၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 29 July 2019

ငါ- အသင်းတော်ကို နောက်ကျောခိုင်းလို.ရမလား??

အသင်းတော်ကို နောက်ကျောခိုင်းလို.-ထားခဲ.လို.ရလား? 
ကနဦးယုံကြည်သူများ ပေးဆပ်ခြင်းကိုကြည်.ရင် အသင်းတော်ထဲကိုဝင်ပြီး အဖမ်းခံခြင်း၊ သားရေအိပ်ထဲထည်.ပြီး အပ်နဲ.ထိုးခြင်း၊ အရေခွံခွါပြီး ဆားရေနဲ.အပက်ခံခြင်း၊ ဆံပင်ကိုသစ်ပင်၌သေသည်အထိဆွဲခြင်း၊ 
 ခြေတုတ်-ဒရွတ်တိုက်ဆွဲ၊ဒယ်အိုး၌ကြော်ခြင်း၊ ဂုံနီအိတ်ထဲထည်.၍ရေထဲ
ပစ်ချခြင်း-ခံခဲ.ကြ၏။ သေမင်းအရိပ်၌ အသက်တချောင်းဖက်နဲ.ထုပ်ပြီး ဘုရားကျောင်းသွားမည်.အစား၊ မိမိအိမ်၌ ဆုတောင်းနေရင်
မကောင်းဘူးလား..

@ ဟေဗြဲဆရာကတော…..ဒီလိုပြောပါတယ်-
ငါချစ်သောညီအကိုတို.! အချင်းချင်း Church စည်းဝေးခြင်းကို ပြုကြလော.! ဘုရားကျောင်း၌ ဝတ်ပြုရင် ၊ ခွေးအစာအကျွေးခံမယ် လည်လှီးပြီး အပိုင်းပိုင်း အဖြတ်ခံရမယ်ဆိုတာ သိတယ်၊ သို.သော်----အသင်းတော်ကို မထားခဲ.ပါနဲ.။ သူတို.ပေးဆပ်တာနဲ. ငါတို. အကြောင်းပြတာကြည်.ရင် -ခလေးထိန်းမရှိလို.၊ဆိုင်မှာအလုပ်များလို.၊ သူဌေးခွင်.မပေးလို.-ရထားခကုန်မှာစိုးလို. ၁. အသင်းတော်မှန်ရင် မဖြစ်မနေ ( တမန် ၂း၄၂ ) 
(၁) စုပေါင်းသြဝါဒခံယူခြင်း (၂)မိတ်သဟာယဖွဲ.ခြင်း 
 (၃) မုန်.ဖဲ.ခြင်း၊ (၄)ဆုတောင်းခြင်း ရှိရပါမယ်။

@ ဘုရားကျောင်းသွားခြင်းသည် ဘုရားခိုင်းတာ ။ 
စိတ်ပါလို.သွားခြင်း၊စိတ်မပါလို. မသွားခြင်း၊ -ခွန်အားရလို.သွားခြင်း၊မရလို.မသွားခြင်းမဟုတ်၊ စိတ်ပါပါမပါပါ၊
ခွန်အားရရမရရ သွားရမယ်။ Douglas က အမိန်.ဆိုတာ ပြန်မေးဖို.မဟုတ်၊ 
လုပ်ဖို. ထို.ကြောင်. ဘုရားပေးတဲ.အမိန်.အား ပြန်မေးဖို.မဟုတ်။ ဟေဗြဲ-၁၀း၂၅ “ အချင်းချင်း စည်းဝေးခြင်းကို မလွဲမရှောင် ကြနှင်.၊အချင်းချင်း တိုက်တွန်း နိုးဆော်ကြလော.၊ တခါတလေ မပြောဘူး- သာ၍ကြိုးစားကြလော.၊ 
ဒီနေ. Sermon မကြိုက်လို.၊ P & W ပျင်းလို. မဟုတ်ရ။ ဒီမှာ ဘုရားကျောင်းသွားရတာ ရထားခ၊ကားခ လေးပဲ။ တရုတ်၊ပါကိစ္စတန်တို.လို 
အဖိုးခ မပေးရဘူး၊ ကုတင်ထဲမှာမလဲသရွေ.၊ထနိုင်သေးသရွေ.သွားမယ်! 
(2) တယောက်မရှိရင် တခုခု လိုနေတယ်၊ -ကယ်တင်ခြင်းရပြီးသူ (ဝါ) ဒုမွေးခြင်းခံသူတိုင်း ခရစ်တော်၏ကိုယ်ဖြစ်သောကြောင်.
(၁ကော၊၁၂း၁၃) -ငါမသွားရင်လည်း-သွားတဲ.သူသွားကြမယ်၊ -မိန်းမသွားပြီးယောကျာ်းနေခဲလည်းမရဘူး။ 

