၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Sunday 11 August 2019

ယေရှု ၁၂ နှစ်မှ ၃၀နှစ် (၁၈ နှစ်ကြားကာလ)

သမ္မာကျမ်းစာတွင် ယေရှုသည် အသက် (၁၂) နှစ်မှ
 (၃၀) နှစ်ကြားကာလ ပျောက်ဆုံးနေပြီး ထိုနှစ်အတောအတွင်း အိန္ဒိယနိုင်ငံဖက်သို့ သွားရောက် ကာပညာသင်ကြားခဲ့သည်ဟုသိရပါသည်။ ဟုတ်ပါသလား? ယေရှု၏ ပျောက်ဆုံးသောနှစ်ကာလများဟု ခေါင်းစဉ်
တပ်ထားသော စာအုပ် တစ်အုပ်တွင် ]ယေရှုသည် အစဉ်
အတိုင်းကြီးပြင်း၍ ပညာတိုးပွါးသည်} ဟုဆိုခြင်းကြောင့်
 ယေရှုသည် ပညာသင်ရန် အိန္ဒိယဖက်သို့ထွက်ခဲ့ကြောင်း
 ဖေါ်ပြထားပေသည်။ ထိုခေတ် ထိုအချိန်အခါမှသည်
ယနေ့တိုင် အစ္စရေးနိုင်ငံသည် ကမ္ဘာ့အလယ်တွင် 
စာပေယဉ်ကျေးမှု နှင့် ဘာသာတရားတို့ တိုးတက်
ထွန်းကားရာ ဒေသဖြစ်လို့ ယေရှုပညာသင်ထွက်ပါကလည်း 
၎င်း၏ဒေသတွင်သာ သင်ကြားခံယူရပေလိမ့်မည်။

 ထိုခေတ်ထိုအချိန်အခါ ဂျူးတို့၏ ထုံးတမ်းစဉ်လာမှာ 
မိမိအိမ်သည် မိမိသားသမီးတို့အား စာပေ၊ ယဉ်ကျေးမှု 
ထုံးတမ်းစဉ်လာနှင့် ဘာသာတရားတို့ကို မိဘတို့က လက်ဆင့်ကမ်း သင်ကြားပေးရ သောကျောင်းပင်ဖြစ်ပါသည်။ ကျမ်းစာက ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက် တို့၏ နှုတ်ထွက်နှင့် 
အညီ၊ နာဇရက် အမည်ရှိသောမြို့သို့ရောက်၍အမြဲနေလေ၏။ 
(ရှင်မဿဲခရစ်ဝင် ၂း၂၃) ရောမဥပဒေအရ အသက်သုံးဆယ်ပြည့်မှ
သာလျှင် ဘာသာတရားလုပ်ခွင့်ရသောကြောင့် ယေရှုသည် ဖခင်၏လက်သမားအလုပ်ကို လုပ်ကိုင်ရင်း စောင့်စားနေခဲ့ပါသည်။

 ဂျူးတို့၏ ထုံးတမ်းစဉ်လာအရ သားကြီးသည် မိမိနှစ်သက်ရာ 
အခြားအလုပ်တို့ကို လုပ်ခွင့်မရှိပါဘဲ ဖခင်လုပ်သောလုပ်ငန်း 
ကိုသာ ဆက်လက် လုပ်ကိုင်ရပါသည်။ 
ထိုစာအုပ်မှပင် ယေရှုသည် ဖွားမြင်ပြီး အီဂျစ်ပြည်သို့
ထွက်ပြေးခဲ့ရကြောင်းနှင့် ၄င်း၏အကြောင်းမှန်ကို
 မရေးသားပါဘဲ ယေရှုဘုရား၏ ဂုဏ်ကိုငယ်စေခဲ့ပါသည်။ 
အကြောင်းမှန်မှာ ယေရှုသည် ဖွါးမြင်စဉ် ကောင်းကင်ယံ၌ 
ထူးဆန်းသော ကြယ်ကြီး တစ်လုံး ပေါ်ထွန်းခဲ့ပါသည်။ 

