၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Sunday 11 August 2019

ယေရှု ၁၈ နှစ် တိဘက်သို့ သွားခဲ့ခြင်းရှိပါသလား?

ယေရှုသည် တိဘက်ဘုန်းကြီးထံတွင် သွားရောက် တပည့်ခံ
ခဲ့သည်ဟု ဆိုကြပါသည်။ ဟုတ်ပါသလား? 
စာအုပ်တစ်အုပ်တွင် ယေရှုသည် တိဘက်တိုင်းပြည်သို
့သွားရောက်ကာ ဘုန်းကြီးထံတွင် တပည့်ခံခဲ့ပြီး
 ယေရှုကိုယ်တိုင်က သူ၏ကျင့်စဉ်များနှင့် အတွေ့အကြုံ 
များတို့ကို စာရွက်တစ်ရာပေါ်တွင်ရေးမှတ်ကာ ဘုန်းကြီးကို ကန်တော့ခဲ့ကြောင်းရေးသား ထားပါသည်။ 

တိဘက်တိုင်းပြည်ကိုဘုရင်ဆရိုကျန်းက အေဒီ(၇၀ဝ) ကျော်မှ
တည်ထောင်ခဲ့ပြီး တိဘက်သို့ ဗုဒ္ဓသာသနာသည် အေဒီ ၆၅၀ ခန့်မှရောက်ရှိခဲ့ကြောင်း သမိုင်း ပညာရှင် များက 
မှတ်တမ်းတင်ခဲ့ပါသည်။

 ယေရှုသည် အေဒီ (၃၀) ခန့်တွင် မိမိကြွမြန်းလာရာ
 ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီဖြစ်ပါသည်။ 
စာရွက်ကို အေဒီ (၂၀ဝ) ခန့်မှ တရုတ်ပြည်တွင်စတင်
တီထွင်ကာ အသုံးပြုခဲ့ကြ ပါသည်။ 

ထိုခေတ်အခါက စာပေကို သားရေလိပ်၊ ပေလိပ်၊ ကျောက်ပြား၊ 
ရွှံ့ပြား၊ နံရံတို့ကို အသုံးပြုကာ ရေးသားခဲ့ခြင်းကြောင့် 
အရေအတွက် (၁၀ဝ)မှာ အလွန်များလွန်း လှပါသည်။ 
လုံးဝမဖြစ်နိုင်ပါ။ 

တရားသဘောကို ပြန်ကြည့်သောအခါတွင်လည်း 
တိဘက်တွင် ဘုန်းကြီး သင်ပေးမှာက ဖန်ဆင်းခြင်းမရှိ၊ 
ကိုယ်ကျင့်တရားနှင့် ချုပ်ငြိမ်းခြင်းတရားဖြစ်ပြီး။
 ယေရှုက ဖန်ဆင်းခြင်း၊ ယုံကြည်ခြင်းတရားနှင့် 
ထာဝရအသက်တို့ဖြစ်ပါသည်။ 
တရားသဘော နှစ်ခုကလည်း 
လုံးဝဆန့်ကျင်နေပါသည်။ 

၎င်းအပြင် ထိုစာအုပ်ပါ နှစ်နိုင်ငံ၏ ပထဝီအနေအထား၊ 
စာပေယဉ်ကျေးမှု ရှုဒေါင့်နှင့် သမိုင်းကြောင်းများ 
အားလုံး တို့ကို ချင့်ချိန်ကြည့်ပါကလည်း ကွဲလွဲနေပါသည်။ 
ထို့ကြောင့် ယေရှုသည် တိဘက်သို့ သွာရောက်ခဲ့ခြင်းသည် 
အခြေအမြစ် မရှိသော အကြောင်းအရာပင်ဖြစ် ပါသည်။

No comments:

Post a Comment