@-အသင်းတော်၌ ငါမပါလည်း ဘာမှမဖြစ်ပါဘူးထင်၊ 
 -သွား တစ်ချောင်းနာ တကိုယ်လုံး ခံရတာပဲ။ -လူတယောက်မလာရင် ဘယ်သူမှမပျော်ဘူး၊ -အားလုံးရဲ.မျက်လုံးများက ရှာနေကြတယ်၊ -တယောက်နေမကောင်းရင် အားလုံးဖျားသလိုလို။ -လူတိုင်းနေကောင်းကျန်းမာဖို.လိုပါတယ်။ 
 @(သင်မလာရင်-တခုခုလိုနေသလိုခံစားတယ်)
@ ကောလော(၃း၁၃-ဧဖက် ၄း၃၂ ) အချင်းချင်း(၁၀)ခါ
 -ချစ်- ခွင်.လွတ်- အားပေး- သွန်သင် -သနားစုံဖက် -ချီးမြောက်- နှိမ်.ချ -ဆုတောင်း-ကောင်းမှုပြုကြလော.။ (၄)ဒုတိယမွေးခြင်းရသူတိုင်း 
အနဲဆုံး ဝိညဉ်ဆု ၁ခုစီရ၊ -But-ကိုယ်ဘာရသလဲ ဆိုတာ မသိကြတာပါ၊ ထိုဆုကျေးဇူးကို၊အသင်းတော်၌ အသုံးပြုဖို.၊ သူတပါးတည်ဆောက်ဖို.ဖြစ်တယ်။
  -ချက်ပြုတ်ရေး၊ ဆုတောင်း၊တချို.-အားပေး၊ တချို. နားထောင်ခြင်း၊ 
 အားလုံးကို တရားဟော၊ဧဝံ၊သင်ပေးဆု မပေးဘူး၊ *အနာငြိမ်းခြင်း၊ ပရောဖက်၊အခြားသောဘာသာ ၊ နားထောင်တတ်ခြင်းဖြင်. 
တရားဟောသူကို အားပေးနေခြင်းဖြစ်သည်။

@ Rapture ပြီးရင် ဘုရားသခင်ရှေ.မှောက်မှာ သင်.ကိုငရဲသွား-မသွားမစစ်ဆေးတော.ဘူး၊ -ငါ.သား-သင်.ကိုပေးတဲ.ဝိညဉ်ဆုကျေးဇူး ဘယ်လောက်အမြတ်စွန်း ရဖို.အသုံးပြုခဲ.သလဲ..ဆိုတဲ.အရာမေးလိမ်.မယ်။ ကိုယ်.အိမ်မှာနေပြီး Youtube / Fb ကနဲ. နှိမ်.ချ-အားပေးခြင်းအသက်တာ လုပ်လို.မရဘူး။ Church ပဲ ဝိညဉ်ဆုကျေးဇူး တိုးပွါးဖို.လုပ်လို.ရတယ်။

