၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday 2 July 2019

( In Christ, Christ in Me) ဆိုတာ

လောကထဲရှိ အပြစ်သားများ အားလုံးအတွက် အသွေးသွန်း 
အသေခံ ပြီး တရားဝင် ရွေးနှုတ် ပေးခဲ့ခြင်းအား လက်ခံမည့်သူများ၏ အမည်းစာရင်းကို လူမဖန်ဆင်း မှီကပင် ကြိုသိ နေသော 
ဘုရားက ကမ္ဘာ မတည် မရှိမှီ ကတည်းက ပြင်ဆင်ထားသော 
ခရစ်တော် အထဲ၌ ကြိုတင် ထည့်ထား ခြင်းကြောင့် "I in Christ" ကျွန်ုပ်တို့သည် " ခရစ်တော်အထဲ၌" ရှိနေခဲ့တာ ဖြစ်သည်။ 
ဘုရားရဲ့ အကြံအစည်တော် ဟာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က လက်တွေ အကောင်းအထည် ပေါ်လာတဲ့ အခါ ကားတိုင်ထက်၌ ရှိသော 
"ခရစ်တော် အထဲ၌" ကျွန်ုပ်တို့ကို ထည့်ုပီး စီရင်ပြီးနောက် 
"သုံးရက်မြောက်" သောနေ့မှာ ခရစ်တော်ထမြောက်လာ သည့် 
အခါ ယေရှုသည် "ခရစ်တော်၏ ဦးခေါင်းတော်" နေရာမှ၎င်း၊
 ရွေကောက်ခြင်း ခံထားရသူများ သည် " I in Christ" 
"ခရစ်တော်၏ ခန္ဒာကိုယ်" အထဲမှ၎င်း၊ အတူ ထမြောက်လာပြီး၊ 
ထို ယုံကြည်သူများသည် ခရစ်တော်၏ ခန္ဓာကိုယ် အထဲမှ ဝိညာဉ် 
အားဖြင့် တဖန် မွေးဖွားလာကာ ခရစ်တော် ၏ ဝိညာဉ်သည် 
ကျွန်ုပ်တို့၏ "ဝိညာဉ် အထဲသို့ " ရောက်ရှိလာသည်ကို 
"Christ in me" ဟု ဆိုသည်။ အထက်ပါ အကြောင်းအရာကို သေခြာကြည့်ပါ။ ယေရှုသည် ခရစ်တော်၏ "ဦးခေါင်းတော်" နေရာမှ ထမြောက်ပြီး ယုံကြည်သူများသည် ခရစ်တော်၏ "ခန္ဓာကိုယ် အထဲ မှ" တပြိုင်နက် ထမြောက် လာသည်။ တပြိုင်နက် ထမြောက်သည် 
သို့သော် ထမြောက် လာသည့် "နေရာ မတူ" သည်ကို သတိပြုမိပါ။ ထိုမှတဖန် I abide in Christ , Christ abides in me. 
ကျွန်ုပ်တို့၏ ဝိညာဉ် ထဲသို့ Christ in me အဖြစ် ရောက်လာသော ခရစ်တော်၏ ဝိညာဉ် ထဲသို့ ကျွန်ုပ်တို့၏ "အတွေး စိတ်"ကို မိမိဝိညာဉ် ဘက်သို့ လှည့် ကာ ခရစ်တော်ထဲ၌ တည် နေသည်ကို I abide in Christ ဟု သုံးနှုန်းထားသည်။ ထိုအခါ Christ abides in me ဆိုတဲ့
ခရစ်တော် ၏ "စိတ်သဘော" သည် ကျွန်ုပ်တို့၏ "စိတ်သဘော" 
အထဲသို့ စီးဝင် ရောက်ရှိလာသည့် အခါ ကျွန်ုပ်တို့၌ လည်း ခရစ်တော်၏ စိတ်သဘော ရှိလာရသည်။ I in Christ နဲ့ Christ in me သည် အတိတ်က ဘုရားဘက်မှ လုပ်ပေးထားပြီး ဖြစ်သည့် အတွက် ထိုအရာကို တကြိန် ယုံကြည် သည်နှင့် စီရင်ခြင်းခံရမည့် ဘေးမှ လွတ်သည်။ 
အသက်စာစောင် စာရင်းဝင်သူများ ဖြစ်ကြသည်။ ဘယ်တော့မှ 
မဆုံးရှုံးပါ။ I abide in Christ နဲ့ Christ abides in me က 
ကိုယ့်အထဲ ရှိနေသော ခရစ်တော်၌ တည်ဖို့ လူက 
ဘုရားဆီ သွားဖို့ လိုသည်။ လူက ဘုရားထံ မချဉ်းကပ်လျင်၊ 
ဘုရားလည်း လူထဲသို့ မချဉ်းကပ်နိုင်ပေ။ Christ abide in me မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ဘုရားအသက် ကို လူက ရယူလို့ 
မရတော့ဘဲ ဘုရား အသက် ဖြစ်သည့် ခရစ်တော် ထဲပါရှိသော 
ခရစ်တော်၏ စိတ်သဘော၊ လူ၌ မရှိတော့ပေ။ လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်၏ ဆို သည်မှာ 
I abide in Christ ရှိနေလျှင် ဟု ဆိုလိုသည်။ 
ထိုအခါ Christ abide in me က ခရစ်တော်၏ စိတ် သဘောက 
ထိုသူကို သတ္တဝါသစ် ဖြစ်စေ လိုက်တာဖြစ်တယ်။ မိမိ ဝိညာဉ် အထဲ ရောက်ရှိလာသော ခရစ်တော်၏ ဝိညာဉ်က မိမိ၏ စိတ်သဘောကို ခရစ်တော်၏ စိတ်သဘော အတိုင်း ဖြစ်လာစေဖို့ လုပ်ဆောင်ပေးခြင်းအားဖြင့် ဘုရား၏ အသက်မှ 
ဘုရားသဘာဝဖြင့် လူကို ဖြည့်စည်း ဖြစ်တည် ပေးလိုက်
 သောအခါ ဘုရားသဏ္ဍာန် ထင်ရှားသောလူ 
God-man ဖြစ်လာရသည်(Bro:Jame Lee)

No comments:

Post a Comment