၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday, 29 July 2019

ငွေရေးကြေးရေး & အဦးသီးသက်သေ

 ဤဘဝ၌ ငွေရတတ်သော သူတို့သည် မာန်မာနစိတ်နှင့် 
 ကင်း လွတ်၍ မမြဲသော စည်းစိမ်ကို မကိုးစားဘဲ .... 
အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်။ 
( ၁တိ ၆း ၁၇ ၊  ၆း၆-၁၂ |  ၁ရာ ၂၇-၂၉ / လု ၁၃း၁-၂၂)
‘လင်မယား နှစ်ယောက် အိမ်ထောင်ပြု 
ခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။

သို့သော် ငွေကြေးမပြေလည်ပါ။ နွမ်းရိ ပါးလွန်းနေသော အိပ်ရာဖုံးကိုကြည့်ပြီး ‘မိန်းမက’ အသစ်လဲချင် သည်။ ထို့နောက် အကြွေးဝယ်ကဒ်နှင့် ဝယ်ရန် ဆုံးဖြတ်လိုက်ပြီး တစ်နည်းနည်းဖြင့် ငွေပြန်ရှာပြီး အကြွေးဆပ်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ထိုနေ့က ဖတ်ရှုခဲ့သော ကျမ်းစာ မှ 
သု ၂၂း၂၇ တွင် “သင်၌ပေးရန်မရှိလျှင် သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင် သနည်း”ဟု ဖတ်လိုက်ရ၍ သူအလွန်အံ့သြသွား သည်။ သို့နှင့်ထိုနေ့က အကြွေးနှင့် အိပ်ရာဖုံး မဝယ်တော့ဟု ‘မိန်းမ’ဖြစ်သူ ဆုံးဖြတ်လိုက်သည်။ 

မိမိ၏ငွေကို မည်သို့သုံးစွဲမည်ဆိုသည့် ကိစ္စက ဘုရားနှင့်မိမိကြား တစ်ဦးချင်းဆုံးဖြတ် ရမည့်ကိစ္စဖြစ်ပြီး ခက်ခဲနိုင်ပါသည်။ 
သို့သော် ဘုရားသခင်က ကျွန်ုပ်တို့အား ကူရာမဲ့စွန့်ပစ်မထားပါ။ 
“သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီးအနှံရှိသမျှကို 
ထာဝရဘုရားအား ပူဇော်လော့ (သု ၃း၉)။ 
အဘယ်သူမျှ ငွေနှင့်ဘုရားဟူသည့် သခင်နှစ်ဦး၏ 
အစေကိုမခံနိုင် (မ ၆း၂၄) ဟုအကြံပေးထားပါသည်။ 

အထက်ပါ အမှန်တရားများကို နှလုံးသွင်းပြီး၊ ငွေကြေးကို 
ပညာအလိမ္မာနှင့် သုံးစွဲနိုင်ရေးအတွက် မစမှုကို နှုတ်ကပတ်တော်မှ 
ထပ်မံရှာဖွေရာ “လောဘလွန်ကျူးခြင်းကို သတိနှင့်ရှောင်ကြဉ်လော့” 
(လု ၁၂း၁၅)၊ “ချေးငှားယူသောသူသည် ချေးငှားပေးသော သူ၌ ကျွန်ဖြစ်၏” 
(သု ၂၂း၇)၊ စွန့်ကြဲချင်သော စေတနာစိတ်ရှိရန် (၁ တိ ၆း၁၈) စသည် ဖြင့် တွေ့ရှိရပြန်သည်။ ငွေကြေးပြဿနာသည် ကြီးမားသော ပြဿနာဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ လိုအပ်သမျှကို ဖြည့်ဆည်း ပြင်ဆင်ပေးသနားသည့် ဘုရားသခင်သည် သူ့ဘုန်းတော် ထင်ရှားအောင် ငွေကြေးကို 
မည်သို့ အသုံးချရမည်ကို သွန်သင်ပြလိမ့်မည်။

No comments:

Post a Comment