 (@) No church no spiritual Man. အိမ်မှာနေပြီး တယောက်တည်း 
ကျမ်းစာဖတ် ဆုတောင်း၊ တရားဟောနားထောင်သူသည် ကမ္ဘာမှာ Selfish အတ္တအကြီးဆုံးသူပဲ။ *လောကမှာ ဝိညဉ်လူအဖြစ်ဆုံးသူ၏ လက္ခဏာသည် သူများကို-ငါမှန်ရင်ပြီးရော. ပြန်ပြောသူမဟုတ်ဘူး။ သူများပြောသမျှ သည်းခံသူလည်းမဟုတ်ဘူး။ သူများကို ခွင်.လွတ်နိုင်သောသူဖြစ်တယ်။ 
သူများက အမှားတချက်ထောက်ပြီး သိက္ခာချတာနဲ. 
 ပြန်ဖြေရှင်းသူကို ဝိညဉ်လူလို.မခေါ်ဘူး။ 

!@!သင်.ကို-လူရှေ.မှာ အပြစ်တင်၊ကဲ.ရဲ.သူကို ခွင်.လွတ်တဲ. 
အချိန်ဟာ သင်သည်- ယေရှုနဲ.အတူဆုံးအချိန်ဖြစ်တယ်။
!@! (သင်.ရန်သူပင်လျှင် - ခွင်.လွတ်နိုင်သူဖြစ်ပါစေ)။အာမင်း။ ဘုရားကျောင်းမသွားပဲအိမ်မှာနေရင် ဘယ်သူ.ကိုခွင်.လွတ်တော.မှာလဲ?? 
God is Good ငါ.မိသားစုပေါ်မှာ ဆိုတာ Good- very Good.
But ဘုရားကောင်းခြင်းများစွာထဲမှ တခုသာလျှင်ဖြစ်တယ်။ သစ္စာရှိ၊ဖြောင်.မတ်၊သန်.ရှင်း၊အတူရှိခြင်း-ချီးမွမ်းဖို.လိုသလို။ 
God is Love လို. ချစ်ခြင်းကို ချီးမွမ်းသလိုပဲ အပြစ်ကိုမုန်းတီးခြင်း၊ ထောင်လွှားခြင်းကိုရွံရှာခြင်း ဝန်ခံဖို.လို။ ထိုနည်းတူ အသင်းတော်၌ လူတယောက်အားသာချက်ကို ချီးမွမ်းတတ်သကဲ.သို. သူ.အားနည်းချက်နားလည်ပေးရမယ်။ 
!@! ထာဝရဘုရားသည် ငါ၏ကျောက်လို. သီဆိုခြင်းသည် ဘုရား၏အဖြစ်မှန်ကြွေးကျော်သလို ဘေးလူကိုအားပေးခြင်း!! 

(@) ဧဖက် ၅း၁၉၊ ဆာလံသီချင်းအမျိုးမျိုး ဖတ်ရွတ်၍ နူးညွတ်သော
စိတ်နှုင်. သခင်ဘုရားရှေ.၌က သီချင်းဆိုကြလော.။ ကျမ်းစာရှိ ချီးမွမ်းသီချင်းအားလုံးနီးပါးသည် လူအများရှေ.၌ သီဆိုတာတွေ.ရတယ်။ ရေချိုးခန်း၌ ဆိုတာမဟုတ်ဘူး၊ အိမ်၌ Solo ထက် ဘုရားကျောင်းလာပြီး စုပေါင်းဆိုခြင်းသည် ထာဝရဘုရား အားရနှစ်သက်တော်မူတယ်။ 
ထို.ကြောင်. အမှန်တကယ် ကယ်တင်ခြင်းရပြီးသူ (ဝါ) ဒု-မွေးခြင်းရပြီးသောသူမှန်လျှင် ဘုရားကျောင်းကို 
 နောက်ကျောခိုင်းမဲ.အစား သေတာကမှ တော်သေးတယ်။ 

# St.Augustin က အသင်းတော်ဟာ ပြည်.တန်ဆာနဲ.တူတယ်။ 
A Church is a whore,but she is my Mother. ပြည်.တန်ဆာဆိုတာ ရုပ်အဆင်းလှပ သော်လည်း ကိုယ်ကျင်.တရား မကောင်းဘူး၊ နေ.စဓူဝအပြစ်ကျူးလွန်။ ကျမ်းစကားက - မွေးစကပင်လျှင် ငါ၌ အပြစ်ပါ၊ 
ဆာလံ ၅၁း၅၊ အမိဝမ်းမှ ရိုင်းတဲ.သဘောရှိပြီး မွေးကထဲကလမ်းလွဲ-ဆာ၊၅၈း၃။ လူ.စိတ်သည်ခပ်သိမ်းသောအရာထက်စဉ်းလဲ၏။ ယေရမိ၊၁၇း၉။ 

# ထို.ကြောင်. Church မှာ ပြည်.စုံသောသူ တဦးမှမရှိ သည်သာမက နေ.စဉ်အပြစ်များပြီး မမှန်မကန်ပြောတတ်သော Member များဖြင်. ပါဝင်ဖွဲ.စည်းသောကြောင်.အသင်းတော်ဖြစ်သောကြောင်.ဖြစ်တယ်။ အပြင်ပန်းသဏ္ဍန် လှပနေသော်လည်း အုတ်ဂူနဲ.တူတယ်။ အပြစ်အနာအဆာ မရှိဘူးဟု ထင်သည်.အသင်းတော်တွေ.ရင် သွားမဝင်မိပါနဲ.၊ဘာ.ကြောင်.လဲ-၊သင်.ကြောင်. ပျက်စီးသွားမယ်။ အသင်းတော်မပါပဲ ခရစ်ယန်အသက်တာ ရှေ.ဆက်ရှင်သန်၍မရ။ ခြောက်ပစ်ကင်း၊သဲလဲစင်သည်. လူမရှိသလို အားနဲ.ချက်မရှိသော အသင်းတော်ဆိုတာ ဤလောကမှာမရှိသေးဘူး၊

# ထို.ကြောင်. ထိုလိုအပ်ချက်ပြည်.နှက်နေသော အသင်းတော်အား
 ဖေးမပြီး တည်ဆောက် Upgrate လုပ်ဖို. ဘုရားသခင် တာဝန်ပေးတာ။ သခင်ယေရှုက အသင်းတော် ဘယ်တော.မှ ပစ်မသွားဖူးဘူး။ 
 သင်.-ကိုသိပ်ချစ်တယ်- 
But -သင်.ကို ထားခဲ.ကောင်း ထားခဲ.နိုင် လိမ်.မယ်။ 
သူ.အသင်းတော်ကိုတော. လုံးဝထားခဲ.မှာမဟုတ်ဘူး။ 
သူကိုယ်တိုင် အုတ်မြစ်တည်သော အသင်းတော်၊ သူ.ခန္ဒာတံတားထိုးတည်ထောင်သော အသင်းတော်၊ သူတိုးသမီးဖြစ်သောအသင်းတော်နှင်.အတူ ကောင်းကင်အဖရှေ.မှာ 
ရပ်လျှက် ရင်ဆိုင်မဲ. Church ဖြစ်သောကြောင်.၊အသွေးသွန်းသည်ထိချစ်ခဲ.တယ်။ ချီဆောင်ခြင်းလာပြီး သိုးသူငယ်မင်္ဂဆောင်ပွဲမှာ သိန်းသန်းကုဌေမကသော ကောင်းကင်တမန်ရှေ.မှာ သခင်ယေရှုမတ်တပ်ရပ်ပြီး ဤသို.-ဂုဏ်ယူဝင်.ကြွားစွာ ပြောလိမ်.မယ်-(ကြည်.ရှုလာ.-ငါ၏သူတိုးသမီးသည် အလွန်ချောမောလှပ တင်.တယ်လှပေ၏ဟု သူတိုးသမီးဖြစ်သော-သင်နှင်.ကျွန်ုပ်ကို ကောင်းကင်နတမန်များ ချီးမွမ်းသြဘာပေးကြလိမ်.မယ်။ 
(CCCnl sermon )

No comments:

Post a Comment