသေ သေချာပြီ-

No comments:

Post a Comment