ထိုကြယ်ကြီးကို အရှေ့ပြည်မှပညာရှိများက တွေ့မြင်ကြပြီး တွက်ချက်ကြည့်ကြသောအခါ အရှင်တကာတို့၏အရှင် 
ဘုရင်တကာတို့၏ ဘုရင်ပေါ်ထွန်းပြီဆိုပြီး ထိုအရှင်အားကိုးကွယ်ရန် 
အတွက် ယုဒပြည်ဗက်လင်မြို့ သို့ရောက်လာကြပါသည်။ 
ဘုရင့် နန်းတော်တွင် ရှိလိမ့်မည်ဟုအထင်နှင့် ပညာရှိများ နန်းတော်တွင်းသို့ဖူးမျှော်ရန် ဝင်ရှာဖွေခဲ့ကြပါသည်။ 
ထိုအခါ ဘုရင်ကြီးကလည်း ကျမ်းတတ်များကိုခေါ်ကာ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ကျမ်းစာတွင် 
အဘယ်ကဲ့သို့ ဖေါ်ပြထားကြောင်းကို မေးပါသည်။ 

ကျမ်းတတ်တို့ကလည်း ကျမ်းစာ တွင် ထိုအရှင်သည်
ဤအရပ်ဤဒေသတွင် ပေါ်ထွန်းမည် ဟုပရောဖက် ပြုထားကြောင်း ပြန်ပြောပါသည်။ ထိုအခါ ဟေရုဒ်မင်းကြီးကလည်း တစ်နေ့ 
သူ့နေရာကို လုယူမည် စိုးရိမ်ပြီး ပညာရှိ တို့အား 
ထိုအရှင်ကို တွေ့ရှိပါက ပြန်လာပြီးပြောပြကြဖို့ စေခိုင်းလိုက်သည်။ 
သို့သော် ပညာရှိများ ယေရှုကို ဖူးတွေ့ပူဇော် 
ကိုးကွယ်ကြပြီးသောအခါ အခြားလမ်းဖြင့် ပြန်သွားခဲ့ကြပါသည်။ 
ထိုအခါ ဟေရုဒ်မင်းကြီးသည်ကြီးစွာ အမျက်ထွက်ကာ နှစ်နှစ်နှင့်အောက် ကလေးများအားလုံးအား မြို့ရွာမကျန် သတ်စေခဲ့သည်။ ထို့အကြောင်း
ေ ကြာင့် ကောင်းကင်တမန်တို့၏ စေခိုင်းတော်မူချက်အတိုင်း ယေရှုနှင့် မိဘနှစ်ပါးသည် ဟေရုဒ်မင်း၏ လက်ချက်မှလွတ်ရန် အီဂျစ်သို့ခေတ္တ
ရှောင်ပုန်း နေခဲ့ရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ အကျည်းတန်
ရက်စက်သော ဟေရုဒ်မင်းကြီး၏ လုပ်ရပ်သည် ယနေ့တိုင် 
ကမ္ဘာ့သမိုင်းနှင့် ရောမသမိုင်းတွင် အထင်အရှားရှိနေပါသည်။

ထိုအချက်သည်ပင် ယေရှုသည် ဘုရားမှ လူ့ဇာတိခံယူခဲ့သော
 ဘုရားဖြစ်ကြောင်း သမိုင်းသက်သေ တစ်ရပ်ပင်ဖြစ်ပါသည်။ ယေရှုသည်ဖွါးမြင်ချိန်မှစ၍ သက်တော်စဉ်တစ်လျှောက်လုံး 
ထူးဆန်းအံ့ဩ ဖွယ်ဖြစ်ရပ်များနှင့်ပြည့်နေပါသည်။ 
ထို့ကြောင့် အံ့ဩဖွယ်တိုင်ပင်ဖက် တန်ခိုးကြီးသော 
ဘုရားဟု ပရောဖက်ဟေရှာယ ဘီစီ ၆၀ဝ ခန့်က
 ပရောဖက်ပြုခဲ့ပါသည်။

No comments:

Post a